ဤမှာမြေပြင် မြစိမ်းဆင်လျှက် ကောင်ကင်မိုးဝယ် နီလာချယ်၍ အိုဘယ့်လူသား နှစ်ရောင်ကြားဝယ် ခန့်ညားပေစ ခန့်ပေစ၊

Wednesday, October 15, 2014

စင်္ကြာမင်းလေး ကို စောင့်မျှော်နေသူများ

. စင်္ကြာမင်းလေး ကို စောင့်မျှော်နေသူများ

စင်္ကြာမင်းလေး ကို စောင့်မျှော်နေသူများ

ယခုအခါ ဓမ္မစေတီခေါင်းလောင်ကြီးကို ယုံကြည်စွာရှာဖွေနေသူများရှိသလို မိမိတို့ယုံကြည်ရာကိုအစွဲဖြင့် ကိုယ်ကွယ်ပသ ဆည်းကပ်စောင့်မျှော်နေသူများ ခေတ်တိုင်းမှာ နေရာတိုင်းမှာ တွေ့ ခဲ့ရပါတယ် ဓမ္မစေတီခေါင်းလောင်းကိစ္စမှာ အပေါ်ရံကြောလောက်သာဖတ်ခဲပြီး ဘာမှဝေဖန်သုံးသပ်မူ့ မလုပ်ခဲ့ပါ

သူ့ယုံကြည်ရာသူလုပ်ထာလို့သဘော ထားခဲ့ပါသည် ယုံကြည်သူများကတော့ တဗိုလ်တက် တဗိုလ်ဆင်း ခေါင်းလောင်းကြီးကို ဆက်လက်ရှာဖွေကြအုံးမှာ ဧကန်မလွဲ ဖြစ်ပါတယ် ယုံကြည်မူ့ ပါ.....

ထို့အတူ စင်္ကြာမင်းလေးကို စောင့်မျော်နေသူများကြားတွင် နှစ်ပေါင်းများစွာ နေခဲ့ရသော်လည် ဘာမှပါဝင်ပါတ်သက်ခြင်းမရှိ မသိသလိုနေခဲ့ပါသည်
ယုံကြည်သူများကတော့ ခေတ်တိုင်းမှာ စောင့်မျှော်နေကြလျှက်ပါ...

စင်္ကြာမင်းလေး ဆိုတာဘယ်သူလဲ

ဘိုးတော်ဘုရား အိမ်မက်မက်ရာ ငယ်စဉ်ကသူငယ်ချင်းဖြစ်သည် မောင်ရွေအောင် ခေါ် ပထမံဦးအောင် အများသိ ဘိုးဘိုးအောင် က မင်းသားအင်္ဂါ လက္ခဏာနဲ့ ပြည့်စုံချောမော လှပသောသတို့သားကို စစ်ကိုင်းမင်းသား နဲ့ ဆင်ဖြူရှင်မယ် တို့ နေအိမ်ကိုဝင်ရောက်သွားသည်ဟု အိမ်မက်မက်ခဲ့ပြီး မွေးဖွားလာသူလဲ ဖြစ်ပါတယ်

၁၁၇၄ ခုနှစ်မှာ ပဒုံမင်း ခေါ် ဘိုးတော်ဘုရား လက်ထက်မှာ အိမ်ရှေ့ မင်း စစ်ကိုင်းမင်းသား အိမ်ရှေ့ မင်းသ္မီး ဆင်ဖြူရှင်မယ် တို့မှဖွားမြင်သော သားတော်ကလေးဖြစ်ပါတယ်
 ပတိသန္တေတည်ကစလို့ ထူခြားဖြစ်စဉ်းများ ငလျှင်များစွာလှုပ်ခြင်း သစ်ဖြူပင်မှ ရေထွက်ခြင်း စသည့်အတိတ်ထူး နမိတ်ထူး အိမ်မက်ထူး များကြောင့် ဘုန်ကြီးသော စင်္ကြာမင်းလေးဟု လူအများယုံကြည် ခေါ်ဝေါ်နေခဲ့ကြခြင်းဖြစ်ပါသည်
မွေးဖွားပြီ ၇ ရက်မှာ အိမ်ရှေ့ မိဖုရား နတ်ရွာစံပြီး ဘိုးတော်မင်တရားကြီးက အလွန်ချစ်ယုံကြည်တော်မူပြီး မြစ်တော် စင်္ကြာမင်းလေးကို ညောင်းရမ်းမြို့ ကို အပိုင်စားပေးတော်မူလိုက်၍ ညောင်ရမ်းမင်းသားတွင်ခဲ့ပါတယ် ဘိုးတော်ဘုရား ဘယ်လောက်ချစ်သလဲဆိုရင် မြပုခက်ဝယ်ရန် ငွေတော် ၈ သိန်းထုတ်ပေးပြိး ယိုဒယားကိုသွားရောက် ဝယ်ယူစေခဲ့ပါတယ်

