ဤမှာမြေပြင် မြစိမ်းဆင်လျှက် ကောင်ကင်မိုးဝယ် နီလာချယ်၍ အိုဘယ့်လူသား နှစ်ရောင်ကြားဝယ် ခန့်ညားပေစ ခန့်ပေစ၊
Showing posts with label IT သုတ. Show all posts
Showing posts with label IT သုတ. Show all posts

Thursday, May 9, 2013

သတင်းအင်္ဂါရပ်များ.....

.သတင်းအင်္ဂါရပ်များ.....

ဘာဖြစ်တာလဲ (What)
ဘယ်သူဖြစ်တာလဲ (Who)
ဘယ်တုန်းကဖြစ်တာလဲ (When)
ဘယ်နေရာမှာဖြစ်တာလဲ (Where)
ဘာကြောင့်ဖြစ်တာလဲ (why)
ဘယ်လိုဖြစ်တာလဲ (How)

(၁) တင်ပြတဲ့ စာနဲ့ လိုက်ဖက်တဲ့ ရုပ်ပုံ ပါရှိရပါမယ်။

မိမိတင်ပြတဲ့ အကြောင်းအရာဟာ တင်ပြလိုတဲ့ ဓာတ်ပုံ ပါသင့်ပါတယ်လို့  မှတ်ချက်ပြုချင်ပါတယ်။ မဂ္ဂဇင်း လို စာအုပ် တစ်အုပ်မှာ ကဗျာ ရေးတာ ပဲ ဖြစ်ဖြစ်၊ ဆောင်းပါးရေးတာပဲ ဖြစ်ဖြစ် ဘယ်နေရာမဆို လိုက်ဖက်တဲ့ ရုပ်ပုံများကို ထည့်သွင်းကြတာ စာဖတ်သူကို ဆွဲဆောင်စေဖို့  တစ်ခုတည်းသော ဖော်ညွန်းချက်အနေနဲ့  သုံးကြတာကို တွေ့ ကြမှာပါ။

သတိပြုရမှာက . မိမိတင်ပြတဲ့ စာနဲ့ လိုက်ဖက်တဲ့ ပုံတွေသာ ဖြစ်ပါစေ ။ Business အကြောင်း ဆောင်းပါးရေးရင် အလုပ်လုပ်နေတဲ့ ဆွေးနွေးနေတဲ့ ရုံးဝန်ထမ်းပုံနဲ့ လူပုံ ထည့်တာ သူတို့ ဒီစာကို ဖော်ညွန်းချင်တယ်ဆိုတာ သဘောပေါက်စေချင်လို့ ပဲ ဖြစ်ပါတယ်။ တင်ပြပုံနဲ့ မဆိုင်တဲ့ ရုပ်ပုံ ထည့်ခြင်းကတော့ မပြုသင့်ပါဘူး..။
ဥပမာ အချစ်ကဗျာတစ်ပုဒ်ကို ရေးပြီး တင်လိုက်ရင် အချစ်နဲ့ ပတ်သတ်တဲ့  Romance ပုံလေးတွေသာ ဖြစ်သင့်ပါတယ် ။မဆီမဆိုင် တင်ပြသူ မိမိရဲ့  ဖလမ်းဖလမ်းထနေတဲ့ ပုံနဲ့ တွဲပြီး တင်ပြတာတော့ မဖြစ်သင့်ပါဘူး။ အဓီက ကတော့ မိမိတင်ပြလိုတဲ့ အကြောင်းအရာ နဲ့  မဆီလျှော်တဲ့ ပုံ မဖြစ်သင့်ပါ။

