Monday, December 31, 2012
Happy new year for all.....2013
Tuesday, December 25, 2012
စည်းလုံးမူ့ နဲ့ ညှိနိုင်းဆောင်ရွက်မူ့ ဆိုသည့်ရေရှည်တည်တန့်မည့် အတွေးခေါ်ကောင်းရှိသည့် ခေါင်းဆောင်များနောက်စုစည်းကြပါစို့။ (၂၀၁၂ ကို ဂုဏ်ပြု၍ ၂၀၁၃ ကိုကြိုဆိုပါတယ်)
မှန်ပါတယ် မကောင်းတာတွေကိုလက်ညှိးလိုက်ထိုးနေမယ်ဆိုရင် အားလုံးအမှန်တွေချည်ပါဘဲ.....
ဒါပေမဲ့လွတ်လပ်ရေးရပြီးကတည်းကတိုင်းပြည်တိုးတက်ဖို့နဲ့ သာယာဝပြောဖို့ကို မကြည့်ဘဲ စည်းလုံးညီညွတ်မူမရှိ ညှိနိုင်းဆောင်ရွက်ကြသည့် အတွေးအခေါ်မရှိ သူတလူငါတမင်း လုပ်ခဲ့ကြလို့ အားလုံးဒုက္ခဆင်းရဲပင်လယ်ဝေခဲ့တာ လယ်သမား အလုပ်သမား ဝန်ထမ်း စစ်သား ပြည်သူပြည်သား လူငယ်ကလေးကအစအာလုံးပါ တိုင်းပြည်ပါနစ် ဒေဝါလီခံခဲ့ရတာပါ နှစ်ပေါင်း ၆၀ကျော်ပါပြီး ဘယ်သူပြုပြင်ပေးနိုင်ခဲ့ပါသလဲ!!!!! ယနေ့လိုအပ်နေတာက တိုင်းပြည်တိုးတက်ဖို့နဲ့သာယာဝပြောဖို့ပါ၊ တိုင်းပြည်ပျက်ဖို့ မကောင်းတာတွေ လက်ညှိးထိုး ငါတို့ဘာနိုင်ငံရေးတွေလုပ်ခဲ့တယ်လို့ ကြွာဝါအော်ဟစ်လေလုံးတွေပြစ် နေကြမည့်အစား တိုင်းပြည်နဲ့လူမျိုးအတွက် အမှန်တကယ် အကျိုးရှိသည့် အလုပ်တွေလုပ်ပေးခဲ့ပြီးလဲ ဘာတွေတာဝန်တွေကျေခဲ့သလဲ လုပ်ခဲ့ယုံနဲ့မရပါ အကျိုးပြု၍ တာဝန်ကျေဖို့လိုပါတယ်၊ နိုင်ငံရေးလုပ်တယ်ဆိုတာ ပြည်သူလူထုရဲ့ တာဝန်ကိုယူတာပါ တာဝန်ယူပြီးရင်လဲ တာဝန်ကျေဖို့လိုပါတယ် မိမိတာဝန်မကျေသေးရင် တာဝန်ယူခဲ့သည့် ပြည်သူလူထုအတွက် ဘာအရွေ့ မှလုပ်မပေးနိုင်ခဲ့ရင် တကယ်လိုအပ်နေတဲ့ အတွေးအခေါ်ကောင်း စည်းလုံးမူ့နဲ့ ညှိနိုင်းဆောင်ရွက်မူ့ နောက်ကိုဝိုင်းဝန်းလိုက်ဖို့လိုပါတယ်၊
တိုင်းပြည်တိုင်းမှား တဖက်နဲ့တဖက် နေ့စဉ်လူအများကိုသတ်ပွဲတွေလုပ်ပြီး တိုင်းပြည်တည်ဆောက်နေကြလို့ ဘယ်တော့မှမဆုံးနိုင်တဲ့ လက်စားခြေမူ့တွေနဲ့ နှစ်ပေါင်းများစွာ တိုင်ပြည်တိုးတက်သာယာဝပြောမူကို မကြည့်နိုင်ကြဘဲ မဆုံးနိုင်တဲ့ ညှိနိုင်းမူ့တွေလုပ်ကြရမှာကိုသိလို့ က မ္ဘာကလဲ မြန်မာပြည်မှာတည်ဆောက်နေသည့် အတွေးအခေါ်ကို ဝိုင်းဝန်းလက်ခံလာပါတယ်၊
တရားမျှတတဲ့ဥပဒေတွေ ပြဌာန်းပြီး ဘာတွေလုပ်သင့်သည်ဆိုတာကို ဝိုင်းဝန်းအကြံပေးဖို့သာ အမှန်တကယ်လိုအပ်နေတာပါ အကောင်းဘက်ကကြည့်ပြီး စည်းလုံးမူ့နဲ့ ညှိနိုင်းဆောင်ရွက်မူ့ ဆိုသည့်ရေရှည်တည်တန့်မည့် အတွေးခေါ်ကောင်းဖြင့်လုပ်ဆောင်နေသော ခေါင်းဆောင်များနောက်လိုက်၍ စည်လုံးညီညာစွာလက်တွဲကြပြီး တိုင်းပြည်တည်ဆောက်ကြပါစို့။
လက်နက်ကိုင်တိုက်နေသမျှ ဘယ်တော့မှဆုံးနိုင် အဆုံးသတ်နိုင်မှာမဟုတ်ပါ ခေတ်ကလဲအများကြီးပြောင်လဲနေပါပြီ လွန်ခဲ့တဲ့နှစ်ပေါင်း၆၀ကျော်က အတွေးအခေါ်တွေရှိဖို့မသင့်တော့ပါ လက်နက်ကိုင်တော်လှန်ရေးဟာ ဟိုတုန်းကအချိန်ကောင်းတွေကတောင် အောင်မြင်အောင်မလုပ်နိုင် ခုဆိုရင်လုံးဝမအောင်မြင်နိုင်ပါ လက်နက်ကိုင်တွေရှိနေတဲ့ ဒေသတွေက တိုင်ရင်သားပြည်သူတွေသာ ဥပဒေမဲ့ ကြီးနိုင်ငယ်ညင်း ဒုက္ခဆင်းရဲ ရောက်နေကြရမှာပါ လွတ်တော်အတွင်းဥပဒေပြောင်းလဲမူတွေကို ဥပဒေဘောင် အတွင်း ညှိနိုင်းဆွေးနွေးရယူမှသာ အားလုံးအတွက် အောင်မြင်မူရယူနိုင်မှာပါ။
ဒီနေ့သူတို့က စည်လုံးမူ ညှိနိုင်းဆောင်ရွက်မူ့ နဲ့တိုင်ပြည်တည်ဆောက်မှာကို ရေရှည်တည်တန့်မည့် အတွေးအခေါ်ကောင်းဖြစ်လို့ ဝိုင်းဝန်ကူညီကြလက်တွဲကြရမှာပါ.....အတွေးအခေါ်ကောင်းများနဲ့ခေါင်းဆောင်ပြုပြင်လုပ်ဆောင်လို့ အောင်မြင်မည်လို့ လုံးဝယုံကြည်ပါသည်၊
တိုင်းပြည်နဲ့လူမျိုးကိုခြုံကြည့်နိုင်တဲ့ နိုင်ငံကြီးသားစိတ်ဓါတ်ရှိဖို့လိုသလို နာတဖြားကိုသာကြည်၍ မိမိတို့အဝန်းအဝိုင်းလေးကိုသာ ကြည့်လို့မရပါ၊ နှစ်ပေါင်းများစွာတိုင်းပြည်နဲ့လူမျိုး နွံနစ်နေခဲ့တာကို ရက်လ အချိန်လောက်နဲ့ ဖြေရှင်လို့မရနိုင်ဆိုတာကိုလဲ နားလည်မူ့ရှိဖို့လိုသလို၊ ဒီအချိန်က ဘာကိုမှစဉ်းစားတွေဝေမနေကြဘဲ တိုင်းပြည်တိုးတက်ဖို့ ပြည်သူတွေဆင်းရဲတွင်းကဖို့ မှန်ကန်တရားမျှတတဲ့ ဥပဒေဘောင်အတွင်းမှာနေထိုင်နိုင်အောင် စည်လုံးမူ ညှိနိုင်းဆောင်ရွက်မူ့ကို ဝိုင်းဝန်းလုပ်ဆောင်ကြဖို့လိုပါသည်။
Monday, December 24, 2012
ဆွီဒင်နိုင်ငံလုပ်အဆင့်မြင့် M-3 Carl Gustaf လက်နက်များကို မြန်မာတပ်မတော်က၁၉၈၀ကျော်ထဲကဝယ်ယူ ပြည်တွင်းမှားထုတ်လုပ်နေပြီဖြစ်ပါတယ်..
.
