ဤမှာမြေပြင် မြစိမ်းဆင်လျှက် ကောင်ကင်မိုးဝယ် နီလာချယ်၍ အိုဘယ့်လူသား နှစ်ရောင်ကြားဝယ် ခန့်ညားပေစ ခန့်ပေစ၊

Thursday, September 26, 2013

ကျော်သူ တို့ သားအဖ စစ်အစိုးရလက်ထက်မှာ ရုပ်ရှင်ကောင်စီမှာ လုပ်ခဲ့သည်မှတ်တမ်းပါ ကိုဇာဂနာ ရေးထာတာပါ.....ထောက်လှမ်းရေးခင်ညွန့် ပြုတ်ပြီးမှပြုတ်ထာပါ။

.၁၉၈၈ ကနေ ၂၀၁၃ ထိ ငွေရတာ တိုင်အောင်ပျက်လာတဲ့ ရုပ်ရှင်လောက ဟာ စစ်အစိုးရကြောင့်ဆိုတာခုထိ မပြောရသေးကြပါကလား။အဲဒါနံပါတ်(၁)အဖြေ။၁၉၈၈ ကနေ ၂၀၁၃ ထိ ငွေရတာ တိုင်အောင်ပျက်လာတဲ့ ရုပ်ရှင်လောက ဟာ စစ်အစိုးရကြောင့်ဆိုတာခုထိ မပြောရသေးကြပါကလား။အဲဒါနံပါတ်(၁)အဖြေ။ပေါင်မုန့်မရှိရင် ကိတ်မုန့်စားပါလားဆိုတဲ့ shit brain နဲ့  အဖြေထုတ်ပေးခဲ့တဲ့ သွားလေသူ ဦးခင်ညွန့်ကောင်းမှုကြောင့် ဘယ်နိုင်ငံမှာမှ မရှိတဲ့ videoရုပ်ရှင်ဆိုတာမြန်မာပြည်မှာပေါ်လာတာလေ။ဗီဒီယို မှာ ဒီ မင်းသား မင်းသမီးတွေပဲ တွေ့နေရတော့ ဘယ်သူက တကူးတက ရုံမှာ ရုပ်ရှင်လာကြည့်တော့မှာလဲ။တစ်ခါ န၀တ၊နအဖ အစိုးရက ရုပ်ရှင်ရုံတွေကို သူတို့နဲ့  အလွမ်းသင့်တဲ့ လူတွေကို ရောင်းချင်တဲ့ဈေးနဲ့ ပေးပစ်လိုက်လို့ ရုပ်ရှင်ရုံတွေ မရှိတော့မှ ဘယ်လိုလုပ် ပရိသတ် က လာကြည့်တော့မှာလဲ။ကြည့်စမ်းပါ့ဗျာ။တော်ဝင် နဲ့  ယုဇန နှစ်ရုံက(ဦးပိုင် က ပိုင်တဲ့)central Hotel။ပပ၀င်းနဲ့ ဂုဏ်က Traders Hotel၊ရဲရင့် ရုံက(Sakura Tower)သီဟရုံက မြန်မာ့အလှတာဝါ။ဝိဇယ ရုံက ၀ိဇယ ပလာဇာ၊ဆန်းသီရိ က ကွန်ဒို၊တပင်ရွှေထီး က ဒဂုံစင်တာ(၂)။ကျန်သေးတယ် အများကြီးပဲ။တစ်ခါ ရုပ်ရှင်ရုံနေရာမှာ ဘာအဆောက်အအုံပဲဆောက်ဆောက် ရုပ်ရှင်ရုံ(၂)ရုံ ပါရမယ် ဆိုတာ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်းရဲ့ စည်းမျဉ်းထဲမှာပါတယ်။ဦးအေး ဥက္ကဌ လုပ်တုန်းက ထုတ်ပြန်ထားတာ။ဒါပေမဲ့ ထ၇ိတ်ဒါး၊စင်ထရယ် က စလို့  နောက်ဆုံး ဒဂုံ စင်တာ(၂)အထိ ရုပ်ရှင်ရုံ ဘယ်နှရုံပါလဲ။ဒဂုံစင်တာ(၂)မှာ အပြောလါတ်အောင် တစ်ရုံပဲထဲ့ထားတယ်။ဒါပေမဲ့ 3Dရုံ။ဘယ် ဗမာကား 3D ရှိလဲ။ပြောလေ။ရုံမရှိပဲ ရုပ်ရှင်လော တိုးတက်ရေး အော်နေတာ မှန်ရဲ့လား။တစ်ခါ
ဘယ်လောက်ကောင်းအောင် ရိုက်ထားရိုက်ထားVCDအချပ်နဲ့  တစ်နိုင်ငံလုံး ဖြန့်ချိနေမှတော့ ဘာအရည်အသွေးတက်လာမှာလဲ။အခု DVD။Blu ray။ဒါတွေဟာ အရည်အသွေးဘယ်လောက်ရှိတယ် ဆိုတာ အိမ်တိုင်းDVDစက်ရှိတယ်။ထမင်းစားသူတိုင်းသိတယ်။ဒါကို ဖြန့်ချိရေးသမားတွေ ခုထိ VCDနဲ့  ဘာကြောင့်ဖြန့်နေသေးတာလဲ။ခင်ဗျားတို့ လှောင်ထားတဲ့ အချပ်တွေ ရေထဲ ပစ်ရမှာကြောက်လို့ မဟုတ်လား။ဒါကို ဇင်ဝိုင်းကြောင့် လူမင်းကြောင့် နဲ့  လက်ညှိုးမထိုးကြစမ်းပါနဲ့ ။ဒါက အဖြေ(၂)။သေချာတာတော့ Video ဆိုတာ လုံးဝ မရှိတော့မှ ရုပ်ရှင် တက်လာ မယ်။ပြန်ကြားရေး ၀န်ကြီးဌာန ရုပ်ရှင်လုပ်ငန်း ကလဲ သိရက်သား နဲ့ ရူးချင်ယောင်ဆောင်နေတာ။အူကြောင်ကြောင် နဲ့ ရုပ်ရှင်ကိုHD လာပြောမနေနဲ့ ။အဲဒါ TV အလုပ်။ရုပ်ရှင်နဲ့  ဘာမှ မဆိုင်ဖူး။ခု ကျော်ကျော်ဗိုလ် တို့ နေတိုး တို့ က RED CAMERA ၀ယ်Davinchi နဲ့  တည်းဖြတ်ဖို့  ကြိုးစားနေချိန်မှာ ထုတ်လုပ်သူတွေ ဘာဝယ်သလဲ။စတူဒီယိုတစ်ခု လုပ်သလာ/ိုံ့ိို့

