ဤမှာမြေပြင် မြစိမ်းဆင်လျှက် ကောင်ကင်မိုးဝယ် နီလာချယ်၍ အိုဘယ့်လူသား နှစ်ရောင်ကြားဝယ် ခန့်ညားပေစ ခန့်ပေစ၊

Wednesday, April 24, 2013

အလုပ်သမားနေ့ (မေဒေး) တရုတ်ပြည် (ရှံဟိုင်း)မှာ.....အထူးဧည့်သည်တော်


ရှံ့ ဟိုင်း ကမ်နားလမ်း အမိုစိမ်းက PEACE ဟော်တယ်

ဘဝဆိုတာ မိမိရောက်ရှိနေသော အချိန်အခါနဲ့ပါတ်ဝန်ကျင်၏ လုပ်ဆောင်ချက်များမှာသာ ပါဝင်ဆင်နွဲခွင့် ရရှိကြပါသည် ကျွန်တော်လဲဒီလိုပါဘဲ သူများတွေ တော်လှန်ရေး ဆင်နွဲနေကြတဲ့အချိန်မှာ မိမိ၏ဘဝပေး အခြေအနေအရ ထိုအချိန်ကရောက်ရှိနေသော နေရာနဲ့ပါတ်ဝန်ကျင် အခြေအနေအတိုင်း ပါဝင်ဆင်နွဲခဲ့ရပါတော့သည်၊
        မြန်မာပြည်မှာ ၈၈-အရေးတော်ပုံကြီးစတင်ပြီး ဆက်တိုက်တော်လှန်းရေးတွေဆင်နွဲ နေစဉ်မှာ ကျွန်တော်လဲ ပြည်ပရောက်နေပြီး ၁၉၈၉-ခုနှစ်တနှစ်လုံး တရုတ်ပြည် ရှံဟိုင်းမှာရောက်ရှိနေပါတယ် ၁၉၈၉ နှစ်ဆန်းမှာ မြန်မာပြည်မှဒီမိုကရေစီတောင်ဆိုမူဟာ တရုတ်ပြည်ကိုစတင်ရောက်ရှိ၍
ဒီမိုကရေစီ တောင်းဆိုမူ့ စတင်နေပြီဖြစ်ပါသည် မြို့ တိုင်းမှာလူငယ်တွေ နဖူးမှာအနီရောင် အဝတ်စလေးကို ပါတ်ခါစီး၍ စာရွက်စာတန်းများ ဖြန့်ဝေခြင်း စီတန်းလှည့်လည်ခြင်း လုပ်နေကြသလို ကျွန်တော်တို့ ညအခါထိုင်ကြသော စာသောက်ဆိုင်များသို့ လာရောက်အလှူခံကြ လိုက်လံစည်းရုံးကြပါသည် ကျောင်းသားလူငယ်တွေများကြပါသည်၊
   ကျွန်တော်ငယ်ငယ်က ကြည့်ဖူးသော ကာဗားဒက် အမေရိကန် ဟောလီဝုဒ်က ရုပ်ရှင်ကားကိုသတိ ရမိပါသည် ကာဗားဒက် ဆိုတဲ့အဓိပ္ပါယ်က စားသောက်ခန်းမဖြစ်ပြီ အမေရိကန် ဦးထုတ်ဆောင်ထားသူက ဦးဆောင်ပြီး အဆို အဟော အပြောတွေ ဟာသဆန်ဆန် လုပ်ပြပြီး မိန်ကလေးတွေက ကပြကြတာပါ ကပွဲခန်းမလာသူတွေက အရက်ဝယ်သောက်ရင် ကြည့်ကြနားထောင်ကြရတာပါ အဲဒီရုပ်ရှင်ကားကတော့ ကပွဲခန်းမထဲမှား ကကြ ဆိုကြ စားသောက် နားထောင် ပျော်ပါနေနေကြစဉ် အပြင်လောကကြီးမှာ နိုင်ငံရေး လူမူရေး စီးပွားရေး များကြောင့် သတ်ကြဖြတ်ကြ ပြုလုပ်နေတာတွေကို တင်ပြသွားတာပါ၊
      အဲဒီလိုပါဘဲ ကျွန်တော်လဲ တရုပ်ပြည် ရှံဟိုင်မှာနေစဉ် အပြင်လမ်းမများပေါ်မှာ ဒီမိုကရေစီရဖို့ ကျောင်းသားလူငယ်တွေ မိမိတို့၏ ဘဝ အသက်တွေကို ပဓာနမထားဘဲ လှုပ်ရှားနေကြတာတွေကို မျက်မြင်တွေ့ မြင်နေရပေမဲ့ ကျွန်တော်တို့တတွေ အပျော်အပါးတွေထဲမှာ နစ်မျောနေကြမိပါတယ်
  ကျွန်တော်တို့ တရုပ်ပြည်ရောက်နေချိန်က အစားအသောက်စက အရာရာ တခြားတိုင်းပြည်တွေနဲ့ နိုင်းယှဉ်ရင် ဈေးအလွန်ပေါပါတယ် မြန်မာပြည်မှာ ခုသုံးတဲ FEC ကို တရုပ်ပြည်မှာ ထိုစဉ်ကတဲက သုံးနေတာပါ နောက်မှမြန်မာပြည်က အတုယူသုံးတာပါ လမ်းမတွေပေါ်မှာ FEC လိုက်လဲတဲ့ မိန်ကလေးတွေ မကြာခဏ တွေ့ ရပါတယ် ရှံ့ ဟိုင်းမှာ စင်္ကာပူက  Orchard လို လိုချင်တဲ့ ပစ္စည်းဝယ်လို့ ရတဲ့လမ်းမကြီးနဲ့ တူတဲ့ နန်ကျင်းလု့ လို့ခေါ်တဲ့ နန်ကျင်းလမ်းရှိပါတယ် ရှံ့ ဟိုင်း ကမ်နားလမ်းဘက်က စဝင်ရပါတယ် လမ်ရှည်ကြီးပါ ကုန်တိုက် စတိုး မျိုးစုံရှိပါတယ် ကမ်နားလမ်းကအဝင် နန်းကျင်းလမ်းထိပ် မှာတော့ PEACE ဟော်တယ်ရှိပါတယ် မြန်မာတွေဆုံစည်းရာနေရာလဲ ဖြစ်ပါတယ်၊
ဦးနေဝင်း လက်ထက် မဆလခေတ်မှာ ဦးနေဝင်း က သူကလွဲလိုကျန်တဲ့သူ အားလုံးဘာမှလှုပ်မရအောင် လုပ်ထားပါတယ် လှုပ်သူဆိုရင်ပြုတ်တော့တာပါဘဲ ထောက်လှမ်ရေးမျက်မှန်တင်ဦး ကစပြုတ်ထာတွေ အများကြီးပါ ဒါကြောင် ဝန်ကြီးချုပ် ဝန်ကြီး တိုင်းမူး ကစအရာရှိကြီးသား အားလုံးဟာ ပြည်ပမှာ သွားရောက်လုပ်ကိုင်ကြရပါတယ် အများနည်းတူပါ တိုင်းမူကျော်ဘ သား ကိုကိုဦး ဆိုရင်သူ့အဖေ အကြောင်းအမြဲပြောပါတယ် သူ့အဖေ ငယ်ငယ်က အင်စိန်မှာနေစဉ် မိထွေးလုပ်သူက ထ္မင်းမကျွေးလို့ စစ်ထဲလိုက်ရသည့်အကြောင်းပါ သူကိုယ်တိုင်လဲ ခုမိထွေကိုစိတ်နားပုံရပါသည်၊
ရှံ့ ဟိုင်း မှာတညစားသောက်နေကြစဉ် ၈၈-အရေးအခင်းက သမတ လုပ်ခဲ့တဲ့ စိန်လွင် သမက်ကို မကြေနပ်သူတချို့ က ဝိုင်းရိုက်ဖို့လုပ်ကြပါတယ် စိန်လွင် သမက်က ကျွန်တော့ကိုရှင်းပြပါတယ် သူကို ဦးစိန်လွင်က သူ့သ္မီးနဲ့ လုံးဝသဘောမတူပါကြောင်း အတူမနေ အပြင်မှာနေရပါကြောင်းတွေပါ ကျွန်တော်လဲ အားလုံးကို ကြားကဖြောင်းပြတောင်ပန်ပေးခဲ့ရတယ် နောက်ဆုံးတော့ပြေလည်သွားပါတယ်၊
  ၁၉၈၉-ခုနှစ် မေလ တရက်နေ့ အလုပ်သမားနေ့ မေဒေးမှာ ရှံ့ ဟိုင်း မြို့ တော်ကောင်စီကနေ၍ ကျွန်တော်အပါဝင် ၄-ယောက် အခန်းအနားတက်ဖို့ ဖိတ်ကြားခြင်းခံရပါသည် သုံးယောက်ကတော့ ကိုကျော်မြင့်ထွန်း မဆလခေတ် နောက်ဆုံးဝန်ကြီးချုပ် ၈၈-အရေးအခင်းအထိ ဝန်ကြီးချုပ်လုပ်သွားသူ သူရဦးထွန်းတင် သားပါ၊ စလိုင်းဆွေအောင် မျက်မှန်လေးနဲ့ ကိုအောင်စိုး တို့ဖြစ်ပါတယ်၊
မေဒေးနေ့ပွဲကို ညနေ၅-နာရီ တက်ရမှာပါ အဲဒီနေ့က တိုက်တိုက်ဆိုင်ဆိုင် မနက်၁၀-နာရီလောက်မှာ လက်ထပ်ပွဲတခု တက်ရောက်ဖို့ရှိနေပါတယ် အကြီးအကျယ်မဟုတ်ပါ မိန်ကလေးမိဘတွေနဲ့ ဟိုဘက်သည်ဘက် အသိသက်တွေရှေ့ မှာ အစားအသောက်စား အသိအမှတ်ပြုကြရုံဖြစ်ပါတယ် ကျွန်တော်တို့သူငယ်ချင်းထဲက ကိုလှထွန်၊ သူ့လက်ထပ်ပွဲပါ မသွားလို့မဖြစ်လို စလိုင်းဆွေအောင် နဲ့ ကျွန်တော်သွားရပါတယ် ၆-ထပ်အမြင့်ရှိတိုက်မှ တိုက်ခန်းလေးတခုမှာ မိန်ကလေးက အသက်၃၀-ခန့်ရှိပါပြီ အဖေအမေ အိုတွေနဲ့နေပါတယ်၊ မိဘတွေကလဲသဘောတူတယ် စိတ်သဘောလဲကောင်တယ်
ထိုအချိန်က တရုတ်ပြည်ရောက် မြန်မာအချို့  မိန်းမယူကြပါတယ် တလစင်္ကာပူဒေါ်လာ ၁၀၀-တရာ ထောက်ပံ့နိုင်ရင် ယူလို့ရပါတယ် ....မှတ်ချက် ဆက်ရန်


