ဤမှာမြေပြင် မြစိမ်းဆင်လျှက် ကောင်ကင်မိုးဝယ် နီလာချယ်၍ အိုဘယ့်လူသား နှစ်ရောင်ကြားဝယ် ခန့်ညားပေစ ခန့်ပေစ၊

Tuesday, June 16, 2009

ဒေါ်အောင်ဆန်းစုကြည် ၆၄-နှစ်မြောက် မွေးနေပွဲ မဲဆောက်ပုံပြင်များ( ၃ )

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲကိုဘာကြောင့် မြန်မာနိုင်ငံသူ နိုင် ငံသားများ ပြည်တွင်း ပြည်ပမှား အာတက် သရော ကျင်းပပွဲများပြု့ လုပ်ကြပါသလဲ။
ဗိုလ်ချုပ်အောင်ဆန်သည် မြန်မာနိုင်ငံ အမျိုသားခေါင်ဆောင် လွပ်လပ်ရေးဖခင် ပြည်သူပြည်သာများ ချစ်ခင်လေးစား ကြည်ညိုသော ကမ္ဘာသိခေါင်ဆောင် ဖြစ်ခဲ့ပါသည်။
သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း မြန်မာပြည်သူ ပြည်သာများက ပြည်သူပြည်သားများ မျက်နှာကို ကြည့်၍ မြန်မာပြည် တိုးတက်အောင် သာယာဝပြောအောင် စည်းလုံးအောင် ယနေ့ခံစားနေကြရသည့် ဒုခ ဆင်းရဲ အပေါင်းမှ စစ်အာဏာရှင်များ လက်အောက်မှ လွတ်မြောက်ပေးနိုင်မည့် ဒုတိယလွတ်လပ်ရေး (ဒီမိုကရေစီ) ခေါင်ဆောင်အဖြစ် ရင်ထဲနှစ်လုံးသားထဲက ယုံကြည်အားထား လေးစားသောကြောင့် ဇြစ်ပါသည်။
ကျွန်တော် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲကို ထိုင်းနိုင်ငံ မဲဆောက်မြို့ တွင် ၂၀၀၈-ဇွန်လတွင်တခါ၊ယခု ၂၀၀၉-ခုနှစ် ဇွန်လတွင်တခါ၊ကျင်ပရာတွင် ဘေးမှအနည်းငယ် ပါဝင်ကူညီပေး နိုင်ခဲ့ပါသည်။
၂၀၀၈-ခုနှစ်တွင် မဲဆောက်မြို့ တောရကျောင်းတွင် ၆၃-နှစ်မြောက်မွေးနေ့ ရဟန်း ၆၄-ပါး၊ရဟန်းခံခြင်၊ သီတဂူဆရာတော်မှ ၂-ည တရားဒေသနာတော်များ ဟောကြားခြင်းများ ပြု့ ၍ နာဂစ်မုန်တိုင်းအလှူခံခြင်များ တပြိုင်တည်းပြု့ လုပ် ကျင်းပခဲ့ကြပါသည်။
ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသူ၊နိုင်ငံသာများ၏ လှူဒါန်းငွေဖြင့် ပညာရည် ဖွင့်ဖြိုးရန် တည်ထောင်ထားသော မဲဆောက်မြို့  ရှိ (H R D P) လူသားအရင်းအမြစ် ဖွင့်ဖြိုးတိုးတက်ရေး အစီအစဉ်မှ တာဝန်ယူလုပ်ဆောင် လှူဒါန်ပေးခဲ့ခြင်ဖြစ်ပါသည်။
ယခုနှစ် ၂၀၀၉-ခုနှစ် ဒေါ်အောင်ဆန်းစုကြည် ၆၄-နှစ်မြောက်မွေးနေ့ကိုလည်း ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသူ၊နိုင်ငံသားများ၏ လှူဒါန်းငွေ ဂျပန်ယန်း(တသောင်ကျော်) မြန်မာငွေ-သိန်း-၁၀၀-ကျော်ဖြင့် ထိုင်းနိုင်Tak-ခရိုင်မဲဆောက်မြို ဧရိယာအတွင်းရှိ မြန်မာနိုင်ငံသူ၊နိုင်ငံသားများအား မဲဆောက်မြို့ ( H R D P )မှ တာဝန်ယူ၍ ဆန်၊မားမားခေါက်ဆွဲထုတ် ငါးသေတ္တာဘူးသေးတဘူးစီ ပေးဝေခြင်ဖြင့် မွေးနေ့ပွဲကျင်းပ ပြု့ လုပ်မည်ဖြစ်ပါသည်၊ မဲဆောက်မြို့  (HRDP) အဆောက်အဦးတွင် ဇွန်လ-၁၀ရက်နေ့မှစ၍ ဆန်အိတ်များ ရောက်ရှိခဲ့ပါသည်၊ (HRDP)ရုံးတွင် ဆန် ၃-ကီလို၊ မားမားခေါက်ဆွဲ၊ ငါးသေတ္တာ တို့နှင့်အတူ အထုတ်ပေါင်း ၃၀၀၀-ကျော်ထုတ်ပိုးထားပါသည်။
