ဤမှာမြေပြင် မြစိမ်းဆင်လျှက် ကောင်ကင်မိုးဝယ် နီလာချယ်၍ အိုဘယ့်လူသား နှစ်ရောင်ကြားဝယ် ခန့်ညားပေစ ခန့်ပေစ၊

Sunday, May 26, 2013

ဂျပန်ဝန်ကြီးချုပ်မစ္စတာ ရှင်ဇိုအာဘေး၏ သမိုင်ဝင်ခရီး.....တိုင်းပြည်အတွက် အလွန်အကျိုးသက်ရောက်မူ့ရှိမည်ဟု ယုံကြည်ပါတယ်။

.



မြန်မာပြည်သူပြည်သားများအတွက်ဂျပန်ဝန်ကြီးချုပ်မစ္စတာ ရှင်ဇိုအာဘေး၏ အမှာစကား


Photo.. 安倍晋三 Facebook
ဂျပန်နိုင်ငံ ဝန်ကြီးချုပ်အနေဖြင့် တရားဝင်း အလည်အပတ် မရောက်ရှိခ...

ဲ့သည်မှာ ၃၆ နှစ်ကြာပြီဖြစ်သော မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ် မေလ ၂၄ ရက်နေ့တွင် ကျွန်တော်လာရောက် လည်ပတ်ပြီး နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ကို အမှူးပြု၍ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် သဘောထားအမြင်များ ဖလှယ်မည် ဖြစ်ပါသည်။ ကျွန်တော့အနေဖြင့် ၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် လာရောက် လည်ပတ်ခဲ့ပါ သော်လည်း မြန်မာနိုင်ငံတွင် မကြာသေးမီကနှင့် ယခုလတ်တလော ဖြစ်ပေါ်လျက်ရှိသည့် အပြောင်းအလဲများစွာကို ယခုတစ်ခေါက် လာရောက် လာရောက်လည်ပတ်ရာတွင် ကိုယ်တိုင် တွေ့ကြုံခံစားနိုင်မည်ဟု ပျော်ရွှင်စွာ မျှော်လင့် စောင့်စားမိပါသည်။

ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံသည် ယခုအချိန်အထိ နှစ်ဖက် အပြန်အလှန် ယုံကြည်မှုကို အခြေခံပြီး ရေရှည်ကောင်းမွန်သော နှစ်နိုင်ငံအကြား ဆက်ဆံရေးကို တည်ဆောက်ခဲ့ပါသည်။ အဘိုးဖြစ်သူ ဝန်ကြီးချုပ် H.E Mr. Nobusuke KISHI၊ ဖခင်ဖြစ်သူ နိုင်ငံခြားရေးဝန်ကြီး H.E Mr. Shintaro ABE နှင့် ကျွန်တော်တို့ မျိုးဆက် သုံးဆက်တိုင်တိုင် လာရောက် လည်ပတ်နိုင်ခြင်း တို့ကြောင့် ကျွန်တော်နှင့် မြန်မာနိုင်ငံ ရေစက်ဆုံသည်ဟု ကိုယ်တိုင်လည်း ခံစားမိပါသည်။ ယခုတစ်ခေါက် အလည်အပတ် လာရောက်ခြင်းသည် ရှေးယခင် လူကြီးများက ဆောင်ရွက်လာခဲ့သည့် သမိုင်းဝင် ဂျပန်-မြန်မာဆက်ဆံရေးကို ပိုမိုတိုးမြှင့်နိုင်ရန် တွန်းအားပေးပြီး အောက်ဖော်ပြပါ ကဏ္ဍလေးရပ်ကို အလေးထားပြီး ပူးပေါင်းဆောင်ရွက်သွားရန် လေးလေးနက်နက် မျှော်လင့်လျက် ရှိပါသည်။

(၁)နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုတိုးမြှင့်နိုင်ရန်အတွက် ဂျပန်နိုင်ငံက အထူးအလေးထား ဆောင်ရွက်ခဲ့ သည်မှာ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းအားထုတ်မှုများကို ပံ့ပိုးကူညီခြင်း ဖြစ်ပါသည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် စီးပွားရေး ပြုပြင် ပြောင်းလဲရေး တို့ကို ပိုမိုခိုင်မာအောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပြီး အကျိုးရလဒ်ကို မြန်မာပြည်သူ ပြည်သားများ အမှန်တကယ် ပို၍ ခံစားနိုင်ရန် အရေးကြီးသည်ဟု ထင်မြင်ယူဆမိ ပါသည်။ အခက်အခဲများစွာကို ကျော်လွှားလာခဲ့သည့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် အတွက် ဂျပန်နိုင်ငံက တတ်စွမ်းသမျှ ကူညီသွားပါမည်။ ရှိထားသည့် အင်အားများကို အစွမ်းကုန် ထုတ်၍ ထောက်ပံ့သွားမည့် မူဝါဒ ဖြစ်ပါသည်။