Read More...

Saturday, April 20, 2013

သမတကြီး ဦးသိန်းစိန် ၏ ၆၈ နှစ်ပြည့်မွေးနေ့ နှင် ရွှေအင်းသားခင်မောင်ဝင်း (AP) ဘဝ

.ကြိုးစားရင် ဘာမဆို ဖြစ်နိုင်ပါသည်.....အားကျစရာပါ။

သမတကြီး ဦးသိန်းစိန် ၏ ၆၈ နှစ်ပြည့်မွေးနေ့ နှင် ရွှေအင်းသားခင်မောင်ဝင်း (AP) ဘဝ

ဒီနေ့ ဧပြီလ ၂၀ ရက်နေ့ ဟာကျနော် တို့ လေးစားကြည်ညိုရတဲ့ သမ္မတကြီး ဦးသိန်းစိန် ရဲ့ ၆၈ နှစ်ပြည့် မွေးနေ့ ပါ။ သမ္မတကြီး ရဲ့မွေးနေ့မှသည် သက်ရှည်ကျန်းမာပြီး သူချစ်တဲ့ မြန်မာပြည် ကြီး ကို ဆထက်တိုးတက်ငြိမ်းချမ်း သာယာအောင် စွမ်းဆောင်နိုင်ပါစေကြောင်း ဦးစွာ ဆုတောင်း မေတ္တာ ပို့သပေးလိုက်ပါတယ်။ ကျနော် က ဓာတ်ပုံရွှေအင်းသား ခင်မောင်ဝင်းပါ။ အမေရိကန်နိုင်ငံ ကိုယ်စားပြု AP သတင်းဌာန ကမြန်မာပြည်ဌာနေ ဓာတ်ပုံ သတင်းထောက်ပါ။ ဓာတ်ပုံလောက မှာ အနှစ်နှစ်ဆယ် ကျော် ရွှေအင်းသား ခင်မောင်ဝင်း နာမည်နဲ့ ကျင်လည်ခဲ့ပါတယ်။ သမ္မတကြီး ဦးသိန်းစိန်ရဲ့ ရွာနဲ့ ကျနော် မွေးခဲ့တဲ့ ရွာကလေးက ဟိုင်းကြီးကျွန်း ရဲ့တဖက်စီမှာ ရှိပါတယ်။ သမ္မတကြီး ရဲ့ရွာက ကျုံကူး ရွာ ပါ။ ကျနော် က သက္ကယ်သောင် အုန်းချောင်းရွာကပါ။ အလွန်ဝေးလံ ခေါင်ပါးပြီး ခရီးလမ်းပန်းခက်ခဲ လှပါတယ်။ ၁၉၇၅ ခုနှစ်မှာ မုန်တိုင်းကြီးတိုက်လို့ မိဘဆုံးသွား ချိန်မှာ ကျနော် ၇ နှစ်သားဘဲ ရှိပါသေးတယ်။ ရွာက ဘုန်းကြီးက ကယ်ပြီး ပုသိမ် မိဘမဲ့ ကျောင်းကို ပညာသင် ရောက်ခဲ့ ပါတယ်။ နောက်ရန်ကုန် ဘုန်းကြီးကျောင်းကို ရောက်ပြီး အင်းလေးကန်က မိသားစုက မွေးစားခဲ့လို့ ဒီအနုပညာ နာမည် ပေးခဲ့တာပါ။ ၂၀၀၈ နာဂစ်မှာတော့ ရွာကဆွေမျိုးအားလုံး ဆုံးရှုံးခဲ့ရပါတယ်။ ကိုယ့်အရပ် ကိုယ့်ဒေသ က လူတယောက်က နိုင်ငံတော် ရဲ့ သမ္မတကြီး တဦးဖြစ်နေတာကို ရင်ထဲက အမြဲတမ်း ပီတိဖြစ်ရပါတယ်။ ကောင်းသတင်းတွေ ကျော်ကြားပြီး မြန်မာ့ အလယ်မှာရော ကမ္ဘာ့ အလယ်မှာပါမျက်နှာပန်းပွင့်ပြီး ကျော်ကြားလာသည့်အတွက် သမ္မတကြီး အတွက် အမြဲတမ်း ဂုဏ်ယူ လျှက်ပါ။ သမ္မတကြီး ဦးသိန်းစိန် နှင့် အမေဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ ကျေးဇူး တရားများဟာ ကျနော် တို့ နိုင်ငံအတွက် ကျေးဇူး ကြီးမား လှပါတယ်...... ဒါကြောင့် သမ္မတကြီး ဦးသိန်းစိန် ယခုမွေးနေ့ မှသည် အသက်ရာကျော် ရှည်ပါစေကြောင်း.... လိုရာဆန္ဒပြည့် ပါစေကြောင်း မွေးနေ့ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်.... လေးစားလျှက်..... ဓာတ်ပုံ- ရွှေအင်းသား ခင်မောင်ဝင်း (AP)

 
ဘယ်အစွန်ဆုံး ကိုခင်မောင်ဝင်း(ရွှေအင်းသား)  အလယ်ကျော်သူ ယာအစွန်ဆုံးဥက္ကဌ ဦးအေးသန့် ဒုတိယ ကျွန်တော် (၂၀၀၃-၂၀၀၄)

ကိုခင်မောင်ဝင်း(ရွှေအင်းသား)နှင့် လက်တွဲခဲ့ဘူးပါသည် လေးစားရပါသည် ကရင်းဝတ်စုံများဖြင့် ကရင်ပြည်နယ်တွင် လူမူရေးအသင်းများ လိုက်လံဖွဲစည်းစဉ်ကပါ ဘယ်အစွန်ဆုံးက ကိုခင်မောင်ဝင်း(ရွှေအင်းသား) အလယ်ကျော်သူ ညာအစွန် ဥက္ကဌ ဦးအေးသန့် ညာ ဒုတိယ ကျွန်တော်ပါ (၂၀၀၃-၂၀၀၄)

Read More...

Wednesday, April 17, 2013

တို့လမ်းကလေး

တို့လမ်းကလေး

လမ်းထိပ်မှာ ဘုရားလေးတဆူရှိတယ်
ဘုရားလေးကျော်ရင် မှတ်တိုင်လမ်းပေါ၊့

တို့လမ်းက မြေလမ်းလေး
မိုးတွင်းဆို ချိုင်ဗွက်တွေနဲ့
တခါတရံ မိုးကြီးရင်
ရေက ဒူးခေါင်းလောက်
ကျောင်းသွားတိုင်း ဖြတ်သွားရ
ပျော်စရာကောင်းတယ်၊

စွယ်တော်နီးတိုင် ချိုင်ကွက်ကိုဖို့
လမ်းပြင်ကြတယ် စွယ်တော်လှည့်ဖို့
စွယ်တော်ဆိုတာ တို့မြို့ လေးရဲ့ 
နံမည်ကြီး မြတ်စွယ်တော်ပွဲ
စွယ်တော်လှည့်လို့ လမ်းကလေး
ကံကောင်းတာ၊

တို့လမ်းလေးက တမိုင်ကျော်ကျော်
လမ်းထဲမှာ ဂွေလိမ့်ဖူးတယ်
ကျောက်ဒိုး ပြစ်ဖူးတယ်
ကျည်းသား ရိုက်ဖူးတယ်
ငယ်ငယ်က ပုဆိုးကျွတ်နဲ့
မိုးရေးထဲ ပြေးဆော့ဖူးတယ်၊

