Sunday, May 12, 2013

အမေများနေ့

.နှစ်စဉ် မေလရဲ့ ဒုတိယမြောက် တနင်္ဂနွေကိုတော့ နိုင်ငံအများစုက သတ်မှတ်ကြတာမို့ ဒီနေ့ကို အမေနေ့ဆိုပြီး အမေ့ကို သတိရ၊ ကျန်းမာချမ်းသာစေကြောင်း ဆုမွန်တွေ တောင်းကြတာ အလွန်ကို မင်္ဂလာ ရှိလှပါပေတယ်။
 
မွေးမေမေ နဲ့ သား

အမေ နေ့မှာ အမေကိုအမှတ်တရ....

အမေ

အမေ မချမ်းသာပါ
မရှိဆိုတာ ဘယ်တော့မှမကြားရ
လိုအပ်ရင် အမြဲအဆင်သင့်
အမေတိုင်းဟာ ဒီလိုပါဘဲ၊

ငယ်စဉ်က ကြီးသည်အထိ
အမြဲပြုစုတယ် စောက်ရှောက်တယ်
ဘယ်တော့မှ မညိုညင်
ဘယ်တော့မှ မညူစူ
အမေတိုင်းဟာ ဒီလိုပါဘဲ၊

အမေ့မှာ အားမာန်တွေအပြည့်
လောဘ ဒေါသ မောဟ
တွေများတဲ့ လောကဓံမှာ
အမေ ရင်ဆိုင်ခဲ့ရ ဖြတ်သန်းခဲ့ရ
အမေ လုံးဝစိတ်ဓါတ်မကျ
အမေ အပြုံးမပျက်ပါ
အမေတိုင်းဟာ ဒီလိုပါဘဲ

သားသ္မီးတိုင်း အမေကို
တန်ဖိုးထားကြပါ ချစ်ကြပါ
တာဝန်ကြေကြပါ
ဒါဟာ သင်တို့ဘဝ
အောင်မြင်မူပါ။

No comments:

Post a Comment