ဤမှာမြေပြင် မြစိမ်းဆင်လျှက် ကောင်ကင်မိုးဝယ် နီလာချယ်၍ အိုဘယ့်လူသား နှစ်ရောင်ကြားဝယ် ခန့်ညားပေစ ခန့်ပေစ၊

Thursday, April 11, 2013

ဗိုလ်ချုပ်ကြီးစောမောင် ၏ အဆီကျဆေးပျောက်ဆုံးမူ့.....အဆုံးထိပြီးပါပြီ။...အပိုင်း(၂ )

 
ဗိုလ်ချုပ်ကြီးစောမောင် ၏ အဆီကျဆေးပျောက်ဆုံးမူ့.....
 
 


ကျွန်တော်တို့နိုင်ငံမှာ ထောက်လှမ်းရေးနဲ့ လက်နက်ကိုင်တပ် အားပြိုင်ကြတတ်ပါတယ် မဆလခေတ် ဦးနေဝင်း ခတ်မှာလဲ ထောက်လှမ်းရေးခေါင်းဆောင် မျက်မှန်တင်ဦး ဟာ အစိုးရဌာနအားလုံးမှား သူလူတွေကိုထည့်ထားပါတယ် ဘယ်လောက်တောင်ဆိုသလဲဆိုရင် ကျွန်တော်သွားနေကျ လေတပ်ပြုပြင်ရေးစခန်းမှာ တောင်ပံတခြမ်းသားရှိတဲ့ ဒုဗိုလ်မူကြီးက တပ်မူးဖြစ်နေလို့ပါ သူနဲ့တွေ့ လိုက်ရင် ဆိုရှယ်လစ်စကားတွေ ရေပက်မဝင်အောင်ပြောတော့တာပါဘဲ လေတပ်မှာ တောင်ပံတခြမ်းဘဲရှိရင် ဗိုလ်မူအဆင့်က ထပ်မတက်နိုင်ပါ ဒါပေမဲ့ ထောက်လှမ်းရေးမျက်မှန်တင်ဦး လူဖြစ်လို့ တောင်ပံတခြမ်းနဲ့ ဒုဗိုလ်မူကြီးဖြစ်နေပြီး တပ်မူတောင်ဖြစ်နေပါတယ်၊ အစိုရဌာနတိုင်း သံရုံးတိုင်းမှားသူ့လူတွေထည့်ပြီးဖြစ်နေပါတယ်၊ ထောက်လှမ်းရေးများစိုက်ပျိုးရေလောင်းနေသော သစ်ပင်၏ သစ်သီဟာ ဝါဝင်းပြီး မည့်ပါတော့မည် ဝါဝင်း၍ ရင့်မည့်တော့မည့်အချိန် ၂-လ လောက်အလိုမှာ ကျွန်တော်ရုံးမှာရှိနေပြီး အပြင်ထွက်ဖို့ပြင်ဆင်နေစဉ် မနက်၉-နာရီးကျော်ကျော် လောက်မှာ ထောက်လှမ်းရေးက ကျွန်တော့ကို သူတို့ဂျစ်ကားဖြင့် လာခေါ်ပါသည် ရုံးမှတဖြည်ဖြည်မောင်လာရာ အလုံလမ်းမှ သမတအိမ်တော်နားရောက်ပြီး ခရေပင်တွေတန်းစီ ပေါက်နေသည့် ခရေပင်လမ်းအနီး  ယှဉ်ရက် တော်ဝင်လမ်းရှိ ထောက်လှမ်းရေး-၆ သို့ ရောက်ရှိခဲ့ပါသည်၊ ခရေပင်များတန်းစီပေါက်နေသည့် ခရေပင်လမ်အနီးမှ တော်ဝင်လမ်းရှိ ထောက်လှမ်းရေးဆိုတာ ကိုသူရ ခေါ် ဇာဂနာ သရုပ်ဆောင်လူရွှင်တော်ကို ခေါ်ယူနိပ်စက်ခဲ့သည့် ထောက်လှမ်းရေးတပ်-၆ ရှိရာဖြစ်ပါသည်။