လက်ရှိဖြစ်ပွားနေသော ကချင်စစ်ပွဲများတွင် အစိုးရတပ်များ အသုံးပြုသည့် ဆွီဒင်နိုင်ငံလုပ် အဆင့်မြင့် M-3 Carl Gustaf လက်နက်များကို ကချင်ပြည် လွတ်လပ်ရေး တပ်မတော်(KIA) က သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းများ ပြီးခဲ့သည့် အပတ်အတွင်းတွင် ထွက်ပေါ်လာခဲ့သည်၊ ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေး ကျွမ်းကျင်သူ ဆွီဒင် သတင်းစာဆရာ ဘာတေးလ် လစ်တနာက အဆိုပါ ဆွီဒင်နိုင်ငံလုပ် စစ်လက်နက် ပစ္စည်းများသည် အိမ်နီးချင်း အိန္ဒိယနိုင်ငံမှ ရရှိခြင်းဖြစ်နိုင်ကြောင်း၊ အိန္ဒိယသည်ဆွီဒင်နိုင်ငံမှလက်နက်အများဆုံး ဝယ်ယူသည့်နိုင်ငံဖြစ်ကြောင်းပြောဆို နေကြပါတယ်၊ VOA, BBC စတဲ့သတင်းဌာနတွေကလဲ အရေးတကြီးသတင်အဖြစ်ခုထုတ်လွင့်နေပါသည်။
Kyaing Tun.....ခံစစ်ကတုတ်ကျင်းတွေကိုဖြိုတဲ့ လက်နက်ကြီး၊အားပြင်းချက်ကလွန်ရော၊ကိုယ်နီးနားကျမယ်ဆိုလေယာဉ်စက်သံလိုမြည်ဟီးလာတယ်၊မြေပြင်ကိုထိတာတာနဲ့ မကွဲဘူး၊မြေကြီးထဲကို ၁၀ ပေလောက်တူးဝင်သွားပြီးမှကွဲထွက်တယ်၊ကွဲချက်နဲ့ ထိတဲ့ ဘယ်ခံစစ်ကတုတ်ကျင်းမဆိုပွင့် ထွက်သွားပြီး၊မြေပြင်မှအပေါ်ကို၊ကိုယ်တဖက်လောက်ရှိတဲ့ ကျွန်းတုံးတွေ၊တစစီဖြစ်၊အကုန် ကောင်းကင်ပေါ်ကို ၁၀ ပေ လောက်မြောက်တက်သွားတယ်၊ ၂ဆင့်ကွဲလောင်ချာ အစွမ်းပါ။ FBမှ.......
အမှန်က ကွန်မြူနစ်တွေနဲ့ မြန်မာတပ်မတော် အကြီးအကျယ်တိုက်နေရစဉ်က ၂ဆင့်ကွဲအဆင့်မြင့်လောင်ချာလက်နက်ကို ဆွီဒင် FFV ကုမ္မဏီမှ ၁၉၈၀ကျော်ထဲက ဝယ်ယူစမ်သပ်ခဲ့တာပါ ကတုတ်ကျင်းတွေဖြိုခွဲဖို့ပါ၊ ကျွန်တော်ကိုယ်တိုင် လေဆိပ်ကထုတ်ယူပြီး စမ်းသပ်ဖို့ မော်ဘီလေတပ်စခန်းကို ပေးပို့ခဲ့ရပါတယ်၊ မြန်မာတပ်မတော်မှာ ထုတ်လုပ်နေပြီဖြစ်ကြောင်းလဲ သိရှိခဲ့ရပါတယ်.....အတွေ့အကြုံအဖြစ်.....ဗိုလ်ချုပ်ကြီးစောမောင်၏အဆီကျဆေးပျောက်ဆုံးမူ...သရဖီဘလောက်မှာရေခဲ့ရာမှာ အတွေ့ အကြုံအဖြစ်ထည့်ရေးထားပါတယ်...ဝင်ရောက်လေ့လာနိုင်ပါတယ်.....
Sunday, December 23, 2012
Tuesday, December 4, 2012
Sunday, December 2, 2012
ခွေး ကလေးလို အမှီးနှံ ပျော်မြူးခဲ့တာတော့အမှန်ပါ.....
ဦးဆောင်မူမပေးရဲ တိုင်းပြည်ပျက်ဖို့လောက်သာ အာရုံစိုက်ပြီး ရဟန်း ရှင်လူများ ဒုက္ခခံလုပ်ပြီးမှ နံမည်ကြီးအောင် နိုင်ငံရေးအမြတ်ထုတ် ပွဲလန့်တုံး ဖျာခင်းနေသူတွေ များလာလျှင် မူလရည်ရွယ်ချက်တွေ ပျောက်သွားမှာမလွဲပါ တကယ်သတ္တိရှိရင် ဦးဆောင်မူပေးပါ ဘာမှအရွေ့ ရှိအောင် မလုပ်နိုင်ကြဘဲ လူတွေကိုလိုက်လိမ်မနေပါနဲ...့.တိုင်းပြည်နစ်နာပါတယ် တကယ်လိုအပ်နေတာက တိုင်းပြည်တိုးတက်ဖို့ နဲ့ ပြည်သူတွေဆင်းရဲတွင်းက လွတ်ဖို့ပါ.....ပါမှဖြစ်မလာဘဲ အဖြစ်မရှိဘဲ ပြောနေကြတာ နှစ်ပေါင်များစွာ ကြာခဲ့ပါပြီ။
နာရေးကူညီမူအသင်း(ရန်ကုန်)၏ ၂၀၀၂ အတွင်းရေးမူနဲ့အဖွဲ့ 
.
Monday, November 26, 2012
စန္ဒကိန္နရီ(မေသက်ထားဆွေ)
မြန်မာဟာ မြန်မာပါဘဲ.....မြန်မာသီချင်းစစ်စစ်၊
ဖြူဖြူကျော်သိန်း ငေးငိုင်သွားရတယ်..........
.
Monday, November 19, 2012
ဗိုလ်ချုပ်ကြီးစောမောင် ၏ အဆီကျဆေးပျောက်ဆုံးမူ့
အိမ်တော်(ဦးနေဝင်းအိမ်တော်) အတွက်ပစ္စည်တွေ ထုတ်ပေးခဲ့ရာမှာတော့ ထုတ်ပြီး အိမ်တော်ဝန် ဗိုလ်မူကြီးစိန်ဘန်း အမြဲလာယူပါတယ် တခါတော့အထုတ်တွေ ပျက်နေတာတွေ့ ရလို့ ဖွင့်စစ်တဲ့အခါ အိမ်တော်အသုံးပြုဖို့ Diner Set ကြွေပုဂံမျိုးစုံတွေ့ ရပါသည်၊ စစ်ထောက်လှမ်းရေးအသုံးပြုဖို့ Camera များကိုလဲ ၈မိုင် ပျားဂေဟာနားမှာရှိတဲ့ စစ်ထောက်လှမ်ရေးတပ်က ဓါတ်ပုံကျွမ်းကျင်သူ ဗိုလ်မူသန်းနွဲ ထံ သွားရောက်ပေးပို့ခဲ့ရပြီး ဓါတ်ပုံရိုက်တဲ့အခါ အချိန် နာရီ ရက် ဓါတ်ပုံမှားပါသည့် Camera ဖြစ်ပါသည်၊
တခါတော့ ဗိုလ်အောင်ကျော်လမ်းရှိ နိုင်ငံခြားမှလာသည်ပစ္စည်းထိုတ်ပေးရာ စာတိုက်ကြီးမှ ပစ္စည်ထုတ်တထုတ် ထုတ်ယူလာခဲ့ပါသည် မည်သူပစ္စည်းမှန်မသိလို့ ရုံးရောက်သည့်အခါ ဖွင့်ဖေါက်စစ်ဆေးကြည့်ပါတယ်၊ ပစ္စည်းရှင်ကိုသိရင်တော့ သူတို့ကဖွင်ဖေါက်စစ်ဆေးပြီးမှ လက်ခံမည်ဆိုရင် ဖွင့်ဖေါက်စစ်ဆေးကြပြီး ပစ္စည်းရှင်ကိုအပ်၍ လက်မှတ်ထိုးခိုင်ပါသည် များသောအားဖြင့် ပစ္စည်ထုတ်လက်ရာခြေရာမပျက်ရင် ဖွင့်ဖေါက်ခြင်းမပြုကြဘဲ ဒီအတိုင်းပေးပြီး လက်ခံလက်မှတ်ထိုးပေး ကြပါသည်၊ ယခုပစ္စည်းထုတ်ကိုပိုင်ရှင်မသိလို့ ဖွင့်ဖေါက်စစ်ဆေးရာ ရွှေရောင် ငွေရောင် ထနေသော အင်ဒိုနီးရှားပါတိတ်တွေ အထည် ၃၀-ပါရှိနေတာတွေ့ ရပါသည်၊ အဲဒီအချိန် မဆလခေတ်က အဖိုးတန်တဲ့ အင်ဒိုနီးရှားပါတိတ်တွေပါ စင်္ကာပူလိပ်စာတခုကပို့လိုက်ထာတွေ့ ရပါတယ်၊ အထက်ကိုတင်ပြတော့ ဗြိတိသျှ ဆင်းနပ်စစ်တက္ကသိုလ်ဆင် ညွန်ကြားရေးမူဖြစ်တဲ့ ဗိုလ်မူကြီးက ချက်ချင်ပါသည့်လိပ်စာအတိုင်း စင်္ကာပူကို ပြန်ပို့ခိုင်းပါသည်၊ ကျွန်တော်လဲ ပါသည့်လိပ်စါအတိုင်း စာတိုက်ကနေ စင်္ကာပူကိုပြန်လည် ပေးပို့ခဲ့ပါတယ်၊ အမှန်ကတော့ ဒါဟာ ထောင်ချောက်ပါ ပို့ပြီးကြောင်းစာရွက်စာတမ်တွေကို သေသေချာချာ သိမ်းဆည်ထားရပါတယ်၊ အလုပ်ကမထွက်ခင်အထိ သေသေချာချာသိမ်ထားခဲ့ရပါတယ်၊ နောက်တော့ ထောင်ချောက်ဖြစ်ကြောင်းပေါ်လာပါသည်၊
