ဤမှာမြေပြင် မြစိမ်းဆင်လျှက် ကောင်ကင်မိုးဝယ် နီလာချယ်၍ အိုဘယ့်လူသား နှစ်ရောင်ကြားဝယ် ခန့်ညားပေစ ခန့်ပေစ၊

Thursday, September 4, 2014

ရိုးသားသည့် ခေါင်းဆောင် တကယ်လိုအပ်ပါသည်



ရိုးသားသည့် ခေါင်းဆောင် တကယ်လိုအပ်ပါသည်.....

စစ်အာဏာရှင် အသီးသီးလက်ထက်မှာ တာဝန်အရရှိသလို မိမိတို့ကောင်းစားဖို့ ခိုင်းသမျှပါဝင်လုပ်ပေးခဲ့ပြီး လူလယ်လုပ်သူတွေများခဲ့ပါတယ်

ဒီနေ့မှာဒီမိုအမည်ခံပြီး လူကောင်းလုပ်ဖို့ကြိုးစား ဒီမိုနဲ့ပေါင်းပြီး နေရာယူဖို့ ကြံနေကြသူတွေလဲ သူတို့ပါဘဲ


ဒီမိုအမည်ခံ နိုင်ငံရေးသမားအမည်ခံပြီး အာဏာရဖို့ တိုင်းပြည်ဘာဖြစ်ဖြစ် ပြည်သူဘာဖြစ်ဖြစ် နိုင်ငံခြားကိုဖိအားပေးခိုင်း စီးပွားရေးပိတ်ဆို့မူလုပ်ခိုင်း .....တကယ်ခံခဲ့ကြရတာက ရိုးသားတဲ့ပြည်သူတွေပါ


ပြည်သူကယုံကြည်အားကိုးလို့ အားပေးထောက်ခံခဲ့သော်လည်း ဘာမှလုပ်မပေးနိုင်ခဲ့ အပြောနဲ့သာ လေထဲမှားပျောက်သွားခဲ့လို့ ပြည်သူတွေသာ နာပေါင်းစုံနာခဲ့ကြရပြီးပါပြီ


ရိုးသားတဲ့ပြည်သူတွေက ခံရပါများလို့ နလံမထူနိုင် စား ဝတ် နေ ရေး ကိုသာလုံးပန်းနေရလို့ ဘာမှမသိတာ အမှန်ပါ ခုအချိန်မှာ တကယ်လိုအပ်နေတာက တိုင်းပြည်သာယာဝပြောဖို့ ပြည်သူတွေ စား ဝတ် နေ ရေး ကစ လူမူအရေးတွေ ပြေလည်ကောင်းမွန်စေဖို့သာ လိုအပ်ပါတယ်

တချိန်ကဘာဖြစ်ခဲ့ဖြစ်ခဲ့ ခုခါမှာတကယ်ရိုးသာစွာ လုပ်ဆောင်ပြနိုင်သူသာလိုအပ်ပါတယ်

တိုင်းပြည်အတွက်ဆိုရင် တောင်ရန်ရင်တောင်းရန်းရမှာပါဘဲ အောက်ကြို့ ရင်အောက်ကြို့ ရမှာဘဲ နှစ်များစွာ ပျက်စီးဆိုဝါးသွားသည့်နိုင်ငံကို တကယ်အရှိအတိုင်းမြင်ပြီး အပေါ်ရံကြောလောက် ပြောကြဆိုကြရုံနဲ့ ပြန်လည်တည်ဆောက်ဖို့ မလွယ်ပါ လက်တွေ့ တကယ်လုပ်ကြည့် လုပ်နေမှ လွတ်မြောက်မှာပါ


တိုင်းပြည်ကို ရန်သူကဝိုင်းဝန်းသိမ်းပိုက်ပြီး ရန်ကုန် တခုသာကျန်ခဲ့စဉ်က တိုင်းပြည်ကိုကယ်ဖို့ တိုင်းပြည်အသီးသီးသွားပြီး အောက်ကြို့ ခံ လက်နက်တောင်းရန်းခဲ့ရသူတွေ တိုင်းပြည်မှာရှိခဲ့ဘူးပါတယ်


ယခုလည်း တိုင်ပြည်တည်ဆောက်ဖို့ ရိုသားမူနဲ့ လုပ်ဆောင်နေရတာကို အပျက်သဘော ဝေဖန်ရှုံချခံပြီး လက်တွေ့ လုပ်ဆောင်နေရတဲ့ ယနေ့ ဒုက္ခအပေါင်းခံစားနေရသည့် ရိုးသားသည့် အများပြည်သူများကို ကိုယ်စားပြုသည့်

သမတကြီး ဦးသိန်းစိန် ကို အောင်မြင်ပါစေကြောင်း ကြိုဆိုလိုက်ပါသည်.....

Read More...

Wednesday, September 3, 2014

ကြက်ခြေနီ လုပ်ဆောင်ခဲ့ခြင်း အကျိုးတရား (မြတ်စွယ်တော်ပွဲ အမှတ်တရ)

.

ကြက်ခြေနီ လုပ်ဆောင်ခဲ့ခြင်း အကျိုးတရား.....

(မြတ်စွယ်တော်ပွဲ အမှတ်တရ) မိမိမွေးရပ်မြေမှာ ကြက်ခြေနီ လူမူရေးအလုပ်ကို ၇-နှစ်နီးပါး ပါဝင်လုပ်ဆောင်ခဲ့ပြီး ထိုလုပ်ဆောင်ခဲ့သည့် အကျိုးတရားများကို ယ္ခုခံစားနေရသည်ဆိုရင်.....

