ဤမှာမြေပြင် မြစိမ်းဆင်လျှက် ကောင်ကင်မိုးဝယ် နီလာချယ်၍ အိုဘယ့်လူသား နှစ်ရောင်ကြားဝယ် ခန့်ညားပေစ ခန့်ပေစ၊

Sunday, May 10, 2009

်လူငယ် နှင့် လူကြီး

ကြိုးစားချင်စိတ်သာ အမှန်တကယ် ရှိလျှင် လူငယ်ရော လူကြီးပါ အောင်မြင်မူ့ရနိုင်ပါသည။် လူငယ်သည်ပို၍ အောင်မြင်မူ့ အသီးအပွင့် ရရှိနိုင်သည်၊ အချိန်ကစကားပြောပါသည်၊ လူကြီးတွေပြောကြပါသည် ငါကွာမင်းတို့ အသက်အရွယ် ပြန်ရောက်ချင်လိုက်တာ၊ လိုချင် တာတွေ ပြန်ကြိုးစားချင်၍ ဖြစ်ပါသည်၊ ဘာသာစကားသင်ယူ ရာတွင် လူငယ်များ အတတ်မြန်ကြပါသည်၊ လူငယ် လူကြီ မဖြစ်နိုင်တာမရှိပါ အနှေး အမြန် သာကွာခြားသည်၊ လူကြီများတွင် ဘဝအတွေ့ အကြုံ လုပ်ငန်း အတွေ့ အကြုံ စါပေဖတ်ရှုမူ့ အသိပညာ အတတ်ပညာများ ရှိပါသည်၊ လူငယ်များတွင်လည်း နောက်ဆုံးပေါ်နည်ပညာ ခောတ်ပေါ်အတွေးအမြင် စါပေ အသိပညာများ ရှိပါသည်၊ သူ့နေရာနှင့်သူ အသုံးဝင်ပါသည် တဦးနှင့်တဦး လေးစားမှု့ ပြု၍ ရှေ့ ဆောင်သည့်အခါရှေ့ ဆောင် နောက်လိုက်သည့်အခါနောက်လိုက် လုပ်၍ ကူညီပံ့ပိုး အထောက် အကူပေးကြ ရပေမည်၊ တဦးနှင့်တဦး အသိ အမှတ်ပြု၍ နားလည်မူ့  ရှိရပေမည် လက်တွဲခေါ်ယူရပေမည်၊ ထိုသို့သော ဂဟေစနစ် ဆက်စပ်မူ့မျိုး မြန်မာလူမျိုးမျာတွင် ရှိခဲ့ပါသည်၊ ယခုအခါ ပျောက်ကွယ်များသွားပလားဟုထင်ရပေသည်၊ မဖြစ်သင့်ပေ။ ပြန်လည်ကြိုးစားဖေါ်ထုတ်ရပေမည်၊ လူငယ် လူကြီး ညီညွတ်မှ စည်းလုံးမူ့ ရရှိမှာဖြစ်ပါသည်၊ လူတိုင်သည် သူ့နေရာသူ အသုံးဝင်ပေသည် စီမံခန့်ခွဲတတ်မူ့ အောင်မြင်အောင်ခေါင်ဆောင်မူ့ ပေးတတ်သူကိုသာ ခေါင်ဆောင် တင်သင့်ပေသည်၊ ခေါင်ဆောင်လုပ်သူသည် မိမိအဖွဲအစည်း မတိုးတက်မအောင်မြင် ဖြစ်ခဲ့လျှင် လူငယ် လူကြီး မရွေးအောင်မြင်အောင် လုပ်နိုင်သူကိုသာ ရွေးချယ်တာဝန်ပေး ရပေမည်။
အမိမြန်မာနိုင်ငံတော်ကြီး အောင်မြင်တိုးတက် သာယာဝပြော ဂုဏ်ယူတင့်တယ်နိုင်ရန်
"လူငယ် လူကြီး လေးစားမူ့ စည်းလုံးမူ့ ညီညှတ်မူ့ ရှိကြပါစို့ "

No comments:

Post a Comment

Blog Widget by LinkWithin