ဤမှာမြေပြင် မြစိမ်းဆင်လျှက် ကောင်ကင်မိုးဝယ် နီလာချယ်၍ အိုဘယ့်လူသား နှစ်ရောင်ကြားဝယ် ခန့်ညားပေစ ခန့်ပေစ၊

Tuesday, May 21, 2013

မြန်မာဟာ သူ့ နေရာကို သူပြန်ရပြီ.....ဂုဏ်ယူ ဝမ်းမြောက်ဝမ်းသာရပါသည်

.မြန်မာဟာ သူ့ နေရာကို သူပြန်ရပြီ.....တိုင်းပြည်နဲ့ လူမျိုကိုချစ်လို့ ဂုဏ်ယူ ဝမ်းမြောက်ဝမ်းသာရပါသည် တို့အားလုံး ဘာမှအဖြစ်မရှိသူတွေကြောင့် မျက်နှာငယ်နေရတာတော့ အမှန်ပါ အားလုံးဝိုင်းဝန်း လုပ်မှရမည့်အချိန်ပါ အရိုးများတယ် ချီးခါးတယ် လုပ်နေရမည့် အချိန်မဟုတ်တော့ပါ။

မြန်မာ့ဒီမိုကရေစီ အားပေးမည်ဟု အိုဘားမားပြော....

 



 

 

 
မြန်မာ့အပြောင်းအလဲ အိုဘားမားကြိုဆို၊

 

 
 
 
 ကမ္ဘာ့သမိုင်းမှာ မကြုံဖူးသေးတဲ့ ပြုပြင်ပြောင်းလဲမူ

ကမ္ဘာ့သမိုင်းမှာ မကြုံဖူးသေးတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကြီးကို ကြိုးပမ်းဆောင်ရွက်နေရတာဖြစ်တယ်လို့ အမေရိကန်ရောက်ကမ္ဘာ့သမိုင်းမှာ မကြုံဖူးသေးတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကြီးကို ကြိုးပမ်းဆောင်ရွက်နေရတာဖြစ်တယ်လို့ အမေရိကန်ရောက် သမ္မတဦးသိန်းစိန်က ဂျွန်ဟော့ကင်း တက္ကသိုလ်မှာ ပြောကြား။
ဂျွန်ဟော့ကင်း တက္ကသိုလ်မှာ ပြောကြား။
 
 
နိုင်ငံတော်သမ္မတဦးသိန်းစိန် အမေရိကန်ပြည်ထောင်စု၏ ပထမဆုံးသမ္မတ ဂျော့ရှ်ဝါရှင်တန်၏
အိမ်တော်ကို သွားရောက်လေ့လာစဉ် တွေ့ရှိရသော အမေရိကန်လူငယ်များနှင့်
ရင်းရင်းနှီးနှီး မြင်တွေ့ရစဉ်


 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မေ(၂ဝ)ရက် ဒေသစံတော်ချိန် နံနက်(၉)နာရီခွဲတွင် အမေရိကန် ပြည်ထောင်စု ဝါရှင်တန်မြို့ရှိ ခေတ္တတည်းခိုသည့် Four Seasons Hotel ၌ အမေရိကန်နိုင်ငံခြားရေး ဝ...န်ကြီးဟောင်း မစ္စဟီလာရီကလင်တန်အား လက်ခံတွေ့ဆုံသည်။


 

