ဘာကြောင့်လဲဆိုတော့ ပြည်သူတွေက ယုံကြည်သလို နှစ်-၂၀ ကျော်အတွင်းပါမှဖြစ်မြောက်အောင် တိုင်ပြည် နဲ့ လူမျိုးအတွက် လုပ်နိုင်ခဲ့တာမတွေ့ ရလို့ အားမရဖြစ်ခဲ့လို့ရေးသားခဲ့ရတာပါ၊ ၂၀၁၀- ရွေးကောက်ပွဲကာလနဲ့ ၂၀၁၁-ဒေါ်စု မွေးနေ့ပွဲမှာဆိုရင် ဒေါ်စု ကိုဝိုင်ရံနေကြတာ အားပေးနေကြတာ မရည်မတွက်နိုင်လောက်အောင် များပြားတာတွေ့ ရပါတယ်၊ ဒေါ်စု ပါတီမှတ်ပုံတင်မယ် ရွေးကောက်ပွဲဝင်မယ် ပြောဆိုသံလဲကြားရော ကြက်ပျောက် ငှက်ပျောက် ဖြစ်ကုန်တာတွေ့ ရသလို ဝေဖန်မူ စိတ်ပျက်သွားမူတွေ (Facebook) ပေါ်မှာတွေ့ ရပါတယ်။
မင်းနိုင်ငံရေး နှင့် ပါတ်သက်လို့ ဘာသိသလဲဆိုရင် စာများများဖတ်ဖူးတယ် အထုပ္ပတ္တိတွေ ဖတ်ရတာကြိုက်တယ် အားကျတယ် ဒါပါဘဲ၊ ၁၉၆၇- တရုပ် အရေး အခင်းမှာ ကျောင်းသားငယ်ဘဝ တန်းစီလှည့်ဘူးတယ်၊ ၁၉၇၄- ဦးသန့် အရေးအခင်း တက္ကသိုလ်ဝင်းနဲ့နီးတဲ့ အင်ယားမြိုင်မှာ နေတဲ့အချိန် ကျောင်းသားများက ဦးသန့် ဈာပန ကိုသယ်ဆောင်လာတာ ကုက္ကိုင်းလမ်းဆုံမှာ မြင်လိုက်ရတယ် အဲဒီနေ့ကမွေးရပ်မြေကို ပြန်ဖို့ ဘူတာကြီးဆင်လို့ ကားပေါ်ကလှမ်းမြင်ရတာ တခုနာသွားတယ် နီးလို့ ညစဉ် ဦးသန့် ဈာပနသွားကြည့်ပြီး အဖမ်းခံရရင် နိုင်ငံရေးမူ နဲ့ အဖမ်းခံဘူးကြောင်း ကြွားလို့ရတယ်၊ ၁၉၈၈- ပြည်ပရောက်နေပါတယ် လေလှိုင်းကဘဲ ဒေါသတွေပွားခဲ့ရတယ်။
ကုသိုလ်ကံကလဲတမျိုး ပြသာနာ ဖြစ်တော့မည်ဆိုရင်ဝေးဝေးရောက်နေတတ်တယ၊် မဆလ ခေတ်မှာ အစိုးရ အလုပ်လုပ်တယ် လေဆိပ်ကို နေ့စဉ်နီးပါးဆင်းရလို့ တိုက်ပုံဝတ် ရေမွှေးအမြဲစွတ်တယ် တခါတော့ အလုံလမ်း သမတ အိမ်ဝန်းနားမှာရှိတဲ့ ထောက်လှမ်းရေးက မနက်-၁၀ နာရီလောက်ဆို ရုံးမှာလာခေါ်ပြီး တပါတ်လောက်နေ့စဉ်ခေါ်စစ်တယ်၊ လက်ဖျားနဲ့ လုံးဝတို့မခံခဲ့ရပါ ရုံးကမချောများကသာ အနားကဖြတ်သွားတိုင်း ရေမွှေးနံကို ထောင်စော်နံတယ် ဆိုပြီး သြဘာပေး တာခံခဲ့ရတယ်၊ နောက်တခုကတော့ မိမိခွင့်ယူနေစဉ် မိမိတာဝန်ယူ လုပ်ရမည့် နိုင်ငံခြားမှ ရောက်လာသည့် အဆီကျဆေးတွေ လေဆိပ်အကောက်ခွန် ဂိုလ်ထောင်မှာပျောက်သွားတယ်၊ ဗိုလ်ချုပ်ကြီး စောမောင် သုံးဖို့ဆေးပါ ကျွန်တော်ကခွင့်ယူထားလို့ ရုံးမှာရှိတဲ့ လုပ်ဖေါ်လုပ်ဖက်တွေ နဲ့ တပည့်တွေ စစ်ကြေားရေးမှာ ခေါ်ပြီး အိပ်ချိန်မပေးဘဲ စစ်ဆေးခံရပြီး ဂဝံကျောက်ပေါ်မှာ မော်တော်ဆိုင်ကယ်စီးခိုင်းခံကြရတယ်၊ တပါတ်ကျော်ကြာသည်အထိ တရားခံမဖေါ်နိုင်လို့ ထောက်လှမ်းရေးလက် ကျွန်တော့ဆီရောက်ခါနီးမှာ ဘယ်လိုမှမထင်နိုင်တဲ့ ရုံးကလက်ထောက်ညွန်မူ (အစိုးရ ဖုံး/ကား ရသူ) က ရုံးမှစာရွက်စာတန်းတွေ ရယူပြီး ထုတ်သွားတာဖေါ်နိုင်ခဲ့ပါတယ်၊ ပြောလက်စနဲ့ ထူးဆန်းတာတခုပြောပါရစေ စင်္ကာပူ ကနေပို့လိုက်တဲ့ ပစ္စည်းထုတ်တထုတ်ကို ထုတ်ယူလာခဲ့ပါတယ် ကျွန်တော်ထုတ်ယူမည့် နိုင်ငံခြားကလာသည့် အထုတ်တွေကို အကောက်ခွန်က ဖွင့်ဖေါက်စစ်ဆေးခွင့်မရှိပါ Manifest, Invoice ရှိရင်တော့ ပါပစ္စည်းမှန်းသိလို့ လက်ခံမည့်သူရှေ့ မှာ ဖွင်ဖေါက်စစ်ဆေးပြီး ပေးပါတယ် ခုအထုတ်ကတော့ ပါပစ္စည်း ပါမှန်းမသိလို့ ရုံးမှာဖွင့်ကြည့်တော့ ရွှေရောင်ငွေရောင် ထနေတဲ့အင်ဒိုနီးရှားပါတိတ်တွေ့ ရပါတယ် အထည်-၃၀ တိတိပါ ကျွန်တော်လဲ ချက်ခြင်း အထက်လူကြီးတွေကို တင်ပြပါတယ် အလွန်စည်းကမ်းကြီးပြီး ကြောက်တတ်တဲ့ ဗြိတိသျှစစ်တက္ကသိုလ်(ဆင်းနပ်)ဆင်း ဗိုလ်မူကြီးက ချက်ခြင်း ပါလာသည့်လိပ်စာ အတိုင်းစင်္ကာပူကို ပြန်ပို့ခိုင်းပါတယ် ပြန်ပို့ပြီး ပို့ခဲ့တဲအထောက်အထားစာရွက်စာတမ်းတွေကို အစိုးရအလုပ်က မထွက်မခြင်း မပျောက်မပျက်အောင်သိမ်းထားရပါတယ် ထောင်ခြောက်ဆိုတာ နောက်တော့မှသိရပါတယ်။
နိုင်ငံရေး နှင့် ပါတ်သက်လို့က တိုင်ပြည် နဲ့ လူမျိုး ကိုချစ်တယ် တိုင်ပြည်တိုးတက်ချင်တဲ့ဆန္ဒ ပြင်းပြသလို ပြည်သူတွေ ဒုက္ခဆင်းရဲတွင်းအပေါင်းမှ လွတ်မြောက်စေချင်ပါတယ် ဒီရပ်တည်ချက်ကိုသာ ထားတယ်၊ နိုင်ငံရေးကိုစိတ်ဝင်စားခဲ့သော်လည် ၂၀၀၇- ယခု နိုင်ငံခြားထွက်လာတဲ့အခါ နယ်စပ်ဒေသမှာ ရောက်တဲ နိုင်ငံတွေမှာ မိမိထင်ခဲ့သလို မရှိအတူရှိအတူ ကူညီယိုင်းပင်မူတွေ မရှိမတွေ့ ရဘဲ လယ်သူစားတမ်း အုပ်စုလိုက်ဗိုလ်ကျတာတွေကိုသာတွေ့ ရလို့ နိုင်ငံရေးသမား အမည်ခံရမှာကြောက်ပြီး နိုင်ငံရေး သမား ဘာမျိုးဆက် ညာမျိုးဆက် ဆိုသူတွေကို ဝေးဝေးရှောင်နေပါတယ်။ဒေါ်အောင်ဆန်းစုကြည် ယခုအခါ အမှန်တရားကို တွေ့ သွားပါပြီး မြန်မာနိုင်ငံ အတွက်အားတက်စရာ ဝမ်းသာစရာပါ ဘာကြောင့်ပါလဲ ကျွန်တော်အာရှနိုင်ငံများများကို ၈၈- မတိုင်ခင်ကရော ၉၀/၂၀၀၀- အထိရောက်ခဲ့ဖူးသလို နှစ်ချီနေခဲ့ဘူးပါတယ် တိုင်ပြည်တိုင်းမှာ နိုင်ငံရေးလုပ်ထာကတခြား တိုင်းပြည်နဲ့လူမျိုးချစ်ထာကတခြား ခွဲခြားထားတာတွေ့ ရပါတယ်၊ TV တွေမှာ လွတ်တော်ထဲမှာ ထနှပန်းလုံး အော်ကြီးဟစ်ကျယ်ပြော တခါဆို လွတ်တော်ဥက္ကဌ ကို ရှေ့ ထွက်စာရွက်ပေးမလိုနဲ့ ပါးချတာတွေ့ ဘူးပါတယ် သူတို့တွေဟာ အပြင်မှာစားဖေါ်သောက်ဖက် မိတ်ဆွေတွေလိုနေကြပါတယ် မတူတာတွေမှာ အားပြိုင်ကြပေမဲ့ တိုင်းပြည်တိုးတက်ဖို့ ပြည်သူတွေ သာယာဝပြောဖို့ လက်တွဲကြပါတယ် နိုင်ငံရေးလုပ်ကြတယ် ဘယ်တော့မှ တိုင်းပြည် နဲ့ ပြည်သူ ဒုက္ခရောက်အောင်မလုပ်ကြပါဘူ၊ တိုင်ပြည် နဲ့ လူမျိုး အတွက်ဆိုရင် စည်းလုံးကြပါတယ် ယနေ့အောင်မြင်ပြီး တိုင်ပြည်တိုးတက် ပြည်သူ တွေသာယာဝပြောနေတဲ့ နိုင်ငံတွေမှာ တွေ့ နိုင်ပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ စည်းလုံးညွတ်မူကို မျက်ကွယ်ပြု တဦးနဲ့တဦး ညှိနိုင်တိုင်ပင်မူမရှိ ငါကသာမှန်တယ်ထင်ပြီး တိုင်းပြည် နဲ့ လူမျိုး ဘာဖြစ်ဖြစ် ငါအာဏာ ရဖို့ကိုသာ ဦးစားပေး လုပ်ဆောင်နေကြတာ ဒီနေ့အချိန်အထိပါဘ၊ဲ နောက်ဆုံး တိုင်ပြည်အောက်ဆုံးအဆင့်ရောက် ပြည်သူတွေအားလုံး အမှန်က လူတိုင်းပါဘဲ အုပ်ချုပ်သူရော ပြည်သူတွေပါ ဒုက္ခဆင်းရဲရောက်ကြတာ
ိ