ဤမှာမြေပြင် မြစိမ်းဆင်လျှက် ကောင်ကင်မိုးဝယ် နီလာချယ်၍ အိုဘယ့်လူသား နှစ်ရောင်ကြားဝယ် ခန့်ညားပေစ ခန့်ပေစ၊

Saturday, June 6, 2009

ဘုရားထီးတင်ပွဲ မဲဆောက်ပုံပြင်များ(၂ )

ထိုင်းနိုင်ငံအတွင်း မဲဆောက်မြို့ မှ မိုင် ၂၀ ခန့်အကွာမှာ ဖါဒေ့ အမည်ပေးထားတဲ့ ကရင်ရွာကြီးတရွာရှိပါတယ် သူတိုဟာ လွန်ခဲ့တဲ့နှစ် ၄၀-ခန့်က မြန်မာနိုင်င်္ငအတွင်းမှ ပြည်တွင်းစစ်ကြောင့် လာရောက်နေထိုင်ကြရသော ကရင်လူမျိုး မြန်မာနိုင်ငံသား စစ်စစ်များဖြစ်ကြပါတယ်၊ ခုအချိန်မှာတော့ ဦးစွာပထမ လာရောက်အခြေချ နေထိုင်သော မျိုဆက်များ တဦးစ ၂-ဦးစ ဘဲရှိပါတော့တယ်၊ ထိုင်နိုင်ငံသာ အသိအမှတ်ပြုလက်မှတ်ရ ဒုတိယ မျိုဆက်များသာရှိပါသည်၊ ဖါဒေ့ ဆိုတာ အဖေ့ဘက်ကလို့ ကရင်လိုပြောတာပါ ကရင်ပြည်နယ်ဘက်က ကရင် များကိုဆိုကြောင်း သိရပါတယ် မွန်ဒေ့ ဆိုတာ အမေ့ဘက်ကလို့ ကရင်လိုပြောတာပါ မြစ်ဝကျွန်းပေါ်က ကရင် များကိုဆိုကြောင်း သိရပါတယ်။
အရှင်ဦးကောဝိဒ ဆရာတော်ဟာ ရန်ကုန်မြို့  လမ်းမတော်မြို့ နယ်ကဖြစ်ပြီး အမေကရင် ဖေဗမာ ဗိုလ်တထောင် ခရစ်လမ်းရှိ ခရိယန်အထက်တန်းကျောင်းတွင် ငယ်စဉ်ကနေခဲ့ပါတယ်၊ အဆိုတော်နွဲယဉ်ဝင်း နှင့်တကျောင်းထဲဖြစ်သည်၊ ဘွဲ့ရပြီး နိုင်ငံခြးသံရုံး တရုံးမှာ အင်္ဂလိပ်စာဘာသာပြန် အရာရှိလုပ်ခဲ့၍ အမေအိုကြီးကို ဘဝတပါးပြောင်းသည်အထိ လုပ်ကျွေသမူ့ ပြုခဲ့ပြီးမှ ရဟန်ဘောင်သို့ ကူးခဲ့ပါသည်၊ ဦကောဝိဒ ဆရာတော်သည် ထိုင်းဘာသာစကားကို ရဟန်ဘဝဖြင့် ဘန်ကောက်တွင်လေလာ သင်ယူခဲ့ပြီး ယခုအခါ မြဝတီမြို့ တဖက်ကမ်း ထိုင်နိုင်ငံ Tak- ခရိုင် သံဃာဥက္ကဌ သက်တော် ၇၇-ရှိ ဝပ်မနီ ဘုန်းတော်ကြီးကျောင်ဆရာတော်၏ P.A အဖြစ် လက်ကတုံးတောင်ဝှေ လုပ်ဆောင်ပေးနေရ့ပါသည်၊ အလွန်ဂုဏ်ယူစရာကောင်းပါသည်၊ ဦကောဝိဒ ဆရာတော်ပြောပြတာက ဖါဒေ့ ဆိုတဲ့အမည်သည် ထိုင်ဘုရင် သမီးတော်သီရိဒုံ၏ အမည်ဖြစ်ကြောင်းသိရပါသည် ဖါဒေ့ ထိုင်စကားအရ သကြားမင်းကဲသို့ တန်ခိုးရှိသူ ဟုဆိုသည် ဖါဒေ့ရွာအမည်ဟာ သီရိဒုံ၏အမည်ဖြင့် မည့်ခေါ်ထားတာပို၍ ဖြစ်နိုင်ပါသည် ။
