.၆၆ နှစ်မြောက် ပြည်ထောင်စုနေ့....... ငြိမ်းချမ်းရေးအလင်းရောင် မြင်ရသောနှစ် အားအင်အပြည့်ဖြင့် ထွက်ပေါ်လာမည့် ပြည်ထောင်စု မြန်မာနှိင်ငံတော် 
 
~ တို့ပြည်ထောင်စု ~ 
အောက်မြို့ အောက်ရွာ၊ မြစ်ချောင်းဖြာ၍
စိမ်းဝါလယ်ကွင်း၊ မိုး...နံ့သင်းသည်
 ရှုခင်းလှပါပေသည်တကား..။
 
 အထက်အညာ၊ နေခြည်ဖြာ၍
 တောင်ယာခင်းပြန့်၊ ထနောင်းနံ့နှင့်
 သင်းပျံ့ပါပေသည်တကား..။
 
 ရှမ်း၊ ချင်း၊ ကချင် တောင်တန်းတွင်လည်း
 နှင်းရွှင်ပက်ဖျန်း၊ ထင်းရှူးတန်းနှင့်
 တင့်ဆန်းပါပေသည်တကား..။
 
 ကယား၊ ကရင်၊ စမ်းရေလျဉ်နှင့်
 မြသွင်သစ်တော၊ အလှနှောသည်
 သာမောဖွယ်ပါတကား..။
 
 မွန်၊ တနင်္သာရီ၊ ရခိုင်ဆီတွင်
 ပင်လယ်လှိုင်းတေး၊ လေချိုသွေးသည်
 ငြိမ်းအေးပါပေသည်တကား..။
 
 တို့ပြည်တို့ရွာ၊ အနှံ့သာပင်
 နေရာတကာ၊ အလှဖြာတည့်
 ညီညာပေါင်းစု၊ ပြည်ထောင်စုတည့်
 အထုခိုင်မာ၊ တည်နေပါ၏
 တို့မှာချစ်ရ၊ မြတ်နိုးရ၍
 အလှတင့်ဆန်း၊ ငြိမ်းချမ်းပန်းလျှင်
 ကြိုင်လန်း မွှေးကြူ ပါစေသတည်း..။
 
 - မင်းယုဝေ - 
 
ကျွန်တော်ချစ်သော မြန်မာပြည်..... တိုင်းပြည်တိုးတက်ပြီး ပြည်သူတွေ ဒုက္ခဆင်းရဲတွင်းအပေါင်းက လွတ်မြောက်၍ သာယာဝပြောသော စီးလုံးညီညာသော ပြည်ထောင်စု မြန်မာနှိင်ငံတော် အားအင်အပြည့်ဖြင့် ထွက်ပေါ်လာမည်ဟု လုံးဝယုံကြည်ပါသည်။
Read More...
Collapse...