ကျွန်တော်၏ ညွန်ကြားရေးမူ ဗြိတိသျှဆင်းနပ်စစ်တက္ကသိုလ်ဆင် ဗိုလ်မူကြီး ဟာ တိကျသလို ကြောက်တတ်ပါသည် ဘာကြောင့်လဲဆိုတော့ တခါမှာ ဗိုလ်မူကြီး ဆေးရုံမှာဆေးထိုရား ဘာကြောင်းမှန်းမသိ ခြေထောက်ကွေဆန့်မရတော့ပါ အင်္ဂလန်ကိုသွားရောက်ခွဲစိတ်ရပါတော့တယ်၊ လေဆိပ်မှား ကျွန်တော်က ကျွမ်တော့ အသွားအပြန် လုပ်ပေးခဲ့ရပါတယ်၊ ခွဲစိတ်ပြီးပြန်လာတော့ တွန်းလှည်လေးနဲ့ပါ၊ ရုံးမတက်နိုင်သေးတဲ့တပါတ်အတွင်းမှာဘဲ ဗြတိသျှသုံးငွေ ပေါင်၊အောင်းစ၊ပဲနီ ထဲက မြန်မာနိုင်ငံသုံး ပြားစေ့ခေါ်ရမည့် ပဲနီ ဝိုင်းရှားပေးရတယ်၊ ဘာကြောင်လဲဆိုတော့ အင်္ဂလန်ကဆေးကု ပြန်လာပြီး အစိုးရကို ပိုငွေပြန်အပ်ရာမှာ ပဲနီ လိုနေပါလို့တဲ့၊ အဲဒီအချိန်က ကျွန်တော်နဲ့ လက်မထပ်ရသေးသေား ဇနီးလောင်းက ရုံးမှား ပြည်သူရဲတပ်ဖွဲ့ ကနေတွဲဖက်လာရောက်လုပ်ကိုင်နေရာ သူမိဘတွေက အီဂျစ် အမေရိကန်မှား သံအမတ်ကြီးလုပ်ခဲ့ပြီ ပြန်လာစအချိန်ဖြစ်လို့ သူဆီက ပဲနီစေ့တွေ ရရှိခဲ့ပါသည်၊
ကျွန်တော့၏ အဆိုရွားဆုံးသော ချို့ ယွင်ချက်ထဲမှား အထက်လူကြီကို မဖါးတတ် မဖါးတာဖြစ်ပါသည် အလုပ်ကိုကြိုးစား ကိုယ်အဖေအလုပ်လိုလုပ်မည် ဖါးတဲ့အလုပ်တော့ မလုပ်တတ်သလို မလုပ်ခဲ့ပါ အထက်လူကြီးကို မခံချင်ရင်ပြန်ပြောတတ်တဲ့ အကျင့်လဲ့ရှိခဲ့ပါသည်၊ တချို့ လူကြီးတွေက မကြည်ကြပါ ဒါပေမဲ့ အလုပ်နဲ့ပါတ်သက်လာရင်တော့ သူတို့ အလုပ်ကြိုးစားကြောင်း သူတို့မေလိုက်ရင် အမြဲအဆင်သင်းပြီနေကြောင်း အသိအမှတ်ပြုကြပါသည်၊ တခါမှား လှည်ကူ အင်းတိုင်မှာရှိတဲ့ COD ပင်မစစ်လက်နက်ပစ္စည်းသိုလောင်ရေးတပ်ကိုသွားရား ကားပေါ်မှား ဗိုလ်ကြီးတယောက်ပါခဲ့ပါသည်၊ အသွားရောအပြန်ပါ သူကို နောက်ခန်းကစီးခိုင်းပြီး ကျွန်တော်က ကိုယ်ကားမိုလို့ ကားရှေ့ ခန်ကစီးပါသည် ဗိုလ်ကြီးသည် ယခုတပ်မတော်မှာရှိသည့် ဗိုလ်ချုပ်များနဲ့ သင်းတန်းဆင်းဘက် စီနီယာကြီးဖြစ်ကြောင်း အ ကြောင်းကြောင်းကြောင့် ရာထူမတက်ထာဖြစ်ကြောင်းများပြော၍ ဝိုင်းဝန်အပြစ်တင်ခြင်းကို ခံခဲ့ရပါသည်၊
တိုင်းပြည်အတွက် အရေးပါသောလက်နက်၊ သည်လက်နက်နဲ့ပါတ်သက်လို့ ကျွန်တော်အမှတ်တရ အဖြစ်ဆုံးဖြစ်ခဲ့ပါတယ်၊ ကွန်မြူနစ်တွေနဲ့ တိုက်ပွဲပြင်းထန်နေချိန်ပါ တနေ့တော့ ဆွီဒင်နိုင်ငံ FFV ကုမ္မဏီကနေ ပစ္စည်းတခုလာမည် သေသေချာချာ ဂရုတစိုက်ရွေး၍ အမြန်ဆုံးလေဆိပ်မှ ထုတ်ယူရန် မော်ဘီရှိလေတပ်စခန်းကို သွားရောက်ပို့ပေးရန် ပြောထားပါသည်၊ ကျွန်တော်လဲ ထိုင်းလေယာဉ်ဖြင့် ပါရှိလာမည်ကိုသိထားသဖြင် ထိုစဉ်က ဆူလေဘုရားအနီး ထားဝယ်တိုက်မှားဖွင့်ထားသည့် ထိုင်းလေကြောင်းရုံးရှိရာကို မနက်တခေါက် နေ့လည်တခေါက် ထိုစဉ်က နေ့စဉ်သွားသလို ဖုံးနဲ့လဲ အမြဲဆက်သွယ်ခဲ့ပါသည်၊ တပါတ်အတွင်းရောက်မလာပါ ပါမလာတာတော့ကျွန်တော်လဲပါမှမတတ်နိုင် ဒီကိစ္စနဲ့ ရေတပ်စခန်ကခေါ်သည်ဆို၍ သွားရပါတယ် ခေါ်သူက ရေတပ်က ဗိုလ်မူကြီးသန်းညွန့် ဖြစ်ကြောင်းသိခဲ့ရသလို သူပြောတာကဒီပစ္စည်ကို ကုမ္မဏီမှပေးပို့လိုက်ပြီးဖြစ်ကြောင်း စာရွက်စာတန်း အထောက်အထာနဲ့ပြပါတယ် ကျွန်တော်ကလဲကြိုးစားနေတယ်ပေါ့ နောက်မှသိရတာက ဗိုလ်မူကြီးသန်ညွန့် ဟား ခုပို့မည့် စမ်းသပ်ဖို့အရေးကြီးလက်နက်၏ ကျွမ်ကျင်သူဖြစ်ပါတယ် သူကလဲလော အားလုံးကလောနေကြတာ နေ့ညမပြတ်ပါ၊ ကျွန်တော်ဆိုရင်း လေဆိပ်ကိုနေ့တိုင်းသွား ဒီပစ္စည်အထုတ် နံပါတ်နဲ့ တူတဲ့ပစ္စည်းပါမပါစစ်ဆေးပါတယ်၊ တညနေ ညနေ၆နာရီလောက်ရှိပြီးကျွန်တော့ကိုလာခေါ်တယ် ပစ္စည်းရောက်နေပြီတဲ့ လေယာဉ်ကွင်းနားက လေတပ်စခန်ကသူတွေ လေဆိပ်ကထုတ်ယူထားတယ်ပေါ့ ကျွန်တော်လဲ ငါလေဆိပ်မှားနေ့လည်အထိရှိတယ် ဂရုလဲစိုက်လဲလုပ်နေတယ် ဘာမှမတတ်နိုင် လိုက်သွားခဲ့ရတယ် ဟိုရောက်တော့ပစ္စည်းက ရှေရှေမျောမျော ၁၀-ပေ ၁၅-ပေခန့်ရှိ အထုတ်တွေကိုတွေ့ ရတယ် နောက်ပြီ AOG ဆိုတဲ့ အနီရောင်တဆိပ်တွေကပ်ထားတာလဲတွေ့ တယ်၊ AOG ဆိုတာက Aircraft on Ground လေယာဉ်တွေအတွက် ပြင်ဆင်ရန်လိုအပ်တဲ့ ပစ္စည်းပါမှားပါတဲ့ အမှတ်အသားပါ အမြန်ပြင်ဆင်ရန် လေယာဉ်ရှိရားမြေပြင်ကို ချက်ချင်းပို့ရမည်လိုသဘောသက်ရောက်တဲ့အမှတ်အသား သင်္ကေတပါ၊ ကျွန်တော်ထုတ်ရမည့် Airway Bill NO. နံပါတ်နဲ့လဲမတူ ဒါကြောင့် ကျွန်တော်တို့လိုချင်တဲ့ ပစ္စည်းမဟုတ်ကြောင်း ငြင်းနိုင်ခဲ့ပါတယ်၊ အမှန်က လေတပ်လူတွေကလဲ အထက်ကိုဖားကြတာပါ၊ ထူဆန်းတာတခုပြောရအုံးမယ် အဲဒီညက ပစ္စည်သိမ်ထားသည်ဆိုသည် လေတပ်စခန်၏ ညတာဝန်မူက ကျွန်တော့မိဘတွေနေခဲ့ ဖေါင်သူကြီးလမ်ခေါ် ၂လမ်းသား ဗိုလ်မူချစ်ဆွေ ဖြစ်နေပါတယ် သူလုပ်ထာမဟုတ်ပါ မနက်ပိုင်းတာဝန်ကျသူတွေ လေဆိပ်ကထုတ်ယူထားတာပါ ၈၈-အရေးအခင်အပြီးစစ်အစိုရလက်ထက်မှာ ဗိုလ်မူကြီးချစ်ဆွေ အဖြစ် ပြည်တွင်းအခွန်ဦးစီးဌာန ညွန်ချုပ်ဖြစ်သွားပါတယ်၊ နောက်ရက်ကျတော့ ရောက်လာလို့ ပစ္စည်းထုတ်ကြည့်ရား ၄-ပေကျော်ကျော်လောက်ဘဲ ရှည်တာတွေ့ ရပြီး မော်ဘီလေတပ်စခန်းကို ပေပို့ခဲ့ပါသည် ၂ဆင့်ကွဲလောင်ချာလို့သိရပြီး ကတုတ်ကျင်းတွေဖြိုးခွဲနိုင်တယ်လို့သိရပါတယ် မော်ဘီလေတပ်မှာစမ်းသပ်မှာပါ FFV ဆွီဒင်ကုမ္မဏီကဖြစ်ပြီး ဆွီးဒင်နိုင်ငံဆိုတာ ဖျက်အားပြင်ပေါက်ကွဲစေတတ်တဲ့ နည်းပညာကိုပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်ပါတယ် ဒိုင်နမိုက်မိုင်းလုပ်တဲ့ယမ်းကိုတည်ထွင်နိုင်ခဲ့သူ Mr.Noble ဆွီဒင်နိုင်ငံသားဖြစ်ပြီး တီထွင်လို့ရရှိသည့်ငွေဖြင့် နိုလ်ဘလ်ငြိမ်းချမ်းရေးဆုကို ပေးခဲ့သူဖြစ်ပါတယ်၊ ၂၀၀၀-ခုနှစ်မှာအိမ်ကိုလာလည်သည့် အင်ယားလိပ်ဟော်တယ်နားက အစိုးရလက်နက်စက်ရုံက တပ်ကြပ်ကြီးတဦးကိုပြောပြရာ သူကတအံတသြဖြင့် အဲဒီ FFV CO.