ဘုရားပေါ် ဖိနပ်မစီးရ
မြန်မာနိုင်ငံကို ကိုလိုနီအင်္ဂလိပ်တွေ အုပ်စိုးတုန်းက ဘုရား၊စေတီ တွေပေါ် တက်ရင်သူတို့ ဖိနပ်စီးလို့ရပါတယ်။ ဘုရားပေါ်မှာ သည်လိုမျိုး စာတန်း ထိုးတာပါ “ ဥရောပနှင့် အမေရိကန် လူမျိုးမှအပ ကျန်သူဖိနပ်စီးခွင့်မပြု” အနောက်နိုင်ငံသားတွေ စီးလို့ရတယ်ဆိုတဲ့ သဘောပေါ့နော်။ အဲတာကို “ မည်သူမျှဖိနပ်မစီးရ လို့ ရဲရဲဝံ့ဝံ့ကြီး ဆိုင်းဘုတ်စတပ်သူကတော့ တရားဝန်ကြီးချူပ်ဟောင်း ဦးသိမ်းမောင်ပဲ ဖြစ်ပါတယ်။ အဲ့စာတပ်စဉ်တော့ သူက ၀တ်လုံလေးပါ။ သူ့ကို ၁၈၉၀၊ဇူလိုင် ၁၇ ပေါင်းတည်မြို့နယ်၊သပြေကုန်းရွာနားက ကျောင်းကုန်းုရွာ မှာ မွေးဖွားပါတယ်။ ရန်ကုန်တက္ကသိုလ်တက်တော့ ဘီအေ တန်း တွေမှာ ဂုဏ်ထူးနဲ့အောင်ပါတယ်။ ပါဠိဘာသာမှာလည်း ဂုဏ်ထူးဖြင့် အောင်ပါတယ်။ ၀တ်လုံတော်ရရှေ့နေကို လန်ဒန်ကနေ အောင်တာပါ။ ဂုဏ်ထူးနဲ့အောင်လို့ ရွှေဒင်္ဂါးပြား ၅၀ ဆုကိုတောင် ရခဲ့ပါတယ်။ မည်သူမျှဖိနပ်မစီးရ လို့ရေးလည်း အာဏာပိုင် အင်္ဂလ...ိပ်တွေတော့ မမူ့ပါဘူး။ ပဲခူးမြို့မှာ ငလျင်လူပ်တော့ ရွှေမော်ဓော စေတီတော်ကြီး ပြိုရာ ဘုရင်ခံ ဆာရယ်ဂျီနယ် ကရက်ဒေါက်က ဖိနပ်မချွတ် ဘဲ ဘုရားကုန်ပေါ် တက်ခဲ့ပါတယ်။ အဲတာကို ရွှေမော်ဓော ဂေါပကလူကြီး က ရန်ကုန်မြို့ ၀ိုင်အမ်ဘီအေ အသင်းကို တိုင်ပါတယ်။ အဲ့မှာ အတွင်းရေမှူး ဖြစ်နေတဲ့ ၀တ်လုံ ဦးသိမ်းမောင်က မြို့လုံးကျွတ်အစည်းအဝေး ခေါ်ပြီး လူထုကို တရားဟော ရှင်းလင်းတင်ပြပါတယ်။ အဲ့မှာ ရာနူန်းပြည့်က ဖိနပ်မစီးတာကို ထောက်ခံကြတော့ ဘုရင်ခံကလည်း လူထုသဘောကို နောက်ဆုံး လိုက်လျောပြီး လူဖြူ၊လူမည်း အကုန်လုံး (တချို့မြန်မာတွေတောင် ဖိနပ်စီးတက်လို့ပြောတယ်၊အဲ့ခေတ်
Friday, August 9, 2013
ပေါင်းတည်သား.....တရားဝန်ကြီးချုပ်ဦးသိမ်းမောင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment