ဤမှာမြေပြင် မြစိမ်းဆင်လျှက် ကောင်ကင်မိုးဝယ် နီလာချယ်၍ အိုဘယ့်လူသား နှစ်ရောင်ကြားဝယ် ခန့်ညားပေစ ခန့်ပေစ၊

Monday, November 26, 2012

စန္ဒကိန္နရီ(မေသက်ထားဆွေ)



မြန်မာဟာ မြန်မာပါဘဲ.....မြန်မာသီချင်းစစ်စစ်၊
ဖြူဖြူကျော်သိန်း ငေးငိုင်သွားရတယ်..........
.

Read More...

Monday, November 19, 2012

ဗိုလ်ချုပ်ကြီးစောမောင် ၏ အဆီကျဆေးပျောက်ဆုံးမူ့

 
ဗိုလ်ချုပ်ကြီးစောမောင်
ဗိုလ်ချုပ်ကြီးစောမောင် ဟာ ဦးနေဝင်း ၏ လူယုံးတပည့်ပါ ၈၈-အရေးအခင်းမတိုင်ခင် မဆလခေတ်မှာ ကာကွယ်ရေးဦးစီးချုပ် ဖြစ်သလို ၈၈-အရေးအခင်းအပြီး အားဏာသိမ်းစစ်ခေါင်းဆောင်လည်းဖြစ်ပါတယ် ၉၀-ခုရွေးကောက်ပွဲလုပ်ပေးပြီး စစ်တန်ရားပြန်မည်ဆိုသော စကားတခွန်းကြောင့် ဦးနေဝင်း ရဲ့ ဖယ်ရှားခြင်းကိုခံလိုက်ရပါတယ်.....
ဗိုလ်ချုပ်ကြီးစောမောင် ၏ အဆီကျဆေးပျောက်ဆုံးမူမှာ အဓိကတာဝန်ရှိသူတယောက်အနေနဲ့ ရေးသားခြင်းဖြစ်ပါတယ်၊ မဆလခေတ်မှာ ရွှေထုတ်လုပ်တဲ့စက်ရုံမှား စက်ရုံသန့်ရှင်းရေးသမားက ရွှေချောင်းကိုယူဖို့ စက်ရုံတွင်းဖွတ်ထားတာကို မဖေါ်ထုတ်နိုင်ခင် အရာထမ်းဝန်ထမ်းအားလုံး ခေါ်ယူမေးမြန်းနိပ်စက်ခံရသလို၊ ဗိုလ်ချုပ်ကြီးစောမောင် ၏ အဆီကျဆေးပျောက်ဆုံးမူမှာလဲ မဆိုင်သူတွေ ခေါ်ယူမေးမြန်းနိပ်စက်ခံခဲ့ရပါသည်၊
ကျွန်တော်ကဘာကောင်မှမဟုတ်ပါ ရန်ကုန်-ပြည်ကြားက မီးရထားလမ်း ကားလမ်း ဖြတ်သွားတဲ့မြိုငယ်တမြို့  ဖြစ်ပါတယ် မြို့ လယ်ကောင်နဲ့ ၁၀မီးနစ်-ခန့်သွားရတဲ့မြို့ စွန်မှား အမေအမအဒေါ်ကြီးများနဲ့ နေခဲ့တာပါ၊ မိဘများကတော့လက်လုပ်လက်စားပါ၊ ကျွန်တော်ငယ်ငယ်က မြို့ လယ်ခေါင် ဖေါင်သူကြီးလမ်လို့ခေါ်သည့် ၂-လမ်းမှာနေပါတယ်၊ ဖေါင်သူကြီးလမ်းလို့ခေါ်တာကတော့ ကျွန်တော်တို့မြို့ မှာ သစ်ဖေါင်ဝါးဖေါင် ဆင်ပိုင်ရှင်တွေနေလို့ ဖြစ်ပါတယ်၊ ကျွန်တော်ကြီးလာတော့ မိဘတွေဟာ ဘုရားကြီးလမ် ၃-လမ်းနဲ့ဘုရားကြီးလမ်းဒေါင့် ၂-ထပ်ရှိတဲ့တန်းယားကြီး တခုမှာနေပါတယ် မီးရထားလမ်း ၃-လမ်းဘက်က အစွန်ဆုံးအပေါ်ထပ်မှားနေကြတာတွေ့ ရပါတယ် မိဘများထံတခါမှ သွားရောက် မအိပ်ခဲ့ဘူးပါ၊
အမေအဆက်သွယ်နဲ့ ရန်ကုန်တွင် အလုပ်လုပ်ရမည်ဆို၍ ဖျာလိပ်ထဲမှာ ခေါင်းအုံးစောင် အဝတ်အစားထည့်ပြီး မီးရထားစီးပြီ ရန်ကုန်တက်ခဲ့ပါတယ်၊ မဆလခေတ်က မြို့ ကနေရန်ကုန် သွားရင် ညထွက်တဲ့ ရထားစီးရပါတယ် ည ၉-နာရီးလောက်ပါ မနက် ၅-နာရီလောက် ရန်ကုန်ရောက်ပါတယ်၊ ရန်ကုန်ကလာရင်တော့ နေ့လည်တနာရီမှား စထွက်ပါတယ် ညနေ ၇-နာရီလောက်ဆို မြို့ ရောက်ပါတယ် ထိုစဉ်က ရထားလမ်းတွေကလဲကောင်းသလို မိမိမြို့ အတွက် ရထားတွဲသပ်သပ်ရှိလို မြို့ သားမိတ်ဆွေ အပေါင်းအသင်း တခါတရံ ကိုယ်ကြိုက်သူလေတွေ ပါတတ်လို့ အလွန်ပျော်စရာကောင်းပါတယ်၊
ရန်ကုန်ကိုမနက်အစောကြီးရောက်ပြီး နေမဲ့အိမ်းရောက်တော့ မနက် ၈-နာရီအလုပ်ဝင်ရမည်ဆို၍ ရေမိုချိုး အဝတ်အစားလဲပြီ မိမိနေတဲ့အိမ်ကကားနဲ့ အလုပ်ဝင်ခဲ့ရာ အလုပ်ထဲမှာ မြန်မားစာမသုံး အင်္ဂလိပ်စာကိုဘဲ သုံးတာတွေ့ ရပါတယ် ကျွန်တော်က အင်္ဂလိပ်စာညံပါတယ် ကျောင်းမှားဆရာတွေ ဘယ်လောက်သင်ပေးပေး ကျူရှင်တွေဘယ်လောက်တက်တက် ကိုယ်မကြိုးစားရင် ညံတာပါဘဲ ကျွန်တော်လဲမကြိုးစားခဲ့တာအမှန်ပါ စာကျက်ပြင်းပါတယ် သင်္ချာဘက်မှားအားသန်လို့ အဲဒိခေတ်က အမှတ်မြင့် ဓါတုဗေဒယူလို့ရပေမဲ့ တဆင့်နိမ့်တဲ့ ရှုပဗေဒနဲ့ ဘွဲယူခဲ့ပါတယ်၊ အလုပ်မှာ နိုင်ငံခြားကပစ္စည်း ဝယ်ယူတာနဲ့ဆိုင်တဲ့ တင်ဒါခေါ်တာ ကိုတေးရှင်ခေါ်တာ စာချုပ်ချုပ် အလ်စီဖွင့်နိုင်ငံခြားငွေပေးခြေတာ နမူနာတွေတောင်တာ သံကြိုးရိုက်ထာကအစသင်ရပါတယ် အဲဒိအချိန်က Cable ခေါ် သံကြိုးရိုက်ပြီး နိုင်ငံခြားနဲ့ဆက်ရပါတယ် အတိုကောက်စလုံးတွေသုံးရတယ်၊ ရုံးထိုင်၅-နှစ်လုပ်ပြီးမှ ခုအမူ့ကိစ္စနဲ့ပါတ်သက်သည့် Outdoor ရုံးပြင်ပကိုလျှောက်သွား လုပ်ရတဲ့အလုပ်ကို ကျွန်တော်တို့ ညွန်ကြားရေးမူဖြစ်တဲ့ ဗြိတိသျှဆင်းနပ်စစ်တက္ကသိုလ်ဆင်း ဗိုလ်မူကြီး တင်ပေးလို ရောက်ရှိလုပ်ကိုင်ခဲ့ရပါတော့သည်။
ရုံးကနေအပြင်ကိုနေ့စဉ်ထွက်၍ အလုပ်လုပ်ရတာ အင်မတန်ပျော်စရာကောင်းပါသည် နေ့စဉ်လေယဉ် ကုမ္မဏီတွေသွားရပါသည် လေဆိပ်ကို တပါတ်၃-ရက် တခါတလေနေ့စဉ် စာတိုက်ကြီးကို တပါတ်တရက် အကောက်ခွန် ကာစတန်ရုံးချုပ်ကိုလဲ တပါတ်၃-ရက်အနဲဆုံးသွားရပြီး ဌာနဆိုင်ရာတွေကို ပထမ E-2000 နောက် T-2000 ကားတစီးဖြင့်လှည့်ပါတ်သွားနေရတာ ပျော်စရာကောင်ပါတယ်၊ အလုပ်က Shpping ပါ Clearence ရှင်းလင်းရေးအလုပ်ပါ ကျွန်တော်က ဆိပ်ကမ်းမပါ လေဆိပ်နဲ့စာတိုက်ကို တာဝန်ယူရတာပါ၊ စာရေးတယောက် ရုံးအကူတယောက် ယဉ်မောင်းတယောက် နဲ့အတူ နေစဉ်ရန်ကုန်မြို့ 
 တွင်း မြို့ ပြင်သွားရတဲ့အလုပ်ပါ၊ ပစ္စည်းများရင် အလုပ်သမားလိုသလောက်ခေါ်ခွင့်ပေးထားပါသည်။
         ကျွန်တော်တို့နိုင်ငံကို ဝင်/ထွက် သည့် လူနဲ့ပါလာသည့်ပစ္စည်းအပါအဝင် ကုန်ပစ္စည်းအားလုံးကို အကောက်ခွန်ဌာနက ဖွင့်ဖေါက်စစ်ဆေးရပါတယ်၊ မဆလခေတ်မှာ ဥပဒေကိုလိုက်နာတာတွေ့ ရပါတယ် ဘာကြောင်ပြောရသလဲဆိုရင် ကျွန်တော်ထုတ်ယူမည့် မည်သည့်ပစ္စည်းမဆို အကောက်ခွန်မှ ဖွင့်ဖေါက်စစ်ဆေးခွင့်မရှိပါ ထိုစဉ်က အိမ်တော်(ဦိးနေဝင်းအိမ်တော်) NIBအမျိုးသားထောက်လှမ်ရေး(ထိုစဉ်ကအမျိုးသားထောက်လှမ်ရေးအဖွဲရှိပါသေးသည်) ပြည်သူရဲတပ်ဖွဲကအစ ဌာနအားလုံးဟာ သူတို့ပစ္စည်းကို အကောက်ခွန်မှဖွင့်ဖေါက်စစ်ဆေးမခံချင်ရင် ကျွန်တော်တို့်က အကောက်ခွန်ဌာနက ထုတ်ယူပေးရပါတယ် ငါတို့ပါဝါရှိတယ်ဆိုပြီး ထုတ်ယူတာမတွေ့ ရပါ ဥပဒေအတိုင်းလုပ်ဆောင်တာ တွေ့ ရပါသည်၊ နိုင်ငံခြားကလာသည့် ကုမ္မဏီကိုယ်စလှယ်၊ ပညာရှင် လာရင်လဲ သူတို့ပါလာသည့် အရေးကြီးပစ္စည်းဖြစ်လျှင် အကောက်ခွန်မှ ဖွင့်ဖေါက်စစ်ဆေးမူမပြုလုပ်ရန် လေဆိပ်ကိုသွားရောက်ကြိုဆို ရပါသည်။
            အကောက်ခွန်လုပ်ငန်းအားလုံး အဂ်လိပ်လို ရေးသားဖြည့်စွက်ရပါသည် ကျွန်တော့ကို ဦးမောင်မောင်လှ(သုဝဏ)၊ ရုံးအကူ ဦးမောင်မောင်ကြီး တို့သင်ပေးပါတယ်၊ ဘာကြောင့်ရုံးအကူ ဖြစ်နေသလဲမသိပါ အဂ်လိပ်စာကောင်းသလို မဆလခေတ်မတိုင်ခင်ကရှိခဲ့သည့် ရန်ကုန်-ပြည်လမ်းတွင် ရှိခဲ့သည့် ဒေါ်ခင်ခင်အေး အဂ်လိပ်စာသင်ကျောင်းမှား၉-၁၀ထိသင်ယူခဲ့သည်လိုသိရပါသည်၊ အကောက်ခွန်ရုံးမှာလဲတော်တော်ပေါက်ရောက်ပါတယ် ကျွန်တော်ဘာမှမဖြေမပြုရဘဲ အကောက်ခွန်ဌာနက ရှင်းလင်းရေးလုပ်ခွင် လိုင်စင်စာအုပ်ကလေး ကျွန်ဓါတ်ပုံကပ်လျှက် ရရှိခဲ့ပါသည်၊ မူယစ်ဆေးပါသော(Narcotic) ဆေးဝါးများဆိုရင် ကမ်းနားလမ်းအကောက်ခွန်ရုံးချုပ်ရှိ အကောက်ခွန်ညွန်ချုပ်ကိုယ်တိုင် SO(special order)ကို လက်မှတ်ထိုးပေးမှ ထုတ်ယူခွင့်ရှိပါတယ်၊ အကောက်ခွန်ရုံးချုပ်ဟာ အထပ်၎ထပ်ရှိပါတယ် အဂ်လိပ်ခေတ်ထဲကဆောက်ထားတာပါ အောက်ထပ်အလယ် စဝင်ဝင်ခြင်း အပေါက်မှာဘဲ ဓါတ်လှေကားရှိပါတယ် ကျွန်တော်ကိုယ်တိုင်း ဓါတ်လှေကားဖြင့်လေးထပ်တက်ပြီး ညွန်ချုပ်အခန်းကိုယ်တိုင်ဝင်ပြီး SO ကိုလက်မှတ်ရယူရပါတယ်၊ ထိုစဉ်ကညွန်ချုပ်အသက်၄၀လောက်သာရှိတဲ့ ထောက်လှမ်ရေကလာတဲ့ ဗိုလ်မူကျော်မြင့်ပါ၊ ကြုံတုံးရေးရအုံးမယ် အကောက်ခွန်မှားနောက်ထောက်လှမ်းရေးကလာတဲ့ဗိုလ်မူ၂-ယောက်အကြောင်းပါ ဗိုလ်မူစောထွန်း နဲ့ ဗိုလ်မူ---ပါ၊ ဗိုလ်မူ---က ထိုစဉ်က အမေရိကန်က အကောက်ခွန်နဲ့ပါတ်သက်တဲ့ ထောက်လှမ်ရေးသင်တန်တက်ပြန်ပါ ပန်ချီဆရာကြီးဦးဘကြည်ရဲ့ သားဖြစ်ပါတယ်၊ အကောက်ခွန်မှား ရာထူတူညွန်ကြားရေမူတွေပါဈ၊ နောက်ပိုင်းမှား ဘဝရဲ့ ကုသိုလ်ကံက အလွန်ခြားနားသွားပါတယ်၊ မဆလခေတ်မှား ထောက်လှမ်းရေးခေါင်းဆောင် မျက်မှန်တင်ဦး ပြုတ်တော့ ဦးနေဝင် က ယဉ်မောင်းကစ အားလုံးဖြုတ်ပြစ်ပါတယ်၊ သူတို့တွေလဲပြုတ်သွာတယ်လို့သိရတယ် အကောက်ခွန်မှာမတွေရတော့ ပြုတ်ပြီးမကြာခင်မှာဘဲ  ဗိုလ်မူ---က သူဆရာရဲ့ တရာခွင်တရားရုံးမှား ဦးထုတ်ထဲ အသံဖမ်းစက်ထားပြီး နားထောင်ခဲ့လို့ အမြင်ကပ်ပုဒ်မနဲ့ မဆလခေတ် ပြည်သူတရားရုံးကထောင်ချပြစ်ခဲ့ခြင်းခံရပါတယ်၊
ဗိုလ်မူစောထွန်း ကတော့ကျွန်တော် ၁၉၉၀-မှား ဟောင်ကောင်ရောက်တော့ ဟောင်ကောင် မြန်မာကောင်စစ်ဝန်ရုံးမှား မထင်မှတ်ဘဲ စစ်သံမူဖြစ်နေတာတွေ့ ရပါတယ်၊ နောက်၁၉၉၀- စစ်အစိုရ လက်ထက်ကြတော့ ဦးစောထွန်း ဝန်ကြီးဖြစ်နေတာတွေ့ ရပြန်ပါတယ်၊ တခုသိရတာက ဗိုလ်မူစောထွန်း ဗိုလ်ဘဝက မိထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲသား တယောက်ကို လူကြီးတွေက စစ်နေစဉ် ထိုသူက ပေါင်တွင် ကပ်ယူလာသည် ပစ္စတိုဖြင့် လူကြီးတွေကိုပြစ်ရား ဗိုလ်မူစောထွန်း ကရှေ့ မှထွက် ကာလိုက်သဖြင့် လူကြီးတွေကိုမထိဘဲ သူ့ဗိုက်ကိုကျည်ဆံထိပြီး တရာခံကိုဖမ်းခဲ့သည်လို့သိရပါသည်။
  ဗိုလ်ချုပ်ကြီးစောမောင် အဆီကျဆေးပျောက်ဆုံးမူ ဖြစ်ခဲ့သေား အလုပ်တွင် ၅-နှစ်လုပ်ခဲ့သည်တွင် လုပ်ခဲ့ရသည့် အမှတ်တရမျာနဲ့ အန္တရယ် ထောင်ချောက်များ ကို ပြောမှ လုံလောက်ပြီး အဖြစ်အပျက်တွေ၏ ဘဝကံတရားကိုသိမှာပါ ဗဟုသုတ ဘဝ၏ကံတရားဆိုတာ ဘယ်လိုလဲသိစေချင်လို့ပါ၊ 
အမေရိကန်လုပ် ဒုတိယကမ္မာစစ်သုံး ဦးမော့ ဒါကိုတာလေယာဉ်
 
  ကျွန်တော်တို့နိုင်ငံမှား ဒုတိယကမ္ဘာစစ်သုံး အမေရိကန်လုပ် စစ်သုံး ဦးမော့ဒါကိုတာလေယဉ်တွေကို စစ်ပြီးခေတ်မှာ ပြည်တွင်းကုန်တင် ခရီးသည်တင်အဖြစ်အသုံးပြုခဲ့ကြပါတယ်၊ နောက်ပိုင်း ဒါကိုတာလေယာဉ်တွေ၏ စက်သုံးဆီဟားဈေးကြီးလို့ ရပ်နားထားခဲ့ပါတယ်၊ ရန်ကုန်လေဆိပ်နဲ့ လေဆိပ်အနီးက လေတပ်ခြားမှား ဦးမော့ဒါကိုတာလေယာဉ်ကြီးတွေရပ်ထားတာတွေ့ ရပါတယ်၊ ဒီထဲက တချို့ ကို နိုင်ငံခြားရောင်းခဲ့ပါတယ်၊ ဒါကိုတာပြည်ပထွက်ခွာခွင့်ကို ကျွန်တော်သွားရောက်လုပ်ပေးခဲ့ရရာ မောင်းနှင်သွားမည့်လေယာဉ်မူကိုမေးကြည့်ရာ ရုပ်ရှင်ရိုက်ရာနဲ့ အာဖရိကမှာ သူတို့ကုမ္မဏီက အသုံးပြုကြောင်းသိခဲ့ရပါတယ်၊ အမေရိကန်က မြန်မာနိုင်ငံမူဘိန်းစိုက်ပျိုးမူပပျောက်ရေးအတွက် ပေခဲ့တာတွေထဲမှာဆိုရင် ကောင်ကင်မြေတိုင်း Camera ပါတဲ ၂-ယောက်စီး ဆက်စနာအမျိုးအစား ဂျက်လေယာဉ်လေးလဲနဲ့ တပေခွဲလောက်ရှည် အချင်း၃-လက္မလောက်ရှတဲ့ ဆက်သွယ်ရေးစက်တွေပါ၊ အဲဒါတွေကို ကျွန်တော်လေဆိပ်ဂိုလ်ထောင်မှား ထုတ်ယူသည့်အခါ အဟောင်းတွေရော အသစ်တွေပါ ရောနေတာတွေ့ ရပြီး၊ ကုန်ပစ္စည်းစာရင်(Manifest)မှားပါဝင်သည့်စာရင်းအရေအတွက်ထက် ရာကျော်ပိုမိုပါလာတာတွေ့ရပါသည် သနတ်ပြစ်လေ့ကျင့်သူတွေသုံးဖို့ ပစ္စတိုအလက်၂၀-လေဆိပ်ရောက်လာလို့ သနတ်ပြစ်လေ့ကျင့်ရေးဥက္ကဌဗိုလ်မူမောင်မောင်သုံ တပ်မူလုပ်နေတဲ မင်္ဂလာဒုံက ခဲယမ်းမိးကျောက်တပ်ကိုပို့ရပါတယ်.....မိမိကားဘယ်လမ်းကြောင်းကသွားမယ်ဆိုတာ ရန်ကုန်တိုင်းစစ်ဌာနချုပ်ကို လှမ်းအကြောင်းကြားပြီးမှ သွားပို့ရပါတယ်၊။