ဆွီးဒင်က ၂ဆင့်ပေါက်ကွဲလောင်ချာကို မြန်မာပြည်မှား ထုတ်လုပ်နေကြောင်းသိခဲ့ရပါသည်။
အရေးကြီရင်ကြီးသလို လေဆိပ်ကိုဆင်းရပါတယ် တခါတရံ လေယာဉ်မဆိုက်မခြင်း ည ၉-၁၀နာရီအထိစောင့်ရပြီး၊ လေယာဉ်စီးလုံးလိုက် ညဘက်ပစ္စည်ချရတာတွေလဲရှိတယ်၊ ကိုယ်နဲ့မဆိုင်ပေမဲ့ တာဝန်ပေးလို့ ပင်လယ်ဝကို ၅ခေါက်လောက် သွားဘူးပါတယ်၊ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းဆိုရင် ဆိပ်ကမ်းတွေမှ ပစ္စည်းချလို့်မရပါ ပင်လယ်ဝမှာ သင်္ဘောကိုရပ်ထားစေပြီး ဇက်-ပစ္စည်းတင်ရေယာဉ်တွေနဲ့ သယ်ယူရပါတယ်၊ ပင်လယ်ဝသွားရာမှာ ရေကျချိန်ဆိုရင် ရေစီးကတအားသန်၍ မြွေတွေကစ ပစ္စည်းမျိုးစုံ ရေစီးနဲ့ပါတာမြင်ရပါသည် ရပ်ထားသည့်သင်္ဘောရောက်ရင် သင်္ဘောပေါ်ကို ကြိုးလှေကားနဲ့တက်ရတယ် သင်္ဘောပေါ်ရောက်ရင် မြန်မာကြယ်ငါးပွင့်သင်္ဘောဖြစ်စေ နိုင်ငံခြားသင်္ဘောဖြစ်စေ ကောင်းကောင်း ကျွေမွေးဧည့်ခံပါတယ်၊သင်္ဘောမှားတည၂ညနေ၍ ပစ္စည်းလက်ခံပြီး ဇက်တွေပေါ်တင်ပါတယ်၊ နိုင်ငံခြားကပြန်လာတဲ့ ကြယ်ငါးပွင့်သင်္ဘောတွေမှာဆိုရင် ရေခဲသေတ္တာအဟောင်း TV အဟောင် အဝတ်လျှော်စက်အဟောင်းတွေ အဲဒီခေတ်က တင်လာတာတွေ့ ရပြီး အကောက်ခွန်များမရောက်မှီ ပင်လယ်ဝအနီးအနားက ရွာတွေကလှေနဲ့လာရောက်သယ်ယူ၍ နောက်မှမြို့ထဲပို့ပါတယ်၊ အကောက်ခွန်တွေ လာရင်တော့ အခန်းအမိုးအကာတွေကစ ခွာရှာပါတယ်၊ သင်္ဘောတွေဟာ ပင်လယ်ဝမှာ ညအိပ်မှာဖြစ်လို့ ညတာဝန်မရှိတဲ့သင်္ဘောသားတွေဟာ အိမ်ပြန်ချင်ကြ တခါတော့ ပြန်မဲ့သူတွေကလဲ အိမ်ပြန်ရမည်ဆိုတော့ ပျော်ပြီးမူးနေကြ လှိုင်လေကြောင့် သင်္ဘောကြီးကလဲ လှုပ်ရန်းနေ လာကြိုတဲ့ဘုတ်ကလေးကလဲ လှုပ်ရန်းနေ သင်္ဘောကြီးဘေးလှေခါးက ဆင်းရပြီး လှုပ်ရန်းနေတဲ့ဘုတ်ပေါ်ကို ခုန်ကူးရာမှာ တယောက်ရေထဲပြုတ်ကျ သွားတာ ပြန်ပေါ်မလာတော့ပါ။
မှတ်ချက်....အဆက် အပိုင်း(၂ ) ကို ဆက်ဖတ်ပါ လေးစားစွာဖြင့်
Sunday, November 18, 2012
ဒိထက်ကောင်းတာ ဘယ်တုံးကရှိခဲ့ဘူးပါသလဲ?.လိုအပ်ထာများကို ဝိုင်းဝန်းညှိနိုင်း၍ အားလုံးပို၍ပို၍ကောင်းအောင် ဝိုင်းဝန်းကြိုးစားကြပါစို့။
မြန်မာပြည်ဟာ ရောက်သင့်ရောက်ထိုက်တဲ့ နေရာကို မရောက်သေးဘူးဆိုတာ ကျွန်တော်လည်း သိပါတယ်။ ဒါပေမယ့် အဲဒီနိုင်ငံမှာ ပြောင်းလဲနေတာတွေ တွေ့မြင်နေရတယ်။ သူတို့ လှမ်းထားတဲ့ ခြေလှမ်းတွေ progress တွေကိုလည်း အသိအမှတ် ပြုရမယ်။ ကျွန်တော့် မူက တစ်ဖက်သားကို ပစ်ထားပြီး ဘေးထိုင်နေမယ့် မူမျိုး မဟုတ်ပါဘူး။ .... (အိုဘားမား) ၁၈ ရက်နေ့ ထိုင်းနိုင်ငံတွင် မီဒီယာများ၏ မြန်မာပြည်သွားခြင်းအပေါ် မေးခွန်ကိုဖြေကြားချက်.......
အိုဘားမား နိုဝင်္ဘာ ၁၉-မှာ လာရောက်ထာဟာ အိုဘားမာ၏ ထိတွေ့ ဆက်ဆံမူ ဖိအားပေးမူ ပေါင်းစပ်ထားသည့် Smart Power အောင်မြင်မူ့ ဖြစ်သလို၊ မြန်မာပြည်သားတို့၏တူတာတွေညှိနိုင်းဆောင်ရွက်ကြမည့် တိုင်းပြည်တိုးတက်ဖို့ ပြည်သူတွေဆင်းရဲတွင်းကလွတ်ဖို့ ဝိုင်းဝန်းကြိုးစားနေကြသည့်အောင်မြင်မူ့ ဖြစ်ပါသည်၊ ကျွန်တော်တို့ တိုင်ပြည်မှာ တကယ်လိုအပ်နေတာက တိုင်းပြည်တိုးတက်မူ နဲ့ ပြည်သူတွေဆင်းရဲတွင်းကလွတ်ဖို့သာ အဓိကဖြစ်ပါတယ်၊ နှစ်ပေါင်းများစွာ မိမိတို့ ပါတီ အဖွဲ့ အစည်း ကိုယ်ကောင်းစာဖို့ ကိုသာလုပ်ဆောင်လာခဲ့ကြပြီး တိုင်းပြည် နဲ့ ပြည်သူကို ထည့်သွင်းစဉ်းစာမူမရှိခဲ့ပါ၊ တရားဥပဒေစိုးမိုးရေးအောင်မြင်မှ ဒီမိုကရေစီ နဲ့ ပြည်သူပြည်သားအပေါင်းတန်းတူအခွင့်အရေး ရမှာဖြစ်ပါတယ်၊ လက်နက်ကိုင်လမ်းစဉ်သည်လဲ ဘယ်တော့မှ တရားဥပဒေစိုးမိုးရေးမရနိုင်ပါ၊ တဦးနဲ့တဦး နှစ်ပေါင်းများစွာ စစ်ယဉ်ပြိုင်တိုက်ခိုက်စဉ်ကလဲ ပြည်သူတွေဘာမှဖြစ်မလာ၊ ငြိမ်းချမ်းရေး နှစ်များစွာယူထားစဉ်ကလဲ ပြည်သူတွေဘာမှဖြစ်မလာ အားလုံးသောလက်နက်ကိုင်အဖွဲ့ တွေ၏ စစ်ခေါင်းဆောင်တွေနဲ့ တဖက်တိုင်းပြည်တွေသာ ချမ်းသာသွားကြတာတွေ့ ရပြီး၊ မြန်မာပြည်သူတွေ ဆင်ရဲပြီးရင်းဆင်ရဲ သွားကြတာကိုသာတွေ့ ရပါတယ်၊ တိုင်းပြည်နဲ့ လူမျိုးကိုချစ်တဲ့သူတိုင်း တိုင်းပြည်တိုးတက်ဖို့ ပြည်သူတွေဆင်းရဲတွင်းကလွတ်ဖို့ မိမိတို့ကိုတိုင်အရွေ့ ကို ဦးဆောင်မလုပ်နိုင်ဘဲ မကောင်းတာတွေပြောနေကြမည့်အစား လိုအပ်ထာများကို ဝိုင်းဝန်းညှိနိုင်း၍ အားလုံးပို၍ပို၍ကောင်းအောင်ဝိုင်းဝန်းကြိုးစားကြပါစို့.......
