ဤမှာမြေပြင် မြစိမ်းဆင်လျှက် ကောင်ကင်မိုးဝယ် နီလာချယ်၍ အိုဘယ့်လူသား နှစ်ရောင်ကြားဝယ် ခန့်ညားပေစ ခန့်ပေစ၊

Wednesday, April 24, 2013

အလုပ်သမားနေ့ (မေဒေး) တရုတ်ပြည် (ရှံဟိုင်း)မှာ.....အထူးဧည့်သည်တော်


ရှံ့ ဟိုင်း ကမ်နားလမ်း အမိုစိမ်းက PEACE ဟော်တယ်

ဘဝဆိုတာ မိမိရောက်ရှိနေသော အချိန်အခါနဲ့ပါတ်ဝန်ကျင်၏ လုပ်ဆောင်ချက်များမှာသာ ပါဝင်ဆင်နွဲခွင့် ရရှိကြပါသည် ကျွန်တော်လဲဒီလိုပါဘဲ သူများတွေ တော်လှန်ရေး ဆင်နွဲနေကြတဲ့အချိန်မှာ မိမိ၏ဘဝပေး အခြေအနေအရ ထိုအချိန်ကရောက်ရှိနေသော နေရာနဲ့ပါတ်ဝန်ကျင် အခြေအနေအတိုင်း ပါဝင်ဆင်နွဲခဲ့ရပါတော့သည်၊
        မြန်မာပြည်မှာ ၈၈-အရေးတော်ပုံကြီးစတင်ပြီး ဆက်တိုက်တော်လှန်းရေးတွေဆင်နွဲ နေစဉ်မှာ ကျွန်တော်လဲ ပြည်ပရောက်နေပြီး ၁၉၈၉-ခုနှစ်တနှစ်လုံး တရုတ်ပြည် ရှံဟိုင်းမှာရောက်ရှိနေပါတယ် ၁၉၈၉ နှစ်ဆန်းမှာ မြန်မာပြည်မှဒီမိုကရေစီတောင်ဆိုမူဟာ တရုတ်ပြည်ကိုစတင်ရောက်ရှိ၍
ဒီမိုကရေစီ တောင်းဆိုမူ့ စတင်နေပြီဖြစ်ပါသည် မြို့ တိုင်းမှာလူငယ်တွေ နဖူးမှာအနီရောင် အဝတ်စလေးကို ပါတ်ခါစီး၍ စာရွက်စာတန်းများ ဖြန့်ဝေခြင်း စီတန်းလှည့်လည်ခြင်း လုပ်နေကြသလို ကျွန်တော်တို့ ညအခါထိုင်ကြသော စာသောက်ဆိုင်များသို့ လာရောက်အလှူခံကြ လိုက်လံစည်းရုံးကြပါသည် ကျောင်းသားလူငယ်တွေများကြပါသည်၊
   ကျွန်တော်ငယ်ငယ်က ကြည့်ဖူးသော ကာဗားဒက် အမေရိကန် ဟောလီဝုဒ်က ရုပ်ရှင်ကားကိုသတိ ရမိပါသည် ကာဗားဒက် ဆိုတဲ့အဓိပ္ပါယ်က စားသောက်ခန်းမဖြစ်ပြီ အမေရိကန် ဦးထုတ်ဆောင်ထားသူက ဦးဆောင်ပြီး အဆို အဟော အပြောတွေ ဟာသဆန်ဆန် လုပ်ပြပြီး မိန်ကလေးတွေက ကပြကြတာပါ ကပွဲခန်းမလာသူတွေက အရက်ဝယ်သောက်ရင် ကြည့်ကြနားထောင်ကြရတာပါ အဲဒီရုပ်ရှင်ကားကတော့ ကပွဲခန်းမထဲမှား ကကြ ဆိုကြ စားသောက် နားထောင် ပျော်ပါနေနေကြစဉ် အပြင်လောကကြီးမှာ နိုင်ငံရေး လူမူရေး စီးပွားရေး များကြောင့် သတ်ကြဖြတ်ကြ ပြုလုပ်နေတာတွေကို တင်ပြသွားတာပါ၊
      အဲဒီလိုပါဘဲ ကျွန်တော်လဲ တရုပ်ပြည် ရှံဟိုင်မှာနေစဉ် အပြင်လမ်းမများပေါ်မှာ ဒီမိုကရေစီရဖို့ ကျောင်းသားလူငယ်တွေ မိမိတို့၏ ဘဝ အသက်တွေကို ပဓာနမထားဘဲ လှုပ်ရှားနေကြတာတွေကို မျက်မြင်တွေ့ မြင်နေရပေမဲ့ ကျွန်တော်တို့တတွေ အပျော်အပါးတွေထဲမှာ နစ်မျောနေကြမိပါတယ်
  ကျွန်တော်တို့ တရုပ်ပြည်ရောက်နေချိန်က အစားအသောက်စက အရာရာ တခြားတိုင်းပြည်တွေနဲ့ နိုင်းယှဉ်ရင် ဈေးအလွန်ပေါပါတယ် မြန်မာပြည်မှာ ခုသုံးတဲ FEC ကို တရုပ်ပြည်မှာ ထိုစဉ်ကတဲက သုံးနေတာပါ နောက်မှမြန်မာပြည်က အတုယူသုံးတာပါ လမ်းမတွေပေါ်မှာ FEC လိုက်လဲတဲ့ မိန်ကလေးတွေ မကြာခဏ တွေ့ ရပါတယ် ရှံ့ ဟိုင်းမှာ စင်္ကာပူက  Orchard လို လိုချင်တဲ့ ပစ္စည်းဝယ်လို့ ရတဲ့လမ်းမကြီးနဲ့ တူတဲ့ နန်ကျင်းလု့ လို့ခေါ်တဲ့ နန်ကျင်းလမ်းရှိပါတယ် ရှံ့ ဟိုင်း ကမ်နားလမ်းဘက်က စဝင်ရပါတယ် လမ်ရှည်ကြီးပါ ကုန်တိုက် စတိုး မျိုးစုံရှိပါတယ် ကမ်နားလမ်းကအဝင် နန်းကျင်းလမ်းထိပ် မှာတော့ PEACE ဟော်တယ်ရှိပါတယ် မြန်မာတွေဆုံစည်းရာနေရာလဲ ဖြစ်ပါတယ်၊