     အိမ်တော်(ဦးနေဝင်းအိမ်တော်) အတွက်ပစ္စည်တွေ ထုတ်ပေးခဲ့ရာမှာတော့ ထုတ်ပြီး အိမ်တော်ဝန် ဗိုလ်မူကြီးစိန်ဘန်း အမြဲလာယူပါတယ် တခါတော့အထုတ်တွေ ပျက်နေတာတွေ့ ရလို့ ဖွင့်စစ်တဲ့အခါ အိမ်တော်အသုံးပြုဖို့ Diner Set ကြွေပုဂံမျိုးစုံတွေ့ ရပါသည်၊ စစ်ထောက်လှမ်းရေးအသုံးပြုဖို့ Camera များကိုလဲ ၈မိုင် ပျားဂေဟာနားမှာရှိတဲ့ စစ်ထောက်လှမ်ရေးတပ်က ဓါတ်ပုံကျွမ်းကျင်သူ ဗိုလ်မူသန်းနွဲ ထံ သွားရောက်ပေးပို့ခဲ့ရပြီး ဓါတ်ပုံရိုက်တဲ့အခါ အချိန် နာရီ ရက် ဓါတ်ပုံမှားပါသည့် Camera ဖြစ်ပါသည်၊
   တခါတော့ ဗိုလ်အောင်ကျော်လမ်းရှိ နိုင်ငံခြားမှလာသည်ပစ္စည်းထိုတ်ပေးရာ စာတိုက်ကြီးမှ ပစ္စည်ထုတ်တထုတ် ထုတ်ယူလာခဲ့ပါသည် မည်သူပစ္စည်းမှန်မသိလို့ ရုံးရောက်သည့်အခါ ဖွင့်ဖေါက်စစ်ဆေးကြည့်ပါတယ်၊ ပစ္စည်းရှင်ကိုသိရင်တော့ သူတို့ကဖွင်ဖေါက်စစ်ဆေးပြီးမှ လက်ခံမည်ဆိုရင် ဖွင့်ဖေါက်စစ်ဆေးကြပြီး ပစ္စည်းရှင်ကိုအပ်၍ လက်မှတ်ထိုးခိုင်ပါသည် များသောအားဖြင့် ပစ္စည်ထုတ်လက်ရာခြေရာမပျက်ရင် ဖွင့်ဖေါက်ခြင်းမပြုကြဘဲ ဒီအတိုင်းပေးပြီး လက်ခံလက်မှတ်ထိုးပေး ကြပါသည်၊ ယခုပစ္စည်းထုတ်ကိုပိုင်ရှင်မသိလို့ ဖွင့်ဖေါက်စစ်ဆေးရာ ရွှေရောင် ငွေရောင် ထနေသော အင်ဒိုနီးရှားပါတိတ်တွေ အထည် ၃၀-ပါရှိနေတာတွေ့ ရပါသည်၊ အဲဒီအချိန် မဆလခေတ်က အဖိုးတန်တဲ့ အင်ဒိုနီးရှားပါတိတ်တွေပါ စင်္ကာပူလိပ်စာတခုကပို့လိုက်ထာတွေ့ ရပါတယ်၊ အထက်ကိုတင်ပြတော့ ဗြိတိသျှ ဆင်းနပ်စစ်တက္ကသိုလ်ဆင် ညွန်ကြားရေးမူဖြစ်တဲ့ ဗိုလ်မူကြီးက ချက်ချင်ပါသည့်လိပ်စာအတိုင်း စင်္ကာပူကို ပြန်ပို့ခိုင်းပါသည်၊ ကျွန်တော်လဲ ပါသည့်လိပ်စါအတိုင်း စာတိုက်ကနေ စင်္ကာပူကိုပြန်လည် ပေးပို့ခဲ့ပါတယ်၊ အမှန်ကတော့ ဒါဟာ ထောင်ချောက်ပါ ပို့ပြီးကြောင်းစာရွက်စာတမ်တွေကို သေသေချာချာ သိမ်းဆည်ထားရပါတယ်၊ အလုပ်ကမထွက်ခင်အထိ သေသေချာချာသိမ်ထားခဲ့ရပါတယ်၊ နောက်တော့ ထောင်ချောက်ဖြစ်ကြောင်းပေါ်လာပါသည်၊
     ကျွန်တော်၏ ညွန်ကြားရေးမူ ဗြိတိသျှဆင်းနပ်စစ်တက္ကသိုလ်ဆင် ဗိုလ်မူကြီး ဟာ တိကျသလို ကြောက်တတ်ပါသည် ဘာကြောင့်လဲဆိုတော့ တခါမှာ ဗိုလ်မူကြီး ဆေးရုံမှာဆေးထိုရား ဘာကြောင်းမှန်းမသိ ခြေထောက်ကွေဆန့်မရတော့ပါ အင်္ဂလန်ကိုသွားရောက်ခွဲစိတ်ရပါတော့တယ်၊ လေဆိပ်မှား ကျွန်တော်က ကျွမ်တော့ အသွားအပြန် လုပ်ပေးခဲ့ရပါတယ်၊ ခွဲစိတ်ပြီးပြန်လာတော့ တွန်းလှည်လေးနဲ့ပါ၊ ရုံးမတက်နိုင်သေးတဲ့တပါတ်အတွင်းမှာဘဲ ဗြတိသျှသုံးငွေ ပေါင်၊အောင်းစ၊ပဲနီ ထဲက မြန်မာနိုင်ငံသုံး ပြားစေ့ခေါ်ရမည့် ပဲနီ ဝိုင်းရှားပေးရတယ်၊ ဘာကြောင်လဲဆိုတော့ အင်္ဂလန်ကဆေးကု ပြန်လာပြီး အစိုးရကို ပိုငွေပြန်အပ်ရာမှာ ပဲနီ လိုနေပါလို့တဲ့၊ အဲဒီအချိန်က ကျွန်တော်နဲ့ လက်မထပ်ရသေးသေား ဇနီးလောင်းက ရုံးမှား ပြည်သူရဲတပ်ဖွဲ့ ကနေတွဲဖက်လာရောက်လုပ်ကိုင်နေရာ သူမိဘတွေက အီဂျစ် အမေရိကန်မှား သံအမတ်ကြီးလုပ်ခဲ့ပြီ ပြန်လာစအချိန်ဖြစ်လို့ သူဆီက ပဲနီစေ့တွေ ရရှိခဲ့ပါသည်၊          
        ကျွန်တော့၏ အဆိုရွားဆုံးသော ချို့ ယွင်ချက်ထဲမှား အထက်လူကြီကို မဖါးတတ် မဖါးတာဖြစ်ပါသည် အလုပ်ကိုကြိုးစား ကိုယ်အဖေအလုပ်လိုလုပ်မည် ဖါးတဲ့အလုပ်တော့ မလုပ်တတ်သလို မလုပ်ခဲ့ပါ အထက်လူကြီးကို မခံချင်ရင်ပြန်ပြောတတ်တဲ့ အကျင့်လဲ့ရှိခဲ့ပါသည်၊ တချို့ လူကြီးတွေက မကြည်ကြပါ ဒါပေမဲ့ အလုပ်နဲ့ပါတ်သက်လာရင်တော့ သူတို့ အလုပ်ကြိုးစားကြောင်း သူတို့မေလိုက်ရင် အမြဲအဆင်သင်းပြီနေကြောင်း အသိအမှတ်ပြုကြပါသည်၊ တခါမှား လှည်ကူ အင်းတိုင်မှာရှိတဲ့ COD ပင်မစစ်လက်နက်ပစ္စည်းသိုလောင်ရေးတပ်ကိုသွားရား ကားပေါ်မှား ဗိုလ်ကြီးတယောက်ပါခဲ့ပါသည်၊ အသွားရောအပြန်ပါ သူကို နောက်ခန်းကစီးခိုင်းပြီး ကျွန်တော်က ကိုယ်ကားမိုလို့ ကားရှေ့ ခန်ကစီးပါသည် ဗိုလ်ကြီးသည် ယခုတပ်မတော်မှာရှိသည့် ဗိုလ်ချုပ်များနဲ့ သင်းတန်းဆင်းဘက် စီနီယာကြီးဖြစ်ကြောင်း အ ကြောင်းကြောင်းကြောင့် ရာထူမတက်ထာဖြစ်ကြောင်းများပြော၍ ဝိုင်းဝန်အပြစ်တင်ခြင်းကို ခံခဲ့ရပါသည်၊
 