(၂) လျှင်မြန်စွာ အသက်ဝင်လာသည့် နှစ်နိုင်ငံ စီးပွားရေး ဆက်ဆံရေးကို ပိုမိုခိုင်မာအောင် ပြုလုပ်ပြီး နှစ်နိုင်ငံ အပြန်အလှန် အကျိုးဖြစ်ထွန်းစေရန် ဦးတည်ဆောင်ရွက်သွားပါမည်။ ဂျပန်နိုင်ငံက နိုင်ငံတကာ အသိုက်အဝန်းကို ဦးဆောင်၍ မြန်မာနိုင်ငံအတွက် ကြွေးမြီကိစ္စ ဖြေရှင်းမှုကို ထုတ်ဖော် ပြောကြားခဲ့ပြီး ယန်းချေးငွေ အသစ်ခန့်မှန်းခြေ ယန်းသန်းငါးသောင်း အပါအဝင် မြန်မာနိုင်ငံသို့ အထောက်အပံ့ အပြည့်အဝ ပြန်လည် စတင်ခြင်းကို ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ထပ်မံ၍ ယခုအကြိမ် ပြုလုပ်မည့် ဂျပန်-မြန်မာ ထိပ်သီးဆွေးနွေးပွဲ တွင်လည်း နောက်ထပ်ပေးအပ်မည့် အထောက်အပံ့များကို ထုတ်ဖော်ပြောကြားမည် ဖြစ်ပါသည်။ ထို့ပြင် ယခုခရီးစဉ်တွင် ဂျပန်နိုင်ငံကို ကိုယ်စားပြုမည့် စီးပွားရေးလောက ခေါင်းဆောင်များနှင့် အတူတကွ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခြင်း သည် ဂျပန်ကုမ္ပဏီများ မြန်မာနိုင်ငံကို အထူးစိတ်ဝင်စားလျက် ရှိကြောင်း ပြသနေ ပါသည်။ ဂျပန်-မြန်မာ နှစ်နိုင်ငံစလုံး အနေဖြင့် နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် ရလဒ် (Win-Win) ပေါ်ထွက်လာစေရန် ဂျပန်အစိုးရက နှစ်နိုင်ငံ စီးပွားရေး ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန် အတွက် တွန်းအားပေးသွား ပါမည်။

(၃)ဂျပန်-မြန်မာ ဆက်ဆံရေး အခြေအံအသစ် တစ်ဆောက်ရန်အတွက် ၎င်းကို အထောက်အကူ ပြုနိုင်မည့် နှစ်နိုင်ငံ နိုင်ငံသားများ ကူးလူးဆက်ဆံရေးနှင့် ယဉျကျေးမှု ဖလှယ်ခြင်းများကို ပိုမို တိုးတက်အောင် လုပ်ဆောင်သွားရန် လိုအပ်ပါသည်။ ကျွန်တော်နှင့် ကျွန်တော့်ဇနီး ကိုယ်တိုင်ကလည်း မြန်မာနိုင်ငံ အပါအဝင် အာရှနိုင်ငံများအတွက် မူလတန်းကျောင်း ဆောက်လုပ် လှူဒါန်းခြင်းကို ဆောင်ရွက်လျက် ရှိပါသည်။ ဂျပန်အစိုးရအနေဖြင့် မြန်မာနိုင်ငံ တွင် လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင် ပိုမိုလုပ်ဆောင်သွားပါမည်။

(၄)မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံ ပတ်ဝန်းကျင်တွင်ရှိသော ဒေသများ လုံခြုံရေးနှင့် ပတ်သက်၍ ယခုအကြိမ် အလည်အပတ် ခရီးစဉ်တွင် ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ တူညီသော ထင်မြင်ယူဆချက်ကို နားလည် သဘောပေါက်ပြီး ဆွေးနွေးပွဲများနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဆောင်ရွက် သွားရန် ရှိပါသည်။

ဂျပန်နိုင်ငံတွင် မြန်မာကိုချစ်သောသူ အများအပြား ရှိပါသည်။ ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံ၏ ဆက်ဆံရေးသည် အလွန်ကောင်းမွန်ပါသည်။ သို့သော် လက်ရှိအခြေအနေကို ရောင့်ရဲတင်းတိမ်မနေဘဲ ပိုမိုကောင်းမွန်သော ဆက်ဆံရေးကို မြှင့်တင်သွားချင်ပါသည်။ ယခုအကြိမ် ကျွန်တော်၏ အလည်အပတ် ခရီးစဉ်သည် ဂျပန်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်နိုင်ပြီး သမိုင်းစာမျက်နှာအသစ် ဖွင့်လှစ်နိုင်ရန် အခွင့်အလမ်းများ ပေါ်ထွန်း လာလိမ့်မည်ဟု မျှော်လင့်လျက် ရှိပါသည်။

No comments:

Post a Comment

Blog Widget by LinkWithin