ဤမှာမြေပြင် မြစိမ်းဆင်လျှက် ကောင်ကင်မိုးဝယ် နီလာချယ်၍ အိုဘယ့်လူသား နှစ်ရောင်ကြားဝယ် ခန့်ညားပေစ ခန့်ပေစ၊

Wednesday, June 17, 2009

အစိုးရ နှင့် ဝန်ထမ်း ( Public Service ) များ

အစိုးရ နှင် အစိုးရဝန်ထမ်း (Public service ) အားလုံးသည် ပြည်သူပြည်သားများ၏ အခိုင်းအစေ များသာဖြစ်သည်။
ကျွန်တော်တို့ မြန်မာပြည်သူပြည်သား များသည်ထိုသို့ ရင်ထဲ အသဲထဲတွင် နှစ်လုံးသွင်းထားရမည် ဖြစ်ပါသည်၊ ဘာကြောင့်ပါလဲ ?
သက်ဦးဆံပိုင် ဘုရင်စနစ် မဟုတ်ဘဲ အခြေခံဥပဒေ များဖြင့်အုပ်ချုပ်ပြီး နိုင်ငံတော်၏လစာကို ရယူနေလျှင် သမတ ဝန်ကြီးချုပ် ဝန်ကြီး ဗိုလ်ချုပ်မူးကြီး ရဲချု့ပ်ကြီး မှစ၍ အောက်ဆုံးဝန်ထမ်း မင်းစေ ( ရုံးအကူ ) တပ်သား အထိ အားလုံးသည် နိုင်ငံတော်အခွန် ပြည်သူပြည်သား တို့၏အခွန်ကို စားသုံးရယူရသော လခစားဝန်ထမ်း သာဖြစ်ပါသည်။
လခစားဝန်ထမ်း များဖြစ်သည့် အစိုးရဝန်ထမ်း ( Public service ) များကို မြန်မာပြည်သူပြည်သားများ ကြောက်နေကြသည်ဟု ထင်ပါသည် တချှီု့ ဆိုလျှင် ရှစ်ကလေးတခိုးခိုးနဲ ( ရှစ်ခိုးတာကတော့ မြန်မာသံသို့ ဗိုလ်ချုပ်ကြီး တယောက်လာတာမှာ အဆိုတော်တင်တင်မြ လက်အုပ်ကလေးချီချီပြီး စကားပြောတာ T V မှာ ကြည့်ရပြီး အားကျ၍ ဖြစ်ကြပါလိမ့်မယ် အဆိုတော်တင်တင်မြမှာ လက်အုပ်ချီရတာ အကြောင်းရှိပါသည် ၁၉၉၅ လောက်က မြန်မာအသံမှာ မြန်မာအသံ၊စကတဲကရှိခဲ့တဲ့ စန္ဒယားကြီး၊ အဆိုတော်ရုပ်ရှင်မင်းသားကြီး ဝင်းဦး သီချင်းဆိုတဲ့ရိုက်ကွင်းမှာ ပါတတ်သည့် စန္ဒယားကြီး ပျောက်သွားပါတယ် ဝင်ပေါက်ထွက်ပေါက် တခုသာရှိပြီး စန္ဒယာကြီးကို ဘယ်လိုမှမထုတ်၍မရနိုင်တဲ့ အခန်းထဲက ပျောက်သွားတာပါ ကျွန်တော်နဲ့သိတဲ့ မြန်မာအသံအရာရှိကြီးက ခေါင်ဆောင်ခုံရုံးဖွဲ့ စစ်ဆေးပါသည် တာဝန်ရှိသူဟာ အဆိုတော်တင်တင်မြ ဖြစ်နေတာ တွေ့ရပါသည် အပြစ်ပေးရမည်ဆိုတော့ အဆိုတော်တင်တင်မြက ရှာဖွေရန်တလ ခွင့်တောင်းပါသည် တလအတွင်းရှာမတွေ့ပါ အဲဒီအချိန်မှာ မြန်မာအသံကို ဗိုလ်ချူပ်ကြီးခင်ညွန် ရောက်လာရာ အဆိုတော်တင်တင်မြ တောင်းပန်ဦးချ မျက်ရည်ကျ၍ အမူ့အားလုံး ပယ်ဖျက်စေပြီး စန္ဒယားအသစ် ဝယ်စေပါသည်
မြန်မာအသံရှိ လူကြီးများကလည်း ကျန်သည့်ပျောက်ရှ အမူ့အားလုံးကို ရော၍ပလပ်လိုက်သည့်
အတွက် အားလုံးတပျော်တပါး ရှိခဲ့ပါကြောင်း ) တွေ့  ကြရပါသည်။
အဲဒီတော့ အပြစ်ရှိသူက သူကိုကယ်ခဲ့၍ ဦးချတာဖြစ်ပါသည် ယခုလက်အုတ်ကလေးတချိချိဖြင့် ဦးချနေသူများသည် မဟုတ်မဟတ်တွေ လုပ်ထား၍ အပြစ်ရှိ၍ ဖါးသည့်အနေနှင့် လက်အုတ်ချိ ဦးချကြခြင်သာ ဖြစ်ပါသည် ဆင်ချင်ကြပါ၊၊