      ထောက်လှမ်းရေးရုံးထဲခေါ်သွားရာ ကျွန်တော်နဲ့မျက်မှန်းတန်းသူတွေ သိနေသူတွေပါ ရုံးကစပွဲမှာ သေသေချာချာထိုင်ခိုင်းပြီးမေးတာပါ ကျွန်တော့အထက်က လူကြီးပြုတ်ရန် ဖြုတ်ရန်မေးတဲ့မေးခွန်းတွေပါ ကျွန်တော်သေသေချာချာပြန်ပို့တဲ့ စင်္ကာပူကပို့လိုက်တဲ့ အင်ဒိုနီးရှားပါတိတ်တွေ မင်တိုဘယ်သူတွေနဲ့ ခွဲဝေသုံးသလဲဆိုတာလဲပါတယ်၊ အမှန်က ထောက်လှမ်းရေးက ပါတိတ်တွေပို့ပြီး ထောင်ချောက်ဆင်ထားတာပါ ခုမှပိုသိရပါတယ် လုံးဝယူမသုံးဘဲ သေသေချာချာ ပြန်ပို့ခဲ့တာပါ၊ ကျွန်တော်က စင်္ကာပူကိုပြန်ပို့ကြောင်း ပို့ပြီးတဲစာရွက်စာတမ်းတွေ
ရုံးမှာသေသေချာချာ သိမ်းထားကြောင် ပြနိုင်ကြောင်ရှင်းရပါသည်၊ မေးရာမှာလက်ဖျားနဲ့တောင်မထိပါ စပွဲမှာဟိုဘက်သည်ဘက် ထိုင်မေးတာကိုဖြေရတာပါ ပထမနေခေါ်ယူစစ်ဆေးရာ မနက်ပိုင်း ၁၁း၃၀-မှာ လက်စသတ်ပြီး ရုံးကိုသူတိုဂျစ်ကားနဲ့ဘဲ ပြန်ပို့ပါတယ်၊ စင်္ကာပူကပို့လိုက်တဲ့ အင်ဒိုနီးရှားပါတိတ်တွေကို ထိုစဉ်က ပျော်ပျော်ပါးပါး သုံးခဲ့မိရင် မလွယ်ဂျောပါဘဲ ကြောက်ပြီးချက်ချင်းပြန်ပို့ခိုင်းတဲ့ ဗြိတိသျှစစ်တက္ကသိုလ်ဆင် ဗိုလ်မူကြီးကိုလဲ ကျေးဇူတင်မိပါတယ် ဘာကြောင့်လဲဆိုတော့ ရောက်သမျှနမူနာတွေထဲက တခုတခု ယူသုံးတတ်လို့ပါ ကျွန်တော့မှာ အမေရိကန်စတိုင် ဗြိတိသျှစတိုင် ဖရီးဂျက်ကက် အကောင်းစားတွေ ဝတ်ပါတယ် တခါတော့နောက်ပိုင်းမှာပါ ထောက်လှမ်းရေးခင်ညွန့် တပည့်PA ဗိုလ်ကြီးတယောက်ကျွန်တော်နေတဲ့အိမ် လာလည်ရာ ဗိုလ်ချုပ်ကြီးတွေသုံးတဲ ပခုံးတတ်အပွင့်တွေ တွေ့ လို့လန့်သွားပါတယ်၊