ရန်ကုန်-ပြည် ကြားကမြို့ ငယ်ကလေးတမြို့  ဖြစ်ပေမဲ့ ဈေးရုံကြီးများ ရုပ်ရှင်ရုံများ လမ်းများ ကျောင်းများ အိမ်ခြေတိုက်တာတွေနဲ့ အတော်အသင့် သာယာကောင်မွန် ကျယ်ဝန်းစည်ကားတဲ့မြို့ လေဖြစ်ပြီး အရပ်ရပ်က လယ်သမား ယာသမား နွားကုန်သည်တွေရောက်ရှိ စည်ကားတဲ့နွားဈေး တပါတ်တခါ ရှိသည့်မြို့် ပါ မြန်မာပြည်အနှံရောက်ခဲ့ဘူးလို့ မြို့ ကလေး၏ ခန့်ညားမူကို ပိုသိခဲ့ရပါသည်....

တနှစ်တခါ မြို့ တွင်းလှည့်လယ်ကျင်းပသည့် မြတ်စွယ်တော်ပွဲ က အစည်ကားဆုံးပါ

မြို့ ကို အလယ်က ကားလမ်း မီးရထာလမ်းက တောင် မြောက် ခွဲခြားထားတယ် တောင်ဘက်မှာ မြို့ ကပိုရှည် ရပ်ကွက်တွေများပြီး မြောက်ဘက်မှာတို၍ ရပ်ကွက်နည်းပါတယ် ခုအခါမှာတော့ မျြိ့ ၏အရှေ့  နဲ့ အနောက် ဘက်တွေမှာ ရပ်ကွက်သစ်တွေရှိနေရပါပြီ၊

ကျွန်တော်နေတာက မြို့ မြောက်ဘက်က မြို့ စွန်ကျသည်နေရာ အတွင်းလမ်းမှာပါ မြို့ လယ် ရန်ကုန်-ပြည်ကားလမ်းမကို မီးရထားလမ်းဖြတ်ကျော်သွားရင် ၁၅ မီးနစ်ခန့် သွားရတယ်

အတွင်းလမ်မှာမွေး အတွင်းလမ်းမှားကြီးပြီး အနှစ် ၂၀ ခန့် နေခဲ့ရာမှာ ကျောင်းကြက်ခြေနီမှာ ၇-နှစ်ခန် လုပ်ဆောင်ခဲ့ပါသည်

အတွင်းလမ်မှာက လယ်သမား ခြံသမား နွားမွေးခြံများ လက်လုပ်လက်စား ယာဉ်မောင်း ယာဉ်နောက် ဆိုက်ကားနင်း စရိုက်ကြမ်းသူ များပါတယ် လမ်းကတော်တော်ရည်ပြီး ၂-မိုင်ခန့် ရှိပါမယ်

မူလတန်း ကျောင်းစတက်တော့ ၃၈-လမ်း ဆရာမကြီ ဒေါ်ခင်စော ကျောင်အုပ်လုပ်သည့် မူလတန်းကျောင်းမှာပါ တပါတ်သာနေခဲ့ရတယ် ဆရာမကြီးဒေါ်ခင်စော သူ့ ခင်ပွန်း ဆရာကြီး ဦးထွန်တင် (အထက) တို့နဲ့ မိဘများကအလွန်ခင်မင်ကြပါတယ်

ဒါပေမဲ့ ကျောင်းနေဖို့ အစစအရာရာ တာဝန်ယူထားသည့် မွေးစားမိခင် အလယ်တန်းကျောင်းအုပ် ဆရာမကြီး ဒေါ်သန်တင် က ပြောင်ခိုင်းလို မီးရထားလမ်းဘေးက အလယ်တန်းကျောင်းကို မူလတန်မှားတက်ခဲ့တယ် မူလတန်မှာ ဆရာမ ဒေါ်အေးမေ ဆရာမ ဒေါ်ကြည် ဆရာမ ဒေါ်ခင်မြင့် ဆရာဦးသိန်အောင်(ပန်းချီ) ဆရာဦးစိုးတင့် ဆရာတင်မြင့်(ယူနွတ်) လေးတန်မှာသင်ခဲ့တဲ့ ဆရာကြီး ဦးဘညွန့် က အမေတို့သင်ခဲ့ဆရာပါ စာမရရင် ဆရာကြီးအတန်းရှေ့ မှာ နရင်းကိုထရံနဲ့ပြေးဆောင့်အောင် ရိုက်ပါတယ် ဆရာကြီးပင်စင်ယူပြီ ၁၁-လမ်းမှာ စာရေးကရိယာဆိုင်ဖွင်တော့ အားပေးခဲ့ပါတယ် လေးတန်းအောင် ၅တန်းတက်တော့ ဆရာကြီဆိုင်က OXFORD LONDON ထုတ် ကွန်ပါဘူး ဝယ်သုံးခဲ့တယ် ဆရားကြီးဆိုင်က ကျောင်နဲ့ပါတ်သက်ထာ လိုအပ်သလောက်ဝယ်ပါတယ် ငွေကိုတော့ ဆရာမကြီးဒေါ်သန်းတင် က နောက်မှရှင်းပေးပါတယ် မမေ့နိုင်တဲ့ဆရာများပါ

၎တန်းအောင် မှ ကင်ထောက်ကိုစဝင်ပါတယ် ကင်ထောက်သင်တန်းတက်ခဲ့ရပါသေးတယ် ကြိုးခြည်နည်း အဝတ်တဲထိုးနည် တွေပါပါတယ် ဘောင်ဘီတို အင်ကျီလက်တို လယ်ပင်မှာ အဝတ်စတခုကို ဂွင်းလုံးလေးထိုးပြီပါတ်၍ ဂွင်ကထွက်တဲ့အစ ၂ စကိုကို ရင်ဘတ်ပေါ်မှာ ခွဲချထားပါတယ် အလကမှာ ကင်ထောက်ကို ဆရာဦးစိန်အုပ်(ဘိုကုန်) ဆရာဦးစိုတင့် တို့ ဦးစီးပါတယ် အထကမှာတော့ဆရာကြီး ဦးထွန်တင် ဦးစီးပါတယ် ကင်ထောက်မှာ တလလောက်လုပ်ပြီ ဘာစိတ်ကူးပေါက်သည်မသိ ကြက်ခြေနီပြောင်းလိုက်ပါတယ်

