ဤမှာမြေပြင် မြစိမ်းဆင်လျှက် ကောင်ကင်မိုးဝယ် နီလာချယ်၍ အိုဘယ့်လူသား နှစ်ရောင်ကြားဝယ် ခန့်ညားပေစ ခန့်ပေစ၊

Wednesday, March 6, 2013

"စိတ်ကို ဂရုစိုက်ပါ"

.
 
 
"စိတ်ကို ဂရုစိုက်ပါ"
••••••••••••••••••••
အခါတပါး၌ အနာထပိဏ်သူဌေးသည် မြတ်စွာဘုရားထံသို့ ဆည်းကပ်လာ၏၊ ထိုအခါ မြတ်စွာဘုရားက အနာထပိဏ်သူဌေးအား ဤသို့မိန့်ကြားတော်မူသည်။

ဒါယကာ၊ စိတ်ကိုမစောင့်ရှောက်လျှင်
... ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှု၊ ( ကိုယ်မှု၊ နှုတ်မှု၊ စိတ်မှု )
များလည်း မစောင့်ရှောက်သည်ပင် မည်၏၊

မစောင့်ရှောက်ဘဲထားသော ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှုများသည် မကောင်းသောတရားဖြင့် စိုးစွတ်၏၊
မကောင်းသောတရားဖြင့် စိုစွတ်သော ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှုများသည် ပုပ်ဆွေး၏။
ယင်းသို့ပုပ်ဆွေးနေသော ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှု ရှီနေသောသူ၏ သေခြင်းသည် ကောင်းသော သေခြင်း မဖြစ်နိုင်။

ဒါယကာ၊ စိတ်ကို ( လွှတ်မထားဘဲ ) စောင့်ရှောက်လျှင် ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှုများလည်း စောင့်ရှောက်အပ်သည်ပင် မည်၏။
စောင့်ရှောက်အပ်သော ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှုသည် မကောင်းသောတရားဖြင့် မစိုစွတ်ချေ။
မကောင်းသောတရားဖြင့် မစိုစွတ်သော ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှုသည် စင်ကြယ်လတ်ဆတ်၏။
ယင်းသို့ စင်ကြယ်လတ်ဆတ်သော ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှု ရှိနေသောသူ၏ သေခြင်းသည် ကောင်းသော သေခြင်း ဖြစ်၏။

( တိကအင်္ဂုတ္တိုရ်၊ တတိယပဏ္ဏာသက ၁-သမ္ဗောဓ၀ဂ်၊ ၇-အရက္ခိတသုတ် )

No comments:

Post a Comment

Blog Widget by LinkWithin