ဤမှာမြေပြင် မြစိမ်းဆင်လျှက် ကောင်ကင်မိုးဝယ် နီလာချယ်၍ အိုဘယ့်လူသား နှစ်ရောင်ကြားဝယ် ခန့်ညားပေစ ခန့်ပေစ၊

Friday, October 4, 2013

မရှက်ဖူးလား.....ငပြူးက ပြဲပြနေတဲ့ ကျော်သူ

မရှက်ဘူလား.....ငပြူးက ပြဲပြနေတယ်။

နာရေးကူညီမူအသင်း(ရန်ကုန်)ကို စာရေဆရာ ဆရာဦးအောင်သင်း အပါအဝင် ထက်မျက်သူ အတွေးအကြံအဆကောင်းသူ ၁၀-ဦးက ငွေရင်မတည်၍ မန္တလေးမြို့  ဆရာတော်ဦးတိက္ခ တည်ထောင်ထားသော ဗြဟ္မာစိုရ်လူမူကူညီရေးအသင်း ကို သွားရောက်လေ့လာပြီး တ...ည်ထောင်ထားခြင်းဖြစ်ပါသည် စထောင်စဉ်က ဥက္ကဌ ဦးမြင့်ဆွေ(ယ္ခု ရတနာမေတ္တာ) ၂၀၀၄-ဥက္ကဌ ဦးအေးသန့် တို့ပါ ကျွန်တော်၂၀၀၂-အသင်းလုပ်အားပေစရောက်စဉ်က ကျော်သူ သန်းမြင့်အောင် ရွှေဇီကွက် ၃-ဦးစလုံး လုပ်အားပေးတွေသာ...ဖြစ်ပါသည် နောက်မှ သူတို့နောက်ကွယ် ကျွန်တော်ကရှေ့ ဦးဆောင် ဦးအောင်သင်း ကိုငွေတသိန်းနဲ့လုပ်ကြံ အသင်းကိုမတရားနည်းတွေသုံး သိမ်ယူခဲ့ကြတာပါ ထောက်လှမ်းရေးခင်ညွန့် အသင်းမြေနေရာ တိုက်ခန်း ဖုံး မြေကွက်တွေခေါ်ပေးမှ ကျော်သူ နောက်က ထောက်လှမ်းရေးခင်ညွန့် ရှိကြောင်းသိခဲ့ရတာပါ တံတာလေးရှိ စစ်ရုံးဝန်ထဲသွားပြီး မြေယာအသုံးချရေးကော်မတီ အတွင်းရေးမူဗိုလ်မူကျော်ဝင် ထံမှ ခင်ညွန့် လက်မှတ်နဲ့ မြေဧက ၅-ဧကကျော်ရပေမဲ့ အိုအိမ်မှာ မြေဂရံလုပ်တော့ ညွန်ချုပ်ဦးအံကျော်ကို ၂-ဧကပေးခဲ့တယ် ဒါကြောင့်မြေကွက် က ခ ဖြစ်နေတာ လွန်ခဲ့တဲ၎-နှစ်လောက်က ကျော်သူ ကို အသင်းစတင်တည်ထောင်သူလို့် အသံလွင်ဌာနအားလုံးက ပံ့ပိုးပေးခဲ့ကြတယ် ကျွန်တော်၃-နှစ်လောက်ကြိုးစားလို့ ခုအသင်းတည်ထောင်သူလို့မပြောကြတော့ပါ.....သမိုင်းကိုဖျောက်ဖျက်ဖို့  ခုထိကြိုးစာကြတုံးပါဘဲ။

ကျော်သူ က အများပိုင် နာရေးကူညီမူအသင်း(ရန်ကုန်) ကို ကိုယ်ပိုင်အသင် အဖြစ်လုပ်ဆောင်ပြီး အသင်းမှာ သူ့ရုပ်ထုထားနေပြီ .......ကျော်သူ က ကိုယ်တိုင်အသင်းတခုကိုဖြစ်မြောက်အောင် မဖွဲ့ နိုင်ဘဲ သူများတွေ တွေးခေါ်ကြံစည်ထားသည့် နာရေးကူညီမူအသင်း(ရန်ကုန်)ကို မတရားသိမ်းပိုက်ခဲ့တာပါ....... ဝင်ရောက်လေ့လာနိုင်ပါသည်။
ီူ့်
မြန်မာနိုင်ငံရှိ အမည်ခံ အရပ်ဘက် လူ့အဖွဲ့အစည်းများအား
ကျော်သူရဲ့ စိန်ခေါ်သံ
----------------------------------------------------------

