.
“လက္ဖက္ရည္ႀကမ္း၀ိုင္း”
===========
“လက္ဖက္ရည္ႀကမ္း၀ိုင္း”
=============
လေရာင္ဆမ္း၍
... ရြာလမ္းေျမမာ၊ ၀င္း၀င္း၀ါ၏။
အုန္းထန္းေပလက္၊ တမာရြက္တို႕
ေရႊစက္ ေရႊေျပာက္၊ ေရႊရည္ေသာက္၏။
တရံတခါ ၊ ေလအလာတြင္
ရြာလယ္ေပါင္းကူး ၊ တံတားဦးမွ
ဆိတ္ဖလူးနံ႕ ၊ ရြာလံုးပ်ံ႕၏။
သူႀကီးအိမ္ေျမာက္ ၊ ရြာသားေဆာက္သည္႕
ကြန္းေထာက္ခိုရာ ၊ ကြပ္ပ်စ္သာတြင္
ရြာမွသက္က်ား ၊ ရြယ္အိုမ်ားတို႕
စကားဆိုျမည္ ၊ ၀ိုင္းႀကီးစည္၏။
၀ိုင္းလယ္ေခါင္ေဗြ ၊ ကရြတ္ေခြတြင္
ေျမကရားအိုး ၊ ႏႈတ္သီးက်ိဳးႏွင့္။
ညွိတက္ေဟာင္းႏြမ္း ၊ သံလင္ပန္း၀ယ္
အႀကမ္းပန္းကန္ ၊ ႏႈတ္သီးလန္ႏွင့္။
ေဆးသားမပီ ၊ ယြန္းဗ်ပ္နီ၌
ရွမ္းျပည္ေျမပဲ ၊ ထန္းလ်က္ခဲႏွင့္။
ဤေနရာသည္
ရြာ၏အေရး ၊ ေရွ႕ေနာက္ေတြးလ်က္
ေဆြးေႏြးႀကရာ ၊ ဘံုရိပ္သာတည္႕။
ဤေနရာသည္
သူငါတို႕စမ္း ၊ ဟာသခန္းျဖင့္
ကၽြမ္း၀င္ႀကရာ ၊ ဘံုရိပ္သာတည္႕။
ဤေနရာသည္
ပညာေစာေႀကာ၊ တံု႕လွယ္ေျပာ၍
ႏွီးေႏွာႀကရာ ၊ ဘံုရိပ္သာတည္႕။
လက္ဖက္ရည္ႀကမ္း ၊ တလင္ပန္းျဖင့္
စိတ္၀မ္းလက္ညီ ၊ ရြာသစ္တည္ကာ
က်ီသစ္ပံုသြင္း ၊ အားႏွင့္ရင္း၍
ဖန္းဆင္းခဲ့ႀကဘူးေလျပီ။
ဗန္းေမာ္ညိဳႏြဲ႕
ပန္းခ်ီ U Mya Han
=============
လေရာင္ဆမ္း၍
... ရြာလမ္းေျမမာ၊ ၀င္း၀င္း၀ါ၏။
အုန္းထန္းေပလက္၊ တမာရြက္တို႕
ေရႊစက္ ေရႊေျပာက္၊ ေရႊရည္ေသာက္၏။
တရံတခါ ၊ ေလအလာတြင္
ရြာလယ္ေပါင္းကူး ၊ တံတားဦးမွ
ဆိတ္ဖလူးနံ႕ ၊ ရြာလံုးပ်ံ႕၏။
သူႀကီးအိမ္ေျမာက္ ၊ ရြာသားေဆာက္သည္႕
ကြန္းေထာက္ခိုရာ ၊ ကြပ္ပ်စ္သာတြင္
ရြာမွသက္က်ား ၊ ရြယ္အိုမ်ားတို႕
စကားဆိုျမည္ ၊ ၀ိုင္းႀကီးစည္၏။
၀ိုင္းလယ္ေခါင္ေဗြ ၊ ကရြတ္ေခြတြင္
ေျမကရားအိုး ၊ ႏႈတ္သီးက်ိဳးႏွင့္။
ညွိတက္ေဟာင္းႏြမ္း ၊ သံလင္ပန္း၀ယ္
အႀကမ္းပန္းကန္ ၊ ႏႈတ္သီးလန္ႏွင့္။
ေဆးသားမပီ ၊ ယြန္းဗ်ပ္နီ၌
ရွမ္းျပည္ေျမပဲ ၊ ထန္းလ်က္ခဲႏွင့္။
ဤေနရာသည္
ရြာ၏အေရး ၊ ေရွ႕ေနာက္ေတြးလ်က္
