ဤမှာမြေပြင် မြစိမ်းဆင်လျှက် ကောင်ကင်မိုးဝယ် နီလာချယ်၍ အိုဘယ့်လူသား နှစ်ရောင်ကြားဝယ် ခန့်ညားပေစ ခန့်ပေစ၊

Thursday, January 24, 2013

ပိတောက်ဝါဝါ......... ပြာသောခါမှ.....

ပိတောက်ဝါဝါ......... ပြာသောခါမှ.....
 

သင်္ကြန် ရောက်ခါနီးတိုင်း အမြဲသတိရ နေရတာလေးပါ၊ 
အထက ၉-တန်းတက်နေစဉ်ကပေါ့ E- ပုံရှိတဲ့ ကျောင်းအတွင်းဘက်မှာ နံနက်ပိုင်းဖြစ်၍ နေရောင်ခြည်ကလဲ မပြင်းသေး ကျောင်းတက်ခေါင်းလောင်း မထိုးခင် ဘာနာပင်တွေကို သစ်နဲ့ထိုင်းစရာ အဝိုင်းပုံရိုက်ထားတဲ့နေရာမှာ ထိုင်ပြီးစကားပြောနေကြတယ်၊ သစ်ရွက်တွေကြွေတဲ့ နွေအကူးကာလကိုကျော်၍ သစ်ရွက်တွေ ကြွေစရာမရှိတော့သည့် တပေါင်းလ ကုန်ခါနီးပါ စာမေးပွဲကြီးကလဲ ရက်ပိုင်းလိုတော့ အားလုံးခဏတဖြုတ် ခွဲခွါခါနှီး ကြံတဲ့သူကလဲကြံ ဖန်သူကလဲဖန်လို့ သင်္ကြန်နားကလဲနီး တပေါင်းလလဲကုန်ခါနီး လေရှုးနဲ့အတူ မိုးရှုးကြောင့် ပိတောက်ပန်းတွေ ပွင့်ထာပါသဖြင့် ပိတောက်ပန်းများ လက်ထဲကိုင်ပြီး ပျော်ပျော်ပါးပါး ဖြစ်နေစဉ်ပေါ့၊
ငယ်သူချင်းဖြစ်သူ အပြုံ လို့ သူငယ်ချင်း...တွေကခေါ်တဲ့ ပြုံးမြင့် တင်းနစ်အားကစားသ္မား သူငယ်ချင်းတွေထဲမှာ အချစ်အတွက်ဆိုရင် အပင်းပန်းခံကြိုးစားသူပါ ရောက်လာပါတယ် သူအမြဲကြိုးစားနေတဲ့ သူကြိုက်နေသူဆီက ပြန်စာရကြောင်း ဝမ်းသာစွာ အပြုံးများစွာဖြင့်ပြောပြီး   ကျောင်းသုံးဗလာစာအုပ်မှ စါရွက်တခုလုံးကို လေးခေါက်ချိုးလောက် ခေါက်ထားကိုပြတယ်....
ဖွင့်ကြည့်လိုက်တဲ့ အခါမှာတော့ စာလုံးကြီးကြီးနဲ့ စာကတကြောင်းထဲရေးထားတာပါ.....ရေးထားတာက
  "ပိတောက်ဝါဝါ ပြာသောခါမှ နင့်ကို ငါချစ်မယ်" ဆိုတာပါဘဲ.....သူငယ်ချင်း ဘယ်လိုခံစားသွားရသလဲ သတိမထားနိုင်ကြပါ ကျွန်တော်တို့ သူငယ်ချင်းအားလုံးကတော့ တဟားဟား ရီးကြပါတယ်.....

ပြန်စာပေးတဲ့ မိန်ကလေးကလဲ သူငယ်ချင်းတွေ ဖြစ်နေကြ၍ သူငယ်ချင်းတွေလက်ထဲမှာ ကိုင်ထားကြတဲ့ ပိတောက်ပန်းတွေစုပြီး အဲဒီအချိန်က ဖေါင်တိန် မှင်သုံးကြလို့ သူငယ်ချင်းအားလုံး ဖေါင်တိန်တွေထုတ် ပိတောက်ပန်းဝါဝါ တွေပေါ်မှာ မှင် အပြာရောင်တွေဖြန်းပြီး ပျော်ပျော်ပါးပါး သွားပို့ကြပါကြောင်း....။

Read More...

