ဤမှာမြေပြင် မြစိမ်းဆင်လျှက် ကောင်ကင်မိုးဝယ် နီလာချယ်၍ အိုဘယ့်လူသား နှစ်ရောင်ကြားဝယ် ခန့်ညားပေစ ခန့်ပေစ၊
Friday, December 23, 2011
၂၀၁၁- မြန်မာပြည် တိုးတက်ဖို့ ပြည်သူတွေ ဆင်းရဲတွင်းကလွတ်ဖို့ အလင်းရောင်ရခဲ့သောနှစ်- သမိုင်းတွင်မည့်နှစ်
.အမှန် အတိုင်းပြောရရင် ၂၀၁၀-နိုဝင်္ဘာရွေးကောက်ပွဲကာလကစလို့ Facebook မှာအချိန်ကုန်ခဲ့ပါတယ်၊ ၂၀၁၁- Blog မှာဘာမှမရေးဖြစ်ခဲ့ပါ Facebook မှာကတိုက်ပွဲတပွဲကိုတိုက်ရသလိုပါဘဲ မိမိဖြစ်ချင်တာတွေကို အဆဲအဆိုခံ အပြောအဆိုခံရေးရတာပါ၊ ရွေကောက်ပွဲကိုထောက်ခံခဲ့သလို ပါဝင်ယှဉ်ပြိုင်တဲ့ပါတီတွေကိုလဲ ထောက်ခံခဲ့ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း အမျိုးသားခေါင်ဆောင်အဖြစ်သာ မြင်လိုကြောင်းတိုက်တွန်းရေးသားမိပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် ကို အားမရ တိုင်ပြည်၏နိမ့်ကျမူ ပြည်သူတွေ၏ ဆင်းရဲမွဲတေမူ့တွေကို မကြည့်ဘဲ ပါတီစွဲလုပ်သည် ပိတ်ဆို့မူတွေကိုလည်း ဖွင်ပေးဖို့တာဝန်ရှိသည်ဟုဝေဖန်ခဲ့ ပါတယ်၊ နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည် ဟာ ဗိုလ်ချုပ်ကဲ့သို့ နိုင်ငံရေးကို အောက်ခြေမှစတင်၍ ဦးဆောင်ခဲ့ပြီးခေါင်ဆောင်ဖြစ်လာသူမဟုတ် ပြည်သူတွေက ဗိုလ်ချုပ်သ္မီးဖြစ်၍ ယုံကြည်အားကိုကာ တင်မြောက်ထားသည့် ခေါင်ဆောင်သာဖြစ်သည် ယနေ တိုင်ပြည်တိုတက်ရေး နှင့် ပြည်သူတွေဆင်ရဲမွဲတေမူတွင်တာဝန်ရှီသည်ဟု ရေးသားဝေဖန်ခဲ့ပါသည်။
      ဘာကြောင့်လဲဆိုတော့ ပြည်သူတွေက ယုံကြည်သလို နှစ်-၂၀ ကျော်အတွင်းပါမှဖြစ်မြောက်အောင် တိုင်ပြည် နဲ့ လူမျိုးအတွက် လုပ်နိုင်ခဲ့တာမတွေ့ ရလို့ အားမရဖြစ်ခဲ့လို့ရေးသားခဲ့ရတာပါ၊ ၂၀၁၀- ရွေးကောက်ပွဲကာလနဲ့ ၂၀၁၁-ဒေါ်စု မွေးနေ့ပွဲမှာဆိုရင် ဒေါ်စု ကိုဝိုင်ရံနေကြတာ အားပေးနေကြတာ မရည်မတွက်နိုင်လောက်အောင် များပြားတာတွေ့ ရပါတယ်၊ ဒေါ်စု ပါတီမှတ်ပုံတင်မယ် ရွေးကောက်ပွဲဝင်မယ် ပြောဆိုသံလဲကြားရော ကြက်ပျောက် ငှက်ပျောက် ဖြစ်ကုန်တာတွေ့ ရသလို ဝေဖန်မူ စိတ်ပျက်သွားမူတွေ (Facebook) ပေါ်မှာတွေ့ ရပါတယ်။
   မင်းနိုင်ငံရေး နှင့် ပါတ်သက်လို့ ဘာသိသလဲဆိုရင် စာများများဖတ်ဖူးတယ် အထုပ္ပတ္တိတွေ ဖတ်ရတာကြိုက်တယ် အားကျတယ် ဒါပါဘဲ၊ ၁၉၆၇- တရုပ် အရေး အခင်းမှာ ကျောင်းသားငယ်ဘဝ တန်းစီလှည့်ဘူးတယ်၊ ၁၉၇၄- ဦးသန့် အရေးအခင်း တက္ကသိုလ်ဝင်းနဲ့နီးတဲ့ အင်ယားမြိုင်မှာ နေတဲ့အချိန် ကျောင်းသားများက ဦးသန့် ဈာပန ကိုသယ်ဆောင်လာတာ ကုက္ကိုင်းလမ်းဆုံမှာ မြင်လိုက်ရတယ် အဲဒီနေ့ကမွေးရပ်မြေကို ပြန်ဖို့ ဘူတာကြီးဆင်လို့ ကားပေါ်ကလှမ်းမြင်ရတာ တခုနာသွားတယ် နီးလို့ ညစဉ် ဦးသန့် ဈာပနသွားကြည့်ပြီး အဖမ်းခံရရင် နိုင်ငံရေးမူ နဲ့ အဖမ်းခံဘူးကြောင်း ကြွားလို့ရတယ်၊ ၁၉၈၈- ပြည်ပရောက်နေပါတယ် လေလှိုင်းကဘဲ ဒေါသတွေပွားခဲ့ရတယ်။
     ကုသိုလ်ကံကလဲတမျိုး ပြသာနာ ဖြစ်တော့မည်ဆိုရင်ဝေးဝေးရောက်နေတတ်တယ၊် မဆလ ခေတ်မှာ အစိုးရ အလုပ်လုပ်တယ် လေဆိပ်ကို နေ့စဉ်နီးပါးဆင်းရလို့ တိုက်ပုံဝတ် ရေမွှေးအမြဲစွတ်တယ် တခါတော့ အလုံလမ်း သမတ အိမ်ဝန်းနားမှာရှိတဲ့ ထောက်လှမ်းရေးက မနက်-၁၀ နာရီလောက်ဆို ရုံးမှာလာခေါ်ပြီး တပါတ်လောက်နေ့စဉ်ခေါ်စစ်တယ်၊ လက်ဖျားနဲ့ လုံးဝတို့မခံခဲ့ရပါ ရုံးကမချောများကသာ အနားကဖြတ်သွားတိုင်း ရေမွှေးနံကို ထောင်စော်နံတယ် ဆိုပြီး သြဘာပေး တာခံခဲ့ရတယ်၊ နောက်တခုကတော့ မိမိခွင့်ယူနေစဉ် မိမိတာဝန်ယူ လုပ်ရမည့် နိုင်ငံခြားမှ ရောက်လာသည့် အဆီကျဆေးတွေ လေဆိပ်အကောက်ခွန် ဂိုလ်ထောင်မှာပျောက်သွားတယ်၊ ဗိုလ်ချုပ်ကြီး စောမောင် သုံးဖို့ဆေးပါ ကျွန်တော်ကခွင့်ယူထားလို့ ရုံးမှာရှိတဲ့ လုပ်ဖေါ်လုပ်ဖက်တွေ နဲ့ တပည့်တွေ စစ်ကြေားရေးမှာ ခေါ်ပြီး အိပ်ချိန်မပေးဘဲ စစ်ဆေးခံရပြီး ဂဝံကျောက်ပေါ်မှာ မော်တော်ဆိုင်ကယ်စီးခိုင်းခံကြရတယ်၊ တပါတ်ကျော်ကြာသည်အထိ တရားခံမဖေါ်နိုင်လို့ ထောက်လှမ်းရေးလက် ကျွန်တော့ဆီရောက်ခါနီးမှာ ဘယ်လိုမှမထင်နိုင်တဲ့ ရုံးကလက်ထောက်ညွန်မူ (အစိုးရ ဖုံး/ကား ရသူ) က ရုံးမှစာရွက်စာတန်းတွေ ရယူပြီး ထုတ်သွားတာဖေါ်နိုင်ခဲ့ပါတယ်၊ ပြောလက်စနဲ့ ထူးဆန်းတာတခုပြောပါရစေ စင်္ကာပူ ကနေပို့လိုက်တဲ့ ပစ္စည်းထုတ်တထုတ်ကို ထုတ်ယူလာခဲ့ပါတယ် ကျွန်တော်ထုတ်ယူမည့် နိုင်ငံခြားကလာသည့် အထုတ်တွေကို အကောက်ခွန်က ဖွင့်ဖေါက်စစ်ဆေးခွင့်မရှိပါ Manifest, Invoice ရှိရင်တော့ ပါပစ္စည်းမှန်းသိလို့ လက်ခံမည့်သူရှေ့ မှာ ဖွင်ဖေါက်စစ်ဆေးပြီး ပေးပါတယ် ခုအထုတ်ကတော့ ပါပစ္စည်း ပါမှန်းမသိလို့ ရုံးမှာဖွင့်ကြည့်တော့ ရွှေရောင်ငွေရောင် ထနေတဲ့အင်ဒိုနီးရှားပါတိတ်တွေ့ ရပါတယ် အထည်-၃၀ တိတိပါ ကျွန်တော်လဲ ချက်ခြင်း အထက်လူကြီးတွေကို တင်ပြပါတယ် အလွန်စည်းကမ်းကြီးပြီး ကြောက်တတ်တဲ့ ဗြိတိသျှစစ်တက္ကသိုလ်(ဆင်းနပ်)ဆင်း ဗိုလ်မူကြီးက ချက်ခြင်း ပါလာသည့်လိပ်စာ အတိုင်းစင်္ကာပူကို ပြန်ပို့ခိုင်းပါတယ် ပြန်ပို့ပြီး ပို့ခဲ့တဲအထောက်အထားစာရွက်စာတမ်းတွေကို အစိုးရအလုပ်က မထွက်မခြင်း မပျောက်မပျက်အောင်သိမ်းထားရပါတယ် ထောင်ခြောက်ဆိုတာ နောက်တော့မှသိရပါတယ်။
    နိုင်ငံရေး နှင့် ပါတ်သက်လို့က တိုင်ပြည် နဲ့ လူမျိုး ကိုချစ်တယ် တိုင်ပြည်တိုးတက်ချင်တဲ့ဆန္ဒ ပြင်းပြသလို ပြည်သူတွေ ဒုက္ခဆင်းရဲတွင်းအပေါင်းမှ လွတ်မြောက်စေချင်ပါတယ် ဒီရပ်တည်ချက်ကိုသာ ထားတယ်၊ နိုင်ငံရေးကိုစိတ်ဝင်စားခဲ့သော်လည် ၂၀၀၇- ယခု နိုင်ငံခြားထွက်လာတဲ့အခါ နယ်စပ်ဒေသမှာ ရောက်တဲ နိုင်ငံတွေမှာ မိမိထင်ခဲ့သလို မရှိအတူရှိအတူ ကူညီယိုင်းပင်မူတွေ မရှိမတွေ့ ရဘဲ လယ်သူစားတမ်း အုပ်စုလိုက်ဗိုလ်ကျတာတွေကိုသာတွေ့ ရလို့ နိုင်ငံရေးသမား အမည်ခံရမှာကြောက်ပြီး နိုင်ငံရေး သမား ဘာမျိုးဆက် ညာမျိုးဆက် ဆိုသူတွေကို ဝေးဝေးရှောင်နေပါတယ်။
     ဒေါ်အောင်ဆန်းစုကြည် ယခုအခါ အမှန်တရားကို တွေ့ သွားပါပြီး မြန်မာနိုင်ငံ အတွက်အားတက်စရာ ဝမ်းသာစရာပါ ဘာကြောင့်ပါလဲ ကျွန်တော်အာရှနိုင်ငံများများကို ၈၈- မတိုင်ခင်ကရော ၉၀/၂၀၀၀- အထိရောက်ခဲ့ဖူးသလို နှစ်ချီနေခဲ့ဘူးပါတယ် တိုင်ပြည်တိုင်းမှာ နိုင်ငံရေးလုပ်ထာကတခြား တိုင်းပြည်နဲ့လူမျိုးချစ်ထာကတခြား ခွဲခြားထားတာတွေ့ ရပါတယ်၊ TV တွေမှာ လွတ်တော်ထဲမှာ ထနှပန်းလုံး အော်ကြီးဟစ်ကျယ်ပြော တခါဆို လွတ်တော်ဥက္ကဌ ကို ရှေ့ ထွက်စာရွက်ပေးမလိုနဲ့ ပါးချတာတွေ့ ဘူးပါတယ် သူတို့တွေဟာ အပြင်မှာစားဖေါ်သောက်ဖက် မိတ်ဆွေတွေလိုနေကြပါတယ် မတူတာတွေမှာ အားပြိုင်ကြပေမဲ့ တိုင်းပြည်တိုးတက်ဖို့ ပြည်သူတွေ သာယာဝပြောဖို့ လက်တွဲကြပါတယ် နိုင်ငံရေးလုပ်ကြတယ် ဘယ်တော့မှ တိုင်းပြည် နဲ့ ပြည်သူ ဒုက္ခရောက်အောင်မလုပ်ကြပါဘူ၊ တိုင်ပြည် နဲ့ လူမျိုး အတွက်ဆိုရင် စည်းလုံးကြပါတယ် ယနေ့အောင်မြင်ပြီး တိုင်ပြည်တိုးတက် ပြည်သူ တွေသာယာဝပြောနေတဲ့ နိုင်ငံတွေမှာ တွေ့ နိုင်ပါတယ်။
    ကျွန်တော်တို့ မြန်မာနိုင်ငံမှာ စည်းလုံးညွတ်မူကို မျက်ကွယ်ပြု တဦးနဲ့တဦး ညှိနိုင်တိုင်ပင်မူမရှိ ငါကသာမှန်တယ်ထင်ပြီး တိုင်းပြည် နဲ့ လူမျိုး ဘာဖြစ်ဖြစ် ငါအာဏာ ရဖို့ကိုသာ ဦးစားပေး လုပ်ဆောင်နေကြတာ ဒီနေ့အချိန်အထိပါဘ၊ဲ နောက်ဆုံး တိုင်ပြည်အောက်ဆုံးအဆင့်ရောက် ပြည်သူတွေအားလုံး အမှန်က လူတိုင်းပါဘဲ အုပ်ချုပ်သူရော ပြည်သူတွေပါ ဒုက္ခဆင်းရဲရောက်ကြတာ
ိ
Read More...
ပွဲခင်းသာ - မာမာအေး
.
Read More...
Shwe Mann Tin Maung - Aung Par Sae အောင်ပါစေ- Myanmar dance song
.
Read More...
Thursday, December 22, 2011
Ka Thit Pan - Ko Ant Gyi ( ကိုအံ့ကြီး - ကသစ်ပန်း )
.
Read More...
Thursday, November 11, 2010
ဗိုလ်ချုပ်ကြီး ခင်ညွန့် ၏ ဆုလာဒ်၊ နာရေးပုံပြင်များ( ၉ )
U Myint Swe
ဦးမြင့်ဆွေ
နာရေးကူညီမူအသင်း (ရန်ကုန်) ကို စတင်တည်ထောင်သူများမှ တဦးဖြစ်သူ အသင်းကြီး၏ ပထမ ဦးဆုံး ဥက္ကဌ ဦးမြင့်ဆွေ
(ယခု ရတနာမေတ္တာ HIV ရောဂါသည်များ ကူညီမူပေးရေးအဖွဲ ဥက္ကဌ)
နာရေးကူညီမူအသင်း(ရန်ကုန်) ကို အသင်းစတင်တည်ထောင်သူ(Pionieer) တွေလက်ထဲက၊ အသင်းမှာ ပါဝင်လုပ်အားပေးနေသူ (Volunteer)များက၊ အလွယ်တကူ သိမ်းပိုက်ရရှိလိုက်ပါတယ်၊ ဘာကြောင့်ဒီလို ထက်ထက်မျက်မျက် ရှိတဲ့သူတွေ လက်ထဲက၊ အလွယ်တကူ အနိုင်ယူ သိမ်းပိုက်နိုင်ခဲ့ပါသလဲ၊ နောက်တော့မှသိခဲ့ရပါတယ်။
ကျွန်တော်တို့ အတွင်းရေးမူအဖွဲက စတင်လုပ်ဆောင်ခဲ့တာကတော့ အသင်းစတင်တည်ထောင်သူတွေ မလုပ်နိုင်ခဲ့သည့်၊ လုပ်လို့မရခဲ့သည၊့် အသင်းကို ပြည်ထဲရေးဝန်ကြီးဌာန မှာ အသင်းမှတ်ပုံတင် ရရှိအောင်လုပ်ထာပါ၊ ပထမ ပြည်ထဲရေးဝန်ကြီးဌာန မှာလျှောက်လွှာသွားယူရာမှာ၊ ပြည်ထဲရေးဝန်ကြီး ဗိုလ်မူးကြီးတင်လှိုင် က ခေါ်တွေပြီး၊ ကြံ၊ခိုင်ဖွင့်ဖြိုးရေးအသင်းဝင်မှ လျှောက်လွှာပုံစံ ပေးမည်ဟုပြောပါသည်၊ အားလုံးကမဝင်ပါ၊ အသင်းကြီး ကျွန်တော်တို့လက်ထဲ ရောက်နေပြီဆိုတာ သိနေလို့ပေးချင်ပုံတော့ ပေါ်နေပါပြီ၊ နောက်တော့ ထောက်လှမ်းရေးက ကျွန်တော်တို့ဘက်က ကရှိနေတာသိလို့ အသင်းမှတ်ပုံတင် ကိုခွင့်ပြုလိုက်ပါတယ်။
အစိုးရ သတင်းစာများတွင် နာရေးအလှူငွေ ထည့်ဝင်သည့်ပုံများ ထည့်နိုင်ခဲ့၍ အလှူငွေ တိုးတက်ရရှိခဲ့ပြီး၊ လစဉ်သိန် ၁၀၀-ကျော်ရရှိခဲ့ပါသည်၊
၂၀၀၃-ခုနှစ်ကစပြီး မြန်မာတပြည်လုံး နာရေးကူညီမ၊ူ လူမူရေးအသင်တွေ လိုက်လံဖွဲစည်း ပေးနိုင်ခဲ့ပါတယ်၊ ဒီလောက်တင်းကြပ်တဲ့ နိုင်ငံမှာ၊ ကျွန်တော်တို့ လွတ်လပ်မူ အပြည့်နဲ့  တနိုင်ငံလုံ မြို့ ၊ ရွာတွေကိုသွားရောက် လူမူရေးအသင်းတွေ ဖွဲပေးရာမှာ၊ ပြည်သူထောင်နဲ့ချီ လာရောက်ကြတာတွေ့ရပါသည်၊ မော်လမြိုင်မြို့  ကို ၂-နှစ်ဆက်တိုက်ရောက် ပါတယ် မော်လမြိုင်တောင်ပေါ်လမ်းရှောက်အသင်ကြီးက ဦးစီးပြီး လူမူရေးအသင်းဖွဲစည်းတာပါ၊ ကျွန်တော်တို့အဖွဲ့ကို အကောင်းဆုံးဖြစ်တဲ့ ငွေမိုးဟော်တယ်မှာ ထားပါတယ်၊ အကောင်းဆုံး အစားအသောက်တွေကို၊ အသင်းလူကြီးတွေ မြို့ မိ၊မြို့ ဖ တွေက တအိမ်ပြီးတအိမ် ကျွေးမွေး ကြပါတယ်၊ မြို့ တိုင်း မှာ တမြို့ လုံး ရဲတပ်ဖွဲ့ ကအစ ပါဝင်ကူညီတာကိုတွေ့ပါတယ်၊ မကွေးမြို့ မှာ ဆိုရင် ပထမတနှစ် အစိုးရ ဧည့်ရိပ်သာမှာတည်ရပါတယ်၊ နောက်နှစ် ရန်ကုန်မြို့ တော်ဝန်ဖြစ်ခဲ့သည့် ဦးကိုလေး ၏ သား၊ ပိုင်း မကွေးမြို့ က ဟော်တယ်မှာ တည်ရပါတယ်၊ ဟောပြောပွဲတွေကို ပြည်သူထောင်ကျော်မကလာကြ ပါတယ်၊ သက်ဆိုင်ရာမြို့  အတွက် အလှူငွေ တွေရရှိခဲ့ပါတယ်၊ နာရေးကား လာလှူတာလဲ တွေ့ပါတယ်၊ ဧရာဝတီတိုင်း၊ မော်ကျွန်းမြို့ မှာ ဒုတိယနှစ်သွားရာမှာ ကိုကျော်သူ အလုပ်မအားလို့ မလိုက်နိုင်ခဲ့ပါ၊ အဖွဲသာများအားလုံး မော်ကျွန်းမြို့ လယ်ဈေးနားမှာ၊ ခုံတွေချပြီး အလှူခံတာ ငွေ ကျပ်-၃၅၊သိန်းရရှိခဲ့ပါတယ်၊ အဲဒီလို မြန်မာပြည်အနှံ သွားရောက် အသင်းအဖွဲတွေဖွဲရာ သွားဖို့လူခေါ်တာကအစ ကျွန်တော်စိးမံ ခန်ခွဲပါတယ်၊ သွားတိုင် ၁၀-ယောက်ပါပါတယ်၊ အလုပ်အမူဆောင်ထဲက ၅-၆ ယောက်၊ အသင်းသားထဲက
ိ
မှတ်ချက်။ ။ အသေးစိတ်ရေးပါမယ်၊ တောင်းပန်ပါတယ်၊ စောင့်ဖတ်ပေးပါရန်....ဆုလာဒ်များထဲက တခုကတော့ ယနေ့ အသင်းမြေနေရာပါ...ကျွန်တော်ကိုယ်တိုင် ထိုအချိန်က တံတာလေးရှိ စစ်ရုံး မြေယာအသုံးချရေးအတွင်းရေးမူ ဗိုလ်မူ ကျော်ဝင်း ထံမှ ခင်ညွန့် လက်မှတ် နဲ့ မြေ ၅- ဧက ကျော်ရရှိခဲ့ သော်လည်း၊ အိုးအိမ်ဦးစီးဌာနတွေင် မြေဂရံယူရာ ညွန်ချုပ် ဦးအံကျော် ကို ၂- ဧက ပေးခဲ့ ရပါသည် ယခုမြေ ၃- ဧကကျော်သာ ရှိပါသည်။
Read More...
Tuesday, November 2, 2010
ယောက္ခမ ကား စီးဘူးပါသလား၊ Singapore အမှတ်တရ
၈၈- အရေးအခင်းမတိုင်ခင်က ကျွန်တော် စင်္ကာပူ မှာ နေခဲ့ရတယ်၊ ရွှေခေတ်ပေါ့၊ စင်္ကာပူ က Gayland မှာ နေခဲ့ရတာပါ၊ မြို့ တွင်း Downtown ကိုသွားရင် မီးနစ် -၃၀- ခန့် ကားစီးသွားမှရောက်ပါတယ်၊ အဲဒီအချိန်က မြို့ တွင်းနားက တရုတ်တန်းမှာ၊ ၂-ထပ်တိုက်တွေ အများကြီးရှိပါတယ်၊ ခုမရှိတော့ပါ၊ စင်္ကာပူ အစိုးရကလဲ စင်္ကာပူ နိုင်ငံသား ကလေး၊ လူငယ်တွေကို စင်္ကာပူ+အင်္ဂလိပ်စကား Singlesh မှခွဲထွက်ပြီး၊ ပညာတတ်များ ဖြစ်အောင် အင်္ဂလိပ်စာကိုစနစ်တကျ စတင်ပြုစုပျိုးထောင်၍ ပညာရေးကိုမြင့်တင်နေချိန်ပါ။
                   စင်္ကာပူ မှာရှိတဲ့ မြန်မာအားလုံး ညီညွတ်ကြပါတယ်၊ ဝိုင်းဝန်းကူညီကြတယ်၊ မြန်မာပြည်သား Sinior ကြီးများက မြန်မာပြည်သား Junior များကို လူမျိုးဘာသာ ခွဲခြားမူမရှိ၊
သူတို့တတ်တဲပညာ များတွေကို သင်ပေးကြပါတယ် စုပေါင်းနေတဲ့အိမ်တွေမှာ တပြားမှမပေးရဘဲ သင်တန်းတွေပေးတယ် စေတနာအပြည့်နဲ့ သင်ပေးကြတယ် စက်ရုံမှာလုပ်မလား သင်္ဘောမှာလုပ်မလား စက်ဖက် ကုန်းဘက် အဲဒီခေတ်ကခေတ်စားတဲ့ RO ရေဒီယိုအရာရှိသင်တန်းပါရှိခဲ့တယ်၊ စင်္ကာပူရှိ ကုမ္မဏီ များကလည်း မြန်မာဆိုရင် လာပါလာပါဆိုပြီး၊ အလုပ်ပေးကြပါတယ်၊
                   မြန်မာပြည် ရှိ ဝန်ကြီးချုပ်၊ ဝန်ကြီး၊ တိုင်းမူ၊ တို့၏သားမျာ အားလုံး အများနည်တူ၊ စင်္ကာပူ မှာ ရုန်းကန်ကြရတယ်၊ ယခုလို ပြည်တွင်းမှာ ၁၀-သက် မက စားမကုန်အောင် ရှာဖွေ လုပ်ကိုင်လို့မရပါ ထိုင်နိုင်ငံရှိ ကုလသမက္က UN ရုံးတွေမှာဆိုရင် မြန်မာပညာရှင်တွေ၊ ဦးစီဦးဆောင် ပြုနေကြသလို၊
          စင်္ကာပူ နိုင်ငံရှိ ကမ္မဏီတွေမှာလည်း၊ မြန်မာပြည်သား BSc.(Eng) ဘွဲ့ ရ မြန်မာပညာရှင်တွေက၊ ဦးစီးဦးဆောင် ပြုနေတာတွေ့ ရပါတယ်၊
     တကယ်သိ တကယ်တတ်တဲ့ ပညာတတ် ပညာရှင်တွေ ဖြစ်ပါတယ်၊ တကယ်သိတကယ်တတ်တဲ့     အသိပညာရှင် အတတ်ပညာရှင်ဖြစ်ရင် ဘယ်နေရာမှာမဆို ဦးစီးဦးဆောင်ဦးရွက် ပြု့ နိုင်တယ်ဆိုတာကို လက်တွေ့  ပြဆိုခဲ့ကြပါတယ်၊  
မြန်မာလူငယ်တွေ တကယ်သိတကယ်တတ်တဲ့ ပညာတတ်များဖြစ်အောင် ကြိုးစားကြပါ၊ လူငယ်ဆိုတာ ကြိုးစားရင် မဖြစ်နိုင်တာမရှိပါ၊ ကြိုးစားကြပါ.....
             ကျွန်တော်လဲ Sunday မှ အပ နေ့စဉ် မြို့ ထဲသို့ နံနက် ၈-နာရီ အရောက်သွားရပါတယ်၊
စင်္ကာပူ အစိုးရကလဲ မြို့ တွင် Downtown ကို နံနက် ၇း၀၀ မှ နံနက် ၉း၀၀ နာရီ အတွင်း ကိုယ်ပိုင်ကား မောင်းသွားလိုလျှင်၊ ကားထဲမှာ ယဉ်မောင်း အပါအဝင် လူ ၄-ဦး ပါမှ၊ မြို့ တွင် မောင်းခွင့်ပြုမည်ဟု သတ်မှတ်ထားပါတယ်၊ ကားထဲ သတ်မှတ်ထားသည့် လူဦးရေ၊လူ ၄-ဦး မပါက၊ ဒါဏ်ငွေ s$ 3000- ပေးဆောင်ရမည်လို့၊ ဥပဒေ ထုတ်ထားပါတယ်၊ ဒါကြောင့် ကျွန်တော်နေတဲ့ Gayland နားက ကားမှတ်တိုင်မှာ၊ မနက် ၇-နာရီ ဆိုရင် ကိုယ်ပိုင်းကားတွေ၊ တန်းစီနေတာ တွေ့ ရပါတယ်၊  မြို့ တွင်းသွားချင်လို့၊ မောင်းသူအပါအဝင် လူ ၄- ဦး ပြည့်အောင် စောင့်ဆိုင်နေရတာ ဖြစ်ပါတယ်၊ ကျွန်တော် လဲ မနက် ၇း၁၅ am လောက် ကားမှတ်တိုင်ကိုသွား၍မြို့ တွင်းသွားရန် ၊ လူ ၄-ဦး ပြည့်အောင် စောင့်နေသော ကိုယ်ပိုင်ကားများထဲမှ၊ အကောင်းဆုံးဆိုသောကား၊ ကားအသစ်လဲ ဖြစ်ရမည် Mercede, Volvo, ကားများကိုသာ စောင့်၍ စီးခဲ့ပါသည်၊
ကားမောင်းသူမှ မြိုတွင်းမိမိသွားလိုသည့် အနီးစပ်ဆုံး နေရာသို့လဲ လိုက်လံပိုဆောင် ပေးရပါသည်။
ကျွန်တော်တို့ ရွှေ များက ယောက္ခမ ကား လို့ ခေါ်ခဲ့ကြပါသည်။
တချိန်က ယောက္ခမ ကား များကို စီးခဲ့ရ ကြောင်းပါ၊
ဒီအကြောင်းကိုထပ်တင်ရခြင်းက တရုပ်ပြည်ကကျောင်းသားများ အမေရိကန်မှာ ပညာသင်ယူမူ့ အရင်ကထက် ၄ဆပိုမိုများလာသည်ကို သတင်းဌနတွေက လွင့်ထုတ်လို့သိခဲ့ရ၍ ဖြစ်ပါတယ်၊ ပညာရေးသာတိုင်းပြည်ကို တိုးတက်အောင်လုပ်နိုင်မည်ဆိုပြီး ဘာမှသံယာဇာတမရှိတဲ့ စင်္ကာပူကခေါင်းဆောင်လီကွန်ယု တွေးခေါ်ဆုံးဖြတ် လက်တွေ့ ကျင့်သုံးခဲ့လို့ ဒီနေ့စင်္ကာပူဟာ အောင်မြင်မူအသီးအပွင့်ကို သူတိုပြည်သူတွေ လက်တွေ့ ခံစားနေရပါပြီး၊ ကျွန်တော်တို့်နိုင်ငံ၏ ထိုစဉ်ကခေါင်းဆောင်နေဝင်း တိုင်းပြည်နဲ့ ပြည်သူပြည်သားအကျိုးကိုမကြည့် မိမိအာဏာတည်မြဲဖို့ ပညာရေးကိုနိမ့်ချ မျက်စီပိတ်နားပိတ် လုပ်ခဲလို့်  အားလုံးအနိမ်ခံ တခြားတိုင်းပြည်တွေမှာ ကျွန်ခံနေရပါတယ်.....ယခုခေတ်လူငယ်တွေ မဆလခေတ် ကျွန်တော်တို့ထက် နည်ပညာကစ ကမ္ဘာကိုပို၍ ကြည့်နိုင်မြင်နိုင်ကြပါသည် ပညာရေးလဲ လမ်းပွင့်လာတာတွေ့ ရပါသည် သို့ပါ၍ တိုင်းပြည်တိုးတက်ဖို့ ပြည်သူတွေဆင်းရဲတွင်းကလွတ်ဖို့ တိုးတက်သည့်နိုင်ငံများ၏ ပညာရေးကို လေ့လာလျောက်ထား၍ သင်ယူကြပါ ပညာရေးသာအဓိကပါလို့ တိုက်တွန်းပါသည်။  
Read More...
Saturday, September 18, 2010
မြန်မာပြည် ၏ နမိတ်ပုံ (သို့) နာရေးကူညီမူအသင်း(ရန်ကုန်) နှင့် ၂၀၁၀ ရွေးကောက်ပွဲ
U Myint Swe
ဦးမြင့်ဆွေ
နာရေးကူညီမူအသင်း(ရန်ကုန်) ကို စတင်တည်ထောင်သူများတွင်ပါဝင်ခဲ့သူ အသင်းကြီး၏ ပထမ ဦးဆုံး ဥက္ကဌ ဦးမြင့်ဆွေ
(ယခု ရတနာမေတ္တာ HIV ရောဂါသည်များ ကူညီမူပေးရေးအဖွဲ ဥက္ကဌ)
ယခု တတိယမြောက် ဥက္ကဌ ကျော်သူ ၂၀၀၇ မှစ၍ ခေါင်ဆောင်မူပေးနေသည်
သရဖီညွန့် ဥက္ကဌ ဦးအေးသန့် ဒေါက်တာအောင်မြင့် ဒေါ်ဌေးဌေးနိုင်
စစ်တပ်မှ ဒုတိယအကြိမ် အာဏာသိမ်းပြီး ဒုတိယအကြိမ် နှစ်-၂၀ ကျော်မှာ အရပ်သားပြည်သူတွေ(မိမိတို့)လက်ထဲပြန်အပ်မည့် ၂၀၁၀ ရွေးကောက်ပွဲ နိုဝင်္ဘာလ-၇ ရက်နေ့မှာ ကျင်းပတော့မှာဖြစ်ပါတယ်။
ပြည်ပသတင်းဌာနတွေ၊ ပြည်တွင်းသတင်းဌာနတွေ၊ ပြည်သူတွေ၊ အယ်ဒီတာတွေ၊ ပါဝင်ယှဉ်ပြိုင်တဲ့ပါတီတွေ၊ ကိုယ်စလှယ်လောင်းတွေ၊ ပညာရှင်တွေ၊ တချိန်က နိုင်ငံရေးသမားကြီးတွေ၊ အားလုံး ၂၀၁၀ ရွေးကောက်ပွဲ အတွက် ပြောကြ၊ ဆိုကြ၊ ရေးကြ၊ ဝေဖန်ကြနဲ့၊ ပွက်လောရိုက်ပြီး၊ ကြွက်ကြွက်ကို ဆူညံနေတာပါပဲ၊ ထွက်လာတဲ့အသံတွေထဲမှာ အားလုံးတူညီတာ တခုကတော့၊ လုပ်ပိုင်ခွင့် ရှိသူဟာ ချီး၊သေး တောင်မချန်(ကတော့ပါရဲ) လုပ်ပိုင်ခွင့် ရနေပြီး၊ အားလုံးကမော့ကြည့်နေရတယ်ဆိုတာပါပဲ၊ တခုတော့ရှင်းရှင်ပဲပြော ရမယ် ဆိုရင် စစ်တပ် ဆိုတာ ရေဘူးပေါက်ထာ မလိုချင်ဘူး ရေပါဖို့ပဲလိုတယ်၊ ဒီအတိုင်းပဲဖြစ်ပါလိမ်မယ်၊
နာရေးကူညီမူ အသင်း(ရန်ကုန်) မှာလည်း ၂၀၀၃-ခုနှစ် နှစ်ပါတ်လည် ညီလာခံလုပ်တော့ ကိုကျော်သူ၊ သန်းမြင်အောင်၊ မြင့်မြင့်ခင်ဖေ (ရွှေဇီးကွက်)၊ ကျွန်တော်၊ အပါအဝင် အသင်းသားလုပ်အားပေး(volunteer) များက "နိုင်ကိုနိုင်ရမည်" ကြွေးကျော်သံဖြင့် စာရေးဆရာ ဦးအောင်သင်း အပါအဝင်
အသင်းစတင်ထူထောင် သူ(Pioneer) အားလုံးကို၊ အသင်းမှ ဖယ်ရှားပြစ်ဖို့ သန်းမြင့်အောင် ၏ လုပ်ပိုင်ခွင့်ကို အသုံးချပြီး၊ လုပ်လို့ရတာ အားလုံးလုပ်ခဲ့ပါတယ်ထူးထူးဆန်ဆန်းအောက်လမ်းနည်းတောင်ပါလိုက်ပါသေးတယ်။
အသင်းကြီးကို စတင်တည်ထောင်သူ (Pioneer) ၁၀-ဦးဟာ တဦးလျှင် ကျပ် ၂-သိန်း မှ ၁၀-၁၅ သိန်း ထည့်ဝင်ခဲ့ပြီး နာရေးကူညီမူအသင်း(ရန်ကုန်) အမည်ဖြင့် ၂၀၀၁-ဇန္နာဝါရီလ-၁ ရက်နေ့ မှာ စတင်၍ အသင်းဖွဲစည်းခဲ့ပါသည်၊ ပထမ ဦးစွာ မန္တလေးမြို့  ရှိ ဆရာတော် ဦးတိက္ခ ဦးစီးတည်ထောင်ထားသော ဗြမ္မာစို လူမူကူညီစောက်ရှောက်ရေးအသင်း ကိုသွာရောက် လေ့လာပြီး နမူနာယူ၍ လုပ်ဆောင်ခဲ့ပါသည် အသင်းစတင်ဖွဲစည်းသူ အားလုံးဟာ သူနယ်ပယ်နဲ့ သူ ထက်ထက်မျက်မျက် ရှိသူတွေဖြစ်ပါတယ်၊ အစိုးရအနေနဲ့  ထိုသူတွေလက်ထက်မှာ အသင်းအောင်မြင်သွားမှာ စိုးရိမ်ပါတယ်၊ အသင်းကိုလုံးဝအားမပေးပါ၊
ထက်မြက်တဲ့သူတွေ၊ ပြည်သူမျက်နှာကြည့်မဲ့သူတွေ၊ ဆိုရင် ဘေးရောက်သွားတာပါပဲ။
၂၀၀၂-ခုနှစ်မှာ နှစ်ပါတ်လည်ညီလာခံမှာ အသင်းစတင်တည်ထောင်သူတွေထဲမှာ ပါဝင်သည့် အသင်းကြီး၏ ပထမ ဆုံး ဥက္ကဌ ဖြစ်တဲ့ဥက္ကဌ ဦးမြင့်ဆွေ မှ ဦးဆောင်ပြီ အသင်ကြီး၏ ဖွဲစည်းပုံ ဥပဒေကို အတည်ပြု ၍ စာအုပ်ထုတ်ဝေထားပါတယ်၊ အသင်းသားလျှောက်လွာ (၁၀၀၀) တထောင်ကျော်ရှိသော်လည်း၊ အသင်းစတင်တည်ထောင်သူများအပါအဝင၊် ပုံမှန်လုပ် အားပေးနေသူ (၉၀) ကို တရားဝင်အသင်းသားအဖြစ် အသိအမှတ်ပြု ပေးခဲ့ပါတယ်၊ ပြန်ကြားရေးတာဝန်ခံ ဖြစ်သူ သန်းမြင့်အောင် မှ အသင်းသားစာရင်း ပုံနိပ်စာရွက်ကို စာရွက်ပေါ်မှာ လက်မှတ်ထိုးပြီး၊ တရားဝင်သိမ်းထားပေရပါတယ်၊ သန်းမြင့်အောင် က သူကိုသိမ်းထားခိုင်သော အသင်းသား စာရင်းကိုအသုံးချပြီး အနိုင်ယူသွားတာပါ၊ လုပ်ပိုင်ခွင့် ဆိုတာအထူးအရေးကြီပါတယ်။
၂၀၀၃-ခုနှစ် နှစ်ပါတ်လည် အစီးအဝေးမတိုင်ခင် လပါတ်အစည်းအဝေးမှာ ဥက္ကဌ ဦးမြင့်ဆွေ မှ
အသင်းသား လျှောက်လွာပုံစံ ထပ်ထုတ်မပေးဖို့ တရားဝင်ပိတ်ပင်ခဲ့ပါတယ်၊ အသင်းသား လျှောက်လွှာပုံစံများကို ပြန်ကြားရေး တာဝန်ခံဖြစ်သည့် သန်းမြင့်အောင် က တာဝန်ယူသိမ်းဆည်းထားရပါတယ်၊ ဒါကိုလည်း သန်းမြင့်အောင် အသုံးချသွားပါတယ်။
အားလုံးကိုဘယ်လို အသုံးချခဲ့သလဲ မရေးခင၊် ပထမပြောချင်တာက ၂၀၀၃-ခှုနှစ် နှစ်ပါတ်လည်အစည်းအဝေး မတိုင်ခင် အသင်းစတင်တည်ထောင်သူတွေထဲမှာပါဝင်သည့် အသင်းကြီး၏
နာယက စာရေးဆရာ ဦးအောင်သင်း
ကို အလှူငွေ ကျပ်တသိန်း (၁၀၀,၀၀၀) ကိုအလွဲသုံးစား လုပ်တယ်ဆိုပြီး လုပ်ကြံလိုက်ပါတယ်၊
နောက်တခုက ထူးထူးဆန်းဆန်း အောက်လမ်းနည်း သုံးတာပါ၊ ကျွန်တော်တို့တွေဟာ အလှူရှင်တွေက ဖုံးဆက်ပြီ နာရေးအလှူငွေ လှူဒါန်းရင် ဘယ်အချိန်မဆို အလှူရှင်အိမ်ကိုသွားရပါတယ်၊ အဲဒီနေ့က ကျွန်တော်အလှူခံတခုကနေ ညနေ-၅နာရီလောက်မှာ အသင်းရုံးကိုပြန်လာပါတယ်၊ အသင်းရုံးဟာထိုစဉ်က သင်္ဃာန်းကျွန်းမြို့ နုယ်ထဲက ဗြဟ္မာဝိဟာရ စာသင်တိုက် ဘုန်တော်ကြီးကျောင်းဝင်းအတွင်းမှာရှိပါတယ်၊ အဆောက်အဦးက ဝင်ပေါက်တပေါက်ထဲသာရှိပါတယ်၊ အဲဒီဝင်ပေါက်က ခြေသုတ်၊အခင်းတွေ ဘေးဖယ်ပြီ မြေကြီးကိုတူးနေတာတွေရပါတယ်၊ တူနေသူကတော့ သန်းမြင့်အောင် ၏ လက်သပ်မွေးထားသေား တပည့် မွေးစားသား၊အသင်းသားဖြစ်တဲ့ သိန်းဇော် ပါ၊ သိန်ဇော် ကို ပါလုပ်ထာလဲ မေးလိုက်ပါတယ် မဖြေပါ၊ ဘေးမှ ပလပ်စတစ်အိတ် ကိုင်ထားတဲ့ အသင်းဝန်ထမ်းစာရေးက ပလပ်စတစ်အိတ်ကိုပြပါတယ်၊ ဒါကိုမြေမြုပ်ဖို့လို့ ပြောပါတယ်၊
ပလပ်စတစ်အိတ်ထဲကို ဖွင့်ကြည့်လိုက်တော့ ဓါတ်ပုံ-၁၀-ပုံခန့်ကိုတွေရပါတယ်၊
နာယက ဦးအောင်သင်း၊ ဥက္ကဌ ဦးမြင့်ဆွေ၊အတွင်းရေးမူ ဦးရဲမြင့်၊ဘဏ္ဍာရေးမူ မျက်ချယ်ကိုဝင်းနိုင်၊ အပါအဝင် အသင်းစတင်တည်ထောင်သူ(Pioneer) တွေရဲ့ ဓါတ်ပုံတွေပါ၊
