.
မိမိ၏ စွမ်းရည်ကိုသိပြီး ဖွံဖြိုးတိုးတက်အောင် ပြုလုပ်နိုင်သူသာ ထူးချွန်အောင်မြင်နိုင်ပါသည်.....
EQ နဲ့ IQ အကြောင်း ( ဒေါက်တာအောင်မျိုး - ကင်ဆာအထူးကု ဆရာဝန်ကြီး )
ကျနော်တို့ ငယ် ငယ် က I.Q ဆိုတဲ့ ဝေါဟာရ တော်တော် ခေတ်စားတာ မှတ်မိသေးတယ်။ I.Q ဆို တာ Intelligent Quotient ဥာဏ် ရည် ကို တိုင်းတာ တဲ့ အညွှန်းကိန်း ပေါ့။ I.Q မြင့်ရင် ဥာဏ် ကောင်းတယ်ပေါ့ ..စာတော်တဲ့သူ။ ကျောင်းမှာ ထူးချွန်တဲ့သူဆို ရင် I.Q မြင့် တယ်တယ်လို့ ပြောကြတယ်။ လွန် ခဲ့ တဲ့ ၁၀ နှစ်။၁၅ နှစ် လောက် က စပြီး E.Q ဆို တာ ခေတ်စားလာ တယ်။E.Q ဆိုတာ Emotional Quotient ။လွယ်လွယ်ပြောရင် မိမိရဲ့ စိတ် ခံစားမှု ကို ထိန်းသိမ်းနိုင်တဲ့ စွမ်းရည်။ တနည်း စိတ် ရင့် ကျက်မှု အညွန်းကိန်းပေါ့။ ဘာလို့ လဲ ဆို တော့ အောင်မြင်တဲ့ သူတွေ ရဲ့  I.Q ရော၊E.Q ရော တိုင်းကြည့် တဲ့ အခါ I.Q မြင့် တဲ့ သူတွေ ထက် E.Q မြင့်တဲ့သူတွေ ဟာ ဘ၀မှာ ပို အောင်မြင် တာ တွေ့ ရတယ်။ ဆို လို တာ က ဘ၀မှာ အောင်မြင် ဖို့ ဆို ရင် ဥာဏ် ကောင်းဖို့ ထက် စိတ် ဓါတ် ရင့် ကျက်၊ခိုင်မာ မှု က ပို အရေး ကြီးတယ် ဆို တဲ့ သဘောပေါ့ ။
လွန် ခဲ တဲ့ တပါတ် က Harvard Business Review စာအုပ် ထဲ က Daniel Goleman ရေးတဲ့ What makes a Leader? (ဘယ်အရာ က ခေါင်းဆောင် ဖြစ်စေသလဲ) ဆို တဲ့ ဆောင်းပါး ဖတ်ရတော့ E.Q အကြောင်းရေးထားတာ တော် တော် သဘောကျတယ်။ သူက E.Q ဆိုတာ ဘာလဲ လို့ ပြော ရုံတင် မကဘူး။ E.Q မြင့်အောင် ဘယ်လို လေ့ကျင့ိ နိုင်တယ် ဆို တာ ပြေပြထားတာ။ အကျဉ်း ချုပ် ကို အောက်မှာ ဖတ်ကြည့်ပါ... “အဖွဲ့ အစည်းတွေမှာ သိပ်တော်တဲ့ခေါင်းဆောင်တွေ နဲ့ သာမန် ခေါင်းဆောင်တွေ ကို ကွဲပြားစေတဲ့အရာ က technical skill အတတ်ပညာ ကျွမ်းကျင်မှု မဟုတ်ပါဘူး..တဲ့။ တကယ်တော့ E.Q လို့ ခေါ်တဲ့  မိမိရဲ့ စိတ် ခံစားမှု ကို ထိန်းသိမ်းနိုင်တဲ့ စွမ်းရည်။ တနည်း စိတ် ရင့် ကျက်မှုပါ..