ဤမှာမြေပြင် မြစိမ်းဆင်လျှက် ကောင်ကင်မိုးဝယ် နီလာချယ်၍ အိုဘယ့်လူသား နှစ်ရောင်ကြားဝယ် ခန့်ညားပေစ ခန့်ပေစ၊

Wednesday, April 14, 2010

နာရေးကူည်ီမူအသင်း(ရန်ကုန်)၏ ဥက္ကဌ (၃)ဦး နာရေးပုံပြင်များ(၅)

ဥက္ကဌဦအေးသန် ဈာပနတခုတွင်တွေ့ရပုံဥက္ကဌဦးအေးသန့် သရဖီညွန့် ရွှေအင်းသားခင်မောင်ဝင်
U Myint Swe
ဦးမြင့်ဆွေ
နာရေးကူညီမူအသင်း(ရန်ကုန်) ကိုစတင်တည်ထောင်သူများတွင်တဦးဖြစ်သည့် အသင်း၏ ပထမ ဦးဆုံး ဥက္ကဌ ဦးမြင့်ဆွေ
(ယခု ရတနာမေတ္တာ HIV ရောဂါသည်များ ကူညီမူပေးရေးအဖွဲ ဥက္ကဌ)

ယခုဥက္ကဌ ကိုကျော်သူ အပါအဝင် နာရေးကူည်ီမူအသင်(ရန်ကုန်)ကိုစတင်ဖွဲ့စည်းစဉ် ၁-၁-၂၀၀၁ မှစ၍ ယခု ၂၀၁၀-အထိ ဥက္ကဌ (၃)ဦးရှိခဲ့ပါပြီ၊ ဥက္ကဌ (၃)ဦးနဲ့ အနီကပ်လုပ်ဆောင်ခဲ့ရတာတွေ သူတို့ရဲ့ အကြောင်း တွေကို ကျွန်တော်သိသမျှ အသေးစိတ်ရေးသင့်ပါတယ် မသိတာတွေလဲရှိပါတယ်ဆိုတာ ကြိုတင်ပြောထား ပါရစေ၊
၁၊ ဦးမြင့်ဆွေ (၂၀၀၁-၂၀၀၃)
၂၊ ဦးအေးသန့် (၂၀၀၃-၂၀၀၇)
၃၊ ကိုကျော်သူ (၂၀၀၇-၂၀၁၀)
၁။ဥက္ကဌဦးမြင့်ဆွေ (၂၀၀၁-၂၀၀၃)
ဘဝဆိုတာတော်တော်ထူးဆန်းပါတယ် ကျွန်တော် ၂၀၀၂-ခုနှစ်မှာ နာရေးကူညီမူအသင်း(ရန်ကုန်)၏ လုပ်ဆောင်ချက်ကိုကြိုက်လို့ အသင်းဝင်ဖေါင်ဖြည့်ပြီး အသင်းမှာလုပ်အားပေးခဲ့ပါတယ် ဘယ်သူနဲ့မှမသိပါ၊ ဥက္ကဌ၊အတွင်းရေးမူကစ ဘယ်သူတွေကစတင်တည်ထောင်ထားမှန်းလည်း မသိပါဘူး၊အသင်းဝင်အဖြစ် ဖေါင်ဖြည့်ထားရပေမယ့် ဘယ်သူကိုမှအသင်းသားအဖြစ်အသိအမှတ်ပြုထားတာမရှိသေးပါ၊ ကိုကျော်သူ ရွှေဇီးကွက်(ခေါ်)မြင့်မြင့်ခင်ဖေ တို့လဲအသင်းမှာ လာရောက်လုပ်အားပေးသူအဆင့်သာရှိပါတယ်၊ သန်းမြင့်အောင် ကတော့ အသင်း၏ ပြန်ကြားရေးတာဝန်ခံ လုပ်နေပါပြီ အသင်းမှာက တလတခါလစဉ် အစည်းအဝေးခေါ်ပါတယ် လုပ်အားပေးသူအားလုံးတက်နိုင်ပါတယ် အဲဒီမှာ နာယကဦးအောင်သင်း အတွင်းရေးမူ ဦးရဲမြင့် ဘဏ္ဍာရေးမူ မျက်ချယ်ကိုဝင်းနိုင်(မျက်ချယ်ဗွီဒီယိုနဲ့ရုပ်ရှင်ကုမ္မဏီပိုင်ရှင်) တို့ကိုစတင် တွေခဲ့ပါတယ် အသင်းစတင်တည်ထောင်သူ (၁၀)ဦးထဲမှာပါတယ်ဆိုတာသိရပါတယ် ဥက္ကဌ ဆိုသူကတော့ အင်္ဂလန်နိုင်ငံကိုခရီထွက်သွားကြောင်းသိပါတယ် လုပ်အားပေးရင် အတွင်ရေးမူဦးရဲမြင့် နဲ့ အုပ်စုကအစစ အရာရာ ချယ်လယ်နေကြောင်းသိရပါတယ် သန်းမြင့်အောင် လဲဘာမှပြောပိုင်ခွင့်မရှိပါ ဘယ်လောက်တောင် ဆိုးသလဲဆိုရင် ကျွန်တော်တနေ့ လုပ်အားပေးပြီးအပြန် အိမ်မှာကိစ္စရှိလို့ လမ်းမှာဆင်းနေခဲ့ပါတယ် ကားကိုပြန်လွတ်လိုက်မိပါတယ် နောက်နေ့ကျ ဦးရဲမြင့် လက်မှတ်နဲ့စာထွက်လာကြောင်းသိရပါတယ် လုပ်အားပေးသူတိုင်း အသင်းရုံးရောက်မှ အိမ်ပြန်ရမည်ဆိုတာပါပဲ ဒါတောင်တပါတ်မှတရက်သာလုပ်အား ပေးတာပါ အဲဒီလိုပဲ သူတို့ အုပ်စုကလွဲလို့ ကျန်တဲ့လုပ်အားပေးတွေအားလုံး အကြပ်ခံကြရပါတယ်အတွင်းစည်းကိုသူလူကလွဲလို့ ဘယ်သူမှဝင်လို့မရအောင်လုပ်ထားပါတယ်
အသင်းကျွန်တော်ရောက်ပြီး ၃-လလောက်ကြာမှ ဥက္ကဌ ခရီးသွားရာမှပြန်ရောက်လာလို့ ဦးမြင်ဆွေ ဖြစ်ကြောင်းသိရပါတယ် ဥက္ကဌဦးမြင့်ဆွေ ၏မူကတော့ ဘာအစီးအဝေးလုပ်လုပ် အသင်းမှာအလှူ လုပ်ရင်လဲ သူကစတင်မတည်ငွေထည့်၍့် အားလုံးကိုတတ်နိုင်သမျှငွေထည့်ခိုင်းပါတယ် နာရေးကူညီမူအသင်း အတွက်လှူဒါန်းထားသောငွေအားလုံးဝသုံးစွဲခွင့်မပေးပါ၊ နာရေးအတွက်ရရှိသော အလှူငွေကို နာရေးအတွက်သာသုံးရပါသည်၊ အဲဒါကို အတွင်းရေးမူ ဦးရဲမြင့် နဲ့အုပ်စုကပြင်ဖို့ကြိုးစားတိုင်ပြသာနာဖြစ် ကြပါသည်၊တနေ့လစဉ်အစီးအဝေးမှာ မှတ်မှတ်ရရပါပဲ အားလုံး လူ-၇၀ ကျော်လောက်တက်ပါတယ် သန်းမြင့်အောင် ရွှေဇီးကွက် ခေါ် မြင့်မြင့်ခင်ဖေ တို့လဲတက်ပါတယ် အတွင်းရေးမူဦးရဲမြင့် အုပ်စုကလူတွေ တယောက်တလဲထပြီး အစီးအဝေမှာပြောနေကြတာ အားလုံးကတဖြည်ထပြန်ကုန်ကြပါတယ် သန်းမြင်အောင် ရွှေဇီးကွက် တို့လဲ ဘာမှပြောပိုင်ခွင့်မရလို့ပြန်ကုန်ပါတယ် အမှန်ကတော့သူတို့လဲ အဲဒီအချိန်က ဦးရဲမြင့် ကိုမော်တောင်မကြည့်ရဲကြပါဘူး အားလုံးစိတ်ပျက်ကုန်ပြီးထပြန်ကုန်တာ လူ ၂၅-ယောက်ခန်ပဲကျန်တယ် ကျွန်တော်ကထိုင်နေပါသေးတယ် အဲဒီအချိနှ်မှာဦးရဲမြင့် ကထပြောပါတယ် ခုဥက္ကဌအပါအဝင် အလုပ်အမူဆောင်အဖွဲ့ ထွက်ဖို့နဲ သူနဲအတူ ၁၁-ဦး ကော်မတီသာဒီအသင်းကြီးကိုဆက်လက်တာဝန်ယူ လုပ်ဆောင်သွားမည်ဆိုတာပါပဲ ဥက္ကဌဦးမြင့်ဆွေ ကအုပ်စုဖွဲ့လူမွေးထားခြင်းမရှိပါ ကြောင်တောင်ငေးကြည့် နေရပါတယ် အစီးအဝေးခန်းမထဲမှာ ၂၅-ဦးခန့်ကျန်ခဲ့တဲ့သူတွေထဲမှာလဲ ဦးရဲမြင့် လူက ၂၀-လောက်ပါမယ် ထင်ပါတယ် ကျွန်တော်နဲ့ ၃-၄-၅ ဦးလောက်ကလဲ တယောက်နဲ့တယောက်သိပ် မသိကြပါ ဘာလုပ်ရမှန်မသိပါ အားလုံးကလဲစိတ်ပျက်ပြီးထပြန်ကုန်ကြတော့ ဘယ်သူမှပြောမဲ့ဆိုမဲသူမရှိဖြစ်နေတယ် ဦးရဲမြင့် ကသူနဲ့အတူုလက်တွဲလုပ်ချင်သူ ၁၁-ဦးထပါလို့ပြောပါတယ် သူအုပ်စုကလူ ၁၁-ဦးကထပါတယ် အမှန်ကတော့အပြင်မှာထဲက ဇာတ်တိုက်ပြီးသာနေမှာပါ အဲဒီအချိန်အထိ ဥက္ကဌဦးမြင့်ဆွေ လဲပါမှမပြောနိုင် ကျွန်တော်ကြည့်လိုက်တော့ ဘာလုပ်ရမှန်မသိဖြစ်နေပါတယ် သူလဲဥက္ကဌကထွက်ရတော့မယ် သူဘက်က ပြောပေးမယ့်သူမရှိဘူးဖြစ်နေပါတယ်၊အသင်းလူကြီးတယောက် ဥက္ကဌတယောက်အနေနဲ့အတိုက်အခံပြော လို့ကလဲမဖြစ်တဲ့ အခြေအနေရှိနေပုံရပါတယ် အသင်းကိုအတူတူစတင် ထောင်သူခြင်း ဦးရဲမြင့် မဟုတ်ထာစ လုပ်ထာပါ ကျွန်တော်ကလဲ တယောက်ထဲဖြစ်ပါစေ အားနဲတဲ့သူကမှန်ကန်ရင် အားနဲတဲ့သူဘက်ကိုလိုက်တတ် ပါတယ် အစိုးရအလုပ်ကို ကိုယ်အဖေအလုပ်လိုကြိုးကြိုးစားစားလုပ်ခဲ့ဘူးပါတယ် ဘယ်သူကိုမှမဖားဘူးပါဘူး ကိုယ်အတိုင်းအတာအရ မမျော်လင့်တာတွေ အောင်မြင်မူတွေရခဲ့ပေမဲ့ မဆလခောတ် လူတွေရဲ့ ဘာမှမလုပ် ဖါးနေတာသာလုပ်နေကြလို့ ၈၈-အရေးအခင်းမတိုင်ခင် ၁၉၈၇-မှာ နိုင်ငံခြားထွက်ခဲ့ပါတယ် မြန်မာပြည်ကို ၂၀၀၀-ခုနှစ်မှ ပြန်ရောက်ထာပါ၊
အခုလဲ ဥက္ကဌဦးမြင့်ဆွေ ဖြစ်နေတာကို မနေနိုင်လို့ဝင်ပြောမိပါတယ် အတွင်းရေးမူးဦးရဲမြင့် ကိုပါ "ခင်ဗျားအားလုံးနီးပါ ပြန်သွားမှ ခုလိုလုပ်ရတာလဲ " ခင်ဗျားခုလို ၁၁-ဦးကော်မတီဖွဲ့မယ်ဆိုရင် အားလုံး လူစုံစဉ်ကလုပ်သင့်ကြောင်းပြောမိပါတယ်၊ အဲဒီမှာ ဦးရဲမြင့် လူတွေထလာပြီး ကျွန်တော်ထိုင်နေတာကို ဝိုင်လာပြီး ဆွဲထုတ်မလို့လုပ်ပါတယ် ဒါပေမဲ့ ဦးရဲမြင့် ကတားပြီး အတူတူလုပ်ဖို့ပြောပါတယ် အဲဒီမှာဥက္ကဌ ဦးမြင့်ဆွေ ကလဲ လူအများမစုံဘဲနဲ ခုလိုကော်မတီအသစ်မဖွဲ့သင်ကြောင်းပြောပါတယ် ဦးရဲမြင့် အ လျှော့ပေး လိုက်ပါတယ် ဦးရဲမြင့် ဟာသူ့ရဲ့ အခြေအနေကိုကြိုတော့တွက်တတ်ထာပါပဲ အဲဒီမှာအလျှော့ပေးလိုက်လို့ ဆက်တိုက် ခံရတော့တာပါပဲ ကျွန်တော်လဲကံကောင်ပါတယ် အဲဒီအချိန်က အသင်းသားတောင်မဖြစ်သေးပါဘူး လုပ်အားပေးအဆင့်ရှိပါတယ် ဦးရဲမြင့် လူတွေဆွဲထုတ်မယ်ဆိုရင်လဲ ဘားမှမတတ်နိုင်ပါ အတွင်းရေးမူဦးရဲမြင့် ကအသင်စတည်ထောင်သူတွေထဲက တယောက်ဖြစ်နေတာကို၊ ဥက္ကဌဦးမြင့်ဆွေ ကအသင်းမှာတခုခုတာဝန် ယူဖို့ပြောလို့ ဝါသနာပါတဲ့ အသင်းပြန်ကြားရေးအဖွဲ့မှား အဖွဲ့ ဝင်အဖြးစ် စတင်ဝင်ရောက်လုပ်ခဲ့ပါတယ် သန်းမြင့်အောင် တို့အဖွဲ့ကလဲကျောက်မြောင်းရှိအိမ်တအိမ်မှာ ညနေ ၅-နာရီ တွေချင်သည်ဆို၍သွားခဲ့ပါသည်
သူတို့၏ နာရေးကူညီမူအသင်း(ရန်ကုန်) အားအသင်းစတင်တည်ထောင်သူတွေလက်ထဲမှသိမ်ယူမည့် အစီအစဉ်ကိုသိရှိခဲ့ရပြီး ပါဝင်လုပ်ဆောင်ခဲ့ရပါတော့သည်၊
ဥက္ကဌဦးမြင့်ဆွေ စစ်တောင်းမြစ်ဘေးက သရဲသမိန်ရွာဇာတိပါ လေတပ်မှာဗိုလ်ကြီးတယောက် ဖြစ်ခဲ့ပြီး မဆလခောတ်မှာ နိုင်ငံတော်ကောင်စီဝင်တဦးရဲ့  ကိုယ်ရေးအရာရှိ၊ ဖခင်ဖြစ်သူဦးကြင် ကလဲဆီစက် ဂျုံစက် များပိုင်ဆိုင်ခဲ့တဲ့ စီးပွားရေးပညာရှင်တယောက်ပါ တချိန်ကဆိုရင်စင်္ကာပူနိုင်ငံကစီးပွားရေးနဲ့ ပါတ်သက်လို့ အကြံပေးဖို့ ခေါ်ခဲ့ဘူးပါတယ် မဆလခောတ်မှာ စက်ရုံတွေပြည်သူပိုင်အသိမ်းခံခဲ့ရပါတယ် ဦးမြင့်ဆွေ ကထိုပြည်သူပိုင်စက်ရုံတွေမှာ စက်ရုံမူလုပ်ခဲ့ရပါတယ် မိုးလေဝသဌာနက ဦးဌေးအောင်၏ညီဖြစ်ပါတယ်
ဦးဌေးအောင် ကခုအချိန်မှားရွှေတိဂုံဘုရားရှိ ရှင်သာမနေဓမ္မာရုံမှား ဗုဒ္ဒဘာသာတရားတွေပို့ချနေပါတယ် ဥက္ကဌဦးမြင့်ဆွေ လက်ထက်မှာ နာရေးကူညီမူအသင်း(ရန်ကုန်)၏နာရေးအတွက်အလှူရှင်တွေရဲ့  အလှူငွေကို တခြားကိစ္စတွေ အသင်းမှာကျင်းပသော အလှူ၊အစီးအဝေးကျင်းပတာကအစ လုံးဝသုံးခွင် မပေးတာပါပဲ သူပိုင်ငွေထဲကမတည်လုပ်ခဲ့ပါတယ် ငွေစိုက်နိုင်တဲ့အတွက်ဥက္ကဌဦးမြင့်ဆွေ လက်ထက်မှားလုံးဝမသုံးခဲ့ကြပါ အတွင်ရေးမူဦးရဲမြင့် ကအလှူငွေထဲက အရာရာယူသုံးဖို့ကြိုးစာခဲ့ပါတယ် ဒါပေမဲ့မရခဲ့ပါ ဒါတောင်ခုထိ ဘယ်သူမှစဉ်စားမရတာလုပ်ခဲ့ပါသေးတယ် ဥက္ကဌဦးမြင့်ဆွေ အင်္ဂလန်ကိုခရီးထွက်နေစဉ်က တောင်ကြီးမြို့ က Shan Star ကားထုတ်တဲ့ကုမ္မဏီက တစီကိုသိန်း၉၀-ဆယ်နဲ့ Shan Star ဂျစ် ၂-စီးဝယ်တဲ့ကိစ္စပါ တစီက4-doors နောက်တစီးက 2-doors ပါ ၂-စီစလုံး တာဘိုအင်ဂျင်တွေနဲ့ ပါ ဘာလုပ်ဖို့ဝယ်ခဲ့တယ်ဆိုတာ ဘယ်သူမှမသိပါ အားလုံးအံသြခဲ့ကြရပါတယ် သူကိုယ်တိုင်လည်း အသုံးမချခဲ့ရ မစီးခဲ့ရပါ သူအသင်းကထွက် သွားပြီးမှရရှိခဲ့လို့ 2-doors ကိုပြန်ရောင်ခဲ့ပြီး 4-doors ကိုကျွန်တော်တဦးတည်း အသုံးချခဲ့ စီးခဲ့ရပါတယ် အဲဒီအချိန်က စီးခွင့်ပေးခဲ့သော လုပ်ဖေါ်ကိုင်ဖက်ရဲဘော်တွေကို အထူးကျေးဇူးတင်ပါတယ်
ဥက္ကဌဦမြင့်ဆွေ ဟာအိမ်မှာကုသိုလ်ဖြစ်ဆေးခန်းဖွင့်ထားပြီး နာရေးကူညီမူအသင်း(ရန်ကုန်)မှထွက်ခဲ့ပြီး
HIV- များကူညီစောက်ရှောက်ရေးအသင်တခု၏ဥက္ကဌ လုပ်လျှက်ရှိပါတယ် အနာကြီးရောဂါသည်များကျေး ရွာကိုလဲ အလှူငွေများပံပိုးလျှက်ရှိပါတယ်
ဥက္ကဌဦးမြင့်ဆွေ သည် နာရေးကူညီမူအသင်း(ရန်ကုန်)ကို ငွေကြေးမတည်ပေးခဲကြသော အသင်းစတင်တည် ထောင်သူတွေထဲက တဦးဖြစ်သလို အသင်းကြီးကို ဖွဲ့စည်းပုံစဉ်းမျဉ်း စည်းကမ်များရေးဆွဲကား စနစ်တကျ ငွေကြေးသုံစွဲ တတ်အောင်လဲ ထိန်းသိမ်းပေးခဲ့သော အသင်းကြီ၏ပထမဆုံဥက္ကဌ ဖြစ်ခဲ့ကြောင်းပါ။
ကျွန်တော် နာရေးကူညီမူအသင်း(ရန်ကုန်) ၏အသင်းပြန်ကြားရေးအဖွဲ့တွင် အဖွဲ့ဝင်ဖြစ်ပြီမကြာခင် ၂၀၀၃-ခု နှစ်စလောက်မှာ အသင်းကြီး၏ဖွဲ့စည်းပုံစည်းမျဉ်း စည်းကမ်းများအရ အသင်းသား ၉၀-ကို တရာဝင်အသိအမှတ် ပြု၍ အမည်စာရင်းကြေငြာခဲ့ပါသည် အမှတ် ၁-ဦးမြင့်ဆွေ မှစ၍ ဦးရဲမြင့် ဦးအေးသန့် ကိုကျော်သူ ကျွန်တော် သန်းမြင့်အောင် ရွှေဇီးကွက် ခေါ် မြင့်မြင့်ခင်ဖေ တို့အပါအဝင် အသင်းကြီး၏အသိအမှတ်ပြုအသင်းသား ၉၀-ရှိ ခဲ့ပါသည်၊
ဥက္ကဌဦးမြင့်ဆွေ သည် မည်သူကို စည်းရုံခြင်း လူမွေးခြင်း မတရားထုတ်ပယ်ခြင်များ မပြုလုပ်ခဲ့ပဲ အသင်းကြီး၏ ဖွဲ့စည်းပုံစည်းမျဉ်း စည်းကမ်းများ နှင့်အညီ ဒီမိုကရေစီနည်းလမ်းကျကျဖြင့် အသင်တွင်တရား ဝင် အသင်းဝင်လျှောက်ထားပြီး ၂-နှစ် ၃-နှစ်ခန့်လုပ်အားပေသူများကို အသင်သားအဖြစ် တရားဝင်အသိ အမှတ်ပြုပေးခဲ့ပါသည်။
ံ့

No comments:

Post a Comment

Blog Widget by LinkWithin