ဝင်ပေါက်တပေါက်သာရှိတဲ့ အသင်းရုံး အပေါက်ဝမှာ လူတိုင်းခြေနဲ့နင်းအောင် လုပ်ထာပါပဲ။
ဓါတ်ပုံတွေက ဘယ်ကရသလဲဆိုရင် သန်းမြင့်အောင် ကအသင်းသားလျှောက်လွှာတွေကို ပြန်ကြားရေးတာဝန်ခံအနေနဲ့ တရာဝင်သိမ်းဆည်းပေးရပါတယ်၊ လျှောက်လွှာတင်တိုင်း
ဓါတ်ပုံ-၂-ပုံပေးရပါတယ်၊ အသင်းစတင်ထူထောင်သူတွေလဲ
အသင်းသားဖြစ်ဖို့ ဓါတ်ပုံ-၂-ပုံ နဲအတူ လျှောက်လွှာတင်ရပါတယ်၊ အဲဒီဓါတ်ပုံတွေကို အသုံးချ
အောက်လမ်းနည်းနဲ့ လုပ်ကြံတာဖြစ်ပါတယ်။
ကြုံတုံး ငွေကြေးကိစ္စ ပြောပါရစေ၊ သန်းမြင့်အောင် က ၂၀၀၉-သြဂုတ်လ-ထဲမှာ VOA (သို့) BBC လေလှိုင်းကနေ အသင်းမှာ ငွေကြေးအလွဲသုံးစားမူ တခါမှမရှိခဲ့ကြောင်း ပြောခဲ့လို့ပါ၊ ကျွန်တော်တို့ အတွင်းရေးမူအဖွဲ့ က ဝန်ထမ်း-၂၀-လောက်ကို ငွေကြေး အလွဲသုံးစားအမူ့နဲ အလုပ်ဖြုတ်ခဲ့ရပါတယ်၊ ဝန်ထမ်းထဲက အကြီးဆုံးဖြစ်တဲ့ အုပ်ချုပ်ရေးမူ-၂-ဦးပါပါတယ်၊ ပထမ တဦးမှာ ငွေသုံးသိန်ပါ အလုပ်တော့ဖြုတ်လိုက်တယ်၊ ငွေကိုတော့ ကိုကျော်သူ ကခဏစိုက်ရော်ပါတယ်၊ နောက်မှ ကျွန်တော်လိုက်တောင်းရတာပါ၊ နေ့၊ည သွားပြီးတောင်ရတာ တော်တော်တော့ ခက်သား ရမှပဲ နားပူသက်သာပါတယ်၊ ဒုတိယ တဦးကတော့ သူမိသားစုက ပေးပါမယ်လက်မှတ်ထိုးခိုင်းပြီး အလုပ်ဖြုတ်ခဲ့ရပါတယ်၊ ယဉ်မောင်းတယောက်ကတော့ အသင်းမှားပိုက်ဆံပြတ်နေပြီးဆိုပြီး၊ အင်းစိန်းဘက်မှာ ငွေကျပ်-၄၀၀၀- ၅၀၀၀-စီ လိုက်လံတောင်းလို့ ဖြုတ်ရတာပါ၊ ကျန်သူတွေကတော့ ဈာပန ချစဉ် ငွေ-၂၀၀၀- ၃၀၀၀- တောင်သူ နဲ့ ပေးလို့ယူတဲ့သူတွေပါ၊ ပေးလို့ယူသူကို ကျပ်-၅၀၀-လောက်ဆိုရင် မသိချင်ရောင်ဆောင် နေရပါတယ်၊ ပေးလို့ယူပေမဲ့-၁၀၀၀- ကျော်ရင်ဖြုတ်ပြစ်ပါတယ်၊ ဈာပန ပိုင်ရှင်တွေကို တပြားမှမပေးဖို့ ရှင်းလင်းပြောပြထားပြီးသားပါ။
ကျွန်တော်တို့ ဖြုတ်လိုမရခဲ့တဲ့သူတွေလဲရှိခဲ့ပါတယ်၊ အသင်းသား၊ အလုပ်အမူဆောင်တွေထဲကပါ၊
နာယက ဦးအောင်သင်း အပါအဝင် အသင်းစတင်တည်ထောင်သူတွေရဲ့  ဓါတ်ပုံတွေကို အသင်းအပေါက်ဝမှာ မြေမြုတ်ခဲ့တဲ့ အသင်းသား သိန်းဇော် ဟာအသင်းသားတယောက်ပါ သန်းမြင့်အောင် ၏လက်သပ်မွေးထားတဲ့ တပြည့်မွေးစားသားပါ၊ ဈာပနတခုကငွေ-၅၀၀၀-တောင်းတာသိပေမဲ့ ဈာပနပိုင်ရှင်က အလှူဘဲဆိုပြီး မပြောတာရယ် သန်းမြင့်အောင် က ကာဆီးကာဆီ လုပ်ထာကြောင့် မဖြုတ်နိုင်ခဲ့ပါ၊ နောက်မှ အသင်းမှာ မိန်းမ တော်တော်ရှုပ်လို့ ဖြုတ်ပြစ်ရပါတယ်၊ နောက်တဦးက အသင်းသားကနေ အသင်းမှား စာရေးဖြစ်သွားတဲ့ စာရေမတယောက်ပါ၊ သန်းမြင့်အောင် အသင်းမှာ လက်သပ်မွေးတပည့် မိုလို့-၈-တန်းလောက်ပဲရှိမယ်၊ စာရေးမခန့်လိုက်ရပါတယ်၊ လာလှူသူရှိရင်လဲ ငွေလက်ခ၊ံ အလှူခံဖြတ်ပိုင်းရေးပေးရပါတယ်၊ ဘဏ္ဍာရေးအဖွဲ့ အားလုံးအလုပ်အမူဆောင် အမျိုးသ္မီးတွေဖြစ်ပါတယ်၊ တနေ့တဦး တာဝန်ကျပါတယ်၊ ညနေပြန်ရင် တနေ့တာ အလှူငွေကို သိမ်းသွားရပါတယ်၊ ကျွန်တော်က ဘဏ္ဍာရေးမူ အပါအဝင်ဘဏ္ဍာရေးအဖွဲ့ဝင် အိမ်တွေမှာ တပါတ်တခါသွားပြီး အလှူငွေတွေကိုသိမ်းရပါတယ်၊ အားလုံးသိမ်းပြီး အသင်းရုံးပြန် စာရေးမဆီအားလုံး စာရင်းနဲ့အပ်ရပါတယ်၊ နောက်နေ့ မနက် ကျွန်တော်ဘဏ်ကိုသွားအပ်ရမှာပါ၊ စာရေးမ နဲ့  အုပ်ချုပ်ရေးမူက စာရင်လုပ်ပြီး ရုံးရှိမီခံသေတ္တာထဲမှာသိမ်းထားရပါတယ်၊ နောက်နေ့ ကျွန်တော်ဘဏ် အပ်မယ်ဆိုတော့ မီးခံသေတ္တာထဲမှငွေကို အုပ်ချုပ်ရေးမူ ထံမှစာရေးမ ထုတ်ယူပေးရပါတယ်၊ အဲဒီလိုပေးတိုင်း မကြာခဏ စာရင်းထဲကအတိုင်းမဟုတ်ပဲ ငွေကျပ်-၄၀၀၀၀-၅၀၀၀၀-(လေး၊ငါးသောင်း) ကွာနေတာတွေ့ရပါတယ်၊အဲဒီလိုဖြစ်တိုင်း ကျွန်တော်ငွေလိုက်သိမ်တာမှာလို့လား၊ ဘဏ္ဍာရေးအဖွဲ့ကပေးတာမှားလို့လား၊ ပြန်စစ်ဆေးရပါတယ်၊ စစ်တိုင်းကျန်သူတွေမမှားပဲ၊ စာရေးမ ငွေစာရင်းသွင်းတာ မှားနေတာကို မကြာခဏ တွေရပါတယ်၊ ကျွန်တော်တို့သာ စာရင်းတိတိကျကျမလုပ်ခဲ့ရင် ခံရမှာ၊ မဟုတ်တာလုပ်ထာသိပေမဲ့ မဖြုတ်နိုင်ခဲ့ပါ။
နောက် အလုပ်အမူဆောင်တွေဖြစ်တဲ့ မော်တော်ယဉ်အဖွဲ့ ပါ၊ မော်တော်ယဉ်(ကား) ဝယ်ယူရေး နဲ့ ပြင်ဆင်ရေး အတွက်ဖွဲပေးထားတာပါ၊ အဖွဲ့ထဲကတယောက် ကားပြင်လာတယ်ဆိုပြီး ငွေပေးရန်ပြေစာ တင်ပါတယ်၊ ကျပ်ငွေ တသိန်း ပေးရမှာပါ ကားကို ကျွန်တော်တို့ အတွင်းရေးမူအဖွဲ့ က ဆင်းစစ်ပါတယ်၊ တသောင်း ခန့်သာပေးရမှာကို တသိန်း တင်ထားတာတွေ့ရပါတယ်၊ သန်းမြင့်အောင် လူယုံဖြစ်လို့ အရေးမယူနိုင်ခဲ့ပါ။
နောက်အမူ့ကတော့တော်တော်ကြီးပါတယ်၊ ကားဝယ်တဲ့ကိစ္စပါ မော်တော်ယဉ် အဖွဲ့ကနောက်တဦးပါ၊ သူတို့အဖွဲ့ကိုကားဝယ်ယူဖို့ ဟိုင်လတ် ၅-ချိတ် ကားရှာခိုင်းထားတာမှန်ပါတယ်၊ လုပ်ထုံးလုပ်နည်းက ကား ၄-၅ စီးရှာပြီး ကားရာဇဝင် ကားရဲ့  အသေးစိတ်သပ်မှတ်ချက် (Specification) တွေ နဲ့ ကျွန်တော်တို့ အတွင်းရေးမူအဖွဲ့ ကိုတင်ရပါမယ်၊ ကျွန်တော်တို့ အဖွဲ့က စုံစမ်းစစ်ဆေးပြီး အပါတ်စဉ်ရှိတဲ့ အလုပ်အမူဆောင် အစည်းအဝေကို ဘယ်ကားဝယ်သင့်တယ်ဆိုတာ တင်ရတာပါ၊ အမြဲကားဝယ်တိုင် ဒီလိုဘဲစနစ်တကျ လုပ်ခဲ့ကြတာပါ၊
ဒီတခါလဲ မော်တော်ယဉ်အဖွဲ့က သန်းမြင့်အောင် ကိုပိုင်းသူတယောက်က ဟိုင်လတ်ကားရှာလာပြီး သန်းမြင့်အောင် ကိုသွားကပ်ပါတယ်၊ ကားအင်မတန်ကောင်းတယ်၊ မနက်ဖြန် ငွေချေရမယ် လက်လွတ်လို့ မဖြစ်ဘူပေါ့ ဒါကို သန်းမြင့်အောင် ကယုံတော့ ဝယ်ခွင့်ပြုလိုက်ပါ ငွေလဲမနက်ဖြန်ခါ ထုတ်ပေးလိုက်ပါ၊ အားလုံးက မကျေနပ်ပေမဲ့ လက်ခံလိုက်တယ်၊ နောက်နေ့မနက်ကြတော့ ဘဏ္ဍာရေးမူ ကသူတယောက်ထဲ ဘဏ်မှာငွေလိုက်ထုတ်ပေးရမှာ ဖြစ်နေလို့ ကျွန်တော့ကို ခေါ်ပါတယ် ကျွန်တော်လဲ အမကြီးတွေဖြစ်တဲ အတွက်ဘဏ်ကိုလိုက်သွားပါတယ်၊ ကျပ်သိန်း-၁၈၀-ထုတ်ပေးရမှာပါ၊ ကားရောင်းတဲ့ပိုင်ရှင်လဲပါပါတယ်၊ ငွေထုတ်ပြီး ပေးတဲ့အခါ ဘာတွေ့ရသလဲ ဆိုတော့ ငွေကိုအထုတ်ဘယ်လောက်ရှိတယ် ဆိုတာတောင်စစ်ဆေးခြင်မရှိဘူး အိတ်တွေထဲ အတင်း ထိုးသိပ်ထည့်ပြီး သွားတော့တာပဲ၊ ကျွန်တော်လဲ ရုံးပြန်ရောက်ရောက်ခြင်း အတွင်းရေးမူအဖွဲ့ ကိုခေါ် ကားကိစ္စစစ်ဆေးဖို့လုပ်ပါတယ်၊ ကားပွဲစားတန်းမှား စုံစမ်းတော့ ကျပ်သိန်း-၁၀၀-တောင်မတန်တဲ့ကားကို ကျပ်သိန်း-၁၈၀-ပေးလိုက်ရခြင်းဖြစ်ပါတယ်၊
