ဤမှာမြေပြင် မြစိမ်းဆင်လျှက် ကောင်ကင်မိုးဝယ် နီလာချယ်၍ အိုဘယ့်လူသား နှစ်ရောင်ကြားဝယ် ခန့်ညားပေစ ခန့်ပေစ၊

Thursday, February 28, 2013

.မြန်မာ့ အလှ နှင့် ရှုခင်း (၁၃)

.



 
1900 ခုနှစ်ကနေ..ယနေ့ထိ နှစ်ပေါင်းတစ်ရာကျော်တိုင်အောင် တာဝန်ထမ်းဆောင်နေတဲ့ ရှမ်းပြည်မြောက်ပိုင်းရဲ့ အလှဂုဏ်ဆောင် နာမည်ကျော် ဂုတ်ထိပ်တံတားကြီးပေါ်မှာ ညင်သာစွာခုတ်မောင်းနေတဲ့ ရထားကြီး။

(ကျောက်မဲမှမန္တလေးသို့)

Read More...

{ ဘဝတွက်တာ သိမှတ်စရာ - ၁၂ ချက် }

.
{ ဘဝတွက်တာ သိမှတ်စရာ - ၁၂ ချက် }

(၁) အစားထိုးမရတဲ့ ဆုံးရှုံးမှု (၂)ခု ရှိတယ်။ မိဘနှင့်အချိန်။

(၂) လူတစ်ယောက်ရဲ့ ဘုန်းတန်ခိုးဟာ အလုပ် လုပ်ခြင်းပဲ။
...
(၃) ဆင်ခြေပေးတဲ့ ပါးစပ် ထမင်းငတ် တတ်တယ်။

(၄) မလုပ်တတ်ကြောင်း များများပြောလေ မလုပ်တတ်လေ။

(၅) နှေးတာ အရေးမကြီးဘူး၊ ရပ်မနေဖို့ပဲ အရေးကြီးတယ်။

(၆) လိုသလောက် မရနိုင်ပေမယ့် လုပ်သလောက်တော့ ရနိုင်ပါတယ်။

(၇) မေ့တယ်ဆိုတာ မလေးစားလို့၊ ကြောက်တယ်ဆိုတာ မခိုင်လုံလို့။

(၈) အလုပ် မလုပ်ပဲ အခွင့်အရေး မရချင်ပါနှင့်။

(၉) မနာလို မဖြစ်ပါနဲ့၊ လုပ်တဲ့လူက နေရာရမှာပဲ။

(၁၀) လူတစ်ယောက်၏ အကျင့်စာရိတ္တသည် ထိုသူ၏ ကံကြမ္မာပင် ဖြစ်သည်။

(၁၁) စာရိတ္တကောင်းရင် နောက်ကြောင်း ရှင်းတယ်။

(၁၂) မခိုင်းဘဲ လုပ်တာ သခင်၊ ခိုင်းမှ လုပ်တာ ကျွန်။


Read More...

“လက်ဖက်ရည်ကြမ်းဝိုင်း” .....ဗန်းမော်ညိုနွဲ့

.
“လက်ဖက်ရည်ကြမ်းဝိုင်း”
===========
“လက်ဖက်ရည်ကြမ်းဝိုင်း”
=============

လရောင်ဆမ်း၍

... ရွာလမ်းမြေမာ၊ ၀င်းဝင်းဝါ၏။


အုန်းထန်းပေလက်၊ တမာရွက်တို့

ရွှေစက် ရွှေပြောက်၊ ရွှေရည်သောက်၏။


တရံတခါ ၊ လေအလာတွင်

ရွာလယ်ပေါင်းကူး ၊ တံတားဦးမှ

ဆိတ်ဖလူးနံ့ ၊ ရွာလုံးပျံ့၏။


သူကြီးအိမ်မြောက် ၊ ရွာသားဆောက်သည့်

ကွန်းထောက်ခိုရာ ၊ ကွပ်ပျစ်သာတွင်

ရွာမှသက်ကျား ၊ ရွယ်အိုများတို့

စကားဆိုမြည် ၊ ၀ိုင်းကြီးစည်၏။


ဝိုင်းလယ်ခေါင်ဗွေ ၊ ကရွတ်ခွေတွင်

မြေကရားအိုး ၊ နှုတ်သီးကျိုးနှင့်။


ညှိတက်ဟောင်းနွမ်း ၊ သံလင်ပန်းဝယ်

အကြမ်းပန်းကန် ၊ နှုတ်သီးလန်နှင့်။


ဆေးသားမပီ ၊ ယွန်းဗျပ်နီ၌

ရှမ်းပြည်မြေပဲ ၊ ထန်းလျက်ခဲနှင့်။


ဤနေရာသည်

ရွာ၏အရေး ၊ ရှေ့နောက်တွေးလျက်

ဆွေးနွေးကြရာ ၊ ဘုံရိပ်သာတည့်။


ဤနေရာသည်

သူငါတို့စမ်း ၊ ဟာသခန်းဖြင့်

ကျွမ်းဝင်ကြရာ ၊ ဘုံရိပ်သာတည့်။


ဤနေရာသည်

ပညာစောကြော၊ တုံ့လှယ်ပြော၍

နှီးနှောကြရာ ၊ ဘုံရိပ်သာတည့်။


လက်ဖက်ရည်ကြမ်း ၊ တလင်ပန်းဖြင့်

စိတ်ဝမ်းလက်ညီ ၊ ရွာသစ်တည်ကာ

ကျီသစ်ပုံသွင်း ၊ အားနှင့်ရင်း၍

ဖန်းဆင်းခဲ့ကြဘူးလေပြီ။

ဗန်းမော်ညိုနွဲ့
ပန်းချီ U Mya Han

 

























 






Read More...

Tuesday, February 26, 2013

ဗုဒ္ဓ၀ါဒဘာကြောင့်လိုအပ်သလဲ ? Why Buddhism?

 
 
.
ဗုဒ္ဓ၀ါဒဘာကြောင့်လိုအပ်သလဲ ?
•••••••••••••••••••••••••••

ဗုဒ္ဓဘာသာဝင်စင်စစ်တို့သည် -
- သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်၏။
... - သူ့ဥစ္စာ ခိုးယူခြင်းမှ ရှောင်ကြဉ်၏။
- လိမ်လည်လည့်ဖြားသောစကားကို မဆို။
- သူတစ်ပါး ဇနီးခင်ပွန်း၊ သမီးသားတို့ကို
လွန်ကျူးမှောက်မှားခြင်းမှ ရှောင်ကြဉ်၏။
- အရက်သေစာ၊ မူးယစ်ဆေးဝါးတို့
သောက်စားသုံးစွဲခြင်း အလျင်းမရှိပေ။

ယနေ့ကမ္ဘာကို ဒုက္ခအပေးဆုံး ဘေးဆိုး၊
ရန်ဆိုး အန္တာရာယ်ဆိုးတို့သည် ထိုကိုယ်ကျင့်
သီလတရားတို့ ပျက်စီးယိုယွင်းခြင်းမှာ
အခြေတည်၏။ ထိုသီလတရားသည်
ကမ္ဘာလောကကြီးတစ်ခုလုံးအတွက်
မရှိမဖြစ်ဆောက်တည်အပ်သော အရာ
ပင်ဖြစ်နေတော့သည်။

Why Buddhism?
••••••••••••••

✔ A real Buddhist never kills a live being.
✔ A real Buddhist never steals.
✔ A real Buddhist never lies.
✔ A real Buddhist never involves himself in sexual misconduct.
✔ A real Buddhist never intoxicates himself.

Isn’t this what people need today?

Read More...

Monday, February 25, 2013

ကျွန်တော်တို့တတွေ ဘာကြောင့် အင်္ဂလိပ်စာ ညံခဲ့ပါသလဲ!