ကိုယ်ကိုကိုယ် သိလို့နေမယ် ၇ လနဲ့မွေး အမေကနို့မထွက်လို့ အိမ်နားကအဒေါ်ကြီးတဦး နို့ကိုစိုခဲ့ပြီ မွဲခြောက်ခြောက် ပိန်ရှည်ရှည်နဲ့ ပေါင်တည်မှာနေခဲ့စဉ် ပေါင် ၁၀၀ မကျော်ခဲ့ပါ ရန်ကုန် ရောက်ပြီး နောက်နှစ်ပြန်တော့ ပေါင် ၁၂၀ ကျော်ခဲ့ နောက် ပေါင် ၁၈၀ အထိဖြစ်ခါ ခုခါမှာတော့ အစားကိုလျှော့စာပြီး ပေါင် ၁၆၀ ကို အမြဲထိန်းထားပါသည်

တခုတော့ပြောရအုံးမယ် ဖခင် မိခင် တွေက ၂လမ်း(ဖေါင်သူကြီးလမ်း) မှတ်တိုင်လမ်း (အုတ်ဖိုရပ်ကွက်) ၃လမ် နဲ့ ဘုရားကြီးလမ်းက တန်ရားကြီမှာ အစွန်ဆုံး ၃ လမ်း မီးရထားလမ်းဘက်က ပေါ်ထပ်မှာ နှစ်များစွား နောက်ဆုံးနေခဲ့ကြတာ မြို့ လယ်မှာအမြဲ နေသွားပေမဲ့ ကျွန်တော်တခါမှ လိုက်မနေဘူးပါ တနှစ် တခါ နှစ်ခါခန့် သာသွားဖြစ်ပါတယ်

 အမေ ဆိုရင်လဲ အတွင်းလမ်းကို နေ့စဉ် ညနေခင်းလမ်းလျှောက်လာပါတယ် မှောင်စပျိုးရင် ပြန်ပါတယ် ဖခင် ကတော ကျွန်တော်အဆော့ အလယ်များ စာမကျက်ထာကြားရင် ခဏတဖြုတ် လာဆူပြီးပြန်ပါတယ်

အတွင်းလမ်းမှာ အမေ့အမ အပျိုးကြီးများနဲ့ နေရတဲ့ အင်မတန်လွတ်လပ်တဲ့ ဘဝပါ ကျောင်ကပြန် လွယ်အိတ်ပြစ်ချပြီး လမ်းထဲထွက်တော့ဒါပါဘဲ အဲဒီလွတ်လွတ်လပ်လပ် နေတဲ့အကျင့်တွေက ခုထိရှိတုံးပါ


ကြက်ခြေနီအဖွဲ့ ရောက်တော့ ဖတ်စ်အိတ် ကြက်ခြေနီသင်တန်း ဆေးထည့်နည်း အရိုးကျိုးရင် ကြတ်စည်းနည်း လူနာကိုထမ်စဉ်မပါဘဲသယ်နည်း ထမ်စဉ်နဲ့သယ်နည်း အသက်ပြန်ရှူအောင်လုပ်နည်း စစ်ရေပြချီတက်နည်းတွေသင်ရပြီး အောင်လက်မှတ်ရခဲ့ပါတယ်

အလကကျောင် အပေါ်ထပ်ဟောခန်းကြီးထဲမှာ နှစ်စဉ် ဆုပေးပွဲ အောင်လက်မှတ်ပေးပွဲတွေကျင်းပပါတယ် ပညာရေနဲ့ပါ ထူးချွန်လက်မှတ်မှမရခဲ့ ကြက်ခြေနီအောင်လက်မှတ်နဲ့ အတန်တက်မှန်ကြောင်းအောင်လက်မှတ်ရခဲ့ဘူပါတယ်

ပညာရေးမှာ ထူးချွန်လက်မှတ်မရခဲ့ပေမဲ့ အတန်တက်မှန်လက်မှတ်ရခဲ့တာဟာ မိမိလုပ်ရမည်အလုပ်ကို ရိုသေတန်ဖိုထားလို့ပါ ဘဝထဲ လုပ်ငန်းခွင်ထဲရောက်သည့်အခါ မိမိလုပ်ရမည်တာဝန်ကို ရိုသေတန်ဖိုးထား ကြေပြွန်အောင်လုပ်ဆောင်ခဲ့လို့် ဘဝကံကြမ္မာအရ ခဏခဏ ပြောင်းရပေမဲ့ လုပ်ခဲ့သည်လုပ်ငန်းတိုင်း အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်

အလကမှာ နှစ်စဉ် လေ့လာရေးခရီးထွက်ကြပါတယ် ရန်ကုန် မော်လမြိုင် ကျိုက်ထီးရိုးဘုရား မော်လမြိင် မုဒုံကန်တော်ကြီး ကျိုက်ခမီရေလယ်ဘုရား ဆက်ဆဲကမ်ခြေ ဘက်နဲ့ ပြည် မကွေး ပုဂံညောင်ဦး ပုပ္ပါး ရွှေစက်တော် ဘက်တို့ကိုပါ

 ရန်ကုန်မှာ ဗိုလ်ချုပ်လမ်း ဆေးရုံးကြီးနဲ့ မျက်နှာချင်းဆိုင်က ဗဟိုအမျိုးသ္မီအထက်တန်ကျောင်းမှာ တည်ခိုခဲ့ကြရတယ် အဲဒိကျောင်းက ကျောင်အုပ်ဆရာမကြီး နဲ့ ဆရာမကြီးဒေါ်သန်းတင် က သူငယ်ချင်တွေ ဖြစ်ကြလို့ပါ