လမ်လေးထဲမှာ ဆွေမျို
အသိ မိတ်ဆွေ နေကြ
အားလုံးခင်မင် စရာပါ၊

လက်လုပ်လက်စား များပါတယ်
ခြံစိုက်သီးနှံ ရောင်းသူရှိသလို
စပါးစိုက် လယ်သမားရှိတယ်၊

စပါးပေါ်ချိန်ဆို တလင်းထဲ
နွားနဲ့ဆော့ ကောက်လှိုင်ပုံပေါ်တက်
ဂျွမ်ထိုးရတာ အမောပါ၊

သင်္ကြန် သတင်းကျွတ်
တဆောင်တိုင် လမ်းထဲ
အလှူ ဆွမ်းရုံတွေ ရှိတယ်
စတုဒီသာ ကျွေတာ စားကြသလို
ညအိပ်ဝိုင်းဖွဲ့  စကားဆိုကြတယ်၊

နွေဆို မီးကင်းစောင့်ရ
ကြက်သား ကာလသားဟင်းနဲ့ပေါ့
လမ်းလေးထဲမှာ ညဘက်
ကြက်လိုက်ကောင်း သူတွေရှိ
ဘယ်ကလိုက်လဲ မသိပါ
မသိတာ ကောင်းပါသည်၊

မိုးဆို တပါတ်လောက်
မိုဆွေတာ ရှိတတ်တယ်
မိုးသီးတွေလဲ ကြွေတတ်
သားငါးပေါတဲ့ ရာသီပါ၊

ဆောင်းဆို မီးလှုံကြ
ခြံထဲက သစ်ပင်တွေ
ကျွေတဲ့ သစ်ရွက်ခြောက်
သစ်ကိုင်း ခြောက်ကိုသုံး
မြူနှင်းတွေနဲ့ပေါ့၊

ဘဝတပါး သွားချင်ရင်
တို့လမ်းလေးက ဖြတ်မှရ
ကုသိုလ်ရတာ များပါတဲ့
မြောက်ပိုင်းက အတွင်းလမ်ပါ။


Read More...

Tuesday, April 16, 2013

နှစ်သစ်ကြိုဆိုပွဲ



 နှစ်သစ်ကြိုဆိုပွဲ


နှစ်သစ်ချိန်ခါ တို့မြန်မာ
စည်းလုံးညီညာ အောင်ကြောင်းဖြာ၍
အောင်ရာ အောင်ကြောင်း
အောင်ဆုတောင်း၊

ပြည်သူ့အကျိုး လွန်သည်ပိုးကာ
အားလုံးညီညီ ညှိနိုင်းဆောင်ရွက်
သွေမပျက်ဘဲ ဘေးချင်ယှဉ်ကာ
အားမာန်အပြည့် အတူလက်တွဲ
တို့အောင်ပွဲ၊

တို့မြေတို့ရေ တို့ သားဆွေတို့
တို့လူမျိုးဂုဏ် တို့ယုံကြည်မှ
တို့ရည်ရွယ်ချက် မုချအမြန်
ရပါစေကြောင်း ဆုတောင်းလျှက်၊

လူမျိုးမရွေး ပျော်ရွှင်ချမ်းမြေ့ 
သာယာဝပြော နိုင်ငံသစ်ကို
မလွဲမသွေ တည်ဆောက်ကြရင်း
ကြိုဆိုကြပါစို့။
.

Read More...

Monday, April 15, 2013

အမေရိကန် မှာ ပိတောက်ရှာပုံတော်


အမေရိကန် မှာ ပိတောက်ရှာပုံတော်
 
 
 

အမေရိကန်မှာ ပိတောက်ရှာပုံတောဖွင့်သည်ဆိုတော့ တခုခုတော့မှားသွားပြီး ပေါက်သွားးပြီးထင်ကြမယ်
အမှန်တကယ်ရှာနေရတာပါ အမေရိကန်မှာ ရှိစဉ်သင်္ကြန်မှမဟုတ်ပါဘူး အချိန်ပေးသမျှရှာနေရပါသည် ဇာတ်လမ်းက စင်္ကာပူကစခဲ့တာပါ ၈၈-အရေးအခင်မတိုင်ခင် စင်္ကာပူကိုရောက်ခဲ့ပါတယ် မီးနီရပ်ကွက်ဖြစ်တဲ့ ဂေးလမ်းမှားနေခဲ့တယ် ဝန်းခြံကြီးထဲမှာ ၂-ထပ်တိုက် ၂   လုံးရှိတယ် နှစ်ထပ်တိုက်တခုမှား မြန်မာတွေစုနေကြတာပေါ့ တတိုက်မှာတော့ မီးနီးလုပ်ငန်းလုပ်တယ် ၂ခုလုံးကိုတာဝန်ယူထားတာက အရှည်ကြီးလို့ မြန်မာတွေအားလုံးကခေါ်သည့် တရုပ်ကြီးတယောက်ပါ မီနီလုပ်ငန်လုပ်တဲ့ အခန်းတွေကိုသွားလေ့လာလို့လဲရသေးတယ် တခန်လုံးမှန် အပြည့်အပေါ်ရော ဘေးလေးဘက်စလုံးမှန်တွေကာထားတာတွေ့ ရပါတယ်၊
ကျွန်တော်တို့ စင်္ကာပူကိုရောက်စဉ်က မြန်မာတွေစုနေတဲ့အိမ်တွေမှာ အလုပ်လုပ်ဖို့ လုပ်ငန်နဲ့ပါတ်သက်ထာတွေကို သင်ပေးနေကြပါတယ် သင်္ဘောတက်ချင်ရင်လဲ ကုန်ဘက် စက်ဖက် ရေဒီယိုအရာရှိ  (RO) ကစ  စီနီယာကြီးများက အခမဲ့သင်ပေးတာပါ မြန်မာပြည်မှာ ဦးနေဝင်းလက်ထက် ဘယ်သူမှလုပ်လို့ မရလို့ တိုင်းမူသား ဝန်ကြီးတွေသား ဝန်ကြီးချုပ်သားတွေနဲ့ အရေးအခင်းကာလမှာ သမတဖြစ်သွားတဲ့ စိန်လွင် သမက်တောင်ပါလိုက်ပါသေးတယ်  အားလုံးအတူတူရုံးကန်ကြရတာပါ တရုပ်ပြည်မှာ ရှံဟိုင်းမှာ စိန်လွင် သမက်ကို အရေးအခင်းကာလ ဝိုင်းရိုက်မယ်လုပ်ကြလို့ ကျွန်တော်က အားလုံးကိုဖျောင်ဖြ တောင်ပန်ရပါသေးတယ် ကြုံမှအသေးစိတ်ရေပါမယ် ခုဟာက အမေရိကန်မှာ ပိတောက်ရှာပုံတော် ဖွင့်နေရသည့်အကြောင်းပါ၊
မြန်မာတွေစုနေသည့်အိမ်မှာ ကိုမင်းလွင် ကိုစတွေ့ တာပါ အရပ်ကပုပါတယ် မြန်မာပြည်မှာတုံးက ဌာနတခုမှာ စာရင်းစစ် လုပ်ခဲ့ကြောင်းသိရပါသည် ခု ရေဒီယိုအချက်ပြသင်ပြီး RO နဲ့သင်္ဘောတက်ဖို့ လုပ်နေတာပါ ကျွန်တော်နဲ့ဘေးချင်ယှဉ် အိပ်ကြလို့ခင်မင်သွားကြပါတယ် နောက်တော့ တနှစ်လောက် သူအလုပ်သူလုပ် ကိုယ့်အလုပ်ကိုလုပ် ကွဲသွားကြပြီး စင်္ကာပူမှာပြန်ဆုံးကြတုန်း ကျွန်တော့ကို သူဇနီ အမေရိကန်သွားရောက်နေထိုင်ခွင့် မဲပေါက်ကြောင်း ဓါတ်ပုံတခုထုတ်ပြပြီး ဓါတ်ပုံထဲမှာ သူ သူဇနီး တနှစ် အရွယ်သားနဲ့ ၂-နှစ်ကျော်သ္မီးပါသည့် သူစင်္ကာပူအထွက်ခင်က ရိုက်ခဲ့သည့်ပုံ ထိုပုံကို  အမေရိကန်အစိုးရထံ တင်ထားကြောင်း သူဇနီး တယောက်ထဲ အရင်သွားမည်ဖြစ်ကြောင်းနဲ့ ကိုယ့်စရိတ်နဲ့ကိုသွားရမည်ဖြစ်၍ သူကအလုပ်လုပ်ရသည့်ငွေကို ပေးပို့ခဲရကြောင်း ပြောပြလို့သိရှိခဲ့ပါတယ်၊
သူအလုပ်သူလုပ်ကြရင် ကွဲသွားကြပြန်ပါတယ်၊
၁၉၉၄-ခုနှစ်မှာ ရန်ကုန်ပြန်ရောက်ပါတယ် အင်မတန်ထက်တဲ့ ဇနီးဆုံးပြီး ၃-နှစ်ကြာမှ ပြန်ရောက်ထာပါ
ကွယ်လွန်ချိန်က ယောက္ခမတွေက ဖုံးဆက်ပါတယ် ပြန်မလာရင်လဲ ဖြစ်တယ်ဆိုလို့ မပြန်ဖြစ်တော့ပါ
ဆုံးတဲ့နေ့က ထိုင်းဝမ်းမှ ကျွန်တော်လုပ်နေတဲ့ စက်ရုံမှ ကျွန်တော့စက်ဟာ မီးမပျက်ဘဲ ခဏခဏ ရပ်ရပ်သွားပါတယ်ဘာမှလဲအပြစ်ရှားမရပါ အခန်းပြန်တော့လဲ တခါးထုလိုသွားဖွင်ကြည့်တော့ ဘယ်သူမှမတွေ့ ပါ မြောက်ဒဂုံမြို့ သစ်မှာ အိမ်ဆောက်နေတာကို ရုံးပိတ်ရက်သွားကြည့်ရင်း ကားအက်စီးဒင်ဖြစ်တာပါ ပြန်ရောက်တော့ အိမ်နဲ့ခြံတော့ပြန်ပေးကြပါတယ် ကျန်တာတော့ဘာမှ မရတော့ပါ၊
စီးပွားရေးစလုပ်ဖို့ကြိုးစားပါတယ် စမ်ချောင်းမှား ထူကုမ္မဏီ ဦးတေဇ ယောက္ခမ ညီမပိုင်တဲ့ ၈-ထပ်တိုက် အောက်ဆုံးထပ် ပေ-၂၀/၅၀ ရှိတဲ့အခန်းကို ငှားလိုက်ပါတယ် ရန်ကုန်မှာ 7/11 ဆဲလ်ဗန်း-အလလ်ဗန်း ပုံစံဆိုင်တွေ ဖွင့်ဖို့စလုပ်ထာပါ အခန်းကိုဖေါင်ကြီးမှာ ရေငန်းပင်တွေသွားဝယ်ပြီး ပေါ်လစ်သုတ်ကာ၍ ဒီဇိုင်လှအောင်လုပ်လိုက်ပါတယ် အဲဒီအချိန်က ပက်စီကလဲနံမည်ကြီးနေတော့ ပိုင်ရှင်ဦးသိန်ထွန်း ကိုအသိနဲ့လိုက်ပြီး ပက်စီကပ်၁၀၀-ရအောင်လုပ်နိုင်ခဲ့ပါတယ် နောက်လိမ္မော်ရည်ထွက်တော့ ၂၅-ကပ်ထပ်ရပါတယ် ပက်စီနဲ့တင် အမြတ်အများကြီးရပါတယ် နောက်ထူးရေခဲမုန့် ဘီယာမျိုးစုံး ချိစ်ကစတင်ပါတယ် ဘီယာသံဘူးတွေဆို ၇၀-ကျပ်လောက်ဘဲရှိပါတယ် ကျွဲရှိုင်ဆို ၅၀-ကျပ်ထဲပါ စမ်ချောင်မှားကချင်လူမျုးသူဌေးတွေ အများဆုံးနေတာတွေ့ ပါတယ် ခရိယန်တွေများလို့် စနေ တနင်္ဂနွေဆို ပက်စီ ထူးရေခဲမုန်တွေကို အော်ဒါမှာပါတယ် ဟန်ဘာဂါကစလုပ်ရောင်ဖို့ လုပ်ပါတယ် အောင်မြင်ပါတယ်၊ စမ်ချောင်းစီပင် လာပြိးလိုင်စင်လုပ်ဖို့ပြောတာ ဟောက်ပြစ်လိုက်မိပါတယ် နောက်တော့စာရောက်လာတယ် စည်းပင်ရုံးမှာသွားတွေ့ တော့ ဒါဏ်ရာရ ဗိုလ်ကြီးတယောက်က ဌာနမူးပါ သူ့နောက်မှာ တပည် ၃-၄ ယောက်ထားပြီး သူစပွဲရှေ့ မှာထိုင်ခိုင်း၍ အင်္ဂလိပ်ခေတ်က ဥပဒေကိုရှင်းပြပါတယ် အရေးယူရရင် ဘာဖြစ်မယ်ညာဖြစ်မယ်ပေါ့ နောက်တော့ အားကစားအတွက် ငွေတသောင်ထည့်ပါပြောပြီး ပြေလည်သွားပါတယ်၊
စမ်ချောင်းမှာ ဆိုင်ဖွင့်နေစဉ် ၂-ပွင့်နဲရဲအုပ်အမျိုးသ္ခီးငယ်တဦးရောက်လာပါတယ် ကျွန်တော့ဇနီးနဲ့တဌာထဲ အလုပ်လုပ်ခဲ့ကြသူတွေပါ ဇနီးထက်ငယ်ပါတယ် တောင်ဥက္ကလာပ လျှပ်စစ်ရုံးနားမှာ ကားအက်စီဒန့် ဖြစ်ဖြစ်ခြင်းသူရောက်သွားပါတယ် သူ့လက်ပေါ်မှာတင် ကျွန်တော့နံမည်ခေါ်ပြီး ဆုံးသွာတယ်လို့ ပြောပါသည် ထိုဒုရဲအုပ်ကလေဟာ ကျွန်တော်နဲ့ စင်္ကာပူမှာတွေ့ ခဲ့တဲ့ ကိုမင်လွင်၏ ခယ်မ အမေရိကန်ထွက်သွားသော ဇနီး၏ညီမအရင်းဖြစ်ကြောင်းနောက်တော့ကိုမင်လွင် ထံမှသိရပါသည် ကျွန်တော်7/11 ဆိုင်ပုံစံလုပ်ထာ အောင်မြင်နေပေမဲ့ ဆိုင်ကိုညီမတွေပေးပြီး ၁၉၉၆ မှာ  ပြည်ပပြန်ထွက်ဖြစ်သွားပြန်ပါတယ်၊....မှတ်ချက်-ဆက်ရန်