Monday, January 14, 2013

အလုပ်ထဲမှာပါ...........

မိမိမိအလုပ်ထဲမှာပါ အမေရိကန်မှာ အလုပ်အတွက် အသက်အကန့်အသတ်မရှိပါ မိမိလုပ်နိုင်ရင် ဘယ်အသက်အရွယ်မဆို လုပ်လို့်ရပါတယ် ဘယ်အသက်အရွယ်မဆို အလုပ်နဲ့ပညာရေး အတွက်အချိန် လုံးဝမလုံလောက်ကြပါ ဘယ်အသက်အရွယ်မဆို ပညာကိုထပ်သင်ယူနေကြပါတယ်၊ ဘာအလုပ်မှမလုပ်ရဘဲ အေးအေးဆေးဆေး ဘဝတွေကို ဖြတ်သန်းခွင့်ရခဲတဲ့ အမိမြန်မာပြည်ကို အမြဲသတိရပါတယ်။ 
 ဒီနေ့ အလုပ်ထဲမှာပါ ခုထိအလုပ်လုပ်ရတုံးပါဘဲ အမေရိကန်မှား အလုပ်အတွက် အသက်ကန့်သတ်ချက်မရှိပါ လုပ်နိုင်ရင်ဘယ်အသက်အရွယ်မဆို လုပ်လို့ရပါတယ် ပညာရေးကိုလည်း အသက်ကန်သတ်ချက်မရှိ ထပ်ကြိုးစားနေကြ ရပါတယ် အချိန်ဆိုတာလုံးဝအလောက်ပါ၊ မြို့ မှာ့ရှိတဲ့ ကျွန်တော့သူငယ်ချင် အပေါင်းကတော့ အနားယူနေကြပါပြီး တချို့ ဆိုလဲ ဘဝတပါးကိုလုံးဝ အနားယူသွားကြပါပြီး ပြောချင်တာက ညီငယ်ညီမငယ် သားငယ်သ္မီးငယ်အားလုံး မိုက်ကရိုဆော့ပိုင်ရှင် သူဌေးကြီးဘီလ်ဂိတ်ပြောသလို ငယ်စဉ်မှာဆင်းရတာ အပြစ်မဟုတ် ဆင်းရဲပြီးသေးတာသာ မိမိမှာအပြစ်ရှိတယ်ဆိုတာပါ ဘဝဆိုတာ အခြေခံမကောင်းပေမဲ့ကြိုးစားရင်ရပါတယ် မအောင်မြင်တာကတော့ မိမိအမှားတွေ ကြောင့်သာအဓိကဖြစ်ပါတယ်.....စာများများဖတ်ပါ ကြိုးစားကြပါ။

Read More...

Monday, December 31, 2012

Happy new year for all.....2013

Mobile Phone  ကနေ Phone မှာ S Pin နဲ့ မြန်မာစာရေးပြီး တင်လိုက်ထာပါ အမှတ်တရပါ
 
Phone မှာ မြန်မာစာ ရေးပြီး ဓါတ်ပုံးနောက်ခံထည့်၍ Phone က တိုက်ရိုက် Post ကို ဘလော့မှာတင်လိုက်ထာပါ အလွန်လွယ်ကူပါတယ် အမှတ်တရ နှစ်သစ်ကိုကြိုဆိုခဲ့ရတာပါ။

Read More...