       တိုင်းပြည်အတွက် အရေးပါသောလက်နက်၊ သည်လက်နက်နဲ့ပါတ်သက်လို့ ကျွန်တော်အမှတ်တရ အဖြစ်ဆုံးဖြစ်ခဲ့ပါတယ်၊ ကွန်မြူနစ်တွေနဲ့ တိုက်ပွဲပြင်းထန်နေချိန်ပါ တနေ့တော့ ဆွီဒင်နိုင်ငံ FFV ကုမ္မဏီကနေ ပစ္စည်းတခုလာမည် သေသေချာချာ ဂရုတစိုက်ရွေး၍ အမြန်ဆုံးလေဆိပ်မှ ထုတ်ယူရန် မော်ဘီရှိလေတပ်စခန်းကို သွားရောက်ပို့ပေးရန် ပြောထားပါသည်၊ ကျွန်တော်လဲ ထိုင်းလေယာဉ်ဖြင့် ပါရှိလာမည်ကိုသိထားသဖြင် ထိုစဉ်က ဆူလေဘုရားအနီး ထားဝယ်တိုက်မှားဖွင့်ထားသည့် ထိုင်းလေကြောင်းရုံးရှိရာကို မနက်တခေါက် နေ့လည်တခေါက် ထိုစဉ်က နေ့စဉ်သွားသလို ဖုံးနဲ့လဲ အမြဲဆက်သွယ်ခဲ့ပါသည်၊ တပါတ်အတွင်းရောက်မလာပါ ပါမလာတာတော့ကျွန်တော်လဲပါမှမတတ်နိုင် ဒီကိစ္စနဲ့ ရေတပ်စခန်ကခေါ်သည်ဆို၍ သွားရပါတယ် ခေါ်သူက ရေတပ်က ဗိုလ်မူကြီးသန်းညွန့် ဖြစ်ကြောင်းသိခဲ့ရသလို သူပြောတာကဒီပစ္စည်ကို ကုမ္မဏီမှပေးပို့လိုက်ပြီးဖြစ်ကြောင်း စာရွက်စာတန်း အထောက်အထာနဲ့ပြပါတယ် ကျွန်တော်ကလဲကြိုးစားနေတယ်ပေါ့ နောက်မှသိရတာက ဗိုလ်မူကြီးသန်ညွန့်  ဟား ခုပို့မည့် စမ်းသပ်ဖို့အရေးကြီးလက်နက်၏ ကျွမ်ကျင်သူဖြစ်ပါတယ် သူကလဲလော အားလုံးကလောနေကြတာ နေ့ညမပြတ်ပါ၊ ကျွန်တော်ဆိုရင်း လေဆိပ်ကိုနေ့တိုင်းသွား ဒီပစ္စည်အထုတ် နံပါတ်နဲ့ တူတဲ့ပစ္စည်းပါမပါစစ်ဆေးပါတယ်၊ တညနေ ညနေ၆နာရီလောက်ရှိပြီးကျွန်တော့ကိုလာခေါ်တယ် ပစ္စည်းရောက်နေပြီတဲ့ လေယာဉ်ကွင်းနားက လေတပ်စခန်ကသူတွေ လေဆိပ်ကထုတ်ယူထားတယ်ပေါ့ ကျွန်တော်လဲ ငါလေဆိပ်မှားနေ့လည်အထိရှိတယ် ဂရုလဲစိုက်လဲလုပ်နေတယ် ဘာမှမတတ်နိုင် လိုက်သွားခဲ့ရတယ် ဟိုရောက်တော့ပစ္စည်းက ရှေရှေမျောမျော ၁၀-ပေ ၁၅-ပေခန့်ရှိ အထုတ်တွေကိုတွေ့ ရတယ် နောက်ပြီ AOG ဆိုတဲ့ အနီရောင်တဆိပ်တွေကပ်ထားတာလဲတွေ့ တယ်၊ AOG ဆိုတာက Aircraft on Ground လေယာဉ်တွေအတွက် ပြင်ဆင်ရန်လိုအပ်တဲ့ ပစ္စည်းပါမှားပါတဲ့ အမှတ်အသားပါ အမြန်ပြင်ဆင်ရန် လေယာဉ်ရှိရားမြေပြင်ကို ချက်ချင်းပို့ရမည်လိုသဘောသက်ရောက်တဲ့အမှတ်အသား သင်္ကေတပါ၊ ကျွန်တော်ထုတ်ရမည့် Airway Bill NO. နံပါတ်နဲ့လဲမတူ ဒါကြောင့် ကျွန်တော်တို့လိုချင်တဲ့ ပစ္စည်းမဟုတ်ကြောင်း ငြင်းနိုင်ခဲ့ပါတယ်၊ အမှန်က လေတပ်လူတွေကလဲ အထက်ကိုဖားကြတာပါ၊ ထူဆန်းတာတခုပြောရအုံးမယ် အဲဒီညက ပစ္စည်သိမ်ထားသည်ဆိုသည် လေတပ်စခန်၏ ညတာဝန်မူက ကျွန်တော့မိဘတွေနေခဲ့ ဖေါင်သူကြီးလမ်ခေါ် ၂လမ်းသား ဗိုလ်မူချစ်ဆွေ ဖြစ်နေပါတယ် သူလုပ်ထာမဟုတ်ပါ မနက်ပိုင်းတာဝန်ကျသူတွေ လေဆိပ်ကထုတ်ယူထားတာပါ ၈၈-အရေးအခင်အပြီးစစ်အစိုရလက်ထက်မှာ ဗိုလ်မူကြီးချစ်ဆွေ အဖြစ် ပြည်တွင်းအခွန်ဦးစီးဌာန ညွန်ချုပ်ဖြစ်သွားပါတယ်၊ နောက်ရက်ကျတော့ ရောက်လာလို့ ပစ္စည်းထုတ်ကြည့်ရား ၄-ပေကျော်ကျော်လောက်ဘဲ ရှည်တာတွေ့ ရပြီး မော်ဘီလေတပ်စခန်းကို ပေပို့ခဲ့ပါသည် ၂ဆင့်ကွဲလောင်ချာလို့သိရပြီး ကတုတ်ကျင်းတွေဖြိုးခွဲနိုင်တယ်လို့သိရပါတယ် မော်ဘီလေတပ်မှာစမ်းသပ်မှာပါ FFV ဆွီဒင်ကုမ္မဏီကဖြစ်ပြီး ဆွီးဒင်နိုင်ငံဆိုတာ ဖျက်အားပြင်ပေါက်ကွဲစေတတ်တဲ့ နည်းပညာကိုပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်ပါတယ် ဒိုင်နမိုက်မိုင်းလုပ်တဲ့ယမ်းကိုတည်ထွင်နိုင်ခဲ့သူ Mr.Noble ဆွီဒင်နိုင်ငံသားဖြစ်ပြီး တီထွင်လို့ရရှိသည့်ငွေဖြင့် နိုလ်ဘလ်ငြိမ်းချမ်းရေးဆုကို ပေးခဲ့သူဖြစ်ပါတယ်၊ ၂၀၀၀-ခုနှစ်မှာအိမ်ကိုလာလည်သည့် အင်ယားလိပ်ဟော်တယ်နားက အစိုးရလက်နက်စက်ရုံက တပ်ကြပ်ကြီးတဦးကိုပြောပြရာ သူကတအံတသြဖြင့် အဲဒီ FFV CO.ဆွီးဒင်က ၂ဆင့်ပေါက်ကွဲလောင်ချာကို မြန်မာပြည်မှား ထုတ်လုပ်နေကြောင်းသိခဲ့ရပါသည်။
