ဤမှာမြေပြင် မြစိမ်းဆင်လျှက် ကောင်ကင်မိုးဝယ် နီလာချယ်၍ အိုဘယ့်လူသား နှစ်ရောင်ကြားဝယ် ခန့်ညားပေစ ခန့်ပေစ၊
Showing posts with label မဲဆောက် ပုံပြင် များ. Show all posts
Showing posts with label မဲဆောက် ပုံပြင် များ. Show all posts

Saturday, December 12, 2009

ကျောင်းဆရာနှင့်လွတ်တော်ကိုယ်စလှယ် မဲဆောက်ပုံပြင်များ(၄)

မဲဆောက်မြို့ က မဲဆောက်ဈေးအတွင်းမှာရှိတဲ့ နတ်စင်လမ်းမှာ ဆင်းနှစ်ကာင် လ္ဘက်ရည်ဆိုင်ရှိပါတယ် အဲဒိလ္ဘက်ရည်ဆိုင်မှာ ဈေးသက်သာသလို မြန်မာ့အစားအသောက်ကောင်းလေးတွေ ရှိပါတယ် ချင်စပ်ခေါက်ဆွဲ သုတ် ပေါင်မုန့်နို့ဆမ်း ထမင်းဟင်း တခါပြင်(၁၀)ဘတ် ဟင်းတထုတ်(၅)ဘတ် စတဲ့အစားအသောက်တွေရှိပါတယ် ကျွန်တော်လည်း မကြာခဏ သွားရောက်စာလေ့ရှိပါတယ် အဓိက ကချွေတာရေးလုပ်ရတာပါ
င်္နိုင်ငံရေးသမားတွေ ကျောင်သားတွေ အလုပ်သမားတွေ နိုင်ငံရေးသမားအမည်ခံသူတွေ နိုင်ငံရေး လုပ်စားသူတွေ မဲဆောက်မှာရောက်နေတဲ့ မြန်မာအားလုံး လာရောက်စားသောက်ထာတွေ့ ရပါတယ်
၂၀၀၈ ထဲကနေ့တနေ့မှာပါ ကျွန်တော်အဲဒီဆိုင်က စားပွဲတခုမှာ ချင်စပ်ခေါက်ဆွဲသုတ် စားနေပါတယ် တယောက်ထဲပါ အဲဒီအချိန်မှာ အဝတ်အစားနွမ်းဖတ်ဖတ် အားအင်ချိနဲ မောပန်းနေဟန်ရှိတဲ့ အသက် ၅၀-ခန့်ရှိ မြန်မာပြည်သားတယောက်အသက် ၁၀-နှစ်ကျော်ခန့် ယောက်ကျားလေးနှင့်အတူ ကျွန်တော်စားနေတဲ့စားပွဲမှာ လာရောက်ထိုင်ပြီးလ္ဘက်ရည် ၂-ခွက်မှာသောက်ပါတယ် ကျွန်တော်နှင့်ရွယ်တူခန့် ဖြစ်သော်လည် ကျွန်တော်ကစတင်၍ အကိုဘယ်ကလာတာလဲဆိုပြီး စတင်မိတ်ဆက်ပါတယ် ကျွန်တော့ကို သေသေချာချာ
ကြည့်ပါတယ် ကျွန်တော်လဲလေးလေးစားစား ပြန်ကြည့်ပါတယ်၊ ကျောင်းဆရာတယောက်ဖြစ်ကြောင်း ဇနီး လဲကျောင်းဆရာမ တယောက်ဖြစ်ကြောင်း သားသမီး ၂-ယောက်ရြှိကြောင်းပြောပါသည်။
သထုံမြို့ ကဖြစ်ပြီး ကျောင်းဆရာလုပ်သက် နှစ် ၃၀-ခန့်လုပ်ခဲ့ကြောင်းသိရပါသည် ကျွန်တော့အနားကပ် ၍ ရသည့်ငွေဖြင့် မစားလောက် ငတ်၍ ဒီမှာကျောင်းဆရာအလုပ် လာရှာခြင်းဖြစ်ကြောင်း မြန်မာပြည်သား အလုပ်သမားများအတွက် ဖွင့်ထားသည့် ကျောင်းတွင်ဆရာအဖြစ်ရရှိမည်ဖြစ်သည်ဟုသိရပါသည်၊
မြန်မာပြည်တွင် ကျောင်းဆရာ အများစု ရသည့်လစာဖြင့်မလောက်ြမင ဖြစ်နေပုံများနှင့်ကျောင်းသား မိဘများလည် ကျောင်စရိတ် အတွက် ခက်ခက်ခဲခဲ ရှိနေပုံများကို ပြောဖြစ်ကြပါသည်၊ ကျွန်တော်တို့ငယ်ငယ်က သင်ကြားပေးခဲ့သော ကျောင်းဆရာကြီးများ၏ ယခုရနေသော ပင်စင်လစာသည် ၆၀၀-၁၀၀၀ ကျပ်ခန့်သာရရှိ ကြသည်ဖြစ်၍ အလွန်ခက်ခက်ခဲခဲ ဘဝကိုရပ်တည် နေကြရကြောင်းများကို သူ့အတွေ့အကြုံ ကိုယ်အတွေ့ အကြုံ များကို ပြောဆိုဖြစ်ခဲ့ကြပါသည်၊
ကျွန်တော်လည် ဆရာ ဒီက ကျောင်းတကျောင်းတွင် ကျောင်းဆရာအလုပ်ရမည်ဆို၍ ဝမ်းသာပါကြောင်း ကျွန်တော်သိသလောက် တလ လစာ ဘတ် ၂၅၀၀-၃၀၀၀ ခန့် ရနိုင်ပါကြောင်း အားပေးခဲ့ပါသည်။
ကျောင်းဆရာတွေကို ကျွန်တော်တို့ ခောတ်က အသက် ၅-နှစ်လောက်ကျမှစတင်တွေကြရတာပါ ကျွန်တော်တို့ ဘဝတွေကို ကျောက်သွေသလို စတင်အရောင်တင်ပေးမဲ့ မိဘနဲ့ တဂိုဏ်ထဲပြတဲ့ဆရာတွေဖြစ် ကြပါတယ်၊ မူလတန်မှာစတင်တွေ့ ရတဲ ဆရာများဟာအလွန်အရေးကြီးသလို အတန်းတိုင်းမှာတွေ့ ကြရတဲ့ ဆရာအားလုံးအရေးကြီးပါတယ် ဘယ်မှဘဲတွေ့ တွေ့  ဘဝတလျောက်လုံးမှာ တွေ့ ခဲ့သင်ကြားပေးခဲ့တဲ့ ဆရာတိုင်း မိမိတို့ ဘဝတိုးတက်ဖို့  အောင်မြင်ဖို့ နည်းလမ်းပေခဲ့ သွန်သင်ခဲ့ တဲ့ဆရာတွေသာဖြစ်ပါတယ်။
ကျွန်တော်မူလတန်း အကြောင်းတော့ပြောပါရစေ ကျွန်တော်တို့မြို့ ကလေးဟာ ရန်ကုန်-ပြည် ကြားမှာရှိပြီး ရထားလမ်း-ကားလမ်း ၂-ခုစလုံး ဖြတ်သွားတဲ့မြို့ ဖြစ်ပါတယ် ကျွန်တော်ဟာအိမ်နားနီးတဲ့ မူလတန်းကျောင်းမှာ မနေရဘဲ အိမ်နဲ့ မီးနစ် ၂၀-လောက်ဝေးတဲ့ မူလတန်းကျောင်းနှင့် တွဲဖက်ထားသည့် အစိုးရအလယ်တန်း
ကျောင်းမှာ သွားနေ့ရပါတယ်၊ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော့မွေးစား အမေးကအလယ်တန်းကျောင်းမှာ
ကျောင်းအုပ်ဆရာမကြီး ဖြစ်နေလို့ ပါဘဲ အမည်က ဒေါ်သန်တင် လို့ ခေါ်ပါတယ် ကျွန်တော်ကစစ်ကိုင်းမေမေ
လို့ ခေါ်ပါတယ် ဘာကြောင်လဲဆိုတော့ စစ်ကိုင်းမြို့ သားနဲ့ အိမ်ထောင်ကျလို့ပါ စာရေးဆရာမကြီး ဒေါ်နီနီယဉ် ၏အကိုအရင်းဖြစ်ပါတယ် ။
အလယ်တန်းကျောင်က မီးရထားလမ်းဘေးမှာရှိပါတယ် အဂ်လိပ်ခောတ်က သစ်မာ ကပျဉ်းကတိုး နှင့်ဆောက် ထားတာပါ အုတ်ကျွတ်မိုးပါတယ် ပေ ၂၀၀*၆၀ အုတ်ခုံပေါ်မှာဆောက်ထာပြီး အောက်ထပ်မှာ ရုံးခန်းတခုအပါ အဝင် စာသင်ခန်း ၁၄ ခန်းရှိပါတယ်အပေါ်ထပ်မှာဟောခန်းမကြီးတခန်းအပါအဝင် စာသင်ခန်း ၆-ခန်းရှိပါတယ် အလယ်တန်းကျောင်းအဖြစ်သုံးပါတယ် နောက်ဖက်မှာဘောလုံးကွင်းရှိပါတယ်ဘေးဖက်မှာ အားကစားရုံ ပြီးလျှင်မူလတန်းကျောင်းအဆောက်အဦး ရှိပါတယ် အုတ်ခုံပေါ်မှာ ထရံကာသွတ်မိုး အဆောက်အဦးပါ ဆရာ ဆရာမတွေကို ကြောက်ရပြီးချစ်လဲချစ်ခင်ပါတယ် လေးတန်မှစာပြတဲ့ဆရာ ဦးဘချစ် လို့ခေါ်ပါတယ် ကျွန်တော်အမေ သင်ခဲ့ရတဲ့ ဆရာဖြစ်ပါတယ် စာသင်နေစဉ် အပြစ်ပေြး့ပီဆိုလျှင် ဇက်ပိုးကိုအုပ်ပါတယ် ကျောင်းနံရံထရံနှင် သွားဆောင့်တတ်ပါတယ် ဒါပေမဲ့ဆရာ့ကိုချစ်ကြောက်ရိုသေပါတယ်၊ာက ဆရာအားလုံးဟာ မိမိတို့ တပည့်များရဲ့ အောင်မြင်မူများကို ဂုဏ်ယူပြီး ပီတိကိုစားသုံးနေကြသူများ ဖြစ်ပါတယ် အင်မတန်နည်းပါတဲ့ ပင်စင်လစာလေးနဲ့ ပြစ်ပယ်ခံထားရတာ အင်မတန်ဝမ်းနည်းစရာကောင်ပါတယ်
ကျွန်တော်တို့နိုင်ငံက တော်တော်ထူးဆန်းပါတယ် စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး (မဆလ)ခောတ်က လယ်သမား
တော်တော်များများ စပါစိုက်ပြီး အစိုးရကို စပါးမသွင်းနိုင်လို့ ထောင်ကျကြရပြီး စားသုံးဖို့ဆန် မရှိဖြစ်ခဲ့ ရပါတယ် လစာတွေအကြိမ်ကြိမ် တိုးပေးခဲ့တာ သိခဲ့ကြားခဲ့ရပါထယ် ပင်စင်လစာတိုးပေးတာ တခါမှမရှိသေးပါ တချိန်က တိုင်ပြည်အတွက်ကျရာနေရာက တာဝန်ထမ်းဆောင်ခဲ့တဲ့ ပင်စင်စားအားလုံး ဒုခရောက်လျှက်ရှိပါတယ်၊ ကျွန်တော်ကကျောင်းဆရာအလုပ်နဲ့ အမြဲဝေးခဲ့ရပါတယ် ၁၀-တန်းအောင်လို့နယ်မှာ သူငယ်ချင်တွေကျောင်း ဆရာအလုပ်တော်တော်များများဝင်လုပ်ကြတာတွေ့ရပါတယ်၊ မဲဆောက်မှာလဲ ရှုပဗေဒ ပြဖို့တခါ မြန်မာစာပြဖို့ တခါ ကျောင်ဆရာအလုပ်ရရှိသော်လည်း မိမိထက်အခက်အခဲရှိပြီး မိမိထက်တော်တဲတတ်သူကို အသွားအပြန် တနာရီခွဲကြာတဲ့ ခရီကို လမ်လျှောက်ပြီးပို့ဆောင်ကာ ဆရာအလုပ်ကိုရအောင်လုပ်ပေးခဲပါတယ်၊