Tuesday, December 25, 2012

စည်းလုံးမူ့ နဲ့ ညှိနိုင်းဆောင်ရွက်မူ့ ဆိုသည့်ရေရှည်တည်တန့်မည့် အတွေးခေါ်ကောင်းရှိသည့် ခေါင်းဆောင်များနောက်စုစည်းကြပါစို့။ (၂၀၁၂ ကို ဂုဏ်ပြု၍ ၂၀၁၃ ကိုကြိုဆိုပါတယ်)

စည်းလုံးမူ့ နဲ့ ညှိနိုင်းဆောင်ရွက်မူ့ ဆိုသည့်ရေရှည်တည်တန့်မည့် အတွေးခေါ်ကောင်းရှိသည့် ခေါင်းဆောင်များနောက်စုစည်းကြပါစို့။
       ကျွန်တော်တို့ကိုယ်တိုင် တိုင်ပြည်အတွက်အကောင်းဆုံးဖြစ်အောင် ဘာအရွေ့ မှလုပ်မပေးနိုင်ရင် အကောင်းဆုံးလုပ်ပေးနိုင်သည့် ခေါင်းဆောင်ကောင်းနောက်ကို လိုက်ရမှာဘဲ။
မှန်ပါတယ် မကောင်းတာတွေကိုလက်ညှိးလိုက်ထိုးနေမယ်ဆိုရင် အားလုံးအမှန်တွေချည်ပါဘဲ.....
          ဒါပေမဲ့လွတ်လပ်ရေးရပြီးကတည်းကတိုင်းပြည်တိုးတက်ဖို့နဲ့ သာယာဝပြောဖို့ကို မကြည့်ဘဲ စည်းလုံးညီညွတ်မူမရှိ ညှိနိုင်းဆောင်ရွက်ကြသည့် အတွေးအခေါ်မရှိ သူတလူငါတမင်း လုပ်ခဲ့ကြလို့ အားလုံးဒုက္ခဆင်းရဲပင်လယ်ဝေခဲ့တာ လယ်သမား အလုပ်သမား ဝန်ထမ်း စစ်သား ပြည်သူပြည်သား လူငယ်ကလေးကအစအာလုံးပါ တိုင်းပြည်ပါနစ် ဒေဝါလီခံခဲ့ရတာပါ နှစ်ပေါင်း ၆၀ကျော်ပါပြီး ဘယ်သူပြုပြင်ပေးနိုင်ခဲ့ပါသလဲ!!!!! ယနေ့လိုအပ်နေတာက တိုင်းပြည်တိုးတက်ဖို့နဲ့သာယာဝပြောဖို့ပါ၊ တိုင်းပြည်ပျက်ဖို့ မကောင်းတာတွေ လက်ညှိးထိုး ငါတို့ဘာနိုင်ငံရေးတွေလုပ်ခဲ့တယ်လို့ ကြွာဝါအော်ဟစ်လေလုံးတွေပြစ် နေကြမည့်အစား တိုင်းပြည်နဲ့လူမျိုးအတွက်  အမှန်တကယ် အကျိုးရှိသည့် အလုပ်တွေလုပ်ပေးခဲ့ပြီးလဲ ဘာတွေတာဝန်တွေကျေခဲ့သလဲ လုပ်ခဲ့ယုံနဲ့မရပါ အကျိုးပြု၍​ တာဝန်ကျေဖို့လိုပါတယ်၊ နိုင်ငံရေးလုပ်တယ်ဆိုတာ ပြည်သူလူထုရဲ့ တာဝန်ကိုယူတာပါ တာဝန်ယူပြီးရင်လဲ တာဝန်ကျေဖို့လိုပါတယ် မိမိတာဝန်မကျေသေးရင် တာဝန်ယူခဲ့သည့် ပြည်သူလူထုအတွက် ဘာအရွေ့ မှလုပ်မပေးနိုင်ခဲ့ရင် တကယ်လိုအပ်နေတဲ့ အတွေးအခေါ်ကောင်း စည်းလုံးမူ့နဲ့ ညှိနိုင်းဆောင်ရွက်မူ့ နောက်ကိုဝိုင်းဝန်းလိုက်ဖို့လိုပါတယ်၊
