ဤမှာမြေပြင် မြစိမ်းဆင်လျှက် ကောင်ကင်မိုးဝယ် နီလာချယ်၍ အိုဘယ့်လူသား နှစ်ရောင်ကြားဝယ် ခန့်ညားပေစ ခန့်ပေစ၊

Thursday, October 25, 2012

ခေတ်၏တောင်ဆိုမူအရ အောင်မြင်အောင်မလုပ်နိုင်ခဲ့ ဝေဖန်ခံခဲ့ရပေမဲ တိုင်းပြည်အတွက် မှန်ကန်တဲ့အယူအဆအတွေးအခေါ်တွေကို ဦးဆောင်လုပ်ခဲ့သူ ဗိုလ်မူချုပ်အောင်ကြီး (သခင်အောင်ကြီး ပေါင်တည်)

.ဒီအယူအဆလည်း စိတ်ဝင်စားဖို့ကောင်းပါတယ် ။ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးကို နေရာပေးခဲ့ရင် ဘာတွေဖြစ်လာနိုင်မလဲ ဆိုတဲ့ Alternative Thinking ပါ ။ စိတ်ဝင်စားဖို့တော့ ကောင်းပါတယ် ။ သမိုင်းဆိုတာ ချစ်သူတွေ ၊ မုန်းသူတွေရဲ့ တဖက်သက် အမြင်တွေဖတ်ရတာထက် ၊ Critical , Alternative ဖြစ်တဲ့အတွေးတွေလည်း ရှိသင့်ပါသည်......  Myanmar Journal

ဗိုလ်မူချုပ်အောင်ကြီး (သခင်အောင်ကြီး ပေါင်တည်)

By Nyunt Thein
ခေတ်၏တောင်ဆိုမူအရ အောင်မြင်အောင်မလုပ်နိုင်ခဲ့ ဝေဖန်ခံခဲ့ရပေမဲ တိုင်းပြည်အတွက် မှန်ကန်တဲ့အယူအဆအတွေးအခေါ်တွေကို ဦးဆောင်လုပ်ခဲ့သူ ဗိုလ်မူချုပ်အောင်ကြီး (သခင်အောင်ကြီး ပေါင်တည်)ကို ဂုဏ်ပြုပါတယ် ဂုဏ်ယူပါတယ်......
"ခုလုပ်မည် စီးပွားရေးလမ်းစဉ်ဟာ ဘယ်တော့မှမအောင်မြင်နိုင်ဘူး" ပြောပြီး ၁၉၆၂-အာဏာသိမ်းအဖွဲမှထွက်ခဲ့တယ်
ဗိုလ်အောင်ကြီး စီးပွားရေးလမ်းစဉ်ကို ၁၉၆၂ အာဏာသိမ်းအဖွဲ့ လက်မခံခဲ့လို့ တိုင်းပြည် ချွတ်ခြုံကျ ဒေဝါလီခံခဲ့ရတယ်၊
တိုင်းပြည် နဲ့ ပြည်သူ ဒုက္ခ္ပပင်လယ်ဝေ ချောက်ထဲကျနေတာကို ၄၂-မျက်နှာစာတမ်းတင်ပြီး တိုင်းပြည်ကိုကယ်ဖို့ကြိုးစားခဲ့တယ်၊
NLD လဲ ဗိုလ်အောင်ကြီး လမ်းစဉ်မလိုက်လို့ နှစ်၂၀-ကျော် တိုင်းပြည်အတွက် ဘာအရွေ့ ကိုမှမလုပ်နိုင်ဘဲ အရွေးခံလွတ်တော်ကိုယ်စလှယ်အပါအဝင် ၈၈-ပါဝင်လှုပ်ရှားသူအားလုံး ဒုက္ခပင်လယ်ဝေပြီး ဘေးရောက်ကုန်ကြတယ်....
ခုတော့ NLD လဲ လူသစ်တွေနဲ့ စစ်တပ်၏အရွေ့ နောက်ကို ထောက်ခံလိုက်နေပြီဖြစ်လို့
ဗိုလ်အောင်ကြီး “စစ်တပ်ကို စိတ်နဲ့တောင်မှ ယောင်လို့ မပြစ်မှားကြနဲ့” ဆိုတဲ့စကားဟာ မှန်ကန်သွားပြန်ပါပြီ......
ခေါင်းဆောင်ဆိုတာ မှန်ကန်တဲ့အတွေအခေါ် မှန်ကန်တဲ့အယူအဆ ရှိမှ တိုင်းပြည်နဲ့လူအဖွဲအစည်း တိုးတက်အောင်မြင်နိုင်မှာ ဖြစ်ပါတယ်....
Nyunt Thein.....FB မှာတင်ခဲ့တာကို Myanmar Journal မှ သုံးသပ်ပြန်တင်ခဲ့တာဖြစ်ပါသည်။

No comments:

Post a Comment

Blog Widget by LinkWithin