စင်္ကြာမင်း အဆင့်ကဘာလဲ
မင်းတုံးမင်း ယိုးဒယားဘုရင်း တို့ ဆိုတာ ပဒေသရာစ် အဆင့်
အနော်ရထာ ဘုရင့်နောင် တို့က ဧကရာစ်(Emperor) အဆင့်
စင်္ကြာမင်း က ထို့ထက်နယ်ပယ်ကြယ်ပြန့် ကြီးမာပါသည် စင်္ကြာရှင်မင်းဖြစ်လျှင် မေတ္တာရှင်ဖြစ်သွားကြပါတယ်
အာသောကမင်းကြီး ကို စင်္ကြာရှင်မင်းအဖြစ် အဆင့်သပ်မှတ်ပါတယ်

၁၂၀၀ ခုနှစ် တန်းခူးလပြည့်ကျော် ၆ ရက်နေ့တွင် ဘထွေးတော် သာယာဝတီမင်းလက်ထက်မှာတော့ တော်လှန်ပုန်ကန်ရန် ကြံစည်သည်ဆိုကာ အသက် ၂၇ ထဲမှာ ရှိနေသည့် စင်္ကြာမင်းလေးကို ကတ္တီပါရွှေအိတ်စွတ်၍ ရေဆိပ်တွင် ဖျောက်ဖျက်ကွက်မျက်တော် မူခဲ့ပါတယ်

သမိုင်အရသေဆုံးသွာပေမဲ့ ယုံကြည်မူ့တဘောင်များအရ ဘိုးဘိုးအောင် က ကယ်တင်သွားသည်ဟု အများယုံကြည်ခဲ့ကြပါသည်
စင်္ကြာမင်းလေးကို ရွှေကြက်ယက်အနီး ရေချသောခါ ငလျှင်ကြီးစွာလှုပ်၍ လေကြီးမိုးကြီကျ ရေတွင်းရေကန် သွေးအတိဖြစ် အတိတ်နမိတ်ကြီးများလည်းပြ ဖွားဖက်တော် ရွှေလရောင်မြင်းလည်း ပျောက်ကွယ်သွားကြောင်း နဲ့ မြင်းခံတော်မောင်ညှိ စစ်ကိုင်တောင်ရိုး မင်းကွန်အရပ်ရှိ စင်္ကြာမင်းလေး တည်ထားကိုယ်ကွယ်သော အာလိန်ငါးဆင့် မြသိန်းတန်စေတီသို့ သွားရောက် ရ ရက် တရားစခန်ဝင် ဦးပုဒ်သီလစောင့်စဉ် စင်္ကြာမင်းလေး ရွှေလရောင်မြင်းကို စီး၍ပေါ်လာပြီး မောင်ညှိ ငါမသေ ရသေ့ဦအောင် ယူဆောင်သွားသဖြင့် ရဇိတ တောင်တန်းမှာ စံမြန်နေကြောင်းပြလို့် မောင်ညှိ စိတ်အေးသွာတယ်တဲ့

သာယာဝတီမင်းက ကြားပြီး စင်္ကြာမင်းလေး နတ်စိမ်းဖြစ်၍ လာပြတာမဟုတ်လားဟု မောင်ညှိ ကိုမေရာ နတ်စိမ်းမဟုတ်ပါ စင်္ကြာမင်းလေး ကိုယ်တော်တိုင် ရွှေလရောင်မြင်းစီး၍ လူကိုယ်တိုင်လာကြောင်းပြောလို့ ဘုရင်သဘောနဲ့ မတိုက်ဆိုင်တာကြောင် မောင်ညှိ ထပ်၍အသတ်ခံရပြန်ပါတယ်

ပြည်သူပြည်သားတွေ မူးမတ်တွေက ချစ်ကြသော်လည်း စင်္ကြာမင်းလေအကြောင်းမပြောဆိုဝံ့ကြ ဖြစ်သွားရပါတော့တယ်