ဖါဒေ့ရွာ ဘုရားထီးတင်ပွဲသည် ၂၀၀၉ ခုနှစ်မေလ ၁၇-ရက်နေ့နံနက် တွင်ဖြစ်ပါသည်၊ ဖါဒေ့ရွာဘုန်တော်ကြီးကျောင်း ဆရာတော်ဦးဝိမလ (မုတ္တမ) ဦးစီးပြီးဘုရား ထီးတင်ခြင်းဖြစ်ပါသည်၊ မေလ ၁၆-ရက်နေ့တနာရီတွင် ဆရာတော်ဦးဝိမလ ဦဆောင်၍ ဟိုင်လတ်ကားလေးစီး၊ ကုန်တင်ကာကြီးတစီးဖြင့် သာသနအလံလွင့်ထူကာ မဲဆောက်မြို့  ထုံထောင်ရပ်ကွက်ရှိ ရန်မကင်းအမည်ရ စက်ချုပ်အလုပ်ရုံမှ အမျိုသား လုပ်သာများက ပုဆိုးဆင်တူ အင်းကျီအဖြူ အမျိုးသမီးလုပ်သာများက ယောဂိထမိန် အင်းကျီအဖြူ ယောဂိတဘက် အလှူခံငွေဖလား များကိုင်ကာအလှူခံ၍ မဲဆောက်မြို့ အတွင်း နှင့် မဲဆောက်မြို့ ပြင်ရှိ စက်ရုံ အလုပ်ရုံများတွင် ပေးထားသော ဘုရားစေတီကြီး စေတီရံများ၏ထီးတော်များ ကောက်ခံရရှိသော အလှူငွေများကို လိုက်လံသိမ်းဆည်း၍ လမ်တွင်အလှူခံကာ ဖါဒေ့ရွာသို့ ပြန်ခဲ့ပါသည်၊ တချို့ စက်ရုံများသည် လုပ်သားမျာကိုလုံဝ အပြင်ထွက်ခွင့် မပေးကြပါ နောက်နေ့ဘုရားထီးတင်ပွဲသို့လည်း မလာရောက်နိုင်ကြပါ၊ ဖါဒေ့ရွာဘုန်ကြီးကျောင်သို့ ညနေ ၅-နာရီကျော်ခန့်ပြန်ရောက်ကြပါသည်။
ဖါဒေ့ရွာသွားလမ်းမှာ မဲဆောက်မြို့  အစိုးရဆေးရုံကြီး ရှေ့ လမ်းအတိုင်း ကပ္ဘိဘန်းရွာ၊
ဆက်သွားလျှင်အဝေပြေးလမ်းမကြီးရောက်ပါမည်၊ ဘယ်ဘက်ချိုး၍ နာရီဝက်ကျော်ကျော်သွားပါက ကားလမ်းတဘက်ခြမ်း ဘယ်ဘက်ခြမ်းတွင် ဖါဒေ့ရွာသို့ဝင်သော ကွန်ကရစ်လမ်းကိုတွေ့ရပါမည် ရွာအဆုံးအထိ ကွန်ကရစ်လမ်းခင်းပေးထားပါသည်၊ ရှေဆက်၍ ကားကို မြေလမ်းအတိုင်းသွားပါ မြေလမ်းဆုံးလျှင် ဖါဒေ့ဘုန်ကြီးကျောင်သို့ ရောက်ပါသည်။ ဘုန်ကြီးကျောင်သည် ပေ ၃၀၀-ပါတ်လည် မြေပြန်ရှိသော တောင်ပြန့်တခုပေါ်တွင် တောသစ်ဖြင့် ၂-ထပ် ဆောက်လုပ်ထားပါသည်၊ တောင်ပြန့်တောင်ဘေးတွင် လုံးပါတ်သေးသော တန်ဘိုးမရှိသည့် တောသစ်များ ပေါက်ရောက်လျှက်ရှိပြီး တောထူထပ်ခြင်းမရှိပါ ရေကိုပို၍မြင့်သောတောင်ပေါ်မှ ပိုက်ဖြင့်သွယ်ယူထားသည် စေတီသည် ဘုန်ကြီးကျောင်းအဆောက်အဦး၏အဆုံး ရှေမြေကွက်လပ်ရှိ တောင်မြေကွက်လပ်အဆုံးတွင် တည်ထားပါသည်၊ ကျောင်းနှင့်စေတီခြားတွင် မြေကွက်လပ် ၃၀-ပေကျော်ခန့်၊ တခြာဖက်တွင် ၁၀-ပေခန့် ရှိမည်ထင်ပါသည် ထိုင်နိုင်ငံပုံစေတီဖြစ်ပါသည်၊ စေတီသည်သုံးဆင့်ရှိပြီး ပထမအဆင့်တွင်ထီးတော်ကြီး ဒုတိယဆင့်တွင် စေတီရံများ ၇-ဆူ တတိယဆင့်တွင်စေတီရံ ၉-ဆူ ရှိပါသည် နောက်ဘုရားရင်ပြင်ဖြစ်ပြီး တတိယဆင့်တွင် အရပ်လေးမျက်နှာ၌ ကျောင်ဆောင်လေးများနှင် ဘုရားရုပ်ထု လေးဆူထာပါသည်။ သံဃာအချို့ ကျောင်ဆောင်ပေါ်တွင်နေပြီး ဆရာတော်ဦးဝိမလ (မုတ္တမ)သည် ရှေဘက်ကပ်လျှက်ရှိ သီးခြာတောင်တွင် အိပ်ဆောင်ဆောက်လျှက် သီတင်းသုံးပါသည်။
ညနေ ၆-နာရီမှစ၍ မြို့ ပေါ် ရွာရှိ ဆရာတော်တပည့်များ စက်ရုံအလုပ်ရုံများရှိ အလုပ်သမားလူငယ်လူရွယ်များ ရေမီးရရှိရေး ချက်ရေး ပြုတ်ရေး အခန်းအနားပြင်ဆင်ရေး သန့်ရှင်ရေးတို့ကို ဝိုင်ဝန်းလုပ်ဆောင် ကြပါသည်၊ အလွန်လူညီပါသည် သားငါးများ ကိုခုတ်သူခုတ် ချက်သူချက် ထမင်းပေါင်းသူပေါင်း ဒေါင့်စေ့အောင်လုပ်ဆောင်ကြပါသည်၊ ရန်မကင်စက်ချုပ် စက်ရုံနှင် အခြားစက်ရုံများမှ အမျီုးသမီး ဓမ္မစက်ကြာအသင်းသူများကလည်း အသံချဲ့ စက်ဖြင့် ဓမ္မစက်ကြာ တရားတော်မျာကို ရွတ်ဆိုကြပါသည်၊ စည်လုံးညီညာစွာ လုပ်ဆောင်ကြသည်ကို တွေရပါသည်၊ ဒီအချိန်မှာ မြန်မာများ၏ အမူအကျင့် ဓလေ့စရိုက်အတိုင်း အပူအပင် သောက ဖိနိပ်မူ ချု့ပ်ချယ်မူ မတရာခိုင်စေမူ အာလုံး မှကင်းဝေးနေသည့်ပုံ အာနှင့်မာန်နှင့် လုပ်ဆောင်နေကြပါသည် ပီတိဖြစ်စရာအလွန်ကောင်ပါသည်၊ မြန်မာလူမျီုးတို့၏ ဂုဏ်ပုဒ်တခုကို ပြနေသည်နှင့်တူပါသည်၊ လေးစားစရာ အလွန်ကောင်ပါသည်၊ အမှန်ကတော့ အားလုံးဟာ ဒုက္ခမျီုးစုံ ခက်ခက်ခဲခဲ မတရား ဖိနိပ်မူ ခိုင်းစေမူများအောက်မှာ နေကြရတာပါ။