Thursday, October 25, 2012
ခေတ်၏တောင်ဆိုမူအရ အောင်မြင်အောင်မလုပ်နိုင်ခဲ့ ဝေဖန်ခံခဲ့ရပေမဲ တိုင်းပြည်အတွက် မှန်ကန်တဲ့အယူအဆအတွေးအခေါ်တွေကို ဦးဆောင်လုပ်ခဲ့သူ ဗိုလ်မူချုပ်အောင်ကြီး (သခင်အောင်ကြီး ပေါင်တည်)
.ဒီအယူအဆလည်း စိတ်ဝင်စားဖို့ကောင်းပါတယ် ။ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးကို နေရာပေးခဲ့ရင် ဘာတွေဖြစ်လာနိုင်မလဲ ဆိုတဲ့ Alternative Thinking ပါ ။ စိတ်ဝင်စားဖို့တော့ ကောင်းပါတယ် ။ သမိုင်းဆိုတာ ချစ်သူတွေ ၊ မုန်းသူတွေရဲ့ တဖက်သက် အမြင်တွေဖတ်ရတာထက် ၊ Critical , Alternative ဖြစ်တဲ့အတွေးတွေလည်း ရှိသင့်ပါသည်...... Myanmar Journal
တိုင်းပြည် နဲ့ ပြည်သူ ဒုက္ခ္ပပင်လယ်ဝေ ချောက်ထဲကျနေတာကို ၄၂-မျက်နှာစာတမ်းတင်ပြီး တိုင်းပြည်ကိုကယ်ဖို့ကြိုးစားခဲ
NLD လဲ ဗိုလ်အောင်ကြီး လမ်းစဉ်မလိုက်လို့ နှစ်၂၀-ကျော် တိုင်းပြည်အတွက် ဘာအရွေ့ ကိုမှမလုပ်နိုင်ဘဲ အရွေးခံလွတ်တော်ကိုယ်စလှယ်အပါအဝ
ခုတော့ NLD လဲ လူသစ်တွေနဲ့ စစ်တပ်၏အရွေ့ နောက်ကို ထောက်ခံလိုက်နေပြီဖြစ်လို့
ဗိုလ်အောင်ကြီး “စစ်တပ်ကို စိတ်နဲ့တောင်မှ ယောင်လို့ မပြစ်မှားကြနဲ့” ဆိုတဲ့စကားဟာ မှန်ကန်သွားပြန်ပါပြီ......
ခေါင
Thursday, October 4, 2012
ဒေါ်အောင်ဆန်းစုကြည်၊ သမတကြီးဦးသိန်းစိန် တို့ ကျော်သူ တို့၏ နာရေးကူညီမူအသင်း(ရန်ကုန်)ကို မတရာသိမ်ပိုက်ထားသည်ကို သိသွားပြီး နှင့် သမတအိမ်မှ ငွေလာရောက်လှူသူကို အစေခံတယောက်လို ခွဲခြားဆက်ဆံခဲ့ခြင်း
ဒေါ်အောင်ဆန်းစုကြည်၊ သမတကြီးဦးသိန်းစိန် တို့ နာရေးကူညီမူအသင်း(ရန်ကုန်)ကို ကျော်သူ တို့၏ မတရာသိမ်ပိုက်ထားသည်ကို သိသွားပြီးဖြစ်သလို၊ သမတအိမ်မှ အလှူငွေလာရောက်လှူသူကို အစေခံတယောက်လို ခွဲခြားဆက်ဆံခဲ့တယ်.....
ဒေါ်အောင်ဆန်းစုကြည်က NED ငြိမ်းရေးဆုပေးပွဲမှာ ကျော်သူ မျှော်မှန်းခဲ့သလို အနီးကပ် စကားပြောခဲ့ခြင်း မရှိသလို ဓါတ်ပုံတွဲရိုက်သည့်ပုံလေးတပုံတောင် မရလိုက်ပါ.....ရခဲ့ရင် ခုလောက်ဆို သတင်းဌာနတွေ အင်တာနက်ပေါ်တွေမှာ ပလူပျံနေပါပြီး....နံမည်ကြီးဖို့ နဲ့ မိမိတို့ မမှန်မကန် မတရား လုပ်ခဲ့တာတွေကို အကာအကွယ်ရှားနေရတာ ခုတော့အိမ်မက်ဆိုးတွေမက်နေရပြီ.....
နာရေးကူညီမူအသင်း (ရန်ကုန်)ကို ထောက်လှမ်းရး ခင်ညွန့် အာဏာသုံး သိမ်ပိုက်ရယူထားခဲတဲ့ လူမူရေး ခရိုနီ တွေဖြစ်ပါတယ်.....
အများပိုင်အသင်းကြီမှာ ဘယ်အမူဆောင်မှမရှိတော့ဘူလား လူရာမဝင်တော့ဘူလား
၂၆.၉.၂ဝ၁၂ ရက်နေ့တွင်လည်း ရန်ကုန်ရှိ နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ သမ္မတကြီး ဦးသိန်းစိန်နေအိမ်မှ အသင်းသို့ အလှူငွေလာ ရောက်လှူဒါန်းလိုကြောင်း အကြောင်းကြားခဲ့ကာ ပကာသန ဟိတ်ဟန်မရှိဘဲ ရိုးသားပွင့်လင်းစွာဖြင့် အလှူငွေ (၁ဝ) သိန်း လာရောက်လှူ ဒါန်းခဲ့သည်။ ယင်းအလှူ လှူဒါန်းခြင်းအား သမ္မတကြီး ဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်း မိသားစုတို့မှ လှူဒါန်းခြင်းဖြစ်ကြောင်း ကိုယ်စား လာရောက်လှူဒါန်းသူ ဦးနွယ်ဦးမှ ပြောကြားခဲ့သည်။ အသင်း၏ လုပ်ငန်းရပ်များအား အသင်း၏အုပ်ချုပ်ရေးမှူးနှင့် လုပ်အားပေးများတို့မှ လိုက်လံရှင်းလင်းပြသခဲ့ပြီးနောက် အလှူရှင် မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်းကိုပြုလုပ်ပြီး သာမန်မော်တော်ယာဉ်လေးဖြင့် ပြန်လည်ထွက်ခွာသွားကြောင်းကိုလည်း သိရှိခဲ့ ရသည်။
အထက်ပါအကြောင်းတွေကိုကြည့်ရင် အများပိုင်အသင်းကြီးမှာ ဘယ်အမူဆောင်မှ မရှိတော့သလို ရွှေဇီးကွက် တို့ကလွဲလို့ ဘယ်သူမှ လူရာမဝင်သလိုဖြစ်နေတယ်...
ကျော်သူ ကတော့ပြည်ပမှာ အိမ်မက်ဆိုးတွေမက်နေကြောင်းဝန်ခံနေပါပြီး.....လောဘ မောဟတွေများတဲ့ မိန်းမ ၂-ယောက်ကြောင့် လူတယောက် ပျက်စီးသွားတယ်လို့ဘဲ ပြောနိုင်ပါတယ်.....
ဥပသကာတစ်ယောက်ရဲ့ စိတ်ဓာတ်
အောက်တိုဘာ ၁၊ ၂၀၁၂ မိုးမခ.....