တဲ့ ။ E.Q မြင့်တဲ့ ခေါင်းဆောင်တွေ အုပ်ချုပ် တဲ့ အဖွဲ့ အစည်း တစ်ခု ဟာ တနှစ် ကို အောင်မြင်မှု ၂၀% ပို တိုးတက်တာ တွေ့ ရပါတယ်..တဲ့။ E.Q/E.I (Emotional Intelligence) စိတ် ဓါတ် ရင့် ကျက်မှု အညွန်းကိန်းမှာ ပါ တဲ့ ..စွမ်းရည် တွေ ကတော့ .. (၁)Self-awareness; (မိမိ ကိုယ်ကို သိတာ)မိမိရဲ့ အားသာချက်၊ အားနည်းချက်တွေ။မိမိ က အပြောအဆို။အပြုအမူတွေ က သူတပါး အပေါ် ဘယ်လို သက်ရောက်မယ်ဆို တာ ကို သိတာ.. (၂)Self-regulation(မိမိကိုယ် ကို ထိန်းသိမ်းနိုင်တာ) (စိတ်ဆိုး၊စိတ် ညစ်၊ဒေါသ ထွက်စရာ တွေရှိ ရင်) မိမိ ကိုယ် ကို ထိန်း ချုပ် နိုင်တာ။ဒါမှ မဟုတ်.အာရုံပြောင်း နို်င်တာ) (၃)Motivation: စိတ်ပျော်ရွှင်မှု။ စိတ် တက်ကြွ မှု ကို ထိန်းသိမ်းနိုင်တာ. (၄)Empathy: သူတပါးရဲ့ စိတ် ခံစား ချက် ကို နားလည်တာ. (၅)Social skill: အခြားသူတွေ နဲ့ ဆက်ဆံရေးကောင်းမွန်၊ယုံကြည် မှု တည်ဆောက်ပြီး ကိုယ် လို ချင်တဲ့ ပန်းတိုင်ကို ဦးဆောင်နိုင်တာ ပါ ..တဲ့။ ကျနော် တို့ အားလုံးမှာ..အဲဒီ စွမ်းရည် ၅ ခု က မွေး ကတဲ က ရှိ ကြပါတယ်..တဲ့။အချို့ စွမ်းရည် တွေမှာ အားနည်း နေတာ၊အချို့ စွမ်း ရည် တွေမှာ မြင့်နေတာ တော့ ရှိ တတ်ပါတယ်..တဲ့။ အဲ ဒီ စွမ်းရည် တွေ ကို ပိုမို အားကောင်းအောင် လေ့ကျင့် လို့ ရပါတယ်။ လေ့ကျင့် ဖို့ နည်းတွေ ကတော့ ...ဇွဲ ရှိရှိ နဲ့ လေ့ကျင့်တာ၊ မိတ်ဆွေတွေ၊လေ့ကျင့်ပေးတဲ့ ဆရာ တွေ ဆီက ဝေဖန်၊အကြံပေးမှု တွေ တွေ တောင်းခံတာပါ ပဲ..တဲ့။ “
ကျနော် ကိုယ့် ကို ကိုယ် ဆန်းစစ်တဲ့ နည်း ကတော့ စွမ်း ရည်တစ်ခု မှာ အမှတ်ပြည့် က ၁၀၀ ဆိုရင် ငါ ဘယ်လောက်ရမလဲ စဉ်းစားကြည့် တာ။ နံပါတ်(၁) စွမ်းရည် မှာ အမှတ် ၄၀ လောက် ပဲ ရနိုင်တယ်ထင်တယ်။ နံပါတ်(၂) ကျတော့ အမှတ် ၃၀ လောက်ပဲရှိမယ်။ အမှတ် (၄) စွမ်းရည် ကတော့ မဆိုးဘူး။ အမှတ် ၇၀ ထိ ပေးကြည့် ထားတယ်။ အမှတ် (၃)နဲ့ (၅) ကတော့  ၅၀ ကျော်၊၆၀ လောက်ရှိ မလားမသိဘူး။ ကျနော်ကတော့ ကိုယ့်မှာ အားနည်း နေတဲ့ ပထမ ၂ ခု self-awareness နဲ့ self-regulation ကို လေ့ကျင့်နေတယ်။ တော်တော် အကျိုး ရှိတယ်ဗျ။ မိတ်ဆွေ တွေ၊သူငယ်ချင်းတွေလဲ ဘယ်ဟာတွေ လေ့ကျင့် ကြမလဲ။ E.Q ကောင်းအောင်...... **************************************************************** ကျနော် E.Q အကြောင်း ရေးတဲ့ စာ ပေါ်မှာ comment တစ်ခုရေးထားတာ ဖတ် ရတယ်။ ဘာရေးထားသလဲ ဆိုတော့ ..” သဘောကတော့ E.Q ပဲကျင့်လို့ ရတယ်။ I.Qနိမ့်ရင်တော့ ဘာမှလုပ်လို့ မရဘူးပေါ့နော်”..တဲ့ ။ စိတ်ဝင်စားစရာ ကောင်းတဲ့  comment လေးဗျ ။ သူပြောမှ I.Q အကြောင်း ဆက်တွေး မိ လို့ ရေးထားတာပါ... ကျနော်တို့ က I.Q လို့ ဆို ရင် ကျောင်းမှာ စာတော်တာ၊ကျောင်းသင် ဘာသာရပ် မှာ ထူးချွန်တာ နဲ့ ပဲ ဆက်စပ်တွေးလေ့ရှိကြတယ်။ I.Q ကောင်းတဲ့ သူလို့ ပြော လို က် ရင် ကျနော် စမြင်တဲ့ သူက အိုင်းစတိုင်း ပေါ့။ ဥာဏ် ကြီးရှင် ကြီးပေါ့ ။ ဘောလုံး မှာ အင်မတန် ထူးချွန် တဲ့ပီလီ တို့ ၊အခု ခေတ် ဆို မက်ဆီ တို့ ။ ဂီတ မှာ ကမ္ဘာကျော်တဲ့  မိုက်ကယ်ဂျက်ဆင်တို့ ၊ မက်ဒေါနားတို့  ကို I.Q နဲ့ ဆက်စပ်ပြီး မတွေးဖြစ်ဘူး။ တကယ်တော့ သူတို့ လဲ I.Q မြင့့်  တဲ့သူတွေပဲ။ ဘာလို့ လဲ ဆိုတော့  Intelligence ဥာဏ်ကောင်းတယ်၊တနည်း စွမ်းဆောင်ရည် ကောင်းတယ် ဆို တာ ခွဲ ခြမ်း စိတ် ဖြာနိုင်တဲ့ ဥာဏ် စွမ်းရည်(Analytical Intelligence) တခု ထဲ မဟုတ်ဘူးတဲ့။ Intelligence ဥာဏ် စွမ်းရည် မှာ အနဲ ဆုံး ၇ မျိုးလောက်တောင် ရှိသတဲ့။ ဆရာ ကို တာ ရေးတဲ့  “ဖြန့် ထွက်တွေး ခြင်း နဲ့ အခြားစာတန်း များ “ စာအုပ် ထဲ က Howard Gardner ရဲ့ Theory of multiple Intelligence ကို ကိုးကားပြီး ရေးထား တဲ့ စာပုဒ် ကို ဖတ် ကြည့် စေချင်တယ်..
“ဟိုးဝဒ်ဂါဒနာ ဟူသော ဟားဘတ် ပညာကျောင်းမှ ပါမောက္ခ ကြီးက တိုင်းတာ လို့ ရသော ဥာဏ် စွမ်းရည် (၇) မျိုး ရှိသည်ဟု ပြောကြားကြောင်း၊ထို ခုနှစ်မျိုးမှာ...... ၁။ပထမ တစ်မျိုးမှာ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းရည် (Analytical Intelligence) ဖြစ်ပြီး စာမေးပွဲများ၊အိုင်ကျူများနှုင့် တိုင်းတာကြောင်း။ ၂။ဒုတိယ တစ်မျိုးမှာ ပုံဖော်နိုင်စွမ်းရည် (Pattern Intelligence) ဖြစ်ပြီး အရာဝထ္တုများ၏ သဏ္ဍန်ကိုသိခြင်း၊ပုံသဏ္ဍန်ကို တီထွင်နိုင်ခြင်းများဖြစ်ကြောင်း။ သချာင်္ပညာရှင်များ၊ ကွန်ပျုတာပရိုဂရမ်များ၊အနုပညာရှင်များ ရှိသော စွမ်းရည်မျိုးဖြစ်ကြောင်း။သူတို့မှာ ပုံဖော်စွမ်းအင်၌ စွမ်းရည်မြင့်မားလှသော်လည်း သာမန်အတန်းတင် စာမေးပွဲများ၌ ကျနိုင်ကြောင်း၊ ၃။တတိယ တစ်မျိုးမှာ ကာယစွမ်းရည် (physical intelligence) ဖြစ်ပြီး ဘောလုံးသမားများ ၊ရေကုးသမားများ၊ဂေါက်သမားတို့တွင် ရှိတတ်၍ သူတို့တွင် အခြားစွမ်းရည် ရှိချင်မှ ရှိမှာ ဖြစ်ကြောင်း။ ၄။ (Musical intelligence)-ဂီတ အနုပညာစွမ်းရည်.. ၅။ပဉ္စမ တစ်မျိုးမှာ လက်တွေ့စွမ်းရည် (Practical Intelligence) ဖြစ်ပြီး တီဗွီတစ်လုံးကို လမ်းညွှန်လွှာ မပါပဲ ဖြုတ်၍ ပြန်တပ်နိုင်သော စွမ်းရည်တစ်မျိုး ဖြစ်ကြောင်း၊ အစိတ်အပိုင်းနာမည်ကို ခေါ်တတ်ချင်မှ ခေါ်တတ်မှာ ဖြစ်ကြောင်း။ ၆။ဆဌမ တစ်မျိုးမှာ ခံစားသိနိုင်စွမ်းရည် (Intrapersonal Intelligence) ဖြစ်ပြီး ငြိမ်ငြိမ် သက်သက် နေတတ်၊မျှဝေခံစားတတ်၍ ကဗျာဆရာများ၊အတိုင်ပင်ခံ (Counsellors) များ ဖြစ်လာတတ်ကြောင်း။ ၇။သတ္တမ တစ်မျိုးမှာ သဟာယ စွမ်းရည် (Interpersonal Intelligence) ဖြစ်ပြီး အများနှင့်လုပ်တတ်၊နေတတ်၊ကိစ္စပြီးမြောက်အောင် ဆောင်ရွက်တတ်သော မန်နေဂျာများတွင် ရှိရမည့် စွမ်းရည်မျိုးဖြစ်ကြောင်း။”
ဆရာ ကိုတာ ရဲ့ စာအုပ်ထဲမှာ ပဲ ဆက်ရေးထားတာ က..” ချားလ်စ်ဟန်ဒီ က ၂၁ ရာစုမှာ ကျောင်းသားတွေ ရဲ့ စွမ်းရည် ကို ခွဲခြမ်း နိုင်တဲ့ စွမ်းရည် (Analytical Intelligence) တစ်ခု ထဲ (စာမေးပွဲ တစ်ခု တည်း) နဲ့  ဆန်ကာချ နေတဲ့ ကိစ္စ ကတော့  တယ် မနိပ်လှ ဘူး ဟု ပြောပါ သည် “ တဲ့ ။
အဲဒီ စာကနေ ကျနော် ဆက် တွေး ကြည့် မိတယ်။ ...ကို စိုးသူတို့ ၊ ဖြူဖြူကျော်သိန်း တို့ ၊ ဆရာမ ဂျူး ၊ဆရာ ဖေမြင့်တို့ ဆရာ ၀န် တွေ ပေမယ့် သူတို့ ရဲ့ Intelligence က အနုပညာ ဖန်တီး တဲ့ ဘက်မှာ အားသန်တော့  အဲဒီ ဘက်မှာ မြှုတ်နှံ လုပ်ကြတော့ နိုင်ငံကျော် အနုပညာရှင် တွေ။စာပေ ပညာရှင် တွေ အဖြစ် အောင်မြင် ထူးချွန် နေကြတာ နေ မှာ ..လို့ ။ ဆရာ မောင်စိန်ဝင်း(ပုတီကုန်း)၊ ဆရာ အော်ပီကျယ်တို့  ဆို ရင် အင်ဂျင်နီယာတွေပါပဲ။ သူတို အား သန် တဲ့  စွမ်းဆောင် ရည် Intelligence ကို ရှာတွေ့  ပြီး အဲဒါကို ဖွံ့ ဖြိုး အောင် လုပ်ခဲ့ ကြလို့ သာ အောင် မြင် ကြတာ..လို့ ။