၅-ရက်တိတိ ထိုအချိန်အတိုင်းခေါ်စစ်ပါတယ် လက်ဖျုားနဲ့တောင်မထိပါ စစ်ဆေးတာတွေ လက်မှတ်ထိုးခိုင်းတာဘဲ ရှိပါသည် ကျွန်တော်အလွန်ကံကောင်ပါသည် ရောက်သွားသူအားလုံး ညအိပ်ရညင်းပန်းနိပ်စက်ပြီးမှ စစ်ဆေးခံရကြောင်း သိထားလို့ပါ ပြန်လည်သုံးသပ်ရား ဖြစ်နိုင်တာ ၂-ခုတွေ့ ရပါသည် တခုက ကျွန်တော့မှာ ပါမှနောက်ခံအသိုင်းအဝိုင်းမရှိ ကိုယ်ဖါးထားသူလဲမရှိ အလုပ်သွင်းပေးသည့် ကျွန်တော့လူကြီးတွေကိုလဲ အပြစ်ရှာနေချိန် အလုပ်ကို ကိုယ်အဖေလုပ်လို ကြိုးကြိုးစားစားလုပ်၍ လူကြီးတွေမေးလိုက်တိုင်း အလုပ်ပြီးနေတာ ဖြေကြားနိင်ခဲ့လို့ ဖြစ်နိုင်သလို နောက်တချက်က တပ်နဲ့ထောက်လှမ်း အားပြိုင်နေရာ တပ်ဖက်ကလူကြီးတွေ စောင့်ကြည့်နေလို့ လက်ဖျားနဲ့တောင်မထိတာဖြစ်နိုင်ပါတယ်
ကျွန်တော့ကိုစစ်ဆေးပြီနောက် ၂-လအကြာမှာ ထောက်လှမ်ရေးမူ မျက်မှန်တင်ဦး  အပါအဝင် ယာဉ်မောင်းကအစ ထောက်လှမ်းရေးအားလုံး ပြုတ်ကုန်ကြပါတယ် ထိုအချိန်က ထောက်လှမ်းရေးမျက်မှန် တင်ဦး ဆိုတာ ဦးနေဝင်း ပြီးရင် အာဏာအရှိဆုံးဖြစ်သည်၊
တခုပြောရအုံးမယ် ကျွန်တော် ရုံးပြင်ပအမြဲထွက်ရလို့ ဖန်စီအရောင်မျိုစုံတိုက်ပုံ အမြဲဝတ်ပါတယ် ကားပေါ်မှာတထည်အပို အမြဲထားပါတယ် ရေမွေးလဲဆွတ်ပါတယ် ထိုစဉ်က ဆိုရှယ်လစ်ခေတ် သုဝဏ အလှကုန်ပစ္စည်းစက်ရုံက ရေမွေးဘဲသုံးတတ်ပါသေးတယ် ဟောင်ကောင်ရောက်မှ USA ထုတ် BRUT for Men ရေမွေးကို စသုံးတတ်သွားပါတယ် ကျွန်တော်ရောက်ချိန်က ဟောင်ကောင်ကိုအင်္ဂလိပ်အုပ်စိုးတုံး ဖြစ်ပါတယ် အင်မတန်စမတ်ကျပါတယ် ကုတ်နဲ့ နက်တိုင်တပ်ဆင်ကြပြီး တပေလောက်ရှိတဲ့ ဆဲဖုံးတွေကိုင် နေကြတဲ့အချိန်ပါ စင်္ကာပူနဲ့ပါမှမဆိုင်ပါ စင်္ကာပူမှာက T ရှပ်နဲ့ လမ်းလျောက်နေကြတာများပါတယ်
ထောက်လှမ်းရေးက စစ်နေတဲ့အချိန်အတွင်းမှာ ရုံးမှာရှိတဲ့ ရုံးဝန်ထမ်း မချောတွေကတော့ အနားကဖြတ်သွားတိုင်း ထောင်စော်နံတယ်လို ဝိုင်းဝန်းအားပေးကြပါတယ်၊
ကျွန်တော်ဘာမှမဖြစ်ခဲ့ပါ ကျွန်တော်လုပ်ဖေါ်လူကြီးတွေကတော့ ထောက်လှမ်ရေးတွေပြုတ်ပြီးချိန်မှာ ဝန်ကြီးတွေဖြစ်သွားကြပါသည်၊ မှတ်ချက် ဆက်ရေးပါမည်.....
ဘဝမှာ အတွေ့ အကြုံနဲ့ အသက်ရလာတာနှင့် မိမိ၏ဘဝကောက်ကြောင်းကို ခန့်မှန်းတွက်ချက်နိုင်ပါတယ် ဘဝဆိုတာ အတက်အကျရှိမယ် မမြဲပါဘူး ကျွန်တော်လဲဘဝမှာ အတက်အကျတွေ များပါတယ် အတိုက်အခိုက်တွေများပါတယ် ထူးဆန်းတာက သူတို့တိုက်ခိုက်လို့ မမျှော်လင့်တဲ့နေရာကို တိုးတက်သွားတာပါဘဲ ခဏခဏဖြစ်ဘူးတော့ တိုက်ခိုက်မူရှိလာပြီဆိုရင် ငါတော့ဘဝမှာ တဆင့်တက်ရအုံးမှာလို မျှော်လင့်လာတယ် လက်တွေ့ လဲ အဆင့်မြင့်သွားပါတယ်၊
ကျွန်တော့လူကြီးတွေ ရာထူးတက် ဝန်းကြီးတွေဖြစ်သွားချိန်မှာ ထက်မြက်ပြီး ဝင်ဆန့်တဲ့ အမျိုးသ္မီ ငယ်ချစ်တော့မဟုတ်ပါ ကြီးမှချစ်တဲ့သူနဲ့ လက်ထပ်ဖြစ်ပါတယ် ဘာကြောင့်ဝင်ဆန့်တာကို ရေးရသလဲဆိုရင် ဘွဲ့ တွေအများကြီးယူ ပညာတတ်တွေဖြစ်ပေမဲ့ မိမိအိမ် မိမိပါတ်ဝန်ကျင်လောက်သာ ထက်မြက်ကြပြီး ပါတ်ဝန်ကျင်တခုလုံးကို ဦးဆောင်ပြီး ဝင်ဆန့်မူမရှိတာတွေ့ရပါတယ် ပြောတတ်ဆိုတတ် ဝင်ဆန့်မူ လိုအပ်ကြပါတယ်၊
  ၆-မိုင်ခွဲ ပြည်လမ်း သစ္စာမြိုင် အမျိုးသ္မ္မီးဘော်ဒါဆောင်မှာ ပိုင်ရှင်ဖြစ်တဲ့ မိုးကုတ်မြမောင်၏ဇနီး ယ္ခင် ရန်ကုန်တက္ကသိုလ် ဥပဒေနည်းပြ ဆရာဒေါ်ခင်မြလွင် ဆရာသော်တာဆွေ မှတ်တမ်းတင်ခဲ့သူ ကွယ်လွန်သွားပြီဖြစ်သောသူ့မိတ်ဆွေ ငွေကိုလေလိုသုံးသူ မိုးကုတ်မြမောင်၏ဇနီး ကသူပြည်ပတွင် နေနေလို့ အဆောင်ကိုလာ စောက်ရှောက်ပါခေါ်ထား၍ သွားနေစဉ်မှာ ကျွန်တော်လဲနိုင်ငံခြား ထွက်၍အလုပ်လုပ်ကိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ် ဘော်ဒါဆောင်ရှေက ပြည်လမ်းပေါ်ကအိမ်က အဆိုတော် ဒေါ်နွဲယာဉ်ဝင်း အိမ်ဖြစ်ပါတယ် တချိန်ကတော့သစ္စာမြိုင် အမျိုးသ္မီးဘော်ဒါဆောင်ပိုင်ရှင် ဒေါ်ခင်မြလွင် ပိုင်ခဲ့တာပါ၊
နေ့ဆိုအလုပ်သွား ညဆိုအဆောင်ကို စောင့်ရှောက်ရင် လူစာရင်း ငွေစာရင်း ဧည့်စာရင်များပြုလုပ် ပေးရပါတယ် အဆောင်မှာ အမျိုးသ္မင်္ီး တရာကျော်ရှိပါတယ် ဘော်ဒါဆောင်ခြံထဲမှာ ယောက်ကျားလေဆို သန့်ရှင်းရေးလုပ်တဲ့ တမိလ်လူမျိုးရာဂျူး နဲ့ ကျွန်တော် ၂-ဦးသာရှိပါတယ် အဆောင်ခြံဘေးမှာ ညညဆို တီးဝိုင်းတွေနဲ့ သီချင်းသံတွေ အမြဲကြားရတယ်၊
တိုင်းမူး ဌာနဆိုင်ရာအကြီးအကဲ သူဌေး လူတန်းစားစုံ ကျောင်သူတွေများပါတယ် ပြောရအုံးမယ် အဲဒီခေတ်က TV နဲ့ အောက်စက်ကို ငှားကြည့်လိုရတယ် VCD တောင်မသုံးသေပါ ဗီဒီယိုတိတ်ခွေ သုံးပါတယ် ဆိုင်ကတခါထဲငှားလာလို့ရတယ် ကျွန်တော်နိုင်ငံခြား မထွက်ခင် ငှားပြတဲ့အခွေက 'သင်္ကြမိုး" ပါ တခါတရံ အဆောင်သူတွေငှားခိုင်လို့ TV အောက်စက်ငှားပေးရပါတယ် ဝိုင်းကြည့်နေကြရင်း ည-၁၂ ကျော်လာပြီဆိုရင် လေးလေး အပြင်ထွက်ပေးပါ ကျမတို့ချေဘဲ ကြည့်ပါရစေဆိုလို့ အမြဲထွက်ပေးခဲ့ရပါသည်၊
အဲဒီအချိန်က ဌာနဆိုင်ရာတွေကို အမြဲသွားနေရလို ဌာနတိုင်းမှာ အသိများပါတယ် ပါတ်စပို့ဌာန ဆိုရင်လဲ ဗိုလ်ချုပ်တို့ လုပ်ကြံခံတဲ့ အတွင်းဝန်ရုံးထဲမှာ ရှိပါတယ် ဌာနအကြီးအကဲ ပါတ်စပို့်မှာ ဆိုင်းထိုးသူက ရဲမူးကြီးစိုးမြင့် ပါ သူလက်အောက်က ၃-ပွင့်နဲ့ ရဲအုပ်ကြီး ဒေါ်ခင်အေးစီ နဲ့ သိလို့ ပါတ်စပို့ တိတ်တိတ် လုပ်ထားလိုက်ပါတယ် အလုပ်မှာလဲထွက်စာတင် ထားပါတယ် အသိရှိလို ပါတ်စပို့မှာ ၅-နိုင်ငံသွားခွင့် ရထားပါတယ် အဲဒီခေတ်က မလေးရှားနိုင်ငံ ထည့်မပေးပါ တနိုင်ငံနဲ့တနိုင်ငံ ကူရလွယ်မှာစိုလို့ပါ ကျွန်တော်နဲ့ ဘန်ကောက်မှာအတူနေခဲ့တဲ့ ဆရာဝန် ဒေါက်တာကိုကျော်ဇေယျ ဆိုရင် သူ့ပါတ်စပိုလ်မှာ နိုင်ငံ-၂ နိုင်ငံ ဘန်ကောက် နဲ့ စင်္ကာပူ ဘဲပါပါတယ်၊
ထွက်စာတင် နိုင်ငံခြားကိုထွက်ဖို့ ပြင်ဆင်နေစဉ် နောက်၁၉၉၀-ကျော် နဝတ စစ်အစိုးရလက်ထက်ကျ ဒု-ဝန်ကြီးဖြစ်သွားတဲ့ ထိုစဉ်က ဝန်ထမ်းအုပ်ချုပ်ရေကိုင်တဲ့ အရပ်သားဆရာသမား တယောက်က သူကိုတခါက ပြန်ပြောဘူလို့ ညစ်ထားလို့ ချက်ချင်းထွက်မရပါ ကျွန်တော်ကလဲ ကျွန်တော်ပါ အလုပ်သာကြိုးစားလုပ်တယ် ဘယ်သူကိုမှမဖါး ဂရုစိုက်ရမှန်းမသိ မှန်တယ်ထင်ရင် ပြန်ပက်တတ်ပါတယ် လူရည်မလည်တဲ့ တောသားက မြို့ တက်အလုပ်လုပ် ရတာကို ခံရမယ်ပေါ့၊