နောက်တခုက မြန်မာဒိုးဘတ်အဖွဲ့ပါ ရန်မကင်းစက်ချုပ်ရုံ လုပ်သားမျာ၏ ဒိုးဘတ်အဖွဲ့ဟာ အလွန်မြိုင်ပါတယ် ခောတ်ဟောင်းခောတ်သစ် သီချင်းများကိုသီးဆို၍ အမျီုးသမီချောချောသူက ထိုင်မသိမ်းအင်းကျီ ထမိန်ဆင် ဝတ်၍ တယောက်က ဦရွှေးရိုးပုံစံချယ်သပြီး ပုဆိုးတောင်ရှည် ပုသိမ်ထီးဆောင်းပြီး ဦးရွှေးရိုကအပြင် အကမျိုးစုံ ကလျှက် မြို့ တွင်းမြို့ ပြင် ဈေးစက်ရုံအလုပ်ရုံမျာသို့ အလှူခံစဉ် ထီးတော်မျာသွာရောက်ယူစဉ်ကစ၍ ဒိုးဘတ်သံ ညံမစဲ ရှိခဲ့ပါသည်၊ မြန်မာဒိုးဘတ်သံ အိုးစည်သံများဟာ ဘာသာရေးအလှူပွဲများ လူမူရေးအခန်းအနားများ၏ ဖွင့်ပွဲလှည့်လည်ပွဲမျာမှာ အမြဲပါရှိတဲ့ မြန်မာယဉ်ကျေးမူ့ ဖြစ်ပါတယ်၊ မြန်မာတို့ရဲ့ စည်လုံးမူ့ တက်ကြွမူ့ ယဉ်ကျေးသိမ်မွေ့စွာ ပျော်ရွှင်ကြတယ်ဆိုတဲ့ ပြရုပ်ရိုးရာယဉ်ကျေးမူ့ မြန်မာတို့နဲ့ ခွဲခြားမရ ခိုင်မြဲတဲ့ မြန်မာပိသ ကြောင်းပြနိုင်တဲ့ မြန်မာယဉ်ကျေးမူ့ စစ်စစ်ဖြစ်ပါသည်၊ အိုးစည်သံ ဒိုးဘတ်သံ များသည် "တမူးရလို့ တပဲလှူ ဒို့ ရှမ်းတောင်သူ တူနိုင်ရိုးလာ" ဆိုသည့် မြန်မာတို့၏ စိတ်နေသဘောထားကို ဖေါ်ပြနေသော ပီတိဖြစ်စရာ ပဲ့တင်သံများဖြစ်ပါသည်။
ဘုရားထီးတင်ပွဲအတွက် မေလ ၁၆-ရက်နေ့ညက ဓမ္မစက်ကြာအဖွဲ့အပါအဝင် လာရောက်စုပေါင်းလုပ်ကိုင် ကူညီသူပေါင်း ၁၀၀-ကျော်ခန့်ရှိပါသည်၊ ပိုလျှံသော ဝက်ရိုးကြက်ရိုးမျာကို ဘူးသီးနှင့်ရော၍ ဝက်သပ်သပ် ကြက်သပ်သပ် ၂-အိုးခွဲ၍ချက်ပြီး ညစာထမင်းစားကြသည်၊ ကျွန်တော်လည်း ကျောင်းရှိဘုရာစဉ်ရှိဘု၇ားများ သန့်ရှင်းရေးလုပ်ခြင်း ဧည့်ခံမဏ္ဍပ်တွင် အလှအပပြင်ဆင်ပေးခြင်းများ ကူညီလုပ်ဆောင်ပေး၍ ညတနာရီတွင် အနာယူအိပ်ရန် ကျောင်းပေါ်ထပ်တက်ခဲ့ပါသည် ကျွန်တော်အိပ်မည့်ဘေးတွင် အသက် ၄၀-ခန့် မြန်မာ အမျီုးသာတယောက် အိပ်ရန်ရောက်ရှိနေပါသည် ထိုသူနှင့်တနာရီလောက် စကားပြောဖြစ်ပါသည်၊ ထိုင်နိုင်ငံ ရောက်ရှိနေသည်မှာ ၁၀-နှစ်ခန့်ရှိပြီး ထိုင်းလူမျီုး လယ်ယာပိုင်ရှင်၏ လယ်တောတွင် အိမ်ဆောက် နေထိုင်၍ ပိုင်ရှင်၏လယ်ယာများတွင် ပဲ၊ပြောင်းဖူး၊ကြံ များစိုက်ရကြောင်း တလတွင် ၁၅-ရက် ၂၀-ရက်ခန့် တနေ့ ဘတ် ၈၀-ဖြင့်လုပ်ရပြီး ပိုင်ရှင်ထံမှ နားရက်များတွင် အခြားလယ်ယာမျာသို့ တနေ့ဘတ် ၁၀၀-ဖြင့်လိုက်လုပ်ရပြီး တနှစ် ၃-လအလုပ်မရှိကြောင်း လယ်ယာလုပ်သား၂၀-ခန်ကိုလည်း လယ်ယာများမှာ လိုအပ်လျှင်ခေါ်ယူနိုင်ရန် စုစည်းထားရကြောင်းသိရပါသည်၊ အစားအသောက် ခောတ်မှိအဝတ်အထည်များ အလွယ်တကူ ဝယ်ယူရရှိနိုင်မူ့ ပြိုင်ဆိုင်မူ့ အပေါင်းအသင်းများနှင်အပြန်အလှန် သောက်စား ကျွေမွေးပျော်ပါး တတ်ကြသည့်အတွက် ငွေကြေးမစုမိ ဖြစ်ကြရကြောင်း သိရပါသည်၊ မိသာစုလိုက် လယ်ယာလာရောက် လုပ်ကိုင်ကြသူများကို မေးမြန်သည့်အခါလည် တနှစ်တခါ အလုပ်ချိန်နားလို့ မြန်မာပြည်ပြန်လျှင် ကျပ် ၃-သိန်း ၄-သိန်းလောက်သာ ပါရှိကြောင်းသိရပါသည်၊ သူတို့သည် အလုပ်လုပ်နေစဉ်အတွင်း ရသည့်လုပ်အားခဖြင့် လူလိုသူလို ဝဝလင်လင် လူတန်းစေ့ ကျမ္မာရေးနှင်ညီစွာ စာသောက်နေထိုင် သွားခဲ့ကြရသည်ဟု ယုံကြည်ပါသည်၊ ဖိနိပ်မူ မတရာခိုင်းစေမူ့ ရှိတာခြင်းတူသည်ထားအုံး ပြည်တွင်မှာ ထိုသို့မနေနိုင်ပါ၊ ကျွန်တော်လည်းမနက် ၅-နာရီတွင် အိပ်ရာမှထ၍ ရေးမိုးချိုး အဝတ်အစားလဲကာ ၂၀၀၉ ခုနှစ်မေလ ၁၇-ရက် နေ့တွင် ဖာဒေ့ရွာ ဖာဒေ့ဘုန်ကြီးကျောင်ဝန်ရှိ သုဇိတံ ဘွဲအမည်း ပေးထားသော စေတီ၏ ဘုရားထီးတင်ပွဲ တွင်ပါဝင်ကူညီလုပ်ဆောင်ပေနိုင်ရန် အသင့်ပြင်ဆင်ထားပါသည်။