အောက်တိုဘာ ၃၊ ၂၀၁၃
Photo: မြန်မာနိုင်ငံရှိ အမည်ခံ အရပ်ဘက် လူ့အဖွဲ့အစည်းများအား
ကျော်သူရဲ့ စိန်ခေါ်သံ
----------------------------------------------------------

အောက်တိုဘာ ၃၊ ၂၀၁၃

မြန်မာပြည်သူလူထုတို့အတွက် အနစ်နာခံ ပေးဆပ်နေကြသည်ဟု ကမ္ဘာနှင့် မြန်မာမှာပါ ပြောဆိုပြီး အရပ်ဘက်အဖွဲ့အစည်းများဥပဒေ ပေါ်ပေါက်လာရေးအတွက် ကြိုးစားပမ်းစား အကောင် အထည်ဖော် ဆောင်ရွက်နေကြသော အဖွဲ့အစည်း (သို့) အုပ်စုတစ်စုအတွင်းရှိ သူတို့အား ကျွန်တော် မေးမြန်းလိုသည်မှာ -

သင်တို့သည် ဗြဟ္မစိုရ်တရားလေးပါး၏ အဓိပ္ပါယ်နှင့် အနှစ်သာရကို သိရှိပါသလား ??

သင်တို့သည် ရောဂါဝေဒနာ ခံစားနေသူတစ်ဦးအား ကိုယ်တိုင်ကိုယ်ကျ ကယ်တင်ဖူးပါသလား ??

သင်တို့သည် ကျောင်းသားလူငယ်လေး တစ်ဦးတစ်ယောက်အား အသိပညာ၊ အတတ်ပညာရပ် များအား ဆုံးခန်းတိုင် စီစဉ်ဆောင်ရွက်ပေးဖူးပါသလား ??

သင်တို့သည် ကွယ်လွန်သွားသူတစ်ဦး၏ နာရေးကိစ္စရပ်အား ကိုယ်တိုင်ကိုယ်ကျ ထမ်းပိုး သင်္ဂြိုဟ်ပေးမှု လုပ်ဆောင်ပေးဖူးပါသလား ??

သင်တို့သည် ရန်သူမျိုးငါးပါးကြောင့် ဒုက္ခပင်လယ်ကြီးထဲမှာ နစ်မွန်းနေသူအပေါင်းတို့အား ကိုယ်တိုင်ကိုယ်ကျသွားရောက်၍ ထိထိမိမိ အားပေးကူညီ လှူဒါန်းမှုမျိုး လုပ်ဖူးပါသလား ??

သင်တို့သည် မြန်မာပြည်သူလူထုအပေါင်းအား မြန်မာပြည်သူလူထုတို့ လှူဒါန်းထားသော အလှူငွေ (ငွေကြေး)တို့ဖြင့် “အများပြည်သူအတွက် အများပြည်သူကောင်းမှု” ဟူ၍ ကိုယ်ကျိုး မပါဘဲ လိပ်ပြာသန့်စွာ ပေးဆပ်မှုမျိုး လုပ်ဖူးပါသလား ??

သင်တို့သည် မိမိတို့ ကူညီလှူဒါန်း ဆောင်ရွက်ပေးမှု အပေါင်းတို့အပေါ် ရဲဝံ့စွာ သစ္စာဆို အမျှပေးဝေရဲပါသလား ??

သင်တို့သည် ဒုက္ခရောက် ပြည်သူလူထုတို့အား စွန့်လွှတ်အနစ်နာခံ ပေးဆပ်နေကြသော လူမသိ သူမသိ မထင်မရှား ဗြဟ္မစိုရ်လူသားများ (သို့) လူမှုရေးအသင်းအဖွဲ့ငယ်များထံသို့ သွားရောက် ခြေချပြီး သူတို့နှင့်အတူ ထပ်တူခံစားဖူးပါသလား။

အထက်ပါ အချက် (၈) ချက်လုံးဖြင့် ပြီးပြည့်စုံသော အဖွဲ့အစည်း (သို့) အုပ်စုတစ်စုမှ အရပ်ဘက် လူ့အဖွဲ့အစည်းဥပဒေအား ဦးဆောင်ဆွေးနွေး တင်ပြမည်ဆိုပါက ကျွန်တော် ဘာမှ မပြောလိုတော့ပေ။

မြန်မာပြည်သူ/သားတို့အတွက်၊ မြန်မာ့ (ပြည်တွင်း) လူမှုရေးအဖွဲ့အစည်းများအတွက် ရင်လေးစွာဖြင့်

လိပ်ပြာသန့်စွာဖြင့် လူမှုရေးသစ္စာဆိုရဲတဲ့

ကျော်သူ...

ကျော်သူ
See More

1

1Like · · Promote ·

.

No comments:

Post a Comment

Blog Widget by LinkWithin