“ကျနော်တို့
အစိုးရအနေနဲ့ လွန်ခဲ့တဲ့ ၂ နှစ်က စပြီး ဆောင်ရွက် အကောင်အထည်
ဖော်လာခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များရဲ့ ရည်ရွယ်ချက်တွေ
ကတော့ တစ်ခုတည်းပဲ ရှိပါတယ်။ ကျနော်တို့ မျိုးဆက်သစ် လူငယ်တွေ
အတွက် ပိုမို ကောင်းမွန်တဲ့ အနာဂတ်၊ ပိုမိုကောင်းမွန် ပြည့်စုံတဲ့ ဘ၀တစ်ခု
ဖန်တီးပေးနိုင်ဖို့ ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။ ကျနော်တို့ အစိုးရဟာ ပြည်သူ့
အစိုးရ ဖြစ်တယ်လို့ ခံယူထားတာနဲ့အညီ ပြည်သူတွေရဲ့ဘ၀ကို မြှင့်တင်နိုင်
ဖို့အတွက် ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို အစွမ်းကုန် ကြိုးစား အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိနေပါတယ်။ လာမယ့်
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ဒီမိုကရေစီ နည်းလမ်းကျ ပေါ်ပေါက်လာမယ့်
အစိုးရသစ်အတွက် အခြေခံကောင်းတွေဖန်တီးပေးနေတာလည်း ဖြစ်
ပါတယ်။ ကျွန်တော်တို့၏ ဒီမိုကရေစီအရေး အောင်မြင်စေဖို့အတွက်
အမေရိကန် အစိုးရ၊ လွှတ်တော်၊ အရပ်ဘက် လူ့အဖွဲ့အစည်းများမှ
လက်ရှိ မြန်မာ့ နိုင်ငံရေး အခြေအနေနဲ့ အကိုက်ညီဆုံးဖြစ်တဲ့ အကူအညီ
တွေကို ပွင့်လင်းမြင်သာမှု ရှိရှိ ပေးအပ်သွားဖို့လည်း မေတ္တာရပ်ခံ လိုပါတယ်။
သမိုင်းကြောင်း အစဉ်အလာများအရ ကျနော်တို့ မြန်မာနိုင်ငံနဲ့ အမေရိကန်
ပြည်ထောင်စုတို့ဟာ နှစ်ပေါင်း ၁၅၀ ကျော်ကြာ ဆက်ဆံရေးတွေ ရှိခဲ့တာ
အထင်အရှား တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒါတွေကိုထောက်ရှုပြီးကျွန်တော်တို့
အနေနဲ့ မြန်မာ-အမေရိကန် နှစ်နိုင်ငံ အစိုးရများအကြား ရင်းနှီးတဲ့
မဟာမိတ်များအဖြစ်နဲ့ လက်တွဲလုပ်ဆောင်ပြီး မြန်မာ-အမေရိကန်
ဆက်ဆံရေး စာမျက်နှာသစ်ကို ဖွင့်လှစ်လိုပါတယ်။ မြန်မာပြည်သူများနဲ့
အမေရိကန်ပြည်သူများအကြားလည်း ရင်းနှီးတဲ့ မိတ်ဆွေများအဖြစ်
ခင်ခင်မင်မင် ဆက်ဆံသွားကြဖို့လည်း တိုက်တွန်းလိုပါတယ်။ ကျွန်တော်တို့
ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ အောင်မြင်အောင် မိတ်ဆွေ
တို့ရဲ့ ကူညီထောက်ပံ့မှုများကိုလည်း မျှော်လင့်လျက် ရှိနေပါတယ်။
အမေရိကန် ပြည်ထောင်စုမှာရှိတဲ့ ထိပ်တန်း တက္ကသိုလ်ကြီးတွေရဲ့ အကူအညီ၊ အမေရိကန် စီးပွားရေး လုပ်ငန်းရှင်များရဲ့ အကူအညီတွေ
ကိုလည်း ရရှိနိုင်မယ်လို့ ယုံကြည်မျှော်လင့်လျက် ရှိနေပါတယ်။”

ယခုလို သမ္မတကြီးအနေဖြင့် အမေရိကန် တက္ကသိုလ်တစ်ခုတွင် ကိုယ်တိုင်
လာရောက်ပြီး မိန့်ခွန်းပြောကြားခြင်းသည် မြန်မာနိုင်ငံရဲ့ ပညာရေး
ကဏ္ဍကို မြှင့်တင်နိုင်ရေး အထောက်အကူများ ရရှိရန်နှင့် မြန်မာနိုင်ငံ၏
အခြေအနေနှင့် ပတ်သက်ပြီး နိုင်ငံတကာက ပိုမို နားလည်လာအောင် ရှင်းပြချင်သည့်အတွက် ဖြစ်ကြောင်း သမ္မတ၏ ပြောခွင့်ရသူ၊ မြန်မာနိုင်ငံ
ပြန်ကြားရေးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောကြားသည်။

