ဤမှာမြေပြင် မြစိမ်းဆင်လျှက် ကောင်ကင်မိုးဝယ် နီလာချယ်၍ အိုဘယ့်လူသား နှစ်ရောင်ကြားဝယ် ခန့်ညားပေစ ခန့်ပေစ၊
Showing posts with label မြန်မာ-နိုင်ငံခြား ဆက်ဆံရေး. Show all posts
Showing posts with label မြန်မာ-နိုင်ငံခြား ဆက်ဆံရေး. Show all posts

Sunday, May 26, 2013

ဂျပန်ဝန်ကြီးချုပ်မစ္စတာ ရှင်ဇိုအာဘေး၏ သမိုင်ဝင်ခရီး.....တိုင်းပြည်အတွက် အလွန်အကျိုးသက်ရောက်မူ့ရှိမည်ဟု ယုံကြည်ပါတယ်။

.



မြန်မာပြည်သူပြည်သားများအတွက်ဂျပန်ဝန်ကြီးချုပ်မစ္စတာ ရှင်ဇိုအာဘေး၏ အမှာစကား


Photo.. 安倍晋三 Facebook
ဂျပန်နိုင်ငံ ဝန်ကြီးချုပ်အနေဖြင့် တရားဝင်း အလည်အပတ် မရောက်ရှိခ...

ဲ့သည်မှာ ၃၆ နှစ်ကြာပြီဖြစ်သော မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ် မေလ ၂၄ ရက်နေ့တွင် ကျွန်တော်လာရောက် လည်ပတ်ပြီး နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ကို အမှူးပြု၍ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် သဘောထားအမြင်များ ဖလှယ်မည် ဖြစ်ပါသည်။ ကျွန်တော့အနေဖြင့် ၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် လာရောက် လည်ပတ်ခဲ့ပါ သော်လည်း မြန်မာနိုင်ငံတွင် မကြာသေးမီကနှင့် ယခုလတ်တလော ဖြစ်ပေါ်လျက်ရှိသည့် အပြောင်းအလဲများစွာကို ယခုတစ်ခေါက် လာရောက် လာရောက်လည်ပတ်ရာတွင် ကိုယ်တိုင် တွေ့ကြုံခံစားနိုင်မည်ဟု ပျော်ရွှင်စွာ မျှော်လင့် စောင့်စားမိပါသည်။

ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံသည် ယခုအချိန်အထိ နှစ်ဖက် အပြန်အလှန် ယုံကြည်မှုကို အခြေခံပြီး ရေရှည်ကောင်းမွန်သော နှစ်နိုင်ငံအကြား ဆက်ဆံရေးကို တည်ဆောက်ခဲ့ပါသည်။ အဘိုးဖြစ်သူ ဝန်ကြီးချုပ် H.E Mr. Nobusuke KISHI၊ ဖခင်ဖြစ်သူ နိုင်ငံခြားရေးဝန်ကြီး H.E Mr. Shintaro ABE နှင့် ကျွန်တော်တို့ မျိုးဆက် သုံးဆက်တိုင်တိုင် လာရောက် လည်ပတ်နိုင်ခြင်း တို့ကြောင့် ကျွန်တော်နှင့် မြန်မာနိုင်ငံ ရေစက်ဆုံသည်ဟု ကိုယ်တိုင်လည်း ခံစားမိပါသည်။ ယခုတစ်ခေါက် အလည်အပတ် လာရောက်ခြင်းသည် ရှေးယခင် လူကြီးများက ဆောင်ရွက်လာခဲ့သည့် သမိုင်းဝင် ဂျပန်-မြန်မာဆက်ဆံရေးကို ပိုမိုတိုးမြှင့်နိုင်ရန် တွန်းအားပေးပြီး အောက်ဖော်ပြပါ ကဏ္ဍလေးရပ်ကို အလေးထားပြီး ပူးပေါင်းဆောင်ရွက်သွားရန် လေးလေးနက်နက် မျှော်လင့်လျက် ရှိပါသည်။