မဲဆောက်မြို့ ထဲတွင် ပေးဝေရန်လုံခြုံရေး အခက်အခဲ ရှိသဖြင့် စက်ရုံ လယ်ယာလုပ်သားများ ရှိသည့် မြို့ ပြင်သို့ ရုံးပိတ်ရက် စနေနေ့ ၂၀.၆.၂၀၀၉ နေ့တွင် သွာရောက်ပေးဝေ လှူဒါန်းရန် အသင့်ပြင်ဆင် ထားပါသည်။
၂၀.၆.၂၀၀၉-နံနက်စောစော ၇-နာရီခန့်တွင် (HRDP) ရုံးသို့ရောက်ပါသည် ဂ-နာရီခန့်တွင် ဆလွန် ကား ၂-စီ ဖြင့် ဆန်ဝေမည့် ကော်ကဆာရွာသို့ထွက်ခဲ့ပါသည် မဲဆောက်မြို့ မှ ၁၅-မိုင်ခန့်ဝေးပြီး မယ်ပသွာ အဝေးပြေးလမ်မကြီးအတိုင် ၁၀-မိုင်ခန့် ညာဘက် မုတ်ဦးတွေလျှင်ချိုး၍ တောင်ခြေ သို့ကတ္တရာလမ်းဖြင့် တောင်တက်တောင်ဆင်း သွားရာတောင်ခြေသို့ မရောက်မှိ ကော်ကဆာရွာ ရောက်ပါသည် ရွာရောက်၍ ရွာနောက်တောင်ခြေတွင် ရေပူစမ်းရှိသည်ကိုသိမှ ၂၀၀၈-ဧပြီလ သင်းကြန်းက ဖင်လန်နိုင်ငံသို ရောက်ရှိနေသော လူငယ်မိတ်ဆွေ မဲဆောက်လာလည်ကာ ကားငှားအကုန်အကျခံပေးသဖြင့် ရေပူစမ်းသွားရာ ထိုရွာသို့ဖြတ်ခဲ့ ရောက်ခဲ့ဘူးခြင်ဖြစ်ပါသည်။
ကော်ကဆာရွာသည် မြန်မာပြည်မြို့ ငယ်တမြို့ ခန့်ရှိပါသည် ရွာလမ်းများသည် ကတ္တရာလမ်းများ ဖြစ်၍ရွာတန်းရှည်မဟုတ်ပါ တောင်ခြေရွာဖြစ်သော်လည်း လယ်ယာလုပ်ငန်း အဓိကဖြစ်ပါသည်၊ အုတ်ကျွတ်မိုးတိုက်အိမ် များသာဖြစ်ပါသည် တအိမ်လှ်ျလယ်ယာလုပ်ရန် မြန်မာအလုပ်သမား ၁၀-ယောက်ခန့် ခြံထဲတွင် တန်းရားဆောက်၍ နေစရာပေးထားပါသည် ရွာသူကြီးအိမ် အနီးရှိ လူ ၂၀၀၀-ဆန့် သံပန်သလင်းခင် အုတ်ကျွတ်မိုး စင်မြင့်ရှိ ခန်းမတခုတွင် မြန်မာလယ်ယာလုပ်သား ကျား၊မ၊ကလေးလူကြီး ခန်မအပြည့်ရောက်ရှိနေပါသည် ဆန်ကားလည်ခန်းမရှေတွင် ရောက်ရှိနေပါသည်၊(HRDP) မှတာဝန်ရှိသူများ ခြင်လက်ဆောင်ဖြင့် သူကြီးအိမ်သို့ ဝင်၍ လက်ဆောင်ပေး ဂါရဝပြုပါသည်၊ သူကြီးမှလက်ဆောင်ရယူ၍ ဆုတောင်စကားပြောပါသည်၊ ခန်းမနှင့်အပြင် မြန်မာလယ်ယာလုပ်သား မိသားစု ၂၀၀၀-ကျော်ခန့်တွေ့ရပါသည် ၃-ပုံ တပုံ အလုပ်ဆင်းနေရသည်ဟု သိရပါသည်၊ ရွာသူကြီးမှ အရက်မသောက်ဖို့ ရန်မဖြစ်ဖို လောင်ကစား မလုပ်ဖို့ ညအခါအချိန်မတော် မထွက်ဖို့ပြောပြီး မဲဆောက်မှလာသည့် ဆရာတော်ဦးဏုသာရိရ နှင့် HRDP မှတာဝန်ရှိသူများက ဒေါ်အောင်ဆန်စုကြည် မွေးနေ့အကြောင် ဂျပန်ရောက် မြန်မာမျာ၏ အလှူဖြစ်ကြောင်း ပြောပြီး ဆုတောင် ပေးကြပါသည်။
