ဤမှာမြေပြင် မြစိမ်းဆင်လျှက် ကောင်ကင်မိုးဝယ် နီလာချယ်၍ အိုဘယ့်လူသား နှစ်ရောင်ကြားဝယ် ခန့်ညားပေစ ခန့်ပေစ၊

Saturday, May 2, 2009

မဲဆောက် ပုံပြင်များ ( Maesot Stories )

ကျွန်တော်သည် မြန်မာပြည်၏ နယ်စပ်မြို့ မြဝတီမြို့ မှ သောင်းရင်းမြစ် တဖက်ကမ်းရှိ ထိုင်းနိုင်ငံ မဲဆောက်မြို့ သို့ ၂၀၀၇ ခုနှစ် ဒီဇင်ဘာ-၅-ရက် ထိုင်းဘုရင်မွေးနေ့ တွင် ရောက်ရှိခဲ့ပါသည်။
မဲဆောက်မြို့ ရှိ မြန်မာလူမျိုး မှာ နိုင်ငံရေး လူမူ့ရေး စီးပွားရေး အလုပ်အကိုင် တို့တွင် တည်ငြိမ်မူ့ ရှိသေးသော်လည်း အကျဘက်သို့ ရောက်ရှိနေပြီဖြစ်ပါသည်။
ထိုအချိန်က ပြည်တွင်းပြည်ပရှိ မြန်မာလူမျိုအားလုံး ဒုခအကြပ်အတည်း ဆင်းရဲ မျိုးစုံတွေ့  ကြုံ (တချို တလေ မှ လွဲ၍) နေရချိန် ဖြစ်ပါသည်။
ကျွန်တော်ခံယူချက် အတိုင်းပြောရရင် ပြည်တွင်းပြည်ပရှိ မြန်မာလူမျိုးအားလုံး သူနည် သူ့ဟန်ဖြင့် နိုင်ငံရေး လူမူ့ရေး စီးပွားရေး ကျမ်မာရေး အလုပ်အကိုင် နေရာအသီးသီး ဒုခဆင်းရဲ အကြပ်အတည်း မှ ထွက်ပေါက်မရှိ ကယ်မည့်သူမရှိ ဖြစ်နေသည်ဟု ခံယူမိပါသည်။
ထိုခံယူချက်ဖြင့် လူမျိုဘာသာ မရွေး ဆင်းရဲချမ်းသာ မရွေး တို့၏ အဖြစ်အပျက် ခံစားချက် များကို သိရှိခံစား ပြုပြင်နိုင်ရန် အမှားအမှန် ခွဲခြားကာ ပြန်လည်တည်ဆောက် ကြိုးစာ၍ အောင်မြင်မူ့ကို ရယူနိုင်လိုသော ဆန္ဒဖြင့် "မဲဆောက် ပုံပြင်များ" ကိုရေသားခြင်း ဖြစ်ပါ သည်။
"မြန်မာနိုင်ငံသား အားလုံး စည်လုံးညီညာ သာယာဝပြောသော နိုင်ငံတည်ဆောက်ကြပါစို့"

No comments:

Post a Comment

Blog Widget by LinkWithin