             တိုင်းပြည်တိုင်းမှား တဖက်နဲ့တဖက် နေ့စဉ်လူအများကိုသတ်ပွဲတွေလုပ်ပြီး တိုင်းပြည်တည်ဆောက်နေကြလို့ ဘယ်တော့မှမဆုံးနိုင်တဲ့ လက်စားခြေမူ့တွေနဲ့ နှစ်ပေါင်းများစွာ တိုင်ပြည်တိုးတက်သာယာဝပြောမူကို မကြည့်နိုင်ကြဘဲ မဆုံးနိုင်တဲ့ ညှိနိုင်းမူ့တွေလုပ်ကြရမှာကိုသိလို့ က မ္ဘာကလဲ မြန်မာပြည်မှာတည်ဆောက်နေသည့် အတွေးအခေါ်ကို ဝိုင်းဝန်းလက်ခံလာပါတယ်၊
တရားမျှတတဲ့ဥပဒေတွေ ပြဌာန်းပြီး ဘာတွေလုပ်သင့်သည်ဆိုတာကို ဝိုင်းဝန်းအကြံပေးဖို့သာ အမှန်တကယ်လိုအပ်နေတာပါ အကောင်းဘက်ကကြည့်ပြီး စည်းလုံးမူ့နဲ့ ညှိနိုင်းဆောင်ရွက်မူ့ ဆိုသည့်ရေရှည်တည်တန့်မည့် အတွေးခေါ်ကောင်းဖြင့်လုပ်ဆောင်နေသော ခေါင်းဆောင်များနောက်လိုက်၍ စည်လုံးညီညာစွာလက်တွဲကြပြီး တိုင်းပြည်တည်ဆောက်ကြပါစို့။
                  လက်နက်ကိုင်တိုက်နေသမျှ ဘယ်တော့မှဆုံးနိုင် အဆုံးသတ်နိုင်မှာမဟုတ်ပါ ခေတ်ကလဲအများကြီးပြောင်လဲနေပါပြီ လွန်ခဲ့တဲ့နှစ်ပေါင်း၆၀ကျော်က အတွေးအခေါ်တွေရှိဖို့မသင့်တော့ပါ လက်နက်ကိုင်တော်လှန်ရေးဟာ ဟိုတုန်းကအချိန်ကောင်းတွေကတောင် အောင်မြင်အောင်မလုပ်နိုင် ခုဆိုရင်လုံးဝမအောင်မြင်နိုင်ပါ လက်နက်ကိုင်တွေရှိနေတဲ့ ဒေသတွေက တိုင်ရင်သားပြည်သူတွေသာ ဥပဒေမဲ့ ကြီးနိုင်ငယ်ညင်း ဒုက္ခဆင်းရဲ ရောက်နေကြရမှာပါ လွတ်တော်အတွင်းဥပဒေပြောင်းလဲမူတွေကို ဥပဒေဘောင် အတွင်း ညှိနိုင်းဆွေးနွေးရယူမှသာ အားလုံးအတွက် အောင်မြင်မူရယူနိုင်မှာပါ။
             သမတကြီးဦးသိန်စိန် ရော ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ပါ တချိန်က၂ဦး၂ဖက်စလုံး မိမိတို့ဘက်ကိုသာရပ်တည်ရပ်တည်ခဲ့ကြလို့ တိုင်းပြည်အတွက်ဘာမှဖြစ်မလာ၂ဖက်စလုံးမှာ အတွင်းရောအပြင်ပါကွဲကြပြဲကြနဲ့ ဘယ်သူမှစည်လုံးညှိနိုင်ဆောင်ရွက်မူကို မပြုလုပ်ခဲ့ကြလို့ တိုင်ပြည်နဲ့ပြည်သူလူထုသာ နစ်နာခဲ့ရတယ်၊ ဒီအချိန်မှာ၂ဘက်စလုံးက သူတို့မှာတာဝန်ရှိတယ်ဆိုတာ ခံယူနေကြပါပြီ သဘောပေါက်နေကြပါပြီး ဝိုင်းဝန်ပြုပြင်ကြဖို့ဘဲလိုပါတော့တယ်၊