ဒါပေမဲ့ စင်္ကြာမင်းလေး ကွက်မျက်ခံရပြီး အောက်ပါတဘောင်ကြောင့် ခေတ်အဆက်ဆက် စင်္ကြာမင်းလေး ကို ယုံကြည်စွာစောင့်မျှော်နေကြလျှက်ပါ
တဘောင်များ တွက်ချက်မူ့တွေအရ ကုန်ဘောင်မင်းဆက် ၁၅ ဆက် ရှိရမည်လို့ ယုံကြည်မူလဲ ရှိကြပါတယ်.....ဒါကြောင့် နောက်မင်းဆက်ဟာ ၁၂ ဆက်မြောက် စင်္ကြာမင်းလေး သာဖြစ်ရမည်ဆိုပြီး စောင့်နေကြတာလဲ ဖြစ်နိုင်ပါသည
် ဆင်ဖြူမသား ရေသို့လား
 နဂါးလည်း ယူလတ္တံ့
 သိကြားလည်း ဆောင်လတ္တံ့။
ရာကျော်မှ ဆောင်တော်ခင်း
 စောဦး မောင်ရင်း၊
ဘိုးတော်ကား တောင်တန်းမြင့်က မျှော
 ရွှေဆက်တော် လာမည့်လမ်း နှင်းရည်နှင့် ဖျန်း။
တပေါင်းလရာသီ ဘောင်ဘီ နဲ့ ဖွေးဖွေး
 ဓါးလွယ် ရွှေကွပ်နှင့် မြေညွတ်အောင်
လာမည့်ရေး ဘိုးတော်.....ရင်သွေး

အင်္ဂလိပ်အုပ်စိုးစဉ်မှာလဲ မင်းလောင်းမျှော်တဲ့ ဘိုးဘိုးအောင် စင်္ကြာသိုက် သီချင်းများပေါ်ပေါက် သီးဆိုခဲ့ကြပြီး ပြည်သူလူထုကို အာပေးအားမြောက်ပြုခဲ့ကြပါတယ်
စင်္ကြာသိုက် သီချင်းမှာဆိုရင် ရုပ်ရှင်မင်းသား အဆိုတော် ခင်မောင်ရင် သီဆိုခဲ့လို့ "တို့ဗမာ ဂုဏ်ရောင်ထွန်း " အသံဟာ တနှိင်ငံလုံး ပြန့်နှံခဲ့ပါတယ်
တို့ဗမာ ဂုဏ်ရောင် ထွန်းပြောင်တော့မည်
 စင်္ကြာသိုက် တဘောင် စာဆိုပြောင်သည်
 ဘိုးတော်ရင်သွေး အစစ် ရောက်ချိန်တန်ပြီ
အင်းကို ဟင်္သာဆင်းမည် ဆင်းရင် လေးနဲ့ ခွင်းမည်
 ထိုမုဆိုးကို ထီးရိုးရိုကမည် ထီးရိုးကို မိုးကြိုးပစ်မည် တဲ့ စာရှိပါသည်
 ၁၃၀၁ ခု က စ၍ ရတနာ ဆိုတာ လိုရာရနိုင်သည်......

ကျွန်တော် မဆလခေတ်အစလောက်မှာ စင်္ကြာမင်းလေး ကို စောင်မျှော်နေသူများ အကြောင်း စသိခဲ့ရတာပါ .....
ဖြစ်ပုံကဒီလို တောမြို့ လေးက ရန်ကုန်ကို တက်လာကာစ လူငယ်ဘဝမှာပါ ပြည်လမ် ၆ မိုင်ခွဲ ကျော်ကျော်လောက်မှာ ရန်ကုန်ဘက်က မင်္ဂလာဒုံလေဆိပ်လာရင် ညာဘက်ကိုချိုးသွားတဲ့ လမ်းရှိတယ်
ခု ပါရမိလမ်ခေါ်သည့်လမ်းရှည်ကြီး ချော်တွင်းကုန်ဘက်ရောက်ပြီးရင်း ကမ္ဘာအေးဘုရာလမ်ပါ ပြည်လမ်းက ညာဘက်ကွေ့ ဝင်လိုက်ထာ နဲ့ ညာဘက်ကိုထပ်ချိုးသွားသည့် ခု အခေါ်မေခလမ်းကို တွေ့ ရမှာပါ ဦးနေဝင်း တသက်တာနေသွားခဲ့တဲ့ အင်ယားကန်ဘောင်က အစိုးရအိမ်ကြီးရှိပါတယ်

