ဤမှာမြေပြင် မြစိမ်းဆင်လျှက် ကောင်ကင်မိုးဝယ် နီလာချယ်၍ အိုဘယ့်လူသား နှစ်ရောင်ကြားဝယ် ခန့်ညားပေစ ခန့်ပေစ၊

Wednesday, June 24, 2009

့အမှားများမှ အမှားကောင်း နာရေးပုံပြင်များ(၂)




လူဘဝမှာ အမှားတွေလုပ်မိကြမယ် အနည်းနဲ့အများ ကွာတာရှိမယ် တိုက်ရိုက်မှားတာ သွယ်ဝိုက်လို့မှားတာ စေတနာနဲ့မှားတာ ကူညီပေးမိလို့မှားတာ မှားမိတဲ့အတွက် အနဲအများ အမှားဒါဏ်ကိုခံရပါတယ် ဘဝမှာမှားပြီးသား အမှားတွေကို ထပ်မှားတတ်ကြပါတယ် အမှားကြောင့် အခြားသူတဦးကိုဖြစ်စေ အများကိုဖြစ်စေ ထိခိုက်မူ နစ်နာမူ မရှိစေဖို့ အရေးကြီးပါတယ်။
ကျွန်တော်လဲ အမှားတွေလုပ်ခဲ့ မိပါတယ် မိမိကြောင့်အခြားသူ ထိခိုက်နစ်နာအောင် မလုပ်မိစေဖို့ ကြိုးစားပါတယ် ငယ်ရာမှကြီးလာလေ ရှောင်နိုင်လေဖြစ်ပါတယ် နာရေးကူညီမူအသင်း(ရန်ကုန်) မှာရှိစဉ်က အမှားကောင်းတခုပ်ခဲ့မိတာကို ပြောမှာပါ၊ မပြောခင် အသင်းမှာရှိစဉ်က ပါဝင်ပါတ် သက်မူ့တခု မိမိကိုယ်တိုင် ပါဝင်လုပ်ဆောင် ပေးခဲ့ရတာပါ စာရေးဆရာဦးအောင်သင်း (Pioneer) ကိုငွေတသိန်းနဲ့ မြောင်းထဲရောက်သွားအောင် လုပ်ကြံတဲ့ကိစ္စပါ၊
စာပေလောကမှာအားလုံးသိပြီး ဖြစ်ပါတယ် အတွင်းကျကျတော့ ဘယ်သူမှမသိကြပါ မလုပ်သင့်ဘူးသိပေမဲ့ မိမိထက် တာဝန်ရှိသူ လုပ်ပိုင်ခွင့်ရှိသူ လုပ်သင့်မလုပ်သင့် ဆုံးဖြတ်ပိုင်ခွင့် ရှိသူကလုပ်သည့်အတွက် လုပ်ခဲ့ပါဝင်ခဲ့ မိပါတယ်၊ အမှန်ကစာရေးဆရာ အချင်းချင်းနေရာလုကြတာပါ အလုခံရသူနဲ့ လုသူဟာ ဆင်နဲ့ဆိတ် ပညာရှိသူနှင့်ပညာမဲ့သူ အလုခံရသူက ယုံကြည်၍နေရာပေးထားသူက ဦးစီးပြီးလုပ်ခဲ့တာပါ ဘားလမ်းက ကိုးဒီယားစားသောက်ဆိုင်မှာ စာနယ်ဇင်းလောကမှ လူ-၁၀၀ ကျော်ကို အအေးနှင့် ကြက်ကျော်ကျွေးပြီး အော်ကြရှုံ့ ချကြတာပါ CD,Video ရိုက်ထားကြပါတယ် ဦးစီးလုပ်ဆောင်သူ စာရေးဆရာမက အသင်းစတင်တည်ထောင်သူု များမှာပါဝင်သည့် စာရေးဆရာဦးအောင်သင်း တို့လက်ထက်ကပင် ယုံကြည်၍ အသင်းကြီးမှာ အလုပ်အမူဆောင် ပြန်ကြားရေးတာဝန်ခံ စသည်ဖြင့် အရေးပါအရာရောက်သူ ဖြစ်ပါတယ် ရုပ်ရှင်မင်းသားကိုကျော်သူ ၊ကျွန်တော် နောက်ပိုင်းတာဝန် ဆက်ယူသူအားလုံးဟာ အဲဒီအချိန်က အသင်းသား( Volunteer ) များသာဖြစ် ပါသည်။
ဦးအောင်သင်း(Pioneer) ကိုမြောင်းထဲရောက်အောင် ငွေတသိန်းနဲ.လုပ်တဲ့ကိစ္စအပြင်၊ နာရေးကူညီမူ့အသင်း(ရန်ကုန်)၊အသင်းကြီးကို စတင်တည်ထောင်သူများ(Pioneer)
ထံမှ ကလိန်ကကျစ်၊ လိမ်လည်၍ အောက်လမ်းနည်းအပြင်၊အသင်းသား
အစစ်နှင့်အတုလိမ်လည်ပြကာ မဲစာရင်းလိမ်ပြီး မိမိအား ယုံကြည်၍တာဝန်ပေးထားသော
လုပ်ပိုင်ခွင့်ကို သန်မြင့်အောင် ကအသုံးချ၍၊မိမိကိုယ်ကြိုးအတွက် အပိုင်စီးခြင်းကို
စာရေးဆရာမ သန်းမြင့်အောင် ဦးစီးလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်၊ သန်မြင့်အောင် သည်အသင်း
စတင်တည်ထောင်သူမဟုတ်ပါ အသင်းစတင်တည်ထောင်သူများ စါရင်းတွင်လည်း လုံးဝမပါရှိပါ။အဲဒိကိစ္စများမှာ အသေးစိတ် ရှေတန်းကပါဝင်လုပ်ဆောင်ခဲ့ပေမဲ့ တာဝန်ရှိသူတယောက်က
မိမိအပေါ် ယုံကြည်ထားသူများကို အဆင့်ဆင့်စနစ်တကျ မိမိကိုယ်ကြိုးအတွက်
လုပ်ဆောင်ခဲ့ သည်ဖြစ်၍
မိမိအမှားပါသည်ဟု လုံးဝမယူဆပါ။
ထိုအကြောင်းများကို အသေးစိတ် တိတိကျကျ သက်သေပြချက်များနှင့်အတူ တခုချင်းတခုချင်း ခေါင်းစဉ်တတ်ပြီးရေးသွားပါမယ်။
ကျွန်တော်အမှားကောင်း အကြောင်းဆက်ရေးပါမယ်

၂၀၀၄ နှစ်စမှာဖြစ်ပါတယ်၊ ကျွန်တော် နာရေးကူညီမူ့အသင်း(ရန်ကုန်) မှာ အတွင်းရေးမူးအဖွဲ့ ဝင် အလုပ်အမူဆောင်၊လုပ်နေရတဲ့အချိန်ပါ၊ အသင်းအပါတ်စဉ် အစီဝေးမှာ အသင်းရဲ့  အလှူခံဖြတ်ပိုင် များကုန်တော့မည်ဖြစ်၍ ထပ်မံရိုက်နိပ်ရန်တာဝန်ပေးပါတယ်၊ ငွေ ၄-သိန်း အသုံးပြုရန် ဆုံးဖြတ် ကြပါတယ်၊ ဖြတ်ပိုင်း တအုပ် ကျပ်-၇၀၀-နဲ့ပါ၊ အဲဒိအချိန်က ဥက္ကဌ ဖြစ်သည့် ဥက္ကဌဦးအေးသန့် က (ငါအသိ သူငယ်ချင်း ပုံနိပ်တိုက်) ရောင်စဉ်ပုံနိပ်တိုက် ၂၂-လမ်း၊တွင်ပုံနိပ်ရန် လိပ်စာပေးလိုက်ပါတယ်၊ ပုံနိုပ်တိုက် ဖုံးနံပါတ်လဲပေးပါတယ်၊ကျွန်တော်လဲ ဘာကြောင့် မှန်းမသိတော့ပါ၊ အသင်းရုံးမှ အုပ်ချုပ်ရေးမူးကို ဖြတ်ပိုင်းတအုပ် ကျပ်-၇၀၀-နဲ့ ငွေ -၄-သိန်းကို အလှူခံဖြတ်ပိုင်း ဘယ်နှစ်အုပ် ရနိုင်မလဲ တွက်ချက်ပေးပါရန် ပြောပါတယ်။
အသင်းအလှူခံဖြတ်ပိုင်းဟာ ၁၂ * ၈ လက်မလောက်ရှိပါမယ် တရွက်မှာ ဖြူ၊ပြာ၊ဝါ အရောင် သုံးရွက်ထားပါတယ်၊အဖြူရောင်အရွက်က အလှူထည့်သူကိုပေးပါတယ် အပြာရောင်က ငွေစါရင်း ဌာနကိုပေးရပါတယ် အဝါရောင်က ရုံးလက်ခံထားပါတယ်၊ အင်မတန်တိကျသေချာစွာ
ငွေလက်ခံဆောင်ရွက်ခြင်း ဖြစ်ပါတယ်၊ စာရွက်သားလည်း အလွန်ကောင်းပါတယ်။
ကျွန်တော်ဟာ အလယ်တန်း အထက်တန်း နောက်ဘွဲ့ရသည်အထိ ကိုယ့်ကိုကိုယ် သင်္ချာအတွက် အချက်မှာ အလွန်တော်သည်ဟုထင်ပါသည်(ကိုယ့်ကိုကိုယ်ထင်တာနော်) ဓါတုဗေဓ ( အဲဒီတုံးကအမြင့်ဆုံး) ရပေမဲ့ ရှုပဗေဓ ယူပြီး ဘွဲ့ ယူခဲ့ပါသည်၊ အသင်းအုပ်ချုပ်ရေးမူးက တွက်ချက်ပြီး စာရွက်တရွက်ပေးပါသည် ကျွန်တော်လဲစာရွက်ကိုကြည့်၍ ပုံနိပ်တိုက်ပုံနိပ်ရန် အကြောင်ကြားဖို့ ဥက္ကဌ ဦးအေးသန့် ပေးထားသော ဖုံးနံပါတ်ကို အသင်းအုပ်ချုပ်ရေးမူးအားပေး၍ ပုံနိပ်တိုက်သို့ သူတွက်ချက်ထားသည့်အတိုင်း ပုံနိပ်ခိုင်းရန် ပြောပါသည်၊အုပ်ချုပ်ရေးမူးက ကျွန်တော့ရှေ့ မှာ ပုံနိပ်ရန်အကြောင်းကြားခဲ့ပါသည်။
ထိုအချိန်က ကျွန်တော်သည် အသင်းတွင် ကိုယ်လက်ကိုယ်ခြေ ၊သေတ္တာမှောက် အစစအရာရာ
လုပ်ကိုင်နေသည့်အချိန်ဖြစ်ပါသည်၊တလအတွင်းအသင်းတွင် အခြားအလုပ်များရှိပါသဖြင့် ပြန်လည်သတိမထားမိတော့ပါ၊ တလခန့်ကြာမှ ပုံနိုပ်တိုက်မှ အသင်း၏အလှူခံဖြတ်ပိုင်း
စာအုပ်များတဝက်ကျော်ပုံနိုပ်ပြီးကြောင်း အကြောင်းကြားလာပါသည်၊
ကျွန်တော်လည်း အသင်းပိုင် ဂျစ်ကား( Shan Star Jeep 4-doors) ဖြင့် ၂၂-လမ်းရှိ
ရောင်စဉ်ပုံနိုပ်တိုက်သို့ သွားခဲ့ပါသည်၊ ( Shan Star Jeep 4-doors) ကို ထွက်သွားပြီဖြစ်တဲ့ အရင် အတွင်းရေးမူ ဝယ်ခဲ့တာပါ သူ ထွက်သွားပြီးမှ ကား ရလို့် ကျွန်တော့ကို တဦးတည်းစီးခွင့် ပေးထားပါတယ်၊
ဒီ (Shan Star Jeep 4-doors) အသင်းတွင် ဘယ်လိုရရှိခဲ့သလဲဆိုတာ
နောက်အသေးစိတ် ရေးပါမယ် အလွန်စိတ်ဝင်စားစရာ ကောင်းပါတယ်။
ရောင်စဉ်ပုံနိုပ်တိုက်သို့ ရောက်သောအခါ အုပ်ရည်ဘယ်လောက်ပြီးနေကြောင်း ပြောပါတယ်
နောက်ပြီးတော့ အုပ်ရည်အားလုံးအတွက် ကျသင့်သောငွေ ဘောက်ချာ ကိုပြပါတယ်
ကျသင်ငွေ အားလုံးကို အလှူခံဖြတ်ပိုင်း စာအုပ်အားလုံးပြီးမှ ပေးနိုင်ကြောင်း ပြောပါသည်။
ကျသင့်ငွေတန်ဘိုးကို ဘောက်ချာတွင် ကြည့်သောအခါ ကျွန်တော် မှားသွားပြီး
ခံလိုက်ရပြီးဖြစ်ကြောင်းသိလိုက်ရပါသည်၊ ဖြတ်ပိုင်းအုပ်ရေက ၃၀၀၀-နီးပါဖြစ်နေပါတယ်၊
ကျသင့်ငွေက ၂၂-သိန်း ဖြစ်နေသောကြောင့် ဖြစ်ပါသည်၊ အမှန်က ကျပ်-လေးသိန်း အတွက် အုပ်ရေ-၅၅၀-ခန့်သာဖြစ်ရပါမည်။
စိတ်ကိုအေးအေးထာ ဖြေရှင်းရမည်ဟု ဆုံးဖြတ်လိုက်ပါသည်၊ အဓိက က ကျွန်တော်ရှာဖွေသော ပုံနိုပ်တိုက်၊ကျွန်တော်အသိ မိတ်ဆွေ၏ ပုံနိုပ်တိုက် မဟုတ်ပါ၊ အသင်းဥက္ကဌ ဦးအေးသန့် ၏အလွန် ရင်နှိးသောမိတ်ဆွေ သူငယ်ချင်းဖြစ်သူ၏ ပုံနိုပ်တိုက် ဖြစ်၍ စိတ်သက်သာ ခဲ့ပါသည်။
ပုံနိုပ်တိုက် ပိုင်ရှင်မှလည်း ကျသင့်ငွေ များထဲမှ ကျပ်ငွေ ၄-သိန်းကို အလှူငွေအဖြစ် လှူဒါန်မည် ဟု ပြောပါသည်။
ထိုစဉ်က အသင်းအလုပ်အမှုဆောင်အစီးအဝေးသည်၊ တနဂ်နွေနေ့တိုင်းရှိပါသည် ကျွန်တော်လည် အသင်းအမှုဆောင်အစည်းဝေးသို့ တင်ပြပါသည်၊ အလှည့်ရောက်တော့နွဲ့ လို့မရပါ၊ ကျွန်တော်တို့ တွေသည် အသင်းဖွဲ့ စည်းပုံ ရှိသော်လည်း မိမိလုပ်ပိုင်ခွင့်ရလျှင် ဘယ်သူမှပြောမရဆိုမရ လုပ်ကြပါသည် ကျွန်တော်လည်း ထိုစဉ် က ဘယ်သူမှပြောမရ ဆိုမရ မှန်တယ်ထင်လျှင် အသင်းတိုးတက်ဖိုဆိုလျှင် စွတ်လုပ်ခဲ့မိပါသည် ဘယ်သူကိုမှအကောက်မကြံ မနာလိုမှဖြစ်ခဲပါ။
ကျွန်တော်လည်း အသင်းအမှုဆောင် အစီးအဝေးတွင် အလှူခံ ဖြတ်ပိုင်းစာအုပ် ရိုက်နှိပ်ရန် အတွက်အသင်းမှ ကျပ်ငွေ ၄-သိန်း ခွင့်ပြု့ ထားပါကြောင်း အသင်းဥက္ကဌ ဦးအေးသန့် ပြောဆို သည့်အတိုင်း ဥက္ကဌ၏ အသိ မိတ်ဆွေ ဖြစ်သူ ပိုင်ဆိုင်သော ၂၂-လမ်းရှိ ရောင်စဉ်ပုံနှိပ်တိုက်တွင် ပုံနှိပ်ခဲ့ပါကြောင်း တလအတွင်း အုပ်ရည် တဝက်ရရှိခဲ့ပါကြောင်း သို့သော်လည်း ကျွန်တော်၏ အတွက်အချက်မှားမှု့ ကြောင့် အုပ်ရည် အားလုံးအတွက် ကျသင်ငွေ ၂၂-သိန်း ဖြစ်နေပါကြောင်း သိုသော်လည်း ဖြတ်ပိုင်းစာအုပ်အားလုံးသည် အနည်းဆုံး ၅-နှစ်အသုံးပြု၍ ရမည်ဖြစ်ပါကြောင်း ပုံနှိပ်တိုက်ပိုင်ရှင်က ကျသင်ငွေထဲမှ ကျပ်ငွေ ၄-သိန်းလှူဒါန်းပါကြောင်း ကျွန်တော်တွင် တာဝန်ရှိပါကြောင်း မိမိအမှားကို အမှန်အတိုင်းပြောပြ ရပါသည်။