ထီးတင်ပွဲအကြောင်း မပြောခင် ထိုင်းနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေး လမ်ပန်းဆက်သွယ်ရေးကို အရင်ပြောရမည် ဖြစ်ပါသည် လယ်ယာစိုက်ပျိုရေးဖြစ်သည့် အစိန်းရောင်တော်လှန်ရေးကို ထိုင်နိုင်ငံဟာ ၁၉၇၀-ခုနှစ်မှစ၍ အမေရီကနှ်နိုင်ငံ၏ နည်းပညာ ငွေကြေး အကူအညီဖြင့် မွေုးမြူရေးပါတွဲဖက် စတင်၍ စီမံကိန်းချကာ လုပ်ဆောင်ခဲ့ပါသည်၊ အောင်မြင်မူ့ရခဲ့သဖြင့် ဆန်တင်ပို့မူ့အများဆုံးနိုင်ငံအဖြစ် ကမ္ဘာတွင် ပထမရခဲ့ပြီး အခြာသီနှံများနှင့် မွေးမြူရေး သာငါးများကိုလည် တင်ပိုနိုင်ပြီး ထိုင်းပြည်သူများလည်း ဝဝလင်လင် ကျမ္မာရေးနှင့်ညီစွာ စားသောက်နိုင်ခဲ့ကြသည်၊ လမ်းပန်ဆက်သွယ်ရေးတွင် ၁၉၉၀-ခုနှစ်မှစ၍ အဝေးပြေးလမ်းမကြီးများ တံတားများ ကျေးရွာအရောက် ကတ္တရာ ကွန်ကရစ် လမ်မျာဖေါက်လုပ် ခဲ့ပါသည်၊ ကျေးရွာအရောက် လျှပ်စစ်မီးရပြီး တအိမ်လျှင်နေရောင်ခြည်သုံး လျှပ်စစ်ထုတ် ဆိုလာပြားတချပ်စိ တီဗွိကြည့်ရန် ဖုန်းအာသွင်းရန် ပေးပါသည်။
လယ်ယာမြေရှိလျှင် ရေရှိရမည်ဟု ကြွေးကျော်၍ ယခုအခါ လယ်ယါများတွင် လည်နေသောရေပန်း ချထာနိုင်သည်အထိ တိုးတက်ခဲ့ပြီဖြစ်ပါသည်၊ ကျွန်တော် ပြောင်ဖူးနှင့်မတ်ပဲ စိုက်ပျိုးနေသော လယ်ယာမျာသို့ ရောက်ရှိခဲ့စဉ် လယ်ယာ၏အလယ်တွင် ရေပန်းချ၍ ရေဖြန်းထားသည်ကို တွေ့ရပါသည် မြို့ တော်နှင့်ဝေးလံသော တောတောင်ဒေသ အခေါင်အဖျား နယ်စပ်ရှိကျေးရွာများ တွင်ဖြစ်ပါသည် နယ်စပ်မြိုဖြစ်သည့် မဲဆောက်မြို့တွင် ရေနုတ်မြောင်များကို ကွန်ကရစ်ဖြင့် အကျယ် ၁၀-ပေ၊အနက် ၁၅ပေခန့် ပြုလုပ်ထာပါသည်၊ အလွန်အားကျစရာကောင်းပါသည်၊ ပြည်သူမျာမျက်နှာကြည့်၍ အတုယူသင့်ပါသည်။
မေလ-၁၇ ရက်နေ့နံနက် ၆း၃၀ တွင် သံဃာတော်များအား မုန့်ဟင်းခါးဆွမ် ဆက်ကပ်လှူဒါန်းကြပါသည် မနက် ၉-နာရီအထိ လာရောက်သူအားလုံးကို မုန့်ဟင်းခါးဖြင့် ဧည့်ခံပါသည်၊ နံနက် ၉း၃၀ မှစ၍လာရောက်သူအားလုံး ကြက်သာဟင်း ဝက်သားဟင် သရက်ချင်သုတ် တို့ဖြင့်ဧည့်ခံကျွေးမွေးပြီး ဘုရားထီတင်ပွဲကိုလည် နံနက် ၉း၃၀-နာရီတွင်စတင်ပါသည် ထီးတော်ကိုတင်ရန် စက်သီးကြိုးတပ်ဆင်ထားပြီး ပန်းရထာဖြင့်တင်မည်ဖြစ်သည်၊

