ဤမှာမြေပြင် မြစိမ်းဆင်လျှက် ကောင်ကင်မိုးဝယ် နီလာချယ်၍ အိုဘယ့်လူသား နှစ်ရောင်ကြားဝယ် ခန့်ညားပေစ ခန့်ပေစ၊

Sunday, January 17, 2010

သတင်းစာများကို ထိုးဖေါက်ခါ စာပေစီစစ်ရေး နှင့် တိုက်ပွဲဝင်ခဲ့စဉ်က နာရေးပုံပြင်(၃)

ကျွန်တော်၂၀၀၂-ခုနှစ် နာရေးကူညီမူအသင်း(ရန်ကုန်) သို့ဝင်ရောက်စဉ်က အသင်း၏ပြန်ကြားရေးသည် သတင်းစားများ စာနယ်ဇင်းများတွင်မပါရှိသေးပါ အသင်းမှတ်ပုံတင်ဲမရရှိသေးပါ ခုအခါပြန်လည်စဉ်းစား ကြည့်တော့အမှန်တရားကို တွေ့ရပါသည် ထိုအချိန်က အသင်းစတင်တည်ထောင်သူ (Pioneers)များက အသင်းကို နာရေးယဉ် ၄-စီးဖြင့် စတင်လုပ်ဆောင်ပြီး အောင်မြင်စပြုနေသည့်အချိန် ဖြစ်ပါသည်၊
စာရေးဆရာဦးအောင်သင်(နာယက)၊ ဥက္ကဌဦးမြင့်ဆွေ(ယခု AIDS-အကူအညီပေးရေးအသင်းတခု၏ဥက္ကဌ) မျက်ချယ်ဗီဒီယိုပိုင်ရှင် ကိုဝင်းနိုင် တို့အပါအဝင်ထက်မြက်သူ ၁၀-ဦကတဦးလျှင်.ကျပ်ငွေသိန်း ၁၀-၂၅ ခန့်ထည့် ဝင်ပြီး စတင်တည်ထောင်ထားခြင်း ဖြစ်ပါသည်၊ ထိုသူများကို အစိုးရက ဘယ်တော့မှ သတင်းစာ စာနယ်ဇင်း များတွင် အသင်း၏သတင်ပါဖို့နှင့် အသင်းမှတ်ပုံတင်ရဖို့ ခွင့်ပြုလိမ့်မည်အဟုတ်ပါ ထိုသူမျာ်း၏ထက်မြက်မူကို စိုးရိမ်မူရှိသဖြင့် အသင်းအောင်မြင်သွားမှာကို မလိုလားပါ၊
၂၀၀၃ ခုနှစ်တွင် အသင်းသား(volunteer)များက အသင်းစတင်တည်ထောင်သူ တို့ယုံကြည်၍ ပြန်ကြားရေးတာဝန်ပေးထားသူ စာရေးဆရာမသန်မြင့်အောင်ကောင်းမူကြောင့် သံဃာနာယက ဒုတိယ ဥက္ကဌ အောင်မြေဘုံစံကျောင်းဆရာတော် (ဗဟန်းရွှေတိဂုဏ်ဘုရား)၊ ချမ်းမြေ့ ဆရာတော်တို့ တားနေသည့် ကြားထဲက သိမ်းယူခဲ့ပါသည် ဥက္ကဌဦအေးသန့်(၂၀၀၇ ခုနှစ်နာဂစ်မုန်တိုင်းအထိဥက္ကဌ)၊ ဒုတိယဥက္ကဌ .ကိုကျော်သူ(ယခုဥက္ကဌ)၊ ဒုတိယဥက္ကဌ .ကိုဝင်းမောင် တို့နှင့်ဖွဲစည်းကာ အသင်းကိုတာဝန်ယူခဲ့ကြပါသည် ဥက္ကဌဦးအေးသန့်၊ကိုကျော်သူ၊သန်းမြင့်အောင်၊ကျွန်တော်အပါအဝင် အားလုံးသည် အသင်းသားများသာဖြစ်ပါ သည် မည်သူမှအသင်းစတင်တည်ထောင်သူများတွင် မပါဝင်ကြပါ ။
ဘာကြောင်လဲဆိုတော့ ထိုစဉ်ကအသင်းစတင်တည်ထောင်သူတို့တွင်ပါဝင်သည့် အတွင်ရေးမူဦရဲမြင့် ၏အုပ်စုကို ဘယ်သူမကျော်နိုင်ပါ ကျန်သူအားလုံးသည် ဘာမှပြောရေးဆိုခွင့်မရကြပါ ဘေးကနေလုပ်အားပေး (volenteer)သက်သက်သာဖြစ်ကြပါသည်၊ စစ်အစိုးရသည် သမိုင်ကို ဖျောက်ဖျက်နေသည် သူတိုသမိုင်းသာ အကောင်ရေးနေသည်ဟု သတင်း ဆောင်းပါးများတွင် မကြာခဏ ဖတ်ရပါသည် ကျွန်တော်သည် ထိုင်နိုင်ငံ မဲဆောက်မြို့ တွင် တနှစ်ကျော်နေစဉ်အတွင်း ကိုယ်သမိုင်းကိုယ်အကောင်းရေးနေသူ အများတွေ့ ရပါသည် ပါအရည်အချင်းမှမရှိကြပါ အံသြစရာကောင်းသည်က သတင်းဌာနများ စာစောင်များက ထုတ်ဖေါ်ပြောဆိုရေ သားခြင်းမရှိခြင်ပါဘဲ သတင်ဌာနများ စာစောင်များသည် အမှန်တရားကို ဖေါ်ထုတ်ရမည်ဟုယုံကြည်ပါသည်၊
တဦးခြင်းဖြစ်စေ အဖွဲ့ အစည်ဖြစ်ပါစေ မိမိတို့ထင်ပေါ်လိုမူအတွက် သမိုင်းကိုဖျောက်ပြီး ရှောက်အော်နေကြ တာကို ဖေါ်ထုတ်ဖို့က သတင်းဌာနများ စာစောင်များ၏တာဝန်ဖြစ်ပါသည် အမှန်ကိုမထုတ်ဖေါ်၍ ပြည်သူတွေ သိသွားလျှင် အလွန်ရှက်စရာကောင်းပါသည် ယခုခောတ်ပြည်သူတို့သည် ယခင်လို မဟုတ်တော့ပါ အမှန်တရားကို သိလွယ်ကုန်ကြပါပြီ သိုသော်လည် ပြည်သူတွေနောက်ကျမှ သိရသည့်အတွက် အခက်အခဲတွေ့ကြရပါသည် အမှန်တရားများကိုဖေါ်ထုတ်ဖို့က သတင်းဌာနများတာဝန် ဖြစ်ပါသည်၊
အသင်းကိုတာဝန်ယူလိုက်ရပြိးပြီးခြင်း ပြည်ထဲရေးဝန်ကြီးဌာနမှာ မှတ်ပုံတင်လျှောက်ဖို့ကြိုးစားပါတယ် ပြည်ထဲရေးဝန်ကြီးဗိုလ်မူကြီးတင်လှိုင် ကခေါ်တွေပြီး ကြံခိုင်ဖွင့်ဖြိုးရေအဖွဲဝင်ခိုင်းပါတယ် ဘယ်သူမှမဝင်ကြပ်ါအဲဒီအခေါက်က လျောက်လွာပုံစံတောင်မရခဲပါ ပေးချင်ပုံတော့ပေါ်နေပါပြီ်ဘာကြောင့်လဲဆိုတော့ကျွန်တော် တို့လက်ပြောင်းတာဝန်ယူလိုက်ထာကို ထောက်လှမ်ရေးကသိမှာ အမှန်ပါဘဲ အ မယ်မထင်ပါ၊
ကျွန်တော်တို့အားလုံးကို အထင်သေးပုံရပါတယ် အဲဒီလိုအထင်သေးခဲ့လို့ လွတ်လွတ်လပ်လပ်လုပ်ခွင့်ရပြိး အသင်းအောင်မြင်ခဲ့ကာ အစိုးရမှ မှတ်ပုံတင်ပြုလုပ်ပေးခြင်း အသင်းမြေနေရာကို အခွန်ကင်လွတ်စေပြိး တပြာမှမပေးရရှိခဲ့ပါသည် ဒါတွေဟာအသင်းအောင်မြင်လို့ရခဲ့တာတွေထဲကတချို့ ဖြစ်ပါတယ်၊
သန်မြင်အောင် က သူရဲ့ လုပ်ပိုင်ခွင်တွေအသုံးချပြီး နောက်ကွယ်ကစီမံ၍ ကျွန်တော်ရှေတန်းက ဦးဆောင်လုပ်ခဲ့ရတာတွေကို အမှန်အတိုင်းတင်ပြရမှာဖြစ်ပါတယ် ဆုံးဖြတ်ရမှက ပြည်သူတွေ တာဝန်ရှိသူတွေ အသင်းကိုအလှူငွေထည့်ဝင်ထားသူတွေဖြစ်ပါတယ်

ကျွန်တော် နာရေးကူညီမူအသင်း(ရန်ကုန်) နဲပါတ်သက်လို့ ရေရတဲ့အကြောင် ၃-ချက်ရှိ့ပါတယ်

(၁) ဒီအသင်းကြီးဟာ အများပြည်သူ ပိုင်ဆိုင်သည့်အသင်း အများပြည်သူတွေ ဝိုင်းဝန်းလုပ်ကိုင်လို့် တိုးတက်လာသည်ကို တင်ပ်ြလို့ခြင်းဖြစ်ပါတယ်၊ ဖွဲစည်းပုံစည်းမျဉ်အရ အသိအမှတ်ပြုထားသူ အသင်းသာ(၉၀) ရှိပါသည်၊လျှောက်ထားသူပေါင်းလည် ၂၀၀၀ ကျော်ရှိပါသည် ကျွန်တော်ကိုယ်တိုင်လည်း ဘယ်သူမှသိလို မဟုတ်ပါ လုပ်အားပေးရင်း အသင်းသားပြန်ကြားရေးအဖွဲ့ဝင်၊အလုပ်အမူဆောင်၊ အတွင်းရေးမူ ဖြစ်လာတာပါ၊

(၂) လက်ရှိအသင်းတွေအဖွဲ့တွေ နောင်လာမည့်အသင်းအဖွဲ့တွေ သင်ခန်းစားယူစရာအလွန် ကောင်းလို့ပါ လေ့လာရအောင် ဖြစ်ပါတယ် နောင်လာမည် ဒီမိုကရေစိအစိုးရများလည် အသင်းအဖွဲဆိုင်ရာ ဥပဒေစီးမျဉ်း စိးကမ်းများ ထုတ်လို့ရအောင်ပါ၊

(၃) ဒါကတော့ အများပြည်သူတွေ အလှူရှင်တွေ တာဝန်ရှိသူတွေ သတင်းသမားတွေ လုံဝမသိသေးတဲ့ ကိစ္စပါ ကျွန်တော်ကတော့ ငွေအလွဲသုံးစားမူကြီးလို့ အမည်ပေးထားပါတယ် ဦးအောင်သင်း(စာရေးဆရာ) အသင်းနာယကကို ငွေတသိန်းအလွဲသုံးစား လုပ်တယ်ဆိုပြီး ရှံ့ ချခဲ့ရာမှာဦးဆောင်ခဲ့သည့် သန်းမြင့်အောင် ဟာ သူလက်သတ်မွေးထား သော အသင်းရှိတပည့်တွေကိုခိုင်း၍ သူ့အပြစ်တွေဖုံကွယ်ဖို့ အသင်းပိုင်အလှူငွေထဲမှ ကျပ်ငွေသိန်း ၆၀၀(သိန်ခြောက်ရာ)ခန်ကို မိမိဘိုးဘွားပိုင်ငွေ ပေးသလို အသင်းမှထွက်သွားသူအား ခွဲဝေ
ပေးသည့်ကိစ္စပါ၊ အလွဲသုံးစာ်းမူမြောက်ကြူလွန်သည်ဟုဆိုချင်ပါသည်။
လူသတ်မူတောင် အရိုးတွန့်၍ ပေါ်တတ်ပါသည်၊ ဒီကိစ္စသည်လည်း ဒီမိုကရေစီအစိုးရများ လက်ထက်ကျလျှင် ပေါ်မည်ဟုယုံကြည်ပါသည်။ ယခုအခါမှာတော့ဒီ ကိစ္စကိုဘယ်သူမှ သတင်းမရေးကြပါ သတင်းဌာနများသည် ပြည်သူမျက်နှာမကြည့်ဘဲ မိမိတို့အုပ်စု အဖွဲစည်းကောင်းကြောင်းတွေသာ တင်ပြနေသည်ဟု ထင်မြင်ယူဆ မိပါသည်။

အားလုံးကိုမေးချင်သည့်မေးခွန်းကတော့--------------------?

နာရေးကူညီမူအသင်း(ရန်ကုန်) သို့ အသင်းအမည်ဖြင့် လှူဒါန်ထားသော ငွေကို မိမိတို့အပြစ်များဖုံးကွယ် ရန်အလို့ငှာ သတင်စာများတွင် ပြောဆိုခြင် ကြေငြာခြင်း အလှူရှင်းများ အများပြည်သူများအား အသိပေးခြင်း မရှိဘဲ ဘိုးဘွားပိုင်ငွေကြေသဖွယ် တဦးတယောက်အာခွဲဝေ ပေး၍ ရပါသလား-----?

သတင်စာများနှင့် စာပေစီစစ်ရေးအကြောင်းစရေးပါမယ် အသင်းကိုစတင်တာဝန်ယူချိန်မှာ သတင်းစာများ စာနယ်ဇင်များတွင် ပါရန်ြုကိုးစားကြပါတယ် ပထမ သန်းမြင့်အောင် က သတင်းထောက်ကြီး တယောက်ခေါ်လာပါတယ် အလှူရှင်အလှူထည့်နေသည့်ပုံ တပုံလျှင် ကျပ်ငွေ ၅၀၀၀(ငါးထောင်) ပေးရမည် သတင်းစာတစောင်လျှင်တပါတ် ၂့-ပုံ ၃-ပုံ ပါမည်ဟုပြောပါသည်၊ အစီးဝေးတွင်တင်ပြ၍ တသိန်းနှင့်အထက် ငွေလှူဒါန်းသူများကို ဓါတ်ပုံသတင်းထည့်ရန် ဆုံးဖြတ်ခဲကြပါသည် သတင်းထောက်ကြီးကို ဓါတ်ပုံ ၄-ပုံ ငွေကျပ်၂၀၀၀၀(နှစ်သောင်း)ပေလိုက်ပါသည် သတင်းစာထဲတွင်ပါလဲမလာ ငွေလဲဆုံးခဲ့ပါသည်၊
အဲဒိအချိန်လောက်မှဘဲ ပြန်ကြားရေးဝန်ကြီးဌာနက ညွန်ကြားရေးမူအဆင့်ရှိ အရပ်သားဝန်ထမ်းထဲက အသက် ၆၀-ခန့်ပုဂ်ကိုယ်တဦး အငြိမ်းစားယူခဲ့လို့ အသင်းကိုငွေ တသိန်းလာရောက်လှူဒါန်းပါတယ် အလှူငွေ .ထည့်သည့်ပုံ ဓါတ်ပုံရိုက် ပြီးပြိးခြင်း သတင်းစာထဲသူဓါတ်ပုံပါအောင်ထည့်ပေးဖို့ပြောပါတယ် ကြိုးစားကြည့်ပါ မယ်လို့ပြန်ပြောလိုက်ပါတယ် အသင်းကို ၁၅-ရက်တခါလောက်လာလာပြီး သတင်းစာထဲပါအောင်ထည့်ပေး ဖို့ပြောပါထယ် ကျွန်တော်လည်းရုံးမှာအမြဲ ရှိနေလို့ ကြားတော့အားနာလာပါသည်၊ သူလဲ အရပ်သားကအငြိမ်း စားယူလာရတော့ပါမှ အကူအညီမပေးနိုင် ကျွန်တော်တို့မှာလဲ အဆက်အသွယ်လိုက်ရှာနေရပါသည်၊့
ဒါနဲ ရုံးကကားနဲ သိမ်ဖြူလမ်း ဝန်ကြီးများရုံးရှေ့ ရှိ သတင်းညွန်ကြားရေးမူရုံးကိုသွားခဲ့ပါသည် ဒုတိယထပ် မှာ ညွန်ကြားရေးမူ ဗိုလ်မူလှထွန်း ၏ရုံးခန်းတွေ့ရပါထယ်(တချိန်ကသတင်စာမျာမှာ တွံတေးလှထွန် အမည်ဖြင့် နံမည်ကြိး ခဲ့တဲ့သူပါ- ယနေ ကြံခိုင်/ဖွင့်ဖြိုး လွတ်တော်အမတ်ပါ) ကျွန်တော်လည်အခန်းထဲ ဝင်ခွင့်ပြု့ ဖို့ပြောပြီး ဝင်ခဲ့ရပါတယ် အမည်ပြောပြီးမိတ်ဆက်ပါတယ် ဗိုလ်မူလှထွန် ကိုတခါမှမသိဖူးပါ အသင်းနံမည်ပြော အသင်းကပ်ကြောငြာကပ်ကလေးပေးတော့ ဝမ်သာအားရ လက်ဆွဲနှုတ်ဆက်ပြီး ထိုင်ခိုင်ပါသည် အသင်းအကြောင်းလည်းအာပါတရမေးပါတယ် ကျွန်တော်လည်း အလုံစုံ ရှင်းပြပေးပါသည် သူတို့သတင်စာတိုက်များက အမူထမ်တွေကိုအသင်းမှကူညီတာသိထားလို့ အလွန်အားပေး သည့်ပုံရှိပါတယ် နောက်တော့လာခဲသည့် ကြောင်းပြောပြပြီး သူတိုဝန်ကြီးဌာနက အငြိမ်းစာယူခဲ့သည့် ညွန်မူ၏ ဓါတ်ပုံကိုပြပြီး ကျွန်တော့မှာအခက်အခဲတွေ့ နေရပုံကိုရှင်ပြပါထယ် ဗိုလ်မူလှထွန်း ထိုညွန်မူပုံမြင်တော့ တော်တော်လေးစားပုံရပါတယ် သူသတင်စာထဲပါအောင်ထည့်ပေးမယ်လို့ပြောပါတယ် သတင်းစာတိုက်တွေကို လည်းနောက်ဆိုသွားရောက် ထည့်နိုင်ပါကြောင်း မှာလိုက်ပါသည် ကျွန်တော်လည်ဓါတ်ပုံထားခဲ့ပြီး ဝမ်သာစွာ နုတ်ဆက်ပြီးပြန်ခဲ့ပါသည်၊
ထိုဓါတ်ပုံသည် နောက်နေ့ကြေးမုံသတင်းစာတွင်ပါလာပါသည် နာရေးကူညီမူအးသင်(ရန်ကုန်)၏ ပထမဦးဆုံး သတင်းစာထဲပါသောပုံဖြစ်ပြီး တပုံတည်းသော ငွေတပြားတချပ်မှ မပေးရဘဲ သတင်းစာထဲ ပါဝင်ခဲ့ သော အသင်းသို့ ငွေလှူဒါန်းနေသည့်ဓါတ်ပုံဖြစ်ပါသည် သတင်းစာထဲ အသင်း၏ဓါတ်ပုံများ ပါအောင်ဗိုလ်မူလှထွန်း လုပ်ပေးခဲ့ခြင်းဖြစ်ပါသည် ကျေးဇူးအထူဲးတင်ရသည်။
နောက်နေ့မှာ မြန်မာအလင်းသတင်းစာတိုက်သို့ သွားပြီး အသင်းကိုငွေလှူဒါန်းနေသောဓါတ်ပုံများ ထည့်ရန်ကြိုးစားပါသည် ဓါတ်ပုံတပုံပါရန် ကျပ်- ၇၀၀၀(ခုနှစ်ထောင်)ပေးရမည် ပေးလျှင်လည်း အယ်ဒီတာချုပ် ၏ရုံးအကူထံတွင် မိမိထည့်လိုသည့်ဓါတ်ပုံနှင့်ငွေကိုပေးထားရမည် တခါလာလျှင် ဓါတ်ပုံ ၅-ပုံကို ကျသင့်ငွေ နှင့်အတူပေးထားနိုင်သည်ကို ညှိနိုင်း၍ရခဲ့ပါသည်၊