ထွက်မရသေးလို့ ခွင့်နဲ့နေချိန် ဗိုလ်ချုပ်ကြီးစောမောင်၏ အဆီကျဆေး ပျောက်တော့တာပါဘဲ၊
နိုင်ငံခြားကလာတဲ့ အဆီကျဆေးကတော့ လေဆိပ်မှာပျောက်သွားပြီ စဖမ်းတာကတော့ထုံစံအတိုင်း ရုံးမှာလက်ရှိလုပ်ကိုင်နေသူတွေပေါ့ ကျွန်တော့ကိုသင်ပေတဲ့ ဦးမောင်မော်လှ ကျွန်တော့တပည့်ကျော်ပြီး လုပ်ငန်ကိုကျွန်တော့ထက်ကျွမ်းတဲ့ ရုံးအကူဦးမောင်မောင်ကြီ ကစ ၅-ယောက်လောက်စပြီး ထောက်လှမ်းရေကဆွဲတယ် ရေကြည်အိုင်မှာစစ်ခံကြရတယ် နောက်တော့ဦးမောင်မောင်ကြီး ပြောပြလို့ ၃-၄ ညလောက်မအိပ်ရဘဲစစ်တယ် ဂဝံကျောက်တွေပေါမှာ ဒူထောက်ပြီး မော်တော်ဆိုင်ကယ်စီးသလို အချိန်အများကြီး နေခိုင်တယ်လို့ သိရတယ် တပါတ်၂ပါတ်လောက်အထိ မပေါ်ပါ နောက်ကျွန်တော့ဇနီးက ရုံးမှာရှိလို့ ကျွန်တော့ကို စာရွက်စာတမ်းတွေယူပေပြီး ကျွန်တော်ထုတ်ယူနိုင်တယ် ဆိုတဲ့သတင်း ထွက်လာပါတယ် ထောက်လှမ်းရေးလက်က ကျွန်တော့ဇနီထံ ရောက်ခါနီး ပြီးရင်ကျွန်တော့ထံ ရောက်တော့မှာပါ ဇနီးက လွပ်လပ်ရေးမတိုင်ခင်ခေတ်ကစလို့ တိုင်ပြည်တာဝန်ထမ်းဆောင်ခဲ့တဲ့နိုင်ငံရေး သမား ဦးနေဝင်းနဲ့သိတဲ့သံအမတ်ကြီးသ္မီး ဖြစ်နေလို့ သူကိုတိုင်လည်နံမည်ကောင်သူ ထက်မြက်ဝင်ဆန့်သူ ဖြစ်လို့ တော်တော်နဲ့မဆွဲပါ၊
အဲဒီအချိန်မှာဘဲ တရားခံကို မိပါတော့တယ် တရားခံက လက်ထောက်ညွန်မူ တယောက်ပါ တယ်လီဖုံး ကားကစရရှိသူပါ ရိုးရိုးသားသားဆိုရင် အများကြီးတက်လမ်းရှိပါတယ် ကျွန်တော့ကိုတော့ မမြင်ခြင်သူပါ သူ့ကြောင့်လဲပါတယ် နိုင်ငံခြားထွက်ဖို့လုပ်ထာ သူလိုလူမျိုးက ဗိုလ်ချုပ်ကြီးစောမောင် အဆီကျဆေးကို လေဆိပ်က တိတ်တိတ်ထုတ်ယူ ရောင်းစားတယ်ဆိုတာ စဉ်းစားလို့မရပါ တတ်ကက်ကကျွန်တော့ကို နောက်ဆုံးထင်အောင် ဖန်တီးလုပ်ဆောင်ထားတာ တွေ့ ရပါတယ်၊
