ဤမှာမြေပြင် မြစိမ်းဆင်လျှက် ကောင်ကင်မိုးဝယ် နီလာချယ်၍ အိုဘယ့်လူသား နှစ်ရောင်ကြားဝယ် ခန့်ညားပေစ ခန့်ပေစ၊
Thursday, November 11, 2010
ဗိုလ်ချုပ်ကြီး ခင်ညွန့် ၏ ဆုလာဒ်၊ နာရေးပုံပြင်များ( ၉ )
U Myint Swe
ဦးမြင့်ဆွေ
နာရေးကူညီမူအသင်း (ရန်ကုန်) ကို စတင်တည်ထောင်သူများမှ တဦးဖြစ်သူ အသင်းကြီး၏ ပထမ ဦးဆုံး ဥက္ကဌ ဦးမြင့်ဆွေ
(ယခု ရတနာမေတ္တာ HIV ရောဂါသည်များ ကူညီမူပေးရေးအဖွဲ ဥက္ကဌ)
နာရေးကူညီမူအသင်း(ရန်ကုန်) ကို အသင်းစတင်တည်ထောင်သူ(Pionieer) တွေလက်ထဲက၊ အသင်းမှာ ပါဝင်လုပ်အားပေးနေသူ (Volunteer)များက၊ အလွယ်တကူ သိမ်းပိုက်ရရှိလိုက်ပါတယ်၊ ဘာကြောင့်ဒီလို ထက်ထက်မျက်မျက် ရှိတဲ့သူတွေ လက်ထဲက၊ အလွယ်တကူ အနိုင်ယူ သိမ်းပိုက်နိုင်ခဲ့ပါသလဲ၊ နောက်တော့မှသိခဲ့ရပါတယ်။
ကျွန်တော်တို့ အတွင်းရေးမူအဖွဲက စတင်လုပ်ဆောင်ခဲ့တာကတော့ အသင်းစတင်တည်ထောင်သူတွေ မလုပ်နိုင်ခဲ့သည့်၊ လုပ်လို့မရခဲ့သည၊့် အသင်းကို ပြည်ထဲရေးဝန်ကြီးဌာန မှာ အသင်းမှတ်ပုံတင် ရရှိအောင်လုပ်ထာပါ၊ ပထမ ပြည်ထဲရေးဝန်ကြီးဌာန မှာလျှောက်လွှာသွားယူရာမှာ၊ ပြည်ထဲရေးဝန်ကြီး ဗိုလ်မူးကြီးတင်လှိုင် က ခေါ်တွေပြီး၊ ကြံ၊ခိုင်ဖွင့်ဖြိုးရေးအသင်းဝင်မှ လျှောက်လွှာပုံစံ ပေးမည်ဟုပြောပါသည်၊ အားလုံးကမဝင်ပါ၊ အသင်းကြီး ကျွန်တော်တို့လက်ထဲ ရောက်နေပြီဆိုတာ သိနေလို့ပေးချင်ပုံတော့ ပေါ်နေပါပြီ၊ နောက်တော့ ထောက်လှမ်းရေးက ကျွန်တော်တို့ဘက်က ကရှိနေတာသိလို့ အသင်းမှတ်ပုံတင် ကိုခွင့်ပြုလိုက်ပါတယ်။
အစိုးရ သတင်းစာများတွင် နာရေးအလှူငွေ ထည့်ဝင်သည့်ပုံများ ထည့်နိုင်ခဲ့၍ အလှူငွေ တိုးတက်ရရှိခဲ့ပြီး၊ လစဉ်သိန် ၁၀၀-ကျော်ရရှိခဲ့ပါသည်၊
၂၀၀၃-ခုနှစ်ကစပြီး မြန်မာတပြည်လုံး နာရေးကူညီမ၊ူ လူမူရေးအသင်တွေ လိုက်လံဖွဲစည်း ပေးနိုင်ခဲ့ပါတယ်၊ ဒီလောက်တင်းကြပ်တဲ့ နိုင်ငံမှာ၊ ကျွန်တော်တို့ လွတ်လပ်မူ အပြည့်နဲ့  တနိုင်ငံလုံ မြို့ ၊ ရွာတွေကိုသွားရောက် လူမူရေးအသင်းတွေ ဖွဲပေးရာမှာ၊ ပြည်သူထောင်နဲ့ချီ လာရောက်ကြတာတွေ့ရပါသည်၊ မော်လမြိုင်မြို့  ကို ၂-နှစ်ဆက်တိုက်ရောက် ပါတယ် မော်လမြိုင်တောင်ပေါ်လမ်းရှောက်အသင်ကြီးက ဦးစီးပြီး လူမူရေးအသင်းဖွဲစည်းတာပါ၊ ကျွန်တော်တို့အဖွဲ့ကို အကောင်းဆုံးဖြစ်တဲ့ ငွေမိုးဟော်တယ်မှာ ထားပါတယ်၊ အကောင်းဆုံး အစားအသောက်တွေကို၊ အသင်းလူကြီးတွေ မြို့ မိ၊မြို့ ဖ တွေက တအိမ်ပြီးတအိမ် ကျွေးမွေး ကြပါတယ်၊ မြို့ တိုင်း မှာ တမြို့ လုံး ရဲတပ်ဖွဲ့ ကအစ ပါဝင်ကူညီတာကိုတွေ့ပါတယ်၊ မကွေးမြို့ မှာ ဆိုရင် ပထမတနှစ် အစိုးရ ဧည့်ရိပ်သာမှာတည်ရပါတယ်၊ နောက်နှစ် ရန်ကုန်မြို့ တော်ဝန်ဖြစ်ခဲ့သည့် ဦးကိုလေး ၏ သား၊ ပိုင်း မကွေးမြို့ က ဟော်တယ်မှာ တည်ရပါတယ်၊ ဟောပြောပွဲတွေကို ပြည်သူထောင်ကျော်မကလာကြ ပါတယ်၊ သက်ဆိုင်ရာမြို့  အတွက် အလှူငွေ တွေရရှိခဲ့ပါတယ်၊ နာရေးကား လာလှူတာလဲ တွေ့ပါတယ်၊ ဧရာဝတီတိုင်း၊ မော်ကျွန်းမြို့ မှာ ဒုတိယနှစ်သွားရာမှာ ကိုကျော်သူ အလုပ်မအားလို့ မလိုက်နိုင်ခဲ့ပါ၊ အဖွဲသာများအားလုံး မော်ကျွန်းမြို့ လယ်ဈေးနားမှာ၊ ခုံတွေချပြီး အလှူခံတာ ငွေ ကျပ်-၃၅၊သိန်းရရှိခဲ့ပါတယ်၊ အဲဒီလို မြန်မာပြည်အနှံ သွားရောက် အသင်းအဖွဲတွေဖွဲရာ သွားဖို့လူခေါ်တာကအစ ကျွန်တော်စိးမံ ခန်ခွဲပါတယ်၊ သွားတိုင် ၁၀-ယောက်ပါပါတယ်၊ အလုပ်အမူဆောင်ထဲက ၅-၆ ယောက်၊ အသင်းသားထဲက
မှတ်ချက်။ ။ အသေးစိတ်ရေးပါမယ်၊ တောင်းပန်ပါတယ်၊ စောင့်ဖတ်ပေးပါရန်....ဆုလာဒ်များထဲက တခုကတော့ ယနေ့ အသင်းမြေနေရာပါ...ကျွန်တော်ကိုယ်တိုင် ထိုအချိန်က တံတာလေးရှိ စစ်ရုံး မြေယာအသုံးချရေးအတွင်းရေးမူ ဗိုလ်မူ ကျော်ဝင်း ထံမှ ခင်ညွန့် လက်မှတ် နဲ့ မြေ ၅- ဧက ကျော်ရရှိခဲ့ သော်လည်း၊ အိုးအိမ်ဦးစီးဌာနတွေင် မြေဂရံယူရာ ညွန်ချုပ် ဦးအံကျော် ကို ၂- ဧက ပေးခဲ့ ရပါသည် ယခုမြေ ၃- ဧကကျော်သာ ရှိပါသည်။
Read More...
Tuesday, November 2, 2010
ယောက္ခမ ကား စီးဘူးပါသလား၊ Singapore အမှတ်တရ
၈၈- အရေးအခင်းမတိုင်ခင်က ကျွန်တော် စင်္ကာပူ မှာ နေခဲ့ရတယ်၊ ရွှေခေတ်ပေါ့၊ စင်္ကာပူ က Gayland မှာ နေခဲ့ရတာပါ၊ မြို့ တွင်း Downtown ကိုသွားရင် မီးနစ် -၃၀- ခန့် ကားစီးသွားမှရောက်ပါတယ်၊ အဲဒီအချိန်က မြို့ တွင်းနားက တရုတ်တန်းမှာ၊ ၂-ထပ်တိုက်တွေ အများကြီးရှိပါတယ်၊ ခုမရှိတော့ပါ၊ စင်္ကာပူ အစိုးရကလဲ စင်္ကာပူ နိုင်ငံသား ကလေး၊ လူငယ်တွေကို စင်္ကာပူ+အင်္ဂလိပ်စကား Singlesh မှခွဲထွက်ပြီး၊ ပညာတတ်များ ဖြစ်အောင် အင်္ဂလိပ်စာကိုစနစ်တကျ စတင်ပြုစုပျိုးထောင်၍ ပညာရေးကိုမြင့်တင်နေချိန်ပါ။
                   စင်္ကာပူ မှာရှိတဲ့ မြန်မာအားလုံး ညီညွတ်ကြပါတယ်၊ ဝိုင်းဝန်းကူညီကြတယ်၊ မြန်မာပြည်သား Sinior ကြီးများက မြန်မာပြည်သား Junior များကို လူမျိုးဘာသာ ခွဲခြားမူမရှိ၊
သူတို့တတ်တဲပညာ များတွေကို သင်ပေးကြပါတယ် စုပေါင်းနေတဲ့အိမ်တွေမှာ တပြားမှမပေးရဘဲ သင်တန်းတွေပေးတယ် စေတနာအပြည့်နဲ့ သင်ပေးကြတယ် စက်ရုံမှာလုပ်မလား သင်္ဘောမှာလုပ်မလား စက်ဖက် ကုန်းဘက် အဲဒီခေတ်ကခေတ်စားတဲ့ RO ရေဒီယိုအရာရှိသင်တန်းပါရှိခဲ့တယ်၊ စင်္ကာပူရှိ ကုမ္မဏီ များကလည်း မြန်မာဆိုရင် လာပါလာပါဆိုပြီး၊ အလုပ်ပေးကြပါတယ်၊
                   မြန်မာပြည် ရှိ ဝန်ကြီးချုပ်၊ ဝန်ကြီး၊ တိုင်းမူ၊ တို့၏သားမျာ အားလုံး အများနည်တူ၊ စင်္ကာပူ မှာ ရုန်းကန်ကြရတယ်၊ ယခုလို ပြည်တွင်းမှာ ၁၀-သက် မက စားမကုန်အောင် ရှာဖွေ လုပ်ကိုင်လို့မရပါ ထိုင်နိုင်ငံရှိ ကုလသမက္က UN ရုံးတွေမှာဆိုရင် မြန်မာပညာရှင်တွေ၊ ဦးစီဦးဆောင် ပြုနေကြသလို၊
          စင်္ကာပူ နိုင်ငံရှိ ကမ္မဏီတွေမှာလည်း၊ မြန်မာပြည်သား BSc.(Eng) ဘွဲ့ ရ မြန်မာပညာရှင်တွေက၊ ဦးစီးဦးဆောင် ပြုနေတာတွေ့ ရပါတယ်၊
     တကယ်သိ တကယ်တတ်တဲ့ ပညာတတ် ပညာရှင်တွေ ဖြစ်ပါတယ်၊ တကယ်သိတကယ်တတ်တဲ့     အသိပညာရှင် အတတ်ပညာရှင်ဖြစ်ရင် ဘယ်နေရာမှာမဆို ဦးစီးဦးဆောင်ဦးရွက် ပြု့ နိုင်တယ်ဆိုတာကို လက်တွေ့  ပြဆိုခဲ့ကြပါတယ်၊  
မြန်မာလူငယ်တွေ တကယ်သိတကယ်တတ်တဲ့ ပညာတတ်များဖြစ်အောင် ကြိုးစားကြပါ၊ လူငယ်ဆိုတာ ကြိုးစားရင် မဖြစ်နိုင်တာမရှိပါ၊ ကြိုးစားကြပါ.....
             ကျွန်တော်လဲ Sunday မှ အပ နေ့စဉ် မြို့ ထဲသို့ နံနက် ၈-နာရီ အရောက်သွားရပါတယ်၊
စင်္ကာပူ အစိုးရကလဲ မြို့ တွင် Downtown ကို နံနက် ၇း၀၀ မှ နံနက် ၉း၀၀ နာရီ အတွင်း ကိုယ်ပိုင်ကား မောင်းသွားလိုလျှင်၊ ကားထဲမှာ ယဉ်မောင်း အပါအဝင် လူ ၄-ဦး ပါမှ၊ မြို့ တွင် မောင်းခွင့်ပြုမည်ဟု သတ်မှတ်ထားပါတယ်၊ ကားထဲ သတ်မှတ်ထားသည့် လူဦးရေ၊လူ ၄-ဦး မပါက၊ ဒါဏ်ငွေ s$ 3000- ပေးဆောင်ရမည်လို့၊ ဥပဒေ ထုတ်ထားပါတယ်၊ ဒါကြောင့် ကျွန်တော်နေတဲ့ Gayland နားက ကားမှတ်တိုင်မှာ၊ မနက် ၇-နာရီ ဆိုရင် ကိုယ်ပိုင်းကားတွေ၊ တန်းစီနေတာ တွေ့ ရပါတယ်၊  မြို့ တွင်းသွားချင်လို့၊ မောင်းသူအပါအဝင် လူ ၄- ဦး ပြည့်အောင် စောင့်ဆိုင်နေရတာ ဖြစ်ပါတယ်၊ ကျွန်တော် လဲ မနက် ၇း၁၅ am လောက် ကားမှတ်တိုင်ကိုသွား၍မြို့ တွင်းသွားရန် ၊ လူ ၄-ဦး ပြည့်အောင် စောင့်နေသော ကိုယ်ပိုင်ကားများထဲမှ၊ အကောင်းဆုံးဆိုသောကား၊ ကားအသစ်လဲ ဖြစ်ရမည် Mercede, Volvo, ကားများကိုသာ စောင့်၍ စီးခဲ့ပါသည်၊
ကားမောင်းသူမှ မြိုတွင်းမိမိသွားလိုသည့် အနီးစပ်ဆုံး နေရာသို့လဲ လိုက်လံပိုဆောင် ပေးရပါသည်။
ကျွန်တော်တို့ ရွှေ များက ယောက္ခမ ကား လို့ ခေါ်ခဲ့ကြပါသည်။
တချိန်က ယောက္ခမ ကား များကို စီးခဲ့ရ ကြောင်းပါ၊
ဒီအကြောင်းကိုထပ်တင်ရခြင်းက တရုပ်ပြည်ကကျောင်းသားများ အမေရိကန်မှာ ပညာသင်ယူမူ့ အရင်ကထက် ၄ဆပိုမိုများလာသည်ကို သတင်းဌနတွေက လွင့်ထုတ်လို့သိခဲ့ရ၍ ဖြစ်ပါတယ်၊ ပညာရေးသာတိုင်းပြည်ကို တိုးတက်အောင်လုပ်နိုင်မည်ဆိုပြီး ဘာမှသံယာဇာတမရှိတဲ့ စင်္ကာပူကခေါင်းဆောင်လီကွန်ယု တွေးခေါ်ဆုံးဖြတ် လက်တွေ့ ကျင့်သုံးခဲ့လို့ ဒီနေ့စင်္ကာပူဟာ အောင်မြင်မူအသီးအပွင့်ကို သူတိုပြည်သူတွေ လက်တွေ့ ခံစားနေရပါပြီး၊ ကျွန်တော်တို့်နိုင်ငံ၏ ထိုစဉ်ကခေါင်းဆောင်နေဝင်း တိုင်းပြည်နဲ့ ပြည်သူပြည်သားအကျိုးကိုမကြည့် မိမိအာဏာတည်မြဲဖို့ ပညာရေးကိုနိမ့်ချ မျက်စီပိတ်နားပိတ် လုပ်ခဲလို့်  အားလုံးအနိမ်ခံ တခြားတိုင်းပြည်တွေမှာ ကျွန်ခံနေရပါတယ်.....ယခုခေတ်လူငယ်တွေ မဆလခေတ် ကျွန်တော်တို့ထက် နည်ပညာကစ ကမ္ဘာကိုပို၍ ကြည့်နိုင်မြင်နိုင်ကြပါသည် ပညာရေးလဲ လမ်းပွင့်လာတာတွေ့ ရပါသည် သို့ပါ၍ တိုင်းပြည်တိုးတက်ဖို့ ပြည်သူတွေဆင်းရဲတွင်းကလွတ်ဖို့ တိုးတက်သည့်နိုင်ငံများ၏ ပညာရေးကို လေ့လာလျောက်ထား၍ သင်ယူကြပါ ပညာရေးသာအဓိကပါလို့ တိုက်တွန်းပါသည်။  
Read More...