နာရေးကူည်ီမူအသင်း(ရန်ကုန်) ကို အသင်းစတင်တည်ထောင်သူများ လက်မှ မဲလိမ် လူစားထိုး မမှန်မကန်မတရား နည်များသုံး၍ အသင်းစတင်တည်ထောင်သူများမှာပါသည့် အသင်းနယက စာရေးဆရာဦအောင်သင်း ကို လုပ်ကြံ အသင်းစတင် တည်ထောင်သူများက ယုံကြည်၍ သန်းမြင့်အောင် အာအပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို အသုံးချပြီး သိမ်းပိုက်ခဲ့တာပါ၊ ကျော်သူ သန်းမြင့်အောင် ရွှေဇီးကွက် တို့ ဖိတ်ခေါ်မူနဲ့ ကျောက်မြောင်းရှိ အိမ်တအိမ်မှာ လျှိုးဝှက်တွေ့ ဆုံကြပြီး သူတို့ ကနောက်ကွယ်က.....ကျွန်တော်က ရှေ့ ကဦးဆောင်ပြီး လုပ်ဆောင်ပေးကာ သိမ်းပိုက်ခဲ့တာပါ၊ အောင်မြင်၍ ထောက်လှမ်းရေး ခင်ညွန့် ဆုလာဒ်များပေးမှ ကျော်သူ နောက်မှာ ခင်ညွန့် စီမံကွက်ကဲ လမ်းညွန်မူ ပေးနေကြောင်းသိရပါသည် ဒီမှာ မဲလိမ် လူစားထိုး တာတွေကို စမ်းသပ်ခဲ့တာပါ.....ဆုလာဒ်များထဲက ဒီနေ့အသင်းမြေနေရာလဲပါပါတယ် ခင်ညွန့်ကမြေတကွက်လုံး ပေးတာပါ တတားလေးရှိ စစ်ရုံး မြေယာအသုံးချရေကော်မတီ အတွင်းရေးမူ ဗိုလ်မူကျော်ဝင် ထံ ကျွန်တော်ကိုယ်တိုင် ခင်ညွန့်လက်မှတ်နဲ့မြေ-၅ဧကကျော် မြေတကွက်ပေးတဲ့စာကို သွားယူခဲ့ရတာပါ၊ အိုးအိမ်ဦးစီးဌာနမှာ မြေဂရံ သွားလုပ်တော့ ညွန်ချုပ်ဦးအံ့ကျော် ကို မြေ ၂-ဧကပေးခဲ့ရပါတယ်.....ခင်ညွန့် စာ အိုအိမ်ဦးစီးဌာနမှာရှိတယ်.....ဖုံး တိုက်ခန်း ဆုလာဒ်များရလို့ .....ပျော်တပြုံးပြုံးဖြစ်ခဲ့ကြတယ်။ ပျော်တပြုံးပြုံးပါဘဲ.......ဘယ်လိုမှညင်းလို့မရတဲ့ အမှန်တရားတွေပါ.....http://tharafi.blogspot.com/ မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်.....http://tharafi.blogspot.com
Tuesday, October 2, 2012
PSY - GANGNAM STYLE တောင်ကိုရီးယား Rapအဆိုတော် PSY၏ Gangnam Style သီချင်း
တောင်ကိုရီးယား Rapper အဆိုတော် PSY ရဲ့  Gangnam Style သီချင်းဟာ မကြာသေးမီကပဲ အချိန်တိုတွင်း Youtube တွင် လူကြည့် အများဆုံး ဗီဒီယိုအဖြစ် စံချိန်တင်ထား ပါတယ်။ ယခု နောက်ထပ် စံချိန် သစ်ကတော့ တစ်သက်တာ လူ့ကြည့်အများဆုံး Youtube ဗီဒီယို (YouTube's most-watched video of all time) အဖြစ် ထပ်မံ စံချိန် တင်လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။
Monday, October 1, 2012
Wednesday, September 26, 2012
Tuesday, September 25, 2012
Wednesday, August 22, 2012
Friday, August 17, 2012
Thursday, May 31, 2012
၂-ဖက် အကျအဆုံးများစွာရှိပြီး ဒုက္ခဆင်းရဲများစွာ ရေမလာ မီးမလာ အားလုံးစီးပွားပျက် နေချိန်မှာ--တိုင်းပြည် နဲ့ ပြည်သူကို သစ္စာဖေါက်ခြင်
.
၂-ဖက် အကျအဆုံးများစွာရှိပြီး ဒုက္ခဆင်းရဲများစွာ ရေမလာ မီးမလာ အားလုံးစီးပွားပျက် နေချိန်မှာ--တိုင်းပြည် နဲ့ ပြည်သူကိုသစ္စာဖေါက်ခြင်
(ပြည်သူ ဆိုတာ ရှေ့ တန်းမှာ တိုက်နေရတဲ့ တပ်မတော်သားတွေ နဲ့ ရိုးသားတဲ့ ကချင် ပြည်သူတွေပါ)
နာရေးကူည်ီမူအသင်း(ရန်ကုန်) ကို အသင်းစတင်တည်ထောင်သူများ လက်မှ မဲလိမ် လူစားထိုး မမှန်မကန်မတရား နည်များသုံး၍ စာရေးဆရာဦအောင်သင်း ကို လုပ်ကြံ အသင်းစတင် တည်ထောင်သူများက ယုံကြည်၍ သန်းမြင့်အောင် အာအပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို အသုံးချပြီး သိမ်းပိုက်ခဲ့တာပါ၊ ကျော်သူ သန်းမြင့်အောင် ရွှေဇီးကွက် တို့ ဖိတ်ခေါ်မူနဲ့ ကျောက်မြောင်းရှိ အိမ်တအိမ်မှာ လျှိုးဝှက်တွေ့ ဆုံကြပြီး သူတို့ ကနောက်ကွယ်က.....ကျွန်တော်က ရှေ့ ကဦးဆောင်ပြီး လုပ်ဆောင်ပေးကာ သိမ်းပိုက်ခဲ့တာပါ၊ အောင်မြင်၍ ထောက်လှမ်းရေး ခင်ညွန့် ဆုလာဒ်များပေးမှ ကျော်သူ နောက်မှာ ခင်ညွန့် စီမံကွက်ကဲ လမ်းညွန်မူ ပေးနေကြောင်းသိရပါသည် ဒီမှာ မဲလိမ် လူစားထိုး တာတွေကို စမ်းသပ်ခဲ့တာပါ.....ဆုလာဒ်များထဲက ဒီနေ့အသင်းမြေနေရာလဲပါပါတယ် ခင်ညွန့်ကမြေတကွက်လုံး ပေးတာပါ တတားလေးရှိ စစ်ရုံး မြေယာအသုံးချရေကော်မတီ အတွင်းရေးမူ ဗိုလ်မူကျော်ဝင် ထံ ကျွန်တော်ကိုယ်တိုင် ခင်ညွန့်လက်မှတ်နဲ့မြေ-၅ဧကကျော် မြေတကွက်ပေးတဲ့စာကို သွားယူခဲ့ရတာပါ၊ အိုးအိမ်ဦးစီးဌာနမှာ မြေဂရံ သွားလုပ်တော့ ညွန်ချုပ်ဦးအံ့ကျော် ကို မြေ ၂-ဧကပေးခဲ့ရပါတယ်.....ခင်ညွန့် စာ အိုအိမ်ဦးစီးဌာနမှာရှိတယ်.....ဖုံး တိုက်ခန်း ဆုလာဒ်များရလို့ .....ပျော်တပြုံးပြုံးဖြစ်ခဲ့ကြတယ်။ ပျော်တပြုံးပြုံးပါဘဲ.......ဘယ်လိုမှညင်းလို့မရတဲ့ အမှန်တရားတွေပါ.....http://tharafi.blogspot.com/ မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်.....http://tharafi.blogspot.com
Wednesday, April 25, 2012
ကျော်သူ နဲ့ ဝိုင်းစုခိုင်သိန်း ဘယ်သူက ၈၈- အရေးအခင်း၊ကျောင်းသားအရေး ကိုပျက်ပျယ်အောင်အဓိကလုပ်ဆောင်ခဲ့သလဲ ကျော်သူ USAမကြာမှီလာမည်
မန္တလေးဗြဟ္မာစိုလူမူကူညီရေးအသင်း ဟာ ၁၅-နှစ်မြောက် ရှိပြီဖြစ်သလို ယခုနှစ်၂၀၁၃မှာ အများပိုင်အသင်းဖြစ်လို့ ဥက္ကဌ အသစ် အမူဆောင်အသစ်များရွေးချယ်ခဲ့ကြပါတယ်
ကျော်သူတို့ကတော့ စတင်တည်ထောင်သူရော သူ့ကိုပခုံးထမ်းတင်ပေးခဲသူတွေရော တယောက်မှမရှိတော့သလို ပညာတတ် ဘွဲ့ ရရင် အသင်းနားတောင် ကပ်ခွင့်မပေး မရကြတော့ပါ စတင်တည်ထောင်ကတဲက ဖွဲစည်ပုံရှိသော်လည်း ကိုယ်ပိုင်အသင်း လုပ်လိုက်ပါတယ် သူတို့ကအစကတည်းက ရည်ရွယ်ချက်နဲ့ လုပ်ခဲသူများဖြစ်လို ကျော်သူ သန်းမြင့်အောင် ရွှေဇီးကွက် သုံးဦးကသာ ကျော်သူ တယောက်ဘဲ ၁၀-တန်းအောင်တယ် တသက်လုံး နေရာယူသွားကြမည်မှာမလွဲပါ၊
နံမည်ကြီးဖို့ဆိုရင် ဘာကိုဘဲနင်းတက်ရတက်ရ တက်မည်ဆိုတာ ပညာမဲ့တွေရဲလုပ်ရပ်ပါ
ကလာထိုင် အတွက် အသက်ထက် အရှက်ကအရေးကြီးတယ်ဆိုပေမဲ့ အရှက်ဆိုတာမသိတော့ဘဲ မျက်နှာပြောင်ကြတာ အံသြစရာပါဘဲ
ကလာထိုင်မှာ ကြာကြာထိုင်ရင် အညောင်မိတတ်သလို ခန္ဒာကိုယ်ကျမ္မာရေးလဲမကောင် စိတ်ကျမ္မာရေးလဲ ဖြစ်လာနိုင်တယ်......ဒေါ်အောင်ဆန်းစုကြည်
ကျွန်တော့တာဝန်ကတော့ ကျွန်တော့ကြောင့်ရာနှုံးပြည် ကျော်သူ နေရာရအောင် ဦးစီးဦးဆောင်လုပ်ပေးခဲ့ပါ၍ စေတနာဖြင့် လုပ်ဆောင်ကူညီ ဝိုင်းဝန်းခဲ့ကြသော အညွန့်ချိုးခံလိုက်ရသည့်လူငယ်များ ဘုမသိဘမသိ အသုံးချခံလိုက်ရသော လူလတ် လူကြီးများ အတွက် တစိုက်မတ်မတ် အများပြည်သူသိအောင် ဖေါ်ထုတ်သွားမည်ဖြစ်ပါသည်။
သံဃာနဲ့ မဆိုင်တဲ့ လူတွေကြားထဲမှာ ဝင်စွက်ဖက်တာ၊ သံဃာမှိုင်းတိုက်ခံနေရတာ ကြာပါပြီ။
သံဃာကို ရိုသေပါတယ်။ သို့သော် ဝိနည်းနှင့် ညီသော၊ မြတ်စွာဘုရား
... ဟောကြားချက်နှင့် ညီသော သံဃာဖြစ်သင့်တယ်။ သံဃာဖြစ်တိုင်း ကြောက်နေရမယ်၊ သံဃာဖြစ်တိုင်း
ဝေဖန်ခွင့် မရှိဘူးလို့ ဖြစ်လာရုံတင်မက အမျိုး
သမီးတွေကိုပါ ဖိနှိပ်ချုပ်ချယ်လာသည်အထိ
လုပ်လာတာကို အန်တီတို့ လုံးဝ လက်မခံနိုင်ဘူး။
11၁၁၁၁
(ဒေါ်ရွှေဇီးကွက်)
ကမာရွတ် မီဒီယာ နဲ့  တွေ့ ဆုံ မေး မြန်းမှု မှ ကောက်
နှုတ် ချက်
သိန်းပေါင်းသောင်းချီတဲ့လုပ်ငန်
ကျော်သူ တို့လဲ လုပ်အားလာပေးရင် အသင်းကို လုယူရာတွင် နည်းမျိုးစုံသုံးရာ နာရေးကူညီမူအသင်း(ရန်ကုန်) စတင်အသင်းတည်ထောင်သူ စာရေးဆရာ ဆရာဦးအောင်သင်း အပါအဝင် ၁၀-ဦး၏ ဓါတ်ပုံများကို အသင်းရုံးအဝင်ပေါက်မှာ မြေမြုတ်ပြီး လူတိုင်းခြေဖြင့် နင်းအောင် အောက်လမ်းနည်း လုပ်ခဲ့တာ ကိုယ်တွေ့ ကြုံခဲ့ဘူးပါသည်...