တကယ် တော့ ကျနော် တို့ မှာ မွေး ကထဲ က ကိုယ်အားသန်တဲ့ Intelligence ဥာဏ် စွမ်းဆောင်ရည် လို့ ခေါ်တဲ့  ” ဇ “လေးတွေ ပါလာပုံ ရတယ်။ ကိုယ်ရဲ့ Intelligence က ဘာလဲ ဆို တာ မြင်အောင် ကြည့် ပြီး ဖွံ့ ဖြိုး အောင် လေ့ကျင့် နိုင် ရင် ထူးချွန် အောင်မြင်သူတွေ ဖြစ် လာမှာပဲ။ ကျနော့ မိတ်ဆွေ၊သူငယ်ချင်းတို့ ရော ..ဥာဏ်စွမ်းရည် (၇) မျိုး ထဲက ကိုယ်ရဲ့ တကယ့် စွမ်း ရည် ဟာ ဘယ်ဟာဖြစ် မယ်ထင်သလဲ။ ကိုယ့် ညီ၊ညီမတွေ။ သား၊သမီးတွေ မှာလဲ သူတို့ ရဲ့  Intelligence က ဘာဖြစ်မယ်ထင် သလဲ။ အဲဒီ Intelligence ကို ဖွံ့ ဖြိုး အောင် လုပ် ပေး ဖို့  က ထူးချွန် အောင် မြင် ဖို့ အတွက် အရေးကြီးတယ် မဟုတ်လား ဗျာ...
ဒေါက်တာ အောင်မျိုး

Thursday, March 6, 2014
မိမိ၏ စွမ်းရည်ကိုသိပြီး ဖွံဖြိုးတိုးတက်အောင် ပြုလုပ်နိုင်သူသာ ထူးချွန်အောင်မြင်နိုင်ပါသည်.....
Monday, March 3, 2014
Wednesday, February 12, 2014
၆၇-ကြိမ်မြောက် ပြည်ထောင်စုနေ့.....နှင့် ယုံကြည်မူ့
.
၆၇-ကြိမ်မြောက် ပြည်ထောင်စုနေ့.....နှင့် ယုံကြည်မူ့
.
February 12, 2014 at 8:12am
တိုင်းရင်သားအားလုံးက ပြောသံကြားရတယ် ခွဲခြားခံရတယ်တဲ့
အမှန်ကကျွန်တော့ အတွေ့ အကြုံအရ ပြောရရင် ကျွန်တော်တို့်ဟာ တိုင်းရင်းသားတွေမပြောနဲ့ တရုပ် ကုလား ဘယ်ဘာသာ ညာဘာသာဆိုပြီး ခွဲခြားပြီးမမြင်ခဲ့သလို ခွဲခြားပြီးမဆက်ဆံခဲ့ပါ မြန်မာပြည်ထဲမှာနေတဲ့ မြန်မာပြည်သား တဦးအဖြစ်သာ မြင်ခဲ့ပါတယ် အမှန်ကသတိတောင် မထားမိခဲ့ပါဘူး
ကျွန်တော်တွေ့ ကြုံခဲ့ရတာကတော့ တိုင်ရင်းသားအများစုဟာ ၂-ယောက်ထဲဆိုရင် အများသိတဲ့ ဘာသာစကားကို ပြောကြပေမဲ့ သူတို့လူမျိုး ၂-ယောက်ရှိပြီဆိုရင် သူတို့်ဘာသာစကားကိုသာပြောပြီး ကျန်သူကိုဂရုမစိုက်တော့ပါ သူတို့ရဲအားနည်းချက်ပါ သူတို့ကသာခွဲခြားသွားကြတာပါ ကျွန်တော်တို့ အသိစိတ်ဓါတ်ထဲမှာ ဘာအမြင်ဘာခွဲခြားမူမှ မရှိတာအမှန်ပါဘဲ
အမှန်က တိုင်းရင်းသားခေါင်းဆောင် ဆိုသူအချို့ ၏ သွေထိုးမူ့ ကြောင့်သာ ဒီလိုဖြစ်နေတယ်လို့ ယူဆပါတယ်
ဒီလိုဘာဘဲ ငယ်စဉ်က ညီအကိုလိုခင်ခဲ့ကြတဲ့ မူစလင်ဘာသာဝင်တွေလဲ ပြည်ပသွေထိုးမူကို ယုံကြည်ကြပြီး သူတို့ကမသိမသာ ခွဲခြားသွားကြတာ သူတို့သတိမထားမိလို့ ခုအခါမဖြစ်သင့်တဲ အဖြးစ်တွေဖြစ်လာတယ်လို့  ယုံကြည်ပါတယ်
အမှန်က ကျွန်တော်တို့က ဘာအမြင်မှမရှိသလို ဘာခွဲခြားမူမှ မရှိတာအမှန်ပါ
တိုင်းရင်းသားအားလုံးနဲ့ လူမျိုးခြား ဘာသာခြား အားလုံးကို လေးစားလျှက်.....