တဦးနှင့်တဦး သက်ကြီး၍ ဝါကြီး၍ ဆရာသမာဖြစ်၍ လက်အုတ်ချီပြီး နားထောင်သည့်အကျင့် ပြောသည့်အကျင့် မြန်မာယဉ်ကျေးမူ တွင်မရှိပါ သတင်းကျွတ် တဆောင်တိုင် နှစ်သစ်ကူးများမှာ သက်ကြီး ဝါကြီး ဆရာသမား များကို စုပေါင်း၍ဖြစ်စေ မိသားစုအလိုက်ဖြစ်စေ တဦးခြင်ဖြစ်စေ ကတော့ခြင်း သာရှိပါသည်၊ ထိုင်းနိုင်ငံတွင် ထိုင်းလူမျိုးတိုင်း တွေ့ သည့်အခါ ခွဲခွါသည့်အခါတိုင်း ဆာဝါရီ ခတ်- ဟုပြောဆို လက်အုပ်ချီပြီး နုတ်ဆက်ကြပါသည် ထိုင်းလူမျီုးတို့၏ ယဉ်ကျေးမူ ဖြစ်ပါသည်။
မိမိတို့သည် ဥပဒေ စီးမျဉ်းစီးကမ်းများ လိုက်နာလျှင် မဖေါက်ဖျက်လျှင် မည်သူကိုမှ ကြောက်စရာမလိုပါ မြန်မာယဉ်ကျေးမူ တွင်မရှိသည့် အကျင့်ကိုမကျင့်ပါနှင့် မြန်မာယဉ်ကျေးမူ ကိုစော်ကားရာ ရောက်ပါသည် လူမျိုးတိုင်း လူမျိုးတိုင်မှာ မိမိတို့ ယဉ်ကျေးမူ ဓလေ့ထုံးစံများ ရှိပါသည် ဂုဏ်ယူစွာ လိုက်နာကျင့်သုံးရမည် ဖြစ်ပါသည် ။
ယနေ့ ဝန်ထမ်းများသည် အထက်လူကြီးကို ဖါးခြင် ရာထူးတက်ရန် အလုပ်မပြုတ် နေရာကောင်းရရန် လတ်ပေးရခြင်း ပြည်သူပြည်သားများ ထံမှလတ်ယူခြင်များ ဖိနိပ်စော်ကားခြင်း နေရာတကာတွင် ပြောမဆုံးပေါင် ဓလေ့တခု ဖြစ်သွားပါပြီ။
ထိုသို ဖြစ်ရခြင်းမှာ နိုင်ငံတော်၏ လခကိုစားနေသော ဝန်ထမ်း ( Public service ) များအပေါ် ပြည်သူပြည်သာ၏ အမြင်ပြတ်သားမူ မရှိ၍ ဖြစ်ပါသည်၊
ယနေ့ မြန်မာပြည်သူပြည်သား များက နိုင်ငံတော်လစာကိုစားနေသော ဝန်ထမ်း ( Public service ) များ အပေါ် နိုင်ငံတော်အခွန် မိမိတို့အခွန်ကို စားနေသော လခစားဝန်ထမ်းများအဖြစ် ဝန်ထမ်းစီးမျဉ်စီကမ်းများဖြင့် ခိုင်းစေထားသူအဖြစ် ရုံး၊ဌာန၊TV တွင် တွေ့သည်အခါ ပုံပေါ်အောင် ကြည့်၍မြင်၍ ပြတ်ပြတ်သားသား မြင်ပြီး မိမိတို့ အခိုင်းအစေ များအဖြစ် ရင်ထဲအသဲထဲက နှစ်လုံးသွင်းလျှက် ကြောက်ရွှံခြင်း လတ်ပေးခြင်များ လုံဝလုံးဝ မပြုလုပ်လျှင် ဝန်ထမ်းများ အကျင့်ပျက်မူများ လတ်ယူမူများ ပပျောက်၍ ---
မိမိတို့ လိုချင်သော တိုးတက်သာယာဝပြောသည့် ဒီမိုကရေစီ နိုင်ငံဖြစ်လာမည်မှာ မလွဲပေ ပြတ်သာကြစို့
( ကြည့်တတ်မြင်တတ်လျှင် အကြည့်ခံရသူ၏စရိုက် (ရုပ်လုံး)အားနည်းချက် ပေါ်လာပါမည် ဝိုင်း၍မျာမျာကြည်ကြပါ )

2 comments:

  1. ဒီပိုစ့်လေးကို ကြိုက်ပါတယ် မိမိရဲ့  ယဉ်ကျေးမှု အစစ်မဟုတ်ဘဲ စစ်ဗိုလ်များ ခိုင်းတိုင်း လိုက်လုပ်နေတာကိုတော့ သဘောမတွေ့ပါဘူး

    ReplyDelete

Blog Widget by LinkWithin