(၁)နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုတိုးမြှင့်နိုင်ရန်အတွက် ဂျပန်နိုင်ငံက အထူးအလေးထား ဆောင်ရွက်ခဲ့ သည်မှာ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းအားထုတ်မှုများကို ပံ့ပိုးကူညီခြင်း ဖြစ်ပါသည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် စီးပွားရေး ပြုပြင် ပြောင်းလဲရေး တို့ကို ပိုမိုခိုင်မာအောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပြီး အကျိုးရလဒ်ကို မြန်မာပြည်သူ ပြည်သားများ အမှန်တကယ် ပို၍ ခံစားနိုင်ရန် အရေးကြီးသည်ဟု ထင်မြင်ယူဆမိ ပါသည်။ အခက်အခဲများစွာကို ကျော်လွှားလာခဲ့သည့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် အတွက် ဂျပန်နိုင်ငံက တတ်စွမ်းသမျှ ကူညီသွားပါမည်။ ရှိထားသည့် အင်အားများကို အစွမ်းကုန် ထုတ်၍ ထောက်ပံ့သွားမည့် မူဝါဒ ဖြစ်ပါသည်။

(၂) လျှင်မြန်စွာ အသက်ဝင်လာသည့် နှစ်နိုင်ငံ စီးပွားရေး ဆက်ဆံရေးကို ပိုမိုခိုင်မာအောင် ပြုလုပ်ပြီး နှစ်နိုင်ငံ အပြန်အလှန် အကျိုးဖြစ်ထွန်းစေရန် ဦးတည်ဆောင်ရွက်သွားပါမည်။ ဂျပန်နိုင်ငံက နိုင်ငံတကာ အသိုက်အဝန်းကို ဦးဆောင်၍ မြန်မာနိုင်ငံအတွက် ကြွေးမြီကိစ္စ ဖြေရှင်းမှုကို ထုတ်ဖော် ပြောကြားခဲ့ပြီး ယန်းချေးငွေ အသစ်ခန့်မှန်းခြေ ယန်းသန်းငါးသောင်း အပါအဝင် မြန်မာနိုင်ငံသို့ အထောက်အပံ့ အပြည့်အဝ ပြန်လည် စတင်ခြင်းကို ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ထပ်မံ၍ ယခုအကြိမ် ပြုလုပ်မည့် ဂျပန်-မြန်မာ ထိပ်သီးဆွေးနွေးပွဲ တွင်လည်း နောက်ထပ်ပေးအပ်မည့် အထောက်အပံ့များကို ထုတ်ဖော်ပြောကြားမည် ဖြစ်ပါသည်။ ထို့ပြင် ယခုခရီးစဉ်တွင် ဂျပန်နိုင်ငံကို ကိုယ်စားပြုမည့် စီးပွားရေးလောက ခေါင်းဆောင်များနှင့် အတူတကွ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခြင်း သည် ဂျပန်ကုမ္ပဏီများ မြန်မာနိုင်ငံကို အထူးစိတ်ဝင်စားလျက် ရှိကြောင်း ပြသနေ ပါသည်။ ဂျပန်-မြန်မာ နှစ်နိုင်ငံစလုံး အနေဖြင့် နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် ရလဒ် (Win-Win) ပေါ်ထွက်လာစေရန် ဂျပန်အစိုးရက နှစ်နိုင်ငံ စီးပွားရေး ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန် အတွက် တွန်းအားပေးသွား ပါမည်။

(၃)ဂျပန်-မြန်မာ ဆက်ဆံရေး အခြေအံအသစ် တစ်ဆောက်ရန်အတွက် ၎င်းကို အထောက်အကူ ပြုနိုင်မည့် နှစ်နိုင်ငံ နိုင်ငံသားများ ကူးလူးဆက်ဆံရေးနှင့် ယဉျကျေးမှု ဖလှယ်ခြင်းများကို ပိုမို တိုးတက်အောင် လုပ်ဆောင်သွားရန် လိုအပ်ပါသည်။ ကျွန်တော်နှင့် ကျွန်တော့်ဇနီး ကိုယ်တိုင်ကလည်း မြန်မာနိုင်ငံ အပါအဝင် အာရှနိုင်ငံများအတွက် မူလတန်းကျောင်း ဆောက်လုပ် လှူဒါန်းခြင်းကို ဆောင်ရွက်လျက် ရှိပါသည်။ ဂျပန်အစိုးရအနေဖြင့် မြန်မာနိုင်ငံ တွင် လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင် ပိုမိုလုပ်ဆောင်သွားပါမည်။

(၄)မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံ ပတ်ဝန်းကျင်တွင်ရှိသော ဒေသများ လုံခြုံရေးနှင့် ပတ်သက်၍ ယခုအကြိမ် အလည်အပတ် ခရီးစဉ်တွင် ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ တူညီသော ထင်မြင်ယူဆချက်ကို နားလည် သဘောပေါက်ပြီး ဆွေးနွေးပွဲများနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဆောင်ရွက် သွားရန် ရှိပါသည်။