ဇာတ်လမ်း မဟုတ် အမှန်တရား မှတ်တမ်းများကို လေ့လာနိုင်ပါတယ်
လူမူရေး ခရိုနီ စစ်စစ်ပါ
ရဲဘော်တို့.......................... တိန်ကော့်နော်ဂျာ ၊ ရင်မှာဝေသောနှင်း နဲ့ ယခု နောက်ဆုံး လှလေးစိန် ဇတ်လမ်းများ ရိုက်ကူး ခဲ့ တုန်က တပ်မတော်သားများ နဲ့ အတူ နေထိုင်ပြီး ရဲဘော်တို့ရဲ့ ဘ၀ ကိုစာနာ နားလည်လာခဲ့ရပါတယ်။ တပ်မတော်သား ဘ၀ ကို ခံယုဖို့ မလွယ်သလို ဆက်လက် ရပ်တည်ဖို့ ဆိုတာလဲ မလွယ် ကူလို့ အင်မတန် ဂုဏ်ယူစရာ ကောင်း တဲ့ ဘ၀ပါ။ ရဲသော်မသေ သေသော်ငရဲမလား ဆိုတဲ့ အတိုင်း တရားသောစစ်ကို ဆင်နွဲနေတဲ့ ရဲဘော်တို့ဟာ ရာဇ၀င်မှာ မော် ကွန်း ထိုးပြီးသားပါ။ ရဲဘော်တို့ နောက်မှာ ကျွန်တော်တို့ အားလုံး အစဉ်သဖြင့် စိတ်ရော ကိုယ်ပါ အားပေးနေတယ် ဆိုတာ ပြောလိုက်ပါရစေ။
ရုပ်ရှင် သရုပ်ဆောင် ကျော်သူ ( လှလေးစိန် )
စစ်အာဏာရှင်စနစ် အပီပြင်ဆုံးအချိန် ပြည်သူ ကျောင်းသာ အားလုံး သတ်ဖြတ်ထောင်ချ နိပ်စက်ညင်းပန်း အခံရဆုံးအချိန် ထောက်လှမ်းရေးခင်ညွန့် ကောင်းစားချိန် ကျော်သူ မိမိအကျိုးအတွက် ပြောခဲ့ရေခဲ့တဲ ဖျက်မရတဲ့သမိုင်း ကိုယ့်သမိုင်းကိုယ်ရေးခဲ့တာပါ။
USA မှ တက်ကြွစွားလှုပ်ရှားနေကြသော နိုင်ငံရေးသ္မားများ၏ မှတ်ကျောက်ကို သိရတော့မှာပါ......စောင့်မျော်နေပါသည်......
ကျော်သူ မကြာခင် USA လာတော့မည်.....အင်အားလုံးဝမရှိသော မြန်မာမိန်ကလေး ဝိုင်းစုခိုင်သိန်း......ပြည်တွင်းပြည်ပတွင်း အင်အားများစွာရှိသော ယောင်္ကျားရင်မကြီး ကျော်သူ ....USA မှ မြန်မာနိုင်ငံရေးသ္မားများ၏ အရည်အချင်းကိုသိရတော့မည်.....စောင်မျော်ကြပါ.......
ကိုယ့် ပိုက်ဆံကိုသုံး၍ ပြည်ပတွင် ဆွေမျိုး ဒလံများကို အသုံးချပြီး လူမူထူးချွန်ဆု ပေးရေးအဖွဲဖွဲ့ ကာ မိမိတို့ ကိုယ် မိမိတို့ ဆုပေးနေသော ပြည်တွင်း လူမူရေးအသင်း......
၂၀၁၀- စပေးတဲ့နှစ်က ကျော်သူ အတွက် ပြည်ပ ဆွေမျိုး ဒလံ တွေက ရည်စူးလုပ်ထာပါ...
ကျွန်တော်ကိုယ်တိုင် USA မှာရှိနေလို့ ပထမနှစ် ဆုပေးမူမှာ ကျော်သူ ကိုပေးဖို့လုပ်ခဲ့တယ်ဆိုတာ ကြိုသိခဲ့ပါတယ်....ဘယ်လိုမှငြင်းလို့်မရပါ....အားလုံးအလိမ်ခံခဲ့ရတာပါ....နံမည်ကြီးဖို့ဆိုဘာမဆိုလုပ်ပါတယ်
ကျော်သူ နဲ့ ဇာဂနာ .....၂၀၀၇-သံဃာအရေးမှာ အတူတူတွဲလုပ်ခဲ့ကြတယ်....အဖမ်းခံရသူချင်းအတူတူ ကျော်သူ က ဖေါ်ကောင်လုပ်၊ မိမိ စစ်အစိုးရ အတွက် ဘာတွေလုပ်ပေးခဲ့တယ် နောက်ဘယ်တော့မှ နိုင်ငံရေးမလုပ်ပါတော့ဟု တောင်းပန် ဒူထောက် အညံ့ခံ လက်မှတ်ထိုးပေးခဲ့တယ်.....ဇာဂနာ...ဘယ်တော့မှ ဒူးထောက် အညံ့မခံ ထောင်သာကျခံတယ်......ဘယ်တုံးကမှလဲ အာဏာရှင်စစ်အစိုးရ အမူမထမ်းခဲ့...ပြည်သူ နဲ့ ကျောင်းသားကို သစ္စာမဖေါက်..စစ်အစိုးရ၏ ဆုလာဒ်မယူဘူးပါ....ဘယ်သူက ပြည်သူ့သားကောင်းလဲ..........
၂၀၁၂ ခုနှစ် ပဏာမ စာရင်းဝင်များ
၁။ ဇီဝိတဒါန သံဃာ့ဆေးရုံ
၂။ အရှင်ဥာဏိဿရ (သီတဂူဆရာတော်)
၃။ အရှင်နာယက (မန္တလေး ဖောင်တော်ဦးကျောင်းဆရာတော်)
၎။ အရှင် ပညာစာရ
၅။ ဦးဖိုးဖြူ (ခ) ဦးရန်နိုင်အောင်
၆။ ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း
၇။ မေတ္တာမွန်ကုန်လှောင်ရုံ မီးလောင်မှုတွင် အသက်ပေးသွားသော မီးသတ်ရဲဘော် ၅ ဦး
၈။ မွတ်စ်လင် ကုသိုလ်ဖြစ်ဆေးရုံ
၉။ ရခိုင်သဟာရအသင်း (ရန်ကုန်)
၁၀။ ဦးရောဘတ်စန်းအောင်
၁၁။ ရွှေခြင်္သေ့ လူမှုစောင့်ရှောက်ရေးအဖွဲ
၁၂။ လဖိုင်နော်မိန်း
၁၃။ လူမှုအထောက်အကူပြုအဖွဲ့ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
၁၄။ သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေးပရဟိတ ဂေဟာ
၁၅။ ဦးသန်းနိုင် Community Water Filtration System
၁၆။ ဒေါ်သန်းမြင့်အောင်
၁၇။ ဆရာတော် ဦးအာစိဏ္ဏ
၁၈။ ဦးအုန်း
၁၉။ Metta Development Foundation
၂၀။ Swanyee Development Foundation
အသင်းအဖွဲ့  တခုဟာ မိမိတို့ အသင်းတဆိပ်ကိုသာ တဆိပ်ရိုက်ဝတ်ဆင်ကြပါတယ်....မိမိတို့တဆိပ်ကို မဖေါ်ပြနိုင်ဘ၊ဲ အသင်းအဖွဲ့ ပိုင်ရှင်၏တဆိပ်ပုံကိုသာ ဖေါ်ပြရပြီး လေဆိပ်မှာကြိုးဆိုကြရတော၊့ ဆုပေးတဲ့ အဖွဲ၏ ပိုင်ရှင်ဘယ်သူဆိုတာ သိသာပါတယ်.....နံမည်ကြီးဖို့ဆိုရင် ဘာမဆိုလုပ်ပါတယ်......
kolayMay 7, 2012 08:59 AM
စာရေးသူသို့
စာရေးသူအနေနဲ့ ကိုကျော်သူတို့ကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်စွပ်စွဲမှုတွေအတွက် ဘာမှဝင်ရောက်မစွက်ဖက်လိုပါ။ စာရေးသူရဲ့ အခွင့်အရေးလို့လည်း ယူဆပါတယ်။ ပြည်သူ့ဂုဏ်ရည်ဆုနဲ့ အသင်းကို တိုက်ရိုက်ထိပါးစော်ကားလာတာကိုေ
စာရေးသူအနေနဲ့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်ရာမှာ အခြေအမြစ်မရှိပဲ ဘေးပတ်ဝန်းကျင်ကို ဆွဲသွင်းပြီး မစော်ကား မပုတ်ခတ်ပါနဲ့လို့ ပထမနဲ့နောက်ဆုံး လေးလေးနက်နက် သတိပေးလိုက်ပါတယ်။
ဦးကိုလေး
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
ပြည်သူ့ဂုဏ်ရည်အသင်း။
ဗဟိုအလုပ် အမူဆောင်ကော်မတီ က ဦးကိုလေး ကို ပြောချင်တာက ၂၀၁၀-က စလုပ်သူတွေထဲမှာ ဦးကိုလေး ကို မကြားဘူပါ ကျွန်တော် USA မှာရှိပြီး စလုပ်သူတွေနဲ့ ဆက်သွယ်ဘူပါတယ် မေးကြည့်ပါ ကျော်သူ ကိုပေးဖို့အဓိကထားလုပ်တာပါ၊ ခုမှ ဦးကိုလေး တို့က အသုံးချခံကြရတာပါ......
