ဤမှာမြေပြင် မြစိမ်းဆင်လျှက် ကောင်ကင်မိုးဝယ် နီလာချယ်၍ အိုဘယ့်လူသား နှစ်ရောင်ကြားဝယ် ခန့်ညားပေစ ခန့်ပေစ၊

Saturday, April 20, 2013

သမတကြီး ဦးသိန်းစိန် ၏ ၆၈ နှစ်ပြည့်မွေးနေ့ နှင် ရွှေအင်းသားခင်မောင်ဝင်း (AP) ဘဝ

.ကြိုးစားရင် ဘာမဆို ဖြစ်နိုင်ပါသည်.....အားကျစရာပါ။

သမတကြီး ဦးသိန်းစိန် ၏ ၆၈ နှစ်ပြည့်မွေးနေ့ နှင် ရွှေအင်းသားခင်မောင်ဝင်း (AP) ဘဝ

ဒီနေ့ ဧပြီလ ၂၀ ရက်နေ့ ဟာကျနော် တို့ လေးစားကြည်ညိုရတဲ့ သမ္မတကြီး ဦးသိန်းစိန် ရဲ့ ၆၈ နှစ်ပြည့် မွေးနေ့ ပါ။ သမ္မတကြီး ရဲ့မွေးနေ့မှသည် သက်ရှည်ကျန်းမာပြီး သူချစ်တဲ့ မြန်မာပြည် ကြီး ကို ဆထက်တိုးတက်ငြိမ်းချမ်း သာယာအောင် စွမ်းဆောင်နိုင်ပါစေကြောင်း ဦးစွာ ဆုတောင်း မေတ္တာ ပို့သပေးလိုက်ပါတယ်။ ကျနော် က ဓာတ်ပုံရွှေအင်းသား ခင်မောင်ဝင်းပါ။ အမေရိကန်နိုင်ငံ ကိုယ်စားပြု AP သတင်းဌာန ကမြန်မာပြည်ဌာနေ ဓာတ်ပုံ သတင်းထောက်ပါ။ ဓာတ်ပုံလောက မှာ အနှစ်နှစ်ဆယ် ကျော် ရွှေအင်းသား ခင်မောင်ဝင်း နာမည်နဲ့ ကျင်လည်ခဲ့ပါတယ်။ သမ္မတကြီး ဦးသိန်းစိန်ရဲ့ ရွာနဲ့ ကျနော် မွေးခဲ့တဲ့ ရွာကလေးက ဟိုင်းကြီးကျွန်း ရဲ့တဖက်စီမှာ ရှိပါတယ်။ သမ္မတကြီး ရဲ့ရွာက ကျုံကူး ရွာ ပါ။ ကျနော် က သက္ကယ်သောင် အုန်းချောင်းရွာကပါ။ အလွန်ဝေးလံ ခေါင်ပါးပြီး ခရီးလမ်းပန်းခက်ခဲ လှပါတယ်။ ၁၉၇၅ ခုနှစ်မှာ မုန်တိုင်းကြီးတိုက်လို့ မိဘဆုံးသွား ချိန်မှာ ကျနော် ၇ နှစ်သားဘဲ ရှိပါသေးတယ်။ ရွာက ဘုန်းကြီးက ကယ်ပြီး ပုသိမ် မိဘမဲ့ ကျောင်းကို ပညာသင် ရောက်ခဲ့ ပါတယ်။ နောက်ရန်ကုန် ဘုန်းကြီးကျောင်းကို ရောက်ပြီး အင်းလေးကန်က မိသားစုက မွေးစားခဲ့လို့ ဒီအနုပညာ နာမည် ပေးခဲ့တာပါ။ ၂၀၀၈ နာဂစ်မှာတော့ ရွာကဆွေမျိုးအားလုံး ဆုံးရှုံးခဲ့ရပါတယ်။ ကိုယ့်အရပ် ကိုယ့်ဒေသ က လူတယောက်က နိုင်ငံတော် ရဲ့ သမ္မတကြီး တဦးဖြစ်နေတာကို ရင်ထဲက အမြဲတမ်း ပီတိဖြစ်ရပါတယ်။ ကောင်းသတင်းတွေ ကျော်ကြားပြီး မြန်မာ့ အလယ်မှာရော ကမ္ဘာ့ အလယ်မှာပါမျက်နှာပန်းပွင့်ပြီး ကျော်ကြားလာသည့်အတွက် သမ္မတကြီး အတွက် အမြဲတမ်း ဂုဏ်ယူ လျှက်ပါ။ သမ္မတကြီး ဦးသိန်းစိန် နှင့် အမေဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ ကျေးဇူး တရားများဟာ ကျနော် တို့ နိုင်ငံအတွက် ကျေးဇူး ကြီးမား လှပါတယ်...... ဒါကြောင့် သမ္မတကြီး ဦးသိန်းစိန် ယခုမွေးနေ့ မှသည် အသက်ရာကျော် ရှည်ပါစေကြောင်း.... လိုရာဆန္ဒပြည့် ပါစေကြောင်း မွေးနေ့ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်.... လေးစားလျှက်..... ဓာတ်ပုံ- ရွှေအင်းသား ခင်မောင်ဝင်း (AP)

 
ဘယ်အစွန်ဆုံး ကိုခင်မောင်ဝင်း(ရွှေအင်းသား)  အလယ်ကျော်သူ ယာအစွန်ဆုံးဥက္ကဌ ဦးအေးသန့် ဒုတိယ ကျွန်တော် (၂၀၀၃-၂၀၀၄)

ကိုခင်မောင်ဝင်း(ရွှေအင်းသား)နှင့် လက်တွဲခဲ့ဘူးပါသည် လေးစားရပါသည် ကရင်းဝတ်စုံများဖြင့် ကရင်ပြည်နယ်တွင် လူမူရေးအသင်းများ လိုက်လံဖွဲစည်းစဉ်ကပါ ဘယ်အစွန်ဆုံးက ကိုခင်မောင်ဝင်း(ရွှေအင်းသား) အလယ်ကျော်သူ ညာအစွန် ဥက္ကဌ ဦးအေးသန့် ညာ ဒုတိယ ကျွန်တော်ပါ (၂၀၀၃-၂၀၀၄)

No comments:

Post a Comment

Blog Widget by LinkWithin