Maung Thura

၂၀၀၄ ခုနှစ် မှာ ဦးခင်ညွန့် နဲ့  အပေါင်းပါတွေ အဖမ်းခံကြရ၊အဖြုတ်ခံကြရတော့ ကုန်သွယ်ရေး ဒု ၀န်ကြီးလုပ်နေတဲ့ ဦးကျော်ဆန်းကို ပြန်ကြားရေးဝန်ကြီးလုပ်ခိုင်းလိုက်ရော။ဒီမှာတင် မျက်လှည့်ပြတော့တာပဲ။မှတ်မှတ်ရရ ရုပ်ရှင်လောကသားတွေ မှတ်မိအုံးမှာပါ။သိမ်ဖြူလမ်းက ပြန်ကြားရေးအဆောက်အဦကြီးမှာ လောကသားအားလုံးနဲ့  ၀န်ကြိး နဲ့ မိတ်ဆက်ပွဲပေါ့။အမှန်ကတော့ ပြဇာတ်ပါ။ဒီပွဲမတိုင်ခင် ရုပ်ရှင်လုပ်ငန်းက ညွှန်မှူး ဦးသိန်းထွန်းအောင်တို့  နဲ့  ရုပ်ရှင်လောကသားတချို့  M3 စားသောက်ဆိုင်မှာ ချိန်းချိန်းတွေ့ပြီးလက်ရှိ ဦးစိန်တင် နဲ့ ကျော်သူ သားအဖကို အစည်းအရုံးက ဖြုတ်ချရေးကြိတ်ဝိုင်းတွေ အကြိမ်ကြိမ်လုပ်ခဲ့တာပေါ့။အိမ်ကြက်ချင်းအိုးမဲသုတ်ပေးတာ။ဒီတော့ ၀န်ကြီး ရှေ့လဲ ရောက်ရော(ဦးစိန်တင်၊ဦးမြင့်နိုင်၊ကျော်သူ)တို့ ကိုအစည်းအရုံးအား၁၂နှစ်လုံးလုံးအပိုင်သိမ်းခဲ့မှုနဲ့  စွဲချက်တွေတင်ခဲ့တာလေ။ဒီတုန်းက တဟေးဟေး တဟားဟား နဲ့ ရုပ်ရှင်လောကသားတွေ လက်ခုပ်လက်ဝါးတီးပြီးသဘောတွေကျခဲ့ကြတာ မေ့သွားကြပြီလား။အဘ ၀န်ကြီးကပဲ ခုချက်ချင်းရုပ်ရှင်လောကကို မိုးပေါ်ရောက်အောင်ပို့ ပေးမလို ပြောတာတွေကို သဘောတွေကျခဲ့ကြတာ မေ့သွားကြပြီလား။
 မှတ်မိပါတယ်။ဒီပွဲအပြီး ဦးအောင်လွင်၊ဦးကျော်ဟိန်း၊ဦးသန်းစိုး(ဟေမာန်ဦး)တို့ နဲ့ စကားပြောဖြစ်တော့ရုပ်ရှင်လောက ဒုက္ခရောက်ပြီ လို့  ကျနော်မှတ်ချက်ပေးခဲ့ပါတယ်။ပြောချင်တာက ရုပ်ရှင်လောကသားတွေ ရဲ့  ၀န်ကြီးအပေါ်မှီခိုချင်စိတ်၊ကိုယ့်အချင်းချင်းပြန်နင်းချင်စိတ်တွေ သိတ်များခဲ့တယ်။ဒါကလဲ စစ်အစိုးရရဲ့ဗျူဟာပေါ့။ဒီဖက်ခေတ်ရောက်ပြန်တော့ ဦးမြင့်သိန်းဖေလက်ထဲက အစည်းအရုံးကို ပြန်ယူဖို့  SS စားသောက်ဆိုင်မှာ ကြိတ်ဝိုင်းတွေလုပ်ပြီး တိုက်ခဲ့ကြတာပဲလေ။ဒါပေမဲ့ဒိတုန်းက လောကသားအများစု