တရားစွဲဆိုတဲ့ ကိစ္စကိုတော့ ကျွန်တော်ပြောချင်တယ်.....ရန်ကုန်တိုင်းတရားရုံးမှာ
ဦးအောင်သင်း နဲ့ အဖွဲ့ က ကျော်သူ နဲ့ ကျွန်တော့ကို တရာမမူနဲ့
အသင်းမတရား သိမ်ပိုက်မူနဲ့ ၂၀၀၃-မှာတရားစွဲခဲ့ပါတယ်....တရားရုံးမှာ
ကျွန်တော်ကိုယ်တိုင်တက်ရင်ဆိုင်ရတာပါ ...ကျော်သူ တခါမှမလာပါ...ကျွန်တော်တို့်မှာ
အသင်းငွေတောင့်တင်းပါတယ် ပိုက်ဆံကို
ရေလိုသုံးနိုင်ခဲ့ပါတယ်....သွားလာဖို့ဆိုရင်လဲ...အရင်ထွက်သွားရတဲ့ အတွင်းရေးမူ
ဝယ်ခဲ့တဲ့ Shan Star 4-doors...ကို ကျွန်တော်တို့လက်ထက်မှလက်ခံရရှိလို့်
.....ကျွန်တော့ကိုတဦးတည်း အသုံးချစီးခွင့်ပေးထားကြပါတယ်...ဆီလဲအရှံပယ်ပါ....တရားသူကြီးကို
တသိန်တန်ခြင်းတွေ တလတခါပေးနိုင်ခဲ့တယ်....
....နောက်ဆုတ်ခဲ့ရတာပါ....ဦးအောင်သင်း တရားစွဲတုန်းကလို အဖြစ်မခံနိုင်လိုပါ....
.....ရန်ကုန်တိုင်းတရားရုံးမှာ ဦးအောင်သင်း တရားစွဲခဲ့တဲ့ အမူတွဲရှိပါတယ်...
UNICEF သံတမန် နာမည်ကျော်ရုပ်ရှင်မင်းသား ဂျက်ကီချန်း.....ရန်ကုန်ရောက်
ယနေ့ ဦးမြင်ဆွေ သည် ကမ္ဘာ့ အဖွဲ့ အစည်း အသီးသီ နှင့် ဆက်သွယ်လုပ်ဆောင်နိုင်ပြီးဖြစ်ပါတယ်....
Singapore အကြေားင်း ၂၀-၇-၁၂ ကတင်တယ် စင်္ကာပူက အခန်းအနားကျင်ပသူ ကိုယ်စလှယ် ၃-ဦးက ရန်ကုန်လာပြီး အလှူခံ ရရှိငွေကို နာရေးကူညီမူအသင်း(ရန်ကုန်) မှာ လာလှူသွားပါသည်လို့ အထက်ပါဓါတ်ပုံ ကို ၂၂-၇ ကတင်လာပါသည်၊ တော်တော်တော့ထူးဆန်းနေပါတယ်......
၂၆.၉.၂ဝ၁၂ ရက်နေ့တွင်လည်း ရန်ကုန်ရှိ နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ သမ္မတကြီး ဦးသိန်းစိန်နေအိမ်မှ အသင်းသို့ အလှူငွေလာ ရောက်လှူဒါန်းလိုကြောင်း အကြောင်းကြားခဲ့ကာ ပကာသန ဟိတ်ဟန်မရှိဘဲ ရိုးသားပွင့်လင်းစွာဖြင့် အလှူငွေ (၁ဝ) သိန်း လာရောက်လှူ ဒါန်းခဲ့သည်။ ယင်းအလှူ လှူဒါန်းခြင်းအား သမ္မတကြီး ဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်း မိသားစုတို့မှ လှူဒါန်းခြင်းဖြစ်ကြောင်း ကိုယ်စား လာရောက်လှူဒါန်းသူ ဦးနွယ်ဦးမှ ပြောကြားခဲ့သည်။ အသင်း၏ လုပ်ငန်းရပ်များအား အသင်း၏အုပ်ချုပ်ရေးမှူးနှင့် လုပ်အားပေးများတို့မှ လိုက်လံရှင်းလင်းပြသခဲ့ပြီးနောက် အလှူရှင် မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်းကိုပြုလုပ်ပြီး သာမန်မော်တော်ယာဉ်လေးဖြင့် ပြန်လည်ထွက်ခွာသွားကြောင်းကိုလည်း သိရှိခဲ့ ရသည်။
အထက်ပါအကြောင်းတွေကိုကြည့်ရင် အများပိုင်အသင်းကြီးမှာ ဘယ်အမူဆောင်မှ မရှိတော့သလို ရွှေဇီးကွက် တို့ကလွဲလို့ ဘယ်သူမှ လူရာမဝင်သလိုဖြစ်နေတယ်...
ကျော်သူ ကတော့ပြည်ပမှာ အိမ်မက်ဆိုးတွေမက်နေကြောင်းဝန်ခံနေပါပြီး.....လောဘ မောဟတွေများတဲ့ မိန်းမ ၂-ယောက်ကြောင့် လူတယောက် ပျက်စီးသွားတယ်လို့ဘဲ ပြောနိုင်ပါတယ်.....
ဥပသကာတစ်ယောက်ရဲ့ စိတ်ဓာတ်
အောက်တိုဘာ ၁၊ ၂၀၁၂ မိုးမခ.....
ဒေါ်အောင်ဆန်းစုကြည် ကို အမေခေါ်ပြီး အကာအကွယ်ရှာပြန်ပြီ.....
ပညာတတ် ဘွဲ့ ရဆိုရင် လုံးဝနေရာမပေးရဲသေား ပညာမဲ့ ၃-ဦး
နာရေးကူည်ီမူအသင်း(ရန်ကုန်) ကို အသင်းစတင်တည်ထောင်သူများ လက်မှ မဲလိမ် လူစားထိုး မမှန်မကန်မတရား နည်များသုံး၍ စာရေးဆရာဦအောင်သင်း ကို လုပ်ကြံ အသင်းစတင် တည်ထောင်သူများက ယုံကြည်၍ သန်းမြင့်အောင် အာအပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို အသုံးချပြီး သိမ်းပိုက်ခဲ့တာပါ၊ ကျော်သူ သန်းမြင့်အောင် ရွှေဇီးကွက် တို့ ဖိတ်ခေါ်မူနဲ့ ကျောက်မြောင်းရှိ အိမ်တအိမ်မှာ လျှိုးဝှက်တွေ့ ဆုံကြပြီး သူတို့ ကနောက်ကွယ်က.....ကျွန်တော်က ရှေ့ ကဦးဆောင်ပြီး လုပ်ဆောင်ပေးကာ သိမ်းပိုက်ခဲ့တာပါ၊ အောင်မြင်၍ ထောက်လှမ်းရေး ခင်ညွန့် ဆုလာဒ်များပေးမှ ကျော်သူ နောက်မှာ ခင်ညွန့် စီမံကွက်ကဲ လမ်းညွန်မူ ပေးနေကြောင်းသိရပါသည် ဒီမှာ မဲလိမ် လူစားထိုး တာတွေကို စမ်းသပ်ခဲ့တာပါ.....ဆုလာဒ်များထဲက ဒီနေ့အသင်းမြေနေရာလဲပါပါတယ် ခင်ညွန့်ကမြေတကွက်လုံး ပေးတာပါ တတားလေးရှိ စစ်ရုံး မြေယာအသုံးချရေကော်မတီ အတွင်းရေးမူ ဗိုလ်မူကျော်ဝင် ထံ ကျွန်တော်ကိုယ်တိုင် ခင်ညွန့်လက်မှတ်နဲ့မြေ-၅ဧကကျော် မြေတကွက်ပေးတဲ့စာကို သွားယူခဲ့ရတာပါ၊ အိုးအိမ်ဦးစီးဌာနမှာ မြေဂရံ သွားလုပ်တော့ ညွန်ချုပ်ဦးအံ့ကျော် ကို မြေ ၂-ဧကပေးခဲ့ရပါတယ်.....ခင်ညွန့် စာ အိုအိမ်ဦးစီးဌာနမှာရှိတယ်.....ဖုံး တိုက်ခန်း ဆုလာဒ်များရလို့ .....ပျော်တပြုံးပြုံးဖြစ်ခဲ့ကြတယ်။ ပျော်တပြုံးပြုံးပါဘဲ.......ဘယ်လိုမှညင်းလို့မရတဲ့ အမှန်တရားတွေပါ.....http://tharafi.blogspot.com/ မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်.....http://tharafi.blogspot.com