.

မဆလခေတ် ပညာရေးကို စမ်သပ်တာဝန်ယူခဲ့သူ ဒေါက်တာညီညီ ၏ အမှား၂-ခုမှ တခုဝန်ခံချက်.....

အမှားနှစ်ခု
ဘယ်အချက်တွေမှာ မှားခဲ့တာလဲ ဆရာ။
ပထမဆုံးအချက်က သင်နည်းစနစ် မှားတယ်ပေါ့ဗျာ။ အင်္ဂလိပ် စာသင်ရိုးတစ်အုပ်လုံးက စာဖတ်တာနားလည်ဖို့ (Reading Comprehension) ကိုပဲ အသားပေးထားတာလေ။ အမှန်မှာက အပြောတတ်ရေးကို ဦးစားပေးရမှာ။ ကျွန်တော်တို့က အင်္ဂလိပ်စာကို ဖတ်တတ်ရင်တော်ပြီ။ အင်္ဂလိပ်လို ရေးတာသား တာကို နားလည် ရင်တော်ပြီ။ အင်္ဂလိပ်လို ကောင်းကောင်းဖတ်တတ်သွားရင် ခေတ်မီ ပညာရပ်တွေကို ကျွန်တော်တို့ ကျောင်းသားတွေ ကောင်းကောင်း နားလည်သဘောပေါက်နိုင်မှာပဲဆိုပြီး အဖတ်နားလည်ဖို့အတွက် ဖိလုပ်ခဲ့ကြတာ။ အဲဒါမှားပါတယ်။ အမှန်လုပ်ရမှာက အပြော၊ ပြော နိုင်ဖို့ဦးစားပေးလုပ်ရမှာ။ (Speaking Skills) ကို ဖိလုပ်ရမှာ။ ဘာသာစကားတစ်ခုမှာ အဓိကကပြောဖို့ပဲလေ။ ဘာသာစကားကို ကျွမ်းကျင်ဖို့ဆိုတာပြောတတ်ဆိုတ တ်မှပြောတာကိုနားလည်မှဖြစ် တာလေ။ အဲဒါကို ကျွန်တော်ရုရှားမှာကျမှပိုသဘောပေါက်သွားတာ။ ဟိုရောက်တော့သူတို့ ရုရှားပညာရေးဌာနက တာဝန်ရှိသူတွေနဲ့ ဆွေး နွေးကြည့်တော့ သူတို့ပြောတာကရှင်းတယ်။ ““ခင်ဗျားတို့ ဘာသာ စကားကိုသင်တယ်ဆိုတာမပြောတတ်ဘဲနဲ့ ဘယ်လိုလုပ်သင်လို့ရမှာ တုံး၊ ဘယ်လိုလုပ်ကျွမ်းကျင်မှာတုန်း”” လို့ ရှင်းပြကြတယ်။ မှန်ပါတယ်။ သူတို့ပြောတာ။

မင်းကိုနိုင်..... အင်္ဂလိပ်ညံတာပြောနေကြတယ်၊ ၁၉၆၂-နှစ်နောက်ပိုင်း အားလုံးနီးပါးညံသွားခဲ့ပါတယ်။

မှတ်ချက်။ ။ ခေါင်းဆောင်ဖြစ်ချင်ရင်တော့ ညံလို့မဖြစ်ပါ ညံရင်သူများနောက်လိုက်ဖြစ်သွားပါလိမ့်မယ်။

Read More...

Thursday, February 21, 2013

ကျွန်တော်ချစ်သော မြန်မာပြည်.....

 

ကျွန်တော်ချစ်သော မြန်မာပြည်..... 
တိုင်းပြည်တိုးတက်ပြီး
ပြည်သူတွေ ဒုက္ခဆင်းရဲတွင်းအပေါင်းက လွတ်မြောက်၍
သာယာဝပြောသော စီးလုံးညီညာသော
မတူကွဲပြားသည်များကို စုပေါင်းဖြေရှင်သော

ပြည်ထောင်စု မြန်မာနှိင်ငံတော်
အားအင်အပြည့်ဖြင့် ထွက်ပေါ်လာမည်ဟု
လုံးဝယုံကြည်ပါသည်။ 

Read More...

