2001 ခုနှစ် ကစတင်တည်ထောင် ခဲ့ သော
"နာရေးကူညီမူ့ အသင်း(ရန်ကုန်)" တွင်
စာရေးဆရာ ဆရာဦးအောင်သင်း(နာယက) ခေါင်ဆောင်သော
အသင်းစတင် တည်ထောင်သူ (Pioneer) များနှင့်
အသင်းတွင် ဝင်ရောက်ကူညီ လုပ်ကိုင်နေသော(volunteer)
ကျွန်တော်၊ ရုပ်ရှင်မင်းသားကိုကျော်သူ၊ အပါအဝင် အသင်း
သားများ၊ 2003 ခုနှစ်တွင် တဖက်နှင့်တဖက် ကွဲကြ ပါသည်။
အသင်ကြီးကို ကျွန်တော်တို့ တာဝန်ယူလိုက် ရပါသည်၊
နာယက ကြီဖြစ်သော ဆရာဦးသုခ အိမ်သို့ ကျွန်တော်အပါ
အဝင် အလုပ် အမူ့ ဆောင်အချို့ ကိုကျော်သူ နှင့်အတူသွားကြ
ပါသည်၊ကျွန်တော်တို့ ကလည်း ၊ ကျွန်တော်တို့ မှန်ကန်ကြောင်း
တင်ပြကြပါသည်၊ ဆရာဦသုခ မှ " ငါ့ ကို ဟိုဘက်ကလည်း
သူတို့ မှန်ကြောင်း လာရောက်တင်ပြကြတယ်၊ နား နှစ်ဘက်
ဖြင့် နားထောင်ပြီး ၊ ဆုံးဖြတ်မည်" ဟုပြောကြားခဲ့ပ်ါသည်။
ဆရာဦးသုခ နားနှစ်ဘက်ဖြင့် နားထောင်ပြီ မှန်ကန်စွာ
ဆုံးဖြတ်ခဲ့သည့် အတွက် ယနေ့ " နာရေးကူညီမူ့ အသင်း(ရန်ကုန်)"
သည်တိုးတက် အောင်မြင်သောအသင်းကြီး ဖြစ်နေပေသည်။
တာဝနှ်ရှိကြသော ခေါင်ဆောင် လူကြီး များသည်၊
" နား နှစ် ဘက် ဖြင့် နားထောင် ကြပါစို့ "
သရဖီညွန့် 