ဒီကိစ္စမှာ မော်တော်ယဉ်အဖွဲ့က ကားဝယ်သူ၊ ဝယ်လိုက်ပါ နောက်နေ့ ငွေထုတ်ပေးလိုက်ပါဆိုသည့် သန်းမြင်အောင် တို့ ဘာမှအရေးယူလို့မရပဲ အစည်းအဝေးဆုံးဖြတ်ချက်မရှိပဲ ငွေထုတ်ပေးလို့ဆိုပြီး အပါတ်စဉ် အလုပ်အမူဆောင် အစည်းအဝေးမှာ ဘဏ္ဍာရေမူ ဖြစ်တဲ့ အမကြီးတယောက် မျက်ရည်စက်လက်နဲ့ဘဏ္ဍာရေမူ က ဖြုတ်ခံလိုက်ရပါတယ်၊ ခုတ်ရာတခြားထစ်ရာတခြားပါ၊ ငွေကြေး နဲ့ ပါတ်သက်ရင် သန်းမြင်အောင် ကို လုံးဝမယုံပါ၊
၂၀၀၉-သြဂုတ်လထဲမှာ၊ VOA (သို့) BBC မှ လေလှိုင်း မှ ကြေငြာပါတယ်၊ အသင်းအဖွဲ့တွေရဲ့  ငွေကြေး အလွဲသုံးစားမူကိုဆွေနွေးမူမှာပါ၊ အသင်းစတင်တည်ထောင်သူ၊ နာရေကူညီမူအသင်း(ရန်ကုန်) ၏ အတွင်းရေးမူ ဒေါ်သန်းမြင့်အောင် မှ နာရေးကူညီမူအသင်း(ရန်ကုန်)၏ ငွေးကြေး သုံးစွဲမူနဲ့ ပါတ်သက်၍ ပြောပါလို့ပြောတဲ့အခါ၊ မိုလုံးပါတ်လည် လိမ်ပြီး၊ လေလှိုင်ပေါ်က တခါမှ ငွေကြေးအလွဲသုံးစားမူ မရှိကြောင်း ပြောသွားပါတယ်၊ တတိုင်းပြည်လုံးကို လိမ်ရဲတာပါ၊ မိမိတို့ အပြစ်တွေဖုံးကွယ်ဖို့ နာရေးကူညီမူအသင်(ရန်ကုန်) ၏ နာရေးအလှူငွေကျပ်သိန်း-၆၀၀-(သိန်းခြောက်ရာ) ခန့် ကို ၂၀၀၆-ခုနှစ်မှာ ဘိုးဘွားပိုင်ပစ္စည်း ပေးသလို တိတ်တိတ်ပေးခဲ့တာကို အလှူရှင်များကိုအသိပေးခြင်း၊ ပြည်သူများအားကြေငြာခြင်းမရှိသေပါ၊ ရာဇဝတ်ပြစ်မူ့ ကြီပါ၊ မင်းက သိန်းခြောက်ရာ အလွဲသုံးစားလုပ်ထာသိရက် နဲ့ ဘာကြောင့် သက်ဆိုင်ရာကို မတိုင်သလဲ မေးရင်တိုင်ဖို့ ကြိုးစာပါတယ်၊ အသင်ကိုငွေလှူ ကားလှူ ထားတဲ့ ညောင်ပင်လေးဈေးကဈေးလူကြီးတွေကလဲ မကျေနပ်ပါဘူး၊ သူတို့က မင်မှားငွေကျပ်သိန်း-၂၀၀-လောက်ရှိမှ တိုင်လို့ရမယ်၊ ပြောပါတယ်၊ စိတ်လျှော့ခဲ့ရပါတယ်၊ သန်မြင့်အောင် တို့က အသင်းနာရေးအလှူငွေ နဲ့ တရားရင်ဆိုင်မှာ၊ တယောက်ခံသွားရတာကို သိထာပါတယ်၊
သန်းမြင်အောင် တို့ ရန်ကုန်တိုင်းတရားရုံးမှာ တရားစွဲခံရတော့ နာရေးအလှူငွေတွေသုံးပြီး၊ သိန်းချီတန်တဲ့ ဆွဲချင်း တရာသူကြီးကို မကြာခဏပို့ပေးရပါတယ်၊ ကျွန်တော်ကိုတိုင် တရားရုံး အမြဲသွားပေးရလိုသိတာ၊ တဖက်လူမှာတော့ ခေါင်တွေဖြူပြီး လမ်းတောင်မလျှောက်နိုင်တော့ပါ၊ သန်းမြင့်အောင် တို့ကတော့ နာရေးအလှူငွေတွေ နဲ့ တရားရင်ဆိုင်ရလို့ အပြုံးမပျက်ပါ။
ဆရာဦးသုခ ကိုအသုံးချတာနဲ့ ပါတ်သက်လို့ ပြောရမယ်ဆိုရင်၊ ဆရာဦးသုခ ကိုအသင်းစတင်တည်ထောင်သူ တွေက နာယက တင်မြောက်ထားတာပါ၊ ဆရာဦးသုခ ဟာ မြန်မာပြည်၏ တန်ဖိုးမဖြတ်နိုင်သော ပညာရှိကြီး တဦးဖြစ်ပါတယ်၊ မျက်စိမမြင် နားသိပ်မကြား ရပေမဲ့ အသိ နဲ့ သတိ အမြဲရှိနေတာတွေ့ရပါတယ်၊ ဆရာဦးသုခ ပြောတာရှင်းရှင်း လေးပါ၊ ငါ့မှာ နားနှစ်ဖက်ရှိတယ်၊ မင်းတို့ပြောဒါကို ဒီဖက်နားနဲ့နားထောင်မယ်၊ သူတို့ပြောတာ ကို ဒီဖက်နားနဲ့နားထောင်မယ်၊ နားနှစ်ဖက်ကိုပြပြီး၊ နားနှစ်ဖက်နဲ့နားထောင်မယ် ပြောတာပါ၊ ဘဘအမွေပေးခဲ့တယ် ဆိုတာတွေ၊ ဘဘကခိုင်းလို့လုပ်ရတယ်ဆိုတာ တခုမှမဟုတ်ပါဘူး၊ လိမ်တာတွေပါ ဆရာဦးသုခ ကိုအသုံးချတာပါ။
၂၀၀၃-ခုနှစ် နှစ်ပါတ်လည် မတိုင်ခင် တလလောက် အလိုမှာ ကိုကျော်သူ၊ သန်းမြင့်အောင်၊ မြင့်မြင့်ခင်ဖေ (ခေါ်) ရွှေဇီးကွက်၊ ကျွန်တော်တို့ ဒဂုံသီရီလမ်း ကျောက်မြောင်းမှာရှိတဲ့ အမကြီးဒေါ်ဌေးဌေးနိုင် အိမ်မှာညနေ လျှိုဝှက် အစည်းအဝေး လုပ်ကြတော့၊ ဦးစန်းမြင့် ဆိုသူအပါအဝင် လူ ၁၁-ယောက်ဖိတ်ထားတာတွေ့ရပါတယ်၊ အဲဒီလူတွေကို သန်းမြင့်အောင် က ကျွန်တော်ကိုမိတ်ဆက်ပေးပါတယ်၊ ဥက္ကဌ ဦးမြင့်ဆွေ မှ လပါတ် အစည်းအဝေး မှာ အသင်းသားအသစ် လျှောက်လွှာ ကိစ္စတရားဝင် ရပ်ဆိုင်းထားဖို့၊ ပြောထားသော်လည်း၊ ထိုနေ့က အသင်းသားလျှောက်လွှာ ထိုသူ ၁၁-ဦး အတွက်ထုတ်ပေးလိုက်ဖို့ပြောပါတယ်၊ အဲဒီနေ့ကစပြီး မိမိတို့ကိုထောက်ခံမည့် အမာခံ လူ-၆၀-ခန့်ကို၊ တရားဝင် လျှေက်လွှာ ရပ်ဆိုင်းထားသော်လည်၊ အသင်းဝင်လျှောက်လွှာထုတ်ပေးပြီးစုဆောင်းထားခဲ့ပါတယ်၊ ဦးစန်မြင့် လေတပ်ထွက်ပါ အရာရှိတော့မဟုတ်ပါ နိုင်ငံခြား အလုပ်ရှာပေးရေး ပွဲစားလုပ်သူပါ၊ ကြံ၊ဖွတ် အသင်ဝင်လက်မှတ် ကိုင်ဆောင်ထားပါတယ်၊ ကျွန်တော့ဘဝမှား ကိုကျော်သူ အကြောင်း မကောင်းတာတွေသိထားပြီး ပြောတာ သူတဦးဘဲတွေဘူးပါတယ်၊ သန်းမြင့်အောင် ကို ဦးစန်းမြင့် ရုံးခန်းမှား မကြာခဏ တွေ့ရပြီး၊ သမက်ကို သင်္ဘောတင်ပေးဖို့ အတွက် သန်းမြင့်အောင် က ဦးစန်းမြင့် ကိုနောက်ပိုင်း အတွင်ရေးမူနေရာပေးခဲ့ပါတယ်၊ ကိုကျော်သူ ကိုတော့ ကျွန်တော် ကြိုတင်အသိပေးခဲ့ပါတယ်၊ ခင်ဗျားကို ဖြုတ်လိမ့်မယ်လို့၊ ၂၀၀၆- ကိုကျော်သူ 88-နှစ်ပါတ်လည် သွားတော့ အစိုးရက နာရေးကူညီမူအသင်း(ရန်ကုန်)၏ သတင်းစာ ထဲထည့်မူပိတ်ပင်ခဲ့ပြီ၊ ဦးစန်းမြင့် ကလည်း ကိုကျော်သူ ကိုဖြုတ်ဖို့ ဥက္ကဌ အပါအဝင် အားလုံးကိုစည်ရုံးပြီးပါပြီ၊ အသင်းသားတွေ လက်မခံလို့ ကိုကျော်သူ မပြုတ်ပဲ ဦးစန်းမြင့် အသင်းကထွက်သွားရပါတယ်၊ ဦးစန်းမြင့် ကဘာကြောင့်ဖြုတ်သလဲဆိုရင် အသင်းဟာ မှတ်ပုံတင်ရထားပြီး ပြည်ထဲရေးဝန်ကြီးဌာနမှာ နိုင်ငံရေးမလုပ်ပါဟု လက်မှတ်ထိုးထား၍ အခွင့်သာတုံး လုပ်လိုက်ထာဖြစ်ပါတယ်။