Saturday, September 18, 2010
မြန်မာပြည် ၏ နမိတ်ပုံ (သို့) နာရေးကူညီမူအသင်း(ရန်ကုန်) နှင့် ၂၀၁၀ ရွေးကောက်ပွဲ
U Myint Swe
ဦးမြင့်ဆွေ
နာရေးကူညီမူအသင်း(ရန်ကုန်) ကို စတင်တည်ထောင်သူများတွင်ပါဝင်ခဲ့သူ အသင်းကြီး၏ ပထမ ဦးဆုံး ဥက္ကဌ ဦးမြင့်ဆွေ
(ယခု ရတနာမေတ္တာ HIV ရောဂါသည်များ ကူညီမူပေးရေးအဖွဲ ဥက္ကဌ)
ယခု တတိယမြောက် ဥက္ကဌ ကျော်သူ ၂၀၀၇ မှစ၍ ခေါင်ဆောင်မူပေးနေသည်
သရဖီညွန့် ဥက္ကဌ ဦးအေးသန့် ဒေါက်တာအောင်မြင့် ဒေါ်ဌေးဌေးနိုင်
စစ်တပ်မှ ဒုတိယအကြိမ် အာဏာသိမ်းပြီး ဒုတိယအကြိမ် နှစ်-၂၀ ကျော်မှာ အရပ်သားပြည်သူတွေ(မိမိတို့)လက်ထဲပြန်အပ်မည့် ၂၀၁၀ ရွေးကောက်ပွဲ နိုဝင်္ဘာလ-၇ ရက်နေ့မှာ ကျင်းပတော့မှာဖြစ်ပါတယ်။
ပြည်ပသတင်းဌာနတွေ၊ ပြည်တွင်းသတင်းဌာနတွေ၊ ပြည်သူတွေ၊ အယ်ဒီတာတွေ၊ ပါဝင်ယှဉ်ပြိုင်တဲ့ပါတီတွေ၊ ကိုယ်စလှယ်လောင်းတွေ၊ ပညာရှင်တွေ၊ တချိန်က နိုင်ငံရေးသမားကြီးတွေ၊ အားလုံး ၂၀၁၀ ရွေးကောက်ပွဲ အတွက် ပြောကြ၊ ဆိုကြ၊ ရေးကြ၊ ဝေဖန်ကြနဲ့၊ ပွက်လောရိုက်ပြီး၊ ကြွက်ကြွက်ကို ဆူညံနေတာပါပဲ၊ ထွက်လာတဲ့အသံတွေထဲမှာ အားလုံးတူညီတာ တခုကတော့၊ လုပ်ပိုင်ခွင့် ရှိသူဟာ ချီး၊သေး တောင်မချန်(ကတော့ပါရဲ) လုပ်ပိုင်ခွင့် ရနေပြီး၊ အားလုံးကမော့ကြည့်နေရတယ်ဆိုတာပါပဲ၊ တခုတော့ရှင်းရှင်ပဲပြော ရမယ် ဆိုရင် စစ်တပ် ဆိုတာ ရေဘူးပေါက်ထာ မလိုချင်ဘူး ရေပါဖို့ပဲလိုတယ်၊ ဒီအတိုင်းပဲဖြစ်ပါလိမ်မယ်၊
နာရေးကူညီမူ အသင်း(ရန်ကုန်) မှာလည်း ၂၀၀၃-ခုနှစ် နှစ်ပါတ်လည် ညီလာခံလုပ်တော့ ကိုကျော်သူ၊ သန်းမြင်အောင်၊ မြင့်မြင့်ခင်ဖေ (ရွှေဇီးကွက်)၊ ကျွန်တော်၊ အပါအဝင် အသင်းသားလုပ်အားပေး(volunteer) များက "နိုင်ကိုနိုင်ရမည်" ကြွေးကျော်သံဖြင့် စာရေးဆရာ ဦးအောင်သင်း အပါအဝင်
အသင်းစတင်ထူထောင် သူ(Pioneer) အားလုံးကို၊ အသင်းမှ ဖယ်ရှားပြစ်ဖို့ သန်းမြင့်အောင်လုပ်ပိုင်ခွင့်ကို အသုံးချပြီး၊ လုပ်လို့ရတာ အားလုံးလုပ်ခဲ့ပါတယ်ထူးထူးဆန်ဆန်းအောက်လမ်းနည်းတောင်ပါလိုက်ပါသေးတယ်။
အသင်းကြီးကို စတင်တည်ထောင်သူ (Pioneer) ၁၀-ဦးဟာ တဦးလျှင် ကျပ် ၂-သိန်း မှ ၁၀-၁၅ သိန်း ထည့်ဝင်ခဲ့ပြီး နာရေးကူညီမူအသင်း(ရန်ကုန်) အမည်ဖြင့် ၂၀၀၁-ဇန္နာဝါရီလ-၁ ရက်နေ့ မှာ စတင်၍ အသင်းဖွဲစည်းခဲ့ပါသည်၊ ပထမ ဦးစွာ မန္တလေးမြို့  ရှိ ဆရာတော် ဦးတိက္ခ ဦးစီးတည်ထောင်ထားသော ဗြမ္မာစို လူမူကူညီစောက်ရှောက်ရေးအသင်း ကိုသွာရောက် လေ့လာပြီး နမူနာယူ၍ လုပ်ဆောင်ခဲ့ပါသည် အသင်းစတင်ဖွဲစည်းသူ အားလုံးဟာ သူနယ်ပယ်နဲ့ သူ ထက်ထက်မျက်မျက် ရှိသူတွေဖြစ်ပါတယ်၊ အစိုးရအနေနဲ့  ထိုသူတွေလက်ထက်မှာ အသင်းအောင်မြင်သွားမှာ စိုးရိမ်ပါတယ်၊ အသင်းကိုလုံးဝအားမပေးပါ၊
ထက်မြက်တဲ့သူတွေ၊ ပြည်သူမျက်နှာကြည့်မဲ့သူတွေ၊ ဆိုရင် ဘေးရောက်သွားတာပါပဲ။
၂၀၀၂-ခုနှစ်မှာ နှစ်ပါတ်လည်ညီလာခံမှာ အသင်းစတင်တည်ထောင်သူတွေထဲမှာ ပါဝင်သည့် အသင်းကြီး၏ ပထမ ဆုံး ဥက္ကဌ ဖြစ်တဲ့ဥက္ကဌ ဦးမြင့်ဆွေ မှ ဦးဆောင်ပြီ အသင်ကြီး၏ ဖွဲစည်းပုံ ဥပဒေကို အတည်ပြု ၍ စာအုပ်ထုတ်ဝေထားပါတယ်၊ အသင်းသားလျှောက်လွာ (၁၀၀၀) တထောင်ကျော်ရှိသော်လည်း၊ အသင်းစတင်တည်ထောင်သူများအပါအဝင၊် ပုံမှန်လုပ် အားပေးနေသူ (၉၀) ကို တရားဝင်အသင်းသားအဖြစ် အသိအမှတ်ပြု ပေးခဲ့ပါတယ်၊ ပြန်ကြားရေးတာဝန်ခံ ဖြစ်သူ သန်းမြင့်အောင် မှ အသင်းသားစာရင်း ပုံနိပ်စာရွက်ကို စာရွက်ပေါ်မှာ လက်မှတ်ထိုးပြီး၊ တရားဝင်သိမ်းထားပေရပါတယ်၊ သန်းမြင့်အောင် က သူကိုသိမ်းထားခိုင်သော အသင်းသား စာရင်းကိုအသုံးချပြီး အနိုင်ယူသွားတာပါ၊ လုပ်ပိုင်ခွင့် ဆိုတာအထူးအရေးကြီပါတယ်။
၂၀၀၃-ခုနှစ် နှစ်ပါတ်လည် အစီးအဝေးမတိုင်ခင် လပါတ်အစည်းအဝေးမှာ ဥက္ကဌ ဦးမြင့်ဆွေ မှ
အသင်းသား လျှောက်လွာပုံစံ ထပ်ထုတ်မပေးဖို့ တရားဝင်ပိတ်ပင်ခဲ့ပါတယ်၊ အသင်းသား လျှောက်လွှာပုံစံများကို ပြန်ကြားရေး တာဝန်ခံဖြစ်သည့် သန်းမြင့်အောင် က တာဝန်ယူသိမ်းဆည်းထားရပါတယ်၊ ဒါကိုလည်း သန်းမြင့်အောင် အသုံးချသွားပါတယ်။
အားလုံးကိုဘယ်လို အသုံးချခဲ့သလဲ မရေးခင၊် ပထမပြောချင်တာက ၂၀၀၃-ခှုနှစ် နှစ်ပါတ်လည်အစည်းအဝေး မတိုင်ခင် အသင်းစတင်တည်ထောင်သူတွေထဲမှာပါဝင်သည့် အသင်းကြီး၏
နာယက စာရေးဆရာ ဦးအောင်သင်း
ကို အလှူငွေ ကျပ်တသိန်း (၁၀၀,၀၀၀) ကိုအလွဲသုံးစား လုပ်တယ်ဆိုပြီး လုပ်ကြံလိုက်ပါတယ်၊
နောက်တခုက ထူးထူးဆန်းဆန်း အောက်လမ်းနည်း သုံးတာပါ၊ ကျွန်တော်တို့တွေဟာ အလှူရှင်တွေက ဖုံးဆက်ပြီ နာရေးအလှူငွေ လှူဒါန်းရင် ဘယ်အချိန်မဆို အလှူရှင်အိမ်ကိုသွားရပါတယ်၊ အဲဒီနေ့က ကျွန်တော်အလှူခံတခုကနေ ညနေ-၅နာရီလောက်မှာ အသင်းရုံးကိုပြန်လာပါတယ်၊ အသင်းရုံးဟာထိုစဉ်က သင်္ဃာန်းကျွန်းမြို့ နုယ်ထဲက ဗြဟ္မာဝိဟာရ စာသင်တိုက် ဘုန်တော်ကြီးကျောင်းဝင်းအတွင်းမှာရှိပါတယ်၊ အဆောက်အဦးက ဝင်ပေါက်တပေါက်ထဲသာရှိပါတယ်၊ အဲဒီဝင်ပေါက်က ခြေသုတ်၊အခင်းတွေ ဘေးဖယ်ပြီ မြေကြီးကိုတူးနေတာတွေရပါတယ်၊ တူနေသူကတော့ သန်းမြင့်အောင် ၏ လက်သပ်မွေးထားသေား တပည့် မွေးစားသား၊အသင်းသားဖြစ်တဲ့ သိန်းဇော် ပါ၊ သိန်ဇော် ကို ပါလုပ်ထာလဲ မေးလိုက်ပါတယ် မဖြေပါ၊ ဘေးမှ ပလပ်စတစ်အိတ် ကိုင်ထားတဲ့ အသင်းဝန်ထမ်းစာရေးက ပလပ်စတစ်အိတ်ကိုပြပါတယ်၊ ဒါကိုမြေမြုပ်ဖို့လို့ ပြောပါတယ်၊
ပလပ်စတစ်အိတ်ထဲကို ဖွင့်ကြည့်လိုက်တော့ ဓါတ်ပုံ-၁၀-ပုံခန့်ကိုတွေရပါတယ်၊
နာယက ဦးအောင်သင်း၊ ဥက္ကဌ ဦးမြင့်ဆွေ၊အတွင်းရေးမူ ဦးရဲမြင့်၊ဘဏ္ဍာရေးမူ မျက်ချယ်ကိုဝင်းနိုင်၊ အပါအဝင် အသင်းစတင်တည်ထောင်သူ(Pioneer) တွေရဲ့ ဓါတ်ပုံတွေပါ၊
ဝင်ပေါက်တပေါက်သာရှိတဲ့ အသင်းရုံး အပေါက်ဝမှာ လူတိုင်းခြေနဲ့နင်းအောင် လုပ်ထာပါပဲ။
ဓါတ်ပုံတွေက ဘယ်ကရသလဲဆိုရင် သန်းမြင့်အောင် ကအသင်းသားလျှောက်လွှာတွေကို ပြန်ကြားရေးတာဝန်ခံအနေနဲ့ တရာဝင်သိမ်းဆည်းပေးရပါတယ်၊ လျှောက်လွှာတင်တိုင်း
ဓါတ်ပုံ-၂-ပုံပေးရပါတယ်၊ အသင်းစတင်ထူထောင်သူတွေလဲ
အသင်းသားဖြစ်ဖို့ ဓါတ်ပုံ-၂-ပုံ နဲအတူ လျှောက်လွှာတင်ရပါတယ်၊ အဲဒီဓါတ်ပုံတွေကို အသုံးချ
အောက်လမ်းနည်းနဲ့ လုပ်ကြံတာဖြစ်ပါတယ်။
ကြုံတုံး ငွေကြေးကိစ္စ ပြောပါရစေ၊ သန်းမြင့်အောင် က ၂၀၀၉-သြဂုတ်လ-ထဲမှာ VOA (သို့) BBC လေလှိုင်းကနေ အသင်းမှာ ငွေကြေးအလွဲသုံးစားမူ တခါမှမရှိခဲ့ကြောင်း ပြောခဲ့လို့ပါ၊ ကျွန်တော်တို့ အတွင်းရေးမူအဖွဲ့ က ဝန်ထမ်း-၂၀-လောက်ကို ငွေကြေး အလွဲသုံးစားအမူ့နဲ အလုပ်ဖြုတ်ခဲ့ရပါတယ်၊ ဝန်ထမ်းထဲက အကြီးဆုံးဖြစ်တဲ့ အုပ်ချုပ်ရေးမူ-၂-ဦးပါပါတယ်၊ ပထမ တဦးမှာ ငွေသုံးသိန်ပါ အလုပ်တော့ဖြုတ်လိုက်တယ်၊ ငွေကိုတော့ ကိုကျော်သူ ကခဏစိုက်ရော်ပါတယ်၊ နောက်မှ ကျွန်တော်လိုက်တောင်းရတာပါ၊ နေ့၊ည သွားပြီးတောင်ရတာ တော်တော်တော့ ခက်သား ရမှပဲ နားပူသက်သာပါတယ်၊ ဒုတိယ တဦးကတော့ သူမိသားစုက ပေးပါမယ်လက်မှတ်ထိုးခိုင်းပြီး အလုပ်ဖြုတ်ခဲ့ရပါတယ်၊ ယဉ်မောင်းတယောက်ကတော့ အသင်းမှားပိုက်ဆံပြတ်နေပြီးဆိုပြီး၊ အင်းစိန်းဘက်မှာ ငွေကျပ်-၄၀၀၀- ၅၀၀၀-စီ လိုက်လံတောင်းလို့ ဖြုတ်ရတာပါ၊ ကျန်သူတွေကတော့ ဈာပန ချစဉ် ငွေ-၂၀၀၀- ၃၀၀၀- တောင်သူ နဲ့ ပေးလို့ယူတဲ့သူတွေပါ၊ ပေးလို့ယူသူကို ကျပ်-၅၀၀-လောက်ဆိုရင် မသိချင်ရောင်ဆောင် နေရပါတယ်၊ ပေးလို့ယူပေမဲ့-၁၀၀၀- ကျော်ရင်ဖြုတ်ပြစ်ပါတယ်၊ ဈာပန ပိုင်ရှင်တွေကို တပြားမှမပေးဖို့ ရှင်းလင်းပြောပြထားပြီးသားပါ။
ကျွန်တော်တို့ ဖြုတ်လိုမရခဲ့တဲ့သူတွေလဲရှိခဲ့ပါတယ်၊ အသင်းသား၊ အလုပ်အမူဆောင်တွေထဲကပါ၊
နာယက ဦးအောင်သင်း အပါအဝင် အသင်းစတင်တည်ထောင်သူတွေရဲ့  ဓါတ်ပုံတွေကို အသင်းအပေါက်ဝမှာ မြေမြုတ်ခဲ့တဲ့ အသင်းသား သိန်းဇော် ဟာအသင်းသားတယောက်ပါ သန်းမြင့်အောင် ၏လက်သပ်မွေးထားတဲ့ တပြည့်မွေးစားသားပါ၊ ဈာပနတခုကငွေ-၅၀၀၀-တောင်းတာသိပေမဲ့ ဈာပနပိုင်ရှင်က အလှူဘဲဆိုပြီး မပြောတာရယ် သန်းမြင့်အောင် က ကာဆီးကာဆီ လုပ်ထာကြောင့် မဖြုတ်နိုင်ခဲ့ပါ၊ နောက်မှ အသင်းမှာ မိန်းမ တော်တော်ရှုပ်လို့ ဖြုတ်ပြစ်ရပါတယ်၊ နောက်တဦးက အသင်းသားကနေ အသင်းမှား စာရေးဖြစ်သွားတဲ့ စာရေမတယောက်ပါ၊ သန်းမြင့်အောင် အသင်းမှာ လက်သပ်မွေးတပည့် မိုလို့-၈-တန်းလောက်ပဲရှိမယ်၊ စာရေးမခန့်လိုက်ရပါတယ်၊ လာလှူသူရှိရင်လဲ ငွေလက်ခ၊ံ အလှူခံဖြတ်ပိုင်းရေးပေးရပါတယ်၊ ဘဏ္ဍာရေးအဖွဲ့ အားလုံးအလုပ်အမူဆောင် အမျိုးသ္မီးတွေဖြစ်ပါတယ်၊ တနေ့တဦး တာဝန်ကျပါတယ်၊ ညနေပြန်ရင် တနေ့တာ အလှူငွေကို သိမ်းသွားရပါတယ်၊ ကျွန်တော်က ဘဏ္ဍာရေးမူ အပါအဝင်ဘဏ္ဍာရေးအဖွဲ့ဝင် အိမ်တွေမှာ တပါတ်တခါသွားပြီး အလှူငွေတွေကိုသိမ်းရပါတယ်၊ အားလုံးသိမ်းပြီး အသင်းရုံးပြန် စာရေးမဆီအားလုံး စာရင်းနဲ့အပ်ရပါတယ်၊ နောက်နေ့ မနက် ကျွန်တော်ဘဏ်ကိုသွားအပ်ရမှာပါ၊ စာရေးမ နဲ့  အုပ်ချုပ်ရေးမူက စာရင်လုပ်ပြီး ရုံးရှိမီခံသေတ္တာထဲမှာသိမ်းထားရပါတယ်၊ နောက်နေ့ ကျွန်တော်ဘဏ် အပ်မယ်ဆိုတော့ မီးခံသေတ္တာထဲမှငွေကို အုပ်ချုပ်ရေးမူ ထံမှစာရေးမ ထုတ်ယူပေးရပါတယ်၊ အဲဒီလိုပေးတိုင်း မကြာခဏ စာရင်းထဲကအတိုင်းမဟုတ်ပဲ ငွေကျပ်-၄၀၀၀၀-၅၀၀၀၀-(လေး၊ငါးသောင်း) ကွာနေတာတွေ့ရပါတယ်၊အဲဒီလိုဖြစ်တိုင်း ကျွန်တော်ငွေလိုက်သိမ်တာမှာလို့လား၊ ဘဏ္ဍာရေးအဖွဲ့ကပေးတာမှားလို့လား၊ ပြန်စစ်ဆေးရပါတယ်၊ စစ်တိုင်းကျန်သူတွေမမှားပဲ၊ စာရေးမ ငွေစာရင်းသွင်းတာ မှားနေတာကို မကြာခဏ တွေရပါတယ်၊ ကျွန်တော်တို့သာ စာရင်းတိတိကျကျမလုပ်ခဲ့ရင် ခံရမှာ၊ မဟုတ်တာလုပ်ထာသိပေမဲ့ မဖြုတ်နိုင်ခဲ့ပါ။
နောက် အလုပ်အမူဆောင်တွေဖြစ်တဲ့ မော်တော်ယဉ်အဖွဲ့ ပါ၊ မော်တော်ယဉ်(ကား) ဝယ်ယူရေး နဲ့ ပြင်ဆင်ရေး အတွက်ဖွဲပေးထားတာပါ၊ အဖွဲ့ထဲကတယောက် ကားပြင်လာတယ်ဆိုပြီး ငွေပေးရန်ပြေစာ တင်ပါတယ်၊ ကျပ်ငွေ တသိန်း ပေးရမှာပါ ကားကို ကျွန်တော်တို့ အတွင်းရေးမူအဖွဲ့ က ဆင်းစစ်ပါတယ်၊ တသောင်း ခန့်သာပေးရမှာကို တသိန်း တင်ထားတာတွေ့ရပါတယ်၊ သန်းမြင့်အောင် လူယုံဖြစ်လို့ အရေးမယူနိုင်ခဲ့ပါ။
နောက်အမူ့ကတော့တော်တော်ကြီးပါတယ်၊ ကားဝယ်တဲ့ကိစ္စပါ မော်တော်ယဉ် အဖွဲ့ကနောက်တဦးပါ၊ သူတို့အဖွဲ့ကိုကားဝယ်ယူဖို့ ဟိုင်လတ် ၅-ချိတ် ကားရှာခိုင်းထားတာမှန်ပါတယ်၊ လုပ်ထုံးလုပ်နည်းက ကား ၄-၅ စီးရှာပြီး ကားရာဇဝင် ကားရဲ့  အသေးစိတ်သပ်မှတ်ချက် (Specification) တွေ နဲ့ ကျွန်တော်တို့ အတွင်းရေးမူအဖွဲ့ ကိုတင်ရပါမယ်၊ ကျွန်တော်တို့ အဖွဲ့က စုံစမ်းစစ်ဆေးပြီး အပါတ်စဉ်ရှိတဲ့ အလုပ်အမူဆောင် အစည်းအဝေကို ဘယ်ကားဝယ်သင့်တယ်ဆိုတာ တင်ရတာပါ၊ အမြဲကားဝယ်တိုင် ဒီလိုဘဲစနစ်တကျ လုပ်ခဲ့ကြတာပါ၊
ဒီတခါလဲ မော်တော်ယဉ်အဖွဲ့က သန်းမြင့်အောင် ကိုပိုင်းသူတယောက်က ဟိုင်လတ်ကားရှာလာပြီး သန်းမြင့်အောင် ကိုသွားကပ်ပါတယ်၊ ကားအင်မတန်ကောင်းတယ်၊ မနက်ဖြန် ငွေချေရမယ် လက်လွတ်လို့ မဖြစ်ဘူပေါ့ ဒါကို သန်းမြင့်အောင် ကယုံတော့ ဝယ်ခွင့်ပြုလိုက်ပါ ငွေလဲမနက်ဖြန်ခါ ထုတ်ပေးလိုက်ပါ၊ အားလုံးက မကျေနပ်ပေမဲ့ လက်ခံလိုက်တယ်၊ နောက်နေ့မနက်ကြတော့ ဘဏ္ဍာရေးမူ ကသူတယောက်ထဲ ဘဏ်မှာငွေလိုက်ထုတ်ပေးရမှာ ဖြစ်နေလို့ ကျွန်တော့ကို ခေါ်ပါတယ် ကျွန်တော်လဲ အမကြီးတွေဖြစ်တဲ အတွက်ဘဏ်ကိုလိုက်သွားပါတယ်၊ ကျပ်သိန်း-၁၈၀-ထုတ်ပေးရမှာပါ၊ ကားရောင်းတဲ့ပိုင်ရှင်လဲပါပါတယ်၊ ငွေထုတ်ပြီး ပေးတဲ့အခါ ဘာတွေ့ရသလဲ ဆိုတော့ ငွေကိုအထုတ်ဘယ်လောက်ရှိတယ် ဆိုတာတောင်စစ်ဆေးခြင်မရှိဘူး အိတ်တွေထဲ အတင်း ထိုးသိပ်ထည့်ပြီး သွားတော့တာပဲ၊ ကျွန်တော်လဲ ရုံးပြန်ရောက်ရောက်ခြင်း အတွင်းရေးမူအဖွဲ့ ကိုခေါ် ကားကိစ္စစစ်ဆေးဖို့လုပ်ပါတယ်၊ ကားပွဲစားတန်းမှား စုံစမ်းတော့ ကျပ်သိန်း-၁၀၀-တောင်မတန်တဲ့ကားကို ကျပ်သိန်း-၁၈၀-ပေးလိုက်ရခြင်းဖြစ်ပါတယ်၊
ဒီကိစ္စမှာ မော်တော်ယဉ်အဖွဲ့က ကားဝယ်သူ၊ ဝယ်လိုက်ပါ နောက်နေ့ ငွေထုတ်ပေးလိုက်ပါဆိုသည့် သန်းမြင်အောင် တို့ ဘာမှအရေးယူလို့မရပဲ အစည်းအဝေးဆုံးဖြတ်ချက်မရှိပဲ ငွေထုတ်ပေးလို့ဆိုပြီး အပါတ်စဉ် အလုပ်အမူဆောင် အစည်းအဝေးမှာ ဘဏ္ဍာရေမူ ဖြစ်တဲ့ အမကြီးတယောက် မျက်ရည်စက်လက်နဲ့ဘဏ္ဍာရေမူ က ဖြုတ်ခံလိုက်ရပါတယ်၊ ခုတ်ရာတခြားထစ်ရာတခြားပါ၊ ငွေကြေး နဲ့ ပါတ်သက်ရင် သန်းမြင်အောင် ကို လုံးဝမယုံပါ၊
၂၀၀၉-သြဂုတ်လထဲမှာ၊ VOA (သို့) BBC မှ လေလှိုင်း မှ ကြေငြာပါတယ်၊ အသင်းအဖွဲ့တွေရဲ့  ငွေကြေး အလွဲသုံးစားမူကိုဆွေနွေးမူမှာပါ၊ အသင်းစတင်တည်ထောင်သူ၊ နာရေကူညီမူအသင်း(ရန်ကုန်) ၏ အတွင်းရေးမူ ဒေါ်သန်းမြင့်အောင် မှ နာရေးကူညီမူအသင်း(ရန်ကုန်)၏ ငွေးကြေး သုံးစွဲမူနဲ့ ပါတ်သက်၍ ပြောပါလို့ပြောတဲ့အခါ၊ မိုလုံးပါတ်လည် လိမ်ပြီး၊ လေလှိုင်ပေါ်က တခါမှ ငွေကြေးအလွဲသုံးစားမူ မရှိကြောင်း ပြောသွားပါတယ်၊ တတိုင်းပြည်လုံးကို လိမ်ရဲတာပါ၊ မိမိတို့ အပြစ်တွေဖုံးကွယ်ဖို့ နာရေးကူညီမူအသင်(ရန်ကုန်) ၏ နာရေးအလှူငွေကျပ်သိန်း-၆၀၀-(သိန်းခြောက်ရာ) ခန့် ကို ၂၀၀၆-ခုနှစ်မှာ ဘိုးဘွားပိုင်ပစ္စည်း ပေးသလို တိတ်တိတ်ပေးခဲ့တာကို အလှူရှင်များကိုအသိပေးခြင်း၊ ပြည်သူများအားကြေငြာခြင်းမရှိသေပါ၊ ရာဇဝတ်ပြစ်မူ့ ကြီပါ၊ မင်းက သိန်းခြောက်ရာ အလွဲသုံးစားလုပ်ထာသိရက် နဲ့ ဘာကြောင့် သက်ဆိုင်ရာကို မတိုင်သလဲ မေးရင်တိုင်ဖို့ ကြိုးစာပါတယ်၊ အသင်ကိုငွေလှူ ကားလှူ ထားတဲ့ ညောင်ပင်လေးဈေးကဈေးလူကြီးတွေကလဲ မကျေနပ်ပါဘူး၊ သူတို့က မင်မှားငွေကျပ်သိန်း-၂၀၀-လောက်ရှိမှ တိုင်လို့ရမယ်၊ ပြောပါတယ်၊ စိတ်လျှော့ခဲ့ရပါတယ်၊ သန်မြင့်အောင် တို့က အသင်းနာရေးအလှူငွေ နဲ့ တရားရင်ဆိုင်မှာ၊ တယောက်ခံသွားရတာကို သိထာပါတယ်၊
သန်းမြင်အောင် တို့ ရန်ကုန်တိုင်းတရားရုံးမှာ တရားစွဲခံရတော့ နာရေးအလှူငွေတွေသုံးပြီး၊ သိန်းချီတန်တဲ့ ဆွဲချင်း တရာသူကြီးကို မကြာခဏပို့ပေးရပါတယ်၊ ကျွန်တော်ကိုတိုင် တရားရုံး အမြဲသွားပေးရလိုသိတာ၊ တဖက်လူမှာတော့ ခေါင်တွေဖြူပြီး လမ်းတောင်မလျှောက်နိုင်တော့ပါ၊ သန်းမြင့်အောင် တို့ကတော့ နာရေးအလှူငွေတွေ နဲ့ တရားရင်ဆိုင်ရလို့ အပြုံးမပျက်ပါ။
ဆရာဦးသုခ ကိုအသုံးချတာနဲ့ ပါတ်သက်လို့ ပြောရမယ်ဆိုရင်၊ ဆရာဦးသုခ ကိုအသင်းစတင်တည်ထောင်သူ တွေက နာယက တင်မြောက်ထားတာပါ၊ ဆရာဦးသုခ ဟာ မြန်မာပြည်၏ တန်ဖိုးမဖြတ်နိုင်သော ပညာရှိကြီး တဦးဖြစ်ပါတယ်၊ မျက်စိမမြင် နားသိပ်မကြား ရပေမဲ့ အသိ နဲ့ သတိ အမြဲရှိနေတာတွေ့ရပါတယ်၊ ဆရာဦးသုခ ပြောတာရှင်းရှင်း လေးပါ၊ ငါ့မှာ နားနှစ်ဖက်ရှိတယ်၊ မင်းတို့ပြောဒါကို ဒီဖက်နားနဲ့နားထောင်မယ်၊ သူတို့ပြောတာ ကို ဒီဖက်နားနဲ့နားထောင်မယ်၊ နားနှစ်ဖက်ကိုပြပြီး၊ နားနှစ်ဖက်နဲ့နားထောင်မယ် ပြောတာပါ၊ ဘဘအမွေပေးခဲ့တယ် ဆိုတာတွေ၊ ဘဘကခိုင်းလို့လုပ်ရတယ်ဆိုတာ တခုမှမဟုတ်ပါဘူး၊ လိမ်တာတွေပါ ဆရာဦးသုခ ကိုအသုံးချတာပါ။
၂၀၀၃-ခုနှစ် နှစ်ပါတ်လည် မတိုင်ခင် တလလောက် အလိုမှာ ကိုကျော်သူ၊ သန်းမြင့်အောင်၊ မြင့်မြင့်ခင်ဖေ (ခေါ်) ရွှေဇီးကွက်၊ ကျွန်တော်တို့ ဒဂုံသီရီလမ်း ကျောက်မြောင်းမှာရှိတဲ့ အမကြီးဒေါ်ဌေးဌေးနိုင် အိမ်မှာညနေ လျှိုဝှက် အစည်းအဝေး လုပ်ကြတော့၊ ဦးစန်းမြင့် ဆိုသူအပါအဝင် လူ ၁၁-ယောက်ဖိတ်ထားတာတွေ့ရပါတယ်၊ အဲဒီလူတွေကို သန်းမြင့်အောင် က ကျွန်တော်ကိုမိတ်ဆက်ပေးပါတယ်၊ ဥက္ကဌ ဦးမြင့်ဆွေ မှ လပါတ် အစည်းအဝေး မှာ အသင်းသားအသစ် လျှောက်လွှာ ကိစ္စတရားဝင် ရပ်ဆိုင်းထားဖို့၊ ပြောထားသော်လည်း၊ ထိုနေ့က အသင်းသားလျှောက်လွှာ ထိုသူ ၁၁-ဦး အတွက်ထုတ်ပေးလိုက်ဖို့ပြောပါတယ်၊ အဲဒီနေ့ကစပြီး မိမိတို့ကိုထောက်ခံမည့် အမာခံ လူ-၆၀-ခန့်ကို၊ တရားဝင် လျှေက်လွှာ ရပ်ဆိုင်းထားသော်လည်၊ အသင်းဝင်လျှောက်လွှာထုတ်ပေးပြီးစုဆောင်းထားခဲ့ပါတယ်၊ ဦးစန်မြင့် လေတပ်ထွက်ပါ အရာရှိတော့မဟုတ်ပါ နိုင်ငံခြား အလုပ်ရှာပေးရေး ပွဲစားလုပ်သူပါ၊ ကြံ၊ဖွတ် အသင်ဝင်လက်မှတ် ကိုင်ဆောင်ထားပါတယ်၊ ကျွန်တော့ဘဝမှား ကိုကျော်သူ အကြောင်း မကောင်းတာတွေသိထားပြီး ပြောတာ သူတဦးဘဲတွေဘူးပါတယ်၊ သန်းမြင့်အောင် ကို ဦးစန်းမြင့် ရုံးခန်းမှား မကြာခဏ တွေ့ရပြီး၊ သမက်ကို သင်္ဘောတင်ပေးဖို့ အတွက် သန်းမြင့်အောင် က ဦးစန်းမြင့် ကိုနောက်ပိုင်း အတွင်ရေးမူနေရာပေးခဲ့ပါတယ်၊ ကိုကျော်သူ ကိုတော့ ကျွန်တော် ကြိုတင်အသိပေးခဲ့ပါတယ်၊ ခင်ဗျားကို ဖြုတ်လိမ့်မယ်လို့၊ ၂၀၀၆- ကိုကျော်သူ 88-နှစ်ပါတ်လည် သွားတော့ အစိုးရက နာရေးကူညီမူအသင်း(ရန်ကုန်)၏ သတင်းစာ ထဲထည့်မူပိတ်ပင်ခဲ့ပြီ၊ ဦးစန်းမြင့် ကလည်း ကိုကျော်သူ ကိုဖြုတ်ဖို့ ဥက္ကဌ အပါအဝင် အားလုံးကိုစည်ရုံးပြီးပါပြီ၊ အသင်းသားတွေ လက်မခံလို့ ကိုကျော်သူ မပြုတ်ပဲ ဦးစန်းမြင့် အသင်းကထွက်သွားရပါတယ်၊ ဦးစန်းမြင့် ကဘာကြောင့်ဖြုတ်သလဲဆိုရင် အသင်းဟာ မှတ်ပုံတင်ရထားပြီး ပြည်ထဲရေးဝန်ကြီးဌာနမှာ နိုင်ငံရေးမလုပ်ပါဟု လက်မှတ်ထိုးထား၍ အခွင့်သာတုံး လုပ်လိုက်ထာဖြစ်ပါတယ်။
နာယက ဦးအောင်သင်း အပါအဝင် အသင်းစတင်တည်ထောင်သူတွေ၊ ကျွန်တော်တို့ ဒီဘက်က လုပ်နေတာတွေကို မသိဘူလား၊ အဒီတုံးကသူတို့ လုံးဝမသိခဲ့ပါဘူ၊ သူတို့ကလုံးဝစိတ်မဝင်စားဘူး၊ သူတို့သာ တရာဝင်အသိအမှတ်ပြုထားသည့် အသင်းသားစာရင်ကိုစိတ်ဝင်စားရင် ကျွန်တော်တို့မနိုင်ပါ၊
ကျွန်တော် အဲဒီတုံးက သေသေချာချာ တွက်ကြည့်ခဲ့ပါတယ် သူတို့ကိုထောက်ခံသူက ၁၀-ဦလောက် မျာနေတာတွေ့ ရပါတယ်၊ တရားဝင်အသိအမှတ်ပြု အသင်းသာ-၉၀-ရှိပါတယ်၊
အသင်းစတင်တည်ထောင်သူ တွေကလဲ သူတို့နည်း သူတို့ဟန် နဲ့ အပိုင်လုပ်ထားကြပါတယ်၊ ဘယ်လောက်တောင် အပိုင်ကြံထားသလဲဆိုရင်၊ အစည်းအဝေးလုပ်တဲ့နေ့က ကျွန်တော်တို့အားလုံး ပါးစပ်အဟောင်းသားနဲ့ မေ့ပြီး ငြိမ်၍ ငိုင်သွားကြပါတယ်၊ တဒင်္ဂ ဘာလုပ်၍ ဘာလုပ်ရမှန်း မသိ ဖြစ်သွားကြပါတယ်။
အဲဒီမှာ ဝါရင့်တာက (သဘာက) စကားပြောပါတာ၊ ကျွန်တော်တို့ လုပ်ထားတာတွေ ဘာမှလုံးဝမသိခဲ့တဲ့၊ ဆရာဦးအေးသန့် ကစကားစတင် ပြောခဲ့ပါတယ်။
တခုတော့ပြောပါရစေ၊ ကိုကျော်သူ၊ မြင့်မြင့်ခင်ဖေ(ခေါ်)ရွှေဇီးကွက်၊ ကျွန်တော်တို့ ဟာ၊ လုပ်အားပေး(Volunteer)နေရင်းနဲ့ ၂၀၀၂-နှစ်ကုန်ပိုင်းမှား အသင်းသား ၉၀-အသိမှတ်ပြုတော့မှ၊ အသင်းသားဖြစ်လာကြတာ ဖြစ်ပါတယ်၊ သန်းမြင့်အောင် က ကျွန်တော်တို့ အသင်းရောက်ချိန်မှာ၊ အသင်းစတင်တည်ထောင်သူများက ယုံကြည်၍ အသင်း၏ပြန်ကြားရေးတာဝန်ခံ၊ လုပ်ကိုင်နေပြီ ဖြစ်ပါသည်၊ အားလုံးဟာ လူယုံသတ်ထာ ခံလိုက်ရတာပါ၊ ကိုကျော်သူ ကို၊ ဦးစန်းမြင့် ဖယ်ရှားဖို့ ကြိုးစားတုံးက အောင်မြင်ခဲ့လျှင် ယနေ့ သန်းမြင့်အောင် အသင်ကြီး၏ ဥက္ကဌ ဖြစ်နေပါပြီ။
သန်းမြင့်အောင် တာဝန်က အသင်းပြန်ကြားရေးတာဝန်ခံဖြစ်သည့်အတွက် အသင်းသား ၉၀-၏ စာရင်းကို လက်မှတ်ထိုး သိမ်းဆည်းထားရပြီ၊ ထိုအသင်းသားစာရင်း အတိုင်း ၂၀၀၃-ခုနှစ် အသင်းနှစ်ပါတ်လည် ညီလာခံအတွက် ဖိတ်စာပေးဝေရမည်ဖြစ်ပါသည်၊ သို့သော် အသင်းသားစာရင်း တွင်ပါသော၊ အသင်းစတင်တည်ထောင်သူတွေကို၊ ထောက်ခံမည့်သူများကို၊ လုံးဝဖိတ်စာပေးဝေခြင်း မလုပ်ပဲ၊ မိမိတို့ အကြံအဖန် လုပ်ထားသော အသင်းသား အတု(ဦးစန်းမြင့် အပါအဝင်)များကို ဖိတ်စာပေး၍၊ နှစ်ပါတ်လည် ညီလာခံကို တက်ရောက်ရန် ဖိတ်ခေါ်ထားခဲံပါသည်။
၂၀၀၃-ခုနှစ် နှစ်ပါတ်လည် အစည်းအဝေးကို နေ့လည် ၁-နာရီမှာ စတင်မှာဖြစ်ပါတယ်၊ အသင်းစတင်တည်ထောင်သူများ ဖြစ်သည့်၊ ဦးအောင်သင်း ခေါင်ဆောင်သည့် နာယက များနှင့် အဖွဲ့ ဟာ၊ သြဝါဒ ဆရာတော်များဖြစ်သည့် ဗဟိုသံဃာနာယကအဖွဲ့  ဒုဥက္ကဌ အောင်မြေဘုံစံကျောင်းဆရာတော် နှင့် ချမ်းမြေ့  ဆရာတော်တို့ကို သူတို့ကားဖြင့် ပင့်ဆောင်လာပါတယ်၊ သင်္ဃာန်းကျွန်းမြိုနယ် သံဃာနာယက ဥက္ကဌ ဆရာတော်နှင့် အသင်းရုံးတည်ရှိရာ၊ ဓမ္မဝိဟာရကျောင်းတိုက်ဆရာတော်တို့ကိုလဲ ပင့်ဆောင်ပြီး ဖြစ်ပါသည်။
ကျွန်တော်တို့ ကလဲ ကျွန်တော်တို့် အသင်းသားအစစ်-၄၀-နှင့် အသင်းသားအတု -၆၀- အပြင် သန်းမြင့်အောင် က သူထူထောင်ထားသော အခမဲ့ -၁၀-တန်းကျောင်းမှ ကျောင်းသား လူငယ် -၂၀-ကို လည်း ခေါ်ထားသည့်အတွက်၊ အစီးအဝေးခန်းမထဲတွင်၊ ကျွန်တော်တို့ကိုထောက်ခံမည့်သူ၊ ၁၂၀-ရောက်ရှိနေပြီဖြစ်ပါတယ်၊ အမှန်က တရားဝင်အသိအမှတ်ပြုထားသော အသင်းသား -၉၀-သာ ရှိနေရမည် ဖြစ်ပါသည်။
ထုံစံအတိုင်း အခန်းအနားစတင်ကြောင်း ကြေငြာပြီး၊ သြဝါဒ ဆရာတော်ကြီးများကို၊ ဦးသုံးကြိမ်ကတော့ ပါတယ်၊ နောက် ဗဟိုသံဃာ့နာယက ဒုတိယ ဥက္ကဌ အောင်မြေဘုံစံကျောင်းဆရာတော်ကြီးမှ သြဝါဒ ပေးပါတယ်၊ ပြီးတဲ့အခါမှာတော့ သြဝါဒဆရာတော်တပါးဖြစ်တဲ့ ချမ်းမြေ့ ဆရာတော်ဘုရား ကအသင်းကြီးကို စတင်တည်ထောင်သူ နာယက ကြီးများမှ ဆရာတော်ထံ လျှောက်ထား ပေးအပ်ထားသော စာကိုဖတ်ပြမည်ပြော၍၊ ချမ်းမြေ့ ဆရာတော်ဘုရား ကိုယ်တိုင်း ထိုစာကို ဖတ်ပြပါတယ်၊ "အသင်းစတင်တည်ထောင်သူ နာယက ကြီးများမှ အသင်းကိုပြန်လည် ပြုပြင် ပြင်ဆင်ရန်ရှိပါ၍၊ နောက် -၆-လကြာမှ အသင်းသားများ အနေ နဲ့ အသင်းကြီး နဲ့ ဆက်သွယ်ကြပါရန်"၊ဖြစ်ပါသည်၊ အစည်းအဝေးခန်မထဲမှာ ထောက်လှမ်းရေးတွေလဲ ရှိပါတယ်။က
( ယခု ချမ်းမြေ့  ဆရာတော်ဘုရား၊ USA ရောက်နေပါသည်၊ မေးကြပါ။)
အမှန်ကတော့ သူတို စတင်တည်ထောင်သည့် အသင်း သူတို့ပြင်ဆင်ဒါ ဘာမှမတတ်နိုင်ပါ၊ ကျွန်တော်တို့ အားလုံး အရာရာကို မေ့ပြီး ငိုင်သွားကြပါတယ်၊ ဘာမှမလုပ်နိုင်တဲ့ အခြေအနေ ရောက်သွားပါတယ်၊ အသင်းစတင်တည်ထောင်သူ နာယကကြီးများက၊ ကျွန်တော်တို့မထင်တာ နဲ့ အပိုင်လုပ် လိုက်ထာဖြစ်ပါတယ်၊ ဒါကြောင့်လဲ သူတို့ အသင်းသားစာရင်းကို လုံးဝစိတ်မဝင်စားတာဖြစ်ပါတယ်၊ အမှန်တော့ ကျွန်တော်တို့ အားလုံးဟာ သူတို့ခွင်ပြုလို့ အသင်းမှား ကုသိုလ်ယူဖို့ လုပ်အားပေးလို့ရတယ်၊ သူတို့ခွင့်ပြုလို့ဘဲ အသင်းသား ဖြစ်ခွင့်ရခဲ့တာပါ၊ ဆရာဦးအောင်သင်း ပြောဘူးပါတယ်၊ "ငါတို့အသင်းကို ဘယ်သူမဆို ခွဲခြားမူ မရှိဘဲ လမ်လျှောက်ဝင်လို့ ရတယ်"၊ ဆိုတာပါဘဲ။
အမှန်အတိုင်းပြောရရင် ကျွန်တော်လဲ အသင်းကြီး၏ရည်ရွယ်ချက်ကိုကြိုက်လို့ အသင်းတွင် အသိမရှိ
လမ်းလျှောက်ဝင်လာပြီး လုပ်အားပေးခဲ့သူ တယောက်သာဖြစ်ပါတယ်၊ ကျွန်တော်မှာ ပါအုပ်စုမှမရှိပါ၊ ကျွန်တော်၏ အသင်းတွင် ပါဝင်လှုပ်ရှားမူတွေကို၊ သန်းမြင့်အောင် တို့ကတွေပြီး သူတို့ဖိတ်လို့ သူတို့ လျှိုးဝှက်တွေ့ဆုံရာ၊ ဒဂုံသီရိလမ်း၊ ကျောက်မြောင်းက အမကြီး ဒေါ်ဌေးဌေးနိုင် အိမ်ကိုဖိတ်ခေါ်လို့ ရောက်ခဲ့ရတာ ဖြစ်ပါသည်၊ ကျွန်တော့ အသိစိတ်ကတော့ ကိုကျော်သူ အသင်းတွင်နေရာတခုခုရရင် အသင်းကြီးတိုးတက်မယ်လို့ ယုံကြည်လို့ ဖြစ်ပါတယ်၊ အသင်းကြီးကို အပိုင်စီးဖို့၊ အသင်းကို မိမိတို့စတင်တည်ထောင် တယ်လို့ လိုက်အော်နေသည့်၊ အဆင့်အထိ ပြု့ လုပ်လိမ့်မည်ဟု လုံးဝမထင်ခဲ့ပါ။
ချမ်းမြေ့  ဆရာတော်၏ ဖတ်ပြသောစာအရ ကျွန်တော်တို့အားလုံး၊ ငြိမ်သွားကြပါတယ် ပါစပ်တောင် မဟနိုင်ကြပါ၊ အဲဒီမှာ အတွေ့ အကြုံ(သဘာ)ရှိပြီး ကျွန်တော်တို့လုပ်ထားတာတွေ ဘာမှလုံးဝ မသိတဲ့ ဆရာဦးအေးသန့် က ဆရာတော်ကြီးများကို လျှောက်ထားပါတယ်၊ အသင်းကြီး ကောင်းစွာလည်ပါတ်နေပြီး ဖွဲ့စည်းပုံ လည်းရှိတယ်၊ တရားဝင် မသိအမှတ်ပြုထားသည့် အသင်းသားတွေလဲရှိတယ်၊ ပြင်ဆင်ဖွဲ့စည်းဖို့ လိုအပ်ပါသလား၊ လို့လျှောက်ထားပါတယ်၊ အဲဒီမှာ ကျွန်တော်လည်း သတိရပြီး ဆရာတော်ကြီးများကို၊ အသင်းသားတွေ၏ အဖြေကိုလည်းကြည့်ပေးပါ လို့လျှောက်ထားပြီ၊ နာယကကြီးများ၏ အသင်းပြန်လည်ပြင်ဆင်မူကို ကန့်ကွက်ရင်ထကြပါလို့၊ အသင်းသားများဖက်ကိုပြောလိုက်ပါတယ်၊ အားလုံးထကြပါတယ်၊ အားလုံးထကြသည့်အပြင်၊ သန်းမြင့်အောင် ခေါ်ထားသည့် လူငယ်တွေက ငွေတသိန်းအလွဲ သုံးစားလုပ်သည့် ဦးအောင်သင်း ထွက်သွားလို့ ဝိုင်းအော်ကြပါတယ်၊ လူငယ်တွေ ဦးအောင်သင်း ကိုဝိုင်းအော်လို့ ရုတ်ရုတ်သဲသဲ ဖြစ်သွားပါတယ်၊ အသင်းစတင်တည်ထောင်သူ နာယက ကြီးတွေ အသင်းစတင်တည်ထောင်သူတွေ ဟာ ရုတ်ရုတ်သဲသဲ ဖြစ်ထာကိုလန့်ပြီး ဆရာတော်ကြီးများကို ပြန်လည်ပင့်ဆောင်၍ အစည်းအဝေးခန်းမမှ ပြန်လည်ထွက်ခွာသွားကြပါတယ်။(အားလုံးကို ဗွီဒီယို ရိုက်ထာပါတယ်)
မမျော်လင့်ဘဲ အသင်းကြီးကို လွယ်လွယ်နဲ့ ရရှိခဲ့တာဖြစ်ပါတယ်၊ အစည်းအဝေးခန်းမထဲမှာ ထောက်လှမ်ရေး တွေလဲရှိပါတယ်၊ အစည်းအဝေးခန်းမထဲမှာ၊ ကျွန်တော်တို့လူတွေဘဲရှိပါတော့တယ်၊ ကျွန်တော်တို့အားလုံး အစည်းအဝေး ဆက်လုပ်ပြီး အသင်းသားအစစ်ထဲက အမြဲတမ်း အသင်းကြီးမှာလုပ်အားပေနေတဲ့ အသက်-၆၀ကျော် ထဲက အငြိမ့်စား ကျောင်အုပ်ဆရာကြီးတဦး၊ စာတတ်ပေတတ် ဘုန်းကြီးလူထွက်တဦး၊ အငြိမ့်စားတပ်မတော်သားတဦး တိုကို နာယက တင်ပြီး၊ ဆရာဦးအေးသန့် ကို ဥက္ကဌ တင်ပါတယ်၊ ကိုကျော်သူ က ဒုဥက္ကဌ၊ ကျန်သူတွေလဲ အသီးသီး နေရာတွေယူကြရပါတယ်၊ သန်းမြင့်အောင် ကတော့ ဒုံရင်းဒုံရင်း ပြန်ကြားရေးတာဝန်ခံ ဘဲရပါတယ်၊ သန်းမြင့်အောင် ၇-တန်းတောင် မအောင်ပါဘူး၊ ကျွန်တော်ရှိရင် အတွင်းရေးမူ ရာထူးမပေးပါ၊ အတွင်းရေးမူ ဆိုတာ သူနေရာနဲ့သူ ဝင်ဆံဖို့လိုပါတယ်၊ သူ့ခင်ဗျာ နောက်-၅-နှစ်လောက် အမျိုးမျိုးလှည့်ပါတ် ကလိန်စေ့ငြမ်းဆင် ပြီးမှ ခုလုပ်နေတဲ့ အတွင်းရေးမူ ရာထူးရတာပါ၊ ပညာတတ်တွေကို အပြစ်ရှာ ဖယ်ရှားပြစ်လို့ တယောက်မှမရှိတော့ပါ၊ မဟုတ်မတရားတာတွေလုပ်ရတာ ပင်ပန်းလိုက်ထာဗျာ၊ နောက်နေ့မှာ အသင်းကြီးကို ပြန်လည်အသစ်ဖွဲ့ စည်းကြောင်း သတင်းစာများမှာ ထည့်လိုက်ပါတယ်၊ အဲဒီအချိန်ကစပြီး အသင်းကြီး ကျွန်တော်တို့ လက်ထဲ ရောက်ရှိခဲ့ပါတော့သည်၊ အသင်းစတင်တည်ထောင်သူတွေလဲ အနားတောင်မကပ် နိုင်တော့ပါ။
ထောက်လှမ်းရေးက တိတ်တဆိတ် ထောက်ခံသည်အတွက် ပြည်ထဲရေးဝန်ကြီးဌာနက ကျွန်တော်တို့ လက်ထက်မှာ အသင်းမှတ်ပုံတင်ခွင့် ရရှိခဲ့ပါတယ်၊ ကျွန်တော်တို့ အားလုံးကို အထင်သေးသည့်အတွက် မြန်မာပြည် အနှံ့ သွားရောက်၍ နာရေးကူညီမူ လူမူ့ရေးအသင်းအဖွဲများကို၊ ဖွဲ့စည်းပေးနိုင်ခဲ့ပါတယ်၊ ထောင်ချီရှိတဲ့ လူထုကို ဟောပြောပွဲတွေ၊ လုပ်နိုင်ခဲ့ပါတယ်၊ မြို့ တိုင်း၊ ရွာတိုင်းမှာ ဘယ်သူမှ မတားဆီး ကြပါ၊ ဒီလို အောင်မြင်မူ အတွက်၊ ဗိုလ်ချုပ်ကြီး ခင်ညွန့် ၏ ဆုလာဒ် များကို ရရှိခဲ့ပါသည်။
(ဗိုလ်ချုပ်ကြီး ခင်ညွန့် ၏ ဆုလာဒ်၊ နာရေးပုံပြင်များ(၉) ကိုဆက်လက်ဖတ်ရှုပါ)
မှတ်ချက်။ ။ နာရေးကူညီမူအသင်း(ရန်ကုန်) နဲ့ပါတ်သက်လို့ ကျွန်တော်ရေးနေတာတွေကို၊ တာဝန်ယူနိုင်သလို၊ ပြည်တွင်းမှား လူသက်သေ၊ စာရွက်စာတန်း၊ တရားရေးဌာန(ရန်ကုန်တိုင်း)၊သတင်းစာများ၊ ဓါတ်ပုံ၊ VCD, ဗွီဒီယို. မှတ်တမ်းများ နဲ့ သက်သေပြနိုင်ပါတယ်၊ ပြည်ပမှာ သူတို့ကိုထောက်ခံတဲ့၊သတင်းဌာန တွေ၊ အုပ်စု(Group)၊ အသိုင်းအဝိုင်း၊ တောင့်တင်းသလို၊ ပြည်တွင်းမှာလဲ၊ ပြည်သူလူထု ထောက်ခံမူ့ အရဆုံးအသင်းကြီး ဖြစ်ပါတယ်၊ အသိုင်းအဝိုင်းတောင့်တင်ပါတယ်၊ စစ်အစိုးရကိုယ်တိုင်လဲ၊ လျှိုဝှက်ထောက်ခံလျှက် ရှိပါတယ်၊ ကျွန်တော်မှားလျှင်၊ စိစိညက်ညက် ကြေသွားမှာပါ၊ ကျွန်တော် ကိုယ်တိုင် အမှန်တကယ် ဦးစီးဦးဆောင်၊ လုပ်ခဲ့ရတာတွေ၊ ကိုရေးတာပါ၊ ကျွန်တော် ပြည်ပ (USA) မှာ ရောက်ရှိနေပါတယ်၊ ပညာရေး၊ စီးပွားရေး၊ အလုပ်အကိုင်း အခွင့်အလှမ်းတွေ၊ အားလုံးကိုကောင်းစွာ ခံစားနေရပါတယ်၊ ကျွန်တော်တို့၊ အသုံးချခဲ့သော၊ အသင်းသားအစစ်၊ အကြံအဖန်၊ လုပ်ခဲ့သော၊ အသင်းသားအတု၊ အသင်းစတင်တည်ထောင်သူ၊ အသင်းကြီးကို၊ အကျိုးပြုခဲ့သူ၊ အားလုံးဟာ၊ အမှန်တရားကို ဖေါ်ထုတ်ဖို့ အခွင်မသာဘဲ၊ အသင်းကြီး၏ ဘေးမှား ငေးမောကြည့်နေရြုပီး၊ ကျန်ခဲ့သည့်၊ လက်ငါးချောင်တောင် ရည်တွက်လို့ မရတဲ့၊ သန်းမြင့်အောင် ဦးဆောင်တဲ့ သူတွေက၊ မိမိတို့ အသင်းကိုစတင်တည်ထောင်သလိုလို ဝါဒဖြန်ပြီး၊ ပုံဖေါ်ပြီး၊ နေသည့်အတွက်၊ မြန်မာပြည်တွင်၊ တိုက်ပွဲဝင်နေသော၊ အသင်းသား၊ အစစ်၊အတု၊ အသင်းစတင်တည်ထောင်သူ အားလုံးအတွက်၊ ကျွန်တော် ဦးစီးဦးဆောင် လုပ်ခဲ့ရသည်များကို၊ အမှန်တရားအတွက်၊ ဝန်ခံရေးသားနေခြင်း၊ ဖြစ်ပါသည်၊ ကျွန်တော် ၏ ရည်ရွယ်ချက်အတိုင်း၊ အများပြည်သူပိုင်ဆိုင်သည့်၊ အသင်းကြီး၊ ဖြစ်ဖို့ပါဘဲ။ (ရွေးကောက်ပွဲ မတိုင်ခင် အပြီးရေးမှာပါ)။
Read More...
Monday, September 13, 2010
Human
Earth is green. Sky is blue.
Human have between of two colour.
Although, Human
They can do everything.
They can get everything.
So we must try to get Freedom and Human rights,
For the World and our Country.
Thara phi nyunt (သရဖီညွန့်)
Read More...
Monday, April 26, 2010
နာရေးကူည်ီမူအသင်း(ရန်ကုန်)၏ ဥက္ကဌ (၃)ဦး နာရေးပုံပြင်များ(၇)
U Myint Swe
ဦးမြင့်ဆွေ
နာရေးကူညီမူအသင်း(ရန်ကုန်) ကို စတင်တည်ထောင်သူများတွင်ပါဝင်သည့် အသင်းကြီး၏ ပထမ ဦးဆုံး ဥက္ကဌ ဦးမြင့်ဆွေ
(ယခု ရတနာမေတ္တာ HIV ရောဂါသည်များ ကူညီမူပေးရေးအဖွဲ ဥက္ကဌ)
(ဂျွန်-၂၀၁၀) ယနေ့ ကျော်သူ
ဒေါက်တာအောင်မြင့်(မျက်စိ၊နား၊ နခေါင်း ဆေးရုံအုပ်ကြီး) သရဖီညွန့် ဒေါ်ဌေးဌေးနိုင်
ကျော်သူ အသက် ၅၀-မွေးနေ့(၂-၁၁-၁၉၅၉)-(-----------)
ယခုကိုကျော်သူ အပါအဝင် နာရေးကူညီမူအသင်း(ရန်ကုန်)စတင်ဖွဲစည်းစဉ် (၁-၁-၂၀၀၁)မှစ၍ယခု၂၀၁၀-ခုနှစ် အထိ ဥက္ကဌ (၃)ဦးရှိခဲ့ပါပြီ၊ ဥက္ကဌ (၃)ဦးနဲ့ အနီးကပ်လုပ်ဆောင်ခဲ့ရတာတွေ သူတို့အကြောင်းတွေကို ကျွန်တော်သိသမျှ အသေးစိတ်ရေးသင့်ပါတယ်၊ မသိတာတွေလဲ ရှိသေးတယ် ဆိုတာလဲ ကြိုတင်ပြောထားပါရစေ၊
(၁) ဥက္ကဌ ဦးမြင့်ဆွေ (၂၀၀၁-၂၀၀၃)
(၂) ဥက္ကဌ ဦးအေးသန့် (၂၀၀၃-၂၀၀၇)
(၃) ဥက္ကဌ ကျော်သူ (၂၀၀၇- )
(၃)ဥက္ကဌ ကျော်သူ (၂၀၀၇- )
အစောဆုံးပြောနိုင်တာကတော့ ကျော်သူ ပါတဲ့ရုပ်ရှင်ကားတွေကို သူနဲစသိတဲ့အချိန်မှာ တကားမှမကြည့်ခဲ့ဘူပါဘူး ဆိုတာပါ ဘာကြောင့်လဲဆိုတော့ စာဖတ်ထာများလို့ မြန်မာရုပ်ရှင်ကားတွေ ကြည့်တိုင်းဇာတ်လမ်း ကြိုကြိုသိနေရလို့ စိတ်ပျက်ပြီး မကြည့်တော့လို့ဖြစ်ပါတယ်၊
၂၀၀၂-ခုနှစ်မှစသိတာပါ နာရေးကူညီမူအသင်း(ရန်ကုန်)မှာလုပ်အားပေးနေစဉ်ပါ၊ ကိုကျော်သူ အသင်းမှာ လုပ်အားမကြာခဏ(Volunteer) လာပေးနေတယ် ဆိုတာကို ကြားသိနေပါတယ် တခါမှမဆုံပါ ရွှေဇီးကွက် ကိုတော့ အသင်းလစဉ်အစီးအဝေးတွေမှာ လာတက်တတ်လို မြင်ဘူးယုံပါ၊
၂၀၀၂-နှစ်ဒီဇင်္ဘာလမှာ ရွှေတိဂုံဘုရားရှိ ရှင်သာမဏေ ဓမ္မာရုံမှာ သင်းလုံချွတ်အစီးဝေးလုပ်ပါတယ် ကျွန်တော်လဲ လုပ်အားပေးအဆင့်ပါ ဘယ်သူကိုမှလဲအသင်းသား အဖြစ်သပ်မှတ်ထားတာ မရှိသေးပါ ရွှေတိဂုံဘုရား ဘေးမှာရှိတဲ့ဓမ္မာရုံဆိုတော့ ထောက်လှမ်းရေးတွေလဲ တော်တော်လာကြတယ် သူတို့ကိုယ်တိုင် လာမိတ်ဆက်ပါတယ် ဒီပါတ်ဝန်းကျင်က ထောက်လှမ်ရေးများဖြစ်ကြောင်းပေါ့ ကျွန်တော့မှာ အသင်းနဲ့ပါတ် သက်လို့ပါတာဝန်မှ မရှိပါဘူး ဒီမှာအစီအဝေးရှိတယ်ဆိုလို့သာလာခဲ့ရတာပါ ကြိုဆိုမဲ့သူမရှိ ဧည့်ခံမည့်သူ မရှိတာတွေ့ရပါတယ် အစီးအဝေးပုံစံတော့ ရှေ့ မှာလူကြီးတွေထိုင်ဖို့စားပွဲ ကုလာထိုင် နဲ့ လာရောက်သူများထိုင် ဖို့ ကလာထိုင်တွေချထားပါတယ် ကျွန်တော်ရောက်ချိန်မှာ လူနဲပါသေးတယ် တက်ရောက်သူတွေ လက်မှတ် ထိုးသည့်နေရာ စာအုပ်လဲမရှိသေးဘူး အဲဒီမှာလူတယောက်က စာရွက်တွေယူလာပြီး လက်မှတ်ထိုးဖို့နေရာ လုပ်ပေးပါ ထိုင်ပေးပါဆိုလို့ဓမ္မာရုံထဲက အဝင်အပေါက်ဝမှာ စားပွဲ ကလာထိုင် ချပြီး ကျွန်တော်ထိုင်၍ တက်ရောက်သူအားလုံးကို လက်မှတ်ထိုး ခိုင်ခဲ့ပါတယ် အဲဒီမှာ ဦးမြင့်ဆွေ လာလက်မှတ်ထိုးလို့ အသင်း၏ ဥက္ကဌ ဖြစ်ကြောင်းစသိခဲ့ရတာပါ ကိုကျော်သူ အစမှာမတက်ရောက်ခဲ့ပါ ဥက္ကဌဦးမြင့်ဆွေ မိသားစုက တက်ရောက်သူအားလုံးအတွက် ဧည့်ခံကျွေးမွေးပါတယ်၊တက်ရောက်သူ ၁၀၀-ကျော်ရှိပါတယ် အခန်းအနား စတော့ခုံတခုမှာသွားထိုင်ပါတယ် ကျွန်တော့ဘေးမှာ ကျွန်တော်တို့လုပ်အားပေးတွေ၏ ခေါင်းဆောင်ဦးအေးကြူ ထိုင်ပါတယ် ကျွန်တော်အစီးအဝေးလာတက်ထာ ဘာမှဖြူတာမဲတာမရှိပါ ဘယ်သူကိုဘာတင်ဖို့ဆိုတာလဲမရှိပါ ဆရာဦးအောင်သင်း နာယကကြီးတယောက်အနေနဲ့ စကားပြောတာတွေရပါတယ် ဥက္ကဌဦးမြင့်ဆွေ အတွင်းရေးမူဦးရဲမြင့် ဘဏ္ဍာရေးမူ မျက်ချယ်ကိုဝင်နိုင်တို့ ပြောကြဆိုကြပြီးချိန်မှာ တက်ရောက်သူတွေထဲက ကိုကျော်သူ ကိုဒုဥက္ကဌတင်သင့်ကြောင်း အသင်းတိုးတက်ဖို့လိုအပ်ကြောင်းပြောပါတယ် အဲဒီမှာအတွင်းရေးမူ ဦရဲမြင့် လူတွေက ထကန့်ကွက်သလို လူမိုက်ဆန်ဆန် ခုံတန်းဘေးတွေကလိုက်ပြီး မင်းတို့ထောက်ခံရဲရင် ထောက်ခံကြည့် ဆိုပြီးချိန်းခြောက်ပါတယ် အဲဒီမှာကျွန်တောလဲ ချိန်ခြောက်မူခံရတာ မကျေနပ်ထာရယ် ကိုကျော်သူ အသင်းကြီးမှာနေရာရရင် တိုတက်မယ်လို့ယုံကြည်တာတွေကြောင့် ကျော်သူ ကိုနေရာပေးသင့် ကြောင်းပြောရင် အစီးဝေးမှာထပြောဖို့လုပ်ပါတယ် ကျွန်တော့ဘေးမှာထိုင်နေတဲ့ လုပ် အားပေးတွေရဲ့  ခေါင်ဆောင်ဦးအေးကြူ က ထမရအောင်အတင်းဖက်ထားပါတယ် ကျွန်တောလဲအဲဒီနေ့ကဘာမှထမပြော နိုင်ခဲ့ပါ ကိုကျော်သူ ကိုနာရေးကူညီမူအသင်း(ရန်ကုန်)မှာ နေရာရဖို့လုပ်ဆောင်ခဲ့ခြင်း အစဖြစ်ပါတယ်။        
          ကိုကျော်သူ ကိုစတင်အနီးကပ် သိရတာကတော့ နာရေးကူညီမူအသင်း(ရန်ကုန်)
တွင်လုပ်အားပေးနေစဉ် သူတို့ဖိတ်လို့   ကျောက်မြောင်းရှိ အိမ်တအိမ်တွင် လျှိုဝှက်တွေ့ဆုံခဲ့ကြစဉ်ကဖြစ် ပါသည် သန်းမြင့်အောင် ရွှေဇီးကွက် လဲပါခဲ့ပါသည်၊ သူတို့၏ နာရေးကူညီမူအသင်း(ရန်ကုန်)ကို အသင်းစတင်တည်ထောင်သူများလက်ထဲမှ သိမ်ပိုက်မည့် အစီအစဉ်ကိုသိခဲ့ရပြီး သူတို့ကနောက်ကွယ် ကျွန်တော်က ရှေ့ ကဦးဆောင်ပြီး လုပ်ဆောင်ခဲ့ပါသည်
                 ကိုကျော်သူ ဆိုတာ ဘယ်လိုလူစားလဲ ဘယ်လိုအရည်အချင်းရှိပါသလဲ စတင်တွေ့ဆုံစဉ်က ကိုကျော်သူ ဟာသူရဲ့ ရုပ်ရှင်လုပ်ငန်း အောင်မြင်နေတဲ့အချိန်ပါ ကျော်သူ အဖေ ဦးးစိန်တင် က ရုပ်ရှင်ကောင်စီဥက္ကဌပါ ကိုကျော်သူ ကရုပ်ရှင်ကောင်စီ အတွင်းရေးမူးပါ အာဏာရှင်စစ်အစိုးရကို အလုပ်အကြွေးပြုနေသည့်အချိန်ပေါ့ အာဏာရှင်စစ်အစိုးရ၏ ဝါဒဖြန့် ဇာတ်လမ်းတွေရိုက်ပေးနေရသည့်အချိန့်ပါ၊ ကျွန်တော်တွေရသည့်အချက်ထဲမှာ အကောင်းဆုံးကတော့ အလွန်ရိုးသားတယ်၊ အင်မတန်ရိုးသားတာပါပဲ၊ ဒါပေမဲ့ကိုယ်ပိုင် ဆုံးဖြတ်ချက်ချနိုင်တဲ့ အရည်အချင်းမရှိတာပါ၊     ပြည်သူတွေ အပေါ်မှားစေတနာရှိတယ် ကိုတိုင်လဲပါဝင်လုပ်ကိုင်တယ် ကိုယ်တိုင်ဆုံးဖြတ်ချက်မချနိုင်ခဲ့လို့ သန်းမြင်အောင် မဟုတ်ထာလုပ်ခဲ့တာတွေ၊
အလိမ်တွေပေါ်ပြီး ကျပ်သိန်း-၆၀၀(သိန်းခြောက်)ခန့်
အသင်းပိုင်နာရေးအကူအလှူငွေထဲက တိတ်တိတ်ပေးခဲ့ရပါတယ်၊
ဒါတွေဟာတဖြည်းဖြည်းနဲ့ ပြည်သူတွေသိမှာပါ ၊ ကျော်သူ လဲ ထမတန်းစာလူတယောက်မဖြစ်နိုင်တော့ပါ၊
(ကျော်ဟိန်း ပြောသလို ကျော်သူ မင်း ငါ့ကိုမှိဖို့ နောက်-၁၀နှစ်ကျင့်အုံးလို့ပြောခဲ့တာ)၊
ကြိုးစားပေမဲ့ ခုတော့သဲထဲရေသွန်သလိုဖြစ်ခဲ့ရပါပြီး၊
ကျွန်တော်အလွန်အံသြတာက၊
အသင်းအပိုင်စီးဖို့သာ လောဘတွေဖုံးနေလို့လားမသိ၊ သိန်း-၆၀၀ ပေးရင်မိမိတို့ အပြစ်ကိုဝန်ခံတယ်ဆိုတာ၊တသက်လုံးဘယ်တော့မှ ငြင်းမရတဲ့ သက်သေဆိုတား ဘာကြောင့်ပေးးစဉ်က မစဉ်းစားသလဲဆိုတာပါ၊ သန်းမြင့်အောင် ရဲ့ လောဘနောက်ကောက်ကောက်ပါအောင်လိုက်သွားလို့ဖြစ်မှာပါ၊ သန်းမြင့်အောင် ကတော့ဝတ်လည်တာပါ၊ အသင်းစတင်ထူထောင်သူတွေထဲမှာပါဝင်တဲ့ စာရေးဆရာ ဦးအောင်သင်း (Pioneer) ကို အသင်းအလှူငွေကျပ်တသိန်း အလွဲသုံးစားလုပ်မူနဲ့လုပ်ကြံခဲ့လို့ဖြစ်ပါတယ်၊ သန်းမြင်အောင် ရဲ့ လောဘက အသင်းကြီးကို အများပိုင်မလုပ်စေဘဲ မိမိတို့ပိုင်သလိုလို အသင်းကိုစတင်တည်ထောင်သလိုလို ပုံပြင်တွေ၊အိမ်မက်တွေဖန်တီးပြီးစာပေကိုအသုံးချ၍ရေးထားခဲ့တာတွေ၊ ဆရာဦသုခ ကိုအသုံးချပြီး မျိုးစုံရေးခဲ့ပြောခဲ့တာတွေ၊ အသံလွင့်ဌာနတွေက အသင်းစတင်တည်ထောင်သူလို့လွင့်ခဲ့တာတွေ သမိုင်းကိုပြုပြင်ဖို့လုပ်ခဲတာ၊ ကျွန်တော်ဒီအကြောင်းတွေမရေးခင် အထိတွေ့ရမှာပါ၊ ခုတော့ဒါတွေရပ်သွားပါပြီ၊ အခြားကိစ္စတွေမသိပေမဲ့ နာရေးကူညီမူအသင်း(ရန်ကုန်)နဲ့ပါတ်သက်ရင်၊ ကိုကျော်သူ အကြောင်း၊အသင်ကြီးရဲ့ ဖြစ်အ့ပျက်များ၊ တိုင်းတရားရုံးမှာ တရားစွဲခံခဲ့ရတာတွေကို၊ ကျွန်တော်ကိုယ်တိုင်ဦးစီလုပ်ဆောင်ခဲ့ရလို့အသိဆုံးပါ၊ ကျွန်တော့ရည်ရွယ်ချက်က အများပိုင် အသင်းကြီးဖြစ်ဖို့ပါ၊ သန်းမြင်အောင် ရဲ့ လောဘကို ကျွန်တော်မတားနိုင်ခဲ့ပါ၊ ဒီနေ့ကိုကျော်သူ ပုံကိုကြည့်ရင် ဘယ်လိုစိတ်ခံစားမူရနေသလဲဆိုတာသိနိုင်ပါတယ် ၂၀၀၉-ခုနှစ်မှာ ဆရာတော် အရှင်ဆေကိန္ဒ (ဓမ္မဒူတ)နဲ့ မဲဆောက် (ထိုင်းနိုင်ငံမှာ)တွေ့တော့ မင်းကောင် ကျော်သူ အရက်တွေ နင်းကန်သောက် နေတယ် တာမရဆီးမရလို့ပြေားသွားပါတယ် သမျောစရာ သနားစရာကောင်တဲံ့သူတယောက်ပါ၊(ဂျွန်လ-၂၀၁၀) ကိုကျော်သူ ပုံကိုကြည့်ရင်သိနိုင်ပါတယ်၊ ဘာကြောင်လဲ ဘာကြောင့်ပါလဲ ? ။ ကျွန်တော်သိသမျှရေးပါမယ် (Nyunt Thein ညွန့်သိန်း)
Read More...