(၂) တင်ပြတဲ့သူ နာမည်ပါရပါမယ်။

စာပုဒ် အဆုံးမှာ ဘယ်သူ ဘယ်ဝါ ဖြစ်ပါတယ် ဆိုတာလေး ထည့်သွင့်ပေးပါ ။ ဒါ မိမိရေးထားတဲ့ ဟာဆိုပြီး အသိအမှတ်လေးတော့ ပြုခံဖို့ သင့်ပါတယ်။ ပြီးတော့ ဘယ်သူ ဘယ်ဝါ ရေးတယ်ဆိုတာ လေးထည့်ထားတော့ စာဖတ်သူများက ဘယ်သူရေးထားတဲ့ စာပါလားဆိုပြီး စိတ်ထဲ စွဲနေမယ့် အပြင် စာရေးသူတိုင်းဟာ မိမိရေးသားတဲ့အကြောင်းအရာကို မိမိတာဝန်ယူရမှာ ဖြစ်သည့်အတွက် ဖြေရှင်းချက်တွေ ဘာတွေ ရှိလာရင် ထိပ်တိုက်ရင်ဆိုင်နိုင်မှာ ဖြစ်ပါတယ် ။

ဥပမာ ..မိမိရေးသားမှုကို ကော်ပီကူးရေးသားမှုများ ရှိလာရင် ဖြေရှင်းနိုင်မည့် အပြင် ရေးသားသူ ဘယ်သူ ဘယ်ဝါဆိုတာ ပါတဲ့အတွက် သဘောကျတဲ့ Online Media က ဖော်ပြလိုလျှင် မိမိဆီကို တိုက်ရိုက်ဆက်သွယ်လာနိုင်တဲ့ Marketing တစ်မျိုးဖြစ်လာနိုင်ပါတယ်။

(၃) မိမိကိုယ်ပိုင်ရေးသားချက် မဟုတ်ရင် ကိုးကားချက် ( Credit ) ထည့်သွင်းရပါမယ်။

ဘာသာပြန်ရေးသားသူများ သတိထားစရာပါ ။ အွန်လိုင်းကနေ ခပ်တည်တည်ကောက်ပြီး ဘာသာပြန်လိုက်တယ် ။ နောက် ကိုယ့်နာမည်ကြီး ကောက်တပ်ပြီး မိမိရေးသည်တို့  ဘာတို့  မလုပ်သင့်ပါဘူး ။ ဘယ်ဆိုက်ကနေ ကူးယူပြီး ဖော်ပြပါတယ် ။ ကိုးကားပါတယ် ဆိုတာလေးတော့ မူရင်း တင်ပြသူကို လေးစားတဲ့အနေနဲ့ ထည့်သွင်းသင့်ပါတယ် ။ ဒါကလည်း မီဒီယာ Ethic တစ်ခု ဖြစ်ပါတယ်။

(၄) စကားပြေ အရေးအသားနဲ့ စကားပြောဟန် အရေးအသားကို သတိပြု ခွဲခြားတက်ရပါမယ်။

Social Media မှာ ရေးသားကြတဲ့စာများဟာ သတင်းစာများ ၊ ဂျာနယ်များ အတွက် ရေးတဲ့ စာများ မဟုတ်ပါ ။ ထို့ အတွက် ဖတ်ရင် စိတ်ဝင်စားမှု ရှိအောင် ဘယ်လိုနည်းနဲ့ ရေးမလဲဆိုတာ ကိုယ်တိုင် ဆုံးဖြတ်ရမှာ ဖြစ်ပါတယ် ။ ဒါကတော့ ကိုယ်ဘယ်လို နဲ့ ဘယ်လိုင်းသွားတယ်ဆိုတာ အပေါ်မူတည်ပါတယ်။ Social Media ကို သုံးသူများဟာ ၅ မိနစ်ထက် ပိုတဲ့ တင်ပြချက်ကို ဖတ်ရှုဖို့ စိတ်ဝင်စားမှု နည်းကြတယ်လို့ သိရပါတယ်။ ဒါကြောင့် ဘယ်လိုအရေးအသားက ငါးမိနစ်လောက်မှာ မိမိပေးချင်တဲ့ Message ကို ပေးမယ် ။ စာဖတ်သူကို ဆွဲဆောင်နိုင်မယ်ဆိုတာ သတိချပ်စရာပါ ။