         ဒီနေ့သူတို့က စည်လုံးမူ ညှိနိုင်းဆောင်ရွက်မူ့ နဲ့တိုင်ပြည်တည်ဆောက်မှာကို ရေရှည်တည်တန့်မည့် အတွေးအခေါ်ကောင်းဖြစ်လို့ ဝိုင်းဝန်ကူညီကြလက်တွဲကြရမှာပါ.....အတွေးအခေါ်ကောင်းများနဲ့ခေါင်းဆောင်ပြုပြင်လုပ်ဆောင်လို့ အောင်မြင်မည်လို့ လုံးဝယုံကြည်ပါသည်၊
             ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အပြောခံ အဝေဖန်ခံပြီး ဘာကြောင့် သမတကြီးဦးသိန်းစိန် တို့နဲ့လက်တွဲလုပ်ဆောင်နေသလဲဆိုတာကို ရှင်းရှင်းလင်းလင်း စိတ်သန့်သန့်နဲ့ သိထားဖို့လိုပါတယ် တိုင်းပြည်နဲ့လူမျိုးကိုချစ်လို့ပါ လွတ်တော်အတွင်းကသာဥပဒေကို ပြုပြင်နိုင်ပြီး ဥပဒေဘောင်အတွင်းကသာ တိုင်းပြည်တိုးတက်ပြီး ပြည်သူတွေဆင်းရဲတွင်းက လွတ်နိုင်မည်ဖြစ်၍ အဓိကဆိုတာကို မြင်လို့သိလို့ပါ၊
              တိုင်းပြည်နဲ့လူမျိုးကိုခြုံကြည့်နိုင်တဲ့ နိုင်ငံကြီးသားစိတ်ဓါတ်ရှိဖို့လိုသလို နာတဖြားကိုသာကြည်၍ မိမိတို့အဝန်းအဝိုင်းလေးကိုသာ ကြည့်လို့မရပါ၊ နှစ်ပေါင်းများစွာတိုင်းပြည်နဲ့လူမျိုး နွံနစ်နေခဲ့တာကို ရက်လ အချိန်လောက်နဲ့ ဖြေရှင်လို့မရနိုင်ဆိုတာကိုလဲ နားလည်မူ့ရှိဖို့လိုသလို၊ ဒီအချိန်က ဘာကိုမှစဉ်းစားတွေဝေမနေကြဘဲ တိုင်းပြည်တိုးတက်ဖို့ ပြည်သူတွေဆင်းရဲတွင်းကဖို့ မှန်ကန်တရားမျှတတဲ့ ဥပဒေဘောင်အတွင်းမှာနေထိုင်နိုင်အောင် စည်လုံးမူ ညှိနိုင်းဆောင်ရွက်မူ့ကို ဝိုင်းဝန်းလုပ်ဆောင်ကြဖို့လိုပါသည်။
ကျွန်တော်ချစ်သော မြန်မာပြည်..... တိုင်းပြည်တိုးတက်ပြီး ပြည်သူတွေ ဒုက္ခဆင်းရဲတွင်းအပေါင်းက လွတ်မြောက်၍ သာယာဝပြောသော စီးလုံးညီညာသော ပြည်ထောင်စု မြန်မာနှိင်ငံတော် အားအင်အပြည့်ဖြင့် ထွက်ပေါ်လာမည်ဟု လုံးဝယုံကြည်ပါသည်။