ကျွန်တော့လုပ်ဖေါ်ကိုင်ဖက် တွေကတော့ မတရားခံလိုက်ရပါတယ် ဒါဟာကျွန်တောကံပါဘဲ အမြဲတမ်းပြသာနာ ဖြစ်ပြီဆိုရင် အဝေးရောက်နေတတ်ပါတယ်
ပြောရင်တော့ ယုံကြမယ်လားမသိ လေဆိပ်မှာ တာဝန်ကျတိုင်း အမြဲတမ်းလေယာဉ်တွေ တွေ့ တိုင်ငါတနေ့ လေယာဉ်စီး နိုင်ငံခြားသွားရမည့် အိမ်မက်များဟာ တကယ်ဖြစ်လာပါတော့တယ် ဒါပေမဲ့စသွားတဲ့နေ့က မနက် ၉-နာရီအထိ ဘန်ကောက်မှာ အသိမရှိ ကြိုမဲ့သူမရှိပါ မနက်၁၀-နာရီလောက်မှာ မြို့ ထဲက ၂၂-လမ်းထက်မြက် ဝင်ဆန့်သူတွေထဲမှာ ပထမတန်းစားပါသည် "လှလွန်ဆွေ" ပိုင်ရှင် အမကြီးတယောက် အိမ်ကနေပြီး တခါကဖုံနံပါတ်ရထားသည့် ဘန်ကောက်မြန်မာသံရုံးမှ ဒုတိယအတွင်းဝန် ဦးစော ကိုဖုံးဆက်ရာ ကံကောင်းထောက်မစွာ သူကိုယ်တိုင်ဖုံးကိုင်ပါသည် ကျွန်တော့ကို လာကြိုပေး၍ တညလောက်တည်းရန် တည်ခိုခန်းတခုပို့ပေးရန် အကူအညီတောင်း၍ အစိုးရကလဲထိုအချိန်က US$11သာလဲပေးပါသည် နိုင်ငံခြားဆိုသည့် ဘဝကိုစပါတော့သည်။

1 comment:

  1. ဆက်ရေးပါ-“ကိုညွန်.သိန်း“ ရယ်-
    ဗဟုသုတ အသစ်တွေရလို. ကျေးဇူးတင်ပါတယ်-
    စိတ်ဝင်စားစရာလည်း ကောင်းပါတယ်-
    “ဒေါ်ခင်မြလွင်“ ကတော့ “ကလေးတို.ဆရာမ“ ဘန်ကောက်ကို စ ပြီးရောက်တဲ့နေ.မှာပဲ (လူမှားပြီးသူ).အိမ်ခေါ်သွားရာမှအစ
    သိခဲ့ရပါတယ် - သတ္တိတွေမွေးပြီး အသိတစ်ယောက်မျှမရှိတဲ့
    ဘန်ကောက်ကို ရောက်တော့ သူကလှမ်းခေါ်လို. သူ..အိမ်ကို
    လိုက်သွားတာပါ ။ သူလာကြိုတဲ့ မိန်းကလေးကလည်း အခြား
    သူတွေနဲ.လိုက်သွားတော့ “ ကလေးတို.ဆရာမ“ ကိုပဲ သူ.အိမ်
    မှာ နေခိုင်းပါတယ်(အလကားမဟုတ်ဘူးနော်- သူတို.က သား
    အမိ ၃- ယောက်၊ ကလေးတို.ဆရာမကတစ်ယောက်တည်း
    အခန်းခကို တစ်ဝက်စီ ရှယ်ယာလုပ်ရတာပါ) ။
    အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ

    ReplyDelete

Blog Widget by LinkWithin