(၅) ပြန်စစ်ပါ ၊ ပြန်ဖတ်ပါ

Article တစ်ခုကို ရေးပြီးသွားပြီး ဆိုရင် ပြန်စစ်ဖို့ ကတော့ မမေ့ သင့်ပါဘူး ။ မိမိပြန်ဖတ်ကြည့်ရင်း ကိုယ်သာ စာဖတ်သူဆိုရင် လို့  ခံစားပြီး ဖတ်ပေးပါ ။ ဒါမှ လိုတာတွေ ပိုတာတွေ တွေ့ မှာပါ ။စာလုံးအဖြတ်အတောက် မှန် မမှန်တွေ ၊ အထားအသို နဲ့  စင်းလုံးချောမချောကို ကြည့်ပါ။ ရေးထားတာတော့ ပြီးသွားပါပြီ မိမိပေးချင်တဲ့ အကြောင်းအရာ ပေါ်မပေါ်ကလည်း ပြန်ဖတ်ရင်း ဆန်းစစ်သွားပါ ။

(၆) ဖန်တီးမှု နဲ့ Article

တစ်ခါတလေ အသစ်အဆန်းလေးတွေ မပေးနိုင်တဲ့ တင်ပြပုံကို စာဖတ်သူများဟာ ငြီးငွေ့ တက်ကြပါတယ် ။ အထက်ပါ ဖော်ပြပါ အချက်များနဲ့ လည်း ကိုက်ညီင်္ပြီး လန်ပျံနေအောင် ရေးနိုင်ပေမဲ့ လူတွေဟာ အသစ်အဆန်းကို မှ ကြိုက်တာ ထုံးစံပါ ။ တခါတလေ ဖြစ်နိုင်ရင် စာဖတ်သူနဲ့ စာရေးသူ ဆွေးနွေနိုင်တဲ့ အစီအစဉ်လေး တွေ Feedback ပြန်ပေးနိုင်တဲ့ အစီအစဉ်လေးတွေ လုပ်သင့်ပါတယ် ။

ဘာလို့ လဲဆိုတော့ လူတွေ ဘာလိုနေတယ်ဆိုတာ သိပြီး အသစ်အဆန်းတွေ ဖန်တီးပေးနိုင် တဲ့ အချမ်းသာဆုံး Technical Company များဟာ Apple တို့  Facebook တို့ ဘာလို့ ဖြစ်နေရသလဲဆိုတာ သဘောပေါက်ရပါမယ်။ကျနော်တို့ ရှေ့ ဆက်ဘယ်လိုပုံလေးတွေ
ဖန်းတီးမယ်ဆိုတာ ကျနော်တို့ ကိုယ်တိုင် ရှာဖွေ၍ သော်လည်ကောင်း ၊ Survey ဆင်း၍ သော်လည်ကောင်း ၊ အဖွဲ့ လိုက် လေ့လာ၍ သော်လည်ကောင်း ဖန်တီးနေရင် ထိုအတွက် Burning Desire ဖြစ်နေရမည် ။



By Freddy

Read More...

Blog အကြောင်းသိကောင်းစရာ

.


Blog အကြောင်းသိကောင်းစရာ

Blog ဆိုသည်မှာ Web Log ၏ အတိုကောက်ဖြစ်သည်။ ဂျွန်ဘာဂါဆိုသူက Weblog ဟူသော စကားလုံးကို ၁၉၉၇ ဒီဇင်ဘာလတွင် သူ၏ website ဖြစ်သော www.robotwisdom.com တွင် စတင်ဖော်ပြခဲ့ပါသည်။ ၁၉၉၉ခုနှစ်တွင်Peter Merholzဆိုသူက Web က B နဲ့ L...og မှ Log ကိုပေါင်းစည်းပြီး Blog ခေါ်တွင်ရာမှ Blog ဟူသော စကားလုံးပေါ်လာခြင်းဖြစ်သည်။ SwarthmoreCollege တွင် ပညာသင်ကြားနေသော Justin Hall ဆိုသူက ၁၉၉၄ ခုနှစ်တွင် Justin’s Links from the Underground ဟုအမည်ရသော သူ့၏ ကိုယ်ပိုင်Blog www.links.net ကိုစတင်တည်ထောင်ခဲ့သည်။

