ပိတောက်ဝါဝါ......... ပြာသောခါမှ.....
သင်္ကြန် ရောက်ခါနီးတိုင်း အမြဲသတိရ နေရတာလေးပါ၊
အထက ၉-တန်းတက်နေစဉ်ကပေါ့ E- ပုံရှိတဲ့ ကျောင်းအတွင်းဘက်မှာ နံနက်ပိုင်းဖြစ်၍ နေရောင်ခြည်ကလဲ မပြင်းသေး ကျောင်းတက်ခေါင်းလောင်း
ငယ်သူချင်းဖြစ်သူ အပြုံ လို့ သူငယ်ချင်း...တွေကခေါ်တဲ့ ပြုံးမြင့် တင်းနစ်အားကစားသ္မား သူငယ်ချင်းတွေထဲမှာ အချစ်အတွက်ဆိုရင် အပင်းပန်းခံကြိုးစားသူပါ ရောက်လာပါတယ် သူအမြဲကြိုးစားနေတဲ့ သူကြိုက်နေသူဆီက ပြန်စာရကြောင်း ဝမ်းသာစွာ အပြုံးများစွာဖြင့်ပြောပြီး ကျောင်းသုံးဗလာစာအုပ်မှ စါရွက်တခုလုံးကို လေးခေါက်ချိုးလောက် ခေါက်ထားကိုပြတယ်....
ဖွင့်ကြည့်
"ပိတောက်ဝါဝါ ပြာသောခါမှ နင့်ကို ငါချစ်မယ်" ဆိုတာပါဘဲ.....သူငယ်ချင်း ဘယ်လိုခံစားသွားရသလဲ သတိမထားနိုင်ကြပါ ကျွန်တော်တို့ သူငယ်ချင်းအားလုံးကတော့ တဟားဟား ရီးကြပါတယ်.....
ပြန်စာပေးတဲ့ မိန်ကလေးကလဲ သူငယ်ချင်းတွေ ဖြစ်နေကြ၍ သူငယ်ချင်းတွေလက်ထဲမှာ ကိုင်ထားကြတဲ့ ပိတောက်ပန်းတွေစုပြီး အဲဒီအချိန်က ဖေါင်တိန် မှင်သုံးကြလို့ သူငယ်ချင်းအားလုံး ဖေါင်တိန်တွေထုတ် ပိတောက်ပန်းဝါဝါ တွေပေါ်မှာ မှင် အပြာရောင်တွေဖြန်းပြီး ပျော်ပျော်ပါးပါး သွားပို့ကြပါကြောင်း....။