ဂျပန်နိုင်ငံတွင် မြန်မာကိုချစ်သောသူ အများအပြား ရှိပါသည်။ ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံ၏ ဆက်ဆံရေးသည် အလွန်ကောင်းမွန်ပါသည်။ သို့သော် လက်ရှိအခြေအနေကို ရောင့်ရဲတင်းတိမ်မနေဘဲ ပိုမိုကောင်းမွန်သော ဆက်ဆံရေးကို မြှင့်တင်သွားချင်ပါသည်။ ယခုအကြိမ် ကျွန်တော်၏ အလည်အပတ် ခရီးစဉ်သည် ဂျပန်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်နိုင်ပြီး သမိုင်းစာမျက်နှာအသစ် ဖွင့်လှစ်နိုင်ရန် အခွင့်အလမ်းများ ပေါ်ထွန်း လာလိမ့်မည်ဟု မျှော်လင့်လျက် ရှိပါသည်။

Read More...

Tuesday, May 21, 2013

မြန်မာဟာ သူ့ နေရာကို သူပြန်ရပြီ.....ဂုဏ်ယူ ဝမ်းမြောက်ဝမ်းသာရပါသည်

.မြန်မာဟာ သူ့ နေရာကို သူပြန်ရပြီ.....တိုင်းပြည်နဲ့ လူမျိုကိုချစ်လို့ ဂုဏ်ယူ ဝမ်းမြောက်ဝမ်းသာရပါသည် တို့အားလုံး ဘာမှအဖြစ်မရှိသူတွေကြောင့် မျက်နှာငယ်နေရတာတော့ အမှန်ပါ အားလုံးဝိုင်းဝန်း လုပ်မှရမည့်အချိန်ပါ အရိုးများတယ် ချီးခါးတယ် လုပ်နေရမည့် အချိန်မဟုတ်တော့ပါ။

မြန်မာ့ဒီမိုကရေစီ အားပေးမည်ဟု အိုဘားမားပြော....

 



 

 

 
မြန်မာ့အပြောင်းအလဲ အိုဘားမားကြိုဆို၊

 

 
 
 
 ကမ္ဘာ့သမိုင်းမှာ မကြုံဖူးသေးတဲ့ ပြုပြင်ပြောင်းလဲမူ

ကမ္ဘာ့သမိုင်းမှာ မကြုံဖူးသေးတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကြီးကို ကြိုးပမ်းဆောင်ရွက်နေရတာဖြစ်တယ်လို့ အမေရိကန်ရောက်ကမ္ဘာ့သမိုင်းမှာ မကြုံဖူးသေးတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကြီးကို ကြိုးပမ်းဆောင်ရွက်နေရတာဖြစ်တယ်လို့ အမေရိကန်ရောက် သမ္မတဦးသိန်းစိန်က ဂျွန်ဟော့ကင်း တက္ကသိုလ်မှာ ပြောကြား။
ဂျွန်ဟော့ကင်း တက္ကသိုလ်မှာ ပြောကြား။
 
 
နိုင်ငံတော်သမ္မတဦးသိန်းစိန် အမေရိကန်ပြည်ထောင်စု၏ ပထမဆုံးသမ္မတ ဂျော့ရှ်ဝါရှင်တန်၏
အိမ်တော်ကို သွားရောက်လေ့လာစဉ် တွေ့ရှိရသော အမေရိကန်လူငယ်များနှင့်
ရင်းရင်းနှီးနှီး မြင်တွေ့ရစဉ်


 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မေ(၂ဝ)ရက် ဒေသစံတော်ချိန် နံနက်(၉)နာရီခွဲတွင် အမေရိကန် ပြည်ထောင်စု ဝါရှင်တန်မြို့ရှိ ခေတ္တတည်းခိုသည့် Four Seasons Hotel ၌ အမေရိကန်နိုင်ငံခြားရေး ဝ...န်ကြီးဟောင်း မစ္စဟီလာရီကလင်တန်အား လက်ခံတွေ့ဆုံသည်။


 