၆၇-ကြိမ်မြောက် ပြည်ထောင်စုနေ့က ကြိုဆိုလိုက်ပါတယ်
Tuesday, February 11, 2014
ကျိုက်ထီးရိုးဘုရား.....
Tuesday, February 4, 2014
ဒေါ်အောင်ဆန်းစုကြည် သမတ လုံးဝမဖြစ်နိုင်ပါ.....ကျော်သူ က သက်သေပြနေသည်
.
ဒေါ်အောင်ဆန်းစုကြည် သမတ လုံးဝမဖြစ်နိုင်ပါ.....ကျော်သူ က သက်သေပြနေသည်
ဒေါ်အောင်ဆန်းစုကြည် သမတ လုံးဝမဖြစ်နိုင်ပါ.....ကျော်သူ က သက်သေပြနေသည်
နာရေးကူညီမူအသင်း(ရန်ကုန်)ကို ဘယ်လို မတရားနည်းတွေသုံးသိမ်ပိုက်ခဲ့သလဲဆိုတာ သိချင်ရင် ဝင်ရောက်လေ့လာနိုင်ပါသည်.....http://tharafi.BlogSpot.com/
မြန်မာပြည် ၏ နမိတ်ပုံ (သို့) နာရေးကူညီမူအသင်း(ရန်ကုန်) နှင့် ၂၀၁၀ ရွေးကောက်ပွဲ .....ခေါင်းစဉ်ဖြင့် Saturday, September 18, 2010 မှာ ကျွန်တော့ ဘလောဂ် သရဖီ မှာရေးခဲ့ပါသည်
ကျော်သူ သန်းမြင့်အောင် ဇီးကွက် တို့ နာရေးကူညီမူအသင်း(ရန်ကုန်)ကို ဘယ်လိုမတရားနည်းတွေသုံးသိမ်းပိုက်ခဲ့ပုံများကို ရေးခဲ့တာပါ နာရေးကူညီမူအသင်း(ရန်ကုန်)ကို မတရားနည်းတွေသုံးသိမ်းပိုက်ရာမှာ မဲလိမ် လူစားထို အောက်လမ်းနည်းသုံး လုပ်ကြံတာကစ နည်းမျိုးစုံကိုသုံး နိုင်လည်းနိုင်ရမည် ရှုံးလည်းနိုင်ရမည် ဆိုပြီးနိုင်အောင်လုပ်ပြီးသိမ်းပိုက်ခဲ့ကြတာ ကျွန်တော်ကဦးဆောင် လုပ်ပေးခဲမိပါတယ် အသင်းကိုသိမ်းပိုက်ရရှိလို့ ထောက်လှမ်ရေးခင်ညွန့် တိုက်ခန်း မြေနေရာ ဖုံး(ထိုစဉ်က သိန်း၄၀-လောက်အမြတ်ရတယ်) အပြင် အသင်းအတွက်မြေနေရာပါ ခေါ်ပေးမှ ကျော်သူ နောက်မှာ ထောက်လှမ်းရေးခင်ညွန့် တကယ်ရှိကြောင်းသိခဲ့ရပါတယ် ခင်ညွန့် နဲ့အမျိုးတော်ကြောင်း ပြောနေတာကိုတော့ နေစဉ်ပါစပ်ကမချပြောနေတာကို နေ့စဉ်ကြားနေခဲ့ရတယ် (ခင်ညွန့် ပြုတ်တော့လဲ ဗိုလ်ချုပ်မူကြီးသန်းရွှေ ကို ပါစပ်ကမချပါ)