Read More...

Thursday, April 11, 2013

တန်ဖိုးရှိသော စကားများ.....

 

တန်ဖိုးရှိသော စကားများ.....

အောင်မြင်မှုရဲ့လျှို့ဝှက်ချက်မှာရည်ရွယ်ချက်၌တစိုက်မတ်မတ်လုပ်ခြင်းပင်ဖြစ်တယ်။
(ဘင်ဂျမင်ဒစ်ဆရေလီ)

အောင်မြင်ကျော်ကြားသူဖြစ်အောင် မကြိုးစားပါနှင့်၊ တန်ဖိုးရှိသောသူဖြစ်အောင်ကြိုးစားပါ။
(အယ်ဘတ်အိုက်စတိုင်း)
လူသားတို့၏ဘ၀တွင် မည်သည့်အရာမှ တည်မြဲခြင်းမရှိ သည်ကိုသတိရပါ။
ထို့ကြောင့် အဆင်ပြေသည့်အခါ၌ အလွန်အမင်းဝမ်းသာခြင်း၊ အဆင်မပြေသည့်အခါ၌ အလွန်အမင်း စိတ်ဓာတ်ကျခြင်း မဖြစ်ပါနှင့်။ (ဟင်းရစ်အစ်ဆန်)

ကျေးဇူးသိခြင်းဆိုသည်မှာ မြင့်မြတ်သောစိတ်ရဲ့ သင်္ကေတဖြစ်တယ်။ (အီစွတ်)
သင့်ထံမှ ဝေဖန်ချက်တောင်းကြသူများမှာ စင်စစ် သူတို့အား ချီးမွမ်းခြင်းကိုသာ ခံယူလိုကြသူများဖြစ်တယ်။
(ဆမ်းမာဆက်မော)

ကျဉ်းထဲကျပ်ထဲရောက်နေပြီး မျှော်လင့်ချက် ကင်းမဲ့ နေသည့်အခါ၌ အရဲရင့်ဆုံး အကြံဥာဏ်ဟာလုံခြုံမှုအရှိဆုံးဖြစ်တယ်။(လိုင်ဗွီ)
စာဖတ်ခြင်းက ပြည့်ဝသောလူတစ်ယောက် ဖြစ်စေတယ်။
ဆွေးနွေးညှိနှိုင်းခြင်းက အသင့်ပြင်ထားသော လူတစ်ယောက်ဖြစ်စေတယ်။
မှတ်သားခြင်းက တိကျသောလူတစ်ယောက်ဖြစ်စေတယ်။ (ဆာဖရန်စစ်ဘေကွန်)

မိမိကိုမိမိ ယုံကြည်ခြင်းဆိုတာ အောင်မြင်သူအတွက် ပထမဆုံးသော သော့ချက်ပဲ။ (နီကီတာခရုရှက်)

တစ်စက်ချင်းကျနေသော ရေစက်များဟာ နောက်ဆုံးမှာကျောက်တုံးကိုပင် တိုက်စားသွားတယ်။(လူခရီးတပ်စ်)

သူငယ်ချင်းဆိုသည်မှာ ၄င်းအပေါ် ကျွန်ုပ်က ရိုးသားဖြူစင်ရမည့်သူပင် ဖြစ်တယ်။ (ရပ်ဝယ်ဒိုအီမာဆန်)

ပျင်းရိခြင်းဟာ ထိခိုက်နစ်နာမှုများအားလုံးဝင်ရာ ၀င်ပေါက်ကြီးဖြစ်တယ်။
အလုပ်မရှိတဲ့လူတစ်ယောက်ဟာ နံရံမရှိတဲ့ အိမ်တစ်လုံးနဲ့တူတယ်။
မကောင်းဆိုးဝါးများဟာ အရပ်လေးမျက်နှာမှဝင်ရောက်နိုင်တယ်။ (ဂျော့ဖရီချော်ဆာ)