Thursday, April 22, 2010
နာရေးကူည်ီမူအသင်း(ရန်ကုန်)၏ ဥက္ကဌ (၃)ဦး နာရေးပုံပြင်များ(၆)
ပြည်တွင်း NGO များတွေဆုံပွဲ INYALAKE HOTEL
သရဖီညွန့် ဥက္ကဌဦအေးသန့် ဒေါက်တာအောင်မြင့် ဒေါ်ဌေးဌေးနိုင်
ယခုဥက္ကဌကိုကျော်သူ အပါအဝင် နာရေးကူညီမူအသင်း (ရန်ကုန်)ကိုစတင်ဖွဲ့စည်းစဉ် ၁-၁-၂၀၀၁မှစ၍ယခု ၂၀၁၀ ခုနှစ်အထိ ဥက္ကဌ ၃-ဦးရှိခဲ့ပါပြီ၊ ဥက္ကဌ (၃)ဦးနဲ့အနီးကပ်လုပ်ဆောင်ရခဲ့ရတာတွေ သူတို့ရဲ့ အကြောင်းတွေကို ကျွန်တော်သိသမျှ အသေးစိတ်ရေးသင့်ပါတယ် မသိတာတွေလဲရှိသေးတယ်ဆိုတာ ကြိုတင်ပြောထားပါရစေ၊
(၁)ဥက္ကဌ ဦးမြင့်ဆွေ (၂၀၀၁-၂၀၀၃)
(၂)ဥက္ကဌ ဦးအေးသန့် (၂၀၀၃-၂၀၀၇)
(၃)ဥက္ကဌ ကိုကျော်သူ (၂၀၀၇-၂၀၁၀)
။ဥက္ကဌ ဦးအေးသန့် (၂၀၀၃-၂၀၀၇)
၂၀၀၃-ခုနှစ်ထဲမှာပဲ နာယကဦးအောင်းသင် ဥက္ကဌဦးမြင့်ဆွေ အတွင်းရေးမူဦးရဲမြင့် အပါအဝင် နာရေးကူညီမူအသင်း(ရန်ကုန်) ကို ငွေကြေးမတည်၍၄င်း မန္တလေးမှဆရာတော်ဦတိက္ခ ဦးစီးတည်ထောင်ထား သော ဗြဟ္မာစိုနာရေးကူညီမူအသင်းကို သွားရောက်လေ့လာပြီး နမူနာယူ၍ အသင်းကိုစတင်တည်ထောင်သူအားလုံးဟာ လူမသိသူသိနဲ့ထွက်ခွာသွားခဲ့ရပါတယ် အသင်းစတင်ထူထောင်သူအားလုံးတယောက်မှ မကျန်ခဲ့ပါ၊
ဆရာဦးသုခ ကတော့နာယကအဖြစ်ကျန်ခဲ့ပါတယ် အသင်းစတင်တည်ထောင်သူတွေက နာယကတင်ထားခြင်းဖြစ်ပါတယ်၊ အသင်းကြီးစတင်တည်ထောင်စဉ်ကပင် အသင်းကြီးကိုအားပေးခဲ့တာပါ ကျွန်တော်တို့အသင်းကြီးကိုတာဝန်ယူလိုက်ရတဲ့နေ့မှာပဲ ကိုကျော်သူ ကျွန်တော် အဖွဲ့ဝင် ၄-၅-ယောက် ဆရာဦးသုခ အိမ်သွားခဲ့ပါတယ် ဆရာဦးသုခ ကမြန်မာပြည်၏တန်ဖိုးမဖြတ်နိုင်သောပညာရှိတယောက်ပါ ဆရာပြောတာက ရှင်ရှင်လေးပါ ဟေ့ကောင်တွေ မင်းတို့ကလဲမင်းတို့မှန်တယ်လာပြောတယ် ဟိုဘက်အဖွဲ့ ကလဲသူတို့မှန်တယ်လာပြောတယ် ငါမှာနား ၂-ဖက်ရှိတယ် သူတို့ပြောတာကိုငါ ဒီဖက်နားနဲ့နားထောင်တယ် မင်းတို့ပြောတာကိုငါ ဒီဖက်နားနဲ့နားထောင်မယ် နားနှစ်ဖက်နဲ့နားထောင်မယ် ဆိုတာပါပဲ လူကြီးပီသစွာ ပညာရှိစွာပြောခဲ့တာပါ ဟေ့ကောင်တွေမင်းတို့တော်တယ် မင်းတိုယူတော့ကွာ မင်းတို့ကိုငါပေးတယ် ဆက်လုပ်တော့ကွာလို့ မပေးခဲ့ပါဘူး မပြောခဲ့ပါဘူး ဒါပေမဲ့ အောင်မြင်အောင်လုပ်နိုင်ခဲ့လို့ မြန်မာပြည်အနှံ့နာရေး အသင်းတွေဖွဲ့နိုင်ခဲ့လို့ ဆရာဦးသုခ သဘောကျခဲ့ပါတယ် ဆရာဦသုခ အသက်ကြီးနေပါပြီ အသံကျယ်ကျယ်ပြောမှ ကြားရတာပါ သတိကတော့အလွန်ကောင်းပါတယ် အသက်ကြီးရင်အသိနဲ့သတိဟာ အရေးကြီးဆုံးပါပဲ ဆရာဦးသုခ ဟာအင်မတန်ကုသိုလ်ကံအကျိုးပေးကောင်ပါတယ် အသက်ကြီးတဲ့အထိ အသိနဲ့သတိ ရှိနေလို့ပါပဲ၊ ကျွန်တော်တို့တွေအားလုံးဟာ သတိ အသိ ရှိရှိနဲ့ နား ၂-ဖက်ဖြင့်နားထောင် တတ်ကြရင် အလွန်ကောင်ကြမှာပါ၊ ဗိုလ်ချုပ်အောင်ဆန်း အမည် ဒေါ်အောင်ဆန်းစုကြည် အမည် တွေကစယူ သုံးနေကြပါတယ် သုံးပါ ကျွန်တော်တို့မြန်မာပြည်သားတွေသုံးကြရမှပါပဲ မှန်မှန်ကန်ကန် သုံးကြပါ သုံးတဲ့သူက လဲ သုံးထိုက်တဲ့အရည်အချင်းရှိအောင် နေသင့်ပါတယ် လုပ်သင့်ပါတယ် ဘယ်သူ့နံမည်သုံးသုံးပေါ့၊
ဆရာဦးအေးသန့် ၏ ဇာတိချက်ကြွေမွေးရပ်မြေကို မေ့နေလို ခုလောလောဆယ်ဆယ်ရှာမရလို့ ဆရာမြသန်းတင် ၏ခရီးသွားဆောင်ပါးကိုပဲရည်ညွန်းရတော့မယ် ဆရာဇာတိက သထုံမြို့ ကနေ သွားရတဲ့ ရွာကြီးတရွာဖြစ်ပါတယ် ဆရာမြသန်းတင်ဆောင်းပါကဖတ်လို့ကောင်ပါတယ် ဆရာဦအေးသန့် ရဲညီအကိုတွေအကြောင်းလဲရေးထားတယ် ပုံတွေလဲပါပါတယ် ဆရာကမော်လမြိုင်အသင်း သထုံအသင်တွေမှာပါတော့ အဲဒီအသင်တွေက အသင်းသူအသင်းသားတွေ စာရေးဆရာ ဆရာမြသန်းတင် အပါအဝင်စာပေအသိုင်းအဝိုင်းက လူတွေခေါ်ပြီး မကြာခဏ တနှစ်တခါလောက် ခရီးထွက်ကြပါတယ် ဆရာဦးအေးသန့်ကပျော်တတ်ပါတယ် ဆရာမြသန်းတင် ကစန္ဒားယားတီ ဆရာဦးအေးသန့် တိုကသီချင်ဆို တာတွေ ဟာသသရုပ်ဆောင် အေးကို ၏ဘင်ဂျိုလက်သံ နဲ့ကန်တော်ကြီးမှာ ပျော်ပွဲစားထွက်တာတွေကို ဆရာအိမ်သွားတိုင် ဗွီဒီယိုပြပါတယ် အသက် ၈၀-ဆယ်နားနီ နေပေမဲ့ အမြဲတမ်း အဝတ်အစားသေသေသပ်သပ် နဲ့နုပျိုအောင်နေတတ်ပါတယ် ဆရာဇနီးဒေါ်အေးရီ ကလဲသထုံပါတ်ဝန်းကျင်ဇာတိပါပဲ ဆရာကပညာတတ်ပါတယ် အံတီဒေါ်အေးရီ ကရွှေငွေရတနာ ရောင်းဝယ်လို့ချမ်းသာပါတယ် ဆရာဦးအေးသန့် က ကုန်သွယ်ရေးဌာနမှာ အရောင်းစာရေးကနေပြီး ညွှန်ချုပ် အထိရအောင် အရပ်သားထဲက ကြိုးစားခဲ့တဲ့သူပါ ဆရာရဲဝန်ထမ်းအတွေ့အကြုံတွေဟာ ကျွန်တော်တို့ အသင်းကိုစတင်တာဝန်ယူပြီး စည်းကမ်းတကျဖြစ်အောင် တိုးတက်အောင်ပြုလုပ်တဲ့နေရာတွေမှာ ပဲ့ကိုင် လမ်းညွန်မူတွေပါပဲ၊ စည်းကမ်းနဲ့ အုပ်ထိမ်းသူကအုပ်ထိမ်း ကြိုးစားတဲ့သူကကြိုစား ဘက်ညီညီလှုပ်ရှားခဲ့ကြ သူတွေကြောင့် အသင်းတိုးတက်အောင်မြင်ခဲ့တာပါ၊ အသင်အပေါ်မှာသံယောဇဉ် အလွန်ကြီးပါတယ် တခါတရံ ဆရာက ရုပ်ပြ ဘာပါဝါမှမရှိပါ သန်းမြင့်အောင် အပါအဝင် အမျိုသမီတွေရဲ့  ပါဝါပြမူ့တွေကို ဆရာဇနီး အံတီဒေါ်အေးရီ ကမခံနိုင်လို့ ရှင်ဒီအသင်းမှားဆက်လုပ်မယ်ဆိုရင် အိမ်ပေါ်ကဆင်းဆိုလို့ သားဖြစ်သူရှိတဲ့ စင်္ကာပူကိုသွားပြီ ၃-လခန်သွားနေပါတယ်၊ ဒါပေမဲ့ အံတီဒေါ်အေးရီ ကအသင်းအခန်းအနား လုပ်တိုင် ဘာသာရေးအလှူပွဲတွေလုပ်တိုင်း ဘယ်တော့မညှိညင်ပါ ကျွန်တော်တောင်းသလောက်ထည့် ပေးပါတယ် တခါတရံ ဆရာအိမ်မှား ဆွေနွေကြ အစီးအဝေးလုပ်တိုင်းလဲ အရှံပယ်ကြွေမွေးပါတယ်၊
Read More...
Wednesday, April 14, 2010
နာရေးကူည်ီမူအသင်း(ရန်ကုန်)၏ ဥက္ကဌ (၃)ဦး နာရေးပုံပြင်များ(၅)
ဥက္ကဌဦအေးသန် ဈာပနတခုတွင်တွေ့ရပုံဥက္ကဌဦးအေးသန့် သရဖီညွန့် ရွှေအင်းသားခင်မောင်ဝင်
U Myint Swe
ဦးမြင့်ဆွေ
နာရေးကူညီမူအသင်း(ရန်ကုန်) ကိုစတင်တည်ထောင်သူများတွင်တဦးဖြစ်သည့် အသင်း၏ ပထမ ဦးဆုံး ဥက္ကဌ ဦးမြင့်ဆွေ
(ယခု ရတနာမေတ္တာ HIV ရောဂါသည်များ ကူညီမူပေးရေးအဖွဲ ဥက္ကဌ)
ယခုဥက္ကဌ ကိုကျော်သူ အပါအဝင် နာရေးကူည်ီမူအသင်(ရန်ကုန်)ကိုစတင်ဖွဲ့စည်းစဉ် ၁-၁-၂၀၀၁ မှစ၍ ယခု ၂၀၁၀-အထိ ဥက္ကဌ (၃)ဦးရှိခဲ့ပါပြီ၊ ဥက္ကဌ (၃)ဦးနဲ့ အနီကပ်လုပ်ဆောင်ခဲ့ရတာတွေ သူတို့ရဲ့ အကြောင်း တွေကို ကျွန်တော်သိသမျှ အသေးစိတ်ရေးသင့်ပါတယ် မသိတာတွေလဲရှိပါတယ်ဆိုတာ ကြိုတင်ပြောထား ပါရစေ၊
၁၊ ဦးမြင့်ဆွေ (၂၀၀၁-၂၀၀၃)
၂၊ ဦးအေးသန့် (၂၀၀၃-၂၀၀၇)
၃၊ ကိုကျော်သူ (၂၀၀၇-၂၀၁၀)
၁။ဥက္ကဌဦးမြင့်ဆွေ (၂၀၀၁-၂၀၀၃)
ဘဝဆိုတာတော်တော်ထူးဆန်းပါတယ် ကျွန်တော် ၂၀၀၂-ခုနှစ်မှာ နာရေးကူညီမူအသင်း(ရန်ကုန်)၏ လုပ်ဆောင်ချက်ကိုကြိုက်လို့ အသင်းဝင်ဖေါင်ဖြည့်ပြီး အသင်းမှာလုပ်အားပေးခဲ့ပါတယ် ဘယ်သူနဲ့မှမသိပါ၊ ဥက္ကဌ၊အတွင်းရေးမူကစ ဘယ်သူတွေကစတင်တည်ထောင်ထားမှန်းလည်း မသိပါဘူး၊အသင်းဝင်အဖြစ် ဖေါင်ဖြည့်ထားရပေမယ့် ဘယ်သူကိုမှအသင်းသားအဖြစ်အသိအမှတ်ပြုထားတာမရှိသေးပါ၊ ကိုကျော်သူ ရွှေဇီးကွက်(ခေါ်)မြင့်မြင့်ခင်ဖေ တို့လဲအသင်းမှာ လာရောက်လုပ်အားပေးသူအဆင့်သာရှိပါတယ်၊ သန်းမြင့်အောင် ကတော့ အသင်း၏ ပြန်ကြားရေးတာဝန်ခံ လုပ်နေပါပြီ အသင်းမှာက တလတခါလစဉ် အစည်းအဝေးခေါ်ပါတယ် လုပ်အားပေးသူအားလုံးတက်နိုင်ပါတယ် အဲဒီမှာ နာယကဦးအောင်သင်း အတွင်းရေးမူ ဦးရဲမြင့် ဘဏ္ဍာရေးမူ မျက်ချယ်ကိုဝင်းနိုင်(မျက်ချယ်ဗွီဒီယိုနဲ့ရုပ်ရှင်ကုမ္မဏီပိုင်ရှင်) တို့ကိုစတင် တွေခဲ့ပါတယ် အသင်းစတင်တည်ထောင်သူ (၁၀)ဦးထဲမှာပါတယ်ဆိုတာသိရပါတယ် ဥက္ကဌ ဆိုသူကတော့ အင်္ဂလန်နိုင်ငံကိုခရီထွက်သွားကြောင်းသိပါတယ် လုပ်အားပေးရင် အတွင်ရေးမူဦးရဲမြင့် နဲ့ အုပ်စုကအစစ အရာရာ ချယ်လယ်နေကြောင်းသိရပါတယ် သန်းမြင့်အောင် လဲဘာမှပြောပိုင်ခွင့်မရှိပါ ဘယ်လောက်တောင် ဆိုးသလဲဆိုရင် ကျွန်တော်တနေ့ လုပ်အားပေးပြီးအပြန် အိမ်မှာကိစ္စရှိလို့ လမ်းမှာဆင်းနေခဲ့ပါတယ် ကားကိုပြန်လွတ်လိုက်မိပါတယ် နောက်နေ့ကျ ဦးရဲမြင့် လက်မှတ်နဲ့စာထွက်လာကြောင်းသိရပါတယ် လုပ်အားပေးသူတိုင်း အသင်းရုံးရောက်မှ အိမ်ပြန်ရမည်ဆိုတာပါပဲ ဒါတောင်တပါတ်မှတရက်သာလုပ်အား ပေးတာပါ အဲဒီလိုပဲ သူတို့ အုပ်စုကလွဲလို့ ကျန်တဲ့လုပ်အားပေးတွေအားလုံး အကြပ်ခံကြရပါတယ်အတွင်းစည်းကိုသူလူကလွဲလို့ ဘယ်သူမှဝင်လို့မရအောင်လုပ်ထားပါတယ်
အသင်းကျွန်တော်ရောက်ပြီး ၃-လလောက်ကြာမှ ဥက္ကဌ ခရီးသွားရာမှပြန်ရောက်လာလို့ ဦးမြင်ဆွေ ဖြစ်ကြောင်းသိရပါတယ် ဥက္ကဌဦးမြင့်ဆွေ ၏မူကတော့ ဘာအစီးအဝေးလုပ်လုပ် အသင်းမှာအလှူ လုပ်ရင်လဲ သူကစတင်မတည်ငွေထည့်၍့် အားလုံးကိုတတ်နိုင်သမျှငွေထည့်ခိုင်းပါတယ် နာရေးကူညီမူအသင်း အတွက်လှူဒါန်းထားသောငွေအားလုံးဝသုံးစွဲခွင့်မပေးပါ၊ နာရေးအတွက်ရရှိသော အလှူငွေကို နာရေးအတွက်သာသုံးရပါသည်၊ အဲဒါကို အတွင်းရေးမူ ဦးရဲမြင့် နဲ့အုပ်စုကပြင်ဖို့ကြိုးစားတိုင်ပြသာနာဖြစ် ကြပါသည်၊တနေ့လစဉ်အစီးအဝေးမှာ မှတ်မှတ်ရရပါပဲ အားလုံး လူ-၇၀ ကျော်လောက်တက်ပါတယ် သန်းမြင့်အောင် ရွှေဇီးကွက် ခေါ် မြင့်မြင့်ခင်ဖေ တို့လဲတက်ပါတယ် အတွင်းရေးမူဦးရဲမြင့် အုပ်စုကလူတွေ တယောက်တလဲထပြီး အစီးအဝေမှာပြောနေကြတာ အားလုံးကတဖြည်ထပြန်ကုန်ကြပါတယ် သန်းမြင်အောင် ရွှေဇီးကွက် တို့လဲ ဘာမှပြောပိုင်ခွင့်မရလို့ပြန်ကုန်ပါတယ် အမှန်ကတော့သူတို့လဲ အဲဒီအချိန်က ဦးရဲမြင့် ကိုမော်တောင်မကြည့်ရဲကြပါဘူး အားလုံးစိတ်ပျက်ကုန်ပြီးထပြန်ကုန်တာ လူ ၂၅-ယောက်ခန်ပဲကျန်တယ် ကျွန်တော်ကထိုင်နေပါသေးတယ် အဲဒီအချိနှ်မှာဦးရဲမြင့် ကထပြောပါတယ် ခုဥက္ကဌအပါအဝင် အလုပ်အမူဆောင်အဖွဲ့ ထွက်ဖို့နဲ သူနဲအတူ ၁၁-ဦး ကော်မတီသာဒီအသင်းကြီးကိုဆက်လက်တာဝန်ယူ လုပ်ဆောင်သွားမည်ဆိုတာပါပဲ ဥက္ကဌဦးမြင့်ဆွေ ကအုပ်စုဖွဲ့လူမွေးထားခြင်းမရှိပါ ကြောင်တောင်ငေးကြည့် နေရပါတယ် အစီးအဝေးခန်းမထဲမှာ ၂၅-ဦးခန့်ကျန်ခဲ့တဲ့သူတွေထဲမှာလဲ ဦးရဲမြင့် လူက ၂၀-လောက်ပါမယ် ထင်ပါတယ် ကျွန်တော်နဲ့ ၃-၄-၅ ဦးလောက်ကလဲ တယောက်နဲ့တယောက်သိပ် မသိကြပါ ဘာလုပ်ရမှန်မသိပါ အားလုံးကလဲစိတ်ပျက်ပြီးထပြန်ကုန်ကြတော့ ဘယ်သူမှပြောမဲ့ဆိုမဲသူမရှိဖြစ်နေတယ် ဦးရဲမြင့် ကသူနဲ့အတူုလက်တွဲလုပ်ချင်သူ ၁၁-ဦးထပါလို့ပြောပါတယ် သူအုပ်စုကလူ ၁၁-ဦးကထပါတယ် အမှန်ကတော့အပြင်မှာထဲက ဇာတ်တိုက်ပြီးသာနေမှာပါ အဲဒီအချိန်အထိ ဥက္ကဌဦးမြင့်ဆွေ လဲပါမှမပြောနိုင် ကျွန်တော်ကြည့်လိုက်တော့ ဘာလုပ်ရမှန်မသိဖြစ်နေပါတယ် သူလဲဥက္ကဌကထွက်ရတော့မယ် သူဘက်က ပြောပေးမယ့်သူမရှိဘူးဖြစ်နေပါတယ်၊အသင်းလူကြီးတယောက် ဥက္ကဌတယောက်အနေနဲ့အတိုက်အခံပြော လို့ကလဲမဖြစ်တဲ့ အခြေအနေရှိနေပုံရပါတယ် အသင်းကိုအတူတူစတင် ထောင်သူခြင်း ဦးရဲမြင့် မဟုတ်ထာစ လုပ်ထာပါ ကျွန်တော်ကလဲ တယောက်ထဲဖြစ်ပါစေ အားနဲတဲ့သူကမှန်ကန်ရင် အားနဲတဲ့သူဘက်ကိုလိုက်တတ် ပါတယ် အစိုးရအလုပ်ကို ကိုယ်အဖေအလုပ်လိုကြိုးကြိုးစားစားလုပ်ခဲ့ဘူးပါတယ် ဘယ်သူကိုမှမဖားဘူးပါဘူး ကိုယ်အတိုင်းအတာအရ မမျော်လင့်တာတွေ အောင်မြင်မူတွေရခဲ့ပေမဲ့ မဆလခောတ် လူတွေရဲ့ ဘာမှမလုပ် ဖါးနေတာသာလုပ်နေကြလို့ ၈၈-အရေးအခင်းမတိုင်ခင် ၁၉၈၇-မှာ နိုင်ငံခြားထွက်ခဲ့ပါတယ် မြန်မာပြည်ကို ၂၀၀၀-ခုနှစ်မှ ပြန်ရောက်ထာပါ၊
အခုလဲ ဥက္ကဌဦးမြင့်ဆွေ ဖြစ်နေတာကို မနေနိုင်လို့ဝင်ပြောမိပါတယ် အတွင်းရေးမူးဦးရဲမြင့် ကိုပါ "ခင်ဗျားအားလုံးနီးပါ ပြန်သွားမှ ခုလိုလုပ်ရတာလဲ " ခင်ဗျားခုလို ၁၁-ဦးကော်မတီဖွဲ့မယ်ဆိုရင် အားလုံး လူစုံစဉ်ကလုပ်သင့်ကြောင်းပြောမိပါတယ်၊ အဲဒီမှာ ဦးရဲမြင့် လူတွေထလာပြီး ကျွန်တော်ထိုင်နေတာကို ဝိုင်လာပြီး ဆွဲထုတ်မလို့လုပ်ပါတယ် ဒါပေမဲ့ ဦးရဲမြင့် ကတားပြီး အတူတူလုပ်ဖို့ပြောပါတယ် အဲဒီမှာဥက္ကဌ ဦးမြင့်ဆွေ ကလဲ လူအများမစုံဘဲနဲ ခုလိုကော်မတီအသစ်မဖွဲ့သင်ကြောင်းပြောပါတယ် ဦးရဲမြင့် အ လျှော့ပေး လိုက်ပါတယ် ဦးရဲမြင့် ဟာသူ့ရဲ့ အခြေအနေကိုကြိုတော့တွက်တတ်ထာပါပဲ အဲဒီမှာအလျှော့ပေးလိုက်လို့ ဆက်တိုက် ခံရတော့တာပါပဲ ကျွန်တော်လဲကံကောင်ပါတယ် အဲဒီအချိန်က အသင်းသားတောင်မဖြစ်သေးပါဘူး လုပ်အားပေးအဆင့်ရှိပါတယ် ဦးရဲမြင့် လူတွေဆွဲထုတ်မယ်ဆိုရင်လဲ ဘားမှမတတ်နိုင်ပါ အတွင်းရေးမူဦးရဲမြင့် ကအသင်စတည်ထောင်သူတွေထဲက တယောက်ဖြစ်နေတာကို၊ ဥက္ကဌဦးမြင့်ဆွေ ကအသင်းမှာတခုခုတာဝန် ယူဖို့ပြောလို့ ဝါသနာပါတဲ့ အသင်းပြန်ကြားရေးအဖွဲ့မှား အဖွဲ့ ဝင်အဖြးစ် စတင်ဝင်ရောက်လုပ်ခဲ့ပါတယ် သန်းမြင့်အောင် တို့အဖွဲ့ကလဲကျောက်မြောင်းရှိအိမ်တအိမ်မှာ ညနေ ၅-နာရီ တွေချင်သည်ဆို၍သွားခဲ့ပါသည်
သူတို့၏ နာရေးကူညီမူအသင်း(ရန်ကုန်) အားအသင်းစတင်တည်ထောင်သူတွေလက်ထဲမှသိမ်ယူမည့် အစီအစဉ်ကိုသိရှိခဲ့ရပြီး ပါဝင်လုပ်ဆောင်ခဲ့ရပါတော့သည်၊
ဥက္ကဌဦးမြင့်ဆွေ စစ်တောင်းမြစ်ဘေးက သရဲသမိန်ရွာဇာတိပါ လေတပ်မှာဗိုလ်ကြီးတယောက် ဖြစ်ခဲ့ပြီး မဆလခောတ်မှာ နိုင်ငံတော်ကောင်စီဝင်တဦးရဲ့  ကိုယ်ရေးအရာရှိ၊ ဖခင်ဖြစ်သူဦးကြင် ကလဲဆီစက် ဂျုံစက် များပိုင်ဆိုင်ခဲ့တဲ့ စီးပွားရေးပညာရှင်တယောက်ပါ တချိန်ကဆိုရင်စင်္ကာပူနိုင်ငံကစီးပွားရေးနဲ့ ပါတ်သက်လို့ အကြံပေးဖို့ ခေါ်ခဲ့ဘူးပါတယ် မဆလခောတ်မှာ စက်ရုံတွေပြည်သူပိုင်အသိမ်းခံခဲ့ရပါတယ် ဦးမြင့်ဆွေ ကထိုပြည်သူပိုင်စက်ရုံတွေမှာ စက်ရုံမူလုပ်ခဲ့ရပါတယ် မိုးလေဝသဌာနက ဦးဌေးအောင်၏ညီဖြစ်ပါတယ်
ဦးဌေးအောင် ကခုအချိန်မှားရွှေတိဂုံဘုရားရှိ ရှင်သာမနေဓမ္မာရုံမှား ဗုဒ္ဒဘာသာတရားတွေပို့ချနေပါတယ် ဥက္ကဌဦးမြင့်ဆွေ လက်ထက်မှာ နာရေးကူညီမူအသင်း(ရန်ကုန်)၏နာရေးအတွက်အလှူရှင်တွေရဲ့  အလှူငွေကို တခြားကိစ္စတွေ အသင်းမှာကျင်းပသော အလှူ၊အစီးအဝေးကျင်းပတာကအစ လုံးဝသုံးခွင် မပေးတာပါပဲ သူပိုင်ငွေထဲကမတည်လုပ်ခဲ့ပါတယ် ငွေစိုက်နိုင်တဲ့အတွက်ဥက္ကဌဦးမြင့်ဆွေ လက်ထက်မှားလုံးဝမသုံးခဲ့ကြပါ အတွင်ရေးမူဦးရဲမြင့် ကအလှူငွေထဲက အရာရာယူသုံးဖို့ကြိုးစာခဲ့ပါတယ် ဒါပေမဲ့မရခဲ့ပါ ဒါတောင်ခုထိ ဘယ်သူမှစဉ်စားမရတာလုပ်ခဲ့ပါသေးတယ် ဥက္ကဌဦးမြင့်ဆွေ အင်္ဂလန်ကိုခရီးထွက်နေစဉ်က တောင်ကြီးမြို့ က Shan Star ကားထုတ်တဲ့ကုမ္မဏီက တစီကိုသိန်း၉၀-ဆယ်နဲ့ Shan Star ဂျစ် ၂-စီးဝယ်တဲ့ကိစ္စပါ တစီက4-doors နောက်တစီးက 2-doors ပါ ၂-စီစလုံး တာဘိုအင်ဂျင်တွေနဲ့ ပါ ဘာလုပ်ဖို့ဝယ်ခဲ့တယ်ဆိုတာ ဘယ်သူမှမသိပါ အားလုံးအံသြခဲ့ကြရပါတယ် သူကိုယ်တိုင်လည်း အသုံးမချခဲ့ရ မစီးခဲ့ရပါ သူအသင်းကထွက် သွားပြီးမှရရှိခဲ့လို့ 2-doors ကိုပြန်ရောင်ခဲ့ပြီး 4-doors ကိုကျွန်တော်တဦးတည်း အသုံးချခဲ့ စီးခဲ့ရပါတယ် အဲဒီအချိန်က စီးခွင့်ပေးခဲ့သော လုပ်ဖေါ်ကိုင်ဖက်ရဲဘော်တွေကို အထူးကျေးဇူးတင်ပါတယ်
ဥက္ကဌဦမြင့်ဆွေ ဟာအိမ်မှာကုသိုလ်ဖြစ်ဆေးခန်းဖွင့်ထားပြီး နာရေးကူညီမူအသင်း(ရန်ကုန်)မှထွက်ခဲ့ပြီး
HIV- များကူညီစောက်ရှောက်ရေးအသင်တခု၏ဥက္ကဌ လုပ်လျှက်ရှိပါတယ် အနာကြီးရောဂါသည်များကျေး ရွာကိုလဲ အလှူငွေများပံပိုးလျှက်ရှိပါတယ်
ဥက္ကဌဦးမြင့်ဆွေ သည် နာရေးကူညီမူအသင်း(ရန်ကုန်)ကို ငွေကြေးမတည်ပေးခဲကြသော အသင်းစတင်တည် ထောင်သူတွေထဲက တဦးဖြစ်သလို အသင်းကြီးကို ဖွဲ့စည်းပုံစဉ်းမျဉ်း စည်းကမ်များရေးဆွဲကား စနစ်တကျ ငွေကြေးသုံစွဲ တတ်အောင်လဲ ထိန်းသိမ်းပေးခဲ့သော အသင်းကြီ၏ပထမဆုံဥက္ကဌ ဖြစ်ခဲ့ကြောင်းပါ။
ကျွန်တော် နာရေးကူညီမူအသင်း(ရန်ကုန်) ၏အသင်းပြန်ကြားရေးအဖွဲ့တွင် အဖွဲ့ဝင်ဖြစ်ပြီမကြာခင် ၂၀၀၃-ခု နှစ်စလောက်မှာ အသင်းကြီး၏ဖွဲ့စည်းပုံစည်းမျဉ်း စည်းကမ်းများအရ အသင်းသား ၉၀-ကို တရာဝင်အသိအမှတ် ပြု၍ အမည်စာရင်းကြေငြာခဲ့ပါသည် အမှတ် ၁-ဦးမြင့်ဆွေ မှစ၍ ဦးရဲမြင့် ဦးအေးသန့် ကိုကျော်သူ ကျွန်တော် သန်းမြင့်အောင် ရွှေဇီးကွက် ခေါ် မြင့်မြင့်ခင်ဖေ တို့အပါအဝင် အသင်းကြီး၏အသိအမှတ်ပြုအသင်းသား ၉၀-ရှိ ခဲ့ပါသည်၊
ဥက္ကဌဦးမြင့်ဆွေ သည် မည်သူကို စည်းရုံခြင်း လူမွေးခြင်း မတရားထုတ်ပယ်ခြင်များ မပြုလုပ်ခဲ့ပဲ အသင်းကြီး၏ ဖွဲ့စည်းပုံစည်းမျဉ်း စည်းကမ်းများ နှင့်အညီ ဒီမိုကရေစီနည်းလမ်းကျကျဖြင့် အသင်တွင်တရား ဝင် အသင်းဝင်လျှောက်ထားပြီး ၂-နှစ် ၃-နှစ်ခန့်လုပ်အားပေသူများကို အသင်သားအဖြစ် တရားဝင်အသိ အမှတ်ပြုပေးခဲ့ပါသည်။
ံ့
Read More...