အမှန်က တပ်ကစစ်ဦးစီချုပ်တွေနေဖို့ အစိုးရငွေနဲ့ ဆောက်ထားတာပါ နောက်ပိုင်းပြင်ဆင်တာတွေလဲ အစိုးရအသုံးစရိတ်တွေနဲ့ပါဘဲ အိမ်အသုံးအဆောင်အားလုံးလဲ အစိုးရငွေနဲ့ပါဘဲ
နောက်ပိုင်း ကျွန်တော်အစိုးရအလုပ် ဝင်လုပ်တော့ လေဆိပ်နဲ့ စာတိုက်က နိုင်ငံခြားကလာတဲ့ ပစ္စည်းတွေကို ထုတ်ရတဲ့အလုပ်ပါ ကျွန်တော်ထုတ်ရင် အကောက်ခွန်က ဖွင့်ဖေါက်စစ်ဆေးခွင့် မပြုရပါ ဦးနေဝင်း အိမ်တော်ကလဲ သူတို့ပစ္စည်း မဖွင့်ဖေါက်ချင်ရင် ကျွန်တော်ထုတ်ပေးရပါတယ် ထုတ်ပြီးရင် အိမ်တော်ဝန် ဗိုလ်မူးကြီးစိန်ဘန်း လာယူပါတယ်
ထိုစဉ်က ဥပဒေအတိုင်း လိုက်နာကြပါတယ် အမျိုးသားထောက်လှမ်းရေး ပြည်သူရဲ တို့ကိုလဲ ထုတ်ပေးဘူးပါတယ် အာဏာပါဝါနဲ့ မလုပ်ကြပါ
ပါရမီလမ်းထဲဝင် ဦးနေဝင်း နေတဲ့ မေခလမ်းကျော်တာနဲ့ မကြာခင် ဘယ်ဘက်ခြမ်းမှာ ထိုစဉ်က လမ်းဘေးမှာ စိန်ရောင်ခြည်ဘုရား စေတီလေးတဆူရှိပါတယ် (မဆလခေတ်မှာ လမ်ချဲ့ လို စေတီမရှိတော့ပါ) ထိုစေတီနဲ့ ကပ်လျှက်ခြံဝန်ကျယ်ကြီးရှိပါတယ်

ကျွန်တော်ရောက်သွားတာက အဲဒိခြံကျယ်ကြီးထဲကိုပါ.....တရက်အလည်သဘော ရောက်သွားတာပါ အဲဒိခြံဝန်းကျယ်ကြီး နဲ့ စေတီလေးကျော်လိုက်ရင် ပါရမီလမ်း ညာဘက်ခြမ်မှာ အမေရိကန်သံရုံးဝန်ထမ်များ၏ အာကစားကလပ် အင်ယားကန်ဘေးမှာရှိပါတယ် ရှေ့ ဆက်သွားရင် ချော်တွင်းကုန် ကမ္ဘာအေးဘုရားလမ်းရောက်ပါပြီ

ခြံရှေ့ မှာ စေတီရှိတဲ့ ခြံကျယ်ကြီးထမှာ ၂ ထပ်တိုက် ပေ ၃၀ ပေ ၅၀ ရှိမည့် ခိုင်ခိုင်ခန့်ခန် ဆောက်ထားတာပါ ခြံထဲရှောက်ကြည့်ရင်နဲ့ ဘယ်သူမှမရှိလို့် တိုက်တခါးကလဲပွင့်နေ အထဲကိုဝင်ကြည့်ရင်းနဲ့ အော်ထပ်က ဟာလာဟင်းလင်ကြီးပါ နောက် အပေါ်တက်တဲ့လှေခါးကနေ အပေါ်ထပ်ရောက်သွားပါတယ်

