ဤမှာမြေပြင် မြစိမ်းဆင်လျှက် ကောင်ကင်မိုးဝယ် နီလာချယ်၍ အိုဘယ့်လူသား နှစ်ရောင်ကြားဝယ် ခန့်ညားပေစ ခန့်ပေစ၊

Thursday, March 14, 2013

ကျွန်တော်တို့ အားလုံး၏ ထွက်ပေါက်

.
 
ကျွန်တော်တို့ အားလုံး၏ ထွက်ပေါက်.....
ကျွန်တော်တို့ အားလုံး၏ ထွက်ပေါက်.....

တိုင်းပြည် နဲ့ လူမျိုး ဘာတွေဖြစ်နေသလဲ သေသေချာချာ သိကြဖို့လိုပါတယ် ကမ္ဘာကိုမကြည့်ပါနဲ့
အရှေ့ တောင်အာရှနိုင်ငံတွေကိုဘဲကြည့်ပါ ဟိုတုံးက ကိုယ်နိုင်ငံထက် အစစနိမ်ကျတဲ့နိုင်ငံတွေဟာ ဒီနေဒီအချိန်မှာ အများကြီးသာပြီး တိုးတက်နေပါတယ် ကုန်းတွင်းပိတ် အိမ်နီးချင်းလာအိုနိုင်ငံကအစ မိမိတိုထက်သာနေပါပြီ၊
...
ပြည်သူတွေရော အားလုံးနီးပါ ဒုက္ခဆင်းရဲဝေနေကြပါတယ် ပြည်တွင်းမှားမဝရေးစာ စားနေရတယ် ပြည်ပမှာ ၄-၅သန်း ကျွန်လဲခံရသေး အနိမ်လဲခံရသေးဖြစ်နေတယ်၊

အားလုံးမှားခဲ့ကြတယ် စစ်အာဏာရှင်အားလုံးရော ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ခေတ်ပြိုင်နိုင်ငံရေးခေါင်းဆောင်အားလုံး အမှားတွေလုပ်ခဲ့ကြတယ်၊

စည်းလုံးမူ ညီညွတ်မူ ညှိနိုင်မူကို မတည်ဆောက်ကြဘဲ ငါကအားများတယ် ငါသာနိုင်ရမယ် အာဏာနိုင်ငံရေးကိုသာ ဦးစားပေးခဲ့ကြတယ် တိုင်းပြည် နဲ့ ပြည်သူ ကို လုံးဝမကြည့်ခဲ့ကြပါ၊

အားလုံးတိုင်ပြည်ချစ်တဲ့သူတွေပါဘဲ ဒီနေ့ဒီအချိန်အခါမှာ တိုင်ပြည်၏နစ်မွန်းနေမူ ပြည်သူတွေ၏ ဆင်ရဲဒုက္ခ အိမ်နီးချင်းနိုင်ငံတွေ၏ ဝါမျိုမူ့ကို အားလုံးမြင်နေ သဘောပေါက်နေကြပြီလို့ ယူဆရတယ်၊

အားလုံး လူမူရေး ပညာရေး ကျမ္မာရေး စီးပွားရေး နိုင်ငံရေး နိမ်ကျပြီး ထွက်ပေါက်မရှိဖြစ်နေကြတယ်.....

ဒေါ်အောင်ဆန်းစုကြည် သမတကြီးဦးသိန်းစိန် တို့အားလုံး ညှိနိုင်းလုပ်ကြမယ်ဆိုတဲ့မူနဲ့ တိုင်းပြည်တိုးတက်ဖို့ ပြည်သူတွေ သာယာဝပြောဖို့ လုပ်ဆောင်နေတာတော့ အမှန်ဘဲ

သူတို့ဟာမိမိတို့ဘက်ကသူတွေ လိုချင်တာ ဖြစ်ချင်တာကို ဥပက္ခာပြု အမုန်းခံ လုပ်နေကြရတာပါ၊

နှစ်ပေါင်း၆၀- တိုင်းပြည်နဲ့ လူမျိုး ဖြစ်ချင်တာတွေဖြစ်ခဲ့တာကို ချက်ခြင်းဖြေရှင်လို့တော့မရနိုင်ပါ.....

အောက်ခြေကိုတဆင့်ခြင်း ဖြေရှင်ရင် ရောက်လာမှာမလွဲပါ၊

လက်ပန်းတောင်းတောင် ကြေနီစီမံကိန်း စုံးစမ်းမူကော်မရှင်၏ အစီရင်ခံစာကိုသေသေချာချာ လေ့လာဖတ်ရှုကြပါ.....တိုင်ပြည် နဲ့ လူမျိုးများပိုင်ဆိုင်သည့် သံယာဇာတများအတွက်ရော တိုင်းပြည်နဲ့ ပြည်သူတွေ ရေရှည်မှာကောင်းဖို့ အရှည်ကိုတွေးခေါ်ပြီး ထွက်ပေါ်လာတာပါ၊

ဒီ လက်ပန်းတောင်းတောင် ကြေနီစီမံကိန်း စုံးစမ်းမူကော်မရှင်၏ အစီရင်ခံစာကို သေသေချာချာ တိတိကျကျ အကောင်အထည် ဖေါ်နိုင်ရင် ကျွန်တော်တို့အားလုံး၏ မရုံးနိုင် မကန်နိုင် ပိတ်မိနေရာက ထွက်ပေါက်ကို စတင်တွေ့မြင်ရပြီလို့ ဆိုနိုင်ပါတယ်၊

အားလုံး၏ ထွက်ပေါက်ကို စည်းလုံးညီညာစွာ ဝိုင်းဝန်ကူညီ အားပေးကြပါစို။

No comments:

Post a Comment

Blog Widget by LinkWithin