Read More...

Tuesday, June 16, 2009

ဒေါ်အောင်ဆန်းစုကြည် ၆၄-နှစ်မြောက် မွေးနေပွဲ မဲဆောက်ပုံပြင်များ( ၃ )

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲကိုဘာကြောင့် မြန်မာနိုင်ငံသူ နိုင် ငံသားများ ပြည်တွင်း ပြည်ပမှား အာတက် သရော ကျင်းပပွဲများပြု့ လုပ်ကြပါသလဲ။
ဗိုလ်ချုပ်အောင်ဆန်သည် မြန်မာနိုင်ငံ အမျိုသားခေါင်ဆောင် လွပ်လပ်ရေးဖခင် ပြည်သူပြည်သာများ ချစ်ခင်လေးစား ကြည်ညိုသော ကမ္ဘာသိခေါင်ဆောင် ဖြစ်ခဲ့ပါသည်။
သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း မြန်မာပြည်သူ ပြည်သာများက ပြည်သူပြည်သားများ မျက်နှာကို ကြည့်၍ မြန်မာပြည် တိုးတက်အောင် သာယာဝပြောအောင် စည်းလုံးအောင် ယနေ့ခံစားနေကြရသည့် ဒုခ ဆင်းရဲ အပေါင်းမှ စစ်အာဏာရှင်များ လက်အောက်မှ လွတ်မြောက်ပေးနိုင်မည့် ဒုတိယလွတ်လပ်ရေး (ဒီမိုကရေစီ) ခေါင်ဆောင်အဖြစ် ရင်ထဲနှစ်လုံးသားထဲက ယုံကြည်အားထား လေးစားသောကြောင့် ဇြစ်ပါသည်။
ကျွန်တော် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲကို ထိုင်းနိုင်ငံ မဲဆောက်မြို့ တွင် ၂၀၀၈-ဇွန်လတွင်တခါ၊ယခု ၂၀၀၉-ခုနှစ် ဇွန်လတွင်တခါ၊ကျင်ပရာတွင် ဘေးမှအနည်းငယ် ပါဝင်ကူညီပေး နိုင်ခဲ့ပါသည်။
၂၀၀၈-ခုနှစ်တွင် မဲဆောက်မြို့ တောရကျောင်းတွင် ၆၃-နှစ်မြောက်မွေးနေ့ ရဟန်း ၆၄-ပါး၊ရဟန်းခံခြင်၊ သီတဂူဆရာတော်မှ ၂-ည တရားဒေသနာတော်များ ဟောကြားခြင်းများ ပြု့ ၍ နာဂစ်မုန်တိုင်းအလှူခံခြင်များ တပြိုင်တည်းပြု့ လုပ် ကျင်းပခဲ့ကြပါသည်။
ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသူ၊နိုင်ငံသာများ၏ လှူဒါန်းငွေဖြင့် ပညာရည် ဖွင့်ဖြိုးရန် တည်ထောင်ထားသော မဲဆောက်မြို့  ရှိ (H R D P) လူသားအရင်းအမြစ် ဖွင့်ဖြိုးတိုးတက်ရေး အစီအစဉ်မှ တာဝန်ယူလုပ်ဆောင် လှူဒါန်ပေးခဲ့ခြင်ဖြစ်ပါသည်။
ယခုနှစ် ၂၀၀၉-ခုနှစ် ဒေါ်အောင်ဆန်းစုကြည် ၆၄-နှစ်မြောက်မွေးနေ့ကိုလည်း ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသူ၊နိုင်ငံသားများ၏ လှူဒါန်းငွေ ဂျပန်ယန်း(တသောင်ကျော်) မြန်မာငွေ-သိန်း-၁၀၀-ကျော်ဖြင့် ထိုင်းနိုင်Tak-ခရိုင်မဲဆောက်မြို ဧရိယာအတွင်းရှိ မြန်မာနိုင်ငံသူ၊နိုင်ငံသားများအား မဲဆောက်မြို့ ( H R D P )မှ တာဝန်ယူ၍ ဆန်၊မားမားခေါက်ဆွဲထုတ် ငါးသေတ္တာဘူးသေးတဘူးစီ ပေးဝေခြင်ဖြင့် မွေးနေ့ပွဲကျင်းပ ပြု့ လုပ်မည်ဖြစ်ပါသည်၊ မဲဆောက်မြို့  (HRDP) အဆောက်အဦးတွင် ဇွန်လ-၁၀ရက်နေ့မှစ၍ ဆန်အိတ်များ ရောက်ရှိခဲ့ပါသည်၊ (HRDP)ရုံးတွင် ဆန် ၃-ကီလို၊ မားမားခေါက်ဆွဲ၊ ငါးသေတ္တာ တို့နှင့်အတူ အထုတ်ပေါင်း ၃၀၀၀-ကျော်ထုတ်ပိုးထားပါသည်။
မဲဆောက်မြို့ ထဲတွင် ပေးဝေရန်လုံခြုံရေး အခက်အခဲ ရှိသဖြင့် စက်ရုံ လယ်ယာလုပ်သားများ ရှိသည့် မြို့ ပြင်သို့ ရုံးပိတ်ရက် စနေနေ့ ၂၀.၆.၂၀၀၉ နေ့တွင် သွာရောက်ပေးဝေ လှူဒါန်းရန် အသင့်ပြင်ဆင် ထားပါသည်။
၂၀.၆.၂၀၀၉-နံနက်စောစော ၇-နာရီခန့်တွင် (HRDP) ရုံးသို့ရောက်ပါသည် ဂ-နာရီခန့်တွင် ဆလွန် ကား ၂-စီ ဖြင့် ဆန်ဝေမည့် ကော်ကဆာရွာသို့ထွက်ခဲ့ပါသည် မဲဆောက်မြို့ မှ ၁၅-မိုင်ခန့်ဝေးပြီး မယ်ပသွာ အဝေးပြေးလမ်မကြီးအတိုင် ၁၀-မိုင်ခန့် ညာဘက် မုတ်ဦးတွေလျှင်ချိုး၍ တောင်ခြေ သို့ကတ္တရာလမ်းဖြင့် တောင်တက်တောင်ဆင်း သွားရာတောင်ခြေသို့ မရောက်မှိ ကော်ကဆာရွာ ရောက်ပါသည် ရွာရောက်၍ ရွာနောက်တောင်ခြေတွင် ရေပူစမ်းရှိသည်ကိုသိမှ ၂၀၀၈-ဧပြီလ သင်းကြန်းက ဖင်လန်နိုင်ငံသို ရောက်ရှိနေသော လူငယ်မိတ်ဆွေ မဲဆောက်လာလည်ကာ ကားငှားအကုန်အကျခံပေးသဖြင့် ရေပူစမ်းသွားရာ ထိုရွာသို့ဖြတ်ခဲ့ ရောက်ခဲ့ဘူးခြင်ဖြစ်ပါသည်။