အမှန်ကလူငယ်ဘဝ စူးစန်ချင်လို့ပါ ဘာရည်ရွယ်ချက်မှ မရှိခဲ့ပါ လှေခါးဆုံး အပေါ်ထပ်ရောက်ထာနဲ့ ထူးဆန်းတာတွေ တွေ့ ရတော့တာပါဘဲ
စတွေ့ တာက ချပ်ဝတ်တန်ဆာနဲ့ စစ်သားရုပ်တွေ ဓါးတွေထမ်းလျှက် နောက်ထိုင်မသိမ်း အင်းကျီဝတ် ရှေ့ခေတ်မိန်ကလေးများ ရှေ့ ဆက်တော့ ရှေ့ ခေတ်မူမတ် ဝန်ကြီး စစ်သူကြီးအဝတ်အစားများနဲ့ လူတရပ်ခန်ရှိ လူနဲ့တူတဲ့အရုပ်တွေ ရွှေငွေချထားတဲ့ သလွန်ညောင်စောင်တွေ သားမွေးမှိယဒ်ကစ ဓါးလှံ ရှေ့ ခေတ်မင်းအသုံးအဆောင်တွေကိုတွေ့ ရပြီး
ရှေ့ ဆုံးက ပလင်ပေါ်မှာ သံလျှက်ကိုင်၍ မင်းသားတပါးထိုင်လျှက်ပုံပါ မင်းသားထိုင် ပလင်ရှေ့ မှာ ငှက်ပျောပွဲ အုံးပွဲ သစ်သီး ပန်မန်များနဲ့ ပသထားတာတွေ့ ရပါတယ်
ကြည့်နေရင်းနဲ့ အားလုံးအသက်ရှင်လာသလား ထင်ယောင်ထင်မှားဖြစ်ပြီ ကြောက်စိတ်ဝင်သွားမိပါတယ် ငယ်ရွယ်စဉ် တယောက်ထဲဖြစ်နေလို့လဲ အံသြခြင်း နဲ့အတူမင်သက်မိသွားလို့် ဖြစ်သွားတာဖြစ်နိုင်ပါတယ်

နာနာဘာဝနဲ့ ပါတ်သက်လို့ ကိုယ်ရောင်ပြတာ တခါမှမတွေ့ ဘူးပါ ငိုသံတွေကြားတာဘဲရှိခဲ့ဘူးပါတယ် ရွှေဂုံတိုင်မိးပွိင့်က NLD ရုံးဘက်လာရင် ညာဘက်ခြမ်မှာ အနည်ငယ်အဝင်နား တောင်ပေါ်မှာ မဆလခေတ်က မေ့ဆေးဆရာဝန်ကြီး ဒေါက်တာဦးစိန်လှိုင် နိုင်ငံခြားကပြန်လာပြီ နိုင်ငံခြားစတိုင် တိုက်အိမ်ဆောက်ပါတယ် မလောက်လို့ အစိုးရထံကငွေချေပြီဆက်ဆောက်တယ် အင်မတန်ကောင်းတဲ ဗိုလ်ဆန်ဆန်တိုက်အိမ်ပါ မဆလခေတ်ကုန်ခါနီးလေးမှာ အစိုးရအတိုးဆက်မပေးနိုင်လို့ ရောင်းလိုက်ရတယ်
ဒီဘက်ခေတ်ရောင်းရင် အများကြီရမှာ အဲဒီအိမ်မှာ နွေရာသီကြမ်းပြင်ပေါ်မှာအိပ်တုံး တောင်အောက်ထဲက ငိုသံတွေကြားရတယ်

 နောက်တခါ ထိုင်းဝမ်မှာ ဂျပန်ခေတ် ကင်ပေတိုင်တွေ ရုံးလုပ်ခဲ့တဲ့နေရာ ခုစက်ရုံးလုပ်ထားပြီ အိပ်ခန်းရလို့ အိပ်ထာ ခေါင်းရင်းနံရံထဲက ငိုးသံတွေ မကြာခဏကြားရတယ်
 အဲဒိစက်ရုံမှာဘဲ ထမင်းစားခန်းလုပ်တဲ့ ဟောခန်းကြီးရှိတယ် ရှေ့ ဆုံးမှာ ဗုဒ္ဒဘုရားစဉ်လဲရှတယ် TV ထားပေးလို့ ထိုစဉ်က ကမ္ဘာဘောပွဲတွေ ညတခါတရံ တယောက်တည်းကြည့်ခဲ့ဘူးတယ်
တနေ့တော့ ကျွန်တော်တို့အထဲက အသက် ၁၇ နှစ်လူငယ်တယောက် အဲဒိဟောခန်းထဲက ဘီလီယက်ခုံမှား ညဘက်ဘီလီယက် တယောက်ထဲထိုးနေစဉ် ထိုးလိုက်သမျှ ဘီလိယက်အလုံးတွေဝင်သွားတယ်တဲ့
နောက်ဆုံး၂ လုံးရှိတော့ တလုံးကိုထိုလိုက်ထာ နောက်တလုံးကိုထိပြီး တွင်းဝင်သွားရာ ကြောက်ပြီး ဘီလိယက်ထိုးတံကို ခုံပေါ်ပြစ်လိုက်ရာ ထိုးတံနဲ့နောက်ဆုံး လက်ကျန်တလုံးထိပြီး ဝင်သွားတော့ ကြက်သီထကြောက်ပြီး ထွက်ပြေလာတယ်....