ဆေးရုံးကြီ၏ ဘေးမှားလမ်းကျော်ရင် ထိုစဉ်က အလွန်စည်းကားတဲ့ ရန်ကုန်ညဈေးပါ ခု ဗိုလ်ချုပ်ဈေးသစ်နဲ ကွက်လပ်နေရာပါ တည်သည်ကျောင်းတဘက်လမ်ကျော်ရင် ခရိယန်ဘုရားကျောင်ပြီးရင်း စကော့ဈေး ခေါ် ဗိုလ်ချုပ်ဈေးပါ အင်ဗွိုင်းမှား ပြတဲ့ သိပ္ပံပြပွဲကို လေ့လာကြည့်ရှု့ ကြရပါတယ်

အင်းဗွိုင်းက တည်းသည်ကျောင်း နောက်ဘက်မှား ကျောင်းနောက်ရောက်ထာနဲ့ ဦးဝိစာရ ပျံကျရပ်ကွက်ကြီးကိုတွေ့ ရမှာပါ အားလုံးတဲအိမ်များဖြစ်ကြပြီး လမ်းကျဉ်ကလေးတွေနဲ့ပါ ခုဦးဝိစာရ တိုက်ခမ်းအိမ်ရာ တည့်တည့်သွားရင် ရွှေတိဂုံဘုရားလမ်းပါ ကွေ့လိုက်ရင် ဦးဝိစာရလမ်းပါ ပျံကျရပ်ကွက်ကြီးကျော်တာနဲ့ ဂျူဘလီဟော မိုင်ဒါကွင်း အနီ အင်ဗွိုင်းမှားသိပ္ပံပြပွဲပါ မှတ်မှတ်ရရရှိနေတာက ရီမူ့ကွန်ထရိုးနဲ့ ရေပေါ်မှား သင်္ဘောငယ်ကို မောင်းပြတာပါ


ရိက္ခာ ကြက်များပျောက်ဆုံးခြင်း.....

ကြက်ခြေနီအဖွဲ့ ကလဲ လေ့လာရေးခရီး အမြဲထွက်ပါတယ် တခါ ပြည် နိဗ္ဒိန်နတောထဲကို လေ့လာရေးခရီးထွက်ပါတယ် ဖန်ခါးသီးအလွန်ပေါတဲ့တောပါ မိုးရွာမှရေကျလာတဲ့ ရေကျချောင်းလေးတွေများပါတယ် ကင်းခြေများအရှည် ကင်မီးကောက် အင်ဆက်ပိုး တော်တော်များတဲ့တောပါ ကညွတ် ဆိပ်ဖလူး တို့စာလို့ရတဲ့ ဟင်းသီးဟင်ရွက်တွေပေါပါတယ် တောတွင်မှား ဘုရားကျောင်းကန်ပေါပြီး မယ်သီလရင် အများနေကြ၍ မယ်သီလရင်များက တောလ္ဘက်လုပ်ရောင်ပါတယ် ဆရာဦးတင်မြင့်(ယူနွတ်) ပါလို့ ချက်ပြုတ်ဖို့ ကြက်အရှင်တွေ ၇ ကောင်ထည့်လာပါတယ် ချက်ပြုတ်ချိန်မှာ ဆရာဦးတင်မြင့် က ကြက်ကိုဟာလာလုပ်ပြီး တောထဲကခြုံဖုတ်ဘေးကို ပြစ်လိုက်ပါတယ် တကောင်ပြီး တကောင်ပါ ပထမတော့ မသေသေးလို့ ဖျတ်ဖျတ် ဆိုတဲ့ လူးသံကြားရပါတယ် နောက်တခဏ ငြိမ်သွားကြလို့ သွားကြည်ကြတဲ့အခါ တကောင်မှ မတွေ့ ရတော့ပါ အားလုံးလဲ ကြောက်လန့်သွားကြတယ် အဲဒီနေ့က အားလုံး အာလူးချက်ပြီး တို့စရာတွေလိုက်ခူး သတ်သတ်လွတ် စားခဲ့ကြရပါတယ်

အလက မှာနေစဉ် လေ့လာရေးခရီးတိုင်း ပြည်သို့ ကျောင်းဘောသင်းသွားကန်တိုင်း အမြဲလိုက်ဖြစ်ပါသည် သွားလားခရီးစရိတ်ကို ဆရာမကြီးဒေါ်သန်းတင် က ရှင်ပေးပြီး အလှူငွေလဲ ထပ်ထည့်ပေးပါသည်

အလကမှာ ဆရာဦးချစ်မြ ဆရာဦးဖိုဝေ ဆရာဦးသန်းမြင့်(ကြက်တောင်) ဆရာမဒေါ်တင်ဦး ဆရာ ဦးပု ဝက်ပုတ်ကလာတက်တဲ့ ဆရာနဲ့ သိရက်နဲ့ စဉ်စားတာမပေါ်တဲ့ ဆရာ နံမည်မေ့နေတယ် ဆရာဦးတင်လတ် ဆရာဦးသန်းမြင့်(PT အားကစား) ဘိုးကုန်က ဆရာဦးစိန်အုပ် ကတော့ အဝေက လာနေပြီဆိုတဲအသံကြားရင်း အားလုံးကြောက်ကြတယ် အလက၏အမေ့နိုင်တဲ့ဆရာများပါ.....


အလကကျောင်းအုပ်ဆရာမကြီးဒေါ်သန်းတင် ကျွန်တော် ၇ တန်းတက်သည့်နှစ်မှား ကွယ်လွန်သွားပါသည် .....

