ဤမှာမြေပြင် မြစိမ်းဆင်လျှက် ကောင်ကင်မိုးဝယ် နီလာချယ်၍ အိုဘယ့်လူသား နှစ်ရောင်ကြားဝယ် ခန့်ညားပေစ ခန့်ပေစ၊

Wednesday, April 17, 2013

တို့လမ်းကလေး

တို့လမ်းကလေး

လမ်းထိပ်မှာ ဘုရားလေးတဆူရှိတယ်
ဘုရားလေးကျော်ရင် မှတ်တိုင်လမ်းပေါ၊့

တို့လမ်းက မြေလမ်းလေး
မိုးတွင်းဆို ချိုင်ဗွက်တွေနဲ့
တခါတရံ မိုးကြီးရင်
ရေက ဒူးခေါင်းလောက်
ကျောင်းသွားတိုင်း ဖြတ်သွားရ
ပျော်စရာကောင်းတယ်၊

စွယ်တော်နီးတိုင် ချိုင်ကွက်ကိုဖို့
လမ်းပြင်ကြတယ် စွယ်တော်လှည့်ဖို့
စွယ်တော်ဆိုတာ တို့မြို့ လေးရဲ့ 
နံမည်ကြီး မြတ်စွယ်တော်ပွဲ
စွယ်တော်လှည့်လို့ လမ်းကလေး
ကံကောင်းတာ၊

တို့လမ်းလေးက တမိုင်ကျော်ကျော်
လမ်းထဲမှာ ဂွေလိမ့်ဖူးတယ်
ကျောက်ဒိုး ပြစ်ဖူးတယ်
ကျည်းသား ရိုက်ဖူးတယ်
ငယ်ငယ်က ပုဆိုးကျွတ်နဲ့
မိုးရေးထဲ ပြေးဆော့ဖူးတယ်၊

လမ်လေးထဲမှာ ဆွေမျို
အသိ မိတ်ဆွေ နေကြ
အားလုံးခင်မင် စရာပါ၊

လက်လုပ်လက်စား များပါတယ်
ခြံစိုက်သီးနှံ ရောင်းသူရှိသလို
စပါးစိုက် လယ်သမားရှိတယ်၊

စပါးပေါ်ချိန်ဆို တလင်းထဲ
နွားနဲ့ဆော့ ကောက်လှိုင်ပုံပေါ်တက်
ဂျွမ်ထိုးရတာ အမောပါ၊

သင်္ကြန် သတင်းကျွတ်
တဆောင်တိုင် လမ်းထဲ
အလှူ ဆွမ်းရုံတွေ ရှိတယ်
စတုဒီသာ ကျွေတာ စားကြသလို
ညအိပ်ဝိုင်းဖွဲ့  စကားဆိုကြတယ်၊

နွေဆို မီးကင်းစောင့်ရ
ကြက်သား ကာလသားဟင်းနဲ့ပေါ့
လမ်းလေးထဲမှာ ညဘက်
ကြက်လိုက်ကောင်း သူတွေရှိ
ဘယ်ကလိုက်လဲ မသိပါ
မသိတာ ကောင်းပါသည်၊

မိုးဆို တပါတ်လောက်
မိုဆွေတာ ရှိတတ်တယ်
မိုးသီးတွေလဲ ကြွေတတ်
သားငါးပေါတဲ့ ရာသီပါ၊

ဆောင်းဆို မီးလှုံကြ
ခြံထဲက သစ်ပင်တွေ
ကျွေတဲ့ သစ်ရွက်ခြောက်
သစ်ကိုင်း ခြောက်ကိုသုံး
မြူနှင်းတွေနဲ့ပေါ့၊

ဘဝတပါး သွားချင်ရင်
တို့လမ်းလေးက ဖြတ်မှရ
ကုသိုလ်ရတာ များပါတဲ့
မြောက်ပိုင်းက အတွင်းလမ်ပါ။


No comments:

Post a Comment

Blog Widget by LinkWithin