ဤမှာမြေပြင် မြစိမ်းဆင်လျှက် ကောင်ကင်မိုးဝယ် နီလာချယ်၍ အိုဘယ့်လူသား နှစ်ရောင်ကြားဝယ် ခန့်ညားပေစ ခန့်ပေစ၊
Showing posts with label ပေါင်းတည်.....Paungde.....ကျွန်တော်ချစ်သော မြို့ ကလေး၏ စံပြစိတ်ဓါတ်. Show all posts
Showing posts with label ပေါင်းတည်.....Paungde.....ကျွန်တော်ချစ်သော မြို့ ကလေး၏ စံပြစိတ်ဓါတ်. Show all posts

Friday, March 29, 2013

ပေါင်းတည်.....Paungde.....ကျွန်တော်ချစ်သော မြို့ ကလေး၏ စံပြစိတ်ဓါတ်

မွေးရပ်မြေ၏ တို့ မြို့ ငယ် ဘဝအတွက် အားမာန်တွေ ပေးခဲ့တယ်

ပေါင်းတည်.....Paungde
မွေးရပ်မြေ၏ မြို့ လယ်
'ကျွန်တော်ချစ်သော မြို့ ကလေး'

ရာဇဓိရာစ်.....အရေးတော်ပုံမှာ
ပေါင်းတည်စား...ဆိုတာ တွေ့ လိုက်ရတယ်ဗျာ၊

ကမ္ဘာကျော်စာရေးဆရာ မောရာစ်ကောလစ်ပါ
ဒို့...မြို့ လေမှာ.....တာဝန် စရတာ
မြို့ပိုင်မင်းတဲ့ဗျာ၊

အင်္ဂလိပ်ကို တော်လှန်ရာ အမျိုးသ္မီးအဖွဲ့ ပါ
လိပ်ခွန်ဘီကို ရိုက်ချိုးခါ.....ဆန္ဒပြကြတာ
ဒို့...မြို့ လေးမှာပါ၊

နံမည်ကြီးတဲ့  မြတ်စွယ်တော်ပွဲ
၁၉၀၁-မှာ...........တို့စတင်နွဲ၊

လူမူရေးမှာ ပထမ ဒေါ်ဦးဇွန်းကစ
ဒေါ်ဦးဇွန်း.........ဘိုးဘွားရိပ်သာ
၁၉၂၈-က.....ရှိခဲ့တာ၊

တရားရေးဝန်ကြီး ဦးသိန်မောင်
တိုင်းပြည်.....အကျိုးဆောင်၊

လွတ်လပ်ရေးကို...... ရယူရာ
အောင်ဆန်း...နဲ့    နီးကပ်စွာ
အောင်ကြီး သီဟန်.....ပါ၊

သော်တာာဆွေ.....ဆိုတာ
တို့်မြို့ နယ်...ကပါ၊

ခေတ်အဆက်ဆက်.........မှာ
နိုင်ငံရေးလုပ်ခဲ့တာ ထောင်ကျသူလဲပါ၊

ခေတ်အဆက်ဆက်မှာ.....မှာ
နိုင်ငံရေုးလုပ်ခဲ့တာ ရာထူးယူသူလဲပါ၊

၁၉၇၄.....ဦးသန့်......အရေး
တို့ကျောင်းသားတွေ ကျောင်းနဲ့ဝေး၊

၈၈-မှာ.....တို့အရေး တို့အရေး
အော်ကြ....သံပြိုင် သံပြိုင်ပေး
လူကြီးလူငယ် အားလုံပါ
ဒီမိုကရေစီ.....ရချင်တာ၊

အာဏာရှင်တို့ ပြောင်းဝမှာ
သတ်ပွဲဖြတ်ပွဲ စက်တင်္ဘာ
ဝိုင်းဝိုင်ညီညီ...လက်တွဲခါ
ကာကွယ်နိုင်ခဲ့တာ၊

၁၉၉၀...ရွေးကောက်ပွဲ...တို့ဆင်နွဲ
NLDကို........ရွေးချယ်ကာ
အာဏာရှင်ကို တော်လှန်တာ၊

၂၀၁၃......မတ်လမှာ
အိမ်ကြက်ချင်း....တိုက်ကြဖြတ်ကြ
သတ်ကြတာ.....မြို့ ရွာအချို့ မှာ၊

ဝိုင်းဝိုင်းညီညီ.....လက်တွဲခါ
တားဆီးနိုင်ခဲ့တာ တို့မြို့ လေးက
စံပြပါ.......

စိတ်ကောင်းရှိတဲ့ မြို့ ကလေးဟာ
ခေါင်းဆောင်ကောင်းတွေ ပေါ်ထွက်မှာ
မလွဲမသွေပါ။

၂၀၁၃-မတ်လ အတူတူ လက်တွဲနေထိုင်သူ အချင်းချင်း သတ်ပွဲဖြတ်ပွဲမှ ကာကွယ်နိုင်ခဲ့သော မွေးရပ်မြေ ကျွန်တော်ချစ်သော မြို့ ကလေ၏ စံပြစိတ်ဓါတ်ကို ဂုဏ်ပြု ပီတိ မှတ်တမ်းပြုပါသည်။)

Read More...

Blog Widget by LinkWithin