အလကကျောင်းအုပ်အဖြစ် ဆရာဦးတင်ဝင် လမ်းသွားရင် ခြေတလှမ်းကုထေတသန်းနဲ့ ဖြေဖြေးလေးသွားတတ်သူပါ ပညာရေးလောကမှာ အရပ်သားထဲက အခြေခံပညာဦးစီးဌာန ညွန်ချုပ်ဖြစ်သွားခဲ့သူ ရောက်လာပါတယ်

ကြက်ခြေနီ နဲ့ မြတ်စွယ်တော်ပွဲ ဆက်စပ်သွားတာက အထကရောက်တဲ့နှစ်ကစခဲ့တာပါ..... ခုနှစ်တန်းအောင် အထက ကို ပြောင်းပြီး ၈ တန်းကိုတက်ခဲ့ရပါတယ်
၈ တန်မှာ ကိုယ်တက်ချင်တဲ့ ဘာသာတွဲကြိုက်သလို ယူလို့ရတဲ့နှစ်ပါ တလအတွင်း ကိုယ်ကြိုက်ရာ သိပ္ပံ ဝိဇ္စာ ဘာသာတွဲ ပြောင်လို့ရပါတယ်
သင်္ချာအားသန်လို့ သိပ္ပံဘာသာတွဲ Bio နဲ့ယူလိုက်ပါတယ်

ကျွန်တော်တို့ အထကရောက်တဲ့နှစ်က ကျွန်တော်တို့နဲ့ အသက်သိတ်မကွား ၅ နှစ်ခန့်သာကြီး၍ အလွန်တက်ကြွနေကြသည့် ဘွဲရ လူပျို အပျို ဆရာ ဆရာမ လေးများက အထက ကျောင်းကို ရောက်စအချိန်ပါ အသင်အပြကောင်းကြသလို ကိုယ်ဘာသာ ကိုယ့်ပိုင်ကြတယ် အခြားမြို့ နယ်တွေက လာကြတာဖြစ်တယ်

အထက ကြက်ခြေနီမှာ ဆရာမျာက သီသန့်တာဝန်ယူတာ မတွေ့ ရပါ ၁၀ တန်းကျောင်းသားကြီးများက တာဝန်ယူလုပ်ဆောင်ကြပါသည် ဆရာဆရာမ အားလုံးဝိုင်းဝန်ကူညီတာ တွေ့ရပါသည်

ကျွန်တော် ၈ တန် အထကရောက်တဲနှစ်မှာ ကိုကျော်ညွန့် အလက က မူလတန်းဆရာမ ဒေါ်ခင်မြင့် ၏ သားကတာဝန်ယူလုပ်ဆောင်နေသည်ကိုတွေ့ ရပါသည်
ကျန်ကြက်ခြေနီမှာလုပ်သည့် ကျောင်းသားကြီးများကိုတော့ သိနေပေမဲ့နံမည်စဉ်းစားမရပါ ကိုကျော်ညွန့် ကို ငယ်ငယ်ထဲကခင်ခဲ့ပြီး ကိုယ်ဆရာမသာဖြစ်လို့ အထူးမှတ်မိနေတာပါ
ရန်ကုန်ဆေးရုံကြီးမှား ဓါတ်မှန်ကျွမ်ကျင်သူအဖြစ် အမူထမ်းခဲ့ပြီး ငယ်ငယ်ရွယ်ရွယ်မှာ ကွယ်လွန်သွားပါတယ်

အထက ရောက်သည့်နှစ်မှာဘဲ ကျောင်းဆေးခန်မှာ လုပ်ကိုင်ခွင့််ရပါတယ်.....

ကျောင်၏ဆေးခန်းက ကျောင်းအလယ်လှေခါးက အပေါ်တက်ရင် လှေခါးနံရံနဲ့ကပ်လျှက်ညာဘက်ကွေ့ တဲ့ဘက်မှာ ၆ ပေလောက်ကိုကာပြီး အခန်းဖွဲ့ ထားတာပါ ၈ တန်မှာဘဲဆေးခန်းသော့ကို ကျွန်တော်ကိုင်ခွင့်ရခဲ့ပါတယ် ဆေးခန်းကဘီရိုတွေထဲမှာ ဆေးမျိုးစုံပါဘဲ UNICEF ကပေးတဲ့ဆေးတွေ ဂွမ်းစောင်အနီကြီးတွေ အစပရင်ဆေးဘူး ဆေးလုံး ၁၀၀၀ ဝင်ဘူး ၁၀ ဘူးခန့်တွေ့ ရပါတယ် မသုံးဖြစ်ပါ (ခုခါမှာတော့ အစပရင်ဆေးကို နှလုံးရောဂါ ကျိုတင်ကာကွယ်ဆေးအဖြစ်သောက်နေကြပါတယ် ထိုစဉ်ကတော့ အဖျားပျောက်ဆေးအဖြစ်သုံးပါတယ် ဒါပေမဲ့မသုံးးဖြစ်ခဲ့ပါ) အေဘီစီ ကိုဒါနင် အဖျားအကိုက်အခဲပျောက်ဆေးများကို ဘီဘီအိုင်က ဖေါဖေါသီရနေခဲပြီဖြစ်လို့ပါ ကျောင်းဆေးခန်မှာလဲ အေဘီစီ ကိုဒါနင်တို့ ပေါပေါသီသီရှိပါတယ် လတ်လောအနာတွက် တင်ချာအရည်နဲ့ စေးပြစ်ပြစ်တင်ချာ ယာနာအတွက်ဆိုရင် ဘတ်စကေဘီ လေဝင်ရင် လင်နမင်မျိုးစုံး ရှူဆေး အယ်လ်ကိုဟော စတဲ့ဆေးမျိုးစုံ ဂွမ်း ပတ်တီး ပလာစတာ် ဟင်ဒီပလပ် ကစ တော်တော်စုံရှိပါတယ်

တခါတော့ ၈ တန်နှစ်မှာပါ ဓါတုဗေဒသင်သည့် ဆရာမ ဒေါ်တင်ကြည် ပါ ဓါတုဗေဒနဲ့ ပါတ်သက်လို ဆရာမမေးတိုင်းဖြေနိုင်လို့ အမြဲစာမေးပါတယ် အဲဒိနေ့က ဆရာစာမေမယ်ထင်ပြီး စာမရလို့ ဆေးခန်ထဲတခါးပိတ်ပြီး သွားနေဘူးပါတယ် ဆရာမသိလို့ စိတ်ဆိုးသွားတယ်

အထက၏ ကျောင်းဆေးခန် မြတ်စွယ်တော်ပွဲမှာ နှစ်စဉ်ရှိခဲ့ပါသည်.....