Wednesday, March 31, 2010
ဦးအောင်သင်း ကို လုပ်ကြံ ခဲ့စဉ်က နာရေးပုံပြင်များ(၄)
U Myint Swe
ဦးမြင့်ဆွေ
နာရေးကူညီမူအသင်း(ရန်ကုန်) ကို စတင်တည်ထောင်သူများတွင်ပါဝင်သူ အသင်းကြီး၏ ပထမ ဦးဆုံး ဥက္ကဌ ဦးမြင့်ဆွေ
(ယခု ရတနာမေတ္တာ HIV ရောဂါသည်များ ကူညီမူပေးရေးအဖွဲ ဥက္ကဌ)
အသင်းစတင်တည်ထောင်သူများတွင်ပါဝင်သည့် နာယက ကြီး စာရေးဆရာ ဆရာဦးအောင်သင်း
မကွေးမြို့ တွင် နာရေးကူညီမူအသင်းဖွဲပေးစဉ်ကအလယ်
ကျော်သူ သန်းမြင့်အောင် သရဖီညွန့်
စာပေ လောက အသိုင်းအဝိုင်း စာပေသမိုင်းမှား ဘယ်လိုမှ ငြင်းလို့ မရပါ တဘက်နဲ့တဘက် ရာခိုင်ံ/့  နှုန်း တော်တော်များများ ပါဝင်ပါတ်သက်ခဲ့ကြပါတယ် ကျွန်တော်ကတော့စာပေအသိုင်းအဝိုင်းက မဟုတ်ပေမဲ့ အတွင်းကျကျ ပါဝင်ခဲ့ရပါတယ် ရှေ့ တန်းက ပါဝင်လုပ်ကိုင်ပေးခဲ့ရတာပါ သူတို့တဘက်နဲ့တဘက်တိုက်ပွဲ တွေကိုလည်းဘာမှမသိခဲ့ပါ ဒီလောက်ကြီး တဘက်နဲ့ တဘက် အာဃာတ တရားတွေရှိကြလိမ်မယ်လို့  မထင်ပါ စာများများဖတ်ပါတယ် စာရေးဆရာကို ကိုယ်းကွယ်တဲ့သူပါ စာများများဖတ်လို့ ကျွန်တော့ဘဝ တိုးတက်ခဲ့ရတာပါ၊
သင်ဃာန်းစာယူစရာ မိမိနေရာရဖို့ နံမည်ကြီးဖို့ဆိုရင်ဘာပဲလုပ်ရလုပ်ရ လုပ်ခဲ့ကြတာတွေကို ကျွန်တော်ပါဝင်ပါတ်သက်ခဲ့သမျှ အမှန်အတိုင်း ရေးပါမယ် ရိုသားမူ့ ရှိလျှက်နဲ့ အဲဒီအချိန်များမှာ မိမိတို့တာဝန်အရ စေတနာနဲ့ လုပ်ကိုင်ပေးခဲ့သူတွေ အများကြီ့းရှိပါတယ် သူတို့တွေဘာမှ မသိကြပါ မိမိတို့နေရာ ရဖို့ လုပ်ခဲ့တာကို ကျွန်တော်လည်း နောက်ကျမှ သိခဲ့ရပါတယ် ကျွန်တော်ကတော့ အားလုံးကိုပါဝင်ပါတ်သက် မိပါတယ် ဦးဆောင်လုပ်ပေးခဲ့မိပါတယ် အမှန်တရားဆိုတာ ပေါ်မှာပါ အသက်ထက် အရှက်ကအရေးကြီး ပါတယ် မဟုတ်ထာလုပ်ခဲ့တာတွေ အတွင်းစိတ်ကခံစားနေရမှာပါ၊
မင်ကကော ဒီလိုမဟုတ်ထာလုပ် ထာတွေမှာ ပါလို့ပါဝင်ခဲ့ရသလဲလို့မေးကြပါလိမ့်မယ် ဘာကြောင့်လဲဆိုတော့
၁။ ကျွန်တော် နာရေးကူညီမူအသင်း(ရန်ကုန်) မှား၂၀၀၂- အသင်းကြီးရဲ လုပ်ငန်းစဉ်ကိုကြိုက်လို့ ဘယ်သူနဲမှ မသိပဲ အသင်းတွင်ဝင်ရောက်လုပ်အားပေစဉ်က အသင်းစတင်တည်ထောင်သူတွေထဲမှာပါဝင်သည့်အသင်း
အတွင်းရေးမူ ဦးရဲမြင့် ဟာအုပ်စုဖွဲ့ တပည့်မွေးပြီး အသင်းကြီးကို လုံးဝအုပ်စိုးထားပါတယ် သန်းမြင့်အောင်၊ ရွှေဇီးကွက်(ခေါ်)ဒေါ်မြင့်မြင့်ခင်ဖေ တို့လဲအဲဒီအချိန်က ဘာမှပြောရဲ ဆိုရဲ မရှိတဲ့အပြင် မော်လို့တောင်မကြည့် နိုင်တဲလုပ်အားပေး (volenteer) အဆင့်သာရှိပါတယ် ဦးရဲမြင့် အုပ်စုဟာ အဒီအချိန်က ဥက္ကဌ ဦးမြင့်ဆွေ ကိုတောင်ဖြုတ်ချဖို့လုပ်ပါတယ် ဦးမြင့်ဆွေ ၏ နာရေးအတွက်ရရှိသည့် အလှူငွေကို နာရေးကိစ္စကလွဲလို့ အခြားကိစ္စများ အစည်းအဝေး အခြားအလှူအတန်း များတွင်မသုံးရဆိုသည့်စည်းကမ်းကို မလိုက်နာနိုင်လို့ပါပဲ
အဲဒီလိုဦးရဲမြင့် ၏ ဗိုလ်ကျ၍ နာယက ဦးအောင်သင်း အပါအဝင် လူငယ်တွေကို အရက် ဘီယာ တိုက်ပြီး အုပ်စုဖွဲ လုပ်ချင်တာလုပ်နေတာကို မကြိုက်၍ဖြစ်ပါတယ်။
၂။ ကျွန်တော်တို့နဲ့အတူ အသင်းတွင်ပါဝင်လုပ်အားပေးနေသည့် ရုပ်ရှင်မင်းသားကိုကျော်သူ အသင်းတွင်ပါဝင် နေရာယူလုပ်ဆောင်နိုင်ရင် အသင်းကြီးတိုးတက်အောင်မြင်မည်ဟု ယုံကြည်၍ဖြစ်ပါသည်။
၃။ လူတန်းစားအသီးသီး ပါဝင်လုပ်အားပေးနေသော်လည်း လူတစုက အာဏာရှင်ဆံဆံ လုပ်ချင်တာလုပ် နေတာကိုမကြိုက်၍ အားလုံးအတွက်လမ်းပွင့်သွားစေရန် လုပ်ခဲ့မိခြင်းဖြစ်ပါသည်။
၂၀၀၃ ခုနှစ်စလောက်မှာပါ ကျွန်တော်လဲအသင်းတွင်လုပ်အားပေးရင် တရားဝင်အသင်းသားဖြစ်နေပါပြီ အသင်းသား လျောက်လွာ ၂၀၀၀-ကျော် လုပ်အားပေးထဲကနေ အသင်းသား ၉၀-တိတိကို အသင်း၏ ဖွဲစည်းပုံအရ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ စတင်ဖွဲစည်းခဲ့တာပါ သန်းမြင့်အောင် ကပြန်ကြားရေးတာဝန်ခံ၊ ကျွန်တော်က ပြန်ကြားရေးအဖွဲဝင်ဖြစ်ခဲ့ပါတယ်၊ အသင်းသား ၉၀-၏စာရင်းကို ပြန်ကြားရေးတာဝန်ခံဖြစ်သည့် သန်းမြင်အောင် ကလက်မှတ်ထိုး၍ ပြန်ကြားရေး ဌာနတွင် သိမ်းဆည်းထားရသလိုအသင်းသားလျောက်လွာ အားလုံးလဲ သိမ်ဆည်းထားရပါသည် ။
ဆရာဦးသုခ နာယက၊ ဆရာဦးအောင်သင်း လဲနာယက ပါပဲ၊
အသက် ၆၀ ကျော်ခန့် ရှိ အံကယ်တယောက် နာရေးကူညီမူအသင်း(ရန်ကုန်) ၏အသင်းရုံးကိုရောက်လာ ပါတယ် သူတူဆရာဝန် ယခု သြစတေလျှား(Australia) နေတဲ့သူက နာရေးကူညီမူအသင်း(ရန်ကုန်) သို့ အလှူငွေ ၁၀၀၀၀၀(ကျပ် တသိန်းတိတိ) အလှူထည့်ဝင်ရန်ပေးပို့ခဲ၍ ဘယ်နေ့ ဘယ်ရက်ဘယ်လ မှာ မိမိနှင့်ဆရာဦးအောင်သင်း အသိဖြစ်လို့ ဆရာဦးအောင်သင်း ၏ စမ်းချောင်မြို့ ရှိနေအိမ်သို့ သွားရောက် လျှူဒါန်ခဲ့ပါကြောင်း သို့သော်တူဖြစ်သူဆရာဝန်ထံပေးပို့ရန် အလျှူခံဖြတ်ပိုင်း မရရှိသေးပါသဖြင့် အလျှူခံ ဖြတ်ပိုင်းလိုချင်ပါကြောင်း၊ ရုံးအုပ်ချုပ်ရေးမူကို ပြောပါတယ် အုပ်ချုပ်ရေးမူလည် ဖြတ်ပိုင်းရှာ၍ ပေးပို့ပါမည် ပြော၍ လိပ်စာတောင်းပြီးပြန်လွတ်လိုက်ပါတယ်၊ အုပ်ချုပ်ရေးမူ နဲ့ ရုံးအဖွဲ့ အလျှူငွေ လက်ခံ ဘောင်ချာများ ကိုစစ်ဆေးရှာဖွေပါတယ် ရှာမရပါ ကျွန်တော့ထံရောက်ရှိလာပါတယ်ကျွန်တော်လည်းသေသေချာချာရှာပါတယ်
ဆရာဦးအောင်သင်း လက်ခံထားတဲ့ဆရာဝန်နံမည်နဲ့ လုံးဝမတွေ့ရပါ သန်းမြင့်အောင် နဲ့တွေ့ပြီး ပြောပြပါတယ် အသင်းရုံးရှိရာရပ်ကွက်မှာနေတဲ့ အသင်းမှာလုပ်အားပေးနေတဲ့ ဦးသိန်းဝင်း လဲရှိပါတယ် ဘာကြောင့်သန်းမြင့်အောင် ကိုပြောရသလဲဆိုတော့ အဲဒီအချိန်က သန်းမြင့်အောင် ဟာတာဝန်အရှိဆုံးသူပါ အသင်းစတင်တည်ထောင်သူတွေကသူ့ကိုယုံကြည်လို့ ဆရာဦးအောင်သင်း အပါအဝင်ပေါ့ ပြန့်ကြားရေးးအဖွဲ့ တာဝန်ခံအဖြစ် ကျွန်တော်တို့ အသင်းမရောက်ခင် အသင်းစဖွဲစဉ်ကစ၍ လုပ်ဆောင်နေတာဖြစ်ပါတယ် အံသြစရာကောင်းပါတယ် သန်းမြင့်အောင် ကျွန်တော့ကို အသင်းရုံးနဲ မဝေးတဲ့ ဦးသိန်းဝင် အိမ်ခေါ်သွားပါတယ် ဦးသိန်းဝင်း အိမ်မှာ ထ္မင်းစားစာပွဲဝိုင်မှာ ဦးသိန်းဝင်း အပါအဝင် ၃-ဦး ဝိုင်းထိုင်ပြီး သန်းမြင့်အောင်ကစာကြမ်းရေး ပါတယ် သန်းမြင့်အောင် ရေးထားတဲ့စာကြမ်းကို ဦးသိန်းဝင်း ကစာချောပြန်ရေးပါတယ် ကျွန်တော့နံမည်နဲ့ လက်မှတ်ထိုးရပါတယ်
သို့
ဒေါ်သန်းမြင့်အောင် ခင်ဗျာ
နာယက ဦးအောင်သင်း အလျှူငွေ ကျပ် ၁၀၀၀၀၀(တသိန်းတိတိ) ----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------
( ညွန့်သိန်း Nyunt Thein )
စာကတော့ ၁၅ - ၂၀-ကြောင်းလောက်ရှိပါမယ် ဦးအောင်သင်း မကောင်းကြောင်းနဲ့ ငွေတသိန်း အလွဲသုံးစားလုပ်တဲ့ပုံရေးထားတာပါ အေဗျာအဲဒီတုံးက့ ပါမှအလေးထားပြီး မဖတ်လိုက်မိပါ ဒီစာကို တနေရာ ပို့ခိုင်းပါတယ် ရွှေဘုံသာလမ်က ဆေးခန်တခုမှာ ဓါတ်ခွဲခန်းမူ လုပ်နေတဲ့ စာရေးဆရာ မောင်ညှိပြာ ဆိုသူထံကိုပါ ကျွန်တော်လဲ ရွှေဘုံသာလမ်းသွားပြီး ဓါတ်ခွဲခန်းကိုရှာပြီး စာရေးဆရာမောင်ညှိပြာ လက်ထဲထည့်ပေးခဲ့ပါတယ် (စာရေးဆရာမောင်ညှိပြာ အခုရှိပါတယ်) လုပ်ပုံကတော့ စာရေးဆရာမောင်ညှိပြာ ကတဆင့် စာရေးဆရာ စာပေအသိုင်းအဝိုင်းကို အဲဒီစာကို ဖြန့်ခိုင်းတာပါပဲ မကြာခင်သိရတော့တာပါ၊
သန်းမြင်အောင် ဒီလိုပါလို့လုပ်သလဲ နေရာရဖို့ နံမည်ကြီးဖို့ အသင်းကိုအပိုင်စီးဖို့ စတင်လုပ်ဆောင်ခြင်း အစဖြစ်ပါတယ် နောင်ပိုင်းတဖြည်းဖြည်း ရုပ်လုံးပေါ်လာပါတယ် အဲဒီစာကို စာပေအသိုင်းအဝိုင်းက ဖတ်ခဲကြရ မှာပါ ဘားလမ်(ယခု ---ပန်းခြံလမ်း) ကိုရီယားစားသောက်ဆိုင်မှာ သန်းမြင့်အောင် ငွေကုန်ခံ၍ အအေးနဲ့ ကြက်ကြော်ကျွေးပြီး ဆရာဦးအောင်သင်း ကိုရှုံ့ ချကြတာအော်ကြဟစ်ကြတာ စာပေအသိုင်းလူ ၁၀၀- ကျော်မကပါပါတယ် သတိရ့ပါသေးတယ်၊
အားလုံးကဝိုင်းဝန်တားနေတဲ့ ခြာက တရားစွဲဖို့တောင်လုပ်လိုက်ပါသေးတယ် လုပ်ပုံကဒီလိုပါ အသင်းမှာလုပ် အားပေးနေတဲ့ ဦးသိန်းဝင်း ဟာ တချိန်က အသင့်းရုံးရှိရာရပ်ကွက်မှာ ရပ်ကွက်လူကြီးပါ တော်တော်ပါဝါရှိ ပါတယ် ဆရာဦးအောင်သင်း ကိုအလှူငွေအပ်ခဲ့တဲ့ အလှူငွေပိုင်ရှင်ဦးလေးကလဲ တောင်ဥက္ကာ ၁၁-ရပ်ကွက် မှာနေပါတယ် ဦးသိန်းဝင်း ရပ်ကွက်နဲ့ဆို လမ်းမကြီတခုသာခြားပါတယ် အဲဒီရပ်ကွက်က ရပ်ကွက်လူကြီး ခေါ်ပြီအလှူငွေပိုင်ရှင် ဦးလေးထံသွာရောက်ပြီး ဖြစ်ပျက်ပုံတွေကို သေသေချာချာမေကြပါတယ် ဦသိန်းဝင်း ကိုအသံဖမ်းစက်ထည့်ပေးလိုက် တာကို နောက်တော့ ရုံးမှာဖွင့်ပြလို့ကြားရပါတယ်ရပ်ကွက်လူကြီးသက်သေ အသံဖမ်းထားတဲ့သက်သေတွေနဲ့တရားစွဲမယ်ပေါ့ ဆရာဦးအောင်သင်းကို အလွဲသုံးစား ဖြစ်တဲ့ပုံပေါ် အောင်မေးထားကြတာပါ။
ဘားလမ်းစားသောက်ဆိုင် အဖြစ်ကိုအသေးစိတ်မရေးခင် အသင်းရုံးမှာ ဒီကိစ္စနဲ့ပါတ်သက်လို့ တော်တော် သဘောကွဲလွဲခဲ့ကြပါတယ် အားလုံးရည်ရွယ်ချက်နဲ့ ဆန္ဒတူတာက အတွင်းရေးမူု ဦးရဲမြင့် အုပ်စုကိုဖယ်ရှားဖို့ပါ သန်းမြင့်အောင် ပြောတာကတော့ပြတ်ပါတယ် ဦးရဲမြင့် ကိုဖယ်ရှားခြင်ရင် အခွင့်ရေးကြုံတုံး ဦးအောင်သင်း ကိုလုံးဝ မြောင်းထဲရောက်အောင် တရားစွဲဖို့ပါပဲ။
ဒီကိစ္စစတင်ဖြစ်စဉ်က ဆရာဦအောင်သင်း နာယကအဖွဲ့မှာပါတုံးပါပဲ အမှန်ကတော့အသင်းစတင်တည်ထောင် သူတွေမှာပါဝင်သူ အသင်းရဲနာယကကြီးတယောက် မိမိတို့စာရေးဆရာလောကမှ လေးစားရမည့်စာရေးဆရာ တယောက်အနေနဲ့ သန်းမြင့်အောင် ကသွားရောက်ပြီးအလှူငွေ တသိန်းအကြောင်းပြောပြရမည်ဖြစ်ပါသည် သို့သော်သွားရောက်ပြောပြကြခြင်းမရှိခဲ့ပါ မိမိတို့အကြံစည်အောင်ဖို့သာလုပ်ခဲ့ပါသည် မိမိတို့နေရာရဖို့ နံမည်ကြီဖို့ ဆိုရင်ဘာမဆိုလုပ်ကြတဲ့သူတွေနဲ့ သိရဲ့ သားနဲ့ မိမိတို့ကိုနေရာပေးလို့ ရှေ့ ကနေလိမ်ပေးနေသူတွေလဲရှိပါတယ် တဖြည်ဖြည်တော့ရုပ်လုံးပေါ်လာပါမယ်၊
ဆရာဦအောင်သင်း ကသိသိခြင်း အချစ်ဂျာနယ်မှာ ဆောင်းပါ၂-ပုဒ်ရေးပါတယ် တပုဒ်က သက်ကြီးရွယ်အို တယောက်ရဲ့ ဖြစ်အင်းဆိုပြီး တပါတ်စီခြားရေးပါတယ် မိမိအသက်အရွယ်ကြီးလာလို့ မေ့တတ်ကြောင်းတွေပါ အိမ်မှာမေ့ထားတတ်ပုံ ခရီးထွက်ရင်လဲ တည်ခိုအိမ်မှာ ငွေမေ့ထားခဲ့ပုံတွေပါ သူရဲ့ လူကြီးတယောက်၏ အဖြစ် အပျက်တွေကို ဂရုနာသက်လောက်အောင်ရေးခဲ့ပါတယ် အသက်ကြီးလာရင်မလွဲရှောင်နိုင်တဲ့ အရာတွေပါ နောက်တပုဒ်ကတော့ အလှူငွေတသိန်းကိစ္စပါ သူအမှန်တကယ် အလှူငွေကိုလက်ခံခဲ့မိပါကြောင်း သို့သော် လည်းမေ့သွားသည့်အတွက် အသင်းသို့သွားရောက်မသွင်းမိပါကြောင်း အလှူရှင်တွေကို တောင်ပန်ရေးသား ထားတာပါ အလှူရှင်တွေကိုတောင်ပန် ရေးသားသလို အများပြည်သူတွေကိုလည်းတောင်ပန်ခဲ့ပါတယ်၊
သန်းမြင့်အောင် ကိုတော့လုံးဝမတောင်ပန်ခဲ့ပါ သူကိုလာရောက်ပြောဆိုခြင်းမရှိပဲ ငွေတသိန်းအလွဲသုံးစား လုပ်ထားကြောင်း ဝါဒဖြန်သည့်ကိစ္စကို မပြုလုပ်အပ်ကြောင်း ဆောင်းပါရေးသားခဲ့ပါသည်၊
သန်းမြင့်အောင် ကတော့လုံးဝအလျော့မပေးပါ သူရေးပြီး ကျွန်တော်လက်မှတ်ထိုး၍ စာရေးဆရာမောင်ညှိပြာ ထံပေးပို့ခဲ့စာကလဲ စာရေးဆရာ စာပေအသိုင်းအဝန်းတွင် ဖြန့်ပြီးနေပြီဖြစ်၍ ဘားလမ်း(ယခု---ပန်ခြံလမ်း) ရှိ ကိုရီးယားစားသောက်ဆိုင်တွင် သိန်းဘယ်လောက်အကုန်အကျခံခဲ့ရသည်မသိပါ လူ ၂၀၀-ခန့် ကိုအအေးနဲ့ ကြက်ကျော်ကျွေးပြီး အောင်ပွဲခံခဲပါသည် အောင်ပွဲခံပုံကတော့ဒီလိုပါ၊
အဲဒီနေ့က ဘားလမ်းစားသောက် အချိန် ၃-နာရီငှားထားပါတယ် အခန်းအနားတွေပြင်ဆင်တယ် ဓါတ်ပှုံဗွီဒီယို အတွက် ရွှေအင်းသားကိုခင်မောင်ဝင်းကို ဖိတ်လဲဖိတ် ဓါတ်ပုံ ဗွီဒီယိုရိုက်ရန် ငှားလဲငှားထားပါတယ်
အဲဒီနေ့က စာနယ်ဇင်းလောက စာရေးဆရာ လောကမှ အပါအဝင် ဖိတ်ကြားထားသူပေါင်း ၂၀၀-ခန့် တက်ရောက်ခဲ့ကြပါတယ် တော်တော်ပွဲစီပါတယ် ပြောမယုံကြုံဖူးမှသိ ဆိုသလိုပါပဲ ဆရာဦးအောင်သင်း ကိုတယောက်တလဲ ဝိုင်းဝန်းအော်ဟစ် ရှုံ့ ချကြတာ အလွန်အံသြဖို့ကောင်းသလို မယုံနိုင်စရာပါပဲ သန်းမြင့်အောင် စာကြမ်းရေး၍ဦးသိန်းဝင်စာချောရေခါကျွန်တော် လက်မှတ်ထိုးပြီစာရေးဆရာမောင်ညှိပြာ ကတဆင့် ပေးခဲ့သည့်စာ အားလုံးရရှိ သိရှိပြီဖြစ်ပါလိမ်မည် ဇာတ်တိုက်ထားသည့်အလား အမျိုးမျိုးဝိုင်ဝန်း ရှုံချခဲ့ကြပြီး စာပေလောကမှ တယောက်က ဆရာဦးအောင်သင်း လို ငွေအလွဲသုံးစားလုပ်၍ မယုံကြည်ရသူ တယောက်ကို အသင်းမှဖယ်ရှားပြစ်သည့်အတွက် နာရေးကူညီမူအသင်း(ရန်ကုန်) သို့ ငွေ -၂၀၀၀၀ကျပ် (နှစ်သောင်းတိတိ)လှူဒါန်းပါကြောင်း ပြောဆိုသောအခါ ဝိုင်းဝန်းသြဘာ၊လက်ခုတ်သံများပေး၍ စည်းကား သိုက်မြိုက်စွာဖြင့် ကြက်ကျော် အအေးတိုက်ပြီးသန်းမြင့်အောင် အောင်ပွဲခံခဲ့ပါသည်၊ မိမိ နေရာရဖို့ နံမည်ကြီးဖို့ အသင်းကြီးအားအပိုင်စည်းရန်လုပ်ရာမှာအသင်းကိုစတင်တည်ထောင်သူတွေထဲမှာပါဝင်သည် နာယကကြီး
့ဆရာဦးအောင်သင်း ငွေတသိန်းကြောင့် အပြစ်ရှာ လုပ်ကြံ သဖြင့် စတင်ခံလိုက်ရပါသည်၊
ရွှေအင်းသား ခင်မောင်ဝင်း မှတ်တမ်းတင်ထားသော ဗွီဒီယို VCD,များရှိပါသည်၊
ဆရာဦးအောင်သင်း နဲ့ သန်းမြင့်အောင် ဟာအရာရာမှာ ဆင်နဲ့ဆိတ် ဆီနဲ့ရေ ကွာသလို အဘက်ဘက်က နိုင်းယှဉ်မရလောက်အောင်ကွာခြားပါတယ် အသင်းရုံးမှာရှိတဲ့စာရေးတယောက်က ပြောဘူးပါတယ် သူနေတဲ့ငမိုးရိပ်ချောင်းဘေးက ရပ်ကွက်ကအမျိုးသ္မီးတွေက ပြောကြတယ် သန်းမြင့်အောင် ဟာမိန်းမ တယောက်အနေနဲ့ သူတိုရပ်ကွက်မှာ အဆုံးစွန်ဘဝကို ရောက်ခဲ့ကျင်လည်ခဲ့ရတယ်ဆိုတာပါပဲ၊ ကျွန်တော်တို့နဲ့အတူ ဓမ္မစေတီလမ်းက ဂျပန်စားသောက်ဆိုင်သွားရောက်စားသောက်၍ ကာလာအိုကေဆိုခဲ့စဉ်ကလဲ စားသောက်ဆိုင် အိမ်သာသွားရာမှာ အိမ်သာတခါးပြန်မဖွင့်တတ်၍ အိမ်သာတခါးကျော်တက်စဉ် အပြင်ဘက်သို့ခုန်မချရဲဘဲ တခါးဘောင်ပေါ်တွင်တန်းလန်းကြီး ဖြစ်နေ၍အော်ဟစ်သည့်အတွက် ဝိုင်းဝန်းခါ အောက်သို့ချပေးခဲ့ရပါသည် ဒီလိုလူမျိုးများသာ မလုပ်သင့်မလုပ်ထိုက်ထာကို လုပ်သည်ဟုထင်ပါသည်၊
အသင်းစတင်ထူထောင်သူတွေပါဝင်သည့် နာယက ဦးအောင်သင်း အတွင်းရေးးမူးဦးရဲမြင့် တို့လဲအသင်းကို ပြန်လည်သိမ်းပိုက်ရန် အပိုင်လုပ်ခဲ့ကြပါသေးတယ် သို့သော်လည်းနောက်ကျသွားပါတယ် လုပ်ပိုင်ခွင့်ဟာ အရေးကြီးဆုံပါပဲ လုပ်ပိုင်ခွင့်ရှိသူဟာ ကိုယ်လုပ်ချင်တာလုပ်လို့ရတယ်ဆိုတာ နာရေးကူညီမူအသင်း(ရန်ကုန်)ကို ဘယ်လိုအပိုင်စီးခဲ့ရသလဲဆိုတာကျွန်တော်အချိန်ကျရင်အသေးစိတ်ရေးပါမယ်
ရွေးကောက်ပွဲလဲနည်းပြီဆိုတော့ မဲလိမ်တယ် လူစားထိုတယ်ဆိုတာတွေကို လုပ်ပိုင်ခွင့် ရှိသူကလုပ်လို့ရတယ် ဘယ်လိုလုပ်ခဲ့သလဲဆိုတာတွေကို အသေးစိတ်သိရမှာပါ ဆရာဦးအောင်သင်း တို့ကအပိုင်ဘယ်လို ပြန်လည်ရရှိအောင်လုပ်ခဲ့သလဲ သန်းမြင့်အောင် ကလဲသူကိုယုံကြည်၍ခန့်အပ်ထားသော လုပ်ပိုင်ခွင့်ကို အသုံးချပြီး ဘယ်လိုအသင်းစတင်တည်ထောင်သူတွေကိုရှင်းလင်းခဲ့သလဲ အောက်လမ်းနည်း သုံးခဲ့တာကအစ အားလုံးကို ကျွန်တော်ရှေ့ ကဦးဆောင်လုပ်ပေးခဲ့ရတာတွေကို အမှန်အတိုင်း ဝန်ခံရေးသားပါမယ်
ကျွန်တော်လုပ်ခဲ့တာက လူတစုက အာဏာရှင်ဆန်ဆန်လုပ်နေတာကိုမကြိုက်လို့၊ကျွန်တော်တို့နဲ့အတူလုပ်အား ပေးနေသူ ကိုကျော်သူ နေရာရင် အသင်းတိုးတက်မည်ဟုယုံကြည်လို့၊နောက်တခုက အများပါဝင်ကူညီနိုင်အောင် လမ်းပွင့်သွားစေဖို့ပါပဲ၊ တကယ်လဲအောင်မြင်ခဲ့ပါတယ်
ပဲပြုတ်သယ် ကျောင်းဆရာကြီးများ စစ်သားလူထွက် စက်ရုံအလုပ်သမား ကအစ လူတန်းစားမျိုးစုံ ဆင်းရဲးချမ်းသားမရွေးပါဝင် လုပ်အားပေး၍ ဝိုင်းဝန်ဆောင်ရွက်ခဲ့ ကြပါတယ်၊ ကျွန်တော်တို့စတင်တာဝန်ယူစ ၂၀၀၃-မှ ၂၀၀၅ အထိ မြန်မာပြည်အရပ်ရပ်ရှိ တိုင်း ခရိုင် မြို့ နယ် ကျေးရွာများသို့သွားရောက်ပြီး နာရေးကူညီမူအသင်းများကိုဖွဲ့ ပေးခဲ့ပါတယ် နယ်တခါသွားလျှင် အနဲဆုံး အသင်းသား ၁၀- ယောက်ပါတယ် ကျွန်တော်ကိုတိုင် စီမံခန်ခွဲ ရွေချယ်ရတာဖြစ်ပါတယ် ကိုကျော်သူ တခါတရံ ရုပ်ရှင်ရိုက်နေလို့ မလိုက်ထာ ရှိပါတယ် ကျွန်တော်အမြဲတန်းပါခဲ့ပါတယ်၊
ကျွန်တော်ပြောချင်ဒါက ဒီအသင်းကြီးကို ဆင်းရဲချမ်းသာမရွေး ပါဝင်လုပ်အားပေး ဝိုင်ဝန်းပြီး ကိုကျော်သူ နဲ့အတူအောင်မြင်အောင်လုပ်ခဲ့ကြတာ ဖြစ်ပါတယ် သန်းမြင့်အောင် သူ့ကိုယုံကြည်သူတွေအပေါ် သစ္စာဖေါက်ခဲ့လို့ အသင်းကြီးကိုရခဲ့ပေမဲ့ သန်းမြင်အောင် ယနေ့အသင်းအတွင်းရေးမူ လုပ်နြေ့ပီး VOA, BBC ဗွီအိုအေ၊ဘီဘီစီ၊အာအက်ဖ်အေ၊ ဒီဗွီဘီ အစရှိတဲ့အသံလွင့်ဌာနတွေမှာ ပြောနေသလို အသင်းကိုစတင်တည်ထောင်သူ အိမ်မက်အရလုပ်ခဲ့ရတာတို့ ဆိုတာတွေဟာ မိမိနေရာရလို့ နံမည်ကြီးဖို့ သမိုင်းကို ပြန်လည်ရေးသားနေတာဖြစ်ပါတယ် အဲဒီလိုလူတွေ
တော်တော်များများတွေ့နေရပါတယ် သတင်းသမားတွေ ဂျာနယ်စာဆောင်တွေက ခုအချိန်ကတည်းက အသက်ထင်ရှားရှိကြတုံးမှာ အချက်အလက်တွေ့ရှာဖွေစုဆောင်းပြီး အမှန်တရားကိုဖေါ်ထုတ်ဖို့လိုပါသည်
မိမိတို့လူ မိမိတို့အုပ်စု မိမိတို့ကို နေရာပေးလို့ဆိုပြီး သိရဲ့ သားနဲ့ ရှေ့ ကလိမ်ပေးနေရင် ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ ခုလိုတတိုင်းပြည်လုံး ခံစားနေရတဲ့အဆင့်က ဘယ်တော့မှတက်မည်မဟုတ်ပါ၊
ကျွန်တော်တို့နဲအတူ အသင်းကြီမှာပါဝင်လုပ်အားရင်းတာဝန်အရ ရိုသားစွာ ပါဝင်ပတ်သက်ခဲ့ကြတဲသူတွေ ကိုတောင်ပန်ပါတယ် အားလုံးကိုအသုံးချ ခဲ့ပါတယ် သူတို့အားလုံးပါမှမသိကြပါ ဒီကိစ္စအားလုံးကို လူ ၅-ဦးကသား ဦးစီးလုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်၊
ဒီလိုမတရားဒါတွေလုပ်ခဲ့တာ မပေါ်အောင် အသင်းအမည်ဖြင့် လှူဒါန်းထားသောငွေ သိန်း ၆၀၀-ခန့် မိမိဘိုးဘွားပိုင်ပေးသလို တိတ်တိတ်ပေးခဲ့ရပါသည် ဆရာဦးအောင်သင်း ကတသိန်းပါ သန်းမြင့်အောင်၏​ သိန်း-၆၀၀-ခန့်ကိစ္စ​ ကိုဘယ်သူကမှ မဖေါ်ထုတ်သေးပါ၊ ....................?
အသင်းစတင်တည်ထောင်သူ (Pioneer) တွေကို မဲလိမ်ပြီးအသင်းကထုတ်ရတာပါ၊
ရွေကောက်ပွဲနီးပါပြီ မဲဘယ်လိုလိမ်ခဲ့ကြပါသလဲ............................. ?
လုပ်ပိုင်ခွင့်ရှိသူဟာ ဘယ်လိုလိမ်လို့်ရပါသလဲ ................................?
Read More...
Sunday, January 17, 2010
သတင်းစာများကို ထိုးဖေါက်ခါ စာပေစီစစ်ရေး နှင့် တိုက်ပွဲဝင်ခဲ့စဉ်က နာရေးပုံပြင်(၃)
ကျွန်တော်၂၀၀၂-ခုနှစ် နာရေးကူညီမူအသင်း(ရန်ကုန်) သို့ဝင်ရောက်စဉ်က အသင်း၏ပြန်ကြားရေးသည် သတင်းစားများ စာနယ်ဇင်းများတွင်မပါရှိသေးပါ အသင်းမှတ်ပုံတင်ဲမရရှိသေးပါ ခုအခါပြန်လည်စဉ်းစား ကြည့်တော့အမှန်တရားကို တွေ့ရပါသည် ထိုအချိန်က အသင်းစတင်တည်ထောင်သူ (Pioneers)များက အသင်းကို နာရေးယဉ် ၄-စီးဖြင့် စတင်လုပ်ဆောင်ပြီး အောင်မြင်စပြုနေသည့်အချိန် ဖြစ်ပါသည်၊
စာရေးဆရာဦးအောင်သင်(နာယက)၊ ဥက္ကဌဦးမြင့်ဆွေ(ယခု AIDS-အကူအညီပေးရေးအသင်းတခု၏ဥက္ကဌ) မျက်ချယ်ဗီဒီယိုပိုင်ရှင် ကိုဝင်းနိုင် တို့အပါအဝင်ထက်မြက်သူ ၁၀-ဦကတဦးလျှင်.ကျပ်ငွေသိန်း ၁၀-၂၅ ခန့်ထည့် ဝင်ပြီး စတင်တည်ထောင်ထားခြင်း ဖြစ်ပါသည်၊ ထိုသူများကို အစိုးရက ဘယ်တော့မှ သတင်းစာ စာနယ်ဇင်း များတွင် အသင်း၏သတင်ပါဖို့နှင့် အသင်းမှတ်ပုံတင်ရဖို့ ခွင့်ပြုလိမ့်မည်အဟုတ်ပါ ထိုသူမျာ်း၏ထက်မြက်မူကို စိုးရိမ်မူရှိသဖြင့် အသင်းအောင်မြင်သွားမှာကို မလိုလားပါ၊
၂၀၀၃ ခုနှစ်တွင် အသင်းသား(volunteer)များက အသင်းစတင်တည်ထောင်သူ တို့ယုံကြည်၍ ပြန်ကြားရေးတာဝန်ပေးထားသူ စာရေးဆရာမသန်မြင့်အောင်ကောင်းမူကြောင့် သံဃာနာယက ဒုတိယ ဥက္ကဌ အောင်မြေဘုံစံကျောင်းဆရာတော် (ဗဟန်းရွှေတိဂုဏ်ဘုရား)၊ ချမ်းမြေ့ ဆရာတော်တို့ တားနေသည့် ကြားထဲက သိမ်းယူခဲ့ပါသည် ဥက္ကဌဦအေးသန့်(၂၀၀၇ ခုနှစ်နာဂစ်မုန်တိုင်းအထိဥက္ကဌ)၊ ဒုတိယဥက္ကဌ .ကိုကျော်သူ(ယခုဥက္ကဌ)၊ ဒုတိယဥက္ကဌ .ကိုဝင်းမောင် တို့နှင့်ဖွဲစည်းကာ အသင်းကိုတာဝန်ယူခဲ့ကြပါသည် ဥက္ကဌဦးအေးသန့်၊ကိုကျော်သူ၊သန်းမြင့်အောင်၊ကျွန်တော်အပါအဝင် အားလုံးသည် အသင်းသားများသာဖြစ်ပါ သည် မည်သူမှအသင်းစတင်တည်ထောင်သူများတွင် မပါဝင်ကြပါ ။
ဘာကြောင်လဲဆိုတော့ ထိုစဉ်ကအသင်းစတင်တည်ထောင်သူတို့တွင်ပါဝင်သည့် အတွင်ရေးမူဦရဲမြင့် ၏အုပ်စုကို ဘယ်သူမကျော်နိုင်ပါ ကျန်သူအားလုံးသည် ဘာမှပြောရေးဆိုခွင့်မရကြပါ ဘေးကနေလုပ်အားပေး (volenteer)သက်သက်သာဖြစ်ကြပါသည်၊ စစ်အစိုးရသည် သမိုင်ကို ဖျောက်ဖျက်နေသည် သူတိုသမိုင်းသာ အကောင်ရေးနေသည်ဟု သတင်း ဆောင်းပါးများတွင် မကြာခဏ ဖတ်ရပါသည် ကျွန်တော်သည် ထိုင်နိုင်ငံ မဲဆောက်မြို့ တွင် တနှစ်ကျော်နေစဉ်အတွင်း ကိုယ်သမိုင်းကိုယ်အကောင်းရေးနေသူ အများတွေ့ ရပါသည် ပါအရည်အချင်းမှမရှိကြပါ အံသြစရာကောင်းသည်က သတင်းဌာနများ စာစောင်များက ထုတ်ဖေါ်ပြောဆိုရေ သားခြင်းမရှိခြင်ပါဘဲ သတင်ဌာနများ စာစောင်များသည် အမှန်တရားကို ဖေါ်ထုတ်ရမည်ဟုယုံကြည်ပါသည်၊
တဦးခြင်းဖြစ်စေ အဖွဲ့ အစည်ဖြစ်ပါစေ မိမိတို့ထင်ပေါ်လိုမူအတွက် သမိုင်းကိုဖျောက်ပြီး ရှောက်အော်နေကြ တာကို ဖေါ်ထုတ်ဖို့က သတင်းဌာနများ စာစောင်များ၏တာဝန်ဖြစ်ပါသည် အမှန်ကိုမထုတ်ဖေါ်၍ ပြည်သူတွေ သိသွားလျှင် အလွန်ရှက်စရာကောင်းပါသည် ယခုခောတ်ပြည်သူတို့သည် ယခင်လို မဟုတ်တော့ပါ အမှန်တရားကို သိလွယ်ကုန်ကြပါပြီ သိုသော်လည် ပြည်သူတွေနောက်ကျမှ သိရသည့်အတွက် အခက်အခဲတွေ့ကြရပါသည် အမှန်တရားများကိုဖေါ်ထုတ်ဖို့က သတင်းဌာနများတာဝန် ဖြစ်ပါသည်၊
အသင်းကိုတာဝန်ယူလိုက်ရပြိးပြီးခြင်း ပြည်ထဲရေးဝန်ကြီးဌာနမှာ မှတ်ပုံတင်လျှောက်ဖို့ကြိုးစားပါတယ် ပြည်ထဲရေးဝန်ကြီးဗိုလ်မူကြီးတင်လှိုင် ကခေါ်တွေပြီး ကြံခိုင်ဖွင့်ဖြိုးရေအဖွဲဝင်ခိုင်းပါတယ် ဘယ်သူမှမဝင်ကြပ်ါအဲဒီအခေါက်က လျောက်လွာပုံစံတောင်မရခဲပါ ပေးချင်ပုံတော့ပေါ်နေပါပြီ်ဘာကြောင့်လဲဆိုတော့ကျွန်တော် တို့လက်ပြောင်းတာဝန်ယူလိုက်ထာကို ထောက်လှမ်ရေးကသိမှာ အမှန်ပါဘဲ အ မယ်မထင်ပါ၊
ကျွန်တော်တို့အားလုံးကို အထင်သေးပုံရပါတယ် အဲဒီလိုအထင်သေးခဲ့လို့ လွတ်လွတ်လပ်လပ်လုပ်ခွင့်ရပြိး အသင်းအောင်မြင်ခဲ့ကာ အစိုးရမှ မှတ်ပုံတင်ပြုလုပ်ပေးခြင်း အသင်းမြေနေရာကို အခွန်ကင်လွတ်စေပြိး တပြာမှမပေးရရှိခဲ့ပါသည် ဒါတွေဟာအသင်းအောင်မြင်လို့ရခဲ့တာတွေထဲကတချို့ ဖြစ်ပါတယ်၊
သန်မြင်အောင် က သူရဲ့ လုပ်ပိုင်ခွင်တွေအသုံးချပြီး နောက်ကွယ်ကစီမံ၍ ကျွန်တော်ရှေတန်းက ဦးဆောင်လုပ်ခဲ့ရတာတွေကို အမှန်အတိုင်းတင်ပြရမှာဖြစ်ပါတယ် ဆုံးဖြတ်ရမှက ပြည်သူတွေ တာဝန်ရှိသူတွေ အသင်းကိုအလှူငွေထည့်ဝင်ထားသူတွေဖြစ်ပါတယ်
ကျွန်တော် နာရေးကူညီမူအသင်း(ရန်ကုန်) နဲပါတ်သက်လို့ ရေရတဲ့အကြောင် ၃-ချက်ရှိ့ပါတယ်
(၁) ဒီအသင်းကြီးဟာ အများပြည်သူ ပိုင်ဆိုင်သည့်အသင်း အများပြည်သူတွေ ဝိုင်းဝန်းလုပ်ကိုင်လို့် တိုးတက်လာသည်ကို တင်ပ်ြလို့ခြင်းဖြစ်ပါတယ်၊ ဖွဲစည်းပုံစည်းမျဉ်အရ အသိအမှတ်ပြုထားသူ အသင်းသာ(၉၀) ရှိပါသည်၊လျှောက်ထားသူပေါင်းလည် ၂၀၀၀ ကျော်ရှိပါသည် ကျွန်တော်ကိုယ်တိုင်လည်း ဘယ်သူမှသိလို မဟုတ်ပါ လုပ်အားပေးရင်း အသင်းသားပြန်ကြားရေးအဖွဲ့ဝင်၊အလုပ်အမူဆောင်၊ အတွင်းရေးမူ ဖြစ်လာတာပါ၊
(၂) လက်ရှိအသင်းတွေအဖွဲ့တွေ နောင်လာမည့်အသင်းအဖွဲ့တွေ သင်ခန်းစားယူစရာအလွန် ကောင်းလို့ပါ လေ့လာရအောင် ဖြစ်ပါတယ် နောင်လာမည် ဒီမိုကရေစိအစိုးရများလည် အသင်းအဖွဲဆိုင်ရာ ဥပဒေစီးမျဉ်း စိးကမ်းများ ထုတ်လို့ရအောင်ပါ၊
(၃) ဒါကတော့ အများပြည်သူတွေ အလှူရှင်တွေ တာဝန်ရှိသူတွေ သတင်းသမားတွေ လုံဝမသိသေးတဲ့ ကိစ္စပါ ကျွန်တော်ကတော့ ငွေအလွဲသုံးစားမူကြီးလို့ အမည်ပေးထားပါတယ် ဦးအောင်သင်း(စာရေးဆရာ) အသင်းနာယကကို ငွေတသိန်းအလွဲသုံးစား လုပ်တယ်ဆိုပြီး ရှံ့ ချခဲ့ရာမှာဦးဆောင်ခဲ့သည့် သန်းမြင့်အောင် ဟာ သူလက်သတ်မွေးထား သော အသင်းရှိတပည့်တွေကိုခိုင်း၍ သူ့အပြစ်တွေဖုံကွယ်ဖို့ အသင်းပိုင်အလှူငွေထဲမှ ကျပ်ငွေသိန်း ၆၀၀(သိန်ခြောက်ရာ)ခန်ကို မိမိဘိုးဘွားပိုင်ငွေ ပေးသလို အသင်းမှထွက်သွားသူအား ခွဲဝေ
ပေးသည့်ကိစ္စပါ၊ အလွဲသုံးစာ်းမူမြောက်ကြူလွန်သည်ဟုဆိုချင်ပါသည်။
လူသတ်မူတောင် အရိုးတွန့်၍ ပေါ်တတ်ပါသည်၊ ဒီကိစ္စသည်လည်း ဒီမိုကရေစီအစိုးရများ လက်ထက်ကျလျှင် ပေါ်မည်ဟုယုံကြည်ပါသည်။ ယခုအခါမှာတော့ဒီ ကိစ္စကိုဘယ်သူမှ သတင်းမရေးကြပါ သတင်းဌာနများသည် ပြည်သူမျက်နှာမကြည့်ဘဲ မိမိတို့အုပ်စု အဖွဲစည်းကောင်းကြောင်းတွေသာ တင်ပြနေသည်ဟု ထင်မြင်ယူဆ မိပါသည်။
အားလုံးကိုမေးချင်သည့်မေးခွန်းကတော့--------------------?
နာရေးကူညီမူအသင်း(ရန်ကုန်) သို့ အသင်းအမည်ဖြင့် လှူဒါန်ထားသော ငွေကို မိမိတို့အပြစ်များဖုံးကွယ် ရန်အလို့ငှာ သတင်စာများတွင် ပြောဆိုခြင် ကြေငြာခြင်း အလှူရှင်းများ အများပြည်သူများအား အသိပေးခြင်း မရှိဘဲ ဘိုးဘွားပိုင်ငွေကြေသဖွယ် တဦးတယောက်အာခွဲဝေ ပေး၍ ရပါသလား-----?
သတင်စာများနှင့် စာပေစီစစ်ရေးအကြောင်းစရေးပါမယ် အသင်းကိုစတင်တာဝန်ယူချိန်မှာ သတင်းစာများ စာနယ်ဇင်များတွင် ပါရန်ြုကိုးစားကြပါတယ် ပထမ သန်းမြင့်အောင် က သတင်းထောက်ကြီး တယောက်ခေါ်လာပါတယ် အလှူရှင်အလှူထည့်နေသည့်ပုံ တပုံလျှင် ကျပ်ငွေ ၅၀၀၀(ငါးထောင်) ပေးရမည် သတင်းစာတစောင်လျှင်တပါတ် ၂့-ပုံ ၃-ပုံ ပါမည်ဟုပြောပါသည်၊ အစီးဝေးတွင်တင်ပြ၍ တသိန်းနှင့်အထက် ငွေလှူဒါန်းသူများကို ဓါတ်ပုံသတင်းထည့်ရန် ဆုံးဖြတ်ခဲကြပါသည် သတင်းထောက်ကြီးကို ဓါတ်ပုံ ၄-ပုံ ငွေကျပ်၂၀၀၀၀(နှစ်သောင်း)ပေလိုက်ပါသည် သတင်းစာထဲတွင်ပါလဲမလာ ငွေလဲဆုံးခဲ့ပါသည်၊
အဲဒိအချိန်လောက်မှဘဲ ပြန်ကြားရေးဝန်ကြီးဌာနက ညွန်ကြားရေးမူအဆင့်ရှိ အရပ်သားဝန်ထမ်းထဲက အသက် ၆၀-ခန့်ပုဂ်ကိုယ်တဦး အငြိမ်းစားယူခဲ့လို့ အသင်းကိုငွေ တသိန်းလာရောက်လှူဒါန်းပါတယ် အလှူငွေ .ထည့်သည့်ပုံ ဓါတ်ပုံရိုက် ပြီးပြိးခြင်း သတင်းစာထဲသူဓါတ်ပုံပါအောင်ထည့်ပေးဖို့ပြောပါတယ် ကြိုးစားကြည့်ပါ မယ်လို့ပြန်ပြောလိုက်ပါတယ် အသင်းကို ၁၅-ရက်တခါလောက်လာလာပြီး သတင်းစာထဲပါအောင်ထည့်ပေး ဖို့ပြောပါထယ် ကျွန်တော်လည်းရုံးမှာအမြဲ ရှိနေလို့ ကြားတော့အားနာလာပါသည်၊ သူလဲ အရပ်သားကအငြိမ်း စားယူလာရတော့ပါမှ အကူအညီမပေးနိုင် ကျွန်တော်တို့မှာလဲ အဆက်အသွယ်လိုက်ရှာနေရပါသည်၊့
ဒါနဲ ရုံးကကားနဲ သိမ်ဖြူလမ်း ဝန်ကြီးများရုံးရှေ့ ရှိ သတင်းညွန်ကြားရေးမူရုံးကိုသွားခဲ့ပါသည် ဒုတိယထပ် မှာ ညွန်ကြားရေးမူ ဗိုလ်မူလှထွန်း ၏ရုံးခန်းတွေ့ရပါထယ်(တချိန်ကသတင်စာမျာမှာ တွံတေးလှထွန် အမည်ဖြင့် နံမည်ကြိး ခဲ့တဲ့သူပါ- ယနေ ကြံခိုင်/ဖွင့်ဖြိုး လွတ်တော်အမတ်ပါ) ကျွန်တော်လည်အခန်းထဲ ဝင်ခွင့်ပြု့ ဖို့ပြောပြီး ဝင်ခဲ့ရပါတယ် အမည်ပြောပြီးမိတ်ဆက်ပါတယ် ဗိုလ်မူလှထွန် ကိုတခါမှမသိဖူးပါ အသင်းနံမည်ပြော အသင်းကပ်ကြောငြာကပ်ကလေးပေးတော့ ဝမ်သာအားရ လက်ဆွဲနှုတ်ဆက်ပြီး ထိုင်ခိုင်ပါသည် အသင်းအကြောင်းလည်းအာပါတရမေးပါတယ် ကျွန်တော်လည်း အလုံစုံ ရှင်းပြပေးပါသည် သူတို့သတင်စာတိုက်များက အမူထမ်တွေကိုအသင်းမှကူညီတာသိထားလို့ အလွန်အားပေး သည့်ပုံရှိပါတယ် နောက်တော့လာခဲသည့် ကြောင်းပြောပြပြီး သူတိုဝန်ကြီးဌာနက အငြိမ်းစာယူခဲ့သည့် ညွန်မူ၏ ဓါတ်ပုံကိုပြပြီး ကျွန်တော့မှာအခက်အခဲတွေ့ နေရပုံကိုရှင်ပြပါထယ် ဗိုလ်မူလှထွန်း ထိုညွန်မူပုံမြင်တော့ တော်တော်လေးစားပုံရပါတယ် သူသတင်စာထဲပါအောင်ထည့်ပေးမယ်လို့ပြောပါတယ် သတင်းစာတိုက်တွေကို လည်းနောက်ဆိုသွားရောက် ထည့်နိုင်ပါကြောင်း မှာလိုက်ပါသည် ကျွန်တော်လည်ဓါတ်ပုံထားခဲ့ပြီး ဝမ်သာစွာ နုတ်ဆက်ပြီးပြန်ခဲ့ပါသည်၊
ထိုဓါတ်ပုံသည် နောက်နေ့ကြေးမုံသတင်းစာတွင်ပါလာပါသည် နာရေးကူညီမူအးသင်(ရန်ကုန်)၏ ပထမဦးဆုံး သတင်းစာထဲပါသောပုံဖြစ်ပြီး တပုံတည်းသော ငွေတပြားတချပ်မှ မပေးရဘဲ သတင်းစာထဲ ပါဝင်ခဲ့ သော အသင်းသို့ ငွေလှူဒါန်းနေသည့်ဓါတ်ပုံဖြစ်ပါသည် သတင်းစာထဲ အသင်း၏ဓါတ်ပုံများ ပါအောင်ဗိုလ်မူလှထွန်း လုပ်ပေးခဲ့ခြင်းဖြစ်ပါသည် ကျေးဇူးအထူဲးတင်ရသည်။
နောက်နေ့မှာ မြန်မာအလင်းသတင်းစာတိုက်သို့ သွားပြီး အသင်းကိုငွေလှူဒါန်းနေသောဓါတ်ပုံများ ထည့်ရန်ကြိုးစားပါသည် ဓါတ်ပုံတပုံပါရန် ကျပ်- ၇၀၀၀(ခုနှစ်ထောင်)ပေးရမည် ပေးလျှင်လည်း အယ်ဒီတာချုပ် ၏ရုံးအကူထံတွင် မိမိထည့်လိုသည့်ဓါတ်ပုံနှင့်ငွေကိုပေးထားရမည် တခါလာလျှင် ဓါတ်ပုံ ၅-ပုံကို ကျသင့်ငွေ နှင့်အတူပေးထားနိုင်သည်ကို ညှိနိုင်း၍ရခဲ့ပါသည်၊
ကြေးမုံသတင်းစာတိုက်သို့သွား၍ကြိုးစားရာ အယ်ဒီတာချုပ်ထံ တိုက်ရိုက်ဝင်၍ တပုံလျှင် ကျပ်-၈၀၀၀ (ရှစ်ထောင်) ပေးရမည် တခါလာလျှင် ဓါတ်ပုံ ၄-ပုံ ကျသင့်ငွေ နှင့်အတူ စါအိတ်ထဲထည့်ပေးထားနိုင်သည်ကို ညှိနိုင်း၍ရခဲ့ပါသည်၊
အသင်းအပါတ်စဉ်အစီးအဝေးတွင် ပြန်လည်တင်ပြ၍ဆုံးဖြတ်ချက်ယူခါ သတင်းစာ ၂-စောင်တွင် အပါတ်စဉ် ၄-၅-၆ ပုံခန်ပါအောင် ထည့်ခဲ့ပါသည် ကျွန်တော်ကိုတိုင် သတင်စာတိုက်များသို့ အပါတ်စဉ်သွား၍ ထည့်ခဲ့ပါသည်၊
ထိုအချိန်က ကိုကျော်သူ ရုပ်ရှင်ရိုက်နေရပြီး ကျွန်တော်ကရုံးတွင် အမြဲရှိသဖြင့် ကျွန်တော့ဓါတ်ပုံ အများဆုံးပါခဲ့ပါသဖြင့် အပေါင်းအသင်းများက မင်းကကျော်သူ လားဟုအမေးခံခဲ့ရကပါသည် ကိုကျော်သူ အမြဲမရှိပါ၍ ဥက္ကဌ ဦးအေးသန့် မွေးနေ့ ၁၀-သိန်းလှူရာတွင် ကျွန်တော်အလှူလက်ခံသည့်ပုံ သတင်းစာထဲပါခဲ့ ရပါသည် မိမိကသတင်းစာထဲထည့်သည့် တာဝန်ယူလို့ တမင်သက်သက်လုပ်ခဲ့ခြင်းမဟုတ်ပါ၊
ထိုသို့ထည့်နိုင်ခဲ့သည့်အတွက် အသင်းကြီး၏ အလှူငွေလည်း တိုးတက်ခဲ့ပါသည် တလလျှင် သိန်း၁၀၀-(တရာ)ကျော် အမြဲရရှိခဲ့ပါသည် ၂၀၀၃-မှ-၂၀၀၆ ခုနှစ်အထိ သတင်းစာထဲတွင် ပါအောင်ထည့်နိုင်ခဲ့ပါသည် ၂၀၀၆-တွင် ကိုကျော်သူ -၈၈၈၈(ရှစ်လေးလုံး)နှစ်ပါတ်လည် သွားရောက်တက်သည့်အတွက် သတင်းစာများတွင် ဓါတ်ပုံထည့်ခွင့် ပိတ်လိုက်ပါတော့သည်၊
စာပေစီစစ်ရေးနှင့် တိုက်ပွဲဝင်ခဲ့ရသည့် ပြသ်ာနာအစကဒီလိုပါ ၂၀၀၃ နှစ်စမှာ အသင်းကထွက်သွားရတဲ့ အသင်းစတင်ထူထောင်သူတွေထဲမှာပါသည့် အတွင်းရေးမူဟောင် ဦးရဲမြင့် ကစာပေစီစစ်ရေးကိုတော်တော် ပိုင်ပါတယ် သူက ပုံနိုပ်တိုက် စာပေတိုက် ပိုင်ရှင်လည်းဖြစ်ပါတယ် အဲဒီတုံးက စာပေစီစစ်ရေးအဖွဲ့ ညွှန်မူဖြစ်တဲ့ ဗိုလ်မူအေးထွန်း နဲ့လည်းသောက်ဖေါ် သောက်ဖက်ပါ၊ စ သုံးလုံးက လာဒ်ယူလို့ အလုပ်ပြုတ်ခဲ့တဲ့သူပါ သူလာဒ်
Local NGO များတွေ့ဆုံပွဲ Inyalake Hotel
သရဖီညွန့် ဥက္ကဌဦအေးသန့် ဒေါက်တာအောင်မြင့် ဒေါ်ဌေးဌေးနိုင်
 ယူခဲ့တဲ့သူဌေးတွေကသူ့ကိုတော်တော်ပြန်ကြည့်ပါတယ် တချိန်ကရပ်ကွက်ကောင်စီစာရေးကနေ စ-သုံးလုံးဝင်ပြီး သူဌေးဖြစ်လာသူပါ လူတော်တယောက်ပါ ထက်ထက်မြက်မြက်လဲ ရှီတာတွေ့  ရပါတယ်၊
စာပေစီစစ်ရေးပိုင်တော့ ဂျာနယ်တစောင်မှာ နာရေးကူညီမူအသင်း(ရန်ကုန်) အကြောင်းတွေ ရေးပါတယ် သူတို့ဒီအသင်းကြီးကို ဘယ်လိုစတင်တည်ထောင်ခဲ့ရကြောင်းတွေပေါ့ အမှန်ကလဲ ဟုတ်ပါတယ် အသင်းကြီးကိုစတင်တည်ထောင်သူတွေထဲမှာသူလဲပါ ပါတယ် အသင်းကြီးကို မတရားသိမ်းပိုက်လိုက်တယ်ပေါ့ အဒီတုံးက သူရေးသာနေတယ် ဘယ်လိုမတရားသိမ်ခဲ့သလဲ ဆိုတာသူမသိပါ ကျွန်တော်တို့ဘက်ကတော့ ဂျာနယ်တွေမှာ ပြန်လည်ရေးသားခွင့်မရပါ အသင်ရဲ့ သတင်းတွေကို ဂျာနယ်လစ်တွေကသာတင်ပေးမှရပါတယ် ဒါနဲ့ အသင်းရဲ့  ဒုဥက္ကဌ ကိုဝင်းမောင် က ဒုတိယဗိုလ်ချုပ်မူကြီးမောင်အေး ထံစာရေးပါတယ် စာပေစီစစ်ရေးက ညွန်မူဗိုလ်မူအေးထွန် ရဲ့ ဘက်လိုက်မူတွေကိုရေးပါတယ် အဲဒီစာက ဗိုလ်မူအေးထွန် ထံရောက် ပြီး ဒုဥက္ကဌ ကိုဝင်းမောင် ကိုအသင်းကဖြုတ်ဖို့ကြိုးစာပါတယ် ကြိုးစားပုံကဒီလိုပါ ဂျာနယ်လစ်တွေကိုခေါ်ပြီးပြောတယ် အမှန်ကတော့ဖိအားပေးတာပါ နာရေးကူညီမူအသင်း(ရန်ကုန်)က တာဝန်ရှိသူတွေကိုပြောဖို့ ကိုဝင်မောင်ကို ဖြုတ်မပြစ်ရင် အသင်းကြီးရဲ့  သတင်းတွေကို ဘယ်ဂျာနယ်မှာမှ ထည့်ခွင့်ရမှာ မဟုတ် ဆိုတာပဲ တိုက်ဆိုင်ချင်တော့ ဂျာနယ်စာစောင်တွေမှာ အသင်းကြီးရဲ့ သတင်းတွေက နောက်အပါတ်စာစောင်တွေမှာပါဖို့ အဆင်သင့်ရိုက်ထားပြီးသာဖြစ်နေကြတယ် ညတွင်းချင်ပဲ ဂျာနယ်လစ်တွေဖြစ်တဲ့ ကိုမြတ်ခိုင် ကိုဟိန်လတ် ကိုဝင်းငြိမ် စတဲ့ ဂျာနယ်လစ်ခေါင်ဆောင်တွေ စုပြီး ဥက္ကဌဦးအေးသန် အိမ်သွားအုပ်လိုက်သွားကြပါတယ် ဦးအေးသန့် ကို ဒုဥက္ကဌကိုဝင်းမောင် ကိုဖြုတ်ပေးဖို့ဝိုင်းပြောကြပါတယ် ဆရာဦးအေးသန့် ကအင်မတန်ရိုးသားပါတယ် အရောင်းစာရေး ကနေ ကုန်သွယ်ရေးဌာနမှာ ညွန်ချုပ်အထိရအောင်ကြိုးစားခဲ့သူပါ အသင်းစတင်တည်ထောင်သူ တွေလက်ထဲမှ ကိုကျော်သူ အပါအဝင်ကျွန်တော်တို့(Volunteer) များကအသင်းကိုစတင် တာဝန်ယူသည့် အချိန် ၂၀၀၃ -ခုနှစ်ကစလို့၂၀၀၇-နာဂစ်မုန်တိုင်အထိဦးဆောင်ခဲသူပါ ဆရာဦအေးသန့် ၏ဝန်ထမ်းအတွေ့အကြုံတွေက အသင်းကြီကိုစည်းကမ်းတကျဖြစ်စေခဲ့ပါတယ်၊
် ဆရာဦအေးသန့်က ခေါင်ညိတ်သဘောတူလိုက်ပါတယ် သဘောတူလိုက်ရသည့်အကြောင်း ကလည်း ဆရာကဝန်ထမ်းဖြစ်ခဲ့လို့ အစိုးရနဲ့ ပြဿနာမဖြစ်ချင်လို့ရယ် နောက်တခုက စာနယ်ဇင်းသမားတွေကသူတို့ သူတို့အသင်၏သတင်းတွေကိုနောက်အပါတ်စာစောင်များမှာ ထည့်ဖို့အဆင်သင့်စားများရိုက်ပြီးနေကြောင်း ငွေသိန်းချီနစ်နာရမည်ဖြစ်ကြောင်း ပြော၍ အားလုံး အသိတွေဖြစ်နေသည့်အတွက် မျက်နှာနာပြီး သဘောတူလိုက်ရတာ ဖြစ်ပါတယ်၊
မနက်ရုံးရောက်မှ ကျွန်တော်တို့လည်းသိရပါတယ် အဒီနေ့ပဲ ချက်ချင်းအစည်းအဝေးခေါ်ပြီး ဒုဥက္ကဌကိုဝင်းမောင် ကိုမဖြုတ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ် စားနယ်ဇင်းတွေရဲ့  ငွေများဆုံးရှုံးမူ အတွက်တောင်ပန်ခဲ့ပေမဲ့ ခင်မင်မူတွေတော့ပျက်ပြားခဲ့ရပြီး အဒီအချိန် ၂၀၀၃- နှစ်ကုန်ကာနီကစ ၍ ဂျာနယ်စာနယ်ဇင်းများမှာ နာရေးကူညီမူအသင်း(ရန်ကုန်)၏ သတင်းများမပါတော့ပါ ခု ၂၀၁၀ခုနှစ်မှာတော့ပြန်ပါနေပါပြီး ၈-နှစ်ကြားခဲ့ပါသည် ဒါကိုကြည့်မယ်ဆိုရင် စာနယ်ဇင်လောကရဲ့  အခြေအနေကိုသိနိုင်ပါတယ်၊
ကျွန်တော်ဖြစ်စေချင်တာကတော့ ဘာတွေပဲမကောင်းတာတွေ မဟုတ်ထာတွေလုပ်နေပါစေ ဒါတွေ နေရာတကာမှာလုပ်စားနေသူတွေအကြောင်း အမှန်တရားတွေကို မဖေါ်ထုတ်ပဲ မိမိတို့အဖွဲ့အစည်းကောင်းဖို့ မိမိတို့လူထင်ပေါ်ဖို့ကိုသာ ရေးသား ငွေရဖို့ သတင်းလုပ်စားသူတွေကြောင့် ပြည်သူတွေသတင်းအမှန်တွေမသိပဲ သေသူသေ ဒုခရောက်သူရောက် ဖြစ်နေတာအများကြီးတွေ့ရပါသည် ပြည်သူပြည်သားတွေ အမှန်တရားတွေသိအောင်ရေးသော သတင်းသမားများအဖြစ် ဝိုင်းဝန်းလုပ်ဆောင်ကြပါစို့လိုတိုက်တွန်းနိုးဆော်လိုက်ပါသည်။
Read More...
Blog Widget by LinkWithin