“သမ္မတကြီးအနေနဲ့က ကျွန်တော်တို့ နိုင်ငံရဲ့ ပညာရေးကဏ္ဍကို
မြှင့်တင်ချင်တယ်။ မြှင့်တင်ချင်တဲ့အခါမှာ ကျွန်တော်တို့က ပညာတော်
သင်တွေ လွှတ်သလိုပဲ၊ ဒီက တက္ကသိုလ်တွေကို ကျွန်တောတို့ မြန်မာနိုင်ငံ
မှာ လာပြီးတော့ ကျောင်းခွဲတွေ ဖွင့်စေချင်တယ်။ မြန်မာနိုင်ငံရဲ့ ပညာရေး
ကဏ္ဍမှာ အမေရိကန်နိုင်ငံက ပညာရေး အဖွဲ့အစည်းတွေ ပိုမိုပါဝင် ပူးပေါင်းဖို့
အတွက် ဖိတ်ခေါ်တဲ့စကားကို ဒီမှာ လာပြောပြတယ်။ ဒါက ပထမရည်ရွယ်
ချက်ပေါ့။ ဒုတိယတစ်ခုကတော့ လက်ရှိ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ
ဖြစ်ပေါ် ပြောင်းလဲနေတဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံရဲ့ ပညာရှင်အသိုင်းအ၀ိုင်းမှာ နားလည်တဲ့သူလည်း
ရှိတယ်။ တချို့ကလည်း သံသယတွေ ရှိနေသေးတယ်။ ဆိုတော့ ဒီ သံသယ
တွေ ပြေပျောက်သွားပြီးတော့မှ မြန်မာနိုင်ငံဟာ ရှေ့ကိုပဲ သွားနေတယ်။ ကျွန်တော်တို့ ပြုပြင်ပြောင်းလဲရေးဟာ ဘယ်တော့မှ နောက်ကြောင်း ပြန်
လှည့်ဖို့ မရှိတော့ဘူး။ ဒီလို သွားတဲ့အခါမှာ ကျွန်တော်တို့ စွမ်းအားနဲ့ချည်းပဲ
သွားမယ်ဆိုရင်တော့ အချိန် ပိုကြာနိုင်တယ်။ ဒီလိုဟာကို မြန်မြန်
ရောက်စေချင်တယ် ဆိုရင်တော့ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ ပါဝင်ကူညီ
ပံ့ပိုးမှုတွေ လိုတယ်ဆိုတဲ့ သတင်းစကားကိုလည်း ပါးချင်တဲ့အတွက်ကြောင့်
မို့လို့ ဒီနေရာမှာ လာပြီးတော့ ဒီမိန့်ခွန်းကို ပြောတာပါ”


 


 

 မြန်မာဟာ သူ့ နေရာကို သူပြန်ရပြီ


အမေရိကန်ကုန်သည်ကြီးများအသင်းရဲ့ ညစာစားပွဲမှာ သမ္မတကြီး မိန့် ခွန်းပြောပါတယ်။ မိန်...့ ခွန်း ပြောအပြီးမှာတော့ ဧည့်ပရိသတ်က သမ္မတကြီး သူ့ ရဲ့ စားပွဲကို ပြန်ရောက်တဲ့အထိ မတ်တပ်ရပ်ကာ လက်ခုတ်သြဘာပေးခဲ့ကြပါတယ်။

ဒီလက်ခုတ်သံတွေဟာ သမ္မတကြီးအတွက်သာမဟုတ် ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်း မှာ ပါဝင်နေတဲ့၊ ဒီမိုကရေစီကို နှစ်သက်လိုလားစွာအကောင်အထည်ဖော်နေတဲ့ မြန်မာပြည်သူများ အတွက်ဖြစ်တယ်လို့ ခံစားမိပါတယ်။

ကျွန်တော့်ဘေးမှာ ထိုင်တဲ့ ဂျွန်ဟော့ကင်းတက္ကသိုလ်က ဆရာမကြီးက ပုခုံးကိုပုတ်ပြီး မြန်မာဟာ သူ့ နေရာကို သူပြန်ရပြီလို့ ပြောလိုက်တော့ မြန်မာနိုင်ငံသစ်အတွက် မျက်ရည်လည်အောင် ဂုဏ်ယူမိပါတယ်။
See More

By: Ye Htut
 
 

No comments:

Post a Comment

Blog Widget by LinkWithin