ကြေးမုံသတင်းစာတိုက်သို့သွား၍ကြိုးစားရာ အယ်ဒီတာချုပ်ထံ တိုက်ရိုက်ဝင်၍ တပုံလျှင် ကျပ်-၈၀၀၀ (ရှစ်ထောင်) ပေးရမည် တခါလာလျှင် ဓါတ်ပုံ ၄-ပုံ ကျသင့်ငွေ နှင့်အတူ စါအိတ်ထဲထည့်ပေးထားနိုင်သည်ကို ညှိနိုင်း၍ရခဲ့ပါသည်၊
အသင်းအပါတ်စဉ်အစီးအဝေးတွင် ပြန်လည်တင်ပြ၍ဆုံးဖြတ်ချက်ယူခါ သတင်းစာ ၂-စောင်တွင် အပါတ်စဉ် ၄-၅-၆ ပုံခန်ပါအောင် ထည့်ခဲ့ပါသည် ကျွန်တော်ကိုတိုင် သတင်စာတိုက်များသို့ အပါတ်စဉ်သွား၍ ထည့်ခဲ့ပါသည်၊
ထိုအချိန်က ကိုကျော်သူ ရုပ်ရှင်ရိုက်နေရပြီး ကျွန်တော်ကရုံးတွင် အမြဲရှိသဖြင့် ကျွန်တော့ဓါတ်ပုံ အများဆုံးပါခဲ့ပါသဖြင့် အပေါင်းအသင်းများက မင်းကကျော်သူ လားဟုအမေးခံခဲ့ရကပါသည် ကိုကျော်သူ အမြဲမရှိပါ၍ ဥက္ကဌ ဦးအေးသန့် မွေးနေ့ ၁၀-သိန်းလှူရာတွင် ကျွန်တော်အလှူလက်ခံသည့်ပုံ သတင်းစာထဲပါခဲ့ ရပါသည် မိမိကသတင်းစာထဲထည့်သည့် တာဝန်ယူလို့ တမင်သက်သက်လုပ်ခဲ့ခြင်းမဟုတ်ပါ၊
ထိုသို့ထည့်နိုင်ခဲ့သည့်အတွက် အသင်းကြီး၏ အလှူငွေလည်း တိုးတက်ခဲ့ပါသည် တလလျှင် သိန်း၁၀၀-(တရာ)ကျော် အမြဲရရှိခဲ့ပါသည် ၂၀၀၃-မှ-၂၀၀၆ ခုနှစ်အထိ သတင်းစာထဲတွင် ပါအောင်ထည့်နိုင်ခဲ့ပါသည် ၂၀၀၆-တွင် ကိုကျော်သူ -၈၈၈၈(ရှစ်လေးလုံး)နှစ်ပါတ်လည် သွားရောက်တက်သည့်အတွက် သတင်းစာများတွင် ဓါတ်ပုံထည့်ခွင့် ပိတ်လိုက်ပါတော့သည်၊
စာပေစီစစ်ရေးနှင့် တိုက်ပွဲဝင်ခဲ့ရသည့် ပြသ်ာနာအစကဒီလိုပါ ၂၀၀၃ နှစ်စမှာ အသင်းကထွက်သွားရတဲ့ အသင်းစတင်ထူထောင်သူတွေထဲမှာပါသည့် အတွင်းရေးမူဟောင် ဦးရဲမြင့် ကစာပေစီစစ်ရေးကိုတော်တော် ပိုင်ပါတယ် သူက ပုံနိုပ်တိုက် စာပေတိုက် ပိုင်ရှင်လည်းဖြစ်ပါတယ် အဲဒီတုံးက စာပေစီစစ်ရေးအဖွဲ့ ညွှန်မူဖြစ်တဲ့ ဗိုလ်မူအေးထွန်း နဲ့လည်းသောက်ဖေါ် သောက်ဖက်ပါ၊ စ သုံးလုံးက လာဒ်ယူလို့ အလုပ်ပြုတ်ခဲ့တဲ့သူပါ သူလာဒ်

Local NGO များတွေ့ဆုံပွဲ Inyalake Hotel
သရဖီညွန့် ဥက္ကဌဦအေးသန့် ဒေါက်တာအောင်မြင့် ဒေါ်ဌေးဌေးနိုင်