“ကျနော်တို့
အစိုးရအနေနဲ့ လွန်ခဲ့တဲ့ ၂ နှစ်က စပြီး ဆောင်ရွက် အကောင်အထည်
ဖော်လာခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များရဲ့ ရည်ရွယ်ချက်တွေ
ကတော့ တစ်ခုတည်းပဲ ရှိပါတယ်။ ကျနော်တို့ မျိုးဆက်သစ် လူငယ်တွေ
အတွက် ပိုမို ကောင်းမွန်တဲ့ အနာဂတ်၊ ပိုမိုကောင်းမွန် ပြည့်စုံတဲ့ ဘ၀တစ်ခု
ဖန်တီးပေးနိုင်ဖို့ ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။ ကျနော်တို့ အစိုးရဟာ ပြည်သူ့
အစိုးရ ဖြစ်တယ်လို့ ခံယူထားတာနဲ့အညီ ပြည်သူတွေရဲ့ဘ၀ကို မြှင့်တင်နိုင်
ဖို့အတွက် ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို အစွမ်းကုန် ကြိုးစား အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိနေပါတယ်။ လာမယ့်
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ဒီမိုကရေစီ နည်းလမ်းကျ ပေါ်ပေါက်လာမယ့်
အစိုးရသစ်အတွက် အခြေခံကောင်းတွေဖန်တီးပေးနေတာလည်း ဖြစ်
ပါတယ်။ ကျွန်တော်တို့၏ ဒီမိုကရေစီအရေး အောင်မြင်စေဖို့အတွက်
အမေရိကန် အစိုးရ၊ လွှတ်တော်၊ အရပ်ဘက် လူ့အဖွဲ့အစည်းများမှ
လက်ရှိ မြန်မာ့ နိုင်ငံရေး အခြေအနေနဲ့ အကိုက်ညီဆုံးဖြစ်တဲ့ အကူအညီ
တွေကို ပွင့်လင်းမြင်သာမှု ရှိရှိ ပေးအပ်သွားဖို့လည်း မေတ္တာရပ်ခံ လိုပါတယ်။
သမိုင်းကြောင်း အစဉ်အလာများအရ ကျနော်တို့ မြန်မာနိုင်ငံနဲ့ အမေရိကန်
ပြည်ထောင်စုတို့ဟာ နှစ်ပေါင်း ၁၅၀ ကျော်ကြာ ဆက်ဆံရေးတွေ ရှိခဲ့တာ
အထင်အရှား တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒါတွေကိုထောက်ရှုပြီးကျွန်တော်တို့
အနေနဲ့ မြန်မာ-အမေရိကန် နှစ်နိုင်ငံ အစိုးရများအကြား ရင်းနှီးတဲ့
မဟာမိတ်များအဖြစ်နဲ့ လက်တွဲလုပ်ဆောင်ပြီး မြန်မာ-အမေရိကန်
ဆက်ဆံရေး စာမျက်နှာသစ်ကို ဖွင့်လှစ်လိုပါတယ်။ မြန်မာပြည်သူများနဲ့
အမေရိကန်ပြည်သူများအကြားလည်း ရင်းနှီးတဲ့ မိတ်ဆွေများအဖြစ်
ခင်ခင်မင်မင် ဆက်ဆံသွားကြဖို့လည်း တိုက်တွန်းလိုပါတယ်။ ကျွန်တော်တို့
ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ အောင်မြင်အောင် မိတ်ဆွေ
တို့ရဲ့ ကူညီထောက်ပံ့မှုများကိုလည်း မျှော်လင့်လျက် ရှိနေပါတယ်။
အမေရိကန် ပြည်ထောင်စုမှာရှိတဲ့ ထိပ်တန်း တက္ကသိုလ်ကြီးတွေရဲ့ အကူအညီ၊ အမေရိကန် စီးပွားရေး လုပ်ငန်းရှင်များရဲ့ အကူအညီတွေ
ကိုလည်း ရရှိနိုင်မယ်လို့ ယုံကြည်မျှော်လင့်လျက် ရှိနေပါတယ်။”

ယခုလို သမ္မတကြီးအနေဖြင့် အမေရိကန် တက္ကသိုလ်တစ်ခုတွင် ကိုယ်တိုင်
လာရောက်ပြီး မိန့်ခွန်းပြောကြားခြင်းသည် မြန်မာနိုင်ငံရဲ့ ပညာရေး
ကဏ္ဍကို မြှင့်တင်နိုင်ရေး အထောက်အကူများ ရရှိရန်နှင့် မြန်မာနိုင်ငံ၏
အခြေအနေနှင့် ပတ်သက်ပြီး နိုင်ငံတကာက ပိုမို နားလည်လာအောင် ရှင်းပြချင်သည့်အတွက် ဖြစ်ကြောင်း သမ္မတ၏ ပြောခွင့်ရသူ၊ မြန်မာနိုင်ငံ
ပြန်ကြားရေးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောကြားသည်။

“သမ္မတကြီးအနေနဲ့က ကျွန်တော်တို့ နိုင်ငံရဲ့ ပညာရေးကဏ္ဍကို
မြှင့်တင်ချင်တယ်။ မြှင့်တင်ချင်တဲ့အခါမှာ ကျွန်တော်တို့က ပညာတော်
သင်တွေ လွှတ်သလိုပဲ၊ ဒီက တက္ကသိုလ်တွေကို ကျွန်တောတို့ မြန်မာနိုင်ငံ
မှာ လာပြီးတော့ ကျောင်းခွဲတွေ ဖွင့်စေချင်တယ်။ မြန်မာနိုင်ငံရဲ့ ပညာရေး
ကဏ္ဍမှာ အမေရိကန်နိုင်ငံက ပညာရေး အဖွဲ့အစည်းတွေ ပိုမိုပါဝင် ပူးပေါင်းဖို့
အတွက် ဖိတ်ခေါ်တဲ့စကားကို ဒီမှာ လာပြောပြတယ်။ ဒါက ပထမရည်ရွယ်
ချက်ပေါ့။ ဒုတိယတစ်ခုကတော့ လက်ရှိ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ
ဖြစ်ပေါ် ပြောင်းလဲနေတဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံရဲ့ ပညာရှင်အသိုင်းအ၀ိုင်းမှာ နားလည်တဲ့သူလည်း
ရှိတယ်။ တချို့ကလည်း သံသယတွေ ရှိနေသေးတယ်။ ဆိုတော့ ဒီ သံသယ
တွေ ပြေပျောက်သွားပြီးတော့မှ မြန်မာနိုင်ငံဟာ ရှေ့ကိုပဲ သွားနေတယ်။ ကျွန်တော်တို့ ပြုပြင်ပြောင်းလဲရေးဟာ ဘယ်တော့မှ နောက်ကြောင်း ပြန်
လှည့်ဖို့ မရှိတော့ဘူး။ ဒီလို သွားတဲ့အခါမှာ ကျွန်တော်တို့ စွမ်းအားနဲ့ချည်းပဲ
သွားမယ်ဆိုရင်တော့ အချိန် ပိုကြာနိုင်တယ်။ ဒီလိုဟာကို မြန်မြန်
ရောက်စေချင်တယ် ဆိုရင်တော့ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ ပါဝင်ကူညီ
ပံ့ပိုးမှုတွေ လိုတယ်ဆိုတဲ့ သတင်းစကားကိုလည်း ပါးချင်တဲ့အတွက်ကြောင့်
မို့လို့ ဒီနေရာမှာ လာပြီးတော့ ဒီမိန့်ခွန်းကို ပြောတာပါ”


 


 

 မြန်မာဟာ သူ့ နေရာကို သူပြန်ရပြီ


အမေရိကန်ကုန်သည်ကြီးများအသင်းရဲ့ ညစာစားပွဲမှာ သမ္မတကြီး မိန့် ခွန်းပြောပါတယ်။ မိန်...့ ခွန်း ပြောအပြီးမှာတော့ ဧည့်ပရိသတ်က သမ္မတကြီး သူ့ ရဲ့ စားပွဲကို ပြန်ရောက်တဲ့အထိ မတ်တပ်ရပ်ကာ လက်ခုတ်သြဘာပေးခဲ့ကြပါတယ်။

ဒီလက်ခုတ်သံတွေဟာ သမ္မတကြီးအတွက်သာမဟုတ် ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်း မှာ ပါဝင်နေတဲ့၊ ဒီမိုကရေစီကို နှစ်သက်လိုလားစွာအကောင်အထည်ဖော်နေတဲ့ မြန်မာပြည်သူများ အတွက်ဖြစ်တယ်လို့ ခံစားမိပါတယ်။

ကျွန်တော့်ဘေးမှာ ထိုင်တဲ့ ဂျွန်ဟော့ကင်းတက္ကသိုလ်က ဆရာမကြီးက ပုခုံးကိုပုတ်ပြီး မြန်မာဟာ သူ့ နေရာကို သူပြန်ရပြီလို့ ပြောလိုက်တော့ မြန်မာနိုင်ငံသစ်အတွက် မျက်ရည်လည်အောင် ဂုဏ်ယူမိပါတယ်။
See More

By: Ye Htut
 
 

Read More...

Blog Widget by LinkWithin