စုစည်းကြတယ်။မှတ်မိသေးတယ်။အစည်းအရုံးအပေါ်ထပ် မှာ ရုပ်ရှင်အရေးတက်ကြွသူများနဲ့  ဦးမြင့်သိန်းဖေ ခေါင်းဆောင်တဲ့  အမှုဆောင်အဖွဲ့ တွေ့ဆုံပွဲပေါ့။အဲသည်မှာကိုဇင်ဝိုင်း ကရုပ်ရှင်လောက တိုးတက်လာရေးဆွေးနွေးချိန်မှာ အနားက ဦးဝင်းကို(ဟိန်းဝေယံ ရဲ့ အဖေ)က လက်ကိုင်ဖုန်း နဲ့  စကားတွေ ပြောနေလို့ ကိုဇင်ဝိုင်းက သူ ဖုန်းပြောပြီးမှ ကျနော် တင်ပြပါ့မယ် လို့ ငေါ့ခဲ့တော့ ဦးမြင့်သိန်းဖေ က ဖုန်းပိတ်ထားဖို့ပြောရတယ်။ပြောချင်တာကEthicပဲ။ပြောမှသိတယ် ဆိုတာ လူကြီးလူကောင်းအလုပ်မဟုတ်ဖူး။ဒီအချိန်တုန်းက ဦးဝင်းကိုဟာ အစည်းအရုံးအမှုဆောင်ဆိုတာတော့ မမေ့သင့်ဖူး။ခုအစည်းအရုံးအသစ် သက်တန်း ၂နှစ်ပဲရှိသေးတယ်။အမှုဆောင်အဟောင်းတွေကသောင်းကျန်းကြပြန်တယ်။ဒါဆို လာမဲ့ လေးလ ပိုင်း ၂၀၁၄မှာရွေးကောက်ပွဲလုပ်လို့အဖွဲ့ အသစ်တက်လာရင်ကော ဒီလိုပဲ ကိုယ်နဲ့ မတူတာတွေ့ရင် သပိတ်မှောက်ကြ အဘ၀န်ကြီးတွေဆီသွားတိုင်ကြ လုပ်ကြဦးမှာလား။ဒီသံသရာ က လွတ်အုန်းမှာလား။ကိုယ့်အချင်းချင်းညှိကြ နှိုင်းကြပေါင်းလုပ်ကြဆိုတာမျိုးမရှိကြတော့ဖူးလား။တစ်ခါ အများပိုင်ကုမ္မဏီ ကိစ္စလဲ ရေးနေပြောနေကြပြန်ရော။နိုင်င့တော်က ထုတ်ပြန်ထားတဲ့စာတွေ ဥပဒေ တွေကို မဖတ်ပဲ စိတ်ထင်ရာလျောက်ပြောနေကြတာတွေ ဖတ်နေရတယ်။ကုမ္မဏီကြီးတော်တော်များများ ဘာလို့ အများပိုင်လုပ်နေကြတာလဲ။အများပိုင်ဖြစ်ခဲ့ရင် ရုပ်ရှင်လောက ဘာတွေ အားသာလာမလဲ။ဒါကို မစသ်းစား မဆင်ခြင်ပဲ အစည်းအရုံးကပေးတဲ့ဆန် ၃ ပြည်တောင် ရမှာ မဟုတ်တော့ဖူး။အများပိုင်ဆိုတာနဲ့  လူတစ်စုလက်ထဲ ရုပ်ရှင်လောကကြီးထိုးအပ်လိုက်ရတော့မယ် ဆိုတဲ့ တော၇မ်းမယ်ဖွဲ့ တွေ စာမျက်နှာပေါ်တက်ပြောလိုပြော။ရူးလိုက်ကြတာ။
 ဗိုလ်ချုပ်စကားငှားပြောရရင် အကျင့်ဆိုးတွေ အကျင့်ဟောင်းတွေ စောက်ကျင့်တွေ ပြင်ကြဖို့လိုပြီ။

Maung Thura မြန်မာပြည်က ၀န်ကြီးတွေ လူပြက်စကားတော်တော် ပြောတယ် ဆိုတဲ့  စာ တစ်ကြောင်းကို ဖေ့စ်ဘွတ်(ခ်)မှာဖတ်လိုက်ရတော့ အော် လုပ်ပြန်ပါပြီ၊လူတန်းစားခွဲခြားမှု လို့ ရေရွတ်လိုက်ရပါတယ်။အင်္ဂလိပ် ကျွန်ဘ၀တုန်းက အင်္ဂလိပ်ကို တော်လှန်ဖို့  စင်ပေါ်ကနေ ပြောခဲ့တာ လူပြက်ပါ၊ဦးချစ်ဖွယ်တဲ့။ဝံသာနုကြီးလို့ တောင်ခေါ်ပါတယ်။ပြက်လုံးပြက်လို့ ထောင်ကျခံရတာ လူပြက်တွေပါ။ဘယ်ရုပ်ရှင်မင်းသား ဘယ်အဆိုတော် မှ ထောင်အကျခံပြီး တိုင်းပြည်အတွက် ထွက်မပြောပါဖူး။မန်းလေးက ဦးပါပါလေး(ခုတော့ ကွယ်လွန်ပါပြီ)ဦးသာဓု(ကွယ်လွန်ပါပြီ)ကျနော် တော့ မသေသေးပါဖူး။လူပြက် ဆိုတာ ပရိသတ် ရီရအောင် သာ ပြက်လုံးထုတ်တာပါ။ပြည်သူ မျက်နှာကို ဘယ်တုန်းကမှ မီးသွေးခဲ နဲ့  မပွတ်ပါဖူး။စစ်အစိုးရ၊န၀တ အစိုးရ တို့ ကို အားပါးတရ စံချိန်မှီ ဖား ခဲ့ ကြတဲ့အထဲမှာ လူပြက် တစ်ယောက်မှ မပါဖူး ဆိုတာကိုတော့ အသက် နဲ့ ရင်းပြီး အာမခံပါတယ်။ Maung Thura
  

No comments:

Post a Comment

Blog Widget by LinkWithin