ပြက်ရယ်ပြုခြင်းက သဘောထားသေးသိမ်ညံ့ဖျင်းတဲ့လူများရဲ့ လှုပ်ရှားမှုပင်ဖြစ်တယ်။ (အဲဖရက်တင်နီဆင်)
အပြစ်မရှိသူတစ်ဦး မတရားခံရခြင်းထက် အပြစ်ရှိသူ ဆယ်ဦး ထွက်ပြေးလွတ်မြောက်သွားခြင်းက ပိုလို့ကောင်းသေးတယ်။ (ဘလက်စတုံး)
သန္နိဋ္ဌာန်ချရာ၌ နှေးပါ ၊ လုပ်ဆောင်ရာ၌ မြန်ပါ။ (ဂျွန်ဒရိုင်းဒန်)
ငွေကြေးဥစ္စာအတွက် သက်သက်အိမ်ထောင်ပြုတာက ပြည့်တန်ဆာလုပ်တာနဲ့ အတူတူပဲ။ (ဘားနဒ်ရှော)

သာယာချမ်းမြေ့သောအိမ်ထောင်ရေး ဆိုသည်မှာ မျက်မမြင်မယား နဲ့ နားပင်းနေသောလင်ယောကျာင်္း တို့ရဲ့အိမ်ထောင်ရေးပင် ဖြစ်ပါတယ်။ (ဂျွန်မီတန်)

ဤကမ္ဘာပေါ်၌ မည်သူ့ကိုမျှ အားမကိုးဘဲ မိမိဘာသာမိမိ ရပ်တည်သောလူသာလျှင်
အတော်ဆုံးလူဖြစ်တယ်။ (ဟင်းရစ်အစ်ဆန်)

သင့်လောက် ကံမကောင်းသူအား သင်၏ပျော်ရွှင်မှုများ ၊ အဆင်ပြေမှုများကို သွားမပြောပါနှင့်။ (ပလူးတက်)

သူတပါးကို ထိခိုက်နာကျင်စေခြင်းထက် မိမိက အနစ်နာခံလိုက်သည်က ပိုကောင်းတယ်။ (ချားဒါဝင်)

အနည်းငယ်သုံစွဲခြင်းကို သတိပြုပါ။ အလွန်သေးငယ်တဲ့အပေါက်ကလေး တစ်ပေါက်ဟာ အလွန်ကြီးမားတဲ့ သင်္ဘောတစ်စင်းကို နစ်မြုပ်စေနိုင်တယ်။ (ဘင်ဂျမင်ဖရင်ကလင်း)

လိမ်ညာပြောတတ်သူသည် အမှန်ပြောသည့်တိုင်အောင် ယုံကြည်ခြင်းမခံရပါ။ (စီဆာရို)

ခင်ဗျားရဲ့ သဘောတူညီမှုမပါဘဲနဲ့ ဘယ်သူကမှ ခင်ဗျားကို သိမ်ငယ်စိတ်ဝင်အောင် မလုပ်နိုင်ပါဘူး။ (အယ်လင်နွာရုစဗဲ့)

ဆင်ခြေသည် လိမ်ညာပြောသည်ထက် ပို၍ဆိုးဝါးသလိုပို၍ကြောက်စရာလည်းကောင်းတယ်။ အဘယ်ကြောင့်ဆိုသော် ဆင်ခြေဟာ မုသားစကားကို လုံခြုံအောင် ကာရံထားသောကြောင့်ဖြစ်တယ်။ (အလက်ဇန်းဒါးပုတ်)

အရာရာကိုမလုပ်နိုင်တဲ့အတွက် ရှက်စရာမဟုတ်။ သို့သော်မလုပ်တတ်ဘဲလုပ်ခြင်း ၊ သို့မဟုတ် ဟန်ဆောင်ခြင်းသည် ရှက်စရာကောင်းရုံတင်မက စိတ်ပျက်စရာလဲကောင်းလှတယ်။ (ပလူးတက်)

စရိုက်၌လည်းကောင်း ၊ အပြုအမှုများ၌လည်းကောင်း ၊ ဟန်၌လည်းကောင်း ၊ အရာအားလုံး၌လည်းကောင်း အဓိကအကျဆုံးအချက်မှာ ရိုးသားမှုပင်ဖြစ်သည်။ (လောင်ဖဲလ်လိုး)
ပိုက်ဆံအိတ်အတွင်း၌ ပြောင်သလင်းခါနေသည့်အချိန်၌စိတ်မှာ တင်းကျပ်နေတတ်သည်။ (ဗစ်တာဟူဂို)

ကတိပေးရာ၌ အနှေးဆုံးလူသည် လုပ်ဆောင်ရာ၌ ကတိအတိုင်း တစ်သွေမတိမ်း လုပ်ဆောင်တယ်။
(ဂျေ ၊ ဂျေ ၊ ရူးဆိုး)

ပညာရှိများနှင့်တစ်နာရီဆွေးနွေးရခြင်းသည် မိမိဘာသာစာအုပ်တစ်ရာဖတ်သည်ထက် အကျိုးများ၏။ (သိုးဆောင်းစကားပုံ)

အောင်မြင်နေသူများသည် စိတ်မညစ် စိတ်မပျက်ဘဲ ဇွဲမလျှော့သူများသာဖြစ်သည်။ (အဂ္ဂါး)

သူတစ်ပါးကို ကျကျနနသင်ကြားပေးခြင်းသည် မိမိအဖို့သင်ယူခြင်း၌ အကောင်းဆုံးဖြစ်၏။ (အင်္ဂလိပ်စကားပုံ)

စိတ်အားငယ်နေသူတို့သည် အားကိုးမှုကို အလိုရှိတတ်ကြသည်။ အခါမရွေး အားကိုးရာရှာနေတတ်ကြသည်။ သူ့ကို ဖော်ရွေစွာ ဆက်ဆံနေစေချင်သလို သူ့အလိုဆန္ဒကိုလည်းလိုက်လျောစေချင်တတ်ကြ၏။ ထိုသူများနှင့်တွေ့လျှင် အကြံဥာဏ် နှင့် အားပေးစကား ပြောဖို့ရန် ၀န်မလေးအပ်ပေ။ စကားတစ်ခွန်းပြောပေးရုံနှင့်သူ့အား မြေတောင်မြှောက်ရာ ရောက်ပေသည်။ (ဒီဖိုမင်း)

စိတ်ကို တည်ငြိမ်အောင်ထိန်းပါ။ ကြံခိုင်မှု နှင့် သည်းခံခြင်းစိတ်ဓာတ်ကို မွေးဖွားပါ။ ဒုက္ခမှန်သမျှကို သတ္တိရှိစွာ ရင်ဆိုင်ပါ။ အစွမ်းအစ တုံးခြင်း နှင့် အသိဥာဏ်ခေါင်းပါးခြင်း အတွေးအခေါ်ဟူသမျှကို လုံးဝလက်မခံပါနှင့်။ (ဒေါက်တာဝီလျံအိုစလာ)

တန်ဖိုးရှိသော စကားများစာအုပ်မှ ကောက်နှုတ်ထားပါတယ်။
ဒီစာအုပ်ကိုဘာသာပြန်သူမှာ စာရေးဆရာကြီး 'သုတေသီဘုန်းမြင့်သွေး' ဖြစ်ပါတယ်။

Read More...

ဗိုလ်ချုပ်ကြီးစောမောင် ၏ အဆီကျဆေးပျောက်ဆုံးမူ့.....အဆုံးထိပြီးပါပြီ။...အပိုင်း(၂ )

 
ဗိုလ်ချုပ်ကြီးစောမောင် ၏ အဆီကျဆေးပျောက်ဆုံးမူ့.....
 
 


ကျွန်တော်တို့နိုင်ငံမှာ ထောက်လှမ်းရေးနဲ့ လက်နက်ကိုင်တပ် အားပြိုင်ကြတတ်ပါတယ် မဆလခေတ် ဦးနေဝင်း ခတ်မှာလဲ ထောက်လှမ်းရေးခေါင်းဆောင် မျက်မှန်တင်ဦး ဟာ အစိုးရဌာနအားလုံးမှား သူလူတွေကိုထည့်ထားပါတယ် ဘယ်လောက်တောင်ဆိုသလဲဆိုရင် ကျွန်တော်သွားနေကျ လေတပ်ပြုပြင်ရေးစခန်းမှာ တောင်ပံတခြမ်းသားရှိတဲ့ ဒုဗိုလ်မူကြီးက တပ်မူးဖြစ်နေလို့ပါ သူနဲ့တွေ့ လိုက်ရင် ဆိုရှယ်လစ်စကားတွေ ရေပက်မဝင်အောင်ပြောတော့တာပါဘဲ လေတပ်မှာ တောင်ပံတခြမ်းဘဲရှိရင် ဗိုလ်မူအဆင့်က ထပ်မတက်နိုင်ပါ ဒါပေမဲ့ ထောက်လှမ်းရေးမျက်မှန်တင်ဦး လူဖြစ်လို့ တောင်ပံတခြမ်းနဲ့ ဒုဗိုလ်မူကြီးဖြစ်နေပြီး တပ်မူတောင်ဖြစ်နေပါတယ်၊ အစိုရဌာနတိုင်း သံရုံးတိုင်းမှားသူ့လူတွေထည့်ပြီးဖြစ်နေပါတယ်၊ ထောက်လှမ်းရေးများစိုက်ပျိုးရေလောင်းနေသော သစ်ပင်၏ သစ်သီဟာ ဝါဝင်းပြီး မည့်ပါတော့မည် ဝါဝင်း၍ ရင့်မည့်တော့မည့်အချိန် ၂-လ လောက်အလိုမှာ ကျွန်တော်ရုံးမှာရှိနေပြီး အပြင်ထွက်ဖို့ပြင်ဆင်နေစဉ် မနက်၉-နာရီးကျော်ကျော် လောက်မှာ ထောက်လှမ်းရေးက ကျွန်တော့ကို သူတို့ဂျစ်ကားဖြင့် လာခေါ်ပါသည် ရုံးမှတဖြည်ဖြည်မောင်လာရာ အလုံလမ်းမှ သမတအိမ်တော်နားရောက်ပြီး ခရေပင်တွေတန်းစီ ပေါက်နေသည့် ခရေပင်လမ်းအနီး  ယှဉ်ရက် တော်ဝင်လမ်းရှိ ထောက်လှမ်းရေး-၆ သို့ ရောက်ရှိခဲ့ပါသည်၊ ခရေပင်များတန်းစီပေါက်နေသည့် ခရေပင်လမ်အနီးမှ တော်ဝင်လမ်းရှိ ထောက်လှမ်းရေးဆိုတာ ကိုသူရ ခေါ် ဇာဂနာ သရုပ်ဆောင်လူရွှင်တော်ကို ခေါ်ယူနိပ်စက်ခဲ့သည့် ထောက်လှမ်းရေးတပ်-၆ ရှိရာဖြစ်ပါသည်။
      ထောက်လှမ်းရေးရုံးထဲခေါ်သွားရာ ကျွန်တော်နဲ့မျက်မှန်းတန်းသူတွေ သိနေသူတွေပါ ရုံးကစပွဲမှာ သေသေချာချာထိုင်ခိုင်းပြီးမေးတာပါ ကျွန်တော့အထက်က လူကြီးပြုတ်ရန် ဖြုတ်ရန်မေးတဲ့မေးခွန်းတွေပါ ကျွန်တော်သေသေချာချာပြန်ပို့တဲ့ စင်္ကာပူကပို့လိုက်တဲ့ အင်ဒိုနီးရှားပါတိတ်တွေ မင်တိုဘယ်သူတွေနဲ့ ခွဲဝေသုံးသလဲဆိုတာလဲပါတယ်၊ အမှန်က ထောက်လှမ်းရေးက ပါတိတ်တွေပို့ပြီး ထောင်ချောက်ဆင်ထားတာပါ ခုမှပိုသိရပါတယ် လုံးဝယူမသုံးဘဲ သေသေချာချာ ပြန်ပို့ခဲ့တာပါ၊ ကျွန်တော်က စင်္ကာပူကိုပြန်ပို့ကြောင်း ပို့ပြီးတဲစာရွက်စာတမ်းတွေ
ရုံးမှာသေသေချာချာ သိမ်းထားကြောင် ပြနိုင်ကြောင်ရှင်းရပါသည်၊ မေးရာမှာလက်ဖျားနဲ့တောင်မထိပါ စပွဲမှာဟိုဘက်သည်ဘက် ထိုင်မေးတာကိုဖြေရတာပါ ပထမနေခေါ်ယူစစ်ဆေးရာ မနက်ပိုင်း ၁၁း၃၀-မှာ လက်စသတ်ပြီး ရုံးကိုသူတိုဂျစ်ကားနဲ့ဘဲ ပြန်ပို့ပါတယ်၊ စင်္ကာပူကပို့လိုက်တဲ့ အင်ဒိုနီးရှားပါတိတ်တွေကို ထိုစဉ်က ပျော်ပျော်ပါးပါး သုံးခဲ့မိရင် မလွယ်ဂျောပါဘဲ ကြောက်ပြီးချက်ချင်းပြန်ပို့ခိုင်းတဲ့ ဗြိတိသျှစစ်တက္ကသိုလ်ဆင် ဗိုလ်မူကြီးကိုလဲ ကျေးဇူတင်မိပါတယ် ဘာကြောင့်လဲဆိုတော့ ရောက်သမျှနမူနာတွေထဲက တခုတခု ယူသုံးတတ်လို့ပါ ကျွန်တော့မှာ အမေရိကန်စတိုင် ဗြိတိသျှစတိုင် ဖရီးဂျက်ကက် အကောင်းစားတွေ ဝတ်ပါတယ် တခါတော့နောက်ပိုင်းမှာပါ ထောက်လှမ်းရေးခင်ညွန့် တပည့်PA ဗိုလ်ကြီးတယောက်ကျွန်တော်နေတဲ့အိမ် လာလည်ရာ ဗိုလ်ချုပ်ကြီးတွေသုံးတဲ ပခုံးတတ်အပွင့်တွေ တွေ့ လို့လန့်သွားပါတယ်၊
၅-ရက်တိတိ ထိုအချိန်အတိုင်းခေါ်စစ်ပါတယ် လက်ဖျုားနဲ့တောင်မထိပါ စစ်ဆေးတာတွေ လက်မှတ်ထိုးခိုင်းတာဘဲ ရှိပါသည် ကျွန်တော်အလွန်ကံကောင်ပါသည် ရောက်သွားသူအားလုံး ညအိပ်ရညင်းပန်းနိပ်စက်ပြီးမှ စစ်ဆေးခံရကြောင်း သိထားလို့ပါ ပြန်လည်သုံးသပ်ရား ဖြစ်နိုင်တာ ၂-ခုတွေ့ ရပါသည် တခုက ကျွန်တော့မှာ ပါမှနောက်ခံအသိုင်းအဝိုင်းမရှိ ကိုယ်ဖါးထားသူလဲမရှိ အလုပ်သွင်းပေးသည့် ကျွန်တော့လူကြီးတွေကိုလဲ အပြစ်ရှာနေချိန် အလုပ်ကို ကိုယ်အဖေလုပ်လို ကြိုးကြိုးစားစားလုပ်၍ လူကြီးတွေမေးလိုက်တိုင်း အလုပ်ပြီးနေတာ ဖြေကြားနိင်ခဲ့လို့ ဖြစ်နိုင်သလို နောက်တချက်က တပ်နဲ့ထောက်လှမ်း အားပြိုင်နေရာ တပ်ဖက်ကလူကြီးတွေ စောင့်ကြည့်နေလို့ လက်ဖျားနဲ့တောင်မထိတာဖြစ်နိုင်ပါတယ်
ကျွန်တော့ကိုစစ်ဆေးပြီနောက် ၂-လအကြာမှာ ထောက်လှမ်ရေးမူ မျက်မှန်တင်ဦး  အပါအဝင် ယာဉ်မောင်းကအစ ထောက်လှမ်းရေးအားလုံး ပြုတ်ကုန်ကြပါတယ် ထိုအချိန်က ထောက်လှမ်းရေးမျက်မှန် တင်ဦး ဆိုတာ ဦးနေဝင်း ပြီးရင် အာဏာအရှိဆုံးဖြစ်သည်၊
တခုပြောရအုံးမယ် ကျွန်တော် ရုံးပြင်ပအမြဲထွက်ရလို့ ဖန်စီအရောင်မျိုစုံတိုက်ပုံ အမြဲဝတ်ပါတယ် ကားပေါ်မှာတထည်အပို အမြဲထားပါတယ် ရေမွေးလဲဆွတ်ပါတယ် ထိုစဉ်က ဆိုရှယ်လစ်ခေတ် သုဝဏ အလှကုန်ပစ္စည်းစက်ရုံက ရေမွေးဘဲသုံးတတ်ပါသေးတယ် ဟောင်ကောင်ရောက်မှ USA ထုတ် BRUT for Men ရေမွေးကို စသုံးတတ်သွားပါတယ် ကျွန်တော်ရောက်ချိန်က ဟောင်ကောင်ကိုအင်္ဂလိပ်အုပ်စိုးတုံး ဖြစ်ပါတယ် အင်မတန်စမတ်ကျပါတယ် ကုတ်နဲ့ နက်တိုင်တပ်ဆင်ကြပြီး တပေလောက်ရှိတဲ့ ဆဲဖုံးတွေကိုင် နေကြတဲ့အချိန်ပါ စင်္ကာပူနဲ့ပါမှမဆိုင်ပါ စင်္ကာပူမှာက T ရှပ်နဲ့ လမ်းလျောက်နေကြတာများပါတယ်
ထောက်လှမ်းရေးက စစ်နေတဲ့အချိန်အတွင်းမှာ ရုံးမှာရှိတဲ့ ရုံးဝန်ထမ်း မချောတွေကတော့ အနားကဖြတ်သွားတိုင်း ထောင်စော်နံတယ်လို ဝိုင်းဝန်းအားပေးကြပါတယ်၊
ကျွန်တော်ဘာမှမဖြစ်ခဲ့ပါ ကျွန်တော်လုပ်ဖေါ်လူကြီးတွေကတော့ ထောက်လှမ်ရေးတွေပြုတ်ပြီးချိန်မှာ ဝန်ကြီးတွေဖြစ်သွားကြပါသည်၊ မှတ်ချက် ဆက်ရေးပါမည်.....
ဘဝမှာ အတွေ့ အကြုံနဲ့ အသက်ရလာတာနှင့် မိမိ၏ဘဝကောက်ကြောင်းကို ခန့်မှန်းတွက်ချက်နိုင်ပါတယ် ဘဝဆိုတာ အတက်အကျရှိမယ် မမြဲပါဘူး ကျွန်တော်လဲဘဝမှာ အတက်အကျတွေ များပါတယ် အတိုက်အခိုက်တွေများပါတယ် ထူးဆန်းတာက သူတို့တိုက်ခိုက်လို့ မမျှော်လင့်တဲ့နေရာကို တိုးတက်သွားတာပါဘဲ ခဏခဏဖြစ်ဘူးတော့ တိုက်ခိုက်မူရှိလာပြီဆိုရင် ငါတော့ဘဝမှာ တဆင့်တက်ရအုံးမှာလို မျှော်လင့်လာတယ် လက်တွေ့ လဲ အဆင့်မြင့်သွားပါတယ်၊
ကျွန်တော့လူကြီးတွေ ရာထူးတက် ဝန်းကြီးတွေဖြစ်သွားချိန်မှာ ထက်မြက်ပြီး ဝင်ဆန့်တဲ့ အမျိုးသ္မီ ငယ်ချစ်တော့မဟုတ်ပါ ကြီးမှချစ်တဲ့သူနဲ့ လက်ထပ်ဖြစ်ပါတယ် ဘာကြောင့်ဝင်ဆန့်တာကို ရေးရသလဲဆိုရင် ဘွဲ့ တွေအများကြီးယူ ပညာတတ်တွေဖြစ်ပေမဲ့ မိမိအိမ် မိမိပါတ်ဝန်ကျင်လောက်သာ ထက်မြက်ကြပြီး ပါတ်ဝန်ကျင်တခုလုံးကို ဦးဆောင်ပြီး ဝင်ဆန့်မူမရှိတာတွေ့ရပါတယ် ပြောတတ်ဆိုတတ် ဝင်ဆန့်မူ လိုအပ်ကြပါတယ်၊
  ၆-မိုင်ခွဲ ပြည်လမ်း သစ္စာမြိုင် အမျိုးသ္မ္မီးဘော်ဒါဆောင်မှာ ပိုင်ရှင်ဖြစ်တဲ့ မိုးကုတ်မြမောင်၏ဇနီး ယ္ခင် ရန်ကုန်တက္ကသိုလ် ဥပဒေနည်းပြ ဆရာဒေါ်ခင်မြလွင် ဆရာသော်တာဆွေ မှတ်တမ်းတင်ခဲ့သူ ကွယ်လွန်သွားပြီဖြစ်သောသူ့မိတ်ဆွေ ငွေကိုလေလိုသုံးသူ မိုးကုတ်မြမောင်၏ဇနီး ကသူပြည်ပတွင် နေနေလို့ အဆောင်ကိုလာ စောက်ရှောက်ပါခေါ်ထား၍ သွားနေစဉ်မှာ ကျွန်တော်လဲနိုင်ငံခြား ထွက်၍အလုပ်လုပ်ကိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ် ဘော်ဒါဆောင်ရှေက ပြည်လမ်းပေါ်ကအိမ်က အဆိုတော် ဒေါ်နွဲယာဉ်ဝင်း အိမ်ဖြစ်ပါတယ် တချိန်ကတော့သစ္စာမြိုင် အမျိုးသ္မီးဘော်ဒါဆောင်ပိုင်ရှင် ဒေါ်ခင်မြလွင် ပိုင်ခဲ့တာပါ၊
နေ့ဆိုအလုပ်သွား ညဆိုအဆောင်ကို စောင့်ရှောက်ရင် လူစာရင်း ငွေစာရင်း ဧည့်စာရင်များပြုလုပ် ပေးရပါတယ် အဆောင်မှာ အမျိုးသ္မင်္ီး တရာကျော်ရှိပါတယ် ဘော်ဒါဆောင်ခြံထဲမှာ ယောက်ကျားလေဆို သန့်ရှင်းရေးလုပ်တဲ့ တမိလ်လူမျိုးရာဂျူး နဲ့ ကျွန်တော် ၂-ဦးသာရှိပါတယ် အဆောင်ခြံဘေးမှာ ညညဆို တီးဝိုင်းတွေနဲ့ သီချင်းသံတွေ အမြဲကြားရတယ်၊
တိုင်းမူး ဌာနဆိုင်ရာအကြီးအကဲ သူဌေး လူတန်းစားစုံ ကျောင်သူတွေများပါတယ် ပြောရအုံးမယ် အဲဒီခေတ်က TV နဲ့ အောက်စက်ကို ငှားကြည့်လိုရတယ် VCD တောင်မသုံးသေပါ ဗီဒီယိုတိတ်ခွေ သုံးပါတယ် ဆိုင်ကတခါထဲငှားလာလို့ရတယ် ကျွန်တော်နိုင်ငံခြား မထွက်ခင် ငှားပြတဲ့အခွေက 'သင်္ကြမိုး" ပါ တခါတရံ အဆောင်သူတွေငှားခိုင်လို့ TV အောက်စက်ငှားပေးရပါတယ် ဝိုင်းကြည့်နေကြရင်း ည-၁၂ ကျော်လာပြီဆိုရင် လေးလေး အပြင်ထွက်ပေးပါ ကျမတို့ချေဘဲ ကြည့်ပါရစေဆိုလို့ အမြဲထွက်ပေးခဲ့ရပါသည်၊
အဲဒီအချိန်က ဌာနဆိုင်ရာတွေကို အမြဲသွားနေရလို ဌာနတိုင်းမှာ အသိများပါတယ် ပါတ်စပို့ဌာန ဆိုရင်လဲ ဗိုလ်ချုပ်တို့ လုပ်ကြံခံတဲ့ အတွင်းဝန်ရုံးထဲမှာ ရှိပါတယ် ဌာနအကြီးအကဲ ပါတ်စပို့်မှာ ဆိုင်းထိုးသူက ရဲမူးကြီးစိုးမြင့် ပါ သူလက်အောက်က ၃-ပွင့်နဲ့ ရဲအုပ်ကြီး ဒေါ်ခင်အေးစီ နဲ့ သိလို့ ပါတ်စပို့ တိတ်တိတ် လုပ်ထားလိုက်ပါတယ် အလုပ်မှာလဲထွက်စာတင် ထားပါတယ် အသိရှိလို ပါတ်စပို့မှာ ၅-နိုင်ငံသွားခွင့် ရထားပါတယ် အဲဒီခေတ်က မလေးရှားနိုင်ငံ ထည့်မပေးပါ တနိုင်ငံနဲ့တနိုင်ငံ ကူရလွယ်မှာစိုလို့ပါ ကျွန်တော်နဲ့ ဘန်ကောက်မှာအတူနေခဲ့တဲ့ ဆရာဝန် ဒေါက်တာကိုကျော်ဇေယျ ဆိုရင် သူ့ပါတ်စပိုလ်မှာ နိုင်ငံ-၂ နိုင်ငံ ဘန်ကောက် နဲ့ စင်္ကာပူ ဘဲပါပါတယ်၊
ထွက်စာတင် နိုင်ငံခြားကိုထွက်ဖို့ ပြင်ဆင်နေစဉ် နောက်၁၉၉၀-ကျော် နဝတ စစ်အစိုးရလက်ထက်ကျ ဒု-ဝန်ကြီးဖြစ်သွားတဲ့ ထိုစဉ်က ဝန်ထမ်းအုပ်ချုပ်ရေကိုင်တဲ့ အရပ်သားဆရာသမား တယောက်က သူကိုတခါက ပြန်ပြောဘူလို့ ညစ်ထားလို့ ချက်ချင်းထွက်မရပါ ကျွန်တော်ကလဲ ကျွန်တော်ပါ အလုပ်သာကြိုးစားလုပ်တယ် ဘယ်သူကိုမှမဖါး ဂရုစိုက်ရမှန်းမသိ မှန်တယ်ထင်ရင် ပြန်ပက်တတ်ပါတယ် လူရည်မလည်တဲ့ တောသားက မြို့ တက်အလုပ်လုပ် ရတာကို ခံရမယ်ပေါ့၊
ထွက်မရသေးလို့ ခွင့်နဲ့နေချိန် ဗိုလ်ချုပ်ကြီးစောမောင်၏ အဆီကျဆေး ပျောက်တော့တာပါဘဲ၊
နိုင်ငံခြားကလာတဲ့ အဆီကျဆေးကတော့ လေဆိပ်မှာပျောက်သွားပြီ စဖမ်းတာကတော့ထုံစံအတိုင်း ရုံးမှာလက်ရှိလုပ်ကိုင်နေသူတွေပေါ့ ကျွန်တော့ကိုသင်ပေတဲ့ ဦးမောင်မော်လှ ကျွန်တော့တပည့်ကျော်ပြီး လုပ်ငန်ကိုကျွန်တော့ထက်ကျွမ်းတဲ့ ရုံးအကူဦးမောင်မောင်ကြီ ကစ ၅-ယောက်လောက်စပြီး ထောက်လှမ်းရေကဆွဲတယ် ရေကြည်အိုင်မှာစစ်ခံကြရတယ် နောက်တော့ဦးမောင်မောင်ကြီး ပြောပြလို့ ၃-၄ ညလောက်မအိပ်ရဘဲစစ်တယ် ဂဝံကျောက်တွေပေါမှာ ဒူထောက်ပြီး မော်တော်ဆိုင်ကယ်စီးသလို အချိန်အများကြီး နေခိုင်တယ်လို့ သိရတယ် တပါတ်၂ပါတ်လောက်အထိ မပေါ်ပါ နောက်ကျွန်တော့ဇနီးက ရုံးမှာရှိလို့ ကျွန်တော့ကို စာရွက်စာတမ်းတွေယူပေပြီး ကျွန်တော်ထုတ်ယူနိုင်တယ် ဆိုတဲ့သတင်း ထွက်လာပါတယ် ထောက်လှမ်းရေးလက်က ကျွန်တော့ဇနီထံ ရောက်ခါနီး ပြီးရင်ကျွန်တော့ထံ ရောက်တော့မှာပါ ဇနီးက လွပ်လပ်ရေးမတိုင်ခင်ခေတ်ကစလို့ တိုင်ပြည်တာဝန်ထမ်းဆောင်ခဲ့တဲ့နိုင်ငံရေး သမား ဦးနေဝင်းနဲ့သိတဲ့သံအမတ်ကြီးသ္မီး ဖြစ်နေလို့ သူကိုတိုင်လည်နံမည်ကောင်သူ ထက်မြက်ဝင်ဆန့်သူ ဖြစ်လို့ တော်တော်နဲ့မဆွဲပါ၊
အဲဒီအချိန်မှာဘဲ တရားခံကို မိပါတော့တယ် တရားခံက လက်ထောက်ညွန်မူ တယောက်ပါ တယ်လီဖုံး ကားကစရရှိသူပါ ရိုးရိုးသားသားဆိုရင် အများကြီးတက်လမ်းရှိပါတယ် ကျွန်တော့ကိုတော့ မမြင်ခြင်သူပါ သူ့ကြောင့်လဲပါတယ် နိုင်ငံခြားထွက်ဖို့လုပ်ထာ သူလိုလူမျိုးက ဗိုလ်ချုပ်ကြီးစောမောင် အဆီကျဆေးကို လေဆိပ်က တိတ်တိတ်ထုတ်ယူ ရောင်းစားတယ်ဆိုတာ စဉ်းစားလို့မရပါ တတ်ကက်ကကျွန်တော့ကို နောက်ဆုံးထင်အောင် ဖန်တီးလုပ်ဆောင်ထားတာ တွေ့ ရပါတယ်၊
ကျွန်တော့လုပ်ဖေါ်ကိုင်ဖက် တွေကတော့ မတရားခံလိုက်ရပါတယ် ဒါဟာကျွန်တောကံပါဘဲ အမြဲတမ်းပြသာနာ ဖြစ်ပြီဆိုရင် အဝေးရောက်နေတတ်ပါတယ်
ပြောရင်တော့ ယုံကြမယ်လားမသိ လေဆိပ်မှာ တာဝန်ကျတိုင်း အမြဲတမ်းလေယာဉ်တွေ တွေ့ တိုင်ငါတနေ့ လေယာဉ်စီး နိုင်ငံခြားသွားရမည့် အိမ်မက်များဟာ တကယ်ဖြစ်လာပါတော့တယ် ဒါပေမဲ့စသွားတဲ့နေ့က မနက် ၉-နာရီအထိ ဘန်ကောက်မှာ အသိမရှိ ကြိုမဲ့သူမရှိပါ မနက်၁၀-နာရီလောက်မှာ မြို့ ထဲက ၂၂-လမ်းထက်မြက် ဝင်ဆန့်သူတွေထဲမှာ ပထမတန်းစားပါသည် "လှလွန်ဆွေ" ပိုင်ရှင် အမကြီးတယောက် အိမ်ကနေပြီး တခါကဖုံနံပါတ်ရထားသည့် ဘန်ကောက်မြန်မာသံရုံးမှ ဒုတိယအတွင်းဝန် ဦးစော ကိုဖုံးဆက်ရာ ကံကောင်းထောက်မစွာ သူကိုယ်တိုင်ဖုံးကိုင်ပါသည် ကျွန်တော့ကို လာကြိုပေး၍ တညလောက်တည်းရန် တည်ခိုခန်းတခုပို့ပေးရန် အကူအညီတောင်း၍ အစိုးရကလဲထိုအချိန်က US$11သာလဲပေးပါသည် နိုင်ငံခြားဆိုသည့် ဘဝကိုစပါတော့သည်။

Read More...

Friday, April 5, 2013

* ကံကောင်းချင်လာပြီ ဆိုမှဖြင့်.... *

.
 
* ကံကောင်းချင်လာပြီ ဆိုမှဖြင့်.... *
လူတစ်ယောက်သည် ကံကောင်းချင်လာပြီဆိုလျှင် စိတ်တည်ငြိမ်လာခြင်း၊ စိတ်ရှုပ်ထွေးမှုကင်းကာ စိတ်များကြည်လင်လန်းဆန်းလာခြင်းစသော လက္ခဏာများ ဖြစ်ပေါ်လာလေ့ရှိပါသည် ...။

... ၄င်းစိတ်ကို ယေဘုယျအားဖြင့် ကောင်းစိတ်ဟု သတ်မှတ်နိုင်ပါသည် ...။

ထိုစိတ်မျိုး ၀င်လာလျှင် 'ငါတော့ ကံကောင်းတော့မယ်၊ ဒီစိတ်ဟာ ကောင်း ကံပြုလုပ်ဖြစ်ဖို့ အကြောင်းခံစိတ်ပေပဲ' ဟု သဘောထားကာ ထိုစိတ် ကို ပျောက်ပျက်မသွားရအောင် ထိန်းထားပြီး ကောင်းမှုတစ်ခုခုကို
ပြုလုပ်ဖြစ်အောင်သာ ကြိုးစားလုပ်ဆောင်ယူရမည် ဖြစ်သည် ...။

ထို့အပြင် အများဆုံး ပြုလုပ်ဖြစ်လေ့ ရှိသည့် လေ့ကျင့်နေစရာ အထူး မလိုသော သမားရိုးကျ မကောင်းကံဘက်သို့ ပြန်ပြောင်းနောက်ကြောင်း
ပြန်မလှည့်မိစေရန်လည်း အထူးသတိထားရန် လိုအပ်ပါသည်။

လှူချင်တန်းချင်စိတ်ပေါက်လာလျှင် 'ငါ ကံကောင်းလာပြီ၊ ဒီကံလေး အထမြောက်အောင် ငါ လှူပေးဦးမှ'၊ သီလဆောက်တည်ချင်စိတ် ပေါက် လာလျှင် 'ငါ ကံကောင်း လာပြီ၊ သီလလေး ဆောက်တည်ပြီး နေဦးမှ'၊

ဘုရားရှိခိုးချင်စိတ် ပေါက်လာလျှင် 'ငါ ကံကောင်းလာပြီ၊ ဘုရားရှိခိုးပြီးတော့ ပူဇော်လိုက်ဦးမှ'၊ ဘာဝနာကမ္မဋ္ဌာန်း ပွါးများချင်စိတ်၊ တရားအားထုတ်ချင်စိတ်
ပေါက်လာလျှင် 'ငါ ကံကောင်းလာပြီ၊ ပွါးများဖြစ်အောင် ပွါးများလိုက်ဦးမှ၊
အားထုတ်ဖြစ်အောင် အားထုတ်လိုက်ဦးမှ' စသည်ဖြင့် ကောင်းကံများအထ
မြောက်အောင်မြင်စေရန် ကြိုးစားလုပ်ဆောင်ရမည် ဖြစ် သည်။ ကောင်းစိတ်
များပေါ်လာပြီး ကောင်းကံများကိုပြုလုပ် အားထုတ်ဖြစ် လျှင် အခွင့်အရေး
ကောင်း၊ အခြေအနေကောင်းများ ရလာပြီဟု မှတ်ယူရ မည်ဖြစ်ပြီး ၎င်းအ
ခွင့်ကောင်း၊ အခြေအနေကောင်းများကို လက်မလွတ်စေ ရန် လွန်စွာ အ
ရေးကြီးပါသည် ...။


~~~ ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်း ကျန်းမာရွှင်လန်း ငြိမ်းအေးနိုင်ကြ ပါစေ ~~~
နှလုံးသား၏ ဓမ္မသံစဉ်
 

Read More...

Monday, April 1, 2013

မြန်မာ့ အလှ နှင့် ရှုခင်း(၁၆)

.မြန်မာ့ အလှ နှင့် ရှုခင်း
လှပစုံလင်မြို့တော်တခွင် ရန်ကုန်မှာ ဒီပုံဆုရပါတယ်ခင်ဗျာ

Read More...

Blog Widget by LinkWithin