ဆန်ဝေရသည့်ကိစ္စသည် လွယ်ကူသည်တော့ မဟုတ်ပါ လူငယ်များဝိုင်ဝန် ထိမ်သိမ်းကြပ်မတ် ပေးသဖြင့် နံနက် ၁၁-နာရီခန့်တွင် ပြီးသွားပါသည်၊ ဆန်အိတ် ၂၅၀၀-ပေးဝေဖြစ်ခဲ့ပါသည်၊ ပီတိ ဖြစ်စရာ ဝမ်သာစရာပါ ရသူအားလုံးလဲ ဝမ်သာကြပါသည်၊ သို့သော်----------
ကျွန်တော်တို့မြန်မာတွေ ထိုင်နိုင်ငံမှာ အလုပ်သမားအဖြစ် ထိုင်းနိုင်ငံသားတွေ မလုပ်ထာမှန်သမျှ လုပ်နေရတာ ၂-သန်းကျော်ခန့် ရှိတယ်ဆိုတာ ခုတော့ယုံပါပြီ၊ ကောကဆာရွာ တရွာထဲမှာတောင် မြန်မာ ၅၀၀၀-ခန့် ရှိပါမယ် တချို့ ကလယ်ထဲယာထဲ တဲထိုးနေကြရတာပါ အနီအနာရွာက ကချင်လူမျိုး ကျောင်းဆရာတယောက် လာပါတယ် သူတို့ကျောင်းမှာ မြန်မာကလေး ကျောင်းတက်သူ ၄၀၀-ကျော်ရှိတယ် ဒါတောင်ကျောင်မဆန့်၍ လက်မခံနိုင်တာရှိသေးသည် ထိုင်းစာမြန်မာစာကို ၆-တန်အထိ သင်ပေးသည်ဟုသိရပါသည်၊ အင်မတန်ဆင်းရဲကြပါတယ် လယ်ယာလုပ်သားတွေဟာ တနှစ်မှ ၆-လခန့်သာအလုပ်ရှိပါသည် တနေ့ ဘတ် ၈၀-သာရပါသည် သတ်မှတ်သည်ထက် တဝက်သာရပါသည် အားသည့်ရက် နေ့စားရှာလုပ်ရပါသည် မြန်မာပြည်ထက် ဝဝလင်လင်စားရပြီး ရေမီးမှန်မှန် အဝတ်အစား ကျမ္မာရေးကစ သာ၍ ကျွန်သဖွယ်လာရောက် လုပ်ကိုင်ကြခြင်းဖြစ်ပါသည်၊
၁၉.၆.၂၀၀၉-မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲကို အဖွဲ့အစီးအသီးသီး မိမိတို့အခန်း ကလေးတွေထဲမှာ ဟောပြောပွဲလုပ်လိုက် စာလိုက်ကြနဲ့ တနှစ်မှာနေ့တွေ အများကြီး နေ့တွေ ဖွင့်ပွဲတွေ ကျင်းပကြပါတယ် တခါလာလဲဒီလူတွေ တခါလာလဲဒီလူတွေနဲ့ ဟောလိုက် ပြောလိုက်စားလိုက် နဲပြီးသွားတယ် ဘာမှဖြစ်မလာပါ ဒီနေ့ဒီအချိန်ဟာ မြန်မာ ပြည်သူပြည်သားများ မျက်နှာကိုကြည့်ရမည့် အချိန်ဖြစ်ပါတယ် မရှိအတူတူ ရှိအတူတူ တပေါင်းတည်း မြန်မာ ပြည်သူပြည်သား တွေနဲ့ ထိတွေ့နီးစပ် အကြိုးပြု့  စည်းရုံးနိုင်မည့်
နည်းဗျူဟာ မဟာဗျူဟာပြောင်းဖို့ သင့်ပါပြီ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူပြည်သား မျက်နှာကိုအမြဲကြည့်ပါတယ် ထိတွေ့ပါတယ် နီစပ်မူရှိအောင် တသားထဲဖြစ်အောင် နေပါတယ် စည်းရုံးပါတယ် ပြန်လေ့လာကြည့်ကြပါ ----------
ဒေါ်အောင်ဆန်စုကြည်ကဲ့သို့ လူထုမျက်နှာကြည့်သော လူထုနှင့်ထိတွေ့ စည်းရုံး တသားထဲ တပေါင်ထဲ မရှိအတူတူ ရှိအတူတူ ခေါင်ဆောင်များ အထူးလိုအပ်လျှက် ရှိပါသည်
"ဒေါ်အောင်ဆန်းစုကြည် အရာရာဖြတ်ကျော် အောင်မြင်မည်ဟု ယုံကြည်ပါသည်"





1 comment:

  1. ကိုညွန့်သိန်းပြောတာများ သွေးထွက်အောင် မှန်ပါသည်။ သို့သော် လူအတော်များများ စည်းကမ်းပျက်နေပြီး ထိုသို့ပျက်နေခြင်းကိုပင် အမှန်ဟု ယူဆထင်မြင်နေခြင်းဖြစ်သည်။

    ကျွန်တော်ကြားဘူးတာ တစ်ခုပြောပြမည်။ ၁၉၈၈ မတိုင်ခင် သူငယ်ချင်း၏ အဖေသည် မဆလတွင် ရာထူးကောင်းကောင်းဖြင့် အလုပ်လုပ်ကိုင်နေခဲ့သည်။ သူသည် ဘာဆိုဘာမှ မယူပါ။ ဓါတ်ဆီပိုလျှင် ဓါတ်ဆီပြန်ပေးသည်။ ကားကို ရုံးကိစ္စမှလွဲ၍ ဘာမှ မသုံးပါ။

    ရလဒ်မှာ သူ့ကို လူတကာမုန်းခြင်း ဖြစ်သည်။ ထိုစဉ်တွင် ၈၈အရေးအခင်းဖြစ်လာသည်။ အရေးအခင်းတွင် စောစောက မဆလကို ဝိုင်းဖားနေကြသော သူများသည် သူ့ကို သတ်ဘို့ကြိုးစားခြင်း ဖြစ်သည်။

    စဉ်းစားကြည့်ကြပါ။ မြန်မာလူအများစု၏ အတွေးအခေါ် မည်သို့ဖြစ်နေပြီဆိုသည်ကို။

    ReplyDelete

Blog Widget by LinkWithin