Read More...

Monday, December 24, 2012

ဆွီဒင်နိုင်ငံလုပ်အဆင့်မြင့် M-3 Carl Gustaf လက်နက်များကို မြန်မာတပ်မတော်က၁၉၈၀ကျော်ထဲကဝယ်ယူ ပြည်တွင်းမှားထုတ်လုပ်နေပြီဖြစ်ပါတယ်..

.

ဆွီဒင်နိုင်ငံလုပ် အဆင့်မြင့် M-3 Carl Gustaf လက်နက်
သမ္မတ ဦးသိန်းစိန် လက်ထက်တွင် အမေရိကန်နှင့် ဥရောပ သမဂ္ဂတို့က မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုများမှ တချို့ကို ဖယ်ရှားပေးခဲ့သော်လည်း နိုင်ငံတွင်းလက်နက်ကိုင် ပဋိပက္ခများရှိနေဆဲဖြစ်သည့်အတွက် မြန်မာအစိုးရထံသို့ လက်နက် ရောင်းချခြင်းမပြုရန် ပိတ်ပင်တားမြစ်မှုများ ထားရှိဆဲ ဖြစ်သည်။
လက်ရှိဖြစ်ပွားနေသော ကချင်စစ်ပွဲများတွင် အစိုးရတပ်များ အသုံးပြုသည့် ဆွီဒင်နိုင်ငံလုပ် အဆင့်မြင့် M-3 Carl Gustaf လက်နက်များကို ကချင်ပြည် လွတ်လပ်ရေး တပ်မတော်(KIA) က သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းများ ပြီးခဲ့သည့် အပတ်အတွင်းတွင် ထွက်ပေါ်လာခဲ့သည်၊ ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေး ကျွမ်းကျင်သူ ဆွီဒင် သတင်းစာဆရာ ဘာတေးလ် လစ်တနာက အဆိုပါ ဆွီဒင်နိုင်ငံလုပ် စစ်လက်နက် ပစ္စည်းများသည် အိမ်နီးချင်း အိန္ဒိယနိုင်ငံမှ ရရှိခြင်းဖြစ်နိုင်ကြောင်း၊ အိန္ဒိယသည်ဆွီဒင်နိုင်ငံမှလက်နက်အများဆုံး ဝယ်ယူသည့်နိုင်ငံဖြစ်ကြောင်းပြောဆို နေကြပါတယ်၊ VOA, BBC စတဲ့သတင်းဌာနတွေကလဲ အရေးတကြီးသတင်အဖြစ်ခုထုတ်လွင့်နေပါသည်။

Kyaing Tun.....ခံစစ်ကတုတ်ကျင်းတွေကိုဖြိုတဲ့ လက်နက်ကြီး၊အားပြင်းချက်ကလွန်ရော၊ကိုယ်နီးနားကျမယ်ဆိုလေယာဉ်စက်သံလိုမြည်ဟီးလာတယ်၊မြေပြင်ကိုထိတာတာနဲ့ မကွဲဘူး၊မြေကြီးထဲကို ၁၀ ပေလောက်တူးဝင်သွားပြီးမှကွဲထွက်တယ်၊ကွဲချက်နဲ့ ထိတဲ့ ဘယ်ခံစစ်ကတုတ်ကျင်းမဆိုပွင့် ထွက်သွားပြီး၊မြေပြင်မှအပေါ်ကို၊ကိုယ်တဖက်လောက်ရှိတဲ့ ကျွန်းတုံးတွေ၊တစစီဖြစ်၊အကုန် ကောင်းကင်ပေါ်ကို ၁၀ ပေ လောက်မြောက်တက်သွားတယ်၊ ၂ဆင့်ကွဲလောင်ချာ အစွမ်းပါ။ FBမှ.......

အမှန်က ကွန်မြူနစ်တွေနဲ့ မြန်မာတပ်မတော် အကြီးအကျယ်တိုက်နေရစဉ်က ၂ဆင့်ကွဲအဆင့်မြင့်လောင်ချာလက်နက်ကို ဆွီဒင် FFV ကုမ္မဏီမှ ၁၉၈၀ကျော်ထဲက ဝယ်ယူစမ်သပ်ခဲ့တာပါ ကတုတ်ကျင်းတွေဖြိုခွဲဖို့ပါ၊ ကျွန်တော်ကိုယ်တိုင် လေဆိပ်ကထုတ်ယူပြီး စမ်းသပ်ဖို့ မော်ဘီလေတပ်စခန်းကို ပေးပို့ခဲ့ရပါတယ်၊ မြန်မာတပ်မတော်မှာ ထုတ်လုပ်နေပြီဖြစ်ကြောင်းလဲ သိရှိခဲ့ရပါတယ်.....အတွေ့အကြုံအဖြစ်.....ဗိုလ်ချုပ်ကြီးစောမောင်၏အဆီကျဆေးပျောက်ဆုံးမူ...သရဖီဘလောက်မှာရေခဲ့ရာမှာ အတွေ့ အကြုံအဖြစ်ထည့်ရေးထားပါတယ်...ဝင်ရောက်လေ့လာနိုင်ပါတယ်.....

Read More...

Blog Widget by LinkWithin