   အရေးကြီရင်ကြီးသလို လေဆိပ်ကိုဆင်းရပါတယ် တခါတရံ လေယာဉ်မဆိုက်မခြင်း ည ၉-၁၀နာရီအထိစောင့်ရပြီး၊ လေယာဉ်စီးလုံးလိုက် ညဘက်ပစ္စည်ချရတာတွေလဲရှိတယ်၊ ကိုယ်နဲ့မဆိုင်ပေမဲ့ တာဝန်ပေးလို့ ပင်လယ်ဝကို ၅ခေါက်လောက် သွားဘူးပါတယ်၊ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းဆိုရင် ဆိပ်ကမ်းတွေမှ ပစ္စည်းချလို့်မရပါ ပင်လယ်ဝမှာ သင်္ဘောကိုရပ်ထားစေပြီး ဇက်-ပစ္စည်းတင်ရေယာဉ်တွေနဲ့ သယ်ယူရပါတယ်၊ ပင်လယ်ဝသွားရာမှာ ရေကျချိန်ဆိုရင် ရေစီးကတအားသန်၍ မြွေတွေကစ ပစ္စည်းမျိုးစုံ ရေစီးနဲ့ပါတာမြင်ရပါသည် ရပ်ထားသည့်သင်္ဘောရောက်ရင် သင်္ဘောပေါ်ကို ကြိုးလှေကားနဲ့တက်ရတယ် သင်္ဘောပေါ်ရောက်ရင် မြန်မာကြယ်ငါးပွင့်သင်္ဘောဖြစ်စေ နိုင်ငံခြားသင်္ဘောဖြစ်စေ ကောင်းကောင်း ကျွေမွေးဧည့်ခံပါတယ်၊သင်္ဘောမှားတည၂ညနေ၍ ပစ္စည်းလက်ခံပြီး ဇက်တွေပေါ်တင်ပါတယ်၊ နိုင်ငံခြားကပြန်လာတဲ့ ကြယ်ငါးပွင့်သင်္ဘောတွေမှာဆိုရင် ရေခဲသေတ္တာအဟောင်း TV အဟောင် အဝတ်လျှော်စက်အဟောင်းတွေ အဲဒီခေတ်က တင်လာတာတွေ့ ရပြီး အကောက်ခွန်များမရောက်မှီ ပင်လယ်ဝအနီးအနားက ရွာတွေကလှေနဲ့လာရောက်သယ်ယူ၍ နောက်မှမြို့ထဲပို့ပါတယ်၊ အကောက်ခွန်တွေ လာရင်တော့ အခန်းအမိုးအကာတွေကစ ခွာရှာပါတယ်၊ သင်္ဘောတွေဟာ ပင်လယ်ဝမှာ ညအိပ်မှာဖြစ်လို့ ညတာဝန်မရှိတဲ့သင်္ဘောသားတွေဟာ အိမ်ပြန်ချင်ကြ တခါတော့ ပြန်မဲ့သူတွေကလဲ အိမ်ပြန်ရမည်ဆိုတော့ ပျော်ပြီးမူးနေကြ လှိုင်လေကြောင့် သင်္ဘောကြီးကလဲ လှုပ်ရန်းနေ လာကြိုတဲ့ဘုတ်ကလေးကလဲ လှုပ်ရန်းနေ သင်္ဘောကြီးဘေးလှေခါးက ဆင်းရပြီး လှုပ်ရန်းနေတဲ့ဘုတ်ပေါ်ကို ခုန်ကူးရာမှာ တယောက်ရေထဲပြုတ်ကျ သွားတာ ပြန်ပေါ်မလာတော့ပါ။
       ဌာနပေါင်းစုံသွားရောက်လုပ်ကိုင်ရာ မိတ်ဆွေအပေါင်းအသင်းများစွာတွေ့ ရပြီး အခင်ဆုံးသူကတော့ ကရင်ကြီးတယောက်ပါ အင်မတန်ရိုးသားပါတယ်၊ လေတပ်မှားကြာရင် ဗိုလ်ဖြစ်တယ် ဆိုတဲ့ ဆိုရိုးစကား ပြောကြတာရှိပါတယ်၊ အမှန်ကကျွန်တော့မိတ်ဆွေကြီး ဗိုလ်မူကြာရင် ခေါ် စောကြာရင် ဗိုလ်ဖြစ်ခဲ့လို့ပါ၊ ငယ်စဉ်ကိုယ်ရင်ကလေးဖြစ်တဲ့စောကြာရင်ကို ဆွမ်းခံကြွတဲ့ ဒကာအိမ်တအိမ်က မွေးစားပြီး ကျောင်းထား လေတပ်ထဲ သွင်းပေးခဲ့ပါတယ် လေတပ်ရောက်တော့ လေယာဉ်ထိမ်းသိမ်းရေးပညာကို အင်္ဂလန်မှာ သွားရောက်သင်ယူခဲ့ရပြီး ဗိုလ်ကတဆင့် ကျွန်တော်နဲ့သိချိန်မှား ဗိုလ်မူကြာရင် ဖြစ်နေပါပြီ၊ တပါတ်တခါ ဘီယာသောက်ဖြစ်လို့ သူပါရင် လူနဲသည့် ကမ်းနားကနန်းသီတာမှာသောက်ကြပါတယ်၊ နန်းသီတာမှာတော့ မန္တလေးဘီယာပုလင်ဘဲရပြီး ကမ်နားလမ်းဟော်တယ်လေညင်းသာမှာဆိုရင်  စည်ဘီယာ မတ်ခွက်ကြီးနဲ့ ရပါတယ် ၁၀-ကျပ်ခန့်ဘဲပေးရပါတယ်၊ ဗိုလ်မူကြာရင် ဟာ ၈၈-အရေးမတိုင်ခင် ထိုင်းနယ်စပ် မြဝတီမြို့မှာ မြို့ နယ်ဥက္ကဌသွားလုပ်ရပါတယ်၊ ရိုးလိုငွေမစုနိုင်ခဲ့ပါ ၁၉၉၄-မှားသူတပည့်တွေနဲ့တွေ့ တော့ အရေးအခင်းအပြီး မြဝတီသွားရင်းအသတ်ခံရတယ်လို့ပြောကြပါတယ် ကျွန်တော်မြဝတီရောက်လို့ သေသေချာချာစုံးစမ်းရား မြဝတီမှားစီးပွားရေးလုပ်ဖို့ လာရောက်နေထိုင်ရင်း မမာမကျန်ဖြစ်၍ သေဆုံးသွားကြောင်းသိရပါသည် ကောင်းရာသုကတိရောက်ပါစေ။
     အပြင်ဘက်အလုပ်ထွက်လုပ်ရလို့ လက္ဘက်ရည်ဆိုင်လဲ ထိုင်ခဲ့ရာ ဘယ်ကပိုက်ဆံနဲ့သုံးပါသလဲဆိုတော့၊ ထိုစဉ်က ကားယာဉ်မောင်းများဟာ နေ့စဉ်ကိုယ်တာမှ ပိုရင်သူတိုဖါသာသူတို့ ရောင်းပြီးသုံးလို့ ရပါတယ် ကားအသုံးပြု သွားလာများရင် ရုံးချိန်ကျော်သွားရင် ဆီအပိုရအောင် လက်မှတ်ထိုးပေးရပါတယ် သူပိုတဲ့ဆီရောင်းပြီး ကျွန်တော်တို့ကိုတိုက်ထာများပါတယ်၊ ဘီယာကျတော့ လုပ်ငန်းကျွမ်းတဲ့ ရုံးအကူ ကျွန်တော်ဆရာတင်ထားရတဲ့ ဦးမောင်မောင်ကြီးက တိုက်ပါတယ်၊ သူက ဘယ်လောက်လုပ်ငန်းကျွမ်းသလဲဆိုရင် အဲဒီခေတ်က နိုင်ငံခြားးကပြန်လာတဲ့ နိုင်ငံခြားပြန်တွေ သင်္ဘောသားတွေ၏ တင်သွင်းခွင့်ရလာသော ကားများကိုဆိပ်ကမ်းက ထုတ်ယူတဲ့အလုပ်ကို ကျွမ်းကျွမ်းကျင်ကျင် လုပ်တတ်ပါတယ်၊ ကျွန်တော်ကလဲတပါတ်မှား၂-ရက် အကောက်ခွန်ဌာနကို မိမိတို့လိုအပ်သည့်စာရွက်စာတန်းတွေကို သွားရောက်လုပ်ခိုင်းခွင့်ပေးရာ ရုံးအလုပ်လုပ်ပြီး ဆိပ်ကမ်းမှ ကားထုတ်သည့် အလုပ်လုပ်ပါသည် ဆိပ်ကမ်းမှားကားထုတ်တတ်သည့်အလုပ်ဟား  ဝင်ငွေကောင်းပါသည် တပါတ်မှာကားတစီး၂စီး ဆိပ်ကမ်းမှထုတ်ပြီး မိတ်ဆွေအပေါင်းအသင်း များကိုဘီယာတိုက်ပါတယ်။
       ကျွန်တော်တို့နိုင်ငံမှာ ထောက်လှမ်းရေးနဲ့ လက်နက်ကိုင်တပ် အားပြိုင်ကြတတ်ပါတယ် မဆလခေတ် ဦးနေဝင်း ခတ်မှာလဲ ထောက်လှမ်းရေးခေါင်းဆောင် မျက်မှန်တင်ဦး ဟာ အစိုးရဌာနအားလုံးမှား သူလူတွေကိုထည့်ထားပါတယ် ဘယ်လောက်တောင်ဆိုသလဲဆိုရင် ကျွန်တော်သွားနေကျ လေတပ်ပြုပြင်ရေးစခန်းမှာ တောင်ပံတခြမ်းသားရှိတဲ့ ဒုဗိုလ်မူကြီးက တပ်မူးဖြစ်နေလို့ပါ သူနဲ့တွေ့ လိုက်ရင် ဆိုရှယ်လစ်စကားတွေ ရေပက်မဝင်အောင်ပြောတော့တာပါဘဲ လေတပ်မှာ တောင်ပံတခြမ်းဘဲရှိရင် ဗိုလ်မူအဆင့်က ထပ်မတက်နိုင်ပါ ဒါပေမဲ့ ထောက်လှမ်းရေးမျက်မှန်တင်ဦး လူဖြစ်လို့ တောင်ပံတခြမ်းနဲ့ ဒုဗိုလ်မူကြီးဖြစ်နေပြီး တပ်မူတောင်ဖြစ်နေပါတယ်၊ အစိုရဌာနတိုင်း သံရုံးတိုင်းမှားသူ့လူတွေထည့်ပြီးဖြစ်နေပါတယ်၊ ထောက်လှမ်းရေးများစိုက်ပျိုးရေလောင်းနေသော သစ်ပင်၏ သစ်သီဟာ ဝါဝင်းပြီး မည့်ပါတော့မည် ဝါဝင်း၍ ရင့်မည့်တော့မည့်အချိန် ၂-လ လောက်အလိုမှာ ကျွန်တော်ရုံးမှာရှိနေပြီး အပြင်ထွက်ဖို့ပြင်ဆင်နေစဉ် မနက်၉-နာရီးကျော်ကျော် လောက်မှာ ထောက်လှမ်းရေးက ကျွန်တော့ကို သူတို့ဂျစ်ကားဖြင့် လာခေါ်ပါသည် ရုံးမှတဖြည်ဖြည်မောင်လာရာ အလုံလမ်းမှ သမတအိမ်တော်နားရောက်ပြီး ခရေပင်တွေတန်းစီ ပေါက်နေသည့် ခရေပင်လမ်းခရေပင်လမ်းအနီး  ယှဉ်ရက် တော်ဝင်လမ်းရှိ   ထောက်လှမ်းရေး၆သို့ ရောက်ရှိခဲ့ပါသည်၊ ခရေပင်များတန်းစီပေါက် နေသည့် ခရေပင်လမ်းထောက်လှမ်းရေး၆ဆိုတာ ကိုသူရ ခေါ် ဇာဂနာ သရုပ်ဆောင်လူရွှင်တော်ကို ခေါ်ယူနိပ်စက်ခဲ့သည့် ထောက်လှမ်းရေးတပ်ရှိရာဖြစ်ပါသည်။
မှတ်ချက်....အဆက် အပိုင်း(၂ ) ကို ဆက်ဖတ်ပါ လေးစားစွာဖြင့်   