ကော်ကဆာရွာသည် မြန်မာပြည်မြို့ ငယ်တမြို့ ခန့်ရှိပါသည် ရွာလမ်းများသည် ကတ္တရာလမ်းများ ဖြစ်၍ရွာတန်းရှည်မဟုတ်ပါ တောင်ခြေရွာဖြစ်သော်လည်း လယ်ယာလုပ်ငန်း အဓိကဖြစ်ပါသည်၊ အုတ်ကျွတ်မိုးတိုက်အိမ် များသာဖြစ်ပါသည် တအိမ်လျှင်လယ်ယာလုပ်ရန် မြန်မာအလုပ်သမား ၁၀-ယောက်ခန့် ခြံထဲတွင် တန်းရားဆောက်၍ နေစရာပေးထားပါသည် ရွာသူကြီးအိမ် အနီးရှိ လူ ၂၀၀၀-ဆန့် သံပန်သလင်းခင် အုတ်ကျွတ်မိုး စင်မြင့်ရှိ ခန်းမတခုတွင် မြန်မာလယ်ယာလုပ်သား ကျား၊မ၊ကလေးလူကြီး ခန်မအပြည့်ရောက်ရှိနေပါသည် ဆန်ကားလည်ခန်းမရှေတွင် ရောက်ရှိနေပါသည်၊(HRDP) မှတာဝန်ရှိသူများ ခြင်လက်ဆောင်ဖြင့် သူကြီးအိမ်သို့ ဝင်၍ လက်ဆောင်ပေး ဂါရဝပြုပါသည်၊ သူကြီးမှလက်ဆောင်ရယူ၍ ဆုတောင်စကားပြောပါသည်၊ ခန်းမနှင့်အပြင် မြန်မာလယ်ယာလုပ်သား မိသားစု ၂၀၀၀-ကျော်ခန့်တွေ့ရပါသည် ၃-ပုံ တပုံ အလုပ်ဆင်းနေရသည်ဟု သိရပါသည်၊ ရွာသူကြီးမှ အရက်မသောက်ဖို့ ရန်မဖြစ်ဖို လောင်ကစား မလုပ်ဖို့ ညအခါအချိန်မတော် မထွက်ဖို့ပြောပြီး မဲဆောက်မှလာသည့် ဆရာတော်ဦးဏုသာရိရ နှင့် HRDP မှတာဝန်ရှိသူများက ဒေါ်အောင်ဆန်စုကြည် မွေးနေ့အကြောင် ဂျပန်ရောက် မြန်မာမျာ၏ အလှူဖြစ်ကြောင်း ပြောပြီး ဆုတောင် ပေးကြပါသည်။
ဆန်ဝေရသည့်ကိစ္စသည် လွယ်ကူသည်တော့ မဟုတ်ပါ လူငယ်များဝိုင်ဝန် ထိမ်သိမ်းကြပ်မတ် ပေးသဖြင့် နံနက် ၁၁-နာရီခန့်တွင် ပြီးသွားပါသည်၊ ဆန်အိတ် ၂၅၀၀-ပေးဝေဖြစ်ခဲ့ပါသည်၊ ပီတိ ဖြစ်စရာ ဝမ်သာစရာပါ ရသူအားလုံးလဲ ဝမ်သာကြပါသည်၊ သို့သော်----------
ကျွန်တော်တို့မြန်မာတွေ ထိုင်နိုင်ငံမှာ အလုပ်သမားအဖြစ် ထိုင်းနိုင်ငံသားတွေ မလုပ်ထာမှန်သမျှ လုပ်နေရတာ ၂-သန်းကျော်ခန့် ရှိတယ်ဆိုတာ ခုတော့ယုံပါပြီ၊ ကောကဆာရွာ တရွာထဲမှာတောင် မြန်မာ ၅၀၀၀-ခန့် ရှိပါမယ် တချို့ ကလယ်ထဲယာထဲ တဲထိုးနေကြရတာပါ အနီအနာရွာက ကချင်လူမျိုး ကျောင်းဆရာတယောက် လာပါတယ် သူတို့ကျောင်းမှာ မြန်မာကလေး ကျောင်းတက်သူ ၄၀၀-ကျော်ရှိတယ် ဒါတောင်ကျောင်မဆန့်၍ လက်မခံနိုင်တာရှိသေးသည် ထိုင်းစာမြန်မာစာကို ၆-တန်အထိ သင်ပေးသည်ဟုသိရပါသည်၊ အင်မတန်ဆင်းရဲကြပါတယ် လယ်ယာလုပ်သားတွေဟာ တနှစ်မှ ၆-လခန့်သာအလုပ်ရှိပါသည် တနေ့ ဘတ် ၈၀-သာရပါသည် သတ်မှတ်သည်ထက် တဝက်သာရပါသည် အားသည့်ရက် နေ့စားရှာလုပ်ရပါသည် မြန်မာပြည်ထက် ဝဝလင်လင်စားရပြီး ရေမီးမှန်မှန် အဝတ်အစား ကျမ္မာရေးကစ သာ၍ ကျွန်သဖွယ်လာရောက် လုပ်ကိုင်ကြခြင်းဖြစ်ပါသည်၊
၁၉.၆.၂၀၀၉-မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲကို အဖွဲ့အစီးအသီးသီး မိမိတို့အခန်း ကလေးတွေထဲမှာ ဟောပြောပွဲလုပ်လိုက် စာလိုက်ကြနဲ့ တနှစ်မှာနေ့တွေ အများကြီး နေ့တွေ ဖွင့်ပွဲတွေ ကျင်းပကြပါတယ် တခါလာလဲဒီလူတွေ တခါလာလဲဒီလူတွေနဲ့ ဟောလိုက် ပြောလိုက်စားလိုက် နဲပြီးသွားတယ် ဘာမှဖြစ်မလာပါ ဒီနေ့ဒီအချိန်ဟာ မြန်မာ ပြည်သူပြည်သားများ မျက်နှာကိုကြည့်ရမည့် အချိန်ဖြစ်ပါတယ် မရှိအတူတူ ရှိအတူတူ တပေါင်းတည်း မြန်မာ ပြည်သူပြည်သား တွေနဲ့ ထိတွေ့နီးစပ် အကြိုးပြု့  စည်းရုံးနိုင်မည့်
နည်းဗျူဟာ မဟာဗျူဟာပြောင်းဖို့ သင့်ပါပြီ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူပြည်သား မျက်နှာကိုအမြဲကြည့်ပါတယ် ထိတွေ့ပါတယ် နီစပ်မူရှိအောင် တသားထဲဖြစ်အောင် နေပါတယ် စည်းရုံးပါတယ် ပြန်လေ့လာကြည့်ကြပါ ----------
ဒေါ်အောင်ဆန်စုကြည်ကဲ့သို့ လူထုမျက်နှာကြည့်သော လူထုနှင့်ထိတွေ့ စည်းရုံး တသားထဲ တပေါင်ထဲ မရှိအတူတူ ရှိအတူတူ ခေါင်ဆောင်များ အထူးလိုအပ်လျှက် ရှိပါသည်
"ဒေါ်အောင်ဆန်းစုကြည် အရာရာဖြတ်ကျော် အောင်မြင်မည်ဟု ယုံကြည်ပါသည်"





Read More...

Saturday, June 6, 2009

ဘုရားထီးတင်ပွဲ မဲဆောက်ပုံပြင်များ(၂ )