ေဆြးေႏြးႀကရာ ၊ ဘံုရိပ္သာတည္႕။
ဤေနရာသည္
သူငါတို႕စမ္း ၊ ဟာသခန္းျဖင့္
ကၽြမ္း၀င္ႀကရာ ၊ ဘံုရိပ္သာတည္႕။
ဤေနရာသည္
ပညာေစာေႀကာ၊ တံု႕လွယ္ေျပာ၍
ႏွီးေႏွာႀကရာ ၊ ဘံုရိပ္သာတည္႕။
လက္ဖက္ရည္ႀကမ္း ၊ တလင္ပန္းျဖင့္
စိတ္၀မ္းလက္ညီ ၊ ရြာသစ္တည္ကာ
က်ီသစ္ပံုသြင္း ၊ အားႏွင့္ရင္း၍
ဖန္းဆင္းခဲ့ႀကဘူးေလျပီ။
ဗန္းေမာ္ညိဳႏြဲ႕
ပန္းခ်ီ U Mya Han
လက်ဖက်ရည်ကြမ်းဝိုင်း
ReplyDelete၁၀ တန်းတုန်းက လက္ဘက်ရည်ကြမ်းဝိုင်းကဗျာလေး ရှာမရလို့ပါ။
လရောင်ဆမ်း၍
ရွာလမ်းမြေစာ၊ ဝင်းဝင်းဝါ၏။
အုန်းထန်းပေလက်၊ တမာရွက်တို့
ရွှေစက် ရွှေပြောက်၊ ရွှေရည်သောက်၏။
တရံတခါ၊ လေအလာတွင်
ရွာလယ်ပေါင်းကူး၊ တန်တားဦးမှ
ဆိတ်ဖလူးနံ့၊ ရွာလုံးပျံ့၏။
သူကြီးအိမ်မြောက်၊ ရွာသားဆောက်သည့်
ကွန်းထောက်ခိုရာ၊ ကွပ်ပျစ်သာတွင်
ရွာမှသက်ကျား၊ ရွယ်အိုများတို့
စကားဆိုမြည်၊ ဝိုင်းကြီးစည်၏။
ဝိုင်းလယ်ခေါင်ဗွေ၊ ကရွတ်ခွေတင်
မြေကရားအိုး၊ နှုတ်သီးကျိုးနှင့်။
ညှိတက်ဟောင်းနွမ်း၊ သံလင်ပန်းဝယ်
အကြမ်းပန်းကန်၊ နှုတ်ခမ်းလန်နှင့်။
ဆေးသားမပီ၊ ယွန်းဗျစ်နီ၌
ရှမ်းပြည်မြေပဲ၊ ထန်းလျက်ခဲနှင့်။
ဤနေရာသည်
ရွာ၏အရေး၊ ရှေ့နောက်တွေးလျက်
ဆွေးနွေးကြရာ၊ ဘုံရိပ်သာတည်း။
ဤနေရာသည်
သူငါတို့စမ်း၊ ဟာသခန်းဖြင့်
ကျွမ်းဝင်ကြရာ၊ ဘုံရိပ်သာတည့်။
ဤနေရာသည်
ပညာစောကြော၊ တုံ့လှယ်ပြော၍
နှီးနှောကြရာ၊ ဘုံရိပ်သာတည့်။
လက်ဖက်ရည်ကြမ်း၊ တလင်ပန်းဖြင့်
စိတ်ဝမ်းလက်ညီ၊ ရွာသစ်တည်ကာ
ကျီသစ်ပုံသွင်း၊ အားနှင့်ရင်း၍
ဖန်ဆန်းခဲ့ကြဖူးလေပြီ။ ။ (ဗန်းမော်ညိုနွဲ့)
၁၉၆၇ ခုနှစ်ထုတ် အထက်တန်းကဗျာ လက်ရွေးစင်စာအုပ်ထဲက ဖြစ်ပါတယ်။
၁။ မှတ်ရန် စာလုံးများ -
တရံတခါ
တလင်ပန်းဖြင့်
၂။ ကဗျာနေရာတခုမှာ မှားနေသည်များ -
ကမာရွက်တို့ - တမာရွက်
ဆေးသားမပြီ - ဆေးသားမပီ
တံတားဦးမှ - တန်တားဦးမှ
ပန်းချီ ဦးမြဟန်။
ဒေါက်တာတင့်ဆွေ