ထိုစဉ်က အဲဒိ ၂ ထပ်တိုက်ကြီးပေါ်မှာ ဘာကြောင့် ရှေ့ ခေတ်မင်းခန်းမင်းနားတွေ သလွန်ညောင်စောင်းကစ မင်းမြောက်တန်ဆာတွေ ဘုရင်ခေတ်အသုံးအဆောင်တွေ ရှိနေရသလဲဆိုတာ မသိခဲ့ပါ
 နောက်မှ ထိုအသိုင်းအဝိုင်းမှာ အနေကြာလာမှ အကြောင်းစုံးသိခဲ့ရတာပါ

အမှန်က စင်္ကြာမင်းလေး စောင့်နေသူများဟာ ပတီကိုမပြတ်စိတ်ကြတဲ့ ပတီးဂိုဏ်လဲဖြစ်နေတာတွေ့ ရပါတယ်
 ဒါပေမဲ့ ထူးဆန်းတာက တော်လှန်ရေးကောင်စီခေတ် မဆလခေတ် ဝန်ကြီး ဝန်ကလေး ဗိုလ်မူကြီးအဆင့် ရှိသူတွေပါဝင်နေတာပါဘဲ

ပါရမီလမ်းထဲက ခြံကြီနဲ့တိုက်ဆိုရင် ရေတပ်အငြိမ်စား ဗိုလ်မူကြီးတင်သိန်လူ ပိုင်တာပါ အစိုးရထံအပေါင်ခံထားခဲ့ပြီး မရွေးနိုင်လို့ ဆုံးတော့မှာကို သူကိုယ်တိုင်က အဖွဲဝင်ဖြစ်လို့ စင်္ကြာမင်းလေး စောင့်နေသူများအဖွဲက အစိုးရထံမှရွေးယူ အသုံးပြုခဲ့တာပါ

အဖွဲ့ ဝင်များ တပါတ်တခါ အစည်းအဝေး လုပ်ကြတယ် ဘာတွေလုပ်သည်ကိုတော့ စိတ်မဝင်စားလို့ မသိခဲ့ပါ အစည်းအဝေး လုပ်တိုင်းကောင်းကောင်း စားရတာတော့အမှန်ပါ

အဖွဲဝင်ခေါင်းဆောင် တဦးဆိုရင် ထိုစဉ်က ကုလသမ္မက အထွေထွေအတွင်းရေးမူချုပ် ဦးသန့် နဲ့ ရင်းနှီးမူရှိလို့ ဦးနေဝင်း က မြန်မာနိုင်ငံဆိုင်ရာ ကုလသမ္မကခေါင်းဆောင်ကိုယ်စားလည် သွားလုပ်ဖို့ခန့်ပါတယ်

ထိုစဉ်က ဒုဝန်ကြီးဖြစ်နေတဲ့ ဗိုလ်မူကြီးလှဖေ(အဆိုတော်ပြည်လှဖေ)က အကိုကြီး ကုလသမ္မကကို ကိုစလှုယ်ခေါင်းဆောင် သွားလုပ်ရမယ် လာ၍ခန့်စာပေးတာကို စင်္ကြာမင်းလေး အဖွဲဝင်များက အချိန်မကျသေးဘူး မသွားသင့်သေးဘူးဆိုလို့ မသွား အလုပ်ကိုငြင်းပယ်ခဲ့ပါတယ်

ဦးနေဝင်း တော်တော်စိတ်ဆိုးသွားပါတယ်.....

ပါရမီလမ်း စင်္ကြာမင်းလေး အဖွဲ့ ပိုင်တဲ့ ခြံကြီးရှေ့ က တချိန်က စိန်ရောင်ခြည်ဘုရား စေတီလေးးကို အဖွဲ့ကနှစ်စဉ် ဘုရားပွဲကျင်ပနေခဲ့ကြတာ လမ်းတိုးချဲ့ မည်ဆိုပြီး အဖျက်ခံလိုက်ရပါတော့တယ်

နိုင်ငံသားအားလုံး ပြည်သူပြည်သားအားလုံး တိုင်ပြည် နဲ့ လူမျိုး တိုးတက်သာယာ ဝပြောကြစေဖို့ ကိုယ့်နည်းကိုယ့်ဟန် ကိုယ့်ယုံကြည်ချက်နဲ့ ခေတ်တိုင်းမှာ လုပ်ဆောင်နေကြတာပါဘဲ။

No comments:

Post a Comment

Blog Widget by LinkWithin