အသင်းစတင်တည်ထောင်သူတွေနဲ့ ကိုယ်ယုံကြည်လို့ နေရာပေးထားတဲ့ သန်းမြင့်အောင် ၏ လူယုံသတ်ခံလိုက်ရတဲ ငွေတသိန်းနဲ့လုပ်ကြံခံလိုက်သူ အသင်စတင်တည်ထောင်သူ စာရေးဆရာ ဆရာဦးအောင်သင်း တို့ကတော့ ခင်ညွန့် ပါဝါအာဏာကြောင့် ဘာမှမတတ်နိုင်ဖြစ်ခဲ့ရတယ်
သူခိုးအပေါ်သဝှက်လု ဆိုသလိုဘဲ ခင်ညွန့် အသင်းအတွက် မြေ ၅-ဧကကျော်ပေးတာ အိုးအိမ်းဦးစီးဌာနမှာ မြေဂရံလုပ်တော့ ညွန်ချုပ်ဦးအံ့ကျော် ကို မြေ ၂-ဧကပေးခဲ့ရတယ် မပေးရင်လဲ သူက ဒဂုံမြောက် ၄၂-ရပ်ကွက်ကသူတွေကို လိုက်လံလက်မှတ်ထိုးခိုင်းပြီ ဒီအသင်းရပ်ကွက်မှာရှိရင် ရပ်ကွက်နာတယ်လုပ်လို့ ပေးခဲ့တာပါ
၂၀၁၀ ရွေးကောက်ပွဲကို..... မြန်မာပြည် ၏ နမိတ်ပုံ (သို့) နာရေးကူညီမူအသင်း(ရန်ကုန်) နှင့် ၂၀၁၀ ရွေးကောက်ပွဲ ဆိုပြီးဘလောက်ဂ်မှာ ကြိုတင်ရေသလို နည်းမျိုးစုံသုံး အနိုင်ယူခဲ့တာမဆန်းပါ
နိုင်ငံရေး စစ်ရေး အချစ်ရေး တို့မှာ နိုင်ဖို့ ရဖို့သာ အဓိက လို့ ဆိုထားပြီးသာပါ
ဘာမဟုတ်တဲ့ လူမူရေးအသင်း မသာချတဲ့အသင်းကိုတောင် အောင်မြင်သွားတော့ မိမိတို့နံမည်ကြီးဖို့ ကျော်သူ သန်းမြင့်အောင် ဇီကွက် တို့ မတရားနည်းသုံး သိမ်ပိုက်ခဲ့သလို အာဏာရှင်ခင်ညွန့် ကလည်း တိုတက်သည့်အယူအဆရှိသူတွေ နေရမရအောင် အားပေးခဲ့တာဘဲ
အဲဒီတော့ စစ်အစိုးရကလဲ မိမိတို့ရရှိခဲ့တဲ့အာဏာကို ဘာမှအောင်မြင်အောင် အဖြစ်ရှိအောင် လုပ်မပြနိုင်ခဲ့တဲ့ သူတွေကို နည်မျိုးစုံသုံး ၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ယူခဲ့တာ မဆန်းပါ
ကျော်သူ သန်းမြင့်အောင် ဇီကွက် တို့ဟာ အသင်းကြီးကို သိမ်းပိုက်ရရှိခဲ့တာကို အားမရဘဲ မိမိတို့ကို အားပေးဝိုင်ဝန်ခဲ့သူ လူတန်းစားပေါင်စုံနဲ့ မိမိတို့ထက် ပညာတတ်သူမှန်သမျှကို ဖယ်ထုတ်ရှင်လင်ခဲ့ပြီး ၃-ဦးကသာ ကုမ္မဏီသဘောမျိုး နံမည်ကြီးသူတွေကိုသာ ခေါ်ယူအသုံးချ အလုပ်လုပ်သည့် အမူဆောင်ဆိုတာမတွေ့ ရ မိမိတို့ ကုလာထိုင် နေရာမပျောက်ရေးကို အတွက်လုပ်ဆောင်နေရတာတွေ့ ရပါသည် တချိန်က လုပ်အားပေးသူ အသင်းသား အမူဆောင်များဖြင့် အလွန်စီးကားခဲ့သည့် အသင်းကြီးပါ (ဦးအောင်သင်း ပြောသလို ငါတို့အသင်းဟာ မည်သူမဆို လမ်းလျှောက်လာပြီး လုပ်အားပေးလို့ရတယ်) ကျော်သူ တို့ ကျွန်တော်တို့ သူတို့ခွင့်ပြုလို့ လုပ်အားလာပေးခဲ့ကြသူတွေပါ
