ဤမှာမြေပြင် မြစိမ်းဆင်လျှက် ကောင်ကင်မိုးဝယ် နီလာချယ်၍ အိုဘယ့်လူသား နှစ်ရောင်ကြားဝယ် ခန့်ညားပေစ ခန့်ပေစ၊

Sunday, December 2, 2012

နာရေးကူညီမူအသင်း(ရန်ကုန်)၏ ၂၀၀၂ အတွင်းရေးမူနဲ့အဖွဲ့ 

.

နာရေးကူညီမူအသင်း(ရန်ကုန်)၏ ၂၀၀၂က အတွင်းရေးမူနဲ့ အလုပ်အမူဆောင်အဖွဲ့ ဝင်တွေတောင်ကြီးမြို့ မှာ ကားသွားဝယ်တာပါ အလယ်ကောင် အင်ကျီအဖြူနဲကအတွင်းရေးမူ ဦးရဲမြင့် ပါ သူကိုဘယ်သူမှကျော် လို့မရပါ သူကတောင်ကြီးမြို့ က ရှမ်းစတား(Shan Star) ဂျစ်ကား၂စီးအသင်းပိုက်ဆံနဲ့ဝယ်ထာ ခဲ့ပါတယ်၊ ကိုကျော်သူ ရွှေဇီးကွက် သန်မြင့်အောင် ကျွန်တော် တို့လဲလုပ်အားပေး အဆင့်သာရှိပါတယ် သူ့ကိုဘားမှမပြောရဲကြပါ၊ ဂျစ်ကား၂စီးကိုဘာလုပ်ဖို့ ဝယ်ခဲ့တယ်ဆိုတာ ခုထိစဉ်းစားလို့မရပါ၊ ၂၀၀၃မှာ သူတို့ တဖွဲ့ လုံးအသင်းမှ ထွက်သွားရပြီး အသင်းကျွန်တော်တို့လက်ထဲရောက်မှ ကား၂စီးကိုရရှိပါတယ် တစီး2Doorကိုပြန်ရောင်ပြီး 4Doorကိုကျွန်တော်အားစီးခွင့်ပေးထားခဲ့ကြပါတယ်..... ဝင်ရောက်လေ့လာနိုင်ပါတယ် http://tharafi.blogspot.com/

Sep,2002 ခုနှစ်က နာရေးကူညီမှု.အသင်း(ရန်ကုန်) နိဗာန်ယာဉ်ဝယ်ယူရေး ကိုယ်စားလှယ်အဖွဲ.ရှမ်းပြည်နယ် တောင်ကြီးမြို.သို.ရောက်ရှိစဉ် နဂါးပွက်ကျောင်းတိုက်အတွင်း ဖွင့်လှစ်ထားသော မေတာရှင်နာမှု.ကူညီရေးအသင်း အဖွဲ.ဝင်များနှင့်အတူအမှတ်တရ။ ကိုဝင်းဆိုင် FB မှ.....
၎ယောက်မြောက်မှ ကိုဝင်းဆိုင် NLD ယခု နယူးယောက် အမေရိကန် ထိုစဉ်ကအသင်း၏အလုပ်အမူ့ဆောင်ပါ အလယ်ဆုံးက အင်းကျီအဖြူနဲ့ ထိုစဉ်က အတွင်းရေးမူဦးရဲမြင့် ဖြစ်ပါတယ် ကျော်သူ ရွှေဇီးကွက် သန်းမြင့်အောင် တို့  အသင်းမှာလုပ်အားပေးအဆင့်သာရှိခဲ့ပါတယ် အတွင်းရေမူဦးရဲမြင့် ကိုမော်လို့တောင်မကြည့်ရဲ ဘာမှမပြောရဲကြပါ၊ အသင်းကိုဘယ်လောက်ပိုင်သလဲဆိုရင် အသင်းပိုက်ဆံနဲ့ ဘာမှနာရေးအတွက်အသုံးမဝင်တဲ့ ဂျစ်ကား၂စီးဝယ်ခဲ့တာကို ကြည့်ရင်သိနိုင်ပါတယ်....ကိုဝင်းဆိုင် FB မှာတင်ထားသည့်ဓါတ်ပုံပါ....

 
ကိုဝင်းဆိုင် NLD နဲ့ နာရေးကူညီမူအသင်း(ရန်ကုန်)
ကိုဝင်းဆိုင် ဟာလူမူရေးနဲ့ ယိုင်းပင်ကူညီမူကို အလွန်တန်ဖိုးထာ စိတ်ရောကိုယ်ပါ လုပ်သူပါ NLD မှာလဲ ဒေါ်စု သွားလေရာ နယ်များကို သူ့ကားဖြင့် လိုက်လံပို့ဆောင်၍ ဒီမိုကရေစီအတွက် ပါဝင်ဆောင်ရွက်ခဲ့သူပါ၊ ထို့အတူ နာရေးကူညီမူအသင်း(ရန်ကုန်)မှာလည်း ၂၀၀၁-အသင်းစတင်တည်ထောင်စဉ်ကစ၍ မိမိတတ်နိုင်သမျှ အသင်းကြီးတိုးတက်အောင် လုပ်ဆောင်ခဲ့သူပါ ၂၀၀၃- ကျော်သူ သန်းမြင့်အောင် တို့ ထောက်လှမ်းရေးခင်ညွန့် အစီအမံဖြင့် အသင်းကြီးကို မတရားနည်းများသိမ်ပိုက်ပြီးနောက် ကိုဝင်းဆိုင် ဟာ ကူညီလုပ်ကိုင်ပေးပါသေးတယ် သူဆိုင်မှာရှိတဲ့ ဂက်စ်အိုးကစ ဝန်ထမ်းများ စာသောက်ရေမှာ အသုံးပြုဖို့ လစဉ်ကူညီခဲ့ပါတယ် ဒါပေမဲ့ NLDမှာပါဝင်လုပ်ဆောင်မူကြောင့် ထောက်လှမ်းရေးခင်ညွန့် ဖိအားပေးမူဖြင့် ကျော်သူ သန်းမြင့်အောင် တို့က ကိုဝင်းဆိုင် ကို အသင်းသို့မလာရန်ဖိအားပေးခဲ့လို့ အသင်းသို့ မလာရဘဲဖြစ်ခဲ့ရပါတယ်။  

No comments:

Post a Comment

Blog Widget by LinkWithin