ဦးနေဝင်း လက်ထက် မဆလခေတ်မှာ ဦးနေဝင်း က သူကလွဲလိုကျန်တဲ့သူ အားလုံးဘာမှလှုပ်မရအောင် လုပ်ထားပါတယ် လှုပ်သူဆိုရင်ပြုတ်တော့တာပါဘဲ ထောက်လှမ်ရေးမျက်မှန်တင်ဦး ကစပြုတ်ထာတွေ အများကြီးပါ ဒါကြောင် ဝန်ကြီးချုပ် ဝန်ကြီး တိုင်းမူး ကစအရာရှိကြီးသား အားလုံးဟာ ပြည်ပမှာ သွားရောက်လုပ်ကိုင်ကြရပါတယ် အများနည်းတူပါ တိုင်းမူကျော်ဘ သား ကိုကိုဦး ဆိုရင်သူ့အဖေ အကြောင်းအမြဲပြောပါတယ် သူ့အဖေ ငယ်ငယ်က အင်စိန်မှာနေစဉ် မိထွေးလုပ်သူက ထ္မင်းမကျွေးလို့ စစ်ထဲလိုက်ရသည့်အကြောင်းပါ သူကိုယ်တိုင်လဲ ခုမိထွေကိုစိတ်နားပုံရပါသည်၊
ရှံ့ ဟိုင်း မှာတညစားသောက်နေကြစဉ် ၈၈-အရေးအခင်းက သမတ လုပ်ခဲ့တဲ့ စိန်လွင် သမက်ကို မကြေနပ်သူတချို့ က ဝိုင်းရိုက်ဖို့လုပ်ကြပါတယ် စိန်လွင် သမက်က ကျွန်တော့ကိုရှင်းပြပါတယ် သူကို ဦးစိန်လွင်က သူ့သ္မီးနဲ့ လုံးဝသဘောမတူပါကြောင်း အတူမနေ အပြင်မှာနေရပါကြောင်းတွေပါ ကျွန်တော်လဲ အားလုံးကို ကြားကဖြောင်းပြတောင်ပန်ပေးခဲ့ရတယ် နောက်ဆုံးတော့ပြေလည်သွားပါတယ်၊
  ၁၉၈၉-ခုနှစ် မေလ တရက်နေ့ အလုပ်သမားနေ့ မေဒေးမှာ ရှံ့ ဟိုင်း မြို့ တော်ကောင်စီကနေ၍ ကျွန်တော်အပါဝင် ၄-ယောက် အခန်းအနားတက်ဖို့ ဖိတ်ကြားခြင်းခံရပါသည် သုံးယောက်ကတော့ ကိုကျော်မြင့်ထွန်း မဆလခေတ် နောက်ဆုံးဝန်ကြီးချုပ် ၈၈-အရေးအခင်းအထိ ဝန်ကြီးချုပ်လုပ်သွားသူ သူရဦးထွန်းတင် သားပါ၊ စလိုင်းဆွေအောင် မျက်မှန်လေးနဲ့ ကိုအောင်စိုး တို့ဖြစ်ပါတယ်၊
မေဒေးနေ့ပွဲကို ညနေ၅-နာရီ တက်ရမှာပါ အဲဒီနေ့က တိုက်တိုက်ဆိုင်ဆိုင် မနက်၁၀-နာရီလောက်မှာ လက်ထပ်ပွဲတခု တက်ရောက်ဖို့ရှိနေပါတယ် အကြီးအကျယ်မဟုတ်ပါ မိန်ကလေးမိဘတွေနဲ့ ဟိုဘက်သည်ဘက် အသိသက်တွေရှေ့ မှာ အစားအသောက်စား အသိအမှတ်ပြုကြရုံဖြစ်ပါတယ် ကျွန်တော်တို့သူငယ်ချင်းထဲက ကိုလှထွန်၊ သူ့လက်ထပ်ပွဲပါ မသွားလို့မဖြစ်လို စလိုင်းဆွေအောင် နဲ့ ကျွန်တော်သွားရပါတယ် ၆-ထပ်အမြင့်ရှိတိုက်မှ တိုက်ခန်းလေးတခုမှာ မိန်ကလေးက အသက်၃၀-ခန့်ရှိပါပြီ အဖေအမေ အိုတွေနဲ့နေပါတယ်၊ မိဘတွေကလဲသဘောတူတယ် စိတ်သဘောလဲကောင်တယ်
ထိုအချိန်က တရုတ်ပြည်ရောက် မြန်မာအချို့  မိန်းမယူကြပါတယ် တလစင်္ကာပူဒေါ်လာ ၁၀၀-တရာ ထောက်ပံ့နိုင်ရင် ယူလို့ရပါတယ် ....မှတ်ချက် ဆက်ရန်


No comments:

Post a Comment

Blog Widget by LinkWithin