အဲဒီတော့ အာဏာရှိသူတွေကလဲ မိမိတို့ရရှိထားသည့်အာဏာပါဝါကို တခြားသူကို လုံးဝလွဲမပေးပါ
ရှင်းရှင်းလေးပြောရရင် လုပ်ပိုင်ခွင့်ဆိုတာ အလကားရတာ မဟုတ်သလို ဘယ်သူကမှလဲ အလကားမပေးပါ
အောင်မြင်အောင် လုပ်ယူရပါသည် ပါမှမအောင်မြင် အောင်မြင်အောင် အဖြစ်ရှိအောင် မလုပ်နိုငဘူးဆိုရင် လုပ်ပိုင်ခွင့်ဆိုတာကို မစဥင်္းစားပါနဲ့
ကျော်သူတို့လိုဘဲ ဘာမဟုတ်တဲ့ လူမူရေးအသင်း မသာချတဲ့အသင်းကိုတောင် နံမည်ကြီးဖို့ ကုလာထိုင်မြဲအောင် နေရာမပျောက်အောင် နည်မျိုးစုံသုံး လုပ်ဆောင်နေရင်
နိုင်ငံရေးအာဏာ တိုင်ပြည်အုပ်ချုပ် မင်းလုပ်တဲ့အာဏာကို ဘယ်သူကမှ ကုလာထိုင်လွဲပေးမည်မဟုတ်ပါ
အားလုံးစိတ်ကူးယဉ်နေကြတာပါ အမှန်တော့ ဦးနေဝင် လက်ထက်ကတဲက စိတ်ကူယဉ်နေကြတာ လက်တွေ့  မလုပ်နိုင်ဘဲ စိတ်ကူးယဉ်နေကြတာ တော်လောကြပါပြီ
အဓီကက တိုင်းပြည်တိုးတက် ပြည်သူတွေ သာယာဝပြောဖို့ပါ
ဝိုင်းဝန်းညှိနိုင် စည်းလုံး၍ လုပ်ဆောင်ရမည့်အချိန်ပါ
ကျော်သူ သက်သေပြနေသလိုပါဘဲ
ဒေါ်အောင်ဆန်းစုကြည် သမတ လုံးဝမဖြစ်နိုင်ပါ
ခေါင်းဆောင်ဆိုတာ.....ဘာဆင်ခြေမှပေးလို့မရပါ မိမိကိုယုံကြည်လို့် ပြည်သူကခေါင်းဆောင်တင်မြောက်ခဲ့ရင် အောင်မြင်အောင် လုပ်ပြနိုင်ရပါမယ်
ဒီလိုမှမဟုတ် ခေါင်းဆောင်နေရာယူပြီး ဘာမှလုပ်မပြနိုင်ရင် ကမ္ဘာမှာခေါင်းဆောင်ဆိုသူတွေ လွတ်လပ်ရေးဖခင်တွေ မပေါ်ထွက်နိုင်ပါ
ဒေါ်အောင်ဆန်းစုကြည်......
အာဏာပါဝါ ပါတီအတွက် လုပ်မနေဘဲ တိုင်ပြည်တိုးတက် ပြည်သူတွေသာယာဝပြောဖို့.....တိုင်းပြည်ကို တည့်မတ်ပေးမည့် လူထူခေါင်းဆောင်သာ လုပ်သင့် ဖြစ်သင့်ပါသည်။
်








%5B1%5D_crop.jpg)