ကျောင်းဆေးခန်းနေရာက စွယ်တော်ဆင်ထွက်ပေါက်ဘယ်ဘက်ဘေးကပ်ရက်မှာပါ ဆိုင်ခန်း ၄ ခန်းစာလောက်နေရာယူထားတာပါ ဆေခန်ရှေ့ တည့်တည့်က ထိုစဉ်က ခေတ်မှီဓါတ်ပုံတိုက်ပါ ကျောင်းဆေးခန်းကို UNICEF ကပေးသည့် ဂွမ်းစောင်အနီကြီးများဖြင့် ကာရံထားပါသည် ကျမ္မာရေးမူဆေးခန်းက ဘုရားကြီး အလယ်ဝင်ပေါက် ဝင်လို့ရှိရင်းဘယ်ဘက် အလွန်ကြီးပြီး မြင့်လဲမြင့်တဲ့ မီးသတ်မျော်စင်ကြီး ဘေးအောက်မှာ မီးသတ်အဆောက်အဦးလေးထဲမှား ဆေးရုံးကသူနာပြုဆရာမတွေနဲ့ ဆေးခန်းဖွင့်ထားပါသည်

မီးသတ်မျှော်စင်ကြီးကို အမှတ်တရရေးတာက အဲဒီမျှော်စင်ကြီးပေါ်တက်ဖူးခဲ့လို့ပါ နောက်ပိုင်းတက်ဖူးသူရှားပါလိမ့်မည် ကျွန်တော်လဲ သတ္တိရှိလို့ မဟုတ်ပါ မခံချင်စိတ်ကြောင့် ကြောက်ကြောက်နဲ့တက်ဖြစ်တာပါ တကယ်မြင့်ပါတယ် ထုကြီးထည်ကြီး သစ်ကောင်းတွေနဲ့ ဆောက်ထားပေမဲ အင်္ဂလိပ်ခေတ်ကဆောက်ခဲ့တာဖြစ်လိမ့်မယ်

ကျွန်တော်တက်သည့်အချိန်က လှေခါးထစ်တွေ တော်တော်ဆွေးနေပါပြီ ၃ ခါလောက်အပေါ်ဆုံးမှား တက်ထိုင်ဖြစ်ပါတယ် ဖြစ်ပုံက ကျွန်တော်နေတာက အတွင်းလမ်းမှား အလယ်တန်ကျောင်းမူလတန်းမှား ကျောင်းစနေရတော့သူငယ်ချင်းအားလုံးက မြို့ ပေါ်မြို့ လယ်ကများတယ် အဲဒီအထဲမှာ အာကစားတော် အပြေးအတက်အခုတော်တဲ့ ၃၇ လမ်းက သူငယ်ချင်း ပေါ်ဦး ခေါ် မျိုးညွန့် လဲပါတယ် သူအမေက ရနကုန်လမ်း ၁၁ လမ်းထိပ်မှား ထ္မင်းဆိုင်ရောင်းခဲ့တယ် သူကမြို့ လယ်ခေါင်လူလယ်ပေါ့ဘုရားကြီးထဲမှာလဲ သူတို့နဲ့ ပြေးလွားဆော့ကစားဘူးပါတယ်

တခါတော့ ဘုရားကြီးထဲ ပြေလွားဆော့ကစားနေရင် မျော်စင်ပေါ်တက်မယ် လုပ်ပါလေရော ဧပြီးလကုန်လောက် မိုပေါက်ကလေး တစက်တစက်အနည်းငယ်ကျချိန် ည ၈ နာရီလောက်မှာ ကျွန်တော်ကလဲ ဘာလုပ်ရမလဲ သစ်ပင်အနိမ့်တောင် ကာင်းကောင်းကန်းကန်း မတက်တတ် မတက်ရဲခဲ့ပေမဲ့ ငယ်သူငယ်ချင်တက်တော့ မခံချင်စိတ်နဲ့ လိုက်တက်ရတော့တာပါဘဲ

ပေါ်အူး စစ်ထဲဝင်သွာပြီး စစ်ထဲအားကစားဘဲ လုပ်ရတယ် မိတ္ထီလာက မိန်မခိုးလာတုံး ကျွန်တော်မြို့ ရောက်ထာနဲ့ကြုံလို့ သူမဂ်လာဆောင်မှား လက်ဖွဲလက်ခံနေရာထိုင်ပေးခဲရတယ် နောက်တန်းမှား အားကစားမလုပ်ချင် ရှေ့တန်းထွက်တယ်လို့ သိရတယ် ခု ဘယ်ရောက်နေသည်မသိ....

ထိုစဉ်က ကျမ္မာရေးမူးက ဂျပုလေး ကိုစိန်ဝင်း ကြက်ခြေနီကို အကူအညီများစွားပေးခဲ့ပါတယ် ကျောင်းဆေးခန်းအတွက်လဲ ဆေးမျိုးစုံးကူညီပေးခဲ့ပါတယ်
ကျောင်းဆေးခန်းကို အထက ဆရာဆရာမ အားလုံး ညစဉ်လာထိုင်ကြပါတယ် ကျောင်သား ကျောင်းသူ အဖွဲဝင် ဟုတ်သူရော မဟုတ်သူရော လာရောက်ထိုင်တာ အမြဲစည်ကားနေပါတယ်