ဒေါ်အောင်ဆန်းစုကြည် .....လေ့လာမှတ်သားစရာ မိန့် ခွန်း

.


လေ့လာမှတ်သားစရာ မိန့် ခွန်း
လူငယ်များ အထူးဖတ်သင့်ပါတယ်.....

တာမွေမြို.နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲချုပ်၊ ဆိုင်းဘုတ်တင် ရုံးဖွင့်ပွဲ.. မိန့် ခွန်းမှ.....

လူငယ်တွေကိုလည်း ကျွန်မတစ်ခုတော့ သတိပေးချင်ပါတယ်။ မေတ္တာလည်းရပ်ခံချင် ပါတယ်။
နောက်ဆုံးတော့ လူတိုင်းလူတိုင်းဟာ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးရတာပါပဲ..။
ဘယ်သူ.ကိုမှ လက်ညိုးထိုးပြီးတော့.. ပုံပြီးတော့ အပြစ်ဖို.လို.မရဘူး..။
ဘယ်သူကြောင့်..၊ ဟိုလူ.ကြောင့်..၊ ဒီလူ.ကြောင့်..၊ အဖေ့ကြောင့်.. အမေ့ကြောင့်.. မိသားစုကြောင့်..၊ ဆရာ.. ဆရာမကြောင့်.. ပတ်ဝန်းကျင်ကြောင့်.. အဲ့ဒီလို လက်ညိုးထိုးပြီးတော့.. အပြစ်ဖို.လို.မရပါဘူး။
ကိုယ့်ဘ၀ကို ကိုယ်ပဲဖန်တီးသွားရမှာပဲ..။ အဲ့တော့ ကိုယ့်ဘ၀အတွက် ကိုယ်တာဝန်ရှိတယ်ဆိုတဲ့ စိတ်ဓါတ်ကိုတော့မွေးကြပါလို. ကျွန်မလူငယ်တွေကို မေတ္တာရပ်ခံချင်ပါတယ်။
မွေးလို.ရပါတယ်။ စိတ်ဓါတ်မကျပါနဲ့..၊ ငါတို.ဘာလုပ်နိုင်မှာလဲ ဆိုတဲ့စိတ်တွေမထားပါနဲ့..။ ငါတို.ဘာမှမျော်လင့်စရာ မရှိပါဘူးဆိုတဲ့ စိတ်ဓါတ်တွေလဲမထားပါနဲ့..။
လူငယ်တွေရဲ့ အရှေ့ မှာ အချိန်တွေအများကြီးရှိ ပါတယ်။
အချိန်တွေကို အလဟသဖြစ်အောင်မလုပ်ပါနဲ့။
ကျွန်မတို.ဖက်ကလည်း လူငယ်တွေ မိမိတို.အချိန်တွေကို တန်ဖိုးရှိရှိ အသုံးချနိုင်အောင်လို. ကြိုးစားပြီး တော့ အခွင့်အရေးတွေ ဖန်တီးပေးပါ့မယ်။ ဒါဟာကျွန်မ တို.ဖက်ကကြိုးစားရမှာပါ။
လူငယ်တွေက လည်း ငါတို.ဘ၀အတွက် ငါတို.တာဝန်ယူမယ်ဆိုတဲ့ အင်မတန်မှမွန်မြတ်တဲ့ စိတ်ကိုမွေးမြူကြပါလို. ကျွန်မတိုက်တွန်း ချင်ပါတယ်...။
ဒေါ်အောင်ဆန်းစုကြည်
ကိုထွန်းဝေ စုဆောင်းဖော်ပြပါတယ်။

Read More...

Blog Widget by LinkWithin