ဤမှာမြေပြင် မြစိမ်းဆင်လျှက် ကောင်ကင်မိုးဝယ် နီလာချယ်၍ အိုဘယ့်လူသား နှစ်ရောင်ကြားဝယ် ခန့်ညားပေစ ခန့်ပေစ၊

Tuesday, April 16, 2013

နှစ်သစ်ကြိုဆိုပွဲ



 နှစ်သစ်ကြိုဆိုပွဲ


နှစ်သစ်ချိန်ခါ တို့မြန်မာ
စည်းလုံးညီညာ အောင်ကြောင်းဖြာ၍
အောင်ရာ အောင်ကြောင်း
အောင်ဆုတောင်း၊

ပြည်သူ့အကျိုး လွန်သည်ပိုးကာ
အားလုံးညီညီ ညှိနိုင်းဆောင်ရွက်
သွေမပျက်ဘဲ ဘေးချင်ယှဉ်ကာ
အားမာန်အပြည့် အတူလက်တွဲ
တို့အောင်ပွဲ၊

တို့မြေတို့ရေ တို့ သားဆွေတို့
တို့လူမျိုးဂုဏ် တို့ယုံကြည်မှ
တို့ရည်ရွယ်ချက် မုချအမြန်
ရပါစေကြောင်း ဆုတောင်းလျှက်၊

လူမျိုးမရွေး ပျော်ရွှင်ချမ်းမြေ့ 
သာယာဝပြော နိုင်ငံသစ်ကို
မလွဲမသွေ တည်ဆောက်ကြရင်း
ကြိုဆိုကြပါစို့။
.

No comments:

Post a Comment

Blog Widget by LinkWithin