ယနေ့ ခေတ် Bloggerများက သူ့ ကို Blogger များ၏ ဘိုးအေအဖြစ်ယူဆကြသည်။၂၀၀၄ ၊ခုနှစ်၊ ဒီဇင်ဘာလထုတ် နယူးယောက်တိုင်း မဂ္ဂဇင်းတွင် The Founding Father of Personal Blogging အဖြစ်ဖော်ပြခဲ့သည်။ Blogသည် အင်တာနက် စာမျက်နှာအမျိုးအစားတစ်ခုဖြစ်သော်လည်း မိမိတင်ထားသော Post များ၏ အချိန်၊နေ့ရက်၊အမျိုးအစားများကို စနစ်တကျ ဖော်ပြပေးနိုင်စွမ်းရှိသည်။ Blog တစ်ခုဖန်တီးရန် Web Programming Language များကို အထူးတလည် ကျွမ်းကျင်စရာမလိုပေ။ အခမဲ့အသုံးပြုနိုင်သော Blogger, WordPress စသော Blog Hosting များတွင် အလွယ်တကူ ၀င်ရောက်ရေးသားနိုင်သည်။ထိုသို့ သော Blog Hosting များတွင် မိမိတို့ ၏ ခံစားချက်၊အတွေးအမြင်၊အတွေ့ အကြုံ၊နည်းပညာများကို ပြန်လည်မျှဝေရေးသားသူများကို Blogger များဟု သတ်မှတ်ကြသည်။ထို့ ပြင် မိမိ၏ Blogကို မိမိတစ်ဦးတည်းသာမြင်တွေ့  အသုံးပြုနိုင်သော ကိုယ်ပိုင် ဒိုင်ယာရီတစ်ခုအဖြစ်လည်းအသုံးပြုနိုင်သည်။ယခုအခါ Blog Host တစ်ခုတွင် Bloggerများ စုပေါင်းပြီး ၀ိုင်းဝန်းရေးသာခြင်းမျိုးကို Multi Blogging ဟုခေါ်သည်။ ဥပမာ mmsocialsky.com Blog တွင် သာမန်စာလုံးသက်သက်သာပါသော Post များသာမက ဓာတ်ပုံများ၊ဗီဒီယိုများ၊သီချင်းများနှင့် အခြား ဖိုင်များကိုပါ အကန့် အသက်ဖြင့်ဝေမျှခြင်းပြုနိုင်ကြသည်။ 2008 ခုနှစ်သည် မြန်မာနိုင်ငံတွင် Blog ယဉ်ကျေးမှု ကျယ်ကျယ်ပြန့် ပြန့် ထွန်းကားသောနှစ်ဖြစ်ခဲ့သည်။သို့ သော် နောက်ပိုင်းတွင် နိုင်ငံရေး Blog များပိုမို အောင်မြင်လာသောအခါ စစ်အစိုးရမှ Blog များကို ပြည်တွင်းမှ အသုံးမပြုနိုင်အောင် ပိတ်ပင်ခဲ့သည်။Blog သည် ကောင်းကျိုးများစွာကိုပေးစွမ်းနိုင်ပြီး ၂၁ရာစု၏ အကောင်းဆုံးသော Knowledge Share Center ကြီးဖြစ်သည်။ သို့ သော် Blog သည် ဆိုးကျိုးများစွာပေးသည့် အခါလည်းရှိသည်။ အချို့ သော Blog များသည် ကောလဟလ သတင်းမှားများ ထုတ်လွင့်ခြင်း၊ နိုင်ငံရေးအရသော်လည်းကောင်း၊ဘာသာရေးအရသော်လည်းကောင်း၊လူမျိုးရေးအရသော် လည်းကောင်းပုတ်ခတ် ရေးသားခြင်း၊ညစ်ညမ်း Post များတင်ခြင်း၊သွေးထိုး လှုံဆော်ခြင်းစသည်တို့ ကြောင့် Blog လောကတွင် ဆိုးကျိုးများဖြစ်ပေါ်စေသည်။မည်သို့ ပင်ဖြစ်စေ ယနေ့  IT လောကတွင် Blog ယဉ်ကျေးမှုသည် နေ့ စဉ်နှင့်အမျှ ဆက်လက်တိုးတက်နေဦးမည်သာဖြစ်သည်။

By Tin Ko Ko

Read More...

Blog Widget by LinkWithin