ဤမှာမြေပြင် မြစိမ်းဆင်လျှက် ကောင်ကင်မိုးဝယ် နီလာချယ်၍ အိုဘယ့်လူသား နှစ်ရောင်ကြားဝယ် ခန့်ညားပေစ ခန့်ပေစ၊

Wednesday, August 7, 2013

မပြည့်စုံခြင်းသည် ပြဿနာမဟုတ်။

.

အောင်မြင်လိုလျှင် ပြောင်းလဲရမည့် အယူဝါဒများ
===================================
လူသားတိုင်းသည် လူ့ဘ၀ကိုရရှိချိန်တွင် မပြည့်စုံမှုများနှင့်သာ စတင်ရသည် ချည်းဖြစ်သည်။

ရုပ်ပိုင်းဆိုင်ရာမပြည့်စုံမှုများ၊ စိတ်ပိုင်းဆိုင်ရာမပြည့်စုံမှုများ၊ မြင့်မြတ်သည့် ဂုဏ်သိက္ခာ မပြည့်စုံမှုများနှင့် ပတ်ဝန်းကျင်မပြည့်စုံမှုများဖြစ်သည်။
...
မပြည့်စုံမှုကြောင့် စိတ်အားငယ်နေရန်မလို၊ ဒေါသ အာဃာတ ကြီးနေရန်မလို၊ မနာလို မရှုစိမ့်ဖြစ်ရန်မလို။

လူသားတစ်ဦး၏ လူဖြစ်လာရခြင်းအကြောင်းမှာ မပြည့်စုံမှုများကို ပြီးပြည့်စုံအောင်ဆောင်ရွက်သွားရန်သာဖြစ်သည်။

တာဝန်သိသည့် လူသားတစ်ဦးသည် ၀င်ငွေ၊ အစားအစာ၊ ခွန်အား၊ ကျွမ်းကျင်မှု၊ အရင်းအနှီး၊ အတွေ့အကြုံ၊ အသိဥာဏ်၊ ဥာဏ်ရည်နှင့် မြင့်မြတ်သည့် ဂုဏ်သိက္ခာတို့ကို တစ်ရက်ပြီးတရက် ရရှိလာအောင်ရှာဖွေခြင်း၊ စုဆောင်းခြင်း၊ တိုးပွားအောင်ဆောင်ရွက်ခြင်း တို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားကြရမည်

မပြည့်စုံခြင်းသည် ပြဿနာမဟုတ်။

မိမိမည်သည့် ပြည့်စုံမှုမျိုးအမှန်တကယ်လိုအပ်ပြီး၊ မည်သို့ ပြည့်စုံအောင်လုပ်မည်ကို မသိခြင်းသည်သာ ပြဿနာဖြစ်သည်။

No comments:

Post a Comment

Blog Widget by LinkWithin