Read More...

Obama at Rangoon University အမေရိကန်သမ္မတအိုဘားမား ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်း (အစအဆုံး)



.

Read More...

Sunday, November 18, 2012

Obamaသမ္မတ အိုဘားမားနှင့် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်တို့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်သည့် မှတ်တမ်း video



.

Read More...

ဒိထက်ကောင်းတာ ဘယ်တုံးကရှိခဲ့ဘူးပါသလဲ?.လိုအပ်ထာများကို ဝိုင်းဝန်းညှိနိုင်း၍ အားလုံးပို၍ပို၍ကောင်းအောင် ဝိုင်းဝန်းကြိုးစားကြပါစို့။

 
.
တိုင်းပြည်တိုးတက်ဖို့ ပြည်သူတွေဆင်းရဲတွင်းကလွတ်ဖို့ မျိုးချစ်စိတ်နဲ့ အိုဘားမာကို ကြိုဆိုပါတယ်၊

မန်မာပြည်ဟာ ရောက်သင့်ရောက်ထိုက်တဲ့ နေရာကို မရောက်သေးဘူးဆိုတာ ကျွန်တော်လည်း သိပါတယ်။ ဒါပေမယ့် အဲဒီနိုင်ငံမှာ ပြောင်းလဲနေတာတွေ တွေ့မြင်နေရတယ်။ သူတို့ လှမ်းထားတဲ့ ခြေလှမ်းတွေ progress တွေကိုလည်း အသိအမှတ် ပြုရမယ်။ ကျွန်တော့် မူက တစ်ဖက်သားကို ပစ်ထားပြီး ဘေးထိုင်နေမယ့် မူမျိုး မဟုတ်ပါဘူး။ .... (အိုဘားမား) ၁၈ ရက်နေ့ ထိုင်းနိုင်ငံတွင် မီဒီယာများ၏ မြန်မာပြည်သွားခြင်းအပေါ် မေးခွန်ကိုဖြေကြားချက်.......
အိုဘားမား နိုဝင်္ဘာ ၁၉-မှာ လာရောက်ထာဟာ အိုဘားမာ၏ ထိတွေ့ ဆက်ဆံမူ ဖိအားပေးမူ ပေါင်းစပ်ထားသည့် Smart Power အောင်မြင်မူ့ ဖြစ်သလို၊ မြန်မာပြည်သားတို့၏တူတာတွေညှိနိုင်းဆောင်ရွက်ကြမည့် တိုင်းပြည်တိုးတက်ဖို့ ပြည်သူတွေဆင်းရဲတွင်းကလွတ်ဖို့ ဝိုင်းဝန်းကြိုးစားနေကြသည့်အောင်မြင်မူ့ ဖြစ်ပါသည်၊ ကျွန်တော်တို့ တိုင်ပြည်မှာ တကယ်လိုအပ်နေတာက တိုင်းပြည်တိုးတက်မူ နဲ့ ပြည်သူတွေဆင်းရဲတွင်းကလွတ်ဖို့သာ အဓိကဖြစ်ပါတယ်၊ နှစ်ပေါင်းများစွာ မိမိတို့ ပါတီ အဖွဲ့ အစည်း ကိုယ်ကောင်းစာဖို့ ကိုသာလုပ်ဆောင်လာခဲ့ကြပြီး တိုင်းပြည် နဲ့ ပြည်သူကို ထည့်သွင်းစဉ်းစာမူမရှိခဲ့ပါ၊ တရားဥပဒေစိုးမိုးရေးအောင်မြင်မှ ဒီမိုကရေစီ နဲ့ ပြည်သူပြည်သားအပေါင်းတန်းတူအခွင့်အရေး ရမှာဖြစ်ပါတယ်၊ လက်နက်ကိုင်လမ်းစဉ်သည်လဲ ဘယ်တော့မှ တရားဥပဒေစိုးမိုးရေးမရနိုင်ပါ၊ တဦးနဲ့တဦး နှစ်ပေါင်းများစွာ စစ်ယဉ်ပြိုင်တိုက်ခိုက်စဉ်ကလဲ ပြည်သူတွေဘာမှဖြစ်မလာ၊ ငြိမ်းချမ်းရေး နှစ်များစွာယူထားစဉ်ကလဲ ပြည်သူတွေဘာမှဖြစ်မလာ အားလုံးသောလက်နက်ကိုင်အဖွဲ့ တွေ၏ စစ်ခေါင်းဆောင်တွေနဲ့ တဖက်တိုင်းပြည်တွေသာ ချမ်းသာသွားကြတာတွေ့ ရပြီး၊ မြန်မာပြည်သူတွေ ဆင်ရဲပြီးရင်းဆင်ရဲ သွားကြတာကိုသာတွေ့ ရပါတယ်၊ တိုင်းပြည်နဲ့ လူမျိုးကိုချစ်တဲ့သူတိုင်း တိုင်းပြည်တိုးတက်ဖို့ ပြည်သူတွေဆင်းရဲတွင်းကလွတ်ဖို့ မိမိတို့ကိုတိုင်အရွေ့ ကို ဦးဆောင်မလုပ်နိုင်ဘဲ မကောင်းတာတွေပြောနေကြမည့်အစား လိုအပ်ထာများကို ဝိုင်းဝန်းညှိနိုင်း၍ အားလုံးပို၍ပို၍ကောင်းအောင်ဝိုင်းဝန်းကြိုးစားကြပါစို့.......
မြန်မာပြည်၏ငြိမ်းချမ်စွာပြောင်းလဲမူဟာ ကမ္ဘာမှာ စံပြနမူနာယူရမည့် ပြောင်းလဲမူ့အဖြစ် လက်ခံရမည့် ဆန့် ကျင်ဘက်များဟာ တူတာတွေလက်တွဲလုပ်ရင်း တိုင်ပြည်တိုးတက်ပြီး ပြည်သူတွေဆင်းရဲတွင်းမှ လွတ်မြောက်စေသော သီအိုရီ ဖြစ်လာမည်ဟုယုံကြည်ပါသည်......
ကျွန်တော်ချစ်သော မြန်မာပြည်..... တိုင်းပြည်တိုးတက်ပြီး ပြည်သူတွေ ဒုက္ခဆင်းရဲတွင်းအပေါင်းက လွတ်မြောက်၍ သာယာဝပြောသော စီးလုံးညီညာသော ပြည်ထောင်စု မြန်မာနှိင်ငံတော် အားအင်အပြည့်ဖြင့် ထွက်ပေါ်လာမည်ဟု လုံးဝယုံကြည်ပါသည်။
 

Read More...

Blog Widget by LinkWithin