ထိုအချိန်က ဘဏ္ဍာရေးမှူသည် ဒေါ်ဥမ္မာစိုး ဖြစ်၍ ဒုတိယ ဘဏ္ဍာရေးမှူးသည် ကိုကျော်သူ၏ဇနီး ရွှေဇီးကွက် ခေါ် ဒေါ်မြင့်မြင့်ခင်ဖေ ဖြစ်ပါသည်၊ဒေါ်ဥမ္မာစိုးက ကျွန်တော်ကို ပြောမရဆိုမရဖြစ်၍ သိပ်မကြည်ပါ အသင်းမှဆုံးဖြတ်ထားသည့် ငွေ ၄-သိန်းသာပေးနိုင်မည်ဟု ပြောပါသည်၊ကျွန်တော်လည်း နောက်အပါတ် အစည်းအဝေးများတွင် ပြန်လည်းစဉ်စားဆုံးဖြတ် ပေးပါရန် နှင့် ပုံနှိပ်တိုက်သွားရောက် စုံးစမ်းမေးမြန်ပါရန် တင်ပြခဲ့ရပါသည်
ကျွန်တော်၏ ဝါသနာ သည် စာဖတ်ခြင်းဖြစ်ပါသည် စာဖတ်သည့်အတွက် ဘဝ၏လောကဓံကို ခံနိုင်ရည်ရှိပါသည် တခါမှစိတ်ဓါတ်မကျဘူးပါ အခုအသက်အရွယ်အထိ ခေါင်းကိုက် ခေါင်မူး အရှိဘူးပါ၊
အမှားကိုဝန်ခံတတ်သည့် အလေ့အထကိုလဲ အမြဲခံယူနိုင်အောင် လေ့ကျင်ထားပါသည်။
အခုဖြစ်သွားသည့် ကိစ္စကိုလည်း မိမိတွင်တာဝန်ရှိသည်ဟု လုံးဝခံယူထား ပါသည်၊ သိုသော် ကျွန်တော်စိတ်ထဲတွင် ဘယ်သူမှမပြောခဲ့သော်လည်း သံသယတခုရှိပါသည်၊ ဘဝအတွေ့ အကြုံအရ သံသယဆိုတာ များသောအားဖြင့် အမှားတွေဖြစ်နေတတ်ပါသည် ဒါကြောင်သံသယကို မထားတတ်အောင် မစဉ်းစားမိအောင် လေ့ကျင့်ပါသည် သတိထားပါသည်၊ ကျွန်တော် ပုံနိုပ်တိုက်သို့ ဖုန်ဆက်ခိုင်းသော အုပ်ချုပ်ရေမူသည် ယခင်က နာရေးကူညီမူအသင်း(ရန်ကုန်)ကို စတင်တည်ထောင်သော(Pioneer)များ လက်ထက်ကကျန်ခဲ့သောသူဖြစ်ပါသည်၊ အသင်းစတင်တည်ထောင်သူမျာ(Pioneer) အားလုံး အသင်းကြီမှ လူမသိသူမသိ ထွက်ခွါသွားခဲ့ရသော်လည်း အသင်းရှိဝန်ထမ်းအားလုံးကို ဆက်လက်ခန့်ထားခဲကြပါသည်။
အုပ်ချုပ်ရေးမူက ကျွန်တော်အား ထည့်လိုက်သည် (ဒုက္ခရောက်အောင်လုပ်လိုက်သည်) ဟု သံသယ ဖြစ်မိပါသည်၊ ဘယ်သူကိုမှမပြောပြခဲ့ပါ အုပ်ချုပ်ရေးမူ နှင့်လည်း ခင်မင်စွာ အမြဲဆက်ဆံခဲ့ပါသည်။
ဘာကြောင်သံသယ ဖြစ်ခဲ့သလဲဆိုတာ ပြောပါမယ် အသင်းစတင်တည်ထောင်သူးမျာ(Pioneer) များ အသင်းမှလူမသိသူမသိ ထွက်ခွာသွားသော်လည်း အသင်းဝန်ထမ်းအားလုံးကိုဖြုတ်မပြစ်ပါ ကျွန်တော်တို့ ကောင်းစွာဆက်ဆံခဲ့ပါသည် သိုသော် အသုဘယဉ်မောင်းသော ယဉ်မောင်းတယောက်သည် အင်းစိန် ဘက်တွင် အသင်းတွင် ပိုက်ဆံပြတ်နေသည်ဟုပြောကာ အသုဘတခုလျှင် ငွေ ကျပ်-၃၀၀၀၊ လိုက်လံ တောင်းနေသည်ကို တွေ့ ရပါသည် ကျွန်တော်တို့အားနံမည်လိုက်ဖျက်ခြင်းဖြစ်ပါသည်၊ ထိုအတွေအကြုံ များအရသံသယ ဖြစ်ခဲ့မိခြင်းဖြစ်ပါသည် စိတ်ထဲတွင်သာထားခဲ့ပါသည် ထိုအုပ်ချုပ်ရေးမူလည်း ၂၀၀၄-ခုနှစ် တွင် အသင်းငွေများ ယူသုံးပြီချက်ချင်းပြန်လည်မသွင်းသည့်အတွက် အလုပ်မှဖြုတ်ခံရပါသည် ငွေများကို ပြန်လည်ပေးဆပ်ရန် လက်မှတ်ထိုးခိုင်းခဲ့ပါသည်၊ငွေမျာကို တဖြည်ဖြည်ပြန်လည်ပေးဆပ်ခဲ့ပါသည်။
ကျွန်တော်ရှိစဉ် အသင်း၏ အုပ်ချုပ်ရေးမူ ၂-ယောက် ငွေအလွဲသုံးမူဖြင် အလုပ်ဖြုတ်ခဲ့ရပါသည် ငွေကိုသာပြန် လည်ပေးလျော်ခိုင်းခဲ့ပါသည် ရဲကိုမတိုင်ခဲ့ပါ။
တလကြာသည့်အခါ ပုံနိုပ်တိုက်မှ အလှူခံဖြတ်ပိုင်းစာအုပ်များအားလုံး ရိုက်နိုပ်၍ပြီးပါကြောင်း ကျသင့်ငွေ ကျပ် ၂၂-သိန်း ဘောင်ချာနှင့် အသင်းကိုကျပ် ၄-သိန်းလှူဒါန်းပါကြောင်း မကြောင်းကြားလာပါသည်
ထိုအခါကျွန်တော်လည်း အစည်းအဝေးတွင် ထပ်မံတင်ပြသောအခါ အားလုံးက ရှောရှောရှု ရှု ပေးရန်ရှိသော ကျပ်ငွေ-၁၈ သိန်းအားသုံးခွင့်ပြုခဲ့ပါသည်၊ သိုသော် အမှားသည်အမှားသာဖြစ် ပါသည် အသင်းတွင်အစီးအဝေး၊သိုမဟုတ် တခုခုလုပ်မည်ပြောတိုင်းထောက်ပြခြင်းကိုခံရပါသည်။
နောက် ၆-လကြာသည့်အခါတွင် စက္ကူဈေး ပုံနိုပ်မှင်ဈေးများ ၂-ဆမကတက်ခဲ့ပါသည် နောက်နှစ် များတွင်လည်း အဆမတန်ဈေးတက်ခဲ့တာထပ်မံသိရပါသည်၊ အလှူခံဖြတ်ပိုင်းစာအုပ်များသည် အနည်းဆုံး ၅-နှစ်ခန့်အသုံးပြု၍ရမည်ဟုကျွန်တော်သိပါသည်၊ အသင်းအတွက် ငွေ သိန်း ၃၀-၄၀ ခန့် ရှာပေးခြင် ဖြစ်သည်ဟု ခံယူမိပါသည် အမြဲပီတိ ဖြစ်နေမိပါသည် ကျွန်တော်အမှားအတွက် ခွင့်ပြုခဲ့သော
တချိန်က ရဲဘော်ရဲဘက်များ အားအမြဲ ကျေးဇူးတင်နေမိပါသည်
မှားခဲ့သော်လည် ကျွန်တော်အတွက်အမှားကောင်းဖြစ်ခဲ့ပါသည်။

1 comment:

  1. ရေးထားတာမရှင်း မရှင်းနဲ့၊ ပုံနှိပ်ခတန်ဖိုး ၂၂သိန်း တကယ်တန် မတန် တခြားပုံနှိပ်တိုက်တွေမှာ ထပ်စုံစမ်းကြည့်ပေါ့၊ ၄သိန်းနဲ့၂၂သိန်းဆိုတာသိပ်ကွာလွန်းတယ်၊

    ReplyDelete

Blog Widget by LinkWithin