ဤမှာမြေပြင် မြစိမ်းဆင်လျှက် ကောင်ကင်မိုးဝယ် နီလာချယ်၍ အိုဘယ့်လူသား နှစ်ရောင်ကြားဝယ် ခန့်ညားပေစ ခန့်ပေစ၊

Tuesday, November 2, 2010

ယောက္ခမ ကား စီးဘူးပါသလား၊ Singapore အမှတ်တရ


၈၈- အရေးအခင်းမတိုင်ခင်က ကျွန်တော် စင်္ကာပူ မှာ နေခဲ့ရတယ်၊ ရွှေခေတ်ပေါ့၊ စင်္ကာပူ က Gayland မှာ နေခဲ့ရတာပါ၊ မြို့ တွင်း Downtown ကိုသွားရင် မီးနစ် -၃၀- ခန့် ကားစီးသွားမှရောက်ပါတယ်၊ အဲဒီအချိန်က မြို့ တွင်းနားက တရုတ်တန်းမှာ၊ ၂-ထပ်တိုက်တွေ အများကြီးရှိပါတယ်၊ ခုမရှိတော့ပါ၊ စင်္ကာပူ အစိုးရကလဲ စင်္ကာပူ နိုင်ငံသား ကလေး၊ လူငယ်တွေကို စင်္ကာပူ+အင်္ဂလိပ်စကား Singlesh မှခွဲထွက်ပြီး၊ ပညာတတ်များ ဖြစ်အောင် အင်္ဂလိပ်စာကိုစနစ်တကျ စတင်ပြုစုပျိုးထောင်၍ ပညာရေးကိုမြင့်တင်နေချိန်ပါ။
                   စင်္ကာပူ မှာရှိတဲ့ မြန်မာအားလုံး ညီညွတ်ကြပါတယ်၊ ဝိုင်းဝန်းကူညီကြတယ်၊ မြန်မာပြည်သား Sinior ကြီးများက မြန်မာပြည်သား Junior များကို လူမျိုးဘာသာ ခွဲခြားမူမရှိ၊
သူတို့တတ်တဲပညာ များတွေကို သင်ပေးကြပါတယ် စုပေါင်းနေတဲ့အိမ်တွေမှာ တပြားမှမပေးရဘဲ သင်တန်းတွေပေးတယ် စေတနာအပြည့်နဲ့ သင်ပေးကြတယ် စက်ရုံမှာလုပ်မလား သင်္ဘောမှာလုပ်မလား စက်ဖက် ကုန်းဘက် အဲဒီခေတ်ကခေတ်စားတဲ့ RO ရေဒီယိုအရာရှိသင်တန်းပါရှိခဲ့တယ်၊ စင်္ကာပူရှိ ကုမ္မဏီ များကလည်း မြန်မာဆိုရင် လာပါလာပါဆိုပြီး၊ အလုပ်ပေးကြပါတယ်၊
                   မြန်မာပြည် ရှိ ဝန်ကြီးချုပ်၊ ဝန်ကြီး၊ တိုင်းမူ၊ တို့၏သားမျာ အားလုံး အများနည်တူ၊ စင်္ကာပူ မှာ ရုန်းကန်ကြရတယ်၊ ယခုလို ပြည်တွင်းမှာ ၁၀-သက် မက စားမကုန်အောင် ရှာဖွေ လုပ်ကိုင်လို့မရပါ ထိုင်နိုင်ငံရှိ ကုလသမက္က UN ရုံးတွေမှာဆိုရင် မြန်မာပညာရှင်တွေ၊ ဦးစီဦးဆောင် ပြုနေကြသလို၊
          စင်္ကာပူ နိုင်ငံရှိ ကမ္မဏီတွေမှာလည်း၊ မြန်မာပြည်သား BSc.(Eng) ဘွဲ့ ရ မြန်မာပညာရှင်တွေက၊ ဦးစီးဦးဆောင် ပြုနေတာတွေ့ ရပါတယ်၊
     တကယ်သိ တကယ်တတ်တဲ့ ပညာတတ် ပညာရှင်တွေ ဖြစ်ပါတယ်၊ တကယ်သိတကယ်တတ်တဲ့     အသိပညာရှင် အတတ်ပညာရှင်ဖြစ်ရင် ဘယ်နေရာမှာမဆို ဦးစီးဦးဆောင်ဦးရွက် ပြု့ နိုင်တယ်ဆိုတာကို လက်တွေ့  ပြဆိုခဲ့ကြပါတယ်၊  
မြန်မာလူငယ်တွေ တကယ်သိတကယ်တတ်တဲ့ ပညာတတ်များဖြစ်အောင် ကြိုးစားကြပါ၊ လူငယ်ဆိုတာ ကြိုးစားရင် မဖြစ်နိုင်တာမရှိပါ၊ ကြိုးစားကြပါ.....
             ကျွန်တော်လဲ Sunday မှ အပ နေ့စဉ် မြို့ ထဲသို့ နံနက် ၈-နာရီ အရောက်သွားရပါတယ်၊
စင်္ကာပူ အစိုးရကလဲ မြို့ တွင် Downtown ကို နံနက် ၇း၀၀ မှ နံနက် ၉း၀၀ နာရီ အတွင်း ကိုယ်ပိုင်ကား မောင်းသွားလိုလျှင်၊ ကားထဲမှာ ယဉ်မောင်း အပါအဝင် လူ ၄-ဦး ပါမှ၊ မြို့ တွင် မောင်းခွင့်ပြုမည်ဟု သတ်မှတ်ထားပါတယ်၊ ကားထဲ သတ်မှတ်ထားသည့် လူဦးရေ၊လူ ၄-ဦး မပါက၊ ဒါဏ်ငွေ s$ 3000- ပေးဆောင်ရမည်လို့၊ ဥပဒေ ထုတ်ထားပါတယ်၊ ဒါကြောင့် ကျွန်တော်နေတဲ့ Gayland နားက ကားမှတ်တိုင်မှာ၊ မနက် ၇-နာရီ ဆိုရင် ကိုယ်ပိုင်းကားတွေ၊ တန်းစီနေတာ တွေ့ ရပါတယ်၊  မြို့ တွင်းသွားချင်လို့၊ မောင်းသူအပါအဝင် လူ ၄- ဦး ပြည့်အောင် စောင့်ဆိုင်နေရတာ ဖြစ်ပါတယ်၊ ကျွန်တော် လဲ မနက် ၇း၁၅ am လောက် ကားမှတ်တိုင်ကိုသွား၍မြို့ တွင်းသွားရန် ၊ လူ ၄-ဦး ပြည့်အောင် စောင့်နေသော ကိုယ်ပိုင်ကားများထဲမှ၊ အကောင်းဆုံးဆိုသောကား၊ ကားအသစ်လဲ ဖြစ်ရမည် Mercede, Volvo, ကားများကိုသာ စောင့်၍ စီးခဲ့ပါသည်၊
ကားမောင်းသူမှ မြိုတွင်းမိမိသွားလိုသည့် အနီးစပ်ဆုံး နေရာသို့လဲ လိုက်လံပိုဆောင် ပေးရပါသည်။
ကျွန်တော်တို့ ရွှေ များက ယောက္ခမ ကား လို့ ခေါ်ခဲ့ကြပါသည်။
တချိန်က ယောက္ခမ ကား များကို စီးခဲ့ရ ကြောင်းပါ၊
ဒီအကြောင်းကိုထပ်တင်ရခြင်းက တရုပ်ပြည်ကကျောင်းသားများ အမေရိကန်မှာ ပညာသင်ယူမူ့ အရင်ကထက် ၄ဆပိုမိုများလာသည်ကို သတင်းဌနတွေက လွင့်ထုတ်လို့သိခဲ့ရ၍ ဖြစ်ပါတယ်၊ ပညာရေးသာတိုင်းပြည်ကို တိုးတက်အောင်လုပ်နိုင်မည်ဆိုပြီး ဘာမှသံယာဇာတမရှိတဲ့ စင်္ကာပူကခေါင်းဆောင်လီကွန်ယု တွေးခေါ်ဆုံးဖြတ် လက်တွေ့ ကျင့်သုံးခဲ့လို့ ဒီနေ့စင်္ကာပူဟာ အောင်မြင်မူအသီးအပွင့်ကို သူတိုပြည်သူတွေ လက်တွေ့ ခံစားနေရပါပြီး၊ ကျွန်တော်တို့်နိုင်ငံ၏ ထိုစဉ်ကခေါင်းဆောင်နေဝင်း တိုင်းပြည်နဲ့ ပြည်သူပြည်သားအကျိုးကိုမကြည့် မိမိအာဏာတည်မြဲဖို့ ပညာရေးကိုနိမ့်ချ မျက်စီပိတ်နားပိတ် လုပ်ခဲလို့်  အားလုံးအနိမ်ခံ တခြားတိုင်းပြည်တွေမှာ ကျွန်ခံနေရပါတယ်.....ယခုခေတ်လူငယ်တွေ မဆလခေတ် ကျွန်တော်တို့ထက် နည်ပညာကစ ကမ္ဘာကိုပို၍ ကြည့်နိုင်မြင်နိုင်ကြပါသည် ပညာရေးလဲ လမ်းပွင့်လာတာတွေ့ ရပါသည် သို့ပါ၍ တိုင်းပြည်တိုးတက်ဖို့ ပြည်သူတွေဆင်းရဲတွင်းကလွတ်ဖို့ တိုးတက်သည့်နိုင်ငံများ၏ ပညာရေးကို လေ့လာလျောက်ထား၍ သင်ယူကြပါ ပညာရေးသာအဓိကပါလို့ တိုက်တွန်းပါသည်။  

No comments:

Post a Comment

Blog Widget by LinkWithin