ထိုင်းနိုင်ငံအတွင်း မဲဆောက်မြို့ မှ မိုင် ၂၀ ခန့်အကွာမှာ ဖါဒေ့ အမည်ပေးထားတဲ့ ကရင်ရွာကြီးတရွာရှိပါတယ် သူတိုဟာ လွန်ခဲ့တဲ့နှစ် ၄၀-ခန့်က မြန်မာနိုင်င်္ငအတွင်းမှ ပြည်တွင်းစစ်ကြောင့် လာရောက်နေထိုင်ကြရသော ကရင်လူမျိုး မြန်မာနိုင်ငံသား စစ်စစ်များဖြစ်ကြပါတယ်၊ ခုအချိန်မှာတော့ ဦးစွာပထမ လာရောက်အခြေချ နေထိုင်သော မျိုဆက်များ တဦးစ ၂-ဦးစ ဘဲရှိပါတော့တယ်၊ ထိုင်နိုင်ငံသာ အသိအမှတ်ပြုလက်မှတ်ရ ဒုတိယ မျိုဆက်များသာရှိပါသည်၊ ဖါဒေ့ ဆိုတာ အဖေ့ဘက်ကလို့ ကရင်လိုပြောတာပါ ကရင်ပြည်နယ်ဘက်က ကရင် များကိုဆိုကြောင်း သိရပါတယ် မွန်ဒေ့ ဆိုတာ အမေ့ဘက်ကလို့ ကရင်လိုပြောတာပါ မြစ်ဝကျွန်းပေါ်က ကရင် များကိုဆိုကြောင်း သိရပါတယ်။
အရှင်ဦးကောဝိဒ ဆရာတော်ဟာ ရန်ကုန်မြို့  လမ်းမတော်မြို့ နယ်ကဖြစ်ပြီး အမေကရင် ဖေဗမာ ဗိုလ်တထောင် ခရစ်လမ်းရှိ ခရိယန်အထက်တန်းကျောင်းတွင် ငယ်စဉ်ကနေခဲ့ပါတယ်၊ အဆိုတော်နွဲယဉ်ဝင်း နှင့်တကျောင်းထဲဖြစ်သည်၊ ဘွဲ့ရပြီး နိုင်ငံခြးသံရုံး တရုံးမှာ အင်္ဂလိပ်စာဘာသာပြန် အရာရှိလုပ်ခဲ့၍ အမေအိုကြီးကို ဘဝတပါးပြောင်းသည်အထိ လုပ်ကျွေသမူ့ ပြုခဲ့ပြီးမှ ရဟန်ဘောင်သို့ ကူးခဲ့ပါသည်၊ ဦကောဝိဒ ဆရာတော်သည် ထိုင်းဘာသာစကားကို ရဟန်ဘဝဖြင့် ဘန်ကောက်တွင်လေလာ သင်ယူခဲ့ပြီး ယခုအခါ မြဝတီမြို့ တဖက်ကမ်း ထိုင်နိုင်ငံ Tak- ခရိုင် သံဃာဥက္ကဌ သက်တော် ၇၇-ရှိ ဝပ်မနီ ဘုန်းတော်ကြီးကျောင်ဆရာတော်၏ P.A အဖြစ် လက်ကတုံးတောင်ဝှေ လုပ်ဆောင်ပေးနေရ့ပါသည်၊ အလွန်ဂုဏ်ယူစရာကောင်းပါသည်၊ ဦကောဝိဒ ဆရာတော်ပြောပြတာက ဖါဒေ့ ဆိုတဲ့အမည်သည် ထိုင်ဘုရင် သမီးတော်သီရိဒုံ၏ အမည်ဖြစ်ကြောင်းသိရပါသည် ဖါဒေ့ ထိုင်စကားအရ သကြားမင်းကဲသို့ တန်ခိုးရှိသူ ဟုဆိုသည် ဖါဒေ့ရွာအမည်ဟာ သီရိဒုံ၏အမည်ဖြင့် မည့်ခေါ်ထားတာပို၍ ဖြစ်နိုင်ပါသည် ။
ဖါဒေ့ရွာ ဘုရားထီးတင်ပွဲသည် ၂၀၀၉ ခုနှစ်မေလ ၁၇-ရက်နေ့နံနက် တွင်ဖြစ်ပါသည်၊ ဖါဒေ့ရွာဘုန်တော်ကြီးကျောင်း ဆရာတော်ဦးဝိမလ (မုတ္တမ) ဦးစီးပြီးဘုရား ထီးတင်ခြင်းဖြစ်ပါသည်၊ မေလ ၁၆-ရက်နေ့တနာရီတွင် ဆရာတော်ဦးဝိမလ ဦဆောင်၍ ဟိုင်လတ်ကားလေးစီး၊ ကုန်တင်ကာကြီးတစီးဖြင့် သာသနအလံလွင့်ထူကာ မဲဆောက်မြို့  ထုံထောင်ရပ်ကွက်ရှိ ရန်မကင်းအမည်ရ စက်ချုပ်အလုပ်ရုံမှ အမျိုသား လုပ်သာများက ပုဆိုးဆင်တူ အင်းကျီအဖြူ အမျိုးသမီးလုပ်သာများက ယောဂိထမိန် အင်းကျီအဖြူ ယောဂိတဘက် အလှူခံငွေဖလား များကိုင်ကာအလှူခံ၍ မဲဆောက်မြို့ အတွင်း နှင့် မဲဆောက်မြို့ ပြင်ရှိ စက်ရုံ အလုပ်ရုံများတွင် ပေးထားသော ဘုရားစေတီကြီး စေတီရံများ၏ထီးတော်များ ကောက်ခံရရှိသော အလှူငွေများကို လိုက်လံသိမ်းဆည်း၍ လမ်တွင်အလှူခံကာ ဖါဒေ့ရွာသို့ ပြန်ခဲ့ပါသည်၊ တချို့ စက်ရုံများသည် လုပ်သားမျာကိုလုံဝ အပြင်ထွက်ခွင့် မပေးကြပါ နောက်နေ့ဘုရားထီးတင်ပွဲသို့လည်း မလာရောက်နိုင်ကြပါ၊ ဖါဒေ့ရွာဘုန်ကြီးကျောင်သို့ ညနေ ၅-နာရီကျော်ခန့်ပြန်ရောက်ကြပါသည်။
ဖါဒေ့ရွာသွားလမ်းမှာ မဲဆောက်မြို့  အစိုးရဆေးရုံကြီး ရှေ့ လမ်းအတိုင်း ကပ္ဘိဘန်းရွာ၊
ဆက်သွားလျှင်အဝေပြေးလမ်းမကြီးရောက်ပါမည်၊ ဘယ်ဘက်ချိုး၍ နာရီဝက်ကျော်ကျော်သွားပါက ကားလမ်းတဘက်ခြမ်း ဘယ်ဘက်ခြမ်းတွင် ဖါဒေ့ရွာသို့ဝင်သော ကွန်ကရစ်လမ်းကိုတွေ့ရပါမည် ရွာအဆုံးအထိ ကွန်ကရစ်လမ်းခင်းပေးထားပါသည်၊ ရှေဆက်၍ ကားကို မြေလမ်းအတိုင်းသွားပါ မြေလမ်းဆုံးလျှင် ဖါဒေ့ဘုန်ကြီးကျောင်သို့ ရောက်ပါသည်။ ဘုန်ကြီးကျောင်သည် ပေ ၃၀၀-ပါတ်လည် မြေပြန်ရှိသော တောင်ပြန့်တခုပေါ်တွင် တောသစ်ဖြင့် ၂-ထပ် ဆောက်လုပ်ထားပါသည်၊ တောင်ပြန့်တောင်ဘေးတွင် လုံးပါတ်သေးသော တန်ဘိုးမရှိသည့် တောသစ်များ ပေါက်ရောက်လျှက်ရှိပြီး တောထူထပ်ခြင်းမရှိပါ ရေကိုပို၍မြင့်သောတောင်ပေါ်မှ ပိုက်ဖြင့်သွယ်ယူထားသည် စေတီသည် ဘုန်ကြီးကျောင်းအဆောက်အဦး၏အဆုံး ရှေမြေကွက်လပ်ရှိ တောင်မြေကွက်လပ်အဆုံးတွင် တည်ထားပါသည်၊ ကျောင်းနှင့်စေတီခြားတွင် မြေကွက်လပ် ၃၀-ပေကျော်ခန့်၊ တခြာဖက်တွင် ၁၀-ပေခန့် ရှိမည်ထင်ပါသည် ထိုင်နိုင်ငံပုံစေတီဖြစ်ပါသည်၊ စေတီသည်သုံးဆင့်ရှိပြီး ပထမအဆင့်တွင်ထီးတော်ကြီး ဒုတိယဆင့်တွင် စေတီရံများ ၇-ဆူ တတိယဆင့်တွင်စေတီရံ ၉-ဆူ ရှိပါသည် နောက်ဘုရားရင်ပြင်ဖြစ်ပြီး တတိယဆင့်တွင် အရပ်လေးမျက်နှာ၌ ကျောင်ဆောင်လေးများနှင် ဘုရားရုပ်ထု လေးဆူထာပါသည်။ သံဃာအချို့ ကျောင်ဆောင်ပေါ်တွင်နေပြီး ဆရာတော်ဦးဝိမလ (မုတ္တမ)သည် ရှေဘက်ကပ်လျှက်ရှိ သီးခြာတောင်တွင် အိပ်ဆောင်ဆောက်လျှက် သီတင်းသုံးပါသည်။
ညနေ ၆-နာရီမှစ၍ မြို့ ပေါ် ရွာရှိ ဆရာတော်တပည့်များ စက်ရုံအလုပ်ရုံများရှိ အလုပ်သမားလူငယ်လူရွယ်များ ရေမီးရရှိရေး ချက်ရေး ပြုတ်ရေး အခန်းအနားပြင်ဆင်ရေး သန့်ရှင်ရေးတို့ကို ဝိုင်ဝန်းလုပ်ဆောင် ကြပါသည်၊ အလွန်လူညီပါသည် သားငါးများ ကိုခုတ်သူခုတ် ချက်သူချက် ထမင်းပေါင်းသူပေါင်း ဒေါင့်စေ့အောင်လုပ်ဆောင်ကြပါသည်၊ ရန်မကင်စက်ချုပ် စက်ရုံနှင် အခြားစက်ရုံများမှ အမျီုးသမီး ဓမ္မစက်ကြာအသင်းသူများကလည်း အသံချဲ့ စက်ဖြင့် ဓမ္မစက်ကြာ တရားတော်မျာကို ရွတ်ဆိုကြပါသည်၊ စည်လုံးညီညာစွာ လုပ်ဆောင်ကြသည်ကို တွေရပါသည်၊ ဒီအချိန်မှာ မြန်မာများ၏ အမူအကျင့် ဓလေ့စရိုက်အတိုင်း အပူအပင် သောက ဖိနိပ်မူ ချု့ပ်ချယ်မူ မတရာခိုင်စေမူ အာလုံး မှကင်းဝေးနေသည့်ပုံ အာနှင့်မာန်နှင့် လုပ်ဆောင်နေကြပါသည် ပီတိဖြစ်စရာအလွန်ကောင်ပါသည်၊ မြန်မာလူမျီုးတို့၏ ဂုဏ်ပုဒ်တခုကို ပြနေသည်နှင့်တူပါသည်၊ လေးစားစရာ အလွန်ကောင်ပါသည်၊ အမှန်ကတော့ အားလုံးဟာ ဒုက္ခမျီုးစုံ ခက်ခက်ခဲခဲ မတရား ဖိနိပ်မူ ခိုင်းစေမူများအောက်မှာ နေကြရတာပါ။
နောက်တခုက မြန်မာဒိုးဘတ်အဖွဲ့ပါ ရန်မကင်းစက်ချုပ်ရုံ လုပ်သားမျာ၏ ဒိုးဘတ်အဖွဲ့ဟာ အလွန်မြိုင်ပါတယ် ခောတ်ဟောင်းခောတ်သစ် သီချင်းများကိုသီးဆို၍ အမျီုးသမီချောချောသူက ထိုင်မသိမ်းအင်းကျီ ထမိန်ဆင် ဝတ်၍ တယောက်က ဦရွှေးရိုးပုံစံချယ်သပြီး ပုဆိုးတောင်ရှည် ပုသိမ်ထီးဆောင်းပြီး ဦးရွှေးရိုကအပြင် အကမျိုးစုံ ကလျှက် မြို့ တွင်းမြို့ ပြင် ဈေးစက်ရုံအလုပ်ရုံမျာသို့ အလှူခံစဉ် ထီးတော်မျာသွာရောက်ယူစဉ်ကစ၍ ဒိုးဘတ်သံ ညံမစဲ ရှိခဲ့ပါသည်၊ မြန်မာဒိုးဘတ်သံ အိုးစည်သံများဟာ ဘာသာရေးအလှူပွဲများ လူမူရေးအခန်းအနားများ၏ ဖွင့်ပွဲလှည့်လည်ပွဲမျာမှာ အမြဲပါရှိတဲ့ မြန်မာယဉ်ကျေးမူ့ ဖြစ်ပါတယ်၊ မြန်မာတို့ရဲ့ စည်လုံးမူ့ တက်ကြွမူ့ ယဉ်ကျေးသိမ်မွေ့စွာ ပျော်ရွှင်ကြတယ်ဆိုတဲ့ ပြရုပ်ရိုးရာယဉ်ကျေးမူ့ မြန်မာတို့နဲ့ ခွဲခြားမရ ခိုင်မြဲတဲ့ မြန်မာပိသ ကြောင်းပြနိုင်တဲ့ မြန်မာယဉ်ကျေးမူ့ စစ်စစ်ဖြစ်ပါသည်၊ အိုးစည်သံ ဒိုးဘတ်သံ များသည် "တမူးရလို့ တပဲလှူ ဒို့ ရှမ်းတောင်သူ တူနိုင်ရိုးလာ" ဆိုသည့် မြန်မာတို့၏ စိတ်နေသဘောထားကို ဖေါ်ပြနေသော ပီတိဖြစ်စရာ ပဲ့တင်သံများဖြစ်ပါသည်။
ဘုရားထီးတင်ပွဲအတွက် မေလ ၁၆-ရက်နေ့ညက ဓမ္မစက်ကြာအဖွဲ့အပါအဝင် လာရောက်စုပေါင်းလုပ်ကိုင် ကူညီသူပေါင်း ၁၀၀-ကျော်ခန့်ရှိပါသည်၊ ပိုလျှံသော ဝက်ရိုးကြက်ရိုးမျာကို ဘူးသီးနှင့်ရော၍ ဝက်သပ်သပ် ကြက်သပ်သပ် ၂-အိုးခွဲ၍ချက်ပြီး ညစာထမင်းစားကြသည်၊ ကျွန်တော်လည်း ကျောင်းရှိဘုရာစဉ်ရှိဘု၇ားများ သန့်ရှင်းရေးလုပ်ခြင်း ဧည့်ခံမဏ္ဍပ်တွင် အလှအပပြင်ဆင်ပေးခြင်းများ ကူညီလုပ်ဆောင်ပေး၍ ညတနာရီတွင် အနာယူအိပ်ရန် ကျောင်းပေါ်ထပ်တက်ခဲ့ပါသည် ကျွန်တော်အိပ်မည့်ဘေးတွင် အသက် ၄၀-ခန့် မြန်မာ အမျီုးသာတယောက် အိပ်ရန်ရောက်ရှိနေပါသည် ထိုသူနှင့်တနာရီလောက် စကားပြောဖြစ်ပါသည်၊ ထိုင်နိုင်ငံ ရောက်ရှိနေသည်မှာ ၁၀-နှစ်ခန့်ရှိပြီး ထိုင်းလူမျီုး လယ်ယာပိုင်ရှင်၏ လယ်တောတွင် အိမ်ဆောက် နေထိုင်၍ ပိုင်ရှင်၏လယ်ယာများတွင် ပဲ၊ပြောင်းဖူး၊ကြံ များစိုက်ရကြောင်း တလတွင် ၁၅-ရက် ၂၀-ရက်ခန့် တနေ့ ဘတ် ၈၀-ဖြင့်လုပ်ရပြီး ပိုင်ရှင်ထံမှ နားရက်များတွင် အခြားလယ်ယာမျာသို့ တနေ့ဘတ် ၁၀၀-ဖြင့်လိုက်လုပ်ရပြီး တနှစ် ၃-လအလုပ်မရှိကြောင်း လယ်ယာလုပ်သား၂၀-ခန်ကိုလည်း လယ်ယာများမှာ လိုအပ်လျှင်ခေါ်ယူနိုင်ရန် စုစည်းထားရကြောင်းသိရပါသည်၊ အစားအသောက် ခောတ်မှိအဝတ်အထည်များ အလွယ်တကူ ဝယ်ယူရရှိနိုင်မူ့ ပြိုင်ဆိုင်မူ့ အပေါင်းအသင်းများနှင်အပြန်အလှန် သောက်စား ကျွေမွေးပျော်ပါး တတ်ကြသည့်အတွက် ငွေကြေးမစုမိ ဖြစ်ကြရကြောင်း သိရပါသည်၊ မိသာစုလိုက် လယ်ယာလာရောက် လုပ်ကိုင်ကြသူများကို မေးမြန်သည့်အခါလည် တနှစ်တခါ အလုပ်ချိန်နားလို့ မြန်မာပြည်ပြန်လျှင် ကျပ် ၃-သိန်း ၄-သိန်းလောက်သာ ပါရှိကြောင်းသိရပါသည်၊ သူတို့သည် အလုပ်လုပ်နေစဉ်အတွင်း ရသည့်လုပ်အားခဖြင့် လူလိုသူလို ဝဝလင်လင် လူတန်းစေ့ ကျမ္မာရေးနှင်ညီစွာ စာသောက်နေထိုင် သွားခဲ့ကြရသည်ဟု ယုံကြည်ပါသည်၊ ဖိနိပ်မူ မတရာခိုင်းစေမူ့ ရှိတာခြင်းတူသည်ထားအုံး ပြည်တွင်မှာ ထိုသို့မနေနိုင်ပါ၊ ကျွန်တော်လည်းမနက် ၅-နာရီတွင် အိပ်ရာမှထ၍ ရေးမိုးချိုး အဝတ်အစားလဲကာ ၂၀၀၉ ခုနှစ်မေလ ၁၇-ရက် နေ့တွင် ဖာဒေ့ရွာ ဖာဒေ့ဘုန်ကြီးကျောင်ဝန်ရှိ သုဇိတံ ဘွဲအမည်း ပေးထားသော စေတီ၏ ဘုရားထီးတင်ပွဲ တွင်ပါဝင်ကူညီလုပ်ဆောင်ပေနိုင်ရန် အသင့်ပြင်ဆင်ထားပါသည်။
ထီးတင်ပွဲအကြောင်း မပြောခင် ထိုင်းနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေး လမ်ပန်းဆက်သွယ်ရေးကို အရင်ပြောရမည် ဖြစ်ပါသည် လယ်ယာစိုက်ပျိုရေးဖြစ်သည့် အစိန်းရောင်တော်လှန်ရေးကို ထိုင်နိုင်ငံဟာ ၁၉၇၀-ခုနှစ်မှစ၍ အမေရီကနှ်နိုင်ငံ၏ နည်းပညာ ငွေကြေး အကူအညီဖြင့် မွေုးမြူရေးပါတွဲဖက် စတင်၍ စီမံကိန်းချကာ လုပ်ဆောင်ခဲ့ပါသည်၊ အောင်မြင်မူ့ရခဲ့သဖြင့် ဆန်တင်ပို့မူ့အများဆုံးနိုင်ငံအဖြစ် ကမ္ဘာတွင် ပထမရခဲ့ပြီး အခြာသီနှံများနှင့် မွေးမြူရေး သာငါးများကိုလည် တင်ပိုနိုင်ပြီး ထိုင်းပြည်သူများလည်း ဝဝလင်လင် ကျမ္မာရေးနှင့်ညီစွာ စားသောက်နိုင်ခဲ့ကြသည်၊ လမ်းပန်ဆက်သွယ်ရေးတွင် ၁၉၉၀-ခုနှစ်မှစ၍ အဝေးပြေးလမ်းမကြီးများ တံတားများ ကျေးရွာအရောက် ကတ္တရာ ကွန်ကရစ် လမ်မျာဖေါက်လုပ် ခဲ့ပါသည်၊ ကျေးရွာအရောက် လျှပ်စစ်မီးရပြီး တအိမ်လျှင်နေရောင်ခြည်သုံး လျှပ်စစ်ထုတ် ဆိုလာပြားတချပ်စိ တီဗွိကြည့်ရန် ဖုန်းအာသွင်းရန် ပေးပါသည်။
လယ်ယာမြေရှိလျှင် ရေရှိရမည်ဟု ကြွေးကျော်၍ ယခုအခါ လယ်ယါများတွင် လည်နေသောရေပန်း ချထာနိုင်သည်အထိ တိုးတက်ခဲ့ပြီဖြစ်ပါသည်၊ ကျွန်တော် ပြောင်ဖူးနှင့်မတ်ပဲ စိုက်ပျိုးနေသော လယ်ယာမျာသို့ ရောက်ရှိခဲ့စဉ် လယ်ယာ၏အလယ်တွင် ရေပန်းချ၍ ရေဖြန်းထားသည်ကို တွေ့ရပါသည် မြို့ တော်နှင့်ဝေးလံသော တောတောင်ဒေသ အခေါင်အဖျား နယ်စပ်ရှိကျေးရွာများ တွင်ဖြစ်ပါသည် နယ်စပ်မြိုဖြစ်သည့် မဲဆောက်မြို့တွင် ရေနုတ်မြောင်များကို ကွန်ကရစ်ဖြင့် အကျယ် ၁၀-ပေ၊အနက် ၁၅ပေခန့် ပြုလုပ်ထာပါသည်၊ အလွန်အားကျစရာကောင်းပါသည်၊ ပြည်သူမျာမျက်နှာကြည့်၍ အတုယူသင့်ပါသည်။
မေလ-၁၇ ရက်နေ့နံနက် ၆း၃၀ တွင် သံဃာတော်များအား မုန့်ဟင်းခါးဆွမ် ဆက်ကပ်လှူဒါန်းကြပါသည် မနက် ၉-နာရီအထိ လာရောက်သူအားလုံးကို မုန့်ဟင်းခါးဖြင့် ဧည့်ခံပါသည်၊ နံနက် ၉း၃၀ မှစ၍လာရောက်သူအားလုံး ကြက်သာဟင်း ဝက်သားဟင် သရက်ချင်သုတ် တို့ဖြင့်ဧည့်ခံကျွေးမွေးပြီး ဘုရားထီတင်ပွဲကိုလည် နံနက် ၉း၃၀-နာရီတွင်စတင်ပါသည် ထီးတော်ကိုတင်ရန် စက်သီးကြိုးတပ်ဆင်ထားပြီး ပန်းရထာဖြင့်တင်မည်ဖြစ်သည်၊

မဲဆောက်မြီုပေါ်မှ ဖိတ်ကြားထာသူများ ကျေးရွာမျာ စက်ရုံအလုပ်ရုံ ဆောက်လုပ်ရေး စတိုးဆိုင်ဈေးဆိုင် လယ်ယာများမှ အလုပ်သမားများ စုစုပေါင်း ၁၀၀၀-ကျော်လာရောက်ကြပါသည် ကျောင်းဝင်းအတွင်း လူအများစည်ကားစွာဖြင့် ၉း၃၀-နာရီတွင် ဘုရားထီးတင်ပွဲ စတင်ပါသည် စေတီ၏ငြမ်းဆင်ထားသော ငှက်ပျောဖူးပေါ်သို့ ဆရာတော်တပါး နှင်အတူ စက်ရုံလုပ်သား ၇-ယောက်ခန့် တက်ရောက်နေရာယူကြပါသည်၊ ပန်းရထားစတင်ထွက်ရှိမည့် နေရာတွင် ဆရာတော်ဦဝိမလ ပန်းရထားပေါ်သို့ စေတီကြီ၏ထီးတော်အဆင့်ဆင့်နှင့် စိန်ဖူးတော်ကိုတင်ရန် အသင့်နေရာ ယူထားပါသည်၊ စက်သီးကြိုးဆွဲရန် အမျိုးသမီးအမျီုးသား ၅၀-ခန့် ကြိုးကိုကိုင်ထားကြပါသည် စေတီကြီး၏ ထီးတော်အဆင့်ဆင့်ကို တခုပြီးတခု ပန်းရထားပေါ်တင်၍ စက်သီးကြိုးဆွဲကာတင်ကြပါသည် နောက်ဆုံး စိန်ဖူးတော်ကိုတင်ပါသည် ပြီလျှင်အိုးစည်ဗုံ၊ကျေစည်ထု၍ ငွေ ရွေ ပေါက်ပေါက် ချိုချင်များကြဲချပါသည်။
စေတီရန်များ ထီးတင်ခြင်း တတိယဆင့်ရှိ အရပ်လေးမျက်နှာတွင် ကျောက်ဆင်းတုဘုရားလေးဆူ တဆူစီ ထားရှီဲခြင်များပြုလုပ်၍ သာဓုမောဓန သုံးကြိမ်ခေါ်ကာ ဘုရားထီတင်ခြင်း အောင်မြင်စွာပြီးခဲ့ပါသည်။
လာရောက်ကြသော ဖါဒေ့ရွာနှင့်အနီအနားရွာများမှ ကရင်လူမျီုးများသည် ကရင်ရိုးရာ ချပ်ခုတ်အဖြူ ဝါကျင့်ကျင့် အရောင်အင်းကျီများ ဝတ်ဆင်ထားသည်ကို တွေ့ရပါသည် တောင်ပေါ်ကရင်များဟု သိရပါသည်၊
ဖါဒေ့ရွာအနီးအနာရွာများတွင် မြန်မာပြည်မှ ဝင်ရောက်လာသော ရှမ်း ပအို့ မျာလည်ရှိပြီး ထိုင်နိုင်ငံမှ မြှောင် ဟုခေါ်သည့် လီရှော(လီစူး) နှင့်တူသည့် လူမျိုးများလည်း နေထိုင်ကြောင်းပါသည်၊ ရွာသူရွာသား ရှမ်း ကရင် ပအို့ လီရှော တို့သည်ဆရာတော်ထံ စါအိတ်ကိုယ်စီဖြင့် အလှူငွေများ လှူဒါန်းနေသည်ကို တွေ့ရပါသည်၊ အလွန်ပီတိ ဖြစ်စရာကောင်ပါသည် အိုစီဗုံပေါင်းတညံညံဖြင့် မြန်မာလူမျိုတို့၏ အသွင်စရိုက်လက္ခဏာ ပေါင်းစည်းမူ ဘာသာရေရုံကြည်မူ စုပေါင်းဆောင်ရွက်တတ်မူ အေးချမ်းပျော်ရွှုင်တတ်မူ ကိုပြဆိုနေပါသည်။
၁၁-နာရီခန့်တွင် ထီးတင်ပြီစီး၍ ကြွရောက်လာသောသံဃာတော်မျာကို ဆွမ်းဟင်မျာဆက်ကပ်လှူဒါန် ဖုန်ပေး စေပါသည် ကြွရောက်လာသူများသည်လည်း ထမင်းသုံးဆောင်ကြပါသည်။
နေ့လည် တနာရီတွင်ကြွရောက်လာသော သံဃာတော်များအား ငွေ ပစ္စည်များ ဆက်ကပ်လှူဒါန်ပြီး ဆရာတော်ဦး------------- ၏တရာပွဲကိုစတင်ကျင်းပပါသည် ကြွရောက်သူအများ တရားနာယူ ကြပါသည် တရားပွဲ နေ့လည် ၃-နာရီတွင်ပြီးပါသည် ပစ္စည်များ ဝိုင်းဝန်းသိမ်းဆည်၍ သန့်ရှင်းရေးများပြု့လုပ်ခါ ညနေ ၅-နာရီတွင် မိမိတို့နေရာအသီးသီးသို့ ပြန်ကြပါသည်၊ ကျွန်တော်လည်း မဲဆောက်မြိုရှိမိမိနေရာအခန်းသို့ ညနေ ၆-နာရီခန့်တွင် ပြန်လည်ရောက်ရှီခဲ့ပါသည်။
မဲဆောက်မြီု့ မှ ၄-မိုင်ခန့်အကွာ မယ်ပ ၁-ရပ်ကွက်တွင်လည်း ဝပ်မုနိန်ကျောင်းဝန်အတွင်း ရွေတိဂုဏ်စေတီ ပုံတူ ဥာဏ်တော်ပေ ၅၀-ရှိ မေတ္တာရွေပြည်အေးလိုတရစေတီတော် တည်ထားကိုးကွယ်ရန် မြန်မာလူမျိုး ထိုင်းလူမျိုးများ ပူပေါင်၍ မြန်မာဆရာတော် ဦးစီးပြီး အလှူငွေကောက်ခံလျှက် ယခုနှစ် သတင်ကျွတ် တဆောင်မုန်း လအတွင်းထီးတော် တင်နိုင်ရန် ဝိုင်းဝန်းကြိုးစား လုပ်ဆောင်လျှက်ရှိပါသည်။
ထိုသို့သော မြန်မာလူမျိုးများ သိန်း သန်း လာရောက်လုပ်ကိုင်လျှက်ရှိသည့် ထိုင်းနိုင်ငံတွင်၊

" ယနေပြည်သူပြည်သားများသည် ယုံကြည်စိတ်ချရသော ထိတွေ့ စည်ရုံးနိုင်စွမ်းရှိသော ခေါင်ဆောင်များ ရှာဖွေလျှက် ထိုသို့သောခေါင်ဆောင်နောက်သို့ သေသေကြေကြေ လိုက်ရန်အဆင်သင့်ရှိပါသည် "

Read More...

Friday, May 8, 2009

"အမိမြန်မာပြည်" မဲဆောက် ပုံပြင် များ (၁)

 "အမိမြန်မာပြည်"

 "အမိမြန်မာပြည်" ခေါင်းစဉ်ဖြင့် မဲဆောက်ပုံပြင်များ(၁) ကိုစတင်ခဲ့ရတာ မဆီမဆိုင်လို့ ထင်စရာ ရှိပါတယ် ဒါပေမယ့် အလွန့်အလွန့် အရေးကြီးဆုံး ကိစ္စတခုအဖြစ် မြန်မာများ အတွက် လိုအပ်လို့ ခုလိုခေါင်းစဉ် တပ်ရတာဖြစ်ပါတယ်။
အမိမြန်မာပြည် ဆိုတာ ကျွန်တော်တို့ မြန်မာနိုင်ငံတော်၏ နိုင်ငံတော် အလံကို ကိုင်ဆောင် စောက်ရှောက် ထားသော မြန်မာအမျိုးသမီး အဖြစ် မြန်မာနိုင်ငံ လွတ်လပ်ရေး စတင်ရရှိ ချိန်က အသိအမှတ် ပြုထားသည့် မြန်မာအမျိုးသမီး ပုံဖြစ်ပါသည်။
မြန်မာနိုင်ငံ ရန်ကုန်မြိုတော် ရွှေတိဂုန်ဘုရားမှ ဦဝိစာရလမ်း ကိုလှမ်းကြည့်လိုက်ပါ ဦးဝိစာရ လမ်းကိုကျော်ကြည့်လိုက်လျှင် အလှအပ မီးတိုင် ကျောက်ပြားအခင်း ပန်းပင်သစ်ပင် တွေနဲ့ ပန်းဥယဉ် တခုကို ပြည်လမ်းရောက်သည်အထိ တွေ့ရပါလိမ့်မယ်၊ ဘယ်ဘက်ကိုသွားလျှင် ရန်ကုန် လေဆိပ်သို့ ရောက်နိုင်သော ပြည်လမ်းတဖက်တွင် တချိန်က သမတ အိမ်တော်ရှိ ခဲ့သော ဝန်းကြီထဲတွင် လွတ်တော်အဆောက်အဦးကြီးကို စတင်တွေ့ နိုင်ပါ သည်၊ လွတ်တော် အဆောက်အဦး ထိပ်တွင် သမတ ရုံးခန်းရှိပါသည်၊ လွတ်တော်ထဲတွင် တောင်ဘက်၊အလုံလမ်းဘက်သို့ လွတ်တော်အမတ်များ၏ ထိုင်ခုံများမျက်နှာမူထားပါသည်၊ လွတ်တော်ဥက္ကဌ၏ စာပွဲနှင့်ထိုင်ခုံသည် လွတ်တော်အမတ်များ ရှေ့ တွင်ရှိပါသည်၊ လွတ်တော်ဥက္ကဌ၏ နောက်နံရံတွင် အမိမြန်မာပြည် ၏ပုံကိုတွေ့နိုင်ပါသည်၊ အမိမြန်မာပြည် သည် ထိုင်မသိမ်း လုံချည်အင်းချည် ဝတ်ဆင်ကာ ဆံပင်အရှည် ခါးအထိရောက်၍ နဂါးပုံ နတ်သမီးခေါင်ဆောင်း အရှည်ကိုဆောင်းပြီး တောက်ပခြင်း၊ ချမ်မြေ့ ခြင်း၊ ပွင့်လန်းခြင်း၊ ဟူသော ကျက်သရေ သုံးပါးနှင့် ပြည့်စုံစွာ မြန်မာနိုင်ငံတော်၏ နိုင်ငံတော် အလံကို မမိတ် မသုံစူးစိုက် ကြည့်ရှု၍ ကိုင်ဆောင်ထားပါသည်။
အမိမြန်မာပြည် အဖြစ် မြန်မာနိုင်ငံတော်၏ နိုင်ငံတော် အလံကို ကိုင်ဆောင် စောက်ရှောက် ထားသော ယနေ့ မြန်မာအမျိုးသမီး ကြီး ၊ ငယ် ၊ကလေး များသည် ညင်ပန်းနိုပ်စက် လူကုန် ကူး မတရား ပြုမူကျင့်ကြံ အလုပ်ခိုင်းစေ မူ့များဖြင့် ပြည်တွင်းပြည်ပတွင် ဒုက္ခ ဆင်းရဲ ရောက်နေကြပါသည်။
အားလုံးလက်ပိုက် ကြည့်နေကြပါသည်၊ ကြည့်နေရပါသည်။
အချို့ အချို့ က ရေနစ်သူကို ဝါးထိုးကူညီ လိုက်ကြပါသေးသည်။
ကျွန်တော်သည် မဲဆောက်တွင် ရှိစဉ်က ကွန်ပျူတာ သင်တန်းများကို ကိုစည်သူ၏ HRDP ကိုသက်နိုင်၏ Knowledge Zone တို့တွင် နံနက် ညနေ သင်းတန်များကို တက်ခဲ့ပါသည်၊ သင်တန်းတခုလျှင် ၂-နာရီခွဲ ၃-နာရီ ကြာတတ်ပါသည်၊ အညောင်းပြေရန်အတွက် သင်းတန်းပြီးပြီးချင်း တနာရီကျော်ကျော် အမြဲလမ်းလျှောက်ပါသည်။
၂၀၀၈ ဒီဇင်ဘာ ၂၀-ရက်ကျော်ကျော်လောက်တွင်ဖြစ်ပြီး အင်မတန် ချမ်းအေးပါသည်၊ မဲဆောက်မြို့  အပြင်ဘက် အဝေးပြေးလမ်းမပေါ်သို့ ထွက်သော ကပ်တရာလမ်းကျယ် တခုပေါ်တွင် အညောင်းပြေ လမ်းလျောက်ခဲ့ပါသည်၊ အချိန်က ၉-နာရီခန့် ရှိပါပြီ အဝေး ပြေးလမ်းမ ဘေးရှိဘယ်ဘက်ထောင့် မြေကွက်တွင် ပေ ၆၀- ပေ ၈၀ ရေကန်တကန် ရှိပါသည်၊ကျွန်တော်ရေကန် အစကိုစတင် တွေ့ရှိချိန်မှာ ရေကန်မှ ကြာပွင့် ကြာရွက် များသည် ရေကန်မှရေနှင့် တပေကျော်ကျော်ခန့် ကွာလျှက် ရေမမြင့်သည့်အတွက် ကြာမတင့် နိုင်ဘဲရှိပါသည်၊ ရေခန်းစအချိန်ဖြစ်ပါသည်၊ ရေမမြင့်သဖြင့် မလှမပ ဖြစ်နေသော ကြာပွင့်ကြာရွှက် များကြားတွင် ပျာပုတုံးတို့ ပျံဝဲနေပါသည်၊ ရေကဇွန်ရွက် အစုငယ်ကလေး များလည်း ဟိုတစု ဒီတစု ပေါက်ရောက်လျှက်ရှိပါသည်။ ကန်အဆုံးထောင့် ဝေးပြေးလမ်းမ နားရောက်ခါနီးတွင် ကန်ထောင့် ကန်ဘောင်နှင့် ၇-ပေခန့်အကွာလောက် တွင် မိန်ကလေးငယ်တဦး ကန်ထဲဆင်းနေတာတွေရပါသည်၊ မိန်ကလေးငယ်၏ ဒူးဆစ်ကျေုာ်အထိ ရေမြုတ်နေပါသည်၊ မိန်ကလေးငယ်သည် ၁၀-နှစ်ခန့်ရှိမည်ထင်ပါသည်၊ အမှန်အတိုင်း ဝန်ခံရလျှင် ကျွန်တော်ဆိုမဆင်းဝံပါ၊ ရာသီဦးတုကလည်း ကျွန်တော့အနေ နှင့်အလွန်ချမ်အေး နေပါသည်၊ ပထမ မိန်ကလေးငယ် ခရုကောက်နေသည်ဟုထင်ပါသည်၊ နောက်မှ ရေကဇွန်အနီ အစုကလေးများကို ဟိုတစုဒီတစု ခူးလျှက်ရှိသည် ကိုတွေ့ရပါသည်၊ မိန်ကလေးငယ်သည် ရေကန်ထဲဆင်း၍ ရေကဇွန်နီကလေးများကို ခူးဆွတ်နေရသော်လည်း အသာအရေ အရည်ဖြှူဆွတ် ဝင်ပလျှက် ရုပ်ရည်ရှူပကာ အာဖြင့်လည်း လှပတည်ကြည်စွာ ရှိပါသည် တည်ငြိမ်စွာဖြင့် မိမိအလုပ်ကို မိမိလုပ်လျှက် ရှိပါသည်၊ မြန်မာမိန်ကလေး ငယ်တဦးဖြစ်ပါသည်၊ ကျွန်တော်ဘာမှ မတတ်နိုင်ပါ၊ စိတ်မကောင်းရုံ ခံစာရုံ မှလွဲ၍ မိန်ကလေးငယ်အတွက် အန္တရယ် ပေါင်စုံဖြစ်နိုင်ပါသည် တဘက်နိုင်ငံထဲ မှာဖြစ်ပါသည်။
ဒီတပါတ်ထဲမှာ အလုပ်ကထွက်လာသော အသက် ၂၀-ကျော် မိန်ကလေးတဦး နှင့် စကား ပြောဖြစ်ပါသည်၊ မဲဆောက်မြို့ ထဲရှိ အထည်အလိပ် မွှေရာခြင်ထောင်က စရောင်းသော စတိုးဆိုင်ကြီးမှ အလုပ်ထွက်ခဲ့ ခြင်းဖြစ်ပါသည်၊ ၂-လ အလုပ်လုပ်ခဲ့ပါသည် မိမိဘာသာ အလုပ်လျှောက်၍ ဝင်ရောက်လုပ်ကိုင် ခဲ့ခြင်ဖြစ်သည်၊ စတိုးဆိုင်ကြီး အတွင်ဧရိယာတခုစီ သတ်မှတ်၍ ပစ္စည်များကို ရောင်ချခြင်း ခင်းကျင်းခြင်း သိမ်းဆည်းခြင်း လုပ်ရပါသည်၊ အရောင်းအလုပ်သမား မိန်ကလေး ၇-ယောက်ရှိပါသည်၊ မနက် ၆-နာရီ၊ နေ့လည် ၁၂-နာရီ၊ ညနေ ၇-နာရီ၊ တို့တွင် ထမင်း ၃-ကြိမ်ပေးပါသည်၊ဟင်းဖိုး ၂၀-ဘတ် ပေးပါသည် ဟင်းကို လာရောင်သော ၅-ဘတ်၊ ၁၀-ဘတ်၊ တန်ဟင်းများသာ ဝယ်ယူရပါသည် အပြင်သွားဝယ် ခွင့်မပေးပါ ဝယ်လျှင်မကြိုက်ပါ မနက် ၇-နာရီ မတိုင်ခင် ထမင်း သို့မဟုတ် တခုခုစားပြီ ၇-နာရိထိုသည် နှင့် အလုပ်စတင် ဝင်၍ခင်ကျင်း ရောင်ချရပါသည်၊ နေ့လည် ၁၂-နာရီတွင် ထမင်းစားချိန် ရသော်လည်း အပြင်သွားခွင့်မရပါ၊ ဈေးဝယ်လာလျှင် ရောင်းချပေးရပါသည်၊ ညနေ ၆-၃၀ နာရီတွင် ခင်းကျင်းထားသည်များကို စတင်သိမ်းဆည်း၍ ၊ ည ၇-နာရီတွင် ဆိုင်၏ အပေါ်ဆုံးထပ် ၃-ထပ်တွင် သော့ခတ်၍ ထားပါသည် ရေချိုးခန်းအိမ်သာ ရှိပါသည်၊ သောက်ရေ စားစရာများကို ကြိုတင်ယူထားရပါသည်၊ မနက် ၆-၃၀ နာရီ အထိ လုံးဝဖွင့် မပေးတော့ပါ၊ ၃-ထပ်ရှိအခန်း ၂-ခန်းတွင် ၃-ယောက်တစု၊ ၄-ယောက်တစု နေရပါသည်၊ အခန်းများသည် အလွန်ညစ်ပါတ်ပါသည် T.V ပေးမထာပါ မိမိ လေဒီယို ကက်ဆက်ဖြင်. သီချင်း ခိုးနားထောင်ရပါသည်၊ သဌေးမ သိလျှင်ဆူပါသည် ည ၁၁-နာရီ မီးပိတ်ရပါသည်၊ နေမကောင်၊မကျမ္မာဖြစ်ပါစေ၊မိမိတာဝန်ယူထားသောအလုပ်အပျက်ခံ၍မရပါ၊ ငွေဝယ်ကျွန်
်သဘောမျိုး ဆက်ဆန်ပါသည်၊ လုံးဝညာတာမူ မရှိပါ လစာ ဘတ်- ၁၀၀၀ ရပါသည်၊ တချို့  ၂-နှစ်ကျော် လုပ်သက်ရှိပြီး တနှစ် ဘတ်- ၁၀၀ တိုးပါသည်၊ ဒီမိန်းကလေးကတော့ ၂- လ အလုပ်လုပ်ခဲ့ပြီး ငွေဝယ်ကျွန်လို ဆက်ဆံသည်အတွက် အလုပ်ထွက်ခဲ့ပါသည်။
ဒီတပါတ်အတွင်းမှာ T.K လေးဆိုတဲ့ မဲဆောက်မြို့ ရှိ စက်ချုပ်အလုပ်ရုံမှာ အလုပ်သမား ၄၀၀ -ကျော်ကို လုပ်ခလစာ ၂ -လစာ မပေးသည့်အတွက် ဆန္ဒပြတောင်းဆို မူလုပ်ရ ပါသည်၊ T.K လေး စက်ရုံတွင် နှစ်ပေါင်းများစွာ လုပ်လာသည် အလုပ်သမား ၄၀၀-ကျော် သည၊် ယခုနှစ် ၂၀၀၉ -မှစ၍ အလုပ်တလကျော်နားရခြင်း တချို့  ၃-၄ လနားရခြင်းများ ရှိပါသည်၊ တခူးလ သကြန်တွင် ရေဖြတ်ထားခြင်း ခုအခါတွင်လည် အလုပ်သမား ၄၀၀ -ကို ရေကား ၂-စီးသာရ၍ ရေအမြန်ချိုးရသော်လည်း အဝတ်မလျော်ရခြင်း၊ အခက်အခဲများ ဖြစ်ခဲ့ပါသည်၊ယခုအခါ လစာ၂-လစာ ခုအချိန်အထိ မပေးသေးသည့်အတွက် စာဝတ် နေရေး အလွန်အခက်ခဲ တွေ့ နေကြရပါသည်၊ မိန်းကလေးအများစု ဖြစ်ပါသည်။
၂၀၀၉- မေလ ၈-ရက် နေ့က ကဆုန်လပြည့်နေ့ ဖြစ်ပါသည်၊ သောကြာနေ့ ဖြစ်သည့် အတွက် ဗုဒ္ဒ မွေးနေ့ နှင့်လည်း ကိုက်ညီနေပါသည်၊ အလွန်မွန်မြတ်သည့်နေ့ဖြစ်ပါသည်၊ ကျွန်တော်သည် မိမိနေသောအခန်း နှင့်နီးသည့် ဝပ်မနီ ဘုန်းကြီးကျောင်းသစ်သို့ မနက် ၆-၃၀ နာရီတွင် သွားပါသည် မြန်မာအမျိုးသမီး မိန်းကလေး တော်တော်များများ ရောက်ရှိ နေကာ လက်ထဲတွင်လည်း ဆွမ်းချိုင့်အသီးသီး ကိုင်ဆွဲလာသည်ကို တွေ့ရပါသည်၊ ယိုဒယားပုံ လျှောင်းတော်မူ ဗုဒ္ဒ ရုပ်ပွားတော်အောက် မြန်မာကျောက်ဆင်းတုတော်များ ရှေတွင် ဦချ ဝတ်ပြု ဆုတောင်း လျှက်ရှိကြပါသည်၊ အတွင်းဘက် ဓမ္မာရုံကြီး ထဲတွင် ထိုင်း မယ်သီလရင်များက လှုဖွယ်ပစ္စည်း စားသောက်ဖွယ်များကို သိမ်းဆည်း၍ ထိုင်းသံဃာ တော်များက ၅-ပါး သီလပေခြင်း ပရိတ်ရွတ်ဖတ်ခြင်း ပြုလုပ်ရန်ခုံအမြင့်တွင် စီတန် ထိုင်လျှက် ထိုင်းလူမျိုး ယောက်ကျား မိန်းမများက ရှေတွင်ပဆစ်ဒူးတုတ် ထိုင်လျှက် သီလ နာယူရန် ရောက်ရှိနေကြပါသည်၊ ထိုင်းနိုင်ငံတွင် ၈-ပါး သီလပေးခြင်း တရားဟောကြား ခြင်းဓလေ့ လုံးဝမရှိပါ၊ မြန်မာမိန်ကလေးမျာကတော့ ဝပ်မနီ ဘုန်ကြီးကျောင်ဝန်း အတွင်း ရုပ်ပွားတော်များကို ဦချဆုတောင်းခြင်း သစ်ပင်ပန်းမာန် ဘောဓိပင်များရှေတွင် ဓါတ်ပုံရိုက်ခြင်းမျာ ပြုလုပ်လျှက်ရှိပါသည်၊ ထိုမြန်မာမိန်းကလေးများသည် အနီးအနားရှိ ချန်ပီယန် ဆိုသည့် စက်ချုပ်စက်ရုံမှ ဖြစ်ကြောင်းသိရပါသည်။
ကျွန်တော်လည်း ဗုဒ္ဒရုပ်ပွားတော် တဆူရှေ့ တွင် ရှစ်ခိုးဦးချ ငါးပါးသီလ ခံယူ၍ မိမိအခန်း သို့ပြန်ခဲ့ပါသည်။
အဲဒီတော့ ကျွန်တော်တို့ မြန်မာမိန်ကလေးများသည် ဇွဲ လုံးလ ဝရိယ များဖြင့်ကြိုးစား နေရပြီး အစွန်းဆုံသောသီးခံမူ့ ဖြင့်လည်း သီးခံနေရပါသည်၊ ဒါတွေဟာ ပြည်းတွင်းပြည်ပ နေရာအားလုံးမှာ မြန်မာမိန်းကလေး အားလုံးကြုံတွေ့နေရပါသည်၊ နှစ်ပေါင်းများစွာအတွင်း အသက်တွေ ဘဝတွေ ဆုံးရှံးသွာသည်မှာ မရည်မတွက် နိုင်လောက်အောင် များပါလိမ့်မယ် အားလုံးဟာ ကွန်းတောင်ကိုင် ပန်းတောင်ကိုင် မိကောင်းဖခင်သားသမီးများ ကတော် လောင်းများ မိခင်လောင်းများ အမိမြန်မာပြည် ကိုကိုယ်စားပြုသူများ ဖြစ်ကြပါသည်။
ကျွန်တော်တို့တွေဟာ ဘာမှလုပ်မပေးနိုင်ဘဲနှင့် လေတွေ၊စာတွေ ပြောဆို၊ထုတ်ဝေ နေမည့်အစား အမှန်တကယ် အကြိုးပြု့ လုပ်ပေးနှိင်တာများကိုသာ လုပ်သင့်ဖို့အချိန် တော်ပြီးလို့ထင်ပါသည်၊ လေပေါ်မှာပျောက်သွားသည်များဖြင့်သာ အချိန်ကုန်ခံမနေတော့ ဘဲလက်တွေ့ကျကျ ဖြစ်နိုင်တာများကို လုပ်ဆောင်ဖို့အချိန်ရောက်ပါပြီ။
"ရေမြင့်ရင်ကြာတင့်သလိုမြန်မာမိန်ကလေး
များကို ကာကွယ်စောင့်ရှောက်ရင်း
အမိမြန်မာပြည်
ကိုမြင့်တင်ဖေါ်ထုတ်ကြပါစို့"



Read More...

Blog Widget by LinkWithin