မဲဆောက်မြီုပေါ်မှ ဖိတ်ကြားထာသူများ ကျေးရွာမျာ စက်ရုံအလုပ်ရုံ ဆောက်လုပ်ရေး စတိုးဆိုင်ဈေးဆိုင် လယ်ယာများမှ အလုပ်သမားများ စုစုပေါင်း ၁၀၀၀-ကျော်လာရောက်ကြပါသည် ကျောင်းဝင်းအတွင်း လူအများစည်ကားစွာဖြင့် ၉း၃၀-နာရီတွင် ဘုရားထီးတင်ပွဲ စတင်ပါသည် စေတီ၏ငြမ်းဆင်ထားသော ငှက်ပျောဖူးပေါ်သို့ ဆရာတော်တပါး နှင်အတူ စက်ရုံလုပ်သား ၇-ယောက်ခန့် တက်ရောက်နေရာယူကြပါသည်၊ ပန်းရထားစတင်ထွက်ရှိမည့် နေရာတွင် ဆရာတော်ဦဝိမလ ပန်းရထားပေါ်သို့ စေတီကြီ၏ထီးတော်အဆင့်ဆင့်နှင့် စိန်ဖူးတော်ကိုတင်ရန် အသင့်နေရာ ယူထားပါသည်၊ စက်သီးကြိုးဆွဲရန် အမျိုးသမီးအမျီုးသား ၅၀-ခန့် ကြိုးကိုကိုင်ထားကြပါသည် စေတီကြီး၏ ထီးတော်အဆင့်ဆင့်ကို တခုပြီးတခု ပန်းရထားပေါ်တင်၍ စက်သီးကြိုးဆွဲကာတင်ကြပါသည် နောက်ဆုံး စိန်ဖူးတော်ကိုတင်ပါသည် ပြီလျှင်အိုးစည်ဗုံ၊ကျေစည်ထု၍ ငွေ ရွေ ပေါက်ပေါက် ချိုချင်များကြဲချပါသည်။
စေတီရန်များ ထီးတင်ခြင်း တတိယဆင့်ရှိ အရပ်လေးမျက်နှာတွင် ကျောက်ဆင်းတုဘုရားလေးဆူ တဆူစီ ထားရှီဲခြင်များပြုလုပ်၍ သာဓုမောဓန သုံးကြိမ်ခေါ်ကာ ဘုရားထီတင်ခြင်း အောင်မြင်စွာပြီးခဲ့ပါသည်။
လာရောက်ကြသော ဖါဒေ့ရွာနှင့်အနီအနားရွာများမှ ကရင်လူမျီုးများသည် ကရင်ရိုးရာ ချပ်ခုတ်အဖြူ ဝါကျင့်ကျင့် အရောင်အင်းကျီများ ဝတ်ဆင်ထားသည်ကို တွေ့ရပါသည် တောင်ပေါ်ကရင်များဟု သိရပါသည်၊
ဖါဒေ့ရွာအနီးအနာရွာများတွင် မြန်မာပြည်မှ ဝင်ရောက်လာသော ရှမ်း ပအို့ မျာလည်ရှိပြီး ထိုင်နိုင်ငံမှ မြှောင် ဟုခေါ်သည့် လီရှော(လီစူး) နှင့်တူသည့် လူမျိုးများလည်း နေထိုင်ကြောင်းပါသည်၊ ရွာသူရွာသား ရှမ်း ကရင် ပအို့ လီရှော တို့သည်ဆရာတော်ထံ စါအိတ်ကိုယ်စီဖြင့် အလှူငွေများ လှူဒါန်းနေသည်ကို တွေ့ရပါသည်၊ အလွန်ပီတိ ဖြစ်စရာကောင်ပါသည် အိုစီဗုံပေါင်းတညံညံဖြင့် မြန်မာလူမျိုတို့၏ အသွင်စရိုက်လက္ခဏာ ပေါင်းစည်းမူ ဘာသာရေရုံကြည်မူ စုပေါင်းဆောင်ရွက်တတ်မူ အေးချမ်းပျော်ရွှုင်တတ်မူ ကိုပြဆိုနေပါသည်။
၁၁-နာရီခန့်တွင် ထီးတင်ပြီစီး၍ ကြွရောက်လာသောသံဃာတော်မျာကို ဆွမ်းဟင်မျာဆက်ကပ်လှူဒါန် ဖုန်ပေး စေပါသည် ကြွရောက်လာသူများသည်လည်း ထမင်းသုံးဆောင်ကြပါသည်။
နေ့လည် တနာရီတွင်ကြွရောက်လာသော သံဃာတော်များအား ငွေ ပစ္စည်များ ဆက်ကပ်လှူဒါန်ပြီး ဆရာတော်ဦး------------- ၏တရာပွဲကိုစတင်ကျင်းပပါသည် ကြွရောက်သူအများ တရားနာယူ ကြပါသည် တရားပွဲ နေ့လည် ၃-နာရီတွင်ပြီးပါသည် ပစ္စည်များ ဝိုင်းဝန်းသိမ်းဆည်၍ သန့်ရှင်းရေးများပြု့လုပ်ခါ ညနေ ၅-နာရီတွင် မိမိတို့နေရာအသီးသီးသို့ ပြန်ကြပါသည်၊ ကျွန်တော်လည်း မဲဆောက်မြိုရှိမိမိနေရာအခန်းသို့ ညနေ ၆-နာရီခန့်တွင် ပြန်လည်ရောက်ရှီခဲ့ပါသည်။
မဲဆောက်မြီု့ မှ ၄-မိုင်ခန့်အကွာ မယ်ပ ၁-ရပ်ကွက်တွင်လည်း ဝပ်မုနိန်ကျောင်းဝန်အတွင်း ရွေတိဂုဏ်စေတီ ပုံတူ ဥာဏ်တော်ပေ ၅၀-ရှိ မေတ္တာရွေပြည်အေးလိုတရစေတီတော် တည်ထားကိုးကွယ်ရန် မြန်မာလူမျိုး ထိုင်းလူမျိုးများ ပူပေါင်၍ မြန်မာဆရာတော် ဦးစီးပြီး အလှူငွေကောက်ခံလျှက် ယခုနှစ် သတင်ကျွတ် တဆောင်မုန်း လအတွင်းထီးတော် တင်နိုင်ရန် ဝိုင်းဝန်းကြိုးစား လုပ်ဆောင်လျှက်ရှိပါသည်။
ထိုသို့သော မြန်မာလူမျိုးများ သိန်း သန်း လာရောက်လုပ်ကိုင်လျှက်ရှိသည့် ထိုင်းနိုင်ငံတွင်၊

" ယနေပြည်သူပြည်သားများသည် ယုံကြည်စိတ်ချရသော ထိတွေ့ စည်ရုံးနိုင်စွမ်းရှိသော ခေါင်ဆောင်များ ရှာဖွေလျှက် ထိုသို့သောခေါင်ဆောင်နောက်သို့ သေသေကြေကြေ လိုက်ရန်အဆင်သင့်ရှိပါသည် "

No comments:

Post a Comment

Blog Widget by LinkWithin