ဤမှာမြေပြင် မြစိမ်းဆင်လျှက် ကောင်ကင်မိုးဝယ် နီလာချယ်၍ အိုဘယ့်လူသား နှစ်ရောင်ကြားဝယ် ခန့်ညားပေစ ခန့်ပေစ၊

Monday, December 24, 2012

ဆွီဒင်နိုင်ငံလုပ်အဆင့်မြင့် M-3 Carl Gustaf လက်နက်များကို မြန်မာတပ်မတော်က၁၉၈၀ကျော်ထဲကဝယ်ယူ ပြည်တွင်းမှားထုတ်လုပ်နေပြီဖြစ်ပါတယ်..

.

ဆွီဒင်နိုင်ငံလုပ် အဆင့်မြင့် M-3 Carl Gustaf လက်နက်
သမ္မတ ဦးသိန်းစိန် လက်ထက်တွင် အမေရိကန်နှင့် ဥရောပ သမဂ္ဂတို့က မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုများမှ တချို့ကို ဖယ်ရှားပေးခဲ့သော်လည်း နိုင်ငံတွင်းလက်နက်ကိုင် ပဋိပက္ခများရှိနေဆဲဖြစ်သည့်အတွက် မြန်မာအစိုးရထံသို့ လက်နက် ရောင်းချခြင်းမပြုရန် ပိတ်ပင်တားမြစ်မှုများ ထားရှိဆဲ ဖြစ်သည်။
လက်ရှိဖြစ်ပွားနေသော ကချင်စစ်ပွဲများတွင် အစိုးရတပ်များ အသုံးပြုသည့် ဆွီဒင်နိုင်ငံလုပ် အဆင့်မြင့် M-3 Carl Gustaf လက်နက်များကို ကချင်ပြည် လွတ်လပ်ရေး တပ်မတော်(KIA) က သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းများ ပြီးခဲ့သည့် အပတ်အတွင်းတွင် ထွက်ပေါ်လာခဲ့သည်၊ ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေး ကျွမ်းကျင်သူ ဆွီဒင် သတင်းစာဆရာ ဘာတေးလ် လစ်တနာက အဆိုပါ ဆွီဒင်နိုင်ငံလုပ် စစ်လက်နက် ပစ္စည်းများသည် အိမ်နီးချင်း အိန္ဒိယနိုင်ငံမှ ရရှိခြင်းဖြစ်နိုင်ကြောင်း၊ အိန္ဒိယသည်ဆွီဒင်နိုင်ငံမှလက်နက်အများဆုံး ဝယ်ယူသည့်နိုင်ငံဖြစ်ကြောင်းပြောဆို နေကြပါတယ်၊ VOA, BBC စတဲ့သတင်းဌာနတွေကလဲ အရေးတကြီးသတင်အဖြစ်ခုထုတ်လွင့်နေပါသည်။

Kyaing Tun.....ခံစစ်ကတုတ်ကျင်းတွေကိုဖြိုတဲ့ လက်နက်ကြီး၊အားပြင်းချက်ကလွန်ရော၊ကိုယ်နီးနားကျမယ်ဆိုလေယာဉ်စက်သံလိုမြည်ဟီးလာတယ်၊မြေပြင်ကိုထိတာတာနဲ့ မကွဲဘူး၊မြေကြီးထဲကို ၁၀ ပေလောက်တူးဝင်သွားပြီးမှကွဲထွက်တယ်၊ကွဲချက်နဲ့ ထိတဲ့ ဘယ်ခံစစ်ကတုတ်ကျင်းမဆိုပွင့် ထွက်သွားပြီး၊မြေပြင်မှအပေါ်ကို၊ကိုယ်တဖက်လောက်ရှိတဲ့ ကျွန်းတုံးတွေ၊တစစီဖြစ်၊အကုန် ကောင်းကင်ပေါ်ကို ၁၀ ပေ လောက်မြောက်တက်သွားတယ်၊ ၂ဆင့်ကွဲလောင်ချာ အစွမ်းပါ။ FBမှ.......

အမှန်က ကွန်မြူနစ်တွေနဲ့ မြန်မာတပ်မတော် အကြီးအကျယ်တိုက်နေရစဉ်က ၂ဆင့်ကွဲအဆင့်မြင့်လောင်ချာလက်နက်ကို ဆွီဒင် FFV ကုမ္မဏီမှ ၁၉၈၀ကျော်ထဲက ဝယ်ယူစမ်သပ်ခဲ့တာပါ ကတုတ်ကျင်းတွေဖြိုခွဲဖို့ပါ၊ ကျွန်တော်ကိုယ်တိုင် လေဆိပ်ကထုတ်ယူပြီး စမ်းသပ်ဖို့ မော်ဘီလေတပ်စခန်းကို ပေးပို့ခဲ့ရပါတယ်၊ မြန်မာတပ်မတော်မှာ ထုတ်လုပ်နေပြီဖြစ်ကြောင်းလဲ သိရှိခဲ့ရပါတယ်.....အတွေ့အကြုံအဖြစ်.....ဗိုလ်ချုပ်ကြီးစောမောင်၏အဆီကျဆေးပျောက်ဆုံးမူ...သရဖီဘလောက်မှာရေခဲ့ရာမှာ အတွေ့ အကြုံအဖြစ်ထည့်ရေးထားပါတယ်...ဝင်ရောက်လေ့လာနိုင်ပါတယ်.....

No comments:

Post a Comment

Blog Widget by LinkWithin