ကျွန်တော်ကျောင်းမှား ဆေးခန်းကိုင်သလို မြတ်စွယ်တော်ပွဲမှာလဲ ကျောင်းဆေးခန်းမှား တဦးတည် ကျန်အဖွဲဝင်များက အပြင်တွေမှား ကြက်ခြေနီယူနီးဖေါင်းတကားကားနဲ့ သွားနေကြပေမဲ ဆေးခန်းလာသမျှကို ဆေးပေးဆေးထည့် လုပ်ပေးနေခဲ့ပါတယ် အိမ်ပြန်ရေချိုး ထ္မင်းစားချိန်မှအပ အချိန်ပြည့်ဆေးခန်မှားထိုင်ခဲ့ပါတယ်

မြတ်စွယ်တော် ကျင်းပသည့် ၄ ရက်အတွင်းမှား ဆေးခန်းကို အနာမျိုးစုံး ထိခိုက်မူမျိုးစုံ နေမကောင်း ခေါင်းမူး ခေါင်းကိုက် လေဝင် အဆစ်လွဲ အစုံပါဘဲ ထိုစဉ်က ဆေးခန်းမှာ ဆေးစုံစုံလင်လငိရှိလို့ လာသမျှကို ကူညီနိုင်ခဲ့တယ်.....

စွယ်တော်လှည့်ရက်ဆိုရင်း ရှူဆေးကို ဂွမ်းထဲထည့်ပြီး အလျှံပယ်ပေးဝေနိုင်ခဲ့တယ် ယာနာနှင်းကူနာတွေကစ လာပြကြတယ် သန်စင်ပြီး ပွေးယာနာသတ်တဲ့ အဆီခဲဘူး Oil နဲ အနာကိုသုတ်လိမ်းပေးလိုက် တချို့ ဆို ၄ ရက်လုံးလာဆေးထည့်တာတွေ့ ရတယ်

တနှစ်မှာ ဝက်ပုတ်နားမရောက်ခင် စွယ်တော်ကပြန်သည့်ကာ ကားမှောက် မီးလောင်လို့ လူအချို့  သေ ဒါဏ်ရာရသူလဲများပါတယ် ကြက်ခြေနီအားလုံးသွားရောက်ကူညီကြရတယ်

ကျွန်တော်နေတဲ့ အတွင်းလမ်းမှာက မိုးတွင်းဆို ထိုစဉ်ကမိုးကောင်လို့ မိုးရေးချိုးကြတယ် တတ်နိုင်သူက အုတ်ရေကန်ထားပါတယ် နွေရာသီတရာသီးလုံး အုတ်ရေကန်ကရေကိုသောက်ရေအဖြစ်သုံးကြတယ် အိမ်မှာက ကျောက်စည် နဲ့ စဉ်အိုးဘဲရှိလို့ အဒေါ်ကြီးများက စလင်ဘုန်တော်ကြီးကျောင်က ရေတွင်းရေကို နွေဆိုသောက်ရေ အတွက်နေ့စဉ်သွားခတ်ကြတယ်

ရေချိုးတာက လမ်းကရေတွင်းမှာပါ လမးရေတွင်းခန်းပြီးဆိုရင် အမြဲတန်းရေပြည်နေပြီး အအေးဓါတ်လွန်ကဲသည် ဆားငံရေတွင်းမှာ ရေချိုးရပါတယ် ရေကအလွန်ငံပြီး ခါသက်သက်နေတယ်

ငယ်စဉ်က ဘာကြောင့်လဲမသိ တကိုယ်လုံးမှာ အပူဖုတွေ မွေးကျွတ်နာတွေ အမြဲပေါက်တယ် တင်ပါးတွေမှာလဲ ပွေးလဲခဏခဏဖြစ်တယ် တကိုယ်လုံးအမာရွတ်ကလေးတွေ ပြည့်နေသည်ထင်ရတယ်

စင်္ကာပူမှာ စွန့်ပြစ်ဆီတွေကို ဒိဇယ်အကြမ်းပြန်ချက်တဲ့ စက်ရုံမှားအလုပ်လုပ်စဥိ ပေါက်ကွဲမူဖြစ်လို လယ်ပင်းမေးရိုးခြားမှာ ဒါဏ်ရာရရှိခဲဘူးပါတယ် သွေတွေမတရာကျနေပါတယ် ကျွန်တော်မျက်နှာသုတ်ပဝါကြီးတခုနဲ့ တအားဖိထားပါတယ် ဆေးရုံကားလာတော့ တက်လိုက်သွားပါတယ် တိုးပါရိုးကဆေးရုံမှာ ထိုင်နေရပါသေးတယ် တွန်းကုတင်ပေါ်တင်ပြီး ခွဲစိတ်ခန်းဝင်တော့ ခွဲစိတ်ခုံက တွန်းကုတင်ထက် တပေကခန့်မြင့်နေရာ သူနာပြုဆရာမတွေ မ မတင်ခိုင်ဘဲ ကိုယ်ဖာသာတက်လိုက်ပါတယ် ထူးဆန်တာက စိတ်ဓါတ်ခိုင်မာမူကြောင့်လားမသိ ခွဲစိတ်ခုံပေါ်တက်သည်အထိ နာကျင်မူ့ကိုမခံစားရပါ ခွဲစိတ်ဖို့ မေ့ဆေးပေးလိုက်ပါတယ်

အဲဒီအချိန်မှာ လူတယောက်ကျွန်တော့ကို အတင်လာဆွဲပါတယ် ကြည့်လိုက်တော့ သေသွားတဲ့ ကျွန်တော့အသိဖြစ်နေတယ် အစိုးရအလုပ်မှာ တရုံးထဲအတူလုပ်ခဲဖူးသလို နိုင်ငံခြားကတခေါက်ပြန်ရောက်ပြီး စီးပွားရေးလုပ်ရာမှာ သူဆက်သွယ်ပေးမူနဲ့ ပက်ဆီဦးသိန်ထွန်း က ကျွန်တော့ကို ပက်ဆီကိုယ်စလှယ် စမ်းချောင်မှားရခဲ့ပါတယ် သူသေသွားတာက မကြားသေးပါ ကျွန်တော်လဲ မှတ်မိနေလို့ အတင်းရုန်းကန်ပါတယ် လွတ်လဲသွားရော ကျွန်တော့ခွဲစိတ်မူလဲ ပြီးသွားပြိး

အခန်းတခုထဲမှာ ပါမစားမသောက်ရ ထားပါတယ် ခွဲစိတ်ပြီးကာစ အဲဒီအချိန်မှာ လူကအားအင်ကုန်ခမ်း ကိုယ်ခံမရှိရင် ချွဲသလိတ်တွေ လယ်ပင်မှာ ဆို့တတ်ပါတယ် သတိရှိဖို့လိုပါတယ်
သတိမရှိရင် သလိတ်ဆိုပြီး သေနိုင်ပါသည်

နောက်နေ့ ဆရာဝန်ကြီး နဲ့ ဆေးကျောင်းသားတွေ ကျွန်တော့ကိုလာကြည့်ကြပြီး အင်မတန်ကံကောင်းကြောင်း နဲနဲလေးပိုထိသွာရင် ပါစပ်စောင်း မျက်စိစောင် သွားမည်ဖြစ်ကြောင်း ပြောကြပါသည်

စက်ရုံကရော်ကြေး စင်္ကာပူ ဒေါ်လာတသောင်း ပေးပါတယ် ၁၉၉၆ ကပါ.....

နောက်ဆုံးးဖြစ်ထာက် အမေရိကန်ရောက်ပြိး အလုပ်ဝင်ပြီးမှပါ အလုပ်လုပ်တော့ လစဉ်ဆေးအာခံ လစဉ် ဒေါ်လာ ၆၀ သွင်းပြီးထားရတာပါ
၂၀၁၂ မှာ ချောလဲလို့ လက်ထောက်လိုက်ထာ ဘယ်ဘက်လက်ဖျံကျိုးသွားပါတယ် စဖြစ်ဖြစ်ချင်းမနာလို့  မသိခဲ့ပါ တဖြည်ဖြည်ရောင်လိုရ ပုက္ကလိကဆေးရုံတခု သွားပြီးအရေးပေါ်ပြပါတယ် ည ၁၂ နာရီထိုးနေပြီ စမ်းသပ်ဓါတ်မှန်ရိုက်ကြည့်တော့ လက်ဖျံရိုးကျီုးသွားကြောင်းသိရပါတယ် ကျောက်ပါတ်တီးစီးပြီး နောက်နေ့မှလာဖို့ချိန်လိုက်ပါတယ်

နောက်နေ့သွားတော့ အားကစားစပါယ်ရှယ်လစ် အရိုးအထူးကုဆရာဝန်နဲ့ ဘယ်ဆေးခန်း အခန်းဘယ်လောက်မှာသွားတွေ့ ဖို့ လိပ်စာနဲ့ ဓါတ်မှန် စာရွက်စာတမ်းပေးလိုက်ပါတယ် ဆေးရုံမှား မဟုတ်တော့ဘဲ အထူးကုတွေဆေးခန်းဖွင့်ထားသည့် ဆေးခန်ကိုသွားရပါတယ် ကိုယ်ပြရမည့် အားကစားစပယ်ရှယ်လစ် ဆရာဝန်နဲ့တွေ့ ပြီး ဓါတ်မှန်နဲ့ စာရွက်စာတမ်းတွေပြ စစ်ဆေးပြီး ဘယ်နေ့မှာခွဲမည် ခွဲစိတ်မည့်ရက် ဘယ်အချိန်လာရန် ကပ်ပြားစာရွက်ပေးပါတယ် ဆရာဝန်ကခွဲစိတ်ပြီးရင် ခွဲစိတ်တဲ့ဘယ်လက်က ခု ညာသန် ညာလက်ထက် ပိုသန်သွားမည် ပိုကောင်းသွားမည် ပြောပါတယ် တကယ်လဲခွဲစိတ်ထာကို သိတောင်မသိလိုက်ရသလို ခွဲစိတ်ထားသည့် ဘယ်ဘက်က မူလ ညာသန် ညာလက်ထက် တကယ်လဲပိုသန် ပို၍အသုံးပြု့ ကောင်းးနေပါတယ်

ကုသစရိတ် ဒေါ်လာ သုံးသောင်းကျော်ကျပေမဲ့ ဆေးကုသမူ့ အာမခံလုပ်ထားလို့ အာမခံကုမ္မဏီက ပေးချေပေးပါတယ် မိမိကုန်ကျငွေက ဒေါ်လာ ၅၀၀ ခန့်သာဖြစ်ပါတယ်

မွေးရပ်မြေ မြိုကလေးမှ ထွက်ခဲ့ပြီး ဘဝနဲ့ လုပ်ငန်းခွင်ကိုဝင်ခဲ့ရာ ကြီးလာသည်နဲ့မျှ အမာရွတ်ကလေးများအားလုံး ပျောက်ကွယ်သွားခဲ့သလို အနာဖုတွေလဲ မပေါက်တော့ပါ တနှစ်တခါတောင် ဖျားနာမူမရှိခဲ့သလို ဒီအသက်အရွယ်အထိ ခေါင်းတခါမှ မကိုက်ဖူးပါ ခုထိရောဂါကြီးကြီမာမား တခုမှမခံစားရ မတွေ့ မရှိရသလို ခုအချိန်ဟာ တသက်တာမှာ ကျမ္မာရေအကောင်းဆုံးအချိန်လို့ ခံစားနေရပါတယ်

ကြက်ခြေနီ မှာ လုပ်ဆောင်ခဲ့ခြင်း အကျိုးတရာလို့ လက်ခံယုံကြည်ပါသည်..... တဦး နဲ့ တဦး ကူညီ ယိုင်းပင်း နိုင်ကြပါစေ.....

Read More...

Blog Widget by LinkWithin