 ယူခဲ့တဲ့သူဌေးတွေကသူ့ကိုတော်တော်ပြန်ကြည့်ပါတယ် တချိန်ကရပ်ကွက်ကောင်စီစာရေးကနေ စ-သုံးလုံးဝင်ပြီး သူဌေးဖြစ်လာသူပါ လူတော်တယောက်ပါ ထက်ထက်မြက်မြက်လဲ ရှီတာတွေ့  ရပါတယ်၊
စာပေစီစစ်ရေးပိုင်တော့ ဂျာနယ်တစောင်မှာ နာရေးကူညီမူအသင်း(ရန်ကုန်) အကြောင်းတွေ ရေးပါတယ် သူတို့ဒီအသင်းကြီးကို ဘယ်လိုစတင်တည်ထောင်ခဲ့ရကြောင်းတွေပေါ့ အမှန်ကလဲ ဟုတ်ပါတယ် အသင်းကြီးကိုစတင်တည်ထောင်သူတွေထဲမှာသူလဲပါ ပါတယ် အသင်းကြီးကို မတရားသိမ်းပိုက်လိုက်တယ်ပေါ့ အဒီတုံးက သူရေးသာနေတယ် ဘယ်လိုမတရားသိမ်ခဲ့သလဲ ဆိုတာသူမသိပါ ကျွန်တော်တို့ဘက်ကတော့ ဂျာနယ်တွေမှာ ပြန်လည်ရေးသားခွင့်မရပါ အသင်ရဲ့ သတင်းတွေကို ဂျာနယ်လစ်တွေကသာတင်ပေးမှရပါတယ် ဒါနဲ့ အသင်းရဲ့  ဒုဥက္ကဌ ကိုဝင်းမောင် က ဒုတိယဗိုလ်ချုပ်မူကြီးမောင်အေး ထံစာရေးပါတယ် စာပေစီစစ်ရေးက ညွန်မူဗိုလ်မူအေးထွန် ရဲ့ ဘက်လိုက်မူတွေကိုရေးပါတယ် အဲဒီစာက ဗိုလ်မူအေးထွန် ထံရောက် ပြီး ဒုဥက္ကဌ ကိုဝင်းမောင် ကိုအသင်းကဖြုတ်ဖို့ကြိုးစာပါတယ် ကြိုးစားပုံကဒီလိုပါ ဂျာနယ်လစ်တွေကိုခေါ်ပြီးပြောတယ် အမှန်ကတော့ဖိအားပေးတာပါ နာရေးကူညီမူအသင်း(ရန်ကုန်)က တာဝန်ရှိသူတွေကိုပြောဖို့ ကိုဝင်မောင်ကို ဖြုတ်မပြစ်ရင် အသင်းကြီးရဲ့  သတင်းတွေကို ဘယ်ဂျာနယ်မှာမှ ထည့်ခွင့်ရမှာ မဟုတ် ဆိုတာပဲ တိုက်ဆိုင်ချင်တော့ ဂျာနယ်စာစောင်တွေမှာ အသင်းကြီးရဲ့ သတင်းတွေက နောက်အပါတ်စာစောင်တွေမှာပါဖို့ အဆင်သင့်ရိုက်ထားပြီးသာဖြစ်နေကြတယ် ညတွင်းချင်ပဲ ဂျာနယ်လစ်တွေဖြစ်တဲ့ ကိုမြတ်ခိုင် ကိုဟိန်လတ် ကိုဝင်းငြိမ် စတဲ့ ဂျာနယ်လစ်ခေါင်ဆောင်တွေ စုပြီး ဥက္ကဌဦးအေးသန် အိမ်သွားအုပ်လိုက်သွားကြပါတယ် ဦးအေးသန့် ကို ဒုဥက္ကဌကိုဝင်းမောင် ကိုဖြုတ်ပေးဖို့ဝိုင်းပြောကြပါတယ် ဆရာဦးအေးသန့် ကအင်မတန်ရိုးသားပါတယ် အရောင်းစာရေး ကနေ ကုန်သွယ်ရေးဌာနမှာ ညွန်ချုပ်အထိရအောင်ကြိုးစားခဲ့သူပါ အသင်းစတင်တည်ထောင်သူ တွေလက်ထဲမှ ကိုကျော်သူ အပါအဝင်ကျွန်တော်တို့(Volunteer) များကအသင်းကိုစတင် တာဝန်ယူသည့် အချိန် ၂၀၀၃ -ခုနှစ်ကစလို့၂၀၀၇-နာဂစ်မုန်တိုင်အထိဦးဆောင်ခဲသူပါ ဆရာဦအေးသန့် ၏ဝန်ထမ်းအတွေ့အကြုံတွေက အသင်းကြီကိုစည်းကမ်းတကျဖြစ်စေခဲ့ပါတယ်၊
် ဆရာဦအေးသန့်က ခေါင်ညိတ်သဘောတူလိုက်ပါတယ် သဘောတူလိုက်ရသည့်အကြောင်း ကလည်း ဆရာကဝန်ထမ်းဖြစ်ခဲ့လို့ အစိုးရနဲ့ ပြဿနာမဖြစ်ချင်လို့ရယ် နောက်တခုက စာနယ်ဇင်းသမားတွေကသူတို့ သူတို့အသင်၏သတင်းတွေကိုနောက်အပါတ်စာစောင်များမှာ ထည့်ဖို့အဆင်သင့်စားများရိုက်ပြီးနေကြောင်း ငွေသိန်းချီနစ်နာရမည်ဖြစ်ကြောင်း ပြော၍ အားလုံး အသိတွေဖြစ်နေသည့်အတွက် မျက်နှာနာပြီး သဘောတူလိုက်ရတာ ဖြစ်ပါတယ်၊
မနက်ရုံးရောက်မှ ကျွန်တော်တို့လည်းသိရပါတယ် အဒီနေ့ပဲ ချက်ချင်းအစည်းအဝေးခေါ်ပြီး ဒုဥက္ကဌကိုဝင်းမောင် ကိုမဖြုတ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ် စားနယ်ဇင်းတွေရဲ့  ငွေများဆုံးရှုံးမူ အတွက်တောင်ပန်ခဲ့ပေမဲ့ ခင်မင်မူတွေတော့ပျက်ပြားခဲ့ရပြီး အဒီအချိန် ၂၀၀၃- နှစ်ကုန်ကာနီကစ ၍ ဂျာနယ်စာနယ်ဇင်းများမှာ နာရေးကူညီမူအသင်း(ရန်ကုန်)၏ သတင်းများမပါတော့ပါ ခု ၂၀၁၀ခုနှစ်မှာတော့ပြန်ပါနေပါပြီး ၈-နှစ်ကြားခဲ့ပါသည် ဒါကိုကြည့်မယ်ဆိုရင် စာနယ်ဇင်လောကရဲ့  အခြေအနေကိုသိနိုင်ပါတယ်၊
ကျွန်တော်ဖြစ်စေချင်တာကတော့ ဘာတွေပဲမကောင်းတာတွေ မဟုတ်ထာတွေလုပ်နေပါစေ ဒါတွေ နေရာတကာမှာလုပ်စားနေသူတွေအကြောင်း အမှန်တရားတွေကို မဖေါ်ထုတ်ပဲ မိမိတို့အဖွဲ့အစည်းကောင်းဖို့ မိမိတို့လူထင်ပေါ်ဖို့ကိုသာ ရေးသား ငွေရဖို့ သတင်းလုပ်စားသူတွေကြောင့် ပြည်သူတွေသတင်းအမှန်တွေမသိပဲ သေသူသေ ဒုခရောက်သူရောက် ဖြစ်နေတာအများကြီးတွေ့ရပါသည် ပြည်သူပြည်သားတွေ အမှန်တရားတွေသိအောင်ရေးသော သတင်းသမားများအဖြစ် ဝိုင်းဝန်းလုပ်ဆောင်ကြပါစို့လိုတိုက်တွန်းနိုးဆော်လိုက်ပါသည်။








Read More...

Blog Widget by LinkWithin