နာယက ဦးအောင်သင်း အပါအဝင် အသင်းစတင်တည်ထောင်သူတွေ၊ ကျွန်တော်တို့ ဒီဘက်က လုပ်နေတာတွေကို မသိဘူလား၊ အဒီတုံးကသူတို့ လုံးဝမသိခဲ့ပါဘူ၊ သူတို့ကလုံးဝစိတ်မဝင်စားဘူး၊ သူတို့သာ တရာဝင်အသိအမှတ်ပြုထားသည့် အသင်းသားစာရင်ကိုစိတ်ဝင်စားရင် ကျွန်တော်တို့မနိုင်ပါ၊
ကျွန်တော် အဲဒီတုံးက သေသေချာချာ တွက်ကြည့်ခဲ့ပါတယ် သူတို့ကိုထောက်ခံသူက ၁၀-ဦလောက် မျာနေတာတွေ့ ရပါတယ်၊ တရားဝင်အသိအမှတ်ပြု အသင်းသာ-၉၀-ရှိပါတယ်၊
အသင်းစတင်တည်ထောင်သူ တွေကလဲ သူတို့နည်း သူတို့ဟန် နဲ့ အပိုင်လုပ်ထားကြပါတယ်၊ ဘယ်လောက်တောင် အပိုင်ကြံထားသလဲဆိုရင်၊ အစည်းအဝေးလုပ်တဲ့နေ့က ကျွန်တော်တို့အားလုံး ပါးစပ်အဟောင်းသားနဲ့ မေ့ပြီး ငြိမ်၍ ငိုင်သွားကြပါတယ်၊ တဒင်္ဂ ဘာလုပ်၍ ဘာလုပ်ရမှန်း မသိ ဖြစ်သွားကြပါတယ်။
အဲဒီမှာ ဝါရင့်တာက (သဘာက) စကားပြောပါတာ၊ ကျွန်တော်တို့ လုပ်ထားတာတွေ ဘာမှလုံးဝမသိခဲ့တဲ့၊ ဆရာဦးအေးသန့် ကစကားစတင် ပြောခဲ့ပါတယ်။
တခုတော့ပြောပါရစေ၊ ကိုကျော်သူ၊ မြင့်မြင့်ခင်ဖေ(ခေါ်)ရွှေဇီးကွက်၊ ကျွန်တော်တို့ ဟာ၊ လုပ်အားပေး(Volunteer)နေရင်းနဲ့ ၂၀၀၂-နှစ်ကုန်ပိုင်းမှား အသင်းသား ၉၀-အသိမှတ်ပြုတော့မှ၊ အသင်းသားဖြစ်လာကြတာ ဖြစ်ပါတယ်၊ သန်းမြင့်အောင် က ကျွန်တော်တို့ အသင်းရောက်ချိန်မှာ၊ အသင်းစတင်တည်ထောင်သူများက ယုံကြည်၍ အသင်း၏ပြန်ကြားရေးတာဝန်ခံ၊ လုပ်ကိုင်နေပြီ ဖြစ်ပါသည်၊ အားလုံးဟာ လူယုံသတ်ထာ ခံလိုက်ရတာပါ၊ ကိုကျော်သူ ကို၊ ဦးစန်းမြင့် ဖယ်ရှားဖို့ ကြိုးစားတုံးက အောင်မြင်ခဲ့လျှင် ယနေ့ သန်းမြင့်အောင် အသင်ကြီး၏ ဥက္ကဌ ဖြစ်နေပါပြီ။
သန်းမြင့်အောင် တာဝန်က အသင်းပြန်ကြားရေးတာဝန်ခံဖြစ်သည့်အတွက် အသင်းသား ၉၀-၏ စာရင်းကို လက်မှတ်ထိုး သိမ်းဆည်းထားရပြီ၊ ထိုအသင်းသားစာရင်း အတိုင်း ၂၀၀၃-ခုနှစ် အသင်းနှစ်ပါတ်လည် ညီလာခံအတွက် ဖိတ်စာပေးဝေရမည်ဖြစ်ပါသည်၊ သို့သော် အသင်းသားစာရင်း တွင်ပါသော၊ အသင်းစတင်တည်ထောင်သူတွေကို၊ ထောက်ခံမည့်သူများကို၊ လုံးဝဖိတ်စာပေးဝေခြင်း မလုပ်ပဲ၊ မိမိတို့ အကြံအဖန် လုပ်ထားသော အသင်းသား အတု(ဦးစန်းမြင့် အပါအဝင်)များကို ဖိတ်စာပေး၍၊ နှစ်ပါတ်လည် ညီလာခံကို တက်ရောက်ရန် ဖိတ်ခေါ်ထားခဲံပါသည်။
၂၀၀၃-ခုနှစ် နှစ်ပါတ်လည် အစည်းအဝေးကို နေ့လည် ၁-နာရီမှာ စတင်မှာဖြစ်ပါတယ်၊ အသင်းစတင်တည်ထောင်သူများ ဖြစ်သည့်၊ ဦးအောင်သင်း ခေါင်ဆောင်သည့် နာယက များနှင့် အဖွဲ့ ဟာ၊ သြဝါဒ ဆရာတော်များဖြစ်သည့် ဗဟိုသံဃာနာယကအဖွဲ့  ဒုဥက္ကဌ အောင်မြေဘုံစံကျောင်းဆရာတော် နှင့် ချမ်းမြေ့  ဆရာတော်တို့ကို သူတို့ကားဖြင့် ပင့်ဆောင်လာပါတယ်၊ သင်္ဃာန်းကျွန်းမြိုနယ် သံဃာနာယက ဥက္ကဌ ဆရာတော်နှင့် အသင်းရုံးတည်ရှိရာ၊ ဓမ္မဝိဟာရကျောင်းတိုက်ဆရာတော်တို့ကိုလဲ ပင့်ဆောင်ပြီး ဖြစ်ပါသည်။
ကျွန်တော်တို့ ကလဲ ကျွန်တော်တို့် အသင်းသားအစစ်-၄၀-နှင့် အသင်းသားအတု -၆၀- အပြင် သန်းမြင့်အောင် က သူထူထောင်ထားသော အခမဲ့ -၁၀-တန်းကျောင်းမှ ကျောင်းသား လူငယ် -၂၀-ကို လည်း ခေါ်ထားသည့်အတွက်၊ အစီးအဝေးခန်းမထဲတွင်၊ ကျွန်တော်တို့ကိုထောက်ခံမည့်သူ၊ ၁၂၀-ရောက်ရှိနေပြီဖြစ်ပါတယ်၊ အမှန်က တရားဝင်အသိအမှတ်ပြုထားသော အသင်းသား -၉၀-သာ ရှိနေရမည် ဖြစ်ပါသည်။
ထုံစံအတိုင်း အခန်းအနားစတင်ကြောင်း ကြေငြာပြီး၊ သြဝါဒ ဆရာတော်ကြီးများကို၊ ဦးသုံးကြိမ်ကတော့ ပါတယ်၊ နောက် ဗဟိုသံဃာ့နာယက ဒုတိယ ဥက္ကဌ အောင်မြေဘုံစံကျောင်းဆရာတော်ကြီးမှ သြဝါဒ ပေးပါတယ်၊ ပြီးတဲ့အခါမှာတော့ သြဝါဒဆရာတော်တပါးဖြစ်တဲ့ ချမ်းမြေ့ ဆရာတော်ဘုရား ကအသင်းကြီးကို စတင်တည်ထောင်သူ နာယက ကြီးများမှ ဆရာတော်ထံ လျှောက်ထား ပေးအပ်ထားသော စာကိုဖတ်ပြမည်ပြော၍၊ ချမ်းမြေ့ ဆရာတော်ဘုရား ကိုယ်တိုင်း ထိုစာကို ဖတ်ပြပါတယ်၊ "အသင်းစတင်တည်ထောင်သူ နာယက ကြီးများမှ အသင်းကိုပြန်လည် ပြုပြင် ပြင်ဆင်ရန်ရှိပါ၍၊ နောက် -၆-လကြာမှ အသင်းသားများ အနေ နဲ့ အသင်းကြီး နဲ့ ဆက်သွယ်ကြပါရန်"၊ဖြစ်ပါသည်၊ အစည်းအဝေးခန်မထဲမှာ ထောက်လှမ်းရေးတွေလဲ ရှိပါတယ်။က
( ယခု ချမ်းမြေ့  ဆရာတော်ဘုရား၊ USA ရောက်နေပါသည်၊ မေးကြပါ။)
အမှန်ကတော့ သူတို စတင်တည်ထောင်သည့် အသင်း သူတို့ပြင်ဆင်ဒါ ဘာမှမတတ်နိုင်ပါ၊ ကျွန်တော်တို့ အားလုံး အရာရာကို မေ့ပြီး ငိုင်သွားကြပါတယ်၊ ဘာမှမလုပ်နိုင်တဲ့ အခြေအနေ ရောက်သွားပါတယ်၊ အသင်းစတင်တည်ထောင်သူ နာယကကြီးများက၊ ကျွန်တော်တို့မထင်တာ နဲ့ အပိုင်လုပ် လိုက်ထာဖြစ်ပါတယ်၊ ဒါကြောင့်လဲ သူတို့ အသင်းသားစာရင်းကို လုံးဝစိတ်မဝင်စားတာဖြစ်ပါတယ်၊ အမှန်တော့ ကျွန်တော်တို့ အားလုံးဟာ သူတို့ခွင်ပြုလို့ အသင်းမှား ကုသိုလ်ယူဖို့ လုပ်အားပေးလို့ရတယ်၊ သူတို့ခွင့်ပြုလို့ဘဲ အသင်းသား ဖြစ်ခွင့်ရခဲ့တာပါ၊ ဆရာဦးအောင်သင်း ပြောဘူးပါတယ်၊ "ငါတို့အသင်းကို ဘယ်သူမဆို ခွဲခြားမူ မရှိဘဲ လမ်လျှောက်ဝင်လို့ ရတယ်"၊ ဆိုတာပါဘဲ။
အမှန်အတိုင်းပြောရရင် ကျွန်တော်လဲ အသင်းကြီး၏ရည်ရွယ်ချက်ကိုကြိုက်လို့ အသင်းတွင် အသိမရှိ
လမ်းလျှောက်ဝင်လာပြီး လုပ်အားပေးခဲ့သူ တယောက်သာဖြစ်ပါတယ်၊ ကျွန်တော်မှာ ပါအုပ်စုမှမရှိပါ၊ ကျွန်တော်၏ အသင်းတွင် ပါဝင်လှုပ်ရှားမူတွေကို၊ သန်းမြင့်အောင် တို့ကတွေပြီး သူတို့ဖိတ်လို့ သူတို့ လျှိုးဝှက်တွေ့ဆုံရာ၊ ဒဂုံသီရိလမ်း၊ ကျောက်မြောင်းက အမကြီး ဒေါ်ဌေးဌေးနိုင် အိမ်ကိုဖိတ်ခေါ်လို့ ရောက်ခဲ့ရတာ ဖြစ်ပါသည်၊ ကျွန်တော့ အသိစိတ်ကတော့ ကိုကျော်သူ အသင်းတွင်နေရာတခုခုရရင် အသင်းကြီးတိုးတက်မယ်လို့ ယုံကြည်လို့ ဖြစ်ပါတယ်၊ အသင်းကြီးကို အပိုင်စီးဖို့၊ အသင်းကို မိမိတို့စတင်တည်ထောင် တယ်လို့ လိုက်အော်နေသည့်၊ အဆင့်အထိ ပြု့ လုပ်လိမ့်မည်ဟု လုံးဝမထင်ခဲ့ပါ။
ချမ်းမြေ့  ဆရာတော်၏ ဖတ်ပြသောစာအရ ကျွန်တော်တို့အားလုံး၊ ငြိမ်သွားကြပါတယ် ပါစပ်တောင် မဟနိုင်ကြပါ၊ အဲဒီမှာ အတွေ့ အကြုံ(သဘာ)ရှိပြီး ကျွန်တော်တို့လုပ်ထားတာတွေ ဘာမှလုံးဝ မသိတဲ့ ဆရာဦးအေးသန့် က ဆရာတော်ကြီးများကို လျှောက်ထားပါတယ်၊ အသင်းကြီး ကောင်းစွာလည်ပါတ်နေပြီး ဖွဲ့စည်းပုံ လည်းရှိတယ်၊ တရားဝင် မသိအမှတ်ပြုထားသည့် အသင်းသားတွေလဲရှိတယ်၊ ပြင်ဆင်ဖွဲ့စည်းဖို့ လိုအပ်ပါသလား၊ လို့လျှောက်ထားပါတယ်၊ အဲဒီမှာ ကျွန်တော်လည်း သတိရပြီး ဆရာတော်ကြီးများကို၊ အသင်းသားတွေ၏ အဖြေကိုလည်းကြည့်ပေးပါ လို့လျှောက်ထားပြီ၊ နာယကကြီးများ၏ အသင်းပြန်လည်ပြင်ဆင်မူကို ကန့်ကွက်ရင်ထကြပါလို့၊ အသင်းသားများဖက်ကိုပြောလိုက်ပါတယ်၊ အားလုံးထကြပါတယ်၊ အားလုံးထကြသည့်အပြင်၊ သန်းမြင့်အောင် ခေါ်ထားသည့် လူငယ်တွေက ငွေတသိန်းအလွဲ သုံးစားလုပ်သည့် ဦးအောင်သင်း ထွက်သွားလို့ ဝိုင်းအော်ကြပါတယ်၊ လူငယ်တွေ ဦးအောင်သင်း ကိုဝိုင်းအော်လို့ ရုတ်ရုတ်သဲသဲ ဖြစ်သွားပါတယ်၊ အသင်းစတင်တည်ထောင်သူ နာယက ကြီးတွေ အသင်းစတင်တည်ထောင်သူတွေ ဟာ ရုတ်ရုတ်သဲသဲ ဖြစ်ထာကိုလန့်ပြီး ဆရာတော်ကြီးများကို ပြန်လည်ပင့်ဆောင်၍ အစည်းအဝေးခန်းမမှ ပြန်လည်ထွက်ခွာသွားကြပါတယ်။(အားလုံးကို ဗွီဒီယို ရိုက်ထာပါတယ်)
မမျော်လင့်ဘဲ အသင်းကြီးကို လွယ်လွယ်နဲ့ ရရှိခဲ့တာဖြစ်ပါတယ်၊ အစည်းအဝေးခန်းမထဲမှာ ထောက်လှမ်ရေး တွေလဲရှိပါတယ်၊ အစည်းအဝေးခန်းမထဲမှာ၊ ကျွန်တော်တို့လူတွေဘဲရှိပါတော့တယ်၊ ကျွန်တော်တို့အားလုံး အစည်းအဝေး ဆက်လုပ်ပြီး အသင်းသားအစစ်ထဲက အမြဲတမ်း အသင်းကြီးမှာလုပ်အားပေနေတဲ့ အသက်-၆၀ကျော် ထဲက အငြိမ့်စား ကျောင်အုပ်ဆရာကြီးတဦး၊ စာတတ်ပေတတ် ဘုန်းကြီးလူထွက်တဦး၊ အငြိမ့်စားတပ်မတော်သားတဦး တိုကို နာယက တင်ပြီး၊ ဆရာဦးအေးသန့် ကို ဥက္ကဌ တင်ပါတယ်၊ ကိုကျော်သူ က ဒုဥက္ကဌ၊ ကျန်သူတွေလဲ အသီးသီး နေရာတွေယူကြရပါတယ်၊ သန်းမြင့်အောင် ကတော့ ဒုံရင်းဒုံရင်း ပြန်ကြားရေးတာဝန်ခံ ဘဲရပါတယ်၊ သန်းမြင့်အောင် ၇-တန်းတောင် မအောင်ပါဘူး၊ ကျွန်တော်ရှိရင် အတွင်းရေးမူ ရာထူးမပေးပါ၊ အတွင်းရေးမူ ဆိုတာ သူနေရာနဲ့သူ ဝင်ဆံဖို့လိုပါတယ်၊ သူ့ခင်ဗျာ နောက်-၅-နှစ်လောက် အမျိုးမျိုးလှည့်ပါတ် ကလိန်စေ့ငြမ်းဆင် ပြီးမှ ခုလုပ်နေတဲ့ အတွင်းရေးမူ ရာထူးရတာပါ၊ ပညာတတ်တွေကို အပြစ်ရှာ ဖယ်ရှားပြစ်လို့ တယောက်မှမရှိတော့ပါ၊ မဟုတ်မတရားတာတွေလုပ်ရတာ ပင်ပန်းလိုက်ထာဗျာ၊ နောက်နေ့မှာ အသင်းကြီးကို ပြန်လည်အသစ်ဖွဲ့ စည်းကြောင်း သတင်းစာများမှာ ထည့်လိုက်ပါတယ်၊ အဲဒီအချိန်ကစပြီး အသင်းကြီး ကျွန်တော်တို့ လက်ထဲ ရောက်ရှိခဲ့ပါတော့သည်၊ အသင်းစတင်တည်ထောင်သူတွေလဲ အနားတောင်မကပ် နိုင်တော့ပါ။
ထောက်လှမ်းရေးက တိတ်တဆိတ် ထောက်ခံသည်အတွက် ပြည်ထဲရေးဝန်ကြီးဌာနက ကျွန်တော်တို့ လက်ထက်မှာ အသင်းမှတ်ပုံတင်ခွင့် ရရှိခဲ့ပါတယ်၊ ကျွန်တော်တို့ အားလုံးကို အထင်သေးသည့်အတွက် မြန်မာပြည် အနှံ့ သွားရောက်၍ နာရေးကူညီမူ လူမူ့ရေးအသင်းအဖွဲများကို၊ ဖွဲ့စည်းပေးနိုင်ခဲ့ပါတယ်၊ ထောင်ချီရှိတဲ့ လူထုကို ဟောပြောပွဲတွေ၊ လုပ်နိုင်ခဲ့ပါတယ်၊ မြို့ တိုင်း၊ ရွာတိုင်းမှာ ဘယ်သူမှ မတားဆီး ကြပါ၊ ဒီလို အောင်မြင်မူ အတွက်၊ ဗိုလ်ချုပ်ကြီး ခင်ညွန့် ၏ ဆုလာဒ် များကို ရရှိခဲ့ပါသည်။
(ဗိုလ်ချုပ်ကြီး ခင်ညွန့် ၏ ဆုလာဒ်၊ နာရေးပုံပြင်များ(၉) ကိုဆက်လက်ဖတ်ရှုပါ)
မှတ်ချက်။ ။ နာရေးကူညီမူအသင်း(ရန်ကုန်) နဲ့ပါတ်သက်လို့ ကျွန်တော်ရေးနေတာတွေကို၊ တာဝန်ယူနိုင်သလို၊ ပြည်တွင်းမှား လူသက်သေ၊ စာရွက်စာတန်း၊ တရားရေးဌာန(ရန်ကုန်တိုင်း)၊သတင်းစာများ၊ ဓါတ်ပုံ၊ VCD, ဗွီဒီယို. မှတ်တမ်းများ နဲ့ သက်သေပြနိုင်ပါတယ်၊ ပြည်ပမှာ သူတို့ကိုထောက်ခံတဲ့၊သတင်းဌာန တွေ၊ အုပ်စု(Group)၊ အသိုင်းအဝိုင်း၊ တောင့်တင်းသလို၊ ပြည်တွင်းမှာလဲ၊ ပြည်သူလူထု ထောက်ခံမူ့ အရဆုံးအသင်းကြီး ဖြစ်ပါတယ်၊ အသိုင်းအဝိုင်းတောင့်တင်ပါတယ်၊ စစ်အစိုးရကိုယ်တိုင်လဲ၊ လျှိုဝှက်ထောက်ခံလျှက် ရှိပါတယ်၊ ကျွန်တော်မှားလျှင်၊ စိစိညက်ညက် ကြေသွားမှာပါ၊ ကျွန်တော် ကိုယ်တိုင် အမှန်တကယ် ဦးစီးဦးဆောင်၊ လုပ်ခဲ့ရတာတွေ၊ ကိုရေးတာပါ၊ ကျွန်တော် ပြည်ပ (USA) မှာ ရောက်ရှိနေပါတယ်၊ ပညာရေး၊ စီးပွားရေး၊ အလုပ်အကိုင်း အခွင့်အလှမ်းတွေ၊ အားလုံးကိုကောင်းစွာ ခံစားနေရပါတယ်၊ ကျွန်တော်တို့၊ အသုံးချခဲ့သော၊ အသင်းသားအစစ်၊ အကြံအဖန်၊ လုပ်ခဲ့သော၊ အသင်းသားအတု၊ အသင်းစတင်တည်ထောင်သူ၊ အသင်းကြီးကို၊ အကျိုးပြုခဲ့သူ၊ အားလုံးဟာ၊ အမှန်တရားကို ဖေါ်ထုတ်ဖို့ အခွင်မသာဘဲ၊ အသင်းကြီး၏ ဘေးမှား ငေးမောကြည့်နေရြုပီး၊ ကျန်ခဲ့သည့်၊ လက်ငါးချောင်တောင် ရည်တွက်လို့ မရတဲ့၊ သန်းမြင့်အောင် ဦးဆောင်တဲ့ သူတွေက၊ မိမိတို့ အသင်းကိုစတင်တည်ထောင်သလိုလို ဝါဒဖြန်ပြီး၊ ပုံဖေါ်ပြီး၊ နေသည့်အတွက်၊ မြန်မာပြည်တွင်၊ တိုက်ပွဲဝင်နေသော၊ အသင်းသား၊ အစစ်၊အတု၊ အသင်းစတင်တည်ထောင်သူ အားလုံးအတွက်၊ ကျွန်တော် ဦးစီးဦးဆောင် လုပ်ခဲ့ရသည်များကို၊ အမှန်တရားအတွက်၊ ဝန်ခံရေးသားနေခြင်း၊ ဖြစ်ပါသည်၊ ကျွန်တော် ၏ ရည်ရွယ်ချက်အတိုင်း၊ အများပြည်သူပိုင်ဆိုင်သည့်၊ အသင်းကြီး၊ ဖြစ်ဖို့ပါဘဲ။ (ရွေးကောက်ပွဲ မတိုင်ခင် အပြီးရေးမှာပါ)။
Read More...
Blog Widget by LinkWithin