ဤမှာမြေပြင် မြစိမ်းဆင်လျှက် ကောင်ကင်မိုးဝယ် နီလာချယ်၍ အိုဘယ့်လူသား နှစ်ရောင်ကြားဝယ် ခန့်ညားပေစ ခန့်ပေစ၊

Thursday, March 14, 2013

မြန်မာ့ အလှ နှင့် ရှုခင်း (၁၅)

 
 
 ဒါနပြုတဲ့သ္မီးငယ် ရွှေဆွမ်အုပ်နဲ့ကွယ် ဘုရားကျောင်းကန် သွားစို့ရယ် 

အမည် - မမေမြင့်မြတ်
မွေးသကရာဇ် - ၂၇.၁၂.၂၀၀၈
မွေးရပ်ဇာတိ - မော်လမြိုင်
.

Read More...

အော် ကျွန်တော်တို့ လူတွေ လူတွေ.....

.ကော်မရှင်၏အစီရင်ခံစာအလိုမရှိကြောင်းဆန္ဒထုတ်ဖော်နေသူများကို ငေးကြည့်နေသည့် ဒေါ်အောင်ဆန်းစုကြည်
ဓာတ်ပုံ - တေဇလှိုင် / ဧရာဝတီ
အော် ကျွန်တော်တို့ လူတွေ လူတွေ.....

တိုင်းပြည်အတွက် လူမျိုးအတွက် သင်းတို့အတွက် အားလုံးအတွက် အကောင်းဆုံးလုပ်ပေးနေတာကို နားမလည် မသိရှိကြပါသလား!
တိုင်းပြည်ရော ပြည်သူတွေအားလုံး သင်းတို့တစုသာမဟုတ် ဒုက္ခဆင်းရဲ ရောက်နေကြတာ သိဖို့ကောင်းပါတယ်။
အားလုံးညှိညှိနိုင်းနိုင်းနဲ့ မျမျှတတ လုပ်ဆောင်မှ တိုင်းပြည်တိုးတက်ပြီး ပြည်သူတွေ သာယာဝပြောမယ် ဖြစ်ပါတယ်......
တိုင်းပြည်ရော ပြည်သူအားလုံးနီပါဆင်ရဲ ဒုက္ခရောက်နေတာပါ၊ ကွက်ကွက်ကလေးအတွက် လုပ်လို့မဖြစ်ပါဘူး အားလုံးကိုညှိညှိနိုင်းနိုင်း မျှမျှတတနဲ့ လုပ်မှရမှာပါ......ဒီနေ့အဓိကလိုအပ်နေတာက အားလုံးအတွက် ထွက်ပေါက်ပါ၊ ဒါကိုမှနားလည်မူမပေးကြရင် လွန်ခဲ့တဲ့နှစ်၅၀ လောက်ခံရသလို ဖြစ်ကြအုံးမှာဘဲ။

Read More...

Wednesday, March 13, 2013

ကရင် ဒုံးယိမ်းကနေခြင်း မဟုတ်ပါ.....နာရေးကူညီမူအသင်းများ ဖွဲ့ ပေးခြင်း ကရင်ပြည်နယ်။

.ဝဲ-ရွှေအင်းသားခင်မောင်ဝင်း(ဓါတ်ပုံ) အလယ်-ကျော်သူ  ယာ-ကျွန်တော် ဥက္ကဌ ဦးအေးသန့်
၂၀၀၃-၂၀၀၄ ခှုနှစ်များက ၂-နှစ်ဆက်တိုက် ကရင်ပြည်နယ်သို့ နာရေးကူညီမူအသင်းများ သွားရောက်ဖွဲ့ ပေးစဉ်က ဇွဲကပင်တောင်ကို နောက်ခံထား၍ 
 
အလယ် ဒေါ်ဌေးဌေးနိုင် ကျော်သူ သန်းမြင့်အောင် ကျွန်တော်
၂၀၀၃-၂၀၀၄ ၂-နှစ်ဆက်တိုက် မကွေတိုင်းနဲ့ မကွေးမြို့တို့တွင် လူမူရေးအသင်းများဖွဲပေးခြင်းမှ
 
ကျွန်တော် ဥက္ကဌဦးအေးသန့် ဒေါက်တာအောင်မြင့်(မျက်စိနားနခေါင်ဆေးရုံအုပ်ကြီး) ဒေါ်ဌေးဌေးနိုင်


ပြည်တွင်းလူမူရေးအဖွဲ့  NGO များတွေ့ ဆုံပွဲ အင်ယားလိပ်ဟော်တယ်.....နာရေးကူည်ီမူအသင်း(ရန်ကုန်) ကိုယ်စာလည်အဖြစ်တက်ရောက်ခြင်းမှ
 
 ပညာတတ် ဘွဲ့ ရဆိုရင် လုံးဝနေရာမပေးရဲသေား ပညာမဲ့ ၃-ဦးသာဖြစ်ပါတယ်......
ကျော်သူ သန်းမြင်အောင် မြင့်မြင့်ခင်ဖေ(ရွှေဇီးကွက်) တို့ကလွဲလို့ အသင်းမှာ တယောက်မှမရှိကြတော့ပါ ဒီထက်ဆိုးတာက အားလုံးနေရာရအောင် ဝိုင်းဝန်လုပ်ဆောင်ပေးခဲ့သည့် စေတနာနဲ့လုပ်အားလာပေးသူ လူတန်းစားအသီးသီ ရာကျော်ပါတယ် အားလုံး ဘွဲရ ပညာတတ်တွေများပါတယ်  အောင်မြင်သွားချိန်မှာ ဘွဲရပညာတတ်ဆိုရင် အားလုံးဖယ်ရှားပြစ်တာတွေ့ ရပါတယ် ကျော်သူ ကဆယ်တန်းအောင် ဘာဘွဲမှမရ ရွှေဇီးကွက်ကဆယ်တန်းတောင်မအောင် သန်းမြင့်အောင် ဆိုရင် ၇-တန်းတောင်မအောင်ပါ တကယ်စေတနာနဲ့လုပ်ခဲကြပေမဲ့ သူတို့ကြောမယ်ထင်ပြီး  တယောက်မှ အနားကပ်ခွင့်မရတော့တာပါ ကိုယ်ပိုင်အသင်းတည်ထောင်ထားသလို လုပ်လိုက်ပါတယ်၊ ၂၀၀၉ ကစလို့ ၃နှစ်လောက် VOA BBC RFA DVD နဲ့ အသံလွင့်ဌာနတွေ ဂျာနယ်တွေက အသင်းတည်ထောင်သူလို့ အော်ခဲ့ရေးခဲ့ကြတာ ကျွန်တော် ၃-နှစ်လောက်ရေးခဲ့ တိုက်ခဲ့ရပါတယ် ခုတော့နဲနဲတန့်သွားပြီ သူတို့အသင်းတည်ထောင်သူလို့်မပြောကြတော့ဘဲ ၂၀၀၁ကတဲကသူတို့ ဦးစီးလုပ်ဆောင်သလို ရေး ပြောနေကြတုန်းပါ ကျော်သူ သန်းမြင့်အောင် ရွှေဇီးကွက် ကျွန်တော် တို့အားလုံး ၂၀၀၂ကုန်အထိ လုပ်အားပေးအဆင့်သာ ရှိခဲ့ကြပါသည်၊ ၂၀၀၂နှစ်ထမှာ နာရေးကူညီမူအသင်း(ရန်ကုန်)ကို လုပ်အားသွားပေးရင်း သူတို့နဲ့လက်တွဲခဲ့ပြီး အသင်းစတင်တည်ထောင်သူ တွေထဲမှာပါသည့် အသင်းနယက စာရေးဆရာ ဆရာဦးအောင်သင်း ကိုလုပ်ကြံတာကအစ အသင်းကိုမတရားသိမ်ပိုက်ရာတွင် ရှေဆောင်ဦးရွက် လုပ်ဆောင် ပေးခဲရပါသည် ကျွန်တော်က မခံချင်စိတ်နဲ့လုပ်ဆောင်ခဲ့တာပါ သူတို့ အသင်းကိုကိုယ်ပိုင်အသင်းလုပ်ဖို့ ထောက်လှမ်းရေးခင်ညွန့် လမ်းညွှန်မူနဲ့ လုပ်ခဲ့ကြတာကို အသင်းကိုမတရားနည်းတွေသုံး သိမ်းပိုက်ပြီးမှ ထောက်လှမ်းရေးခင်ညွန့် ဒီနေ့အသင်းမြေနေရာ တိုက်ခန်း ဖုံး စတာတွေ ခေါ်ပေးမှ ခင်ညွန် နောက်ကွယ်က သူတို့ကိုလမ်းညွှန် နေတာသိခဲ့ရပါတယ် ဒီနေ့အသင်းမြေနေရာကိုရဖို့ တံတားလေးရှိ စစ်ရုံးဝင်းထဲမှ မြေယာအသုံးချရေးကော်မရှင် အတွင်းရေးမူဗိုလ်မူကျော်ဝင် ထံမှာစာရွက်စာတမ်း များကို ကျွန်တော်ကိုယ်တိုင်သွားရောက်ယူခဲ့တာပါ မြေတကွက်လုံးပေးတာပါ မြေဂရံလုပ်တော့ အိုးအိမ်ညွန်ချုပ် ဦးအံကျော် ကို မြေ ၅-ဧကကျော်ထဲက မြေ ၂-ဧက ပေးခဲ့ရပါသည် ကျွန်တော်စာတွေရေးမှ မြေခွဲပေးရတဲကိစ္စ သူတို့သိရတာပါ အားလုံးအတွက် တာဝန့်ရှိပါတယ် ကျွန်တော်ဦးဆောင်၍ ကျော်သူ နေရာရအောင် အားလုံးကိုအသုံးချပြီး လုပ်ဆောင်ခဲ့လို့ပါ သူတို့သာဝိုင်းရံမပေးရင် ကျော်သူ နာရေကူညီမူအသင်း(ရန်ကုန်) မှာ ဒီနေ့မရှိနိုင်ပါ။

 
ဒီနေ့ အနားကိုမကပ်နိုင်တော့သော အသင်းကြီးရုန်းကန်လှုပ်ရှားစဉ်က စေတနာဖြင့် စိတ်ရောကိုယ်ပါ လုပ်အားပေးခဲ့ကြသော အသုံးချခံ လူတန်းစားအသီးသီး၊ သူတို့လို ပါဝါအာဏာ နံမည်မရှိသူများအတွက် ကျွန်တော့်မှာ လုံးဝတာဝန် ရှိပါသည်.....

၂၀၀၃-၂၀၀၄ ခှုနှစ်များက ၂-နှစ်ဆက်တိုက် ကရင်ပြည်နယ်သို့ နာရေးကူညီမူအသင်းများ သွားရောက်ဖွဲ့ ပေးစဉ်က ဇွဲကပင်တောင်ကို နောက်ခံထား၍
နာရေးကူညီမူအသင်း(ရန်ကုန်) အကြောင်းအမှန်တရားကို ဝင်ရောက်လေ

Read More...

Wednesday, March 6, 2013

"စိတ်ကို ဂရုစိုက်ပါ"

.
 
 
"စိတ်ကို ဂရုစိုက်ပါ"
••••••••••••••••••••
အခါတပါး၌ အနာထပိဏ်သူဌေးသည် မြတ်စွာဘုရားထံသို့ ဆည်းကပ်လာ၏၊ ထိုအခါ မြတ်စွာဘုရားက အနာထပိဏ်သူဌေးအား ဤသို့မိန့်ကြားတော်မူသည်။

ဒါယကာ၊ စိတ်ကိုမစောင့်ရှောက်လျှင်
... ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှု၊ ( ကိုယ်မှု၊ နှုတ်မှု၊ စိတ်မှု )
များလည်း မစောင့်ရှောက်သည်ပင် မည်၏၊

မစောင့်ရှောက်ဘဲထားသော ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှုများသည် မကောင်းသောတရားဖြင့် စိုးစွတ်၏၊
မကောင်းသောတရားဖြင့် စိုစွတ်သော ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှုများသည် ပုပ်ဆွေး၏။
ယင်းသို့ပုပ်ဆွေးနေသော ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှု ရှီနေသောသူ၏ သေခြင်းသည် ကောင်းသော သေခြင်း မဖြစ်နိုင်။

ဒါယကာ၊ စိတ်ကို ( လွှတ်မထားဘဲ ) စောင့်ရှောက်လျှင် ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှုများလည်း စောင့်ရှောက်အပ်သည်ပင် မည်၏။
စောင့်ရှောက်အပ်သော ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှုသည် မကောင်းသောတရားဖြင့် မစိုစွတ်ချေ။
မကောင်းသောတရားဖြင့် မစိုစွတ်သော ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှုသည် စင်ကြယ်လတ်ဆတ်၏။
ယင်းသို့ စင်ကြယ်လတ်ဆတ်သော ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှု ရှိနေသောသူ၏ သေခြင်းသည် ကောင်းသော သေခြင်း ဖြစ်၏။

( တိကအင်္ဂုတ္တိုရ်၊ တတိယပဏ္ဏာသက ၁-သမ္ဗောဓ၀ဂ်၊ ၇-အရက္ခိတသုတ် )

Read More...

Monday, March 4, 2013

နိုင်ငံစုံမှ လုပ်ဖေါ်ကိုင်ဖက်များ.....

.
ပျော်ရာမှာမနေရ တော်ရာမှာနေနေရတဲ့ဘဝမှာ နိုင်ငံစုံမှ လုပ်ဖေါ်ကိုင်ဖက် အပေါင်းအဖေါ်များနဲ့ ပျော်နေရပါတယ်.....

Read More...

Saturday, March 2, 2013

မြန်မာ့ အလှ နှင့် ရှုခင်း (၁၄)


ကျိုက်ထီးရိုးဘုရား
.

Read More...

Friday, March 1, 2013

ငှက်တို့၏တေး.....မောင်စိန်ဝင်း (ပတီးကုန်း)





ငှက်တို့၏တေး...
မလိုက်ရဲရင်လည်း...
အသိုက်ထဲမှာပဲ ကျန်ခဲ့လေ...။
 
... တစ်နေ့ နီးမှာပေါ့...
 ရှေ့ခရီးမျှော် မာန်တင်းပါကွယ့်၊
 (ငှက်ဆိုတာကတော့ ).... ပျံရင်းသေ။ ။

ကဆုန်စိုင်းသလိုပေါ့.... မုန်းတိုင်းက ရှေ့မှာမွှေ...
 တောမီးတွေက ရှေ့မှာဝိုင်း..။

ခြင်္သေ့က မြက်မစား.....
ကျားက ကြွက်မချောင်း...
 ဖွတ်တွေက မိကျောင်းလို မနေ...၊

အိုးဝေ...အိုးဝေ.... တွန်သံနှောလေတဲ့...၊

စိမ်းမြညို ဟောဟိုတောဆီသို့.... .
 အမောခံ ဇောမာန်တင်းပါလို့---
 ပျံရင်းသေ ခရီးဆက်မယ်...တဲ့...
အဲဒါ ... ....အဲဒါ - - - - ငှက်တွေရဲ့  - - သမိုင်း - - - ။ ။

မောင်စိန်ဝင်း(ပုတီးကုန်း)

Read More...

Blog Widget by LinkWithin