ဤမှာမြေပြင် မြစိမ်းဆင်လျှက် ကောင်ကင်မိုးဝယ် နီလာချယ်၍ အိုဘယ့်လူသား နှစ်ရောင်ကြားဝယ် ခန့်ညားပေစ ခန့်ပေစ၊

Tuesday, July 9, 2013

နှစ်ကြိမ်ထပ်.....အင်္ဂလိပ်စကားလုံးလေးများ

.who's who ဆိုတာ လူတွေအများကြီးဖြစ်ရမယ်..သူတို့ရဲ့ အမည်၊အသက်၊အလုပ်အကိုင် ၊နေရပ်..စတဲ့ အချက်အလက်တွေကို ရည်ညွှန်းပြီး “ဘယ်သူဘယ်ဝါ”ဆိုတာကို ပြောတောပါ။ဥပမာ..ရုံးတစ်ရုံးကို စရောက်လာတဲ့ဝန်ထမ်းဟာ..ရုံးထဲက လူတွေအကြောင်းကို အစမှာ မသိပါဘူး။နောက်တော့လည်း..တဖြည်းဖြည်းနဲ့ ဘယ်သူဘယ်ဝါဆိုတာ သိလာတာကို Over time,he's come to know who's who in the office.လို့ သုံးရပါတယ်။ခွဲခြားမှတ်မယ်ဆိုရင်..Which is which က လူ(သို့မဟုတ်) အရာဝတ္ထုနှစ်ခု ခွဲခြားရာမှာ သုံးပြီး..who's who ကတော့..နှစ်ဦးမကတဲ့ လူတွေရဲ့ အကြောင်းအရာစုံကို ရည်ညွှန်းပြီး..“ဘယ်သူဘယ်ဝါ”ဆိုတဲ့ အဓိပွါယ်နဲ့ သုံးတာဖြစ်ပါတယ်။


“နှစ်ကြိမ်ထပ်..အင်္ဂလိပ်စကားလုံးလေးများ”
=======================

ယနေ့..(၇-၇-၁၃)ရက်နေ့ ..“အင်္ဂလိပ်ဘာသာ..လေ့လာစရာ” စာမျက်နှာ၏ တစ်လပြည့် အထိမ်းအမှတ်အဖြစ်.... ကျွန်တော် သဘောကျမိသော .. “ နှစ်ကြိမ်ထပ်.....စကားလုံးလေးများ”ကို..... မေတ္တာလက်ဆောင်အဖြစ်...

...မျှဝေပေးလိုက်ပါတယ်..။

(1) again and again
*****************
(အကြိမ်ကြိမ်၊အထပ်ထပ်၊အဆက်မပြတ်)
Daw Mya asked her son again and again to study for his exam.
စာမေးပွဲအတွက် စာကျက်ဖို့ ဒေါ်မြဟာ သူ့သားကို အကြိမ်ကြိမ် မှာခဲ့တယ်။

(2) by and by
************
(မကြာမီ)
She'll return home by and by.
သူ..မကြာခင် အိမ်ပြန်လာပါလိမ့်မယ်။

(3) on and on
************
(မရပ်မနား၊တရစပ်)
He talked on and on without giving anyone else a chance to talk.
ဘယ်သူ့ကိုမှ စကားပြောခွင့်မပေးဘဲ သူချည်း တရစပ် ပြောခဲ့တယ်။

(4) out and out
*************
(ပြည့်စုံသော၊ လုံးလုံးလျားလျား ဖြစ်သော)
She is an out and out believer in ghosts.
သူမဟာ..တစ္ဆေ ၊သူရဲကို လုံးလုံးလျားလျား ယုံကြည်တဲ့သူဘဲ။

(5) round and round
*****************
(တ၀ဲလည်လည်)
There are many birds flying round and round in the sky.
ကောင်းကင်မှာ..တ၀ဲလည်လည် ပျံသန်းနေကြတဲ့ငှက်ကလေးတွေ အများကြီးဘဲ။

(6) through and through
********************
(အကုန်လုံး၊ပြည့်ပြည့်စုံစုံ၊ လုံးလုံးလျားလျား)
I like this actor through and through ,even the way he talks.
စကားပြောပုံကအစ..ဒီမင်းသားကို အကုန်လုံး ကြိုက်တယ်။

(7) over and over (again)
*********************
(အထပ်ထပ်၊အခါခါ၊ အကြိမ်ကြိမ်)
He studies English idioms over and over again.
အင်္ဂလိပ်စာ အထူးအသုံးအနှုံးတွေကို အထပ်ထပ် သူလေ့လာတယ်။

(8) what's what
*************
(ဘာက..ဘယ်လိုဆိုတာ)...{အကြောင်းစုံသိတာကိုဆိုလိုတာပါ}
Do ask him.He certainly knows what's what.
သူ့ကိုမေးပါ..သူက ဘာက ဘယ်လိုဆိုတာ သေချာသိတယ်။

(9) which is which
**************
(ဘယ်သူက ဘယ်သူဆိုတာ၊ဘယ်ဟာက ဘယ်ဟာဆိုတာ)
The twins are so alike; I can't tell which is which.
အမွှာနှစ်ယောက်က အရမ်းတူတယ်။ဘယ်သူက ဘယ်သူဆိုတာ ငါမပြောနိုင်ဘူး။

(10) that's that
**************
(လုပ်မယ်ဆိုလုပ်မယ်၊မလုပ်ဘူးဆို မလုပ်ဘူး)..{မတားနဲ့၊မပြောနဲ့..ဆိုတဲ့ အဓိပွါယ်ပါ။}
I'm not going there ,that's that!
ငါက..အဲဒီကို မသွားဘူးဆို မသွားဘူး..ဒါဘဲ။

 
 
 
 
 
 
 
 
 
 
 
 